To be a Heartthrob in a Horro...

By Kuro_Fuyu

419K 86.3K 4.6K

Original Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြ... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]

Chapter 41

4.6K 889 34
By Kuro_Fuyu


Chapter 41: ကော်ဇော

လီချီယွီ တံခါးဆီခုန်ပျံ‌ကျော်လွှားပြီး လာဖွင့်သလားအောက်မေ့ရသည်။

တံခါးနားမှာ လဲ့လင်းရပ်နေတာမြင်တော့ သူပြုံးကာ စုမင်ကိုညွှန်လျက် .."ကျွန်တော်တို့အသင့်ဖြစ်ပြီ သွားကြစို့"

မကြာခင် လာတော့မယ့်အံ့ဩစရာနေ့လေးတွေကို လီချီယွီစတင်စိတ်ကူးယဉ်နေလေပြီ။

သူ့ခရီးဆောင်အိတ်အဖုံးကိုပိတ်ကာ တံခါးဘက်လှည့်၍ လှမ်းကြည့်လိုက်တော့ ရှော့ခ်ရသွား၏။

လီချီယွီရဲ့နတ်ဘုရားမက တော်တော်အရပ်ရှည်တာပဲ။ တော်ဝင်ညီအစ်မအဖြစ် သတ်မှတ်ခံရနိုင်သလား?

သူ့အရပ်နဲ့ သူမအရပ်ကိုယှဉ်ကြည့်ချိန် သူမကသူနဲ့အရပ်အတူတူပဲလို့ခံစားရပေမယ့် လီချီယွီထက် စင်တီမီတာအနည်းငယ်မျှပိုရှည်နေ၏။

လီချီယွီတကယ်ရဲရင့်တာပဲ။

လဲ့လင်းပြောလာတယ် .."တစ်မိနစ်အချိန်ပေးမယ်"

သူမရဲ့အေးစက်စက်သဘောထားကို လီချီယွီနေသားကျနေပြီဖြစ်ကာ .."တစ်မိနစ် တစ်မိနစ် ... ဒါလုံလောက်ပါတယ်"

လဲ့လင်းခေါင်းငြိမ့်၍ အခန်းမှထွက်သွားသည်။

စုမင်ကုတင်ပေါ်ပြန်ထိုင်ပြီး .."မင်းတကယ် ရှိုးပွဲကြည့်ဖို့ မင်းနတ်ဘုရားမကိုဖိတ်ထားတာလား?"

"မင်း နားမလည်ဘူး၊ ဒါက ဘာကြောင့် စိတ်လှုပ်ရှားစရာကောင်းတာလဲဆိုတာ ... ပြပွဲက ဘာအကြောင်းမှန်း မသိတဲ့အခါ ဒါဟာ အတွေ့အကြုံသစ်တစ်ခုပဲ‌လေ” လီချီယွီပြောတယ်။

စုမင်၏ အတွင်းစိတ်က : မင်းရဲ့ အဲ့စိတ်လှုပ်ရှားစရာအတွက် မင်းဘဝမင်းစတေးနေတာ

ဒါပေမယ့် ဒါက ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ကားဖြစ်ပြီး သူ့အတွက် ဘာမှပြောစရာမရှိပေ။ ဇာတ်ညွှန်းရေးဆရာသည် ဒီလိုမျိုး တစ်ခုခုကို တွေးနိုင်တာက တကယ်ကို အံ့သြစရာကောင်းတယ်လို့ သူထင်ခဲ့သည်။

စုမင်ခရီးဆောင်အိတ်ကို ပင့်မပြီး ပေါ့ပေ့ါပါးပါးမေးလိုက်တယ် .."လဲ့လင်း ဒီလောက်အရပ်ရှည်တာ ဖိအားမခံစားရဘူးလား?"

လီချီယွီ: "ဟင့်အင်း မခံစားရဘူးကွ"

လဲ့လင်းဘေးမှာ ရပ်နေရင် သူအနည်းငယ်အားနည်းသလိုခံစားရသော်လည်း သူမကိုနှစ်သက်သေးသည်။ သူလည်း ဘာမှမတတ်နိုင်ပေ။

လတ်တလော ငှားထားသည့်အလုပ်သင်ကျောင်းထောင်ကျီးကိုလည်း ဖိတ်ခေါ်ထားတယ်။ သူမနဲ့ စုမင်ကို အောင်သွယ်ပေးချင်သော်လည်း သူအတန်ငယိစိုးရိမ်မိသည်။

သူတို့ထဲမှာ မိန်းကလေးဆိုလို့ လဲ့လင်းပဲရှိကာ သူမကိုတစ်ယောက်တည်းမဖိတ်နိုင်ပေ ... အဲ့ဒါကတိကအောက်ဖြစ်စေတဲ့အပြင် မိန်းကလေးတွေက ယောက်ျားလေးတွေနဲ့ တစ်ယောက်တည်း အပြင်ထွက်ဆော့ဖို့ ရှားတယ်။

မိနစ်အနည်းငယ်ကြာတော့ ဝန်ထမ်းအဆောက်အဦးအပြင်၌ လူလေးယောက်သားတွေ့ဆုံကြသည်။

ကျောင်းထောင်ကျီးသည် သူမ၏ ခရီးဆောင်အိတ်ကို မှီကာ ဝမ်းနည်းစွာပြောသည်။
"လီချီယွီ ပြပွဲရဲ့ပါမယ့်အကြောင်းကို ငါတို့ကို တမင်ဝှက်ထားတာလား?"

လီချီယွီလက်ခါလျက် .."ငါဖြူစင်ရိုးသားပါတယ်ဟ ... တကယ်ကိုမသိတာ"

"သွားရအောင်" လဲ့လင်း အေးတိအေးစက်ပြောလာတယ်။

လီချီယွီသည် ဤခရီးစဉ်ကို စီစဉ်ဆောင်ရွက်ပေးခြင်းနှင့်အတူ၊ သူသည် သဘာဝအားဖြင့် အဆက်အသွယ်၏ အဓိကအရင်းအမြစ်ဖြစ်သည်။ သူတို့‌စကားပြောဆိုနေရင်း တစ်စုံတစ်ယောက်ထံမှ စာတိုတစ်စောင်ရရှိလေသည်။

သူတို့ကိုလာကြိုမယ့်ကားက အပြင်၌ရောက်နေကာ သူတို့ကိုစောင့်နေ၏။

သူတို့ကားဆီလျှောက်‌နေကြတုန်း စုမင်မနေနိုင်စွာ လဲ့လင်းကိုမေးလိုက်တယ် .."အဲ့နေရာသွားဖို့ ဘာလို့လက်ခံလိုက်တာလဲ?"

လဲ့လင်း သူ့ကိုတစ်ချက်ကြည့်ပြီး .."ဒီလိုပဲ အခုတလောအားနေလို့"

စုမင်သည် သူမ၏အမူအရာအရ ထိုကဲ့သို့မဟုတ်ဟု ခံစားမိသည်။

သူ့မှာ လဲ့လင်းနဲ့ပတ်သတ်သည့်မှတ်ဉာဏ်မရှိပေ။ သူ့ဇာတ်ကောင်သည် ကျောင်းထောင်ကျီးလို အလုပ်လုပ်တာ တစ်လမျှသာကြာသေးတယ်။

သို့သော် လီချီယွီသည် ဤနေရာတွင် လအတော်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး        လဲ့လင်းနှင့် ပိုရင်းနှီးသောကြောင့် သူမကို လိုက်ပိုးလိုစိတ်ဆန္ဒရှိနေ၏။

ဝန်ထမ်းနေထိုင်အိမ်ယာသည် လမ်းမနှင့် မိနစ်အနည်းငယ်သာဝေးသည်။ အခုချိန် ကောင်းကင်ကြီးသည် မည်းမှောင်ပြီဖြစ်ရာ လမ်းမီးများလည်းဖွင့်ထားသည်။

စုမင်လမ်းမကိုလှမ်းကြည့်ပြီး .."အဲ့ကားလား?" လို့မေးတယ်။

သူတို့ရှေ့မလှမ်းမကမ်း၌ လမ်းဘေးတွင် အနက်ရောင်ကားတစ်စီးရှိပြီး အခြားကားများနှင့်မတူဘဲ အခြားကားများနှင့် သီးခြားနေရာတစ်ခုတွင် ရပ်ထားသည်။

စုမင်သည် ထိတ်လန့်စရာရုပ်ရှင်များတွင် ပေါ်လာသည့်ကားများကို မသိစိတ်က တွေးနေမိသည်။

စတက်ပြီးတာနဲ့ ကြောက်စရာကောင်းတာ တစ်ခုခုဖြစ်လာမယ့် final destinationရုပ်ရှင်ကားတွေလို ဖြစ်လာမလား?

တွေးပြီးတာနဲ့ သူအဲဒီအတွေးကို အမြန်ဖယ်ထုတ်လိုက်တယ်။

ဤသရဲဇာတ်ကား၏ အဓိကအချက်အချာမှာ ရှိုးပြပွဲကိုကြည့်ရှုရန်ဖြစ်ကာ  ပွဲမပြီးခင် သေဆုံးသွားရင် ဒီဇာတ်ကားကို သေခြင်းဖျော်ဖြေပွဲ လို့ ဘယ်လိုခေါ်တော့မလဲ?

လီချီယွီမတ်ဆေ့ခ်ျစစ်ပြီး ခေါင်းငြိမ့်ကာ .."အဲ့ကားပဲ"

လဲ့လင်း၏ ခရီးဆောင်အိတ်ကို ယူဆောင်ရန် အစပျိုးလုပ်ဆောင်ခဲ့သော်လည်း လဲ့လင်းသည် သူ့ထက်တစ်လှမ်းတိုးလာမည်ဟု မမျှော်လင့်ထားပေ။  သူမက သူ့အိတ်ဆောင်အိတ်ကိုပင် ကူညီပေးခဲ့တယ်။

လီချီယွီ: “………….” ငါ့နတ်ဘုရားမက အတော်အားကြီးတာပဲ။

စုမင်သည် ဤလူတွေ ဆက်ဆံပုံမှာ အလွန်ထူးဆန်းနေတာ တွေ့ရှိခဲ့သည်။

ကျောင်းထောင်ကျီးအိတ်မှာ ဆွဲယူရလွယ်ကူရုံသာမက အလွယ်တကူသယ်ယူသွားနိုင်တဲ့ 18 လက်မအရွယ် ခရီးဆောင်သေတ္တာအသေးလေးတစ်လုံးပါရှိတာကြောင့် သူမအကူအညီမလိုအပ်ပါဘူး။

ကားတံခါးလော့မချထား၍ စုမင်တစ်ခါတည်းတံခါးဖွင့်လိုက်သည်။

ကားအတွင်းပိုင်းသည် သာမန်ကားများနှင့်မကွဲပြားသော်လည်း မီးမလင်းသောကြောင့် အတွင်းပိုင်းတွင် မှောင်နေသည်။

စုစုပေါင်းထိုင်ခုံနှစ်တန်းရှိရာ ကျောင်းထောင်ကျီနှင့် လဲ့လင်းကအနောက်ခုံ‌တွင်ထိုင်ပြီး သူနဲ့လီချီယွီကအရှေ့ခုံတွင်ထိုင်ကာ ဒါရိုင်ဘာ၏နောက်ခုံ၌လည်းဟုတ်သည်။

ဒီမှာထိုင်တာက သူအခြေအနေကိုကောင်းကောင်းကြည့်နိုင်သည်။

လီချီယွီထိုင်ခုံအနောက်ကို ပုတ်၍ .."ညီအစ်ကိုရေ ... ကျွန်တော်တို့အခုထွက်လို့ရပါပြီ"

သူပြောအပြီးအခိုက်အတန့် ဒါရိုင်ဘာကားစက်နှိုးကာ စမောင်းနှင်လေသည်။ သူ့လှုပ်ရှားမှုများက ပြေပြစ်ပြီး လျင်မြန်ကာ စကားတစ်ခွန်းမှမဟပေ။

စုမင်သည် နောက်ကြည့်မှန်မှတဆင့် ယာဉ်မောင်း၏အသွင်အပြင်ကို မြင်နိုင်ကာ ထိုလူသည် သာမန်လူလတ်ပိုင်းတစ်ဦးဖြစ်သော်လည်း သူ၏အပြောအဆိုကင်းမဲ့သောအမူအရာက စက်ရုပ်တစ်ရုပ်နှင့် ဆင်တူသည်။

ဒီလိုလုပ်လာတာ အကြိမ်ပေါင်းများလာတော့ ခဲပြီးထုံထိုင်းကာ အကြောသေသွားသည့်အတိုင်းပင်။

လီချီယွီသည် အလွန်စကားများကာ အပြောမရပ်ပေ။ သူက ယာဉ်မောင်းနဲ့ စကားပြောဖို့ အမြဲကြိုးစားတယ်။ .."ဒီကအစ်ကိုကြီး ... ရှိုးကဘာအကြောင်းပြမှာလဲ?"

ယာဉ်မောင်းပြန်မဖြေပေ။

လီချီယွီထပ်မေး၏ .."ဒီကအစ်ကိုကြီး ... ဟိုတယ်မှာ ကျွန်တော်တို့ဘယ်လောက်ကြာကြာနေရမှာလဲ? ဒါမှမဟုတ် ဟိုတယ်မှာ ရှိုးပွဲပြမှာလား?"

ယာဉ်မောင်းဘာမှမတုန့်ပြန်ပေ။

လီချီယွီသည် နောက်တစ်ခွန်းမေးမည့်အချိန်တွင် နောက်ခုံမှ လဲ့လင်း၏အေးစက်သောအသံကို ကြားလိုက်ရသည်။
"လီချီယွီ မနေ့ညကနင်အစားအများကြီးစားထားလို့လား? ဘာလို့စကားအဲ့လောက်များရတာလဲ?"

နတ်ဘုရားမ ပြောလာတော့ သဘာဝကျကျသူဘာမှမပြောရဲတော့ပေ။

လီချီယွီတိုးတိုးလေးရေရွတ်၏ .."သူဘာမှတစ်ခွန်းမှ မပြောဘူး"

သူဘာပဲမေးပါစေ ယာဉ်မောင်းသမားက သူပြောတာမကြားသလို အရှေ့သို့စူးစိုက်ကြည့်နေပြီး ကားမောင်းတာပဲ အာရုံနေသည့်အလားပင်။

စုမင်အပြင်ပန်းကနေချီးမွမ်းလိုက်တယ် .."ယာဉ်မောင်းကောင်းတစ်ယောက်ပဲ"

ကောင်းလွန်းလို့ နည်းနည်းထူဆးန်းသည်။

စုမင်အ‌တွေးကလည်း လဲ့လင်းနှင့်အတူတူပဲ ... လီချီယွီကိုရပ်စေချင်ခဲ့သည်။ ဒါ့အပြင် ဒါရိုင်ဘာကစကားပြောချင်ပုံမပေါ်ပေ။

သူ့အထင် ထိုသူစကားမပြောတာဖြစ်နိုင်သလို ဒါမှမဟုတ်………စကားမပြောနိုင်တာလည်းဖြစ်နိုင်သည်။

ဒါမှ ရှိုးပွဲ၏အကြောင်းအရာတွေက မပေါက်ကြားနိုင်မှာ။

ကား‌စီးလာသည့်တစ်လျှောက်လုံး စုမင်အိပ်မပျော်ပေ ... တစ်ဖက်က လီချီယွီသည် ပြုတ်ကျသွားသည်။

လီချီယွီ၏ဦးခေါင်းသည် သူ့(စုမင်)ပခုံးကို မှီမြန်းလာတိုင်း လီချီယွီပုံမှန်အနေအထားသို့ ပြန်ရောက်စေရန်အတွက် အနောက်မှလက်တစ်ဖက်ကဆန့်ထွက်လာတတ်သည်။

တစ်ကြိမ်ဆို အဆင်ပြေပါသော်လည်း အကြိမ်များစွာဆိုတော့ စုမင်ရယ်စရာကောင်းတာပဲ တွေ့လိုက်ရတယ်။

..........

နှစ်နာရီခွဲကြာပြီးနောက် ကားရပ်သွားသည်။

ပြတင်းပေါက်ကနေ အဆောက်အဦးကို စုမင်မြင်နိုင်ကာ အလွန်တန်ဖိုးကြီးသော ဇိမ်ခံဟိုတယ်ဖြစ်သည်။ ၎င်းသည် ဥရောပစတိုင်ဟိုတယ်ဖြစ်ပြီး လှပသောဘုရားကျောင်းတစ်ခုကဲ့သို့ဖြစ်နေသည်။

ဗလာဟင်းလင်းပြင်က ဝန်းရံထားသော ဟိုတယ်တစ်ခုပါပဲ ... ဒီပတ်ဝန်းကျင်မှာ အဆောက်အဦးဆိုလို့ ဒီတစ်ခုပဲရှိတယ်။

ဟိုတယ်က တစ်ခုခုကြောင့် သူတို့ကို‌ကြောက်‌အောင် ခြောက်လန့်မလို့လား?

ယာဉ်မောင်းသူက နေရာမှာပဲထိုင်နေမြဲထိုင်နေကာ မရွေ့လျားသလို သူတို့ကိုဆင်းဖို့လည်း သတိမပေးဘူး။

လီချီယွီကို စုမင်လှုပ်နှိုးပြီး .."ငါတို့ရောက်ပြီ"

လီချီယွီလန့်နိုးလာပြီး အမြန်တံခါးဖွင့်ကာ ခရီးဆောင်အိတ်များကိုထုတ်လေသည်။ .."ဒီလောက်တန်ဖိုးကြီးဇိမ်ခံဟိုတယ်ဖြစ်မယ်လို့ ငါမထင်ထားဘူး"

လေးယောက်စလုံး မဝင်ခင် အဆောက်အဦးအပြင်၌ တခဏရပ်နေလျက် ဟိုတယ်ကိုအကဲခတ်‌နေခဲ့သည်။

ဟော်တယ်သည် ခြံကြီးဝင်းကြီးနှင့်အိမ်မျိုးကို စံနမူနာပြုထားကာ သံတံခါးကြီးကို ဖြတ်သွားပြီးနောက် စိမ်းစိုနေသော မြက်ခင်းပြင်ကြီးများဖြင့် ဝန်းရံထားသည့် ကျယ်ပြန့်သောလမ်းတစ်ခုရှိသည်။ ရေပန်းနှင့် ကျောက်ဆစ်ရုပ်ထုများလည်းရှိသည်။

ဟိုတယ်တံခါးကနေ ဖြတ်လျှောက်လျက် ဝင်ရောက်ပြီးချိန် စုမင်ဘာရယ်မဟုတ် နောက်လှည့်ကြည့်လိုက်တော့ သူတို့နဲ့အတူလာခဲ့သည့်ကားမရှိတော့ပေ။

‌နောက်ဘက်တွင် အကွာဝေးသည်အထိ အဆုံးမရှိနိုင်သော တောအုပ်တစ်ခုဖြစ်သည်။ အဲဒါက လူတွေကို ထို‌တောထဲမှတစ်ခုခုထွက်လာတော့မလို ခံစားချက်ကို ပေးတယ်။

စုမင်သက်ပြင်းချကာ သူဒီရောက်နေပြီဆိုမှတော့ အအေးဒဏ်ကို ရှောင်သင့်တယ်။

သို့သော် လီချီယွီနှင့်ကျောင်းထောင်ကျီးက အန္တရာယ်တစ်စုံတစ်ရာမှမခံစားရကာ လဲ့လင်းကလည်း အေးစက်စက်ပဲ။

ဟိုတယ်အတွင်းပိုင်းသို့ ရောက်သောအခါ အတွင်းခန်းသည် ခမ်းနားသော်လည်း ဗလာဖြစ်နေသည်။  ထောင့်မှာ အသက်မဲ့နေသောပန်းအိုးကြီးကို နေရာချထားတယ်။

အရှေ့ဧည့်ကြိုကောင့်တာ၌ အမျိုးသမီးတစ်ဦးထိုင်နေသည်။

စုမင်သည် ဘေးပတ်ပတ်လည်ကို ချင့်ချိန်အကဲဖြတ်ကာ .."ဘယ်သူမှမရှိဘူးနဲ့တူတယ်" လို့ပြောလိုက်၏။

အစောပိုင်းတုန်းက လီချီယွီသည် လက်မှတ်များစွာရောင်းကုန်တော့မလို့ လက်မှတ်များကိုအရယူနိုင်ခဲ့တာမို့ ဖျော်ဖြေပွဲကိုလာကြည့်ရှုမည့်လူတော်တော်များများရှိသင့်သော်လည်း ဒီမှာ တစ်ယောက်မှမရှိသလိုပဲ။

"အချိန်လည်းကြည့်အုန်း ... သူတို့အခန်းမှာ နေမှာပေါ့။ check inဝင်ရအောင်" လီချီယွီပြော၏။

အဝါရောင်ခပ်မှိုင်းမှိုင်းမီးအလင်းများ လင်းလက်ပြီး လေထုထဲ၌ ဖော်မပြနိုင်သော အနံ့တစ်ခုပြည့်လျှံလျက်ရှိနေသည်။ သူတို့ရဲ့အကြည့်များက ရှေ့ကောင့်တာဆီ ရွေ့လျားသွားသည်။

ရှေ့ကောင့်တာရှိ အမျိုးသမီးသည် ယူနီဖောင်းအင်္ကျီဝတ်ဆင်ထားပြီး ဒါရိုင်ဘာကဲ့သို့ပင် အမူအယာလုံးလုံးကင်းမဲ့နေကာ သူမကြည့်ရတာစိတ်ခံစားမှုတစ်ခုမှမရှိတော့သည့်အတိုင်းဖြစ်သည်။

လီချီယွီ၌ အရာရာလက်ခံတတ်သောနှလုံးသားရှိ၍ ဘာမှမတွေးမိပေ။

လက်မှတ်များသည် ဟိုတယ်အတွက် ဘောက်ချာများဖြစ်သည်။ သူသည် လက်မှတ်လေးစောင်ကို ရှေ့ ကောင်တာသို့ တိုက်ရိုက်ပေး၍ ..“ဒီမှာ ဟိုတယ် checking in"

ရှေ့ကောင်တာရှိ အမျိုးသမီးသည် စက်ကဲ့သို့ လက်မှတ်များကိုစစ်ဆေးပြီး နောက်ကွန်ပျူတာတွင် အချို့ရိုက်နှိပ်သည်။ စခရင်မှာ အလင်းရောင်သည် သူမမျက်နှာထံထင်ဟပ်ကာ သူမမျက်နှာ၌ အနည်းငယ်ဖြူဖတ်ဖြူရော်ဖြစ်နေသယောင်ထင်ရသည်။

လဲ့လင်းသည် ကျောင်းထောင်ကျီးနဲ့အတူ ဘေးဘက်၌ မတ်တပ်ရပ်နေပြီး ရှေ့ကောင်တာနဲ့ အနည်းငယ်အလှမ်းဝေးသည်။

ရှေ့ကောင်တာသို့ လီချီယွီအသံနိမ့်နိမ့်ဖြင့် .."ဘေးကပ်လျက် အခန်းလေးခန်း"

"မင်းတစ်ယောက်တည်းနေမို့လား?" စုမင်မေးတယ်။

ဒီဇာတ်​​လိုက်က သူနဲ့ တစ်​ခန်းတည်း​နေချင်​မယ်​လို့ သူထင်​ခဲ့တယ်​။ တစ်ယောက်တည်းနေရင် အန္တရာယ်များသည်။

လီချီယွီခေါင်းငြိမ့်ရင်း "မဟုတ်ရင် ငါညဘက် လဲ့လင်းနဲ့စကားပြောတဲ့အချိန် မင်းအပယ်ခံရသလိုဖြစ်နေလိမ့်မယ်"

စုမင်.."………ဒါဆိုပြီးရော"

ဒီဇာတ်လိုက်ကောင်ကို ဆက်ပြီးဂရုမစိုက်တော့ပေ ... ဒါ့အပြင် ပုံမှန်ဆို ဇာတ်လိုက်တွေက နောက်ဆုံးမှအန္တရာယ်ရှိတာကြောင့် အစမှာဘာပြဿနာမှ မရှ်ိသင့်ဘူးလို့ သူမှန်းဆမိသည်။

လီချီယွီ သူ့ရင်ဘတ်သူဖွဖွပုတ်ရင်း .."ငါသူမကိုကာကွယ်မှာပါ"

သူ့ခံစားချက်ကို စုမင်မထိခိုက်‌‌ချင်သော်လည်း ပြောလိုက်ဖြစ်သေးတယ် .."အဲ့အစား တစ်ဖက်က မင်းကိုပြန်ကာကွယ်နေရလိမ့်မယ်"

လီချီယွီ သူ့ကိုစိန်းဝါးဝါးကြည့်ပြီး .."မင်း———"

သူပြန်ခုခံရန် ဘာစကားလုံးမှရှာမရပေ။

လီချီယွီနှာနှစ်ချက်မှုတ်လိုက်သည်။ ရှေ့ကောင်တာမှ အခန်းကတ်တွေရတော့  လဲ့လင်းထံဝမ်းသာအားရစွာပြေးသွားသည်။

ရှေ့ကောင်တာအမျိုးသမီးသည် သူမလက်ကိုမြှောက်ပင့်ပြီး ကော်ရစ်ဒါဆီညွှန်ပြသည်။

ဟိုတယ်က လုံးဝဗလာဖြစ်ပြီး ရှည်လျားသည့်ကော်ဇောခင်းထားသော ကော်ရစ်ဒါပေါ်ကို လျှောက်သွားတဲ့အခါ နှလုံးခုန်သံကိုတောင်ခံစားရပေမည်။

ဤနေရာတွင် မီးအလင်းရောင်သည် အနည်းငယ်မှိန်နေသည့်အပြင် ဧည့်ခန်းရှိအလင်းရောင်နှင့် ဆင်တူသည်။

"၄၀၁-၄၀၄ထိ ငါတို့အခန်းတွေပဲ" လီချီယွီဖတ်လိုက်တယ်။

စုမင်သည် အခန်းများကို နံပါတ်၄နှင့် ဆက်စပ်မည်ဟု မမျှော်လင့်ထားပေ။ ဒါရိုက်တာတွေ နံပါတ်ကို မပြောင်းနိုင်ကြဘူးလား?

ချောချောမွေ့မွေ့ဖြင့် ဓာတ်လှေကားလေးထပ်ကိုတက်သွားသည်။

ဥရောပပုံစံ အဆောက်အအုံဖြစ်သောကြောင့် မျက်နှာကျက်သည် အလွန်မြင့်ပြီး အဖြူအမည်းပုံစံနံရံကပ်စက္ကူသည် မျဉ်းလိုင်းကြောင်းအထိ ဆန့်တန်းထားသည်။

ဒီလိုဟိုတယ်မျိုး စုမင်ပထမဆုံးမြင်ဖူးခြင်းပင်။ အဖြူအမည်းနံရံများကို မြင်တွေ့ရသည်မှာ အထူးအဆန်းမဟုတ်သော်လည်း၊ ဟိုတယ်များတွင် ၎င်းကို အသုံးပြုထားတာ ထူးဆန်းသည်။

ကော်ရစ်ဒါတစ်ခုလုံးသည် အလွန်စိတ်လေးဖွယ်ဖိစီးမှုကို ခံစားမိသည်။

"ထူးဆန်းလိုက်တဲ့ ဟိုတယ် ... ဒီလို အလှဆင်ဖို့ သူတို့တကယ်ကို အံ့သြစရာကောင်းတဲ့ စိတ်ကူးတွေရှိတာပဲ”  လီချီယွီက အံ့အားသင့်စွာပြောလိုက်သည် .."အခန်းပုံစံတွေရော ဘယ်လိုလဲလို့တွေးမိတယ်"

စုမင် သူ့ခံစားချက်ကိုမထိခိုက်ချင်ပေ။

"မင်းတို့ဘယ်အခန်းမှာနေကြမလဲ?" လီချီယွီမေးလာ၏။

စုမင်ကြုံရာအခန်းတစ်ခန်းရွေးလိုက်ပြီး လှည့်ကြည့်လိုက်တော့ ၄၀၄ဖြစ်နေတာတွေ့လိုက်ရသည်။ နိမိတ်မကောင်းပေမယ့်လည်း သူမငြင်းပေ .."ဒီတစ်ခန်း"

"ဒါဆိုကောင်းပြီ ... ငါကမင်းဘေးအခန်းမှာနေမယ် ... လဲ့လင်းနဲ့ကျောင်းထောင်ကျီးက ငါတို့နဲ့မျက်နှာချင်းဆိုင်မှာနေလိမ့်မယ် ... ညဘက်ဂရုစိုက်ကြ" လီချီယွီပြောတယ်။

လဲ့လင်းကြုံရာကတ်ကိုယူပြီး ပြောတယ် ..."ငါဒီမှာနေမယ်"

ကျောင်းထောင်ကျီးက ဟိုတယ်ကိုအဆက်မပြတ်ကြည့်ပြီး ကင်မရာရိုက်နေသည်။ သူမက မိတ်ဆွေအသိုင်းဝိုင်း၌ ပို့စ်တင်ချင်သည်လေ။

နောက်ဆုံး ကင်မရာမှာ ကော်ရစ်ဒါအဆုံးသို့ရောက်ရှိသွားကာ သူတို့အခန်းတွေက ကော်ရစ်ဒါအဆုံးမှာ တည်ရှိပြီး အဆုံးစွန်၌ပြတင်းပေါက်တစ်ပေါက်ရှိ၏။

အပြင်ဘက်တွင် မှောင်မည်းနေလျက် ဘာမှမမြင်နိုင်ပေ။ တိုးဝင်လာသောလေပြည်လေညှင်းကို သူတို့ခံစားနိုင်သောကြောင့် ထိုနေရာတွင် သေးငယ်သောအပေါက်တစ်ခု ရှိကောင်းရှိနိုင်သည်။

ကျောင်းထောင်ကျီးဓာတ်ပုံရိုက်ပြီးနောက် ပုံတွေကိုစစ်ဆေးရန် ငုံ့ကြည့်လိုက်တော့ တစ်ခုခုမူမမှန်ဘူးဆိုတာ တွေ့လိုက်ရတယ်။

သူမမျက်မှောင်ကျုံ့ပြီး နောက်ထပ်တဖန်ဓာတ်ပုံရိုက်လိုက်ပြန်၏။

ဒီတစ်ခါ ဓာတ်ပုံတွင် ပုံမှန်အတိုင်းဖြစ်လောက်တယ်လို့ ထင်လိုက်ပေမယ့် အရင်လို ရလဒ်က အတူတူပဲဟု သူမ မမျှော်လင့်ထားပါဘူး။ နည်းနည်းတော့ထူးဆန်းသေးသည်။

ကျောင်းထောင်ကျီးက သူမဘေးမှာရပ်နေတဲ့စုမင်ကို ပုတ်ကာ တိုးတိုးလေးဖြင့် .."စုမင် ... ငါ့မျက်လုံးတစ်ခုခုမှားနေလားလို့ ရှင်ကြည့်ကြည့်ပေးပါလား?"

စုမင်စစ်ဆေးကြည့်ရန်လှည့်လာ၍ .."ပုံကဘာဖြစ်လို့လဲ?"

ကျောင်းထောင်ကျီးအောက်ခြေကို ညွှန်ပြရင်း .."ဒီမှာ ... ရှင်မြင်လား? ကြမ်းပြင်ပေါ်က ကော်ဇောကတွန့်ရှုံ့နေတယ်"

ပြတင်းပေါက်အောက်တွင် ခင်းထားသောကော်ဇောသည် အတွင်း၌ တစ်စုံတစ်ရာဖုံးကွယ်ထားသကဲ့သို့ ရှုံ့တွနေပုံပေါ်သည်။

ထို့နောက် စုမင်သည် ဓာတ်ပုံရိုက်ထားသည့်နေရာကို လှမ်းကြည့်လိုက်သည်။

ထိုနေရာရှိ ကော်ဇောသည် ပြန့်ကျဲနေပြီး တွန့်ရှုံ့မှုလုံးဝမရှိပါ။

****************************

ဒီလိုမျိုးဖြစ်မယ် အဖြူအမည်းနံရံ


ဟုတ်ကဲ့ ... ဘာလို့လက်မှတ်သုံးစောင်ဝယ်တာ လေးစောင်ဖြစ်သွားလည်းကိုယ်လည်းမသိပါဘူး😅

Thank you all
November 4, 2021
---------------------------------------------------------------------








Chapter 41: ေကာ္ေဇာ

လီခ်ီယြီ တံခါးဆီခုန္ပ်ံ‌ေက်ာ္လႊားၿပီး လာဖြင့္သလားေအာက္ေမ့ရသည္။

တံခါးနားမွာ လဲ့လင္းရပ္ေနတာျမင္ေတာ့ သူျပဳံးကာ စုမင္ကိုၫႊန္လ်က္ .."ကြၽန္ေတာ္တို႔အသင့္ျဖစ္ၿပီ သြားၾကစို႔"

မၾကာခင္ လာေတာ့မယ့္အံ့ဩစရာေန႔ေလးေတြကို လီခ်ီယြီစတင္စိတ္ကူးယဥ္ေနေလၿပီ။

သူ႕ခရီးေဆာင္အိတ္အဖုံးကိုပိတ္ကာ တံခါးဘက္လွည့္၍ လွမ္းၾကည့္လိုက္ေတာ့ ေ႐ွာ့ခ္ရသြား၏။

လီခ်ီယြီရဲ႕နတ္ဘုရားမက ေတာ္ေတာ္အရပ္႐ွည္တာပဲ။ ေတာ္ဝင္ညီအစ္မအျဖစ္ သတ္မွတ္ခံရႏိုင္သလား?

သူ႕အရပ္နဲ႔ သူမအရပ္ကိုယွဥ္ၾကည့္ခ်ိန္ သူမကသူနဲ႔အရပ္အတူတူပဲလို႔ခံစားရေပမယ့္ လီခ်ီယြီထက္ စင္တီမီတာအနည္းငယ္မွ်ပို႐ွည္ေန၏။

လီခ်ီယြီတကယ္ရဲရင့္တာပဲ။

လဲ့လင္းေျပာလာတယ္ .."တစ္မိနစ္အခ်ိန္ေပးမယ္"

သူမရဲ႕ေအးစက္စက္သေဘာထားကို လီခ်ီယြီေနသားက်ေနၿပီျဖစ္ကာ .."တစ္မိနစ္ တစ္မိနစ္ ... ဒါလုံေလာက္ပါတယ္"

လဲ့လင္းေခါင္းၿငိမ့္၍ အခန္းမွထြက္သြားသည္။

စုမင္ကုတင္ေပၚျပန္ထိုင္ၿပီး .."မင္းတကယ္ ႐ိႈးပြဲၾကည့္ဖို႔ မင္းနတ္ဘုရားမကိုဖိတ္ထားတာလား?"

"မင္း နားမလည္ဘူး၊ ဒါက ဘာေၾကာင့္ စိတ္လႈပ္႐ွားစရာေကာင္းတာလဲဆိုတာ ... ျပပြဲက ဘာအေၾကာင္းမွန္း မသိတဲ့အခါ ဒါဟာ အေတြ႕အၾကဳံသစ္တစ္ခုပဲ‌ေလ” လီခ်ီယြီေျပာတယ္။

စုမင္၏ အတြင္းစိတ္က : မင္းရဲ႕ အဲ့စိတ္လႈပ္႐ွားစရာအတြက္ မင္းဘဝမင္းစေတးေနတာ

ဒါေပမယ့္ ဒါက ထိတ္လန္႔စရာေကာင္းတဲ့ ဇာတ္ကားျဖစ္ၿပီး သူ႕အတြက္ ဘာမွေျပာစရာမ႐ွိေပ။ ဇာတ္ၫႊန္းေရးဆရာသည္ ဒီလိုမ်ိဳး တစ္ခုခုကို ေတြးႏိုင္တာက တကယ္ကို အံ့ၾသစရာေကာင္းတယ္လို႔ သူထင္ခဲ့သည္။

စုမင္ခရီးေဆာင္အိတ္ကို ပင့္မၿပီး ေပါ့ေပ့ါပါးပါးေမးလိုက္တယ္ .."လဲ့လင္း ဒီေလာက္အရပ္႐ွည္တာ ဖိအားမခံစားရဘူးလား?"

လီခ်ီယြီ: "ဟင့္အင္း မခံစားရဘူးကြ"

လဲ့လင္းေဘးမွာ ရပ္ေနရင္ သူအနည္းငယ္အားနည္းသလိုခံစားရေသာ္လည္း သူမကိုႏွစ္သက္ေသးသည္။ သူလည္း ဘာမွမတတ္ႏိုင္ေပ။

လတ္တေလာ ငွားထားသည့္အလုပ္သင္ေက်ာင္းေထာင္က်ီးကိုလည္း ဖိတ္ေခၚထားတယ္။ သူမနဲ႔ စုမင္ကို ေအာင္သြယ္ေပးခ်င္ေသာ္လည္း သူအတန္ငယိစိုးရိမ္မိသည္။

သူတို႔ထဲမွာ မိန္းကေလးဆိုလို႔ လဲ့လင္းပဲ႐ွိကာ သူမကိုတစ္ေယာက္တည္းမဖိတ္ႏိုင္ေပ ... အဲ့ဒါကတိကေအာက္ျဖစ္ေစတဲ့အျပင္ မိန္းကေလးေတြက ေယာက်္ားေလးေတြနဲ႔ တစ္ေယာက္တည္း အျပင္ထြက္ေဆာ့ဖို႔ ႐ွားတယ္။

မိနစ္အနည္းငယ္ၾကာေတာ့ ဝန္ထမ္းအေဆာက္အဦးအျပင္၌ လူေလးေယာက္သားေတြ႕ဆုံၾကသည္။

ေက်ာင္းေထာင္က်ီးသည္ သူမ၏ ခရီးေဆာင္အိတ္ကို မွီကာ ဝမ္းနည္းစြာေျပာသည္။
"လီခ်ီယြီ ျပပြဲရဲ႕ပါမယ့္အေၾကာင္းကို ငါတို႔ကို တမင္ဝွက္ထားတာလား?"

လီခ်ီယြီလက္ခါလ်က္ .."ငါျဖဴစင္႐ိုးသားပါတယ္ဟ ... တကယ္ကိုမသိတာ"

"သြားရေအာင္" လဲ့လင္း ေအးတိေအးစက္ေျပာလာတယ္။

လီခ်ီယြီသည္ ဤခရီးစဥ္ကို စီစဥ္ေဆာင္႐ြက္ေပးျခင္းႏွင့္အတူ၊ သူသည္ သဘာဝအားျဖင့္ အဆက္အသြယ္၏ အဓိကအရင္းအျမစ္ျဖစ္သည္။ သူတို႔‌စကားေျပာဆိုေနရင္း တစ္စုံတစ္ေယာက္ထံမွ စာတိုတစ္ေစာင္ရ႐ွိေလသည္။

သူတို႔ကိုလာႀကိဳမယ့္ကားက အျပင္၌ေရာက္ေနကာ သူတို႔ကိုေစာင့္ေန၏။

သူတို႔ကားဆီေလွ်ာက္‌ေနၾကတုန္း စုမင္မေနႏိုင္စြာ လဲ့လင္းကိုေမးလိုက္တယ္ .."အဲ့ေနရာသြားဖို႔ ဘာလို႔လက္ခံလိုက္တာလဲ?"

လဲ့လင္း သူ႕ကိုတစ္ခ်က္ၾကည့္ၿပီး .."ဒီလိုပဲ အခုတေလာအားေနလို႔"

စုမင္သည္ သူမ၏အမူအရာအရ ထိုကဲ့သို႔မဟုတ္ဟု ခံစားမိသည္။

သူ႕မွာ လဲ့လင္းနဲ႔ပတ္သတ္သည့္မွတ္ဉာဏ္မ႐ွိေပ။ သူ႕ဇာတ္ေကာင္သည္ ေက်ာင္းေထာင္က်ီးလို အလုပ္လုပ္တာ တစ္လမွ်သာၾကာေသးတယ္။

သို႔ေသာ္ လီခ်ီယြီသည္ ဤေနရာတြင္ လအေတာ္ၾကာ အလုပ္လုပ္ကိုင္ခဲ့ၿပီး        လဲ့လင္းႏွင့္ ပိုရင္းႏွီးေသာေၾကာင့္ သူမကို လိုက္ပိုးလိုစိတ္ဆႏၵ႐ွိေန၏။

ဝန္ထမ္းေနထိုင္အိမ္ယာသည္ လမ္းမႏွင့္ မိနစ္အနည္းငယ္သာေဝးသည္။ အခုခ်ိန္ ေကာင္းကင္ႀကီးသည္ မည္းေမွာင္ၿပီျဖစ္ရာ လမ္းမီးမ်ားလည္းဖြင့္ထားသည္။

စုမင္လမ္းမကိုလွမ္းၾကည့္ၿပီး .."အဲ့ကားလား?" လို႔ေမးတယ္။

သူတို႔ေ႐ွ႕မလွမ္းမကမ္း၌ လမ္းေဘးတြင္ အနက္ေရာင္ကားတစ္စီး႐ွိၿပီး အျခားကားမ်ားႏွင့္မတူဘဲ အျခားကားမ်ားႏွင့္ သီးျခားေနရာတစ္ခုတြင္ ရပ္ထားသည္။

စုမင္သည္ ထိတ္လန္႔စရာ႐ုပ္႐ွင္မ်ားတြင္ ေပၚလာသည့္ကားမ်ားကို မသိစိတ္က ေတြးေနမိသည္။

စတက္ၿပီးတာနဲ႔ ေၾကာက္စရာေကာင္းတာ တစ္ခုခုျဖစ္လာမယ့္ final destination႐ုပ္႐ွင္ကားေတြလို ျဖစ္လာမလား?

ေတြးၿပီးတာနဲ႔ သူအဲဒီအေတြးကို အျမန္ဖယ္ထုတ္လိုက္တယ္။

ဤသရဲဇာတ္ကား၏ အဓိကအခ်က္အခ်ာမွာ ႐ိႈးျပပြဲကိုၾကည့္႐ႈရန္ျဖစ္ကာ  ပြဲမၿပီးခင္ ေသဆုံးသြားရင္ ဒီဇာတ္ကားကို ေသျခင္းေဖ်ာ္ေျဖပြဲ လို႔ ဘယ္လိုေခၚေတာ့မလဲ?

လီခ်ီယြီမတ္ေဆ့ခ်္စစ္ၿပီး ေခါင္းၿငိမ့္ကာ .."အဲ့ကားပဲ"

လဲ့လင္း၏ ခရီးေဆာင္အိတ္ကို ယူေဆာင္ရန္ အစပ်ိဳးလုပ္ေဆာင္ခဲ့ေသာ္လည္း လဲ့လင္းသည္ သူ႕ထက္တစ္လွမ္းတိုးလာမည္ဟု မေမွ်ာ္လင့္ထားေပ။  သူမက သူ႕အိတ္ေဆာင္အိတ္ကိုပင္ ကူညီေပးခဲ့တယ္။

လီခ်ီယြီ: “………….” ငါ့နတ္ဘုရားမက အေတာ္အားႀကီးတာပဲ။

စုမင္သည္ ဤလူေတြ ဆက္ဆံပုံမွာ အလြန္ထူးဆန္းေနတာ ေတြ႕႐ွိခဲ့သည္။

ေက်ာင္းေထာင္က်ီးအိတ္မွာ ဆြဲယူရလြယ္ကူ႐ုံသာမက အလြယ္တကူသယ္ယူသြားႏိုင္တဲ့ 18 လက္မအ႐ြယ္ ခရီးေဆာင္ေသတၱာအေသးေလးတစ္လုံးပါ႐ွိတာေၾကာင့္ သူမအကူအညီမလိုအပ္ပါဘူး။

ကားတံခါးေလာ့မခ်ထား၍ စုမင္တစ္ခါတည္းတံခါးဖြင့္လိုက္သည္။

ကားအတြင္းပိုင္းသည္ သာမန္ကားမ်ားႏွင့္မကြဲျပားေသာ္လည္း မီးမလင္းေသာေၾကာင့္ အတြင္းပိုင္းတြင္ ေမွာင္ေနသည္။

စုစုေပါင္းထိုင္ခုံႏွစ္တန္း႐ွိရာ ေက်ာင္းေထာင္က်ီႏွင့္ လဲ့လင္းကအေနာက္ခုံ‌တြင္ထိုင္ၿပီး သူနဲ႔လီခ်ီယြီကအေ႐ွ႕ခုံတြင္ထိုင္ကာ ဒါ႐ိုင္ဘာ၏ေနာက္ခုံ၌လည္းဟုတ္သည္။

ဒီမွာထိုင္တာက သူအေျခအေနကိုေကာင္းေကာင္းၾကည့္ႏိုင္သည္။

လီခ်ီယြီထိုင္ခုံအေနာက္ကို ပုတ္၍ .."ညီအစ္ကိုေရ ... ကြၽန္ေတာ္တို႔အခုထြက္လို႔ရပါၿပီ"

သူေျပာအၿပီးအခိုက္အတန္႔ ဒါ႐ိုင္ဘာကားစက္ႏိႈးကာ စေမာင္းႏွင္ေလသည္။ သူ႕လႈပ္႐ွားမႈမ်ားက ေျပျပစ္ၿပီး လ်င္ျမန္ကာ စကားတစ္ခြန္းမွမဟေပ။

စုမင္သည္ ေနာက္ၾကည့္မွန္မွတဆင့္ ယာဥ္ေမာင္း၏အသြင္အျပင္ကို ျမင္ႏိုင္ကာ ထိုလူသည္ သာမန္လူလတ္ပိုင္းတစ္ဦးျဖစ္ေသာ္လည္း သူ၏အေျပာအဆိုကင္းမဲ့ေသာအမူအရာက စက္႐ုပ္တစ္႐ုပ္ႏွင့္ ဆင္တူသည္။

ဒီလိုလုပ္လာတာ အႀကိမ္ေပါင္းမ်ားလာေတာ့ ခဲၿပီးထုံထိုင္းကာ အေၾကာေသသြားသည့္အတိုင္းပင္။

လီခ်ီယြီသည္ အလြန္စကားမ်ားကာ အေျပာမရပ္ေပ။ သူက ယာဥ္ေမာင္းနဲ႔ စကားေျပာဖို႔ အၿမဲႀကိဳးစားတယ္။ .."ဒီကအစ္ကိုႀကီး ... ႐ိႈးကဘာအေၾကာင္းျပမွာလဲ?"

ယာဥ္ေမာင္းျပန္မေျဖေပ။

လီခ်ီယြီထပ္ေမး၏ .."ဒီကအစ္ကိုႀကီး ... ဟိုတယ္မွာ ကြၽန္ေတာ္တို႔ဘယ္ေလာက္ၾကာၾကာေနရမွာလဲ? ဒါမွမဟုတ္ ဟိုတယ္မွာ ႐ိႈးပြဲျပမွာလား?"

ယာဥ္ေမာင္းဘာမွမတုန္႔ျပန္ေပ။

လီခ်ီယြီသည္ ေနာက္တစ္ခြန္းေမးမည့္အခ်ိန္တြင္ ေနာက္ခုံမွ လဲ့လင္း၏ေအးစက္ေသာအသံကို ၾကားလိုက္ရသည္။
"လီခ်ီယြီ မေန႔ညကနင္အစားအမ်ားႀကီးစားထားလို႔လား? ဘာလို႔စကားအဲ့ေလာက္မ်ားရတာလဲ?"

နတ္ဘုရားမ ေျပာလာေတာ့ သဘာဝက်က်သူဘာမွမေျပာရဲေတာ့ေပ။

လီခ်ီယြီတိုးတိုးေလးေရ႐ြတ္၏ .."သူဘာမွတစ္ခြန္းမွ မေျပာဘူး"

သူဘာပဲေမးပါေစ ယာဥ္ေမာင္းသမားက သူေျပာတာမၾကားသလို အေ႐ွ႕သို႔စူးစိုက္ၾကည့္ေနၿပီး ကားေမာင္းတာပဲ အာ႐ုံေနသည့္အလားပင္။

စုမင္အျပင္ပန္းကေနခ်ီးမြမ္းလိုက္တယ္ .."ယာဥ္ေမာင္းေကာင္းတစ္ေယာက္ပဲ"

ေကာင္းလြန္းလို႔ နည္းနည္းထူဆးန္းသည္။

စုမင္အ‌ေတြးကလည္း လဲ့လင္းႏွင့္အတူတူပဲ ... လီခ်ီယြီကိုရပ္ေစခ်င္ခဲ့သည္။ ဒါ့အျပင္ ဒါ႐ိုင္ဘာကစကားေျပာခ်င္ပုံမေပၚေပ။

သူ႕အထင္ ထိုသူစကားမေျပာတာျဖစ္ႏိုင္သလို ဒါမွမဟုတ္………စကားမေျပာႏိုင္တာလည္းျဖစ္ႏိုင္သည္။

ဒါမွ ႐ိႈးပြဲ၏အေၾကာင္းအရာေတြက မေပါက္ၾကားႏိုင္မွာ။

ကား‌စီးလာသည့္တစ္ေလွ်ာက္လုံး စုမင္အိပ္မေပ်ာ္ေပ ... တစ္ဖက္က လီခ်ီယြီသည္ ျပဳတ္က်သြားသည္။

လီခ်ီယြီ၏ဦးေခါင္းသည္ သူ႕(စုမင္)ပခုံးကို မွီျမန္းလာတိုင္း လီခ်ီယြီပုံမွန္အေနအထားသို႔ ျပန္ေရာက္ေစရန္အတြက္ အေနာက္မွလက္တစ္ဖက္ကဆန္႔ထြက္လာတတ္သည္။

တစ္ႀကိမ္ဆို အဆင္ေျပပါေသာ္လည္း အႀကိမ္မ်ားစြာဆိုေတာ့ စုမင္ရယ္စရာေကာင္းတာပဲ ေတြ႕လိုက္ရတယ္။

..........

ႏွစ္နာရီခြဲၾကာၿပီးေနာက္ ကားရပ္သြားသည္။

ျပတင္းေပါက္ကေန အေဆာက္အဦးကို စုမင္ျမင္ႏိုင္ကာ အလြန္တန္ဖိုးႀကီးေသာ ဇိမ္ခံဟိုတယ္ျဖစ္သည္။ ၎သည္ ဥေရာပစတိုင္ဟိုတယ္ျဖစ္ၿပီး လွပေသာဘုရားေက်ာင္းတစ္ခုကဲ့သို႔ျဖစ္ေနသည္။

ဗလာဟင္းလင္းျပင္က ဝန္းရံထားေသာ ဟိုတယ္တစ္ခုပါပဲ ... ဒီပတ္ဝန္းက်င္မွာ အေဆာက္အဦးဆိုလို႔ ဒီတစ္ခုပဲ႐ွိတယ္။

ဟိုတယ္က တစ္ခုခုေၾကာင့္ သူတို႔ကို‌ေၾကာက္‌ေအာင္ ေျခာက္လန္႔မလို႔လား?

ယာဥ္ေမာင္းသူက ေနရာမွာပဲထိုင္ေနၿမဲထိုင္ေနကာ မေ႐ြ႕လ်ားသလို သူတို႔ကိုဆင္းဖို႔လည္း သတိမေပးဘူး။

လီခ်ီယြီကို စုမင္လႈပ္ႏိႈးၿပီး .."ငါတို႔ေရာက္ၿပီ"

လီခ်ီယြီလန္႔ႏိုးလာၿပီး အျမန္တံခါးဖြင့္ကာ ခရီးေဆာင္အိတ္မ်ားကိုထုတ္ေလသည္။ .."ဒီေလာက္တန္ဖိုးႀကီးဇိမ္ခံဟိုတယ္ျဖစ္မယ္လို႔ ငါမထင္ထားဘူး"

ေလးေယာက္စလုံး မဝင္ခင္ အေဆာက္အဦးအျပင္၌ တခဏရပ္ေနလ်က္ ဟိုတယ္ကိုအကဲခတ္‌ေနခဲ့သည္။

ေဟာ္တယ္သည္ ျခံႀကီးဝင္းႀကီးႏွင့္အိမ္မ်ိဳးကို စံနမူနာျပဳထားကာ သံတံခါးႀကီးကို ျဖတ္သြားၿပီးေနာက္ စိမ္းစိုေနေသာ ျမက္ခင္းျပင္ႀကီးမ်ားျဖင့္ ဝန္းရံထားသည့္ က်ယ္ျပန္႔ေသာလမ္းတစ္ခု႐ွိသည္။ ေရပန္းႏွင့္ ေက်ာက္ဆစ္႐ုပ္ထုမ်ားလည္း႐ွိသည္။

ဟိုတယ္တံခါးကေန ျဖတ္ေလွ်ာက္လ်က္ ဝင္ေရာက္ၿပီးခ်ိန္ စုမင္ဘာရယ္မဟုတ္ ေနာက္လွည့္ၾကည့္လိုက္ေတာ့ သူတို႔နဲ႔အတူလာခဲ့သည့္ကားမ႐ွိေတာ့ေပ။

‌ေနာက္ဘက္တြင္ အကြာေဝးသည္အထိ အဆုံးမ႐ွိႏိုင္ေသာ ေတာအုပ္တစ္ခုျဖစ္သည္။ အဲဒါက လူေတြကို ထို‌ေတာထဲမွတစ္ခုခုထြက္လာေတာ့မလို ခံစားခ်က္ကို ေပးတယ္။

စုမင္သက္ျပင္းခ်ကာ သူဒီေရာက္ေနၿပီဆိုမွေတာ့ အေအးဒဏ္ကို ေ႐ွာင္သင့္တယ္။

သို႔ေသာ္ လီခ်ီယြီႏွင့္ေက်ာင္းေထာင္က်ီးက အႏၲရာယ္တစ္စုံတစ္ရာမွမခံစားရကာ လဲ့လင္းကလည္း ေအးစက္စက္ပဲ။

ဟိုတယ္အတြင္းပိုင္းသို႔ ေရာက္ေသာအခါ အတြင္းခန္းသည္ ခမ္းနားေသာ္လည္း ဗလာျဖစ္ေနသည္။  ေထာင့္မွာ အသက္မဲ့ေနေသာပန္းအိုးႀကီးကို ေနရာခ်ထားတယ္။

အေ႐ွ႕ဧည့္ႀကိဳေကာင့္တာ၌ အမ်ိဳးသမီးတစ္ဦးထိုင္ေနသည္။

စုမင္သည္ ေဘးပတ္ပတ္လည္ကို ခ်င့္ခ်ိန္အကဲျဖတ္ကာ .."ဘယ္သူမွမ႐ွိဘူးနဲ႔တူတယ္" လို႔ေျပာလိုက္၏။

အေစာပိုင္းတုန္းက လီခ်ီယြီသည္ လက္မွတ္မ်ားစြာေရာင္းကုန္ေတာ့မလို႔ လက္မွတ္မ်ားကိုအရယူႏိုင္ခဲ့တာမို႔ ေဖ်ာ္ေျဖပြဲကိုလာၾကည့္႐ႈမည့္လူေတာ္ေတာ္မ်ားမ်ား႐ွိသင့္ေသာ္လည္း ဒီမွာ တစ္ေယာက္မွမ႐ွိသလိုပဲ။

"အခ်ိန္လည္းၾကည့္အုန္း ... သူတို႔အခန္းမွာ ေနမွာေပါ့။ check inဝင္ရေအာင္" လီခ်ီယြီေျပာ၏။

အဝါေရာင္ခပ္မိႈင္းမိႈင္းမီးအလင္းမ်ား လင္းလက္ၿပီး ေလထုထဲ၌ ေဖာ္မျပႏိုင္ေသာ အနံ႔တစ္ခုျပည့္လွ်ံလ်က္႐ွိေနသည္။ သူတို႔ရဲ႕အၾကည့္မ်ားက ေ႐ွ႕ေကာင့္တာဆီ ေ႐ြ႕လ်ားသြားသည္။

ေ႐ွ႕ေကာင့္တာ႐ွိ အမ်ိဳးသမီးသည္ ယူနီေဖာင္းအက်ႌဝတ္ဆင္ထားၿပီး ဒါ႐ိုင္ဘာကဲ့သို႔ပင္ အမူအယာလုံးလုံးကင္းမဲ့ေနကာ သူမၾကည့္ရတာစိတ္ခံစားမႈတစ္ခုမွမ႐ွိေတာ့သည့္အတိုင္းျဖစ္သည္။

လီခ်ီယြီ၌ အရာရာလက္ခံတတ္ေသာႏွလုံးသား႐ွိ၍ ဘာမွမေတြးမိေပ။

လက္မွတ္မ်ားသည္ ဟိုတယ္အတြက္ ေဘာက္ခ်ာမ်ားျဖစ္သည္။ သူသည္ လက္မွတ္ေလးေစာင္ကို ေ႐ွ႕ ေကာင္တာသို႔ တိုက္႐ိုက္ေပး၍ ..“ဒီမွာ ဟိုတယ္ checking in"

ေ႐ွ႕ေကာင္တာ႐ွိ အမ်ိဳးသမီးသည္ စက္ကဲ့သို႔ လက္မွတ္မ်ားကိုစစ္ေဆးၿပီး ေနာက္ကြန္ပ်ဴတာတြင္ အခ်ိဳ႕႐ိုက္ႏွိပ္သည္။ စခရင္မွာ အလင္းေရာင္သည္ သူမမ်က္ႏွာထံထင္ဟပ္ကာ သူမမ်က္ႏွာ၌ အနည္းငယ္ျဖဴဖတ္ျဖဴေရာ္ျဖစ္ေနသေယာင္ထင္ရသည္။

လဲ့လင္းသည္ ေက်ာင္းေထာင္က်ီးနဲ႔အတူ ေဘးဘက္၌ မတ္တပ္ရပ္ေနၿပီး ေ႐ွ႕ေကာင္တာနဲ႔ အနည္းငယ္အလွမ္းေဝးသည္။

ေ႐ွ႕ေကာင္တာသို႔ လီခ်ီယြီအသံနိမ့္နိမ့္ျဖင့္ .."ေဘးကပ္လ်က္ အခန္းေလးခန္း"

"မင္းတစ္ေယာက္တည္းေနမို႔လား?" စုမင္ေမးတယ္။

ဒီဇာတ္​​လိုက္က သူနဲ႔ တစ္​ခန္းတည္း​ေနခ်င္​မယ္​လို႔ သူထင္​ခဲ့တယ္​။ တစ္ေယာက္တည္းေနရင္ အႏၲရာယ္မ်ားသည္။

လီခ်ီယြီေခါင္းၿငိမ့္ရင္း "မဟုတ္ရင္ ငါညဘက္ လဲ့လင္းနဲ႔စကားေျပာတဲ့အခ်ိန္ မင္းအပယ္ခံရသလိုျဖစ္ေနလိမ့္မယ္"

စုမင္.."………ဒါဆိုၿပီးေရာ"

ဒီဇာတ္လိုက္ေကာင္ကို ဆက္ၿပီးဂ႐ုမစိုက္ေတာ့ေပ ... ဒါ့အျပင္ ပုံမွန္ဆို ဇာတ္လိုက္ေတြက ေနာက္ဆုံးမွအႏၲရာယ္႐ွိတာေၾကာင့္ အစမွာဘာျပႆနာမွ မ႐ွ္ိသင့္ဘူးလို႔ သူမွန္းဆမိသည္။

လီခ်ီယြီ သူ႕ရင္ဘတ္သူဖြဖြပုတ္ရင္း .."ငါသူမကိုကာကြယ္မွာပါ"

သူ႕ခံစားခ်က္ကို စုမင္မထိခိုက္‌‌ခ်င္ေသာ္လည္း ေျပာလိုက္ျဖစ္ေသးတယ္ .."အဲ့အစား တစ္ဖက္က မင္းကိုျပန္ကာကြယ္ေနရလိမ့္မယ္"

လီခ်ီယြီ သူ႕ကိုစိန္းဝါးဝါးၾကည့္ၿပီး .."မင္း———"

သူျပန္ခုခံရန္ ဘာစကားလုံးမွ႐ွာမရေပ။

လီခ်ီယြီႏွာႏွစ္ခ်က္မႈတ္လိုက္သည္။ ေ႐ွ႕ေကာင္တာမွ အခန္းကတ္ေတြရေတာ့  လဲ့လင္းထံဝမ္းသာအားရစြာေျပးသြားသည္။

ေ႐ွ႕ေကာင္တာအမ်ိဳးသမီးသည္ သူမလက္ကိုေျမႇာက္ပင့္ၿပီး ေကာ္ရစ္ဒါဆီၫႊန္ျပသည္။

ဟိုတယ္က လုံးဝဗလာျဖစ္ၿပီး ႐ွည္လ်ားသည့္ေကာ္ေဇာခင္းထားေသာ ေကာ္ရစ္ဒါေပၚကို ေလွ်ာက္သြားတဲ့အခါ ႏွလုံးခုန္သံကိုေတာင္ခံစားရေပမည္။

ဤေနရာတြင္ မီးအလင္းေရာင္သည္ အနည္းငယ္မွိန္ေနသည့္အျပင္ ဧည့္ခန္း႐ွိအလင္းေရာင္ႏွင့္ ဆင္တူသည္။

"၄၀၁-၄၀၄ထိ ငါတို႔အခန္းေတြပဲ" လီခ်ီယြီဖတ္လိုက္တယ္။

စုမင္သည္ အခန္းမ်ားကို နံပါတ္၄ႏွင့္ ဆက္စပ္မည္ဟု မေမွ်ာ္လင့္ထားေပ။ ဒါ႐ိုက္တာေတြ နံပါတ္ကို မေျပာင္းႏိုင္ၾကဘူးလား?

ေခ်ာေခ်ာေမြ႕ေမြ႕ျဖင့္ ဓာတ္ေလွကားေလးထပ္ကိုတက္သြားသည္။

ဥေရာပပုံစံ အေဆာက္အအုံျဖစ္ေသာေၾကာင့္ မ်က္ႏွာက်က္သည္ အလြန္ျမင့္ၿပီး အျဖဴအမည္းပုံစံနံရံကပ္စကၠဴသည္ မ်ဥ္းလိုင္းေၾကာင္းအထိ ဆန္႔တန္းထားသည္။

ဒီလိုဟိုတယ္မ်ိဳး စုမင္ပထမဆုံးျမင္ဖူးျခင္းပင္။ အျဖဴအမည္းနံရံမ်ားကို ျမင္ေတြ႕ရသည္မွာ အထူးအဆန္းမဟုတ္ေသာ္လည္း၊ ဟိုတယ္မ်ားတြင္ ၎ကို အသုံးျပဳထားတာ ထူးဆန္းသည္။

ေကာ္ရစ္ဒါတစ္ခုလုံးသည္ အလြန္စိတ္ေလးဖြယ္ဖိစီးမႈကို ခံစားမိသည္။

"ထူးဆန္းလိုက္တဲ့ ဟိုတယ္ ... ဒီလို အလွဆင္ဖို႔ သူတို႔တကယ္ကို အံ့ၾသစရာေကာင္းတဲ့ စိတ္ကူးေတြ႐ွိတာပဲ”  လီခ်ီယြီက အံ့အားသင့္စြာေျပာလိုက္သည္ .."အခန္းပုံစံေတြေရာ ဘယ္လိုလဲလို႔ေတြးမိတယ္"

စုမင္ သူ႕ခံစားခ်က္ကိုမထိခိုက္ခ်င္ေပ။

"မင္းတို႔ဘယ္အခန္းမွာေနၾကမလဲ?" လီခ်ီယြီေမးလာ၏။

စုမင္ၾကဳံရာအခန္းတစ္ခန္းေ႐ြးလိုက္ၿပီး လွည့္ၾကည့္လိုက္ေတာ့ ၄၀၄ျဖစ္ေနတာေတြ႕လိုက္ရသည္။ နိမိတ္မေကာင္းေပမယ့္လည္း သူမျငင္းေပ .."ဒီတစ္ခန္း"

"ဒါဆိုေကာင္းၿပီ ... ငါကမင္းေဘးအခန္းမွာေနမယ္ ... လဲ့လင္းနဲ႔ေက်ာင္းေထာင္က်ီးက ငါတို႔နဲ႔မ်က္ႏွာခ်င္းဆိုင္မွာေနလိမ့္မယ္ ... ညဘက္ဂ႐ုစိုက္ၾက" လီခ်ီယြီေျပာတယ္။

လဲ့လင္းၾကဳံရာကတ္ကိုယူၿပီး ေျပာတယ္ ..."ငါဒီမွာေနမယ္"

ေက်ာင္းေထာင္က်ီးက ဟိုတယ္ကိုအဆက္မျပတ္ၾကည့္ၿပီး ကင္မရာ႐ိုက္ေနသည္။ သူမက မိတ္ေဆြအသိုင္းဝိုင္း၌ ပို႔စ္တင္ခ်င္သည္ေလ။

ေနာက္ဆုံး ကင္မရာမွာ ေကာ္ရစ္ဒါအဆုံးသို႔ေရာက္႐ွိသြားကာ သူတို႔အခန္းေတြက ေကာ္ရစ္ဒါအဆုံးမွာ တည္႐ွိၿပီး အဆုံးစြန္၌ျပတင္းေပါက္တစ္ေပါက္႐ွိ၏။

အျပင္ဘက္တြင္ ေမွာင္မည္းေနလ်က္ ဘာမွမျမင္ႏိုင္ေပ။ တိုးဝင္လာေသာေလျပည္ေလညႇင္းကို သူတို႔ခံစားႏိုင္ေသာေၾကာင့္ ထိုေနရာတြင္ ေသးငယ္ေသာအေပါက္တစ္ခု ႐ွိေကာင္း႐ွိႏိုင္သည္။

ေက်ာင္းေထာင္က်ီးဓာတ္ပုံ႐ိုက္ၿပီးေနာက္ ပုံေတြကိုစစ္ေဆးရန္ ငုံ႔ၾကည့္လိုက္ေတာ့ တစ္ခုခုမူမမွန္ဘူးဆိုတာ ေတြ႕လိုက္ရတယ္။

သူမမ်က္ေမွာင္က်ံဳ႕ၿပီး ေနာက္ထပ္တဖန္ဓာတ္ပုံ႐ိုက္လိုက္ျပန္၏။

ဒီတစ္ခါ ဓာတ္ပုံတြင္ ပုံမွန္အတိုင္းျဖစ္ေလာက္တယ္လို႔ ထင္လိုက္ေပမယ့္ အရင္လို ရလဒ္က အတူတူပဲဟု သူမ မေမွ်ာ္လင့္ထားပါဘူး။ နည္းနည္းေတာ့ထူးဆန္းေသးသည္။

ေက်ာင္းေထာင္က်ီးက သူမေဘးမွာရပ္ေနတဲ့စုမင္ကို ပုတ္ကာ တိုးတိုးေလးျဖင့္ .."စုမင္ ... ငါ့မ်က္လုံးတစ္ခုခုမွားေနလားလို႔ ႐ွင္ၾကည့္ၾကည့္ေပးပါလား?"

စုမင္စစ္ေဆးၾကည့္ရန္လွည့္လာ၍ .."ပုံကဘာျဖစ္လို႔လဲ?"

ေက်ာင္းေထာင္က်ီးေအာက္ေျခကို ၫႊန္ျပရင္း .."ဒီမွာ ... ႐ွင္ျမင္လား? ၾကမ္းျပင္ေပၚက ေကာ္ေဇာကတြန္႔႐ႈံ႕ေနတယ္"

ျပတင္းေပါက္ေအာက္တြင္ ခင္းထားေသာေကာ္ေဇာသည္ အတြင္း၌ တစ္စုံတစ္ရာဖုံးကြယ္ထားသကဲ့သို႔ ႐ႈံ႕တြေနပုံေပၚသည္။

ထို႔ေနာက္ စုမင္သည္ ဓာတ္ပုံ႐ိုက္ထားသည့္ေနရာကို လွမ္းၾကည့္လိုက္သည္။

ထိုေနရာ႐ွိ ေကာ္ေဇာသည္ ျပန္႔က်ဲေနၿပီး တြန္႔႐ႈံ႕မႈလုံးဝမ႐ွိပါ။

****************************

ဒီလိုမ်ိဳးျဖစ္မယ္ အျဖဴအမည္းနံရံ


ဟုတ္ကဲ့ ... ဘာလို႔လက္မွတ္သုံးေစာင္ဝယ္တာ ေလးေစာင္ျဖစ္သြားလည္းကိုယ္လည္းမသိပါဘူး😅

Thank you all
November 4, 2021
---------------------------------------------------------------------

Continue Reading

You'll Also Like

6.7K 237 4
This is a what if scenario that I took interest in and this is a whole lot different reaction with an AU of course....... Ayanokoji Kiyotaka had enr...
10.5K 790 27
The transfer student couldn't me anything more special.But part of me want to help her.Why? Sooha thought to herself, she decided to help the new st...
90K 8.9K 26
Athulya Singhania has spent her entire life in solitude, yearning for the love of a family. Over the years, she mastered the art of concealing her em...
11.7K 488 24
𝗠𝗢𝗡𝗢𝗠𝗔𝗡𝗜𝗔: Exaggerated or obsessive enthusiasm for or preoccupation with one thing. Moving back into the town you wanted to escape isn't eas...