Arc 3: သေခြင်းဖျော်ဖြေပွဲ/ရှိုးပွဲ
Chapter 40: ထွက်ခွာခြင်း
စုမင်ရုပ်ရှင်ရုံမှထွက်လာပြီးနောက် သူ့စိတ်အခြေအနေအနည်းငယ်တည်ငြိမ်သွားသည်။
အစက အချစ်ဇာတ်လမ်းမှာ ချန်စုမပေါ်လာလောက်ဘူးတွေးခဲ့ပြီး သူပေါ်လာခဲ့ရင်တောင် တစ္ဆေအနေနဲ့မပေါ်လာနိုင်ဘူးထင်ခဲ့ပေမယ့် သူမှားသွားခဲ့သည်။
ဒီလိုသာဖြစ်မယ်ဆိုရင် ကောင်းလိမ့်မယ်၊ ဒါပေမယ့် ရုပ်ရှင်တစ်ကားလုံးမှာ စိတ်အနှောင့်ယှက်မှုတွေနဲ့ ဆက်နေခဲ့ရတယ်။
စုမင်သည် သူ့အဆောင်သို့ အမူယာကင်းမဲ့စွာ ပြန်လာခဲ့သည်။
သူ့အခန်းဖော်တွေက သူရုပ်ရှင်ရုံကိုသွားမှန်းမသိတာကြောင့် သူ့ကိုဒီလိုမြင်လိုက်တာနဲ့ အိမ်စာမပြီးသေးဘူးလို့ ထင်နေကြတယ်။ သို့သော် သူသည် ကျောင်း၏ထိပ်တန်းကျောင်းသားဖြစ်ကြောင်း သတိရသောအခါတွင် သူတို့သည် နှစ်သိမ့်မှုမရှိတော့ပေ။
နောက်တစ်လထိ စုမင်ရုပ်ရှင်ရုံသို့မသွားခဲ့ဘူး။
အောက်တိုဘာလကုန်မှာ ထွက်ရှိမည့်horrorဇာတ်ကားကိုလည်း ကိုယ်တွေ့ခံစားရန် ရည်ရွယ်ချက်မရှိပေ။ သူရုပ်ရှင်ထဲမဝင်သရွေ့ ချန်စုနဲ့ကြုံတွေ့မှာ မဟုတ်ဘူး။
သူ့ကိုသာမမြင်ရင် အရာအားလုံးတိုးတက်လာမှာမဟုတ်ပေ။
ဒီတိုင်းလေးပဲ အဆင်ပြေသည်ဟု စုမင်တွေးသော်လည်း ရုတ်တရက်ရုပ်ရှင်ရုံ၏တာဝန်ရှိသူတစ်ဦးထံမှ ဖုန်းလက်ခံရရှိလေသည်။
"ဒီတစ်ခါ ကျွန်တော်မသွားဘူး" သူငြင်းဆန်လိုက်တယ်။
တခဏ တာဝန်ရှိသူနှုတ်ဆိတ်သွားပြီး ရှင်းပြလာတယ် .."တကယ်တော့ ဒီတစ်ခါ ဖိတ်ခေါ်တာကကျွန်တော်တို့ရုပ်ရှင်ရုံကမဟုတ်ပါဘူး ... 'သေခြင်းဖျော်ဖြေပွဲ'ရဲ့ ဒါရိုက်တာက လူကြီးမင်းကိုကြည့်ဖို့ ဖိတ်ခေါ်တာပါ"
စုမင် တဒင်္ဂတုန့်ဆိုင်းသွားပြီးနောက် ဘာလို့လဲဆိုတာ ချက်ချင်းနားလည်လိုက်သည်။
ရင်သပ်ရှူမောဖွယ်ကောင်းသောထိတ်လန့်စရာရုပ်ရှင်တွေ အလွန်နည်းပါးပြီး အများစုသည် နိုင်ငံခြားရုပ်ရှင်များဖြစ်သောကြောင့် ပြည်တွင်း၌ထုတ်လုပ်သည့်ဇာတ်ကားများသည် ယေဘုယျအားဖြင့် အာရုံစိုက်မှု သိပ်မရှိကြပေ။
ယခင်အချိန်က ရုပ်ရှင်နှစ်ကားစလုံးသည် စျေးကွက်ချင်းမတူကြသော်လည်း နှစ်ခုစလုံးသည်ဆွဲဆောင်မှုအချို့ ရရှိခဲ့သည်။ ဒါရိုက်တာက သူ့ကို ဖိတ်ချင်တာကလက်မှတ်ရောင်းအားတိုးဖို့အပြင် ဘာမှမဖြစ်နိုင်ချေ။
လက်မှတ်ရောင်းရငွေအပေါ်လွှမ်းမိုးမှု များများစားစားမရှိဟု ခံစားမိသော်လည်း ရုပ်ရှင်နှစ်ကားမှ သူ၏အတွေ့အကြုံသည် ရုပ်ရှင်တစ်ကားတည်းသာ ခံစားဖူးသူများထက် အမြဲပိုနေမည်ဖြစ်တယ်။
ဒါရိုက်တာသည် အခြားလူကို ရှာမတွေ့နိုင်ဟု သူမှန်းဆမိသည်။
စုမင်ခဏမျှစဉ်းစားပြီး ပြောလိုက်၏ .."ဒီတစ်ခေါက် မအောင်မြင်ရင် မဟုတ်………"
"အဲ့အတွက်စိတ်ပူစရာမလိုပါဘူး။ ဒါရိုက်တာက လူကြီးမင်းကိုကြည့်ရှုဖို့ပဲဖိတ်ခေါ်ခဲ့တာပါ ... အောင်မြင်ခဲ့ရင်ကောင်းပါတယ် ... မအောင်မြင်ခဲ့ရင် ကြည့်တဲ့အတွေ့အကြုံအဖြစ်ယူဆလို့ရပါတယ်"
သူဘာကိုမှဖုံးကွယ်မထားဘဲ စုမင်သည် ဤနောက်ကွယ်မှ အကြောင်းရင်းကို ခန့်မှန်းနိုင်မည်ဟု ယုံကြည်နေသည်။
စုမင်: "ကျွန်တော်စဉ်းစားပါရစေဦး"
တစ်ညလုံး စေ့စေ့တွေးပြီး သူဆုံးဖြတ်ချက်မချနိုင်သေးဘူး။
သိုပေမဲ့ နောက်တနေ့၌တာဝန်ရှိသူ ထပ်မံဖုန်းခေါ်ဆိုလာတယ်။
စုမင်တိုက်ရိုက်မေးလိုက်၏.."ကျွန်တော် အဲ့ကိုသွားနိုင်ပါတယ် ဒါပေမဲ့မေးစရာတစ်ခုရှိတယ် ... ကျွန်တော် ရုပ်ရှင်ကိုsoloပဲကြည့်ရှုနေတာ အဲ့တော့ချန်စုကဘယ်သူလဲ? ဘာလို့သူပေါ်ပေါ်လာတာလဲ?"
တာဝန်ရှိသူဖြေလေသည် .."ကျွန်တော်တို့လည်းမသိပါဘူး ... အထက်လူကြီးတွေစီစဉ်တာဖြစ်နိုင်ပါတယ်"
စုမင်မယုံကြည်ပေမယ့် သူ့ဆီက အမှန်တရားကို ထုတ်မပြနိုင်ဘူးလို့ သူထင်ခဲ့ပြီးသားဖြစ်သည်။ အခြားသူများကဲ့သို့ပင် သူတို့သည် လျှို့ဝှက်ချက်အပေါ် အလွန်တင်းကျပ်သည်။
"ဒါဆိုကောင်းပါပြီ ... အချိန်ကျရင်ကျွန်တော်သွားမယ်" သူလက်ခံလိုက်တယ်။
သူဖုန်းချတော့မည့်အချိန် တာဝန်ရှိသူကတစ်ခုပြောဆိုလာတယ် .."ဒါရိုက်တာရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ ရုပ်ရှင်ကို ကြိုကြည့်ပြီးမှ ရုပ်ရှင်ထွက်တဲ့အခါ ခံစားကြည့်ချင်ပါသလား?"
"မလိုပါဘူး" စုမင်ငြင်းပယ်လိုက်၏။
ဒီဇာတ်ကားကို ကြိုပြီးကြည့်မယ်ဆိုရင် လှည့်စားတာနဲ့ အတူတူပါပဲ။ ထိုအချိန်မှာ သူအလွန်ထူးဆန်းစွာပြုမူနေပေလိမ့်မည်။
တာဝန်ရှိသူက သူ့အံ့သြစရာကောင်းတဲ့ အဖြေကို ရှာမတွေ့ခဲ့ဘဲ “ကောင်းပါပြီ။ အချိန်ကျရင် ဝန်ထမ်းကိုဆက်သွယ်ခိုင်းလိုက်ပါ့မယ်။ မစ္စတာစု နောက်တစ်ကြိမ် အောင်မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
နောက်ဆုံးတော့ သူ့ရဲ့အောင်မြင်မှုက ရုပ်ရှင်လောကအတွက် ကောင်းတဲ့အရာတစ်ခုပါပဲ။
ရုပ်ရှင်ထုတ်လွှင့်ဖို့ တစ်ပတ်လိုသေး၍ စုမင်အလျင်မလိုပေ။ သူသည် “သေခြင်းဖျော်ဖြေပွဲ”အကြောင်း အွန်လိုင်းတွင် အခါအားလျော်စွာရှာဖွေလေ့ရှိသည်။
ရုပ်ရှင်၏ ဇာတ်ကွက်သည် ရုပ်ရှင်များ၏ အလွန်အရေးကြီးသော အစိတ်အပိုင်းဖြစ်သောကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်၊ အကြောင်းအရာအများစုကို ထုတ်ဖော်ပြသခြင်းမပြုပါ။
အွန်လိုင်းမှာ အကျဉ်းချုံးရေးထားတာတောင် သိပ်ကို မရေရာပါဘူး။ လက်တွေ့မှာ ဘာကိုမှ ထုတ်မပြခဲ့ပါဘူး။ ၎င်းသည် "လူသတ်မှုကျွန်း" နှင့်အနည်းငယ်ဆင်တူသည်။
'ဖျော်ဖြေပွဲ' လို့ နာမည်ပေးထားပေမယ့် ဒီဇာတ်ကားက ဖျော်ဖြေရေးနယ်ပယ်နဲ့ ဆက်စပ်မှုမရှိသလို ဇာတ်ကောင်တွေက နာမည်ကြီးတွေ၊ သရုပ်ဆောင်တွေနဲ့ မဟုတ်ပါဘူး။
ဒီတစ်ခါမှာတော့ ဇာတ်လိုက်တစ်ယောက်၊ ဇာတ်လိုက်မင်းသမီးနှင့်သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက လက်မှတ်သုံးစောင်ဝယ်ဖို့ အွန်လိုင်းကနေ ဇာတ်လမ်းဆင်ထားတာပါ။ ဒီလက်မှတ်သုံးစောင်နဲ့ သူတို့ဟာ ဖျောဖြေရေးရှိုးပွဲသွားကြည့်ခဲ့တယ်။
လက်မှတ်တွင် ဘယ်လောက်ကြာမလဲဆိုကာ၊ အဲဒီမှာပဲ တစ်ညအိပ်ရမှာ ဖြစ်ပြီး ဖျော်ဖြေရေးကုမ္ပဏီက နေရာထိုင်ခင်းကို စီစဉ်ပေးမယ်လို့ ပြောပါတယ်။ လူတစ်ဦးစီသည် လက်မှတ်တစ်ခု လိုအပ်မည်ဖြစ်ပြီး ကန့်သတ်နယ်မြေမှထွက်ခွာပါက ပျက်ပြယ်သွားမည်ဖြစ်သည်။
လက်မှတ်သည်အင်မတန်ဈေးကြီးပြီးနေရာတည်ခင်းမှာ အခမဲ့ဖြစ်၏။ သူတို့သည် သာမန်စီးပွားရေးသမားများသာဖြစ်သောကြောင့် အချိန်မဖြုန်းချင်ဘဲ အတူတူသွားကြသည်။
အဲ့ဒီကနေ ဇာတ်လမ်းစတင်ခဲ့သည်။
သေဆုံးမှု ရှိ၊ မရှိနှင့် ဇာတ်သိမ်းသည် မည်သို့မည်ပုံဖြစ်သည်ကို အွန်လိုင်းတွင် သဲလွန်စရှာမရပေ။ သရုပ်ဆောင်များနှင့် ဒါရိုက်တာများသည် အဆိုပါအချက်အလက်များကို ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး အတွင်းဇာတ်ကွက်များကို မဖော်ပြဘဲရုပ်ရှင်ကိုသာ ကြော်ငြာခဲ့သည်။
စုမင်စိတ်ထဲတွေးမိတာက ဇာတ်ကွက်မကောင်းရင် ဒီဇာတ်ကားက လမ်းဘေးပစ်ခံရမှာသေချာတယ်။
အစောပိုင်းတုန်းကတော့ “Escaping the Death Town” ဆိုတဲ့ နိုင်ငံခြားရုပ်ရှင်တစ်ကားကို အွန်လိုင်းမှာ ကြည့်ဖူးတယ်။ သူတို့မြို့မှာ ဖြစ်ပျက်ခဲ့တာတွေအကြောင်း ဘာမှမပြောထားပေမယ့် ရုပ်ရှင်ထဲကအကြောင်းအရာတွေက အရမ်းကောင်းတာမို့ ရမှတ်တွေ မြင့်နေတုန်းပါပဲ။
ဒီမှာ ဒီလိုမျိုး လုပ်ချင်ရင် ခက်ခဲတယ်။
……….
ထုတ်လွှင့်မည့်နေ့တွင် လီဝမ်ရှင်းသည် စုမင်ဘာလုပ်မည်ကို တိကျစွာ ခန့်မှန်းခဲ့သည်။
မူလက သူသွားကြည့်ချင်လားလို့ မေးချင်ပေမယ့် စုမင်ရဲ့ ၀တ်စားဆင်ယင်တာကို မြင်လိုက်တာနဲ့ သူသွားမယ်ဆိုတာ သေချာသွားပြီ။
အောက်တိုဘာလကုန်လောက်မှာ ရာသီဥတုက ပိုအေးလာ၍ စုမင်လက်ရှည်တောင် ၀တ်ထားရသည်။
သူက အရပ်ရှည်ပေမယ့် ပိန်လွန်းတာမို့ ထိုသို့ ၀တ်ဆင်ထားသောကြောင့် ကျယ်ပြန့်သော ပခုံးများနှင့် ခြေတံရှည်များရှိသော မဂ္ဂဇင်းမှ တစ်စုံတစ်ယောက်နှင့်တူသည်။
ရုပ်ရှင်ရုံသို့သွားစဉ် မိန်းကလေးများစွာ စုမင်ကိုလှမ်း လှမ်းကြည့်ကြတယ်။
ထို၌ ဝန်ထမ်းက စုမင်ကိုစောင့်နေ၏။
ဤတစ်ကြိမ် ရှောင်ဟဲမဟုတ်ပေ။ တလတ်လတ်တောက်ပသောမျက်လုံးများဖြင့် ချစ်စရာကောင်းသောရုပ်ရည်ရှိသည့်မိန်းကလေးအသစ်ဖြစ်သည်။
ညီမဖြစ်သူက “ခေါင်းဆောင်က ကျွန်မကိုပြောတယ်၊ မစ္စတာစုအပြင် ရုပ်ရှင်ကြည့်ဖို့ ဖိတ်ခေါ်ခံရတဲ့ တခြားရုပ်ရှင်ဝေဖန်ရေးဆရာတချို့လည်း ရှိပါတယ်”
စုမင်လည်း ဒီလိုဖြစ်နိုင်တယ်လို့ မှန်းဆမိတယ်။
လူတစ်ယောက်က သိပ်စိတ်မအေးပေ။ လူတစ်စုနှင့်အတူဆိုတော့ အနည်းဆုံး တစ်ဦးတော့ အောင်မြင်နိုင်သင့်သည်။
ဒီရုပ်ရှင်ဝေဖန်ရေးဆရာတွေက ဒီဇာတ်ကားကို ကြိုပြီးကြည့်ဖူးသလားဆိုတာ စုမင်မသိဘူး။
ဒီတစ်ခါ ပြဇာတ်က အကြီးကြီးမဟုတ်ဘူး။ ၎င်းတို့အတွက် အထူးပြင်ဆင်ထားသောကြောင့် လူအနည်းငယ်သာ ထိုင်နိုင်ပြီး တစ်ဦးနှင့်တစ်ဦး စကားစမြည်ပြောဆိုနိုင်ကာ တစ်ဦးနှင့်တစ်ဦး အနည်းငယ်ပိုသိလာနိုင်သည်။
စုမင်သည် နောက်တန်းရှိသီးခြားထိုင်ခုံတွင် ထိုင်သည်။
ဝေဖန်သူအချို့က သူ့ကို သတိပြုမိသော်လည်း ပြဇာတ်ရုံက အနည်းငယ်မှောင်နေသဖြင့် စုမင်၏အသွင်အပြင်ကို မမြင်နိုင်ပေ။
ခေါင်းဆောင်းစွတ်ပြီးနောက် ဘယ်သူကဘယ်သူဆိုတာ အာရုံမစိုက်ကြတော့ပေ။
ဇာတ်ရုံထဲမီးအလင်းရောင်မှာ ချက်ချင်းဆိုသလိုမှိန်ကျသွားပြီး အလင်းယဲ့ယဲ့လေးသာအခန်းကို အလင်းပြစေသည်။ ထို့နောက် ရုပ်ရှင်စတင်လေပြီ။
'သေခြင်းဖျော်ဖြေပွဲ' ဆိုသည့်စကားလုံးရေးထိုးပြီးသောအခါ ရုပ်ရှင်ရုံမှ စာကြောင်းပေါ်လာတယ် .."ပရိသတ်အဖွဲ့သားစုမင် ဟယ်လို 'သေခြင်းဖျော်ဖြေပွဲ'ရုပ်ရှင်ထဲဝင်ဖို့အဆင်သင့်ဖြစ်ပါပြီလား?"
စုမင်မျက်လုံးပိတ်လိုက်ပြီး သဘောတူကြောင်းတုန့်ပြန်လိုက်တယ်။
......................
နေ့လည်ခင်းအချိန်၌ ကုမ္ပဏီတွင်အလွန်အလုပ်များနေကြကာ ကီးဘုတ်ခေါက်သံများနှင့် စာရွတ်လှန်သည့်အသံများ ရုံးခန်းထဲ၌ပြည့်နေ၏။
"ထတော့ မအိပ်နေနဲ့"
"မကြာခင်အစည်းဝေးစတော့မယ် မန်နေဂျာဆီကအပြောမခံရစေနဲ့"
တစ်ယောက်ယောက် သူ့ကိုတွန်းနေသလိုခံစားရကာ သူ့မျက်လုံးများဖွင့်လိုက်ချိန် သူ့ရှေ့၌ မျက်မှန်နှင့်လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။
အရှေ့ရှိတစ်စုံတစ်ယောက်ခေါ်လာ၏ .."စုမင် ... ဖိုင်တွေပါယူလာခဲ့"
စုမင်ဘာရယ်မဟုတ်ပြန်ဖြေလိုက်တယ် .."အိုခေ"
သူ သတိထားပြီး ပတ်ဝန်းကျင်ကို ကြညကြည့်လိုက်တော့ ရုံးခန်းတစ်ခုဖြစ်ကာ သူ့ရှေ့တွင် စာစီစာတမ်းဖွင့်ထားသည့်ကွန်ပျူတာတစ်လုံးရှိသည်။
လူတော်တော်များများ သူတို့ဖိုင်တွေယူပြီး အစည်းအဝေးခန်းထဲဝင်သွားကြတယ်။
စုမင်နည်းနည်းဇဝေဇဝါဖြစ်နေသော်လည်း အမြန်တုန့်ပြန်သည်။ ဇာတ်ကားနှစ်ကားကြုံတွေ့ခဲ့ဖူးပြီးဆိုတော့ ဘာလုပ်ရမလဲသူသိပြီးသားဖြစ်သည်။
ရုပ်ရှင်ရုံက သတိပေးလာ၏။
【ဟယ်လို ပရိသတ်စုမင် ... ဖြစ်နိုင်သမျှဇာတ်ညွှန်းလက်ခံပေးပါ။】
စုမင်ဇာတ်ညွှန်းလက်ခံရရှိသော်လည်း စစ်ဆေးကြည့်ဖို့ အခွင့်ရေးမရပေ။
မျက်မှန်တပ်ဆင်ထားသူက လက်ကို သူ့(စုမင်)ပခုံးပေါ်တင်ကာ မေးသည်။
"စုမင် ဘာရပ်လုပ်နေတာလဲ? အမြန် ငါနဲ့အစည်းဝေးသွားကြမယ်"
စုမင် သူ့အပေါ်ဘာထင်မြင်ချက်မှမရှိပေ။
သူ့စိတ်အခြေအနေစုစည်းကာ ပြောလိုက်၏ ..“မနေ့ညက ကောင်းကောင်းအိပ်မပျော်လို့ ... စောစောကငါတစ်ရေးတစ်မောအိပ်တုန်း တစ်ယောက်ယောက်မြင်သွားလို့လား။ ဘာပဲဖြစ်ဖြစ် သွားရအောင်"
မျက်မှန်နဲ့လူက .."မမြင်ဘူး ... ငါမင်းကိုဖုံးပေးထားတာ ... ဟေး ဒီနေ့ ခရမ်းချဉ်သီးမွှေကြော်နဲ့ စပျစ်သီးလို့ ထင်လား?”
စုမင်: "………"
"မကြိုက်ဘူးလား? နောက်အသစ်တစ်ခုလည်းရှိတယ်။ သခွားသီးဟင်းနဲ့ နဂါးမောက်သီးဟင်းချိုလို တစ်မျိုးမျိုးပဲ ... အရမ်းစားကောင်းတယ်ကြားတယ်"
စုမင်နှုတ်ဆိတ်နေဆဲပင်။
ထိုဟင်းတွေကို သူလုံးဝမကြားဖူးပေ ... ကြားရတာနဲ့ ကျက်သီးထစရာကောင်းသည်။
တက္ကသိုလ်ကော်ဖီအအေးဆိုင်တွင် လူကြိုက်များသည့်မစားနိုင်သော ဟင်းလျာများကသက်သက် ... ကုမ္ပဏီ၏ကော်ဖီဆိုင်တွေမှာလည်း ဤကဲ့သို့သော အရာများဖြင့် ပြည့်နေတာလား?
အစည်းအဝေးခန်းသည် အတန်ငယ်ဝေး၍ စုမင်ထိုအခွင့်ရေးကိုအသုံးချကာ ဇာတ်ကြောင်းကိုစစ်ဆေးသည်။
ဒီတစ်ကြိမ် သူ့ဇာတ်ကောင်သည် အမြောက်စာဇာတ်ကောင်ဖြစ်ပြန်သည်။ သူ့ဘေးမှ မျက်မှန်ဆင်မြန်းထားသည့်လူက လီချီယွီဟုခေါ်ကာ ဒီတစ်ခါတော့ သူနဲ့အတူ ရှိုးပွဲကြည့်ရမည်ပင်။
ကုမ္ပဏီတွင် ဝန်ထမ်းအိမ်ရာများရှိပြီး သူတို့နှစ်ဦးသည် အဆောင်ခန်းအတူတူနေကြသည်။
ဒီနေ့အလုပ်ပြီးလို့ တနင်္ဂနွေပိတ်ရက်ဖြစ်တော့ သူတို့နှစ်ယောက်နဲ့အတူ ရှိုးပွဲကို သွားကြည့်ရန်သဘောတူခဲ့ကြတယ်။
ထို့နောက် ဟိုတယ်၌ စုမင်သေဆုံးခဲ့သည်။
သူဘယ်လိုသေဆုံးသလဲဆိုတာကို ဇာတ်ညွှန်းတွင် မဖော်ပြထားပေ။ ကြည့်ရတာ သူကိုယ်တိုင်တောင် ဘယ်လိုသေခဲ့လဲမသိပုံပေါ်သည်။
တစ်နည်းပြောရရင် စုမင်ဇာတ်ကောင်သည် လီချီယွီနှင့် သူ့(လီချီယွီ)နတ်ဘုရားမနဲ့အတူ ရှိုးပွဲသွားကြည့်ပြီး သူဘာမှမမြင်ရသေးခင်မှာ ဟိုတယ်ထဲမှာ ကြုံရာကျပန်းသေဆုံးသွားတယ်။
သေဆုံးရတဲ့အကြောင်းရင်းကို မသိရသေးချေ။ အဲဒါက အလွန်စိတ်အနှောင့်ယှက်ဖြစ်စေသည်။
စုမင်အတွေးထဲနစ်မြောနေချိန် လီချီယွီကခေါင်းစဉ်ပြောင်းပြောတယ် .."ဒီနေ့လည်ခင်း အဆောင်မှာမအိပ်နဲ့ ... ငါလက်မှတ်တွေတောင်ဝယ်ပြီးပြီမို့လို့ အပြင်ထွက်ပြီး ငါ့နတ်ဘုရားမလေးနဲ့အချိန်ဖြုန်းရအောင်"
သူ့အိတ်ကပ်ထဲက တွန့်ရှုံ့နေသည့်လက်မှတ်တချို့ကို ထုတ်ပြီး သူ့ဆီ ကမ်းပေးလိုက်တယ်။
စုမင်ယူပြီးကြည့်တော့ ဖျော်ဖြေရှိုးပွဲအတွက် လက်မှတ်ဖြစ်၏။
လက်မှတ်သည် တစ်ခါသုံးလက်မှတ်ဖြစ်ပြီး နောက်ခံမှာအလွန်မှုန်ဝါးဝါးဖြစ်နေသည်။ သူသည် ရက်လုပ်ခြင်းတောင်းများစွာကို ဖော်ထုတ်ရုံသာ ပြုလုပ်နိုင်ခဲ့သော်လည်း အတွင်းမှ အကြောင်းအရာများကို မခုတ်ဖော်နိုင်ပေ ... အဲ့ဒါက ပိန်းပိတ်အောင်မည်းနေ၏။
လက်မှတ်တစ်ခုလုံးကြည့်ရတာ တော်တော်သက်တမ်းရင့်နေပုံရသည်။
"သူတို့ ဒီရှိုးကိုတစ်နှစ်မှာတစ်ကြိမ်သာ လုပ်ပြီး လက်မှတ်ရောင်းတဲ့ရက်ကို ချိန်းထားပေမယ့် မနေ့ကအွန်လိုင်းမှာ လက်မှတ်အရေအတွက် အကန့်အသတ်နဲ့ ရုတ်တရက်ထွက်လာတော့ ငါတို့သုံးခုစာအတွက် အမှီဆွဲယူလိုက်နိုင်တာ"
"လက်မှတ်ဖိုးတွေအတွက် မင်းစိတ်ပူစရာမလိုပါဘူး ... ငါ့ကိုအဖော်ပြုပေးရုံပဲ"
သူအဲဒီကိုသွားတဲ့အခါ ထိတ်လန့်စရာရုပ်ရှင်ကို တရားဝင်စတင်တော့မှာဖြစ်တယ်။ စုမင်သည် ထိတ်လန့်စရာ ဇာတ်ကားကိုခံစားဖို့ ဒီကိုလာခဲ့တာဖြစ်လို့ သူ့မှာ ငြင်းစရာအကြောင်းမရှိတာ သဘာဝပါပဲ။
လက်မှတ်ကိုသိမ်းပြီး .."ငါမမေ့ပါဘူး"
သူတို့နှစ်ယောက်သား အစည်းဝေးခန်းထဲအတူတူဝင်သွားကြသည်။ အစည်းဝေးတွင် ဘာရယ်ရယ်ဆွေးနွေးစရာသိပ်မရှိသလို အများစုကလည်း ဖြစ်နေကျပြဿနာများသာရှိကာ စုမင်အမြဲတက်နေကျ အစည်းအဝေးနှင့်ဆင်တူသည်။
အစည်းအဝေးပြီးနောက် သူ့ခုံနေရာသူ စုမင်ပြန်ထိုင်ကာ အလုပ်လုပ်သည်။
အလုပ်လုပ်အပြီး လီချီယွီနဲ့အတူ ကဖေးဆိုင်သွားကာ စိတ်ဝင်တစားမေးလိုက်တယ် .."အဲဒီလက်မှတ်ကို မင်းရနိုင်ခဲ့တော့ ရှိုးပွဲရဲ့အကြောင်းအရာတွေကို သိလား?"
လီချီယွီခေါင်းခါ၍ .."ငါလည်းမသိဘူးကွ ... ဖျော်ဖြေပွဲအကြောင်းကို အသေးစိတ်တောင်မဖော်ပြထားဘူး"
ကိုယ့်သေတွင်းကို တိုက်ရိုက်တူးနေသလို စုမင်ခံစားမိသည်။
ထိုအကြောင်းကို ဖိုရမ်မှာရှာတွေ့ခဲ့တာလို့ လီချီယွီဆို၏။ တစ်စုံတစ်ယောက်သည် ဤရှိုးကိုအကြံပြုခဲ့ပြီး စက္ကန့်တိုင်းတွင် ဈေးနှုန်းနှင့် ရနိုင်သောလက်မှတ်အရေအတွက် ကျဆင်းသွားသည်ကို မြင်လိုက်ရသောကြောင့် စိတ်မြန်လက်မြန်ဖြစ်ကာ အနည်းငယ်ဝယ်ခဲ့သည်။
ဒါက သူ့နတ်ဘုရားမကိုလိုက်ပိုးသည့်အခါ အသုံးချရန်ဖြစ်သည်။
စုမင်သည် သူသေလိမ့်မည်မဟုတ်ဟု စိတ်ထဲတွင် ထင်ခဲ့သော်လည်း လီချီယွီအတွက် သေချာပေါက်မဖြစ်နိုင်ပေ။ သူ့အတွက် စာနာစိတ်ဖြင့် စပျစ်သီးကိုလှမ်းကမ်းပေးလိုက်သည်။
ဒီနတ်ဘုရားမနောက်လိုက်ပိုးသူက လူသတ်ကျွန်းက ချန်းရှင်းကျို့နှင့်မကွာပေ။
လီချီယွီက သူ့ကို အားပေးနေသည်ဟု ထင်ကာ အလွန်ခံစားသွားရသည်။
သူတို့အဆောင်ကိုပြန်ရောက်သည့်အချိန် ၇နာရီပင်ရှိနေပြီ။ ပြပွဲကျင်းပမာ့်နေရာသို့ သွားရန်လိုအပ်သည့်အချိန်အထိ နာရီအနည်းငယ်သာကျန်ရှိသေး၍ အတန်ငယ်အနားယူနေနိုင်သည်။
နေရာသည် ကုမ္ပဏီမှ နာရီအနည်းငယ်ခန့် ကားမောင်းရသည်။
ရှိုး၏အကြောင်းအရာကို မသိရသေးသလို ဟိုတယ်ကိုလည်း ပုံမှန်အားဖြင့် ဖွင့်လေ့မရှိချေ။ အင်တာနက်ပေါ်တွင် ၎င်းနှင့်ပတ်သက်သည့် အသုံးဝင်သော အချက်အလက်မရှိပေ။
ကြည့်ရုံနဲ့ မရိုးရှင်းပုံရသည်။ အဆောင်ခန်းထဲမှ သူ့ပစ္စည်းများကိုထုပ်ပိုးရင်း စုမင်အလွန်စိုးရိမ်နေသည်။
ရှိုးပွဲများနှင့် ဖျော်ဖြေပွဲများအကြောင်း ဗဟိုပြု၍ ထိတ်လန့်ဖွယ်ရာဇာတ်လမ်းများကို ရှာဖွေရန် သူ့ဖုန်းကို အသုံးပြုကာ လီချီယွီကို ကမ်းပြီးပြလျက် ..“ညဘက် သတိထား”
လီချီယွီက သူ့ဆံပင်သူပွတ်သပ်ပြီး အသက်ရှူရကျပ်တဲ့အမူအရာကို ထုတ်ဖော်ရင်း .."ခဏ"
စုမင်စိတ်ထဲ၌ .."ဘယ်သူအရင်သေမလဲ ငါတို့မသိသေးဘူး"
သူတို့စကားပြောနေစဉ် အပြင်ဘက်ကခြေသံကိုကြားလိုက်ရပြီးနောက် အမျိုးသမီးအသံလွင့်ပျံ့လာတယ် .."လီချီယွီ?"
စုမင်ပစ္စည်းများကို စီစဉ်နေလျက် ပြန်ဖြေလိုက်၏ .."ငါ ငါးမစားဘူး"
အပြင်ဘက်က မိန်းကလေးသည်တခဏမျှ တိတ်ဆိတ်သွားပြီး သူ့တုန့်ပြန်သံကြောင့် အံ့ဩသွားသည်။
ခဏကြာ သူမထပ်ပြောလာတယ် .."ကျွန်မ လီချီယွီကိုခေါ်နေတာ ... ရှင်ငါးစား၊ မစား မမေးဘူး ... အချိန်ကျပြီ"
ရှိုးပွဲသွားကြည့်ဖို့ အချိန်ကျပြီ။
****************************
လီချီယွီရဲ့ တရုတ်အသံထွက်က 'မင်းငါးစားလား' နဲ့ဆင်တူလို့ပါ။
Arc 3 စပါပြီနော်
ဒီarcမှာ originalကိုကအပေါက်များပါ ပါတယ်။ အဓိက ရှိုးပွဲကိုပြချင်တော့လေ...
ကဲကဲ ရှိုးပွဲလေးကြည့်ရအောင်🤫
စာမစစ်ထားလို့ ဆောရီးပါ(*´ω`*)
Thank you all
November 1, 2021
-------------------------------------------------------------
Arc 3: ေသျခင္းေဖ်ာ္ေျဖပြဲ/႐ိႈးပြဲ
Chapter 40: ထြက္ခြာျခင္း
စုမင္႐ုပ္႐ွင္႐ုံမွထြက္လာၿပီးေနာက္ သူ႕စိတ္အေျခအေနအနည္းငယ္တည္ၿငိမ္သြားသည္။
အစက အခ်စ္ဇာတ္လမ္းမွာ ခ်န္စုမေပၚလာေလာက္ဘူးေတြးခဲ့ၿပီး သူေပၚလာခဲ့ရင္ေတာင္ တေစၧအေနနဲ႔မေပၚလာႏိုင္ဘူးထင္ခဲ့ေပမယ့္ သူမွားသြားခဲ့သည္။
ဒီလိုသာျဖစ္မယ္ဆိုရင္ ေကာင္းလိမ့္မယ္၊ ဒါေပမယ့္ ႐ုပ္႐ွင္တစ္ကားလုံးမွာ စိတ္အေႏွာင့္ယွက္မႈေတြနဲ႔ ဆက္ေနခဲ့ရတယ္။
စုမင္သည္ သူ႕အေဆာင္သို႔ အမူယာကင္းမဲ့စြာ ျပန္လာခဲ့သည္။
သူ႕အခန္းေဖာ္ေတြက သူ႐ုပ္႐ွင္႐ုံကိုသြားမွန္းမသိတာေၾကာင့္ သူ႕ကိုဒီလိုျမင္လိုက္တာနဲ႔ အိမ္စာမၿပီးေသးဘူးလို႔ ထင္ေနၾကတယ္။ သို႔ေသာ္ သူသည္ ေက်ာင္း၏ထိပ္တန္းေက်ာင္းသားျဖစ္ေၾကာင္း သတိရေသာအခါတြင္ သူတို႔သည္ ႏွစ္သိမ့္မႈမ႐ွိေတာ့ေပ။
ေနာက္တစ္လထိ စုမင္႐ုပ္႐ွင္႐ုံသို႔မသြားခဲ့ဘူး။
ေအာက္တိုဘာလကုန္မွာ ထြက္႐ွိမည့္horrorဇာတ္ကားကိုလည္း ကိုယ္ေတြ႕ခံစားရန္ ရည္႐ြယ္ခ်က္မ႐ွိေပ။ သူ႐ုပ္႐ွင္ထဲမဝင္သေ႐ြ႕ ခ်န္စုနဲ႔ၾကဳံေတြ႕မွာ မဟုတ္ဘူး။
သူ႕ကိုသာမျမင္ရင္ အရာအားလုံးတိုးတက္လာမွာမဟုတ္ေပ။
ဒီတိုင္းေလးပဲ အဆင္ေျပသည္ဟု စုမင္ေတြးေသာ္လည္း ႐ုတ္တရက္႐ုပ္႐ွင္႐ုံ၏တာဝန္႐ွိသူတစ္ဦးထံမွ ဖုန္းလက္ခံရ႐ွိေလသည္။
"ဒီတစ္ခါ ကြၽန္ေတာ္မသြားဘူး" သူျငင္းဆန္လိုက္တယ္။
တခဏ တာဝန္႐ွိသူႏႈတ္ဆိတ္သြားၿပီး ႐ွင္းျပလာတယ္ .."တကယ္ေတာ့ ဒီတစ္ခါ ဖိတ္ေခၚတာကကြၽန္ေတာ္တို႔႐ုပ္႐ွင္႐ုံကမဟုတ္ပါဘူး ... 'ေသျခင္းေဖ်ာ္ေျဖပြဲ'ရဲ႕ ဒါ႐ိုက္တာက လူႀကီးမင္းကိုၾကည့္ဖို႔ ဖိတ္ေခၚတာပါ"
စုမင္ တဒဂၤတုန္႔ဆိုင္းသြားၿပီးေနာက္ ဘာလို႔လဲဆိုတာ ခ်က္ခ်င္းနားလည္လိုက္သည္။
ရင္သပ္႐ွဴေမာဖြယ္ေကာင္းေသာထိတ္လန္႔စရာ႐ုပ္႐ွင္ေတြ အလြန္နည္းပါးၿပီး အမ်ားစုသည္ ႏိုင္ငံျခား႐ုပ္႐ွင္မ်ားျဖစ္ေသာေၾကာင့္ ျပည္တြင္း၌ထုတ္လုပ္သည့္ဇာတ္ကားမ်ားသည္ ေယဘုယ်အားျဖင့္ အာ႐ုံစိုက္မႈ သိပ္မ႐ွိၾကေပ။
ယခင္အခ်ိန္က ႐ုပ္႐ွင္ႏွစ္ကားစလုံးသည္ ေစ်းကြက္ခ်င္းမတူၾကေသာ္လည္း ႏွစ္ခုစလုံးသည္ဆြဲေဆာင္မႈအခ်ိဳ႕ ရ႐ွိခဲ့သည္။ ဒါ႐ိုက္တာက သူ႕ကို ဖိတ္ခ်င္တာကလက္မွတ္ေရာင္းအားတိုးဖို႔အျပင္ ဘာမွမျဖစ္ႏိုင္ေခ်။
လက္မွတ္ေရာင္းရေငြအေပၚလႊမ္းမိုးမႈ မ်ားမ်ားစားစားမ႐ွိဟု ခံစားမိေသာ္လည္း ႐ုပ္႐ွင္ႏွစ္ကားမွ သူ၏အေတြ႕အၾကဳံသည္ ႐ုပ္႐ွင္တစ္ကားတည္းသာ ခံစားဖူးသူမ်ားထက္ အၿမဲပိုေနမည္ျဖစ္တယ္။
ဒါ႐ိုက္တာသည္ အျခားလူကို ႐ွာမေတြ႕ႏိုင္ဟု သူမွန္းဆမိသည္။
စုမင္ခဏမွ်စဥ္းစားၿပီး ေျပာလိုက္၏ .."ဒီတစ္ေခါက္ မေအာင္ျမင္ရင္ မဟုတ္………"
"အဲ့အတြက္စိတ္ပူစရာမလိုပါဘူး။ ဒါ႐ိုက္တာက လူႀကီးမင္းကိုၾကည့္႐ႈဖို႔ပဲဖိတ္ေခၚခဲ့တာပါ ... ေအာင္ျမင္ခဲ့ရင္ေကာင္းပါတယ္ ... မေအာင္ျမင္ခဲ့ရင္ ၾကည့္တဲ့အေတြ႕အၾကဳံအျဖစ္ယူဆလို႔ရပါတယ္"
သူဘာကိုမွဖုံးကြယ္မထားဘဲ စုမင္သည္ ဤေနာက္ကြယ္မွ အေၾကာင္းရင္းကို ခန္႔မွန္းႏိုင္မည္ဟု ယုံၾကည္ေနသည္။
စုမင္: "ကြၽန္ေတာ္စဥ္းစားပါရေစဦး"
တစ္ညလုံး ေစ့ေစ့ေတြးၿပီး သူဆုံးျဖတ္ခ်က္မခ်ႏိုင္ေသးဘူး။
သိုေပမဲ့ ေနာက္တေန႔၌တာဝန္႐ွိသူ ထပ္မံဖုန္းေခၚဆိုလာတယ္။
စုမင္တိုက္႐ိုက္ေမးလိုက္၏.."ကြၽန္ေတာ္ အဲ့ကိုသြားႏိုင္ပါတယ္ ဒါေပမဲ့ေမးစရာတစ္ခု႐ွိတယ္ ... ကြၽန္ေတာ္ ႐ုပ္႐ွင္ကိုsoloပဲၾကည့္႐ႈေနတာ အဲ့ေတာ့ခ်န္စုကဘယ္သူလဲ? ဘာလို႔သူေပၚေပၚလာတာလဲ?"
တာဝန္႐ွိသူေျဖေလသည္ .."ကြၽန္ေတာ္တို႔လည္းမသိပါဘူး ... အထက္လူႀကီးေတြစီစဥ္တာျဖစ္ႏိုင္ပါတယ္"
စုမင္မယုံၾကည္ေပမယ့္ သူ႕ဆီက အမွန္တရားကို ထုတ္မျပႏိုင္ဘူးလို႔ သူထင္ခဲ့ၿပီးသားျဖစ္သည္။ အျခားသူမ်ားကဲ့သို႔ပင္ သူတို႔သည္ လွ်ိဳ႕ဝွက္ခ်က္အေပၚ အလြန္တင္းက်ပ္သည္။
"ဒါဆိုေကာင္းပါၿပီ ... အခ်ိန္က်ရင္ကြၽန္ေတာ္သြားမယ္" သူလက္ခံလိုက္တယ္။
သူဖုန္းခ်ေတာ့မည့္အခ်ိန္ တာဝန္႐ွိသူကတစ္ခုေျပာဆိုလာတယ္ .."ဒါ႐ိုက္တာရဲ႕ ရည္႐ြယ္ခ်က္က ႐ွင္းပါတယ္။ ႐ုပ္႐ွင္ကို ႀကိဳၾကည့္ၿပီးမွ ႐ုပ္႐ွင္ထြက္တဲ့အခါ ခံစားၾကည့္ခ်င္ပါသလား?"
"မလိုပါဘူး" စုမင္ျငင္းပယ္လိုက္၏။
ဒီဇာတ္ကားကို ႀကိဳၿပီးၾကည့္မယ္ဆိုရင္ လွည့္စားတာနဲ႔ အတူတူပါပဲ။ ထိုအခ်ိန္မွာ သူအလြန္ထူးဆန္းစြာျပဳမူေနေပလိမ့္မည္။
တာဝန္႐ွိသူက သူ႕အံ့ၾသစရာေကာင္းတဲ့ အေျဖကို ႐ွာမေတြ႕ခဲ့ဘဲ “ေကာင္းပါၿပီ။ အခ်ိန္က်ရင္ ဝန္ထမ္းကိုဆက္သြယ္ခိုင္းလိုက္ပါ့မယ္။ မစၥတာစု ေနာက္တစ္ႀကိမ္ ေအာင္ျမင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”
ေနာက္ဆုံးေတာ့ သူ႕ရဲ႕ေအာင္ျမင္မႈက ႐ုပ္႐ွင္ေလာကအတြက္ ေကာင္းတဲ့အရာတစ္ခုပါပဲ။
႐ုပ္႐ွင္ထုတ္လႊင့္ဖို႔ တစ္ပတ္လိုေသး၍ စုမင္အလ်င္မလိုေပ။ သူသည္ “ေသျခင္းေဖ်ာ္ေျဖပြဲ”အေၾကာင္း အြန္လိုင္းတြင္ အခါအားေလ်ာ္စြာ႐ွာေဖြေလ့႐ွိသည္။
႐ုပ္႐ွင္၏ ဇာတ္ကြက္သည္ ႐ုပ္႐ွင္မ်ား၏ အလြန္အေရးႀကီးေသာ အစိတ္အပိုင္းျဖစ္ေသာေၾကာင့္ျဖစ္ေကာင္းျဖစ္ႏိုင္သည္၊ အေၾကာင္းအရာအမ်ားစုကို ထုတ္ေဖာ္ျပသျခင္းမျပဳပါ။
အြန္လိုင္းမွာ အက်ဥ္းခ်ံဳးေရးထားတာေတာင္ သိပ္ကို မေရရာပါဘူး။ လက္ေတြ႕မွာ ဘာကိုမွ ထုတ္မျပခဲ့ပါဘူး။ ၎သည္ "လူသတ္မႈကြၽန္း" ႏွင့္အနည္းငယ္ဆင္တူသည္။
'ေဖ်ာ္ေျဖပြဲ' လို႔ နာမည္ေပးထားေပမယ့္ ဒီဇာတ္ကားက ေဖ်ာ္ေျဖေရးနယ္ပယ္နဲ႔ ဆက္စပ္မႈမ႐ွိသလို ဇာတ္ေကာင္ေတြက နာမည္ႀကီးေတြ၊ သ႐ုပ္ေဆာင္ေတြနဲ႔ မဟုတ္ပါဘူး။
ဒီတစ္ခါမွာေတာ့ ဇာတ္လိုက္တစ္ေယာက္၊ ဇာတ္လိုက္မင္းသမီးႏွင့္သူတို႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြက လက္မွတ္သုံးေစာင္ဝယ္ဖို႔ အြန္လိုင္းကေန ဇာတ္လမ္းဆင္ထားတာပါ။ ဒီလက္မွတ္သုံးေစာင္နဲ႔ သူတို႔ဟာ ေဖ်ာေျဖေရး႐ိႈးပြဲသြားၾကည့္ခဲ့တယ္။
လက္မွတ္တြင္ ဘယ္ေလာက္ၾကာမလဲဆိုကာ၊ အဲဒီမွာပဲ တစ္ညအိပ္ရမွာ ျဖစ္ၿပီး ေဖ်ာ္ေျဖေရးကုမၸဏီက ေနရာထိုင္ခင္းကို စီစဥ္ေပးမယ္လို႔ ေျပာပါတယ္။ လူတစ္ဦးစီသည္ လက္မွတ္တစ္ခု လိုအပ္မည္ျဖစ္ၿပီး ကန္႔သတ္နယ္ေျမမွထြက္ခြာပါက ပ်က္ျပယ္သြားမည္ျဖစ္သည္။
လက္မွတ္သည္အင္မတန္ေဈးႀကီးၿပီးေနရာတည္ခင္းမွာ အခမဲ့ျဖစ္၏။ သူတို႔သည္ သာမန္စီးပြားေရးသမားမ်ားသာျဖစ္ေသာေၾကာင့္ အခ်ိန္မျဖဳန္းခ်င္ဘဲ အတူတူသြားၾကသည္။
အဲ့ဒီကေန ဇာတ္လမ္းစတင္ခဲ့သည္။
ေသဆုံးမႈ ႐ွိ၊ မ႐ွိႏွင့္ ဇာတ္သိမ္းသည္ မည္သို႔မည္ပုံျဖစ္သည္ကို အြန္လိုင္းတြင္ သဲလြန္စ႐ွာမရေပ။ သ႐ုပ္ေဆာင္မ်ားႏွင့္ ဒါ႐ိုက္တာမ်ားသည္ အဆိုပါအခ်က္အလက္မ်ားကို ဆက္လက္ထိန္းသိမ္းထားခဲ့ၿပီး အတြင္းဇာတ္ကြက္မ်ားကို မေဖာ္ျပဘဲ႐ုပ္႐ွင္ကိုသာ ေၾကာ္ျငာခဲ့သည္။
စုမင္စိတ္ထဲေတြးမိတာက ဇာတ္ကြက္မေကာင္းရင္ ဒီဇာတ္ကားက လမ္းေဘးပစ္ခံရမွာေသခ်ာတယ္။
အေစာပိုင္းတုန္းကေတာ့ “Escaping the Death Town” ဆိုတဲ့ ႏိုင္ငံျခား႐ုပ္႐ွင္တစ္ကားကို အြန္လိုင္းမွာ ၾကည့္ဖူးတယ္။ သူတို႔ၿမိဳ႕မွာ ျဖစ္ပ်က္ခဲ့တာေတြအေၾကာင္း ဘာမွမေျပာထားေပမယ့္ ႐ုပ္႐ွင္ထဲကအေၾကာင္းအရာေတြက အရမ္းေကာင္းတာမို႔ ရမွတ္ေတြ ျမင့္ေနတုန္းပါပဲ။
ဒီမွာ ဒီလိုမ်ိဳး လုပ္ခ်င္ရင္ ခက္ခဲတယ္။
……….
ထုတ္လႊင့္မည့္ေန႔တြင္ လီဝမ္႐ွင္းသည္ စုမင္ဘာလုပ္မည္ကို တိက်စြာ ခန္႔မွန္းခဲ့သည္။
မူလက သူသြားၾကည့္ခ်င္လားလို႔ ေမးခ်င္ေပမယ့္ စုမင္ရဲ႕ ၀တ္စားဆင္ယင္တာကို ျမင္လိုက္တာနဲ႔ သူသြားမယ္ဆိုတာ ေသခ်ာသြားၿပီ။
ေအာက္တိုဘာလကုန္ေလာက္မွာ ရာသီဥတုက ပိုေအးလာ၍ စုမင္လက္႐ွည္ေတာင္ ၀တ္ထားရသည္။
သူက အရပ္႐ွည္ေပမယ့္ ပိန္လြန္းတာမို႔ ထိုသို႔ ၀တ္ဆင္ထားေသာေၾကာင့္ က်ယ္ျပန္႔ေသာ ပခုံးမ်ားႏွင့္ ေျခတံ႐ွည္မ်ား႐ွိေသာ မဂၢဇင္းမွ တစ္စုံတစ္ေယာက္ႏွင့္တူသည္။
႐ုပ္႐ွင္႐ုံသို႔သြားစဥ္ မိန္းကေလးမ်ားစြာ စုမင္ကိုလွမ္း လွမ္းၾကည့္ၾကတယ္။
ထို၌ ဝန္ထမ္းက စုမင္ကိုေစာင့္ေန၏။
ဤတစ္ႀကိမ္ ေ႐ွာင္ဟဲမဟုတ္ေပ။ တလတ္လတ္ေတာက္ပေသာမ်က္လုံးမ်ားျဖင့္ ခ်စ္စရာေကာင္းေသာ႐ုပ္ရည္႐ွိသည့္မိန္းကေလးအသစ္ျဖစ္သည္။
ညီမျဖစ္သူက “ေခါင္းေဆာင္က ကြၽန္မကိုေျပာတယ္၊ မစၥတာစုအျပင္ ႐ုပ္႐ွင္ၾကည့္ဖို႔ ဖိတ္ေခၚခံရတဲ့ တျခား႐ုပ္႐ွင္ေဝဖန္ေရးဆရာတခ်ိဳ႕လည္း ႐ွိပါတယ္”
စုမင္လည္း ဒီလိုျဖစ္ႏိုင္တယ္လို႔ မွန္းဆမိတယ္။
လူတစ္ေယာက္က သိပ္စိတ္မေအးေပ။ လူတစ္စုႏွင့္အတူဆိုေတာ့ အနည္းဆုံး တစ္ဦးေတာ့ ေအာင္ျမင္ႏိုင္သင့္သည္။
ဒီ႐ုပ္႐ွင္ေဝဖန္ေရးဆရာေတြက ဒီဇာတ္ကားကို ႀကိဳၿပီးၾကည့္ဖူးသလားဆိုတာ စုမင္မသိဘူး။
ဒီတစ္ခါ ျပဇာတ္က အႀကီးႀကီးမဟုတ္ဘူး။ ၎တို႔အတြက္ အထူးျပင္ဆင္ထားေသာေၾကာင့္ လူအနည္းငယ္သာ ထိုင္ႏိုင္ၿပီး တစ္ဦးႏွင့္တစ္ဦး စကားစျမည္ေျပာဆိုႏိုင္ကာ တစ္ဦးႏွင့္တစ္ဦး အနည္းငယ္ပိုသိလာႏိုင္သည္။
စုမင္သည္ ေနာက္တန္း႐ွိသီးျခားထိုင္ခုံတြင္ ထိုင္သည္။
ေဝဖန္သူအခ်ိဳ႕က သူ႕ကို သတိျပဳမိေသာ္လည္း ျပဇာတ္႐ုံက အနည္းငယ္ေမွာင္ေနသျဖင့္ စုမင္၏အသြင္အျပင္ကို မျမင္ႏိုင္ေပ။
ေခါင္းေဆာင္းစြတ္ၿပီးေနာက္ ဘယ္သူကဘယ္သူဆိုတာ အာ႐ုံမစိုက္ၾကေတာ့ေပ။
ဇာတ္႐ုံထဲမီးအလင္းေရာင္မွာ ခ်က္ခ်င္းဆိုသလိုမွိန္က်သြားၿပီး အလင္းယဲ့ယဲ့ေလးသာအခန္းကို အလင္းျပေစသည္။ ထို႔ေနာက္ ႐ုပ္႐ွင္စတင္ေလၿပီ။
'ေသျခင္းေဖ်ာ္ေျဖပြဲ' ဆိုသည့္စကားလုံးေရးထိုးၿပီးေသာအခါ ႐ုပ္႐ွင္႐ုံမွ စာေၾကာင္းေပၚလာတယ္ .."ပရိသတ္အဖြဲ႕သားစုမင္ ဟယ္လို 'ေသျခင္းေဖ်ာ္ေျဖပြဲ'႐ုပ္႐ွင္ထဲဝင္ဖို႔အဆင္သင့္ျဖစ္ပါၿပီလား?"
စုမင္မ်က္လုံးပိတ္လိုက္ၿပီး သေဘာတူေၾကာင္းတုန္႔ျပန္လိုက္တယ္။
......................
ေန႔လည္ခင္းအခ်ိန္၌ ကုမၸဏီတြင္အလြန္အလုပ္မ်ားေနၾကကာ ကီးဘုတ္ေခါက္သံမ်ားႏွင့္ စာ႐ြတ္လွန္သည့္အသံမ်ား ႐ုံးခန္းထဲ၌ျပည့္ေန၏။
"ထေတာ့ မအိပ္ေနနဲ႔"
"မၾကာခင္အစည္းေဝးစေတာ့မယ္ မန္ေနဂ်ာဆီကအေျပာမခံရေစနဲ႔"
တစ္ေယာက္ေယာက္ သူ႕ကိုတြန္းေနသလိုခံစားရကာ သူ႕မ်က္လုံးမ်ားဖြင့္လိုက္ခ်ိန္ သူ႕ေ႐ွ႕၌ မ်က္မွန္ႏွင့္လူတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။
အေ႐ွ႕႐ွိတစ္စုံတစ္ေယာက္ေခၚလာ၏ .."စုမင္ ... ဖိုင္ေတြပါယူလာခဲ့"
စုမင္ဘာရယ္မဟုတ္ျပန္ေျဖလိုက္တယ္ .."အိုေခ"
သူ သတိထားၿပီး ပတ္ဝန္းက်င္ကို ၾကညၾကည့္လိုက္ေတာ့ ႐ုံးခန္းတစ္ခုျဖစ္ကာ သူ႕ေ႐ွ႕တြင္ စာစီစာတမ္းဖြင့္ထားသည့္ကြန္ပ်ဴတာတစ္လုံး႐ွိသည္။
လူေတာ္ေတာ္မ်ားမ်ား သူတို႔ဖိုင္ေတြယူၿပီး အစည္းအေဝးခန္းထဲဝင္သြားၾကတယ္။
စုမင္နည္းနည္းဇေဝဇဝါျဖစ္ေနေသာ္လည္း အျမန္တုန္႔ျပန္သည္။ ဇာတ္ကားႏွစ္ကားၾကဳံေတြ႕ခဲ့ဖူးၿပီးဆိုေတာ့ ဘာလုပ္ရမလဲသူသိၿပီးသားျဖစ္သည္။
႐ုပ္႐ွင္႐ုံက သတိေပးလာ၏။
【ဟယ္လို ပရိသတ္စုမင္ ... ျဖစ္ႏိုင္သမွ်ဇာတ္ၫႊန္းလက္ခံေပးပါ။】
စုမင္ဇာတ္ၫႊန္းလက္ခံရ႐ွိေသာ္လည္း စစ္ေဆးၾကည့္ဖို႔ အခြင့္ေရးမရေပ။
မ်က္မွန္တပ္ဆင္ထားသူက လက္ကို သူ႕(စုမင္)ပခုံးေပၚတင္ကာ ေမးသည္။
"စုမင္ ဘာရပ္လုပ္ေနတာလဲ? အျမန္ ငါနဲ႔အစည္းေဝးသြားၾကမယ္"
စုမင္ သူ႕အေပၚဘာထင္ျမင္ခ်က္မွမ႐ွိေပ။
သူ႕စိတ္အေျခအေနစုစည္းကာ ေျပာလိုက္၏ ..“မေန႔ညက ေကာင္းေကာင္းအိပ္မေပ်ာ္လို႔ ... ေစာေစာကငါတစ္ေရးတစ္ေမာအိပ္တုန္း တစ္ေယာက္ေယာက္ျမင္သြားလို႔လား။ ဘာပဲျဖစ္ျဖစ္ သြားရေအာင္"
မ်က္မွန္နဲ႔လူက .."မျမင္ဘူး ... ငါမင္းကိုဖုံးေပးထားတာ ... ေဟး ဒီေန႔ ခရမ္းခ်ဥ္သီးေမႊေၾကာ္နဲ႔ စပ်စ္သီးလို႔ ထင္လား?”
စုမင္: "………"
"မႀကိဳက္ဘူးလား? ေနာက္အသစ္တစ္ခုလည္း႐ွိတယ္။ သခြားသီးဟင္းနဲ႔ နဂါးေမာက္သီးဟင္းခ်ိဳလို တစ္မ်ိဳးမ်ိဳးပဲ ... အရမ္းစားေကာင္းတယ္ၾကားတယ္"
စုမင္ႏႈတ္ဆိတ္ေနဆဲပင္။
ထိုဟင္းေတြကို သူလုံးဝမၾကားဖူးေပ ... ၾကားရတာနဲ႔ က်က္သီးထစရာေကာင္းသည္။
တကၠသိုလ္ေကာ္ဖီအေအးဆိုင္တြင္ လူႀကိဳက္မ်ားသည့္မစားႏိုင္ေသာ ဟင္းလ်ာမ်ားကသက္သက္ ... ကုမၸဏီ၏ေကာ္ဖီဆိုင္ေတြမွာလည္း ဤကဲ့သို႔ေသာ အရာမ်ားျဖင့္ ျပည့္ေနတာလား?
အစည္းအေဝးခန္းသည္ အတန္ငယ္ေဝး၍ စုမင္ထိုအခြင့္ေရးကိုအသုံးခ်ကာ ဇာတ္ေၾကာင္းကိုစစ္ေဆးသည္။
ဒီတစ္ႀကိမ္ သူ႕ဇာတ္ေကာင္သည္ အေျမာက္စာဇာတ္ေကာင္ျဖစ္ျပန္သည္။ သူ႕ေဘးမွ မ်က္မွန္ဆင္ျမန္းထားသည့္လူက လီခ်ီယြီဟုေခၚကာ ဒီတစ္ခါေတာ့ သူနဲ႔အတူ ႐ိႈးပြဲၾကည့္ရမည္ပင္။
ကုမၸဏီတြင္ ဝန္ထမ္းအိမ္ရာမ်ား႐ွိၿပီး သူတို႔ႏွစ္ဦးသည္ အေဆာင္ခန္းအတူတူေနၾကသည္။
ဒီေန႔အလုပ္ၿပီးလို႔ တနဂၤေႏြပိတ္ရက္ျဖစ္ေတာ့ သူတို႔ႏွစ္ေယာက္နဲ႔အတူ ႐ိႈးပြဲကို သြားၾကည့္ရန္သေဘာတူခဲ့ၾကတယ္။
ထို႔ေနာက္ ဟိုတယ္၌ စုမင္ေသဆုံးခဲ့သည္။
သူဘယ္လိုေသဆုံးသလဲဆိုတာကို ဇာတ္ၫႊန္းတြင္ မေဖာ္ျပထားေပ။ ၾကည့္ရတာ သူကိုယ္တိုင္ေတာင္ ဘယ္လိုေသခဲ့လဲမသိပုံေပၚသည္။
တစ္နည္းေျပာရရင္ စုမင္ဇာတ္ေကာင္သည္ လီခ်ီယြီႏွင့္ သူ႕(လီခ်ီယြီ)နတ္ဘုရားမနဲ႔အတူ ႐ိႈးပြဲသြားၾကည့္ၿပီး သူဘာမွမျမင္ရေသးခင္မွာ ဟိုတယ္ထဲမွာ ၾကဳံရာက်ပန္းေသဆုံးသြားတယ္။
ေသဆုံးရတဲ့အေၾကာင္းရင္းကို မသိရေသးေခ်။ အဲဒါက အလြန္စိတ္အေႏွာင့္ယွက္ျဖစ္ေစသည္။
စုမင္အေတြးထဲနစ္ေျမာေနခ်ိန္ လီခ်ီယြီကေခါင္းစဥ္ေျပာင္းေျပာတယ္ .."ဒီေန႔လည္ခင္း အေဆာင္မွာမအိပ္နဲ႔ ... ငါလက္မွတ္ေတြေတာင္ဝယ္ၿပီးၿပီမို႔လို႔ အျပင္ထြက္ၿပီး ငါ့နတ္ဘုရားမေလးနဲ႔အခ်ိန္ျဖဳန္းရေအာင္"
သူ႕အိတ္ကပ္ထဲက တြန္႔႐ႈံ႕ေနသည့္လက္မွတ္တခ်ိဳ႕ကို ထုတ္ၿပီး သူ႕ဆီ ကမ္းေပးလိုက္တယ္။
စုမင္ယူၿပီးၾကည့္ေတာ့ ေဖ်ာ္ေျဖ႐ိႈးပြဲအတြက္ လက္မွတ္ျဖစ္၏။
လက္မွတ္သည္ တစ္ခါသုံးလက္မွတ္ျဖစ္ၿပီး ေနာက္ခံမွာအလြန္မႈန္ဝါးဝါးျဖစ္ေနသည္။ သူသည္ ရက္လုပ္ျခင္းေတာင္းမ်ားစြာကို ေဖာ္ထုတ္႐ုံသာ ျပဳလုပ္ႏိုင္ခဲ့ေသာ္လည္း အတြင္းမွ အေၾကာင္းအရာမ်ားကို မခုတ္ေဖာ္ႏိုင္ေပ ... အဲ့ဒါက ပိန္းပိတ္ေအာင္မည္းေန၏။
လက္မွတ္တစ္ခုလုံးၾကည့္ရတာ ေတာ္ေတာ္သက္တမ္းရင့္ေနပုံရသည္။
"သူတို႔ ဒီ႐ိႈးကိုတစ္ႏွစ္မွာတစ္ႀကိမ္သာ လုပ္ၿပီး လက္မွတ္ေရာင္းတဲ့ရက္ကို ခ်ိန္းထားေပမယ့္ မေန႔ကအြန္လိုင္းမွာ လက္မွတ္အေရအတြက္ အကန္႔အသတ္နဲ႔ ႐ုတ္တရက္ထြက္လာေတာ့ ငါတို႔သုံးခုစာအတြက္ အမွီဆြဲယူလိုက္ႏိုင္တာ"
"လက္မွတ္ဖိုးေတြအတြက္ မင္းစိတ္ပူစရာမလိုပါဘူး ... ငါ့ကိုအေဖာ္ျပဳေပး႐ုံပဲ"
သူအဲဒီကိုသြားတဲ့အခါ ထိတ္လန္႔စရာ႐ုပ္႐ွင္ကို တရားဝင္စတင္ေတာ့မွာျဖစ္တယ္။ စုမင္သည္ ထိတ္လန္႔စရာ ဇာတ္ကားကိုခံစားဖို႔ ဒီကိုလာခဲ့တာျဖစ္လို႔ သူ႕မွာ ျငင္းစရာအေၾကာင္းမ႐ွိတာ သဘာဝပါပဲ။
လက္မွတ္ကိုသိမ္းၿပီး .."ငါမေမ့ပါဘူး"
သူတို႔ႏွစ္ေယာက္သား အစည္းေဝးခန္းထဲအတူတူဝင္သြားၾကသည္။ အစည္းေဝးတြင္ ဘာရယ္ရယ္ေဆြးေႏြးစရာသိပ္မ႐ွိသလို အမ်ားစုကလည္း ျဖစ္ေနက်ျပႆနာမ်ားသာ႐ွိကာ စုမင္အၿမဲတက္ေနက် အစည္းအေဝးႏွင့္ဆင္တူသည္။
အစည္းအေဝးၿပီးေနာက္ သူ႕ခုံေနရာသူ စုမင္ျပန္ထိုင္ကာ အလုပ္လုပ္သည္။
အလုပ္လုပ္အၿပီး လီခ်ီယြီနဲ႔အတူ ကေဖးဆိုင္သြားကာ စိတ္ဝင္တစားေမးလိုက္တယ္ .."အဲဒီလက္မွတ္ကို မင္းရႏိုင္ခဲ့ေတာ့ ႐ိႈးပြဲရဲ႕အေၾကာင္းအရာေတြကို သိလား?"
လီခ်ီယြီေခါင္းခါ၍ .."ငါလည္းမသိဘူးကြ ... ေဖ်ာ္ေျဖပြဲအေၾကာင္းကို အေသးစိတ္ေတာင္မေဖာ္ျပထားဘူး"
ကိုယ့္ေသတြင္းကို တိုက္႐ိုက္တူးေနသလို စုမင္ခံစားမိသည္။
ထိုအေၾကာင္းကို ဖိုရမ္မွာ႐ွာေတြ႕ခဲ့တာလို႔ လီခ်ီယြီဆို၏။ တစ္စုံတစ္ေယာက္သည္ ဤ႐ိႈးကိုအၾကံျပဳခဲ့ၿပီး စကၠန္႔တိုင္းတြင္ ေဈးႏႈန္းႏွင့္ ရႏိုင္ေသာလက္မွတ္အေရအတြက္ က်ဆင္းသြားသည္ကို ျမင္လိုက္ရေသာေၾကာင့္ စိတ္ျမန္လက္ျမန္ျဖစ္ကာ အနည္းငယ္ဝယ္ခဲ့သည္။
ဒါက သူ႕နတ္ဘုရားမကိုလိုက္ပိုးသည့္အခါ အသုံးခ်ရန္ျဖစ္သည္။
စုမင္သည္ သူေသလိမ့္မည္မဟုတ္ဟု စိတ္ထဲတြင္ ထင္ခဲ့ေသာ္လည္း လီခ်ီယြီအတြက္ ေသခ်ာေပါက္မျဖစ္ႏိုင္ေပ။ သူ႕အတြက္ စာနာစိတ္ျဖင့္ စပ်စ္သီးကိုလွမ္းကမ္းေပးလိုက္သည္။
ဒီနတ္ဘုရားမေနာက္လိုက္ပိုးသူက လူသတ္ကြၽန္းက ခ်န္း႐ွင္းက်ိဳ႕ႏွင့္မကြာေပ။
လီခ်ီယြီက သူ႕ကို အားေပးေနသည္ဟု ထင္ကာ အလြန္ခံစားသြားရသည္။
သူတို႔အေဆာင္ကိုျပန္ေရာက္သည့္အခ်ိန္ ၇နာရီပင္႐ွိေနၿပီ။ ျပပြဲက်င္းပမာ့္ေနရာသို႔ သြားရန္လိုအပ္သည့္အခ်ိန္အထိ နာရီအနည္းငယ္သာက်န္႐ွိေသး၍ အတန္ငယ္အနားယူေနႏိုင္သည္။
ေနရာသည္ ကုမၸဏီမွ နာရီအနည္းငယ္ခန္႔ ကားေမာင္းရသည္။
႐ိႈး၏အေၾကာင္းအရာကို မသိရေသးသလို ဟိုတယ္ကိုလည္း ပုံမွန္အားျဖင့္ ဖြင့္ေလ့မ႐ွိေခ်။ အင္တာနက္ေပၚတြင္ ၎ႏွင့္ပတ္သက္သည့္ အသုံးဝင္ေသာ အခ်က္အလက္မ႐ွိေပ။
ၾကည့္႐ုံနဲ႔ မ႐ိုး႐ွင္းပုံရသည္။ အေဆာင္ခန္းထဲမွ သူ႕ပစၥည္းမ်ားကိုထုပ္ပိုးရင္း စုမင္အလြန္စိုးရိမ္ေနသည္။
႐ိႈးပြဲမ်ားႏွင့္ ေဖ်ာ္ေျဖပြဲမ်ားအေၾကာင္း ဗဟိုျပဳ၍ ထိတ္လန္႔ဖြယ္ရာဇာတ္လမ္းမ်ားကို ႐ွာေဖြရန္ သူ႕ဖုန္းကို အသုံးျပဳကာ လီခ်ီယြီကို ကမ္းၿပီးျပလ်က္ ..“ညဘက္ သတိထား”
လီခ်ီယြီက သူ႕ဆံပင္သူပြတ္သပ္ၿပီး အသက္႐ွဴရက်ပ္တဲ့အမူအရာကို ထုတ္ေဖာ္ရင္း .."ခဏ"
စုမင္စိတ္ထဲ၌ .."ဘယ္သူအရင္ေသမလဲ ငါတို႔မသိေသးဘူး"
သူတို႔စကားေျပာေနစဥ္ အျပင္ဘက္ကေျခသံကိုၾကားလိုက္ရၿပီးေနာက္ အမ်ိဳးသမီးအသံလြင့္ပ်ံ႕လာတယ္ .."လီခ်ီယြီ?"
စုမင္ပစၥည္းမ်ားကို စီစဥ္ေနလ်က္ ျပန္ေျဖလိုက္၏ .."ငါ ငါးမစားဘူး"
အျပင္ဘက္က မိန္းကေလးသည္တခဏမွ် တိတ္ဆိတ္သြားၿပီး သူ႕တုန္႔ျပန္သံေၾကာင့္ အံ့ဩသြားသည္။
ခဏၾကာ သူမထပ္ေျပာလာတယ္ .."ကြၽန္မ လီခ်ီယြီကိုေခၚေနတာ ... ႐ွင္ငါးစား၊ မစား မေမးဘူး ... အခ်ိန္က်ၿပီ"
႐ိႈးပြဲသြားၾကည့္ဖို႔ အခ်ိန္က်ၿပီ။
****************************
လီခ်ီယြီရဲ႕ တ႐ုတ္အသံထြက္က 'မင္းငါးစားလား' နဲ႔ဆင္တူလို႔ပါ။
Arc 3 စပါၿပီေနာ္
ဒီarcမွာ originalကိုကအေပါက္မ်ားပါ ပါတယ္။ အဓိက ႐ိႈးပြဲကိုျပခ်င္ေတာ့ေလ...
ကဲကဲ ႐ိႈးပြဲေလးၾကည့္ရေအာင္🤫
စာမစစ္ထားလို႔ ေဆာရီးပါ(*´ω`*)
Thank you all
November 1, 2021
-------------------------------------------------------------