[Book-1]novelထဲဝင်သွားပြီးနော...

By thiriWoonie

640K 78.6K 1.4K

Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More

Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
3[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
7[Z&U]
8[Z&U]
9[Z&U]
10[Z&U]
11[Z&U]
12[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
37[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
49[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
61[U&Z]
62[U&Z]
63[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
74[U&Z]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
81[U&Z]
82[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
108[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
119[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
141[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
163[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️

64[U&Z]

3.7K 541 9
By thiriWoonie

[Unicode]

ဟော်ပေ့ချန်ဆိုတာ စီးပွားရေးလောကထဲ ဩဇာအလွှမ်းမိုးနိုင်ဆုံး ဘုရင်ဖြစ်လေ၏။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက စီးပွားရေးလောကထဲ မှတ်ကျောက်တစ်ခုလိုပင်။ တဖက်မှ လီရိချန်ကတော့ စီးပွားရေးလောကထဲ စတင်ထွန်းပေါက်လာမည့် လူတစ်ယောက်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပညာရှင်ပီပီ ချမှတ်နိုင်သောသူ ဖြစ်လေ၏။

အခုတော့ သူတို့နှစ်ယောက်လုံး ဖုန်းတစ်ခုတည်းတွင် ဆုံကြပြီး ဖြစ်လေပြီး....စကားမပြောကြပေ။

ခနအကြာ ခေါက်ဆွဲလုပ်ပြီး၍ မီးဖိုချောင်ထဲက ထွက်လာတော့မယ့် နင်မုန့်ကို တွေ့လိုက်ရတဲ့အခါ ဟော်ပေ့ချန် ပါးစပ်ဟလိုက်သည်။

"ဘာလဲ"

"ဘာမှမဟုတ်ဘူး"

ဒီလိုနှင့် နှစ်ယောက်လုံး တစ်ချန်တည်း ဖုန်းချလိုက်ကြလေ၏။

ခရမ်းချဉ်သီး ကြက်ဥခေါက်ဆွဲကို နင်မုန့် ယူလာတဲ့အခါ သူမရဲ့ ဖုန်းကို ကိုင်ထားတဲ့ ဟော်ပေ့ချန်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးတွေက သူမကို စူးရှစွာ စိုက်ကြည့်လို့ နေလေ၏။

"ဘာဖြစ်လို့လဲ"

"ခုနက လူတစ်ယောက် မင်းကို ဖုန်းခေါ်လာတယ်"

"ဟေး ကျွန်မ ဘယ်သူ့ကိုမှ မမြှူဆွယ်ထားဘူးနော် ကျိန်ရဲတယ်!"

မြင်နေရသည့် စုယွဲ့ကတော့ မကူမကယ်နိုင်စွာပဲ ရေရွတ်မိသွားသည် "....မဒမ်က အသက်ရှင်နိုင်ဖို့ အရမ်းစိတ်အားထက်သန် နေတာပဲ"

ဟော်ပေ့ချန်ရဲ့ မျက်ဝန်းတို့ကတော့ နေမြဲအတိုင်း အေးစက်လို့နေသည်။ "လီရိချန်ဆီက"

"??"

နင်မုန့် ရှုပ်ထွေးလို့သွာသည်။ ဒီလီရိချန်က နေပဲမကောင်းတာလား တခုခုများလား။ နေပါဦး သူက ငါ့နံပါတ်ကို ဘယ်လိုသိတာလဲ။ ထားပါ ထားပါ ဒါက အရေးမကြီးသေးဘူး။ အခုချိန်မှာ အရေးကြီးဆုံးက...

သူမ ဟော်ပေ့ချန်ကို ကြည့်လိုက်ပြီး "သူ ဖုန်းမှားခေါ်တာ‌နေမယ်"

"သူက မင်းနာမည် ခေါ်ပြီးတော့ကို ဆက်တာ"

"..."

နင်မုန့် အကြောင်းပြချက်ကို ပေးနိုင်ဖို့ စဉ်းစားလိုက်သည်။ ဘာအကြောင်းအရာမှ ထွက်မလာတဲ့အခါ သူမ ဆုံးဖြတ်လိုက်တာက...

"ယောက်ျား ရှင့်မျက်လုံးတွေက အရမ်းချစ်စရာ ကောင်းတာပဲ"

ဟော်ပေ့ချန် ကြောင်သွားသည်။

"အင်း ဒါပေမယ့် ကျွန်မမျက်လုံးတွေလောက်တော့ မလှဘူး။ ဘာလို့လဲ သိလား"

ဟော်ပေ့ချန် သူမရဲ့ မျက်လုံးတွေကို ကြည့်လိုက်သည်။ မက်မန်းသီးကဲ့သို့သော အထူးကောင်းမွန်တဲ့ မျက်ဝန်းတွေကို ပိုင်ဆိုင်ထား၏။ သူမရဲ့ မျက်ဝန်းထောင့်တွေက အနည်းငယ် ပင့်တက်လို့နေပြီး ဆွဲဆောင်မှုရှိတဲ့ အရှိန်အဝါတွေကို ပြသလို့နေသည်။ မျက်စံက မဲမှောင်ပြီး ဖန်သားကဲ့သို့ ကြည်လင်နေကာ ရိုးသား သန့်စင်တဲ့ ဆွဲဆောင်မှုတို့ ရှိလို့နေ၏။ မျက်ဝန်းတွေက အမှန်တကယ်ပဲ အရမ်းကို ချစ်စရာကောင်းလှသည်။

သူမရဲ့ မျက်ဝန်းတွေထဲ တွယ်ငြိနေဆဲမှာပဲ နင်မုန့်ရဲ့ အသံကို ထပ်ကြားလိုက်ရသည်။

"ဘာလို့ဆို ရှင်က ကျွန်မမျက်လုံးထဲမှာ မို့လို့လေ"

"..."

စုယွဲ့ကတော့ သဘောကျလွန်းပြီး ရပ်တံ့လို့သွား၏။

ဟော်ပေ့ချန်က ကိစ္စတွေကို သက်သေပြဖို့အထိ ရှည်ရှည်ဝေးဝေး မသွားတော့ဘူးဆိုတာ မြင်လိုက်ရတဲ့အခါ နင်မုန့် ခပ်မြန်မြန်ပဲ ထမင်းစားပွဲပေါ် ခေါက်ဆွဲကိုတင်လိုက်ပြီး "ဘုရင်ကြီးချန် လာစားလေ။ တခြားအကြောင်းတွေကို နောက်မှ ပြောလို့ရပါတယ်။ ကျွန်မရဲ့ ချစ်စရာကောင်းတဲ့ ယောက်ျား ကောင်းကောင်းစားရဖို့ထက် အရေးကြီးတာ ဘာမှမရှိဘူး"

ဟော်ပေ့ချန် မတ်တပ်ရပ်လိုက်ပြီး ထမင်းစားပွဲဆီသို့ လျှောက်သွားလိုက်သည်။

နင်မုန့် သူ့နားသို့ မြန်မြန်သွားပြီး "‌ခနလေး ရှင့်ဖုန်းရော။ ဖုန်းသစ်ထဲ ရှင့် sim card ထည့်ပေးမယ်"

ဟော်ပေ့ချန် ရပ်လိုက်ပြီး ကော်ဖီစားပွဲပေါ်မှ အဖြူရောင်ဖုန်း၂လုံးကို ကြည့်လိုက်သည်။ ပြီးနောက်မှာတော့ အနက်ရောင်စိန်တို့ မြှုပ်ထားသည့် သူ့ဖုန်းကို တိတ်ဆိတ်စွာသာ ထုတ်လိုက်ပြီး သူမကို ကမ်းပေးလိုက်သည်။

sim cardကို ပြောင်းမယ်လုပ်ရင်ပဲ စုယွဲ့က စိုးရိမ်စွာ ပြောလာသည် "မဒမ် ခနလေး ဒီဖုန်းက...."

သူ့စကားပင် မဆုံးသေးခင် ဟော်ပေ့ချန်က သေစေနိုင်သည့် အကြည့်တို့ဖြင့် စုယွဲ့ကို ကြည့်လိုက်တာမို့ ချက်ချင်းပဲ စုယွဲ့ ပါးစပ်ပိတ်သွားရလေ၏။

နင်မုန့် မေးလိုက်သည် "ဒီဖုန်းက ဘာဖြစ်လို့လဲ"

"..."

အနက်ရောင်ဖုန်းက ဟော်ပေ့ချန် အလုပ်အတွက် သုံးသော ဖုန်းဟု စုယွဲ့ ကြိုးစားပြောချင်တာ ဖြစ်သည်။ ကုမ္ပဏီနဲ့ ပတ်သက်သမျှ အရေးကြီး အချက်အလက်တွေကို ဒီဖုန်းထဲ၌ သိမ်းထားတာဖြစ်လေ၏။

ဘော့စ်က သူ့ကို အခုလိုစိုက်ကြည့်နေတာ သူဘယ်လို ပြောပြနိုင်တော့မှာလဲ။

ဒါကြောင့်ပဲ စုယွဲ့ အပြုံးလေးနှင့် ပြောလိုက်၏ "ဘာမှမဟုတ်ပါဘူး ဖုန်းက အရမ်းလှတယ်လို့ ပြောမလို့"

"ငါသိနေတယ်။ ငါ့အနေနဲ့ နေရာစုံ အရည်အချင်းမရှိပေမယ့် ငါ့မှာ တော်တဲ့အရာတစ်ခုတော့ ရှိတာသိတယ်။ ငါ့မှာ အမြင်ကောင်း‌ ပိုင်ဆိုင်ထားတာပဲ"

ပြီးနောက်မှာတော့ ဟော်ပေ့ချန်ကို သူမ ကြည့်လိုက်ပြီး "ပြီးတော့ မဟုတ်ရင် ငါဒီလိုတော်ပြီး ထက်မြက်တဲ့ ယောက်ျားကို လက်ထပ်ပြီး ရထားမှာလဲ"

"..."

စုယွဲ့ကတော့ ပြောစရာပျောက်ရှလို့ နေလေ၏။ ဒီမိန်းမက တစ်စက္ကန့်လေးတောင် မနားပဲ မျက်နှာချိုသွေးနေလိုက်တာ။

ဟော်ပေ့ချန်ရဲ့ sim cardကို ဖုန်းအသစ်ထဲသို့ ပြောင်းထည့်ပြီးတဲ့အခါ ‌နင်မုန့် ပျော်ရွှင်စွာပဲ တန်ဖိုးကြီးတဲ့ အနက်ရောင်ဖုန်းကို ခပ်ဖြေးဖြေး ဘေးသို့ ချလိုက်လေ၏။

တင်း တောင်!

တံခါးဘဲလ်မြည်လာလေသည်။

စုယွဲ့ခပ်မြန်မြန် တံခါးသွားဖွင့်လိုက်တဲ့အခါ အနက်ရောင် ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။

သူက တလေးတစားဖြင့် ပြောလာလေ၏။ "Good evening ကျွန်တော်က Hermès Internationalကပါ။ ဒါက မစ္စနင်မုန့်ရဲ့ အိမ်လားမသိဘူး။ မစ္စတာ လီချန်းရန်က သူမအတွက် ကျွန်တော်တို့ကို ပစ္စည်းတွေ ပို့ခိုင်းလိုက်လို့ပါ"

"???"

နောင်တရသည့် လှိုင်းလုံးကြီးက နင်မုန့် ရင်ထဲ လှိမ့်တက်လို့လာလေ၏။ ဘာကြောင့်များ အဲ့နေ့က ပါးစပ် သယမ်းပြီး အဲ့လူကို ကူညီခဲ့မိတာလဲ။

[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၃ [EP-65 to 89၊ စာစဉ်၄ [EP-90 to 114]၊ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]တို့ပါ🥰]

----------------------

[Zawgyi]

ေဟာ္ေပ့ခ်န္ဆိုတာ စီးပြားေရးေလာကထဲ ဩဇာအလႊမ္းမိုးႏိုင္ဆုံး ဘုရင္ျဖစ္ေလ၏။ သူ႔ရဲ႕ လႈပ္ရွားမႈတိုင္းက စီးပြားေရးေလာကထဲ မွတ္ေက်ာက္တစ္ခုလိုပင္။ တဖက္မွ လီရိခ်န္ကေတာ့ စီးပြားေရးေလာကထဲ စတင္ထြန္းေပါက္လာမည့္ လူတစ္ေယာက္ျဖစ္ၿပီး စီးပြားေရးဆိုင္ရာ ဆုံးျဖတ္ခ်က္ေတြကို ပညာရွင္ပီပီ ခ်မွတ္ႏိုင္ေသာသူ ျဖစ္ေလ၏။

အခုေတာ့ သူတို႔ႏွစ္ေယာက္လုံး ဖုန္းတစ္ခုတည္းတြင္ ဆုံၾကၿပီး ျဖစ္ေလၿပီး....စကားမေျပာၾကေပ။

ခနအၾကာ ေခါက္ဆြဲလုပ္ၿပီး၍ မီးဖိုေခ်ာင္ထဲက ထြက္လာေတာ့မယ့္ နင္မုန႔္ကို ေတြ႕လိုက္ရတဲ့အခါ ေဟာ္ေပ့ခ်န္ ပါးစပ္ဟလိုက္သည္။

"ဘာလဲ"

"ဘာမွမဟုတ္ဘူး"

ဒီလိုႏွင့္ ႏွစ္ေယာက္လုံး တစ္ခ်န္တည္း ဖုန္းခ်လိုက္ၾကေလ၏။

ခရမ္းခ်ဥ္သီး ၾကက္ဥေခါက္ဆြဲကို နင္မုန႔္ ယူလာတဲ့အခါ သူမရဲ႕ ဖုန္းကို ကိုင္ထားတဲ့ ေဟာ္ေပ့ခ်န္ကို ေတြ႕လိုက္ရသည္။ သူ႔မ်က္လုံးေတြက သူမကို စူးရွစြာ စိုက္ၾကည့္လို႔ ေနေလ၏။

"ဘာျဖစ္လို႔လဲ"

"ခုနက လူတစ္ေယာက္ မင္းကို ဖုန္းေခၚလာတယ္"

"ေဟး ကြၽန္မ ဘယ္သူ႔ကိုမွ မျမႇဴဆြယ္ထားဘူးေနာ္ က်ိန္ရဲတယ္!"

ျမင္ေနရသည့္ စုယြဲ႕ကေတာ့ မကူမကယ္ႏိုင္စြာပဲ ေရ႐ြတ္မိသြားသည္ "....မဒမ္က အသက္ရွင္ႏိုင္ဖို႔ အရမ္းစိတ္အားထက္သန္ ေနတာပဲ"

ေဟာ္ေပ့ခ်န္ရဲ႕ မ်က္၀န္းတို႔ကေတာ့ ေနၿမဲအတိုင္း ေအးစက္လို႔ေနသည္။ "လီရိခ်န္ဆီက"

"??"

နင္မုန႔္ ရႈပ္ေထြးလို႔သြာသည္။ ဒီလီရိခ်န္က ေနပဲမေကာင္းတာလား တခုခုမ်ားလား။ ေနပါဦး သူက ငါ့နံပါတ္ကို ဘယ္လိုသိတာလဲ။ ထားပါ ထားပါ ဒါက အေရးမႀကီးေသးဘူး။ အခုခ်ိန္မွာ အေရးႀကီးဆုံးက...

သူမ ေဟာ္ေပ့ခ်န္ကို ၾကည့္လိုက္ၿပီး "သူ ဖုန္းမွားေခၚတာ‌ေနမယ္"

"သူက မင္းနာမည္ ေခၚၿပီးေတာ့ကို ဆက္တာ"

"..."

နင္မုန႔္ အေၾကာင္းျပခ်က္ကို ေပးႏိုင္ဖို႔ စဥ္းစားလိုက္သည္။ ဘာအေၾကာင္းအရာမွ ထြက္မလာတဲ့အခါ သူမ ဆုံးျဖတ္လိုက္တာက...

"ေယာက္်ား ရွင့္မ်က္လုံးေတြက အရမ္းခ်စ္စရာ ေကာင္းတာပဲ"

ေဟာ္ေပ့ခ်န္ ေၾကာင္သြားသည္။

"အင္း ဒါေပမယ့္ ကြၽန္မမ်က္လုံးေတြေလာက္ေတာ့ မလွဘူး။ ဘာလို႔လဲ သိလား"

ေဟာ္ေပ့ခ်န္ သူမရဲ႕ မ်က္လုံးေတြကို ၾကည့္လိုက္သည္။ မက္မန္းသီးကဲ့သို႔ေသာ အထူးေကာင္းမြန္တဲ့ မ်က္၀န္းေတြကို ပိုင္ဆိုင္ထား၏။ သူမရဲ႕ မ်က္၀န္းေထာင့္ေတြက အနည္းငယ္ ပင့္တက္လို႔ေနၿပီး ဆြဲေဆာင္မႈရွိတဲ့ အရွိန္အဝါေတြကို ျပသလို႔ေနသည္။ မ်က္စံက မဲေမွာင္ၿပီး ဖန္သားကဲ့သို႔ ၾကည္လင္ေနကာ ႐ိုးသား သန႔္စင္တဲ့ ဆြဲေဆာင္မႈတို႔ ရွိလို႔ေန၏။ မ်က္၀န္းေတြက အမွန္တကယ္ပဲ အရမ္းကို ခ်စ္စရာေကာင္းလွသည္။

သူမရဲ႕ မ်က္၀န္းေတြထဲ တြယ္ၿငိေနဆဲမွာပဲ နင္မုန႔္ရဲ႕ အသံကို ထပ္ၾကားလိုက္ရသည္။

"ဘာလို႔ဆို ရွင္က ကြၽန္မမ်က္လုံးထဲမွာ မို႔လို႔ေလ"

"..."

စုယြဲ႕ကေတာ့ သေဘာက်လြန္းၿပီး ရပ္တံ့လို႔သြား၏။

ေဟာ္ေပ့ခ်န္က ကိစၥေတြကို သက္ေသျပဖို႔အထိ ရွည္ရွည္ေဝးေဝး မသြားေတာ့ဘူးဆိုတာ ျမင္လိုက္ရတဲ့အခါ နင္မုန႔္ ခပ္ျမန္ျမန္ပဲ ထမင္းစားပြဲေပၚ ေခါက္ဆြဲကိုတင္လိုက္ၿပီး "ဘုရင္ႀကီးခ်န္ လာစားေလ။ တျခားအေၾကာင္းေတြကို ေနာက္မွ ေျပာလို႔ရပါတယ္။ ကြၽန္မရဲ႕ ခ်စ္စရာေကာင္းတဲ့ ေယာက္်ား ေကာင္းေကာင္းစားရဖို႔ထက္ အေရးႀကီးတာ ဘာမွမရွ္ိဘူး"

ေဟာ္ေပ့ခ်န္ မတ္တပ္ရပ္လိုက္ၿပီး ထမင္းစားပြဲဆီသို႔ ေလွ်ာက္သြားလိုက္သည္။

နင္မုန႔္ သူ႔နားသို႔ ျမန္ျမန္သြားၿပီး "‌ခနေလး ရွင့္ဖုန္းေရာ။ ဖုန္းသစ္ထဲ ရွင့္ sim card ထည့္ေပးမယ္"

ေဟာ္ေပ့ခ်န္ ရပ္လိုက္ၿပီး ေကာ္ဖီစားပြဲေပၚမွ အျဖဴေရာင္ဖုန္း၂လုံးကို ၾကည့္လိုက္သည္။ ၿပီးေနာက္မွာေတာ့ အနက္ေရာင္စိန္တို႔ ျမႇဳပ္ထားသည့္ သူ႔ဖုန္းကို တိတ္ဆိတ္စြာသာ ထုတ္လိုက္ၿပီး သူမကို ကမ္းေပးလိုက္သည္။

sim cardကို ေျပာင္းမယ္လုပ္ရင္ပဲ စုယြဲ႕က စိုးရိမ္စြာ ေျပာလာသည္ "မဒမ္ ခနေလး ဒီဖုန္းက...."

သူ႔စကားပင္ မဆုံးေသးခင္ ေဟာ္ေပ့ခ်န္က ေသေစႏိုင္သည့္ အၾကည့္တို႔ျဖင့္ စုယြဲ႕ကို ၾကည့္လိုက္တာမို႔ ခ်က္ခ်င္းပဲ စုယြဲ႕ ပါးစပ္ပိတ္သြားရေလ၏။

နင္မုန႔္ ေမးလိုက္သည္ "ဒီဖုန္းက ဘာျဖစ္လို႔လဲ"

"..."

အနက္ေရာင္ဖုန္းက ေဟာ္ေပ့ခ်န္ အလုပ္အတြက္ သုံးေသာ ဖုန္းဟု စုယြဲ႕ ႀကိဳးစားေျပာခ်င္တာ ျဖစ္သည္။ ကုမၸဏီနဲ႔ ပတ္သက္သမွ် အေရးႀကီး အခ်က္အလက္ေတြကို ဒီဖုန္းထဲ၌ သိမ္းထားတာျဖစ္ေလ၏။

ေဘာ့စ္က သူ႔ကို အခုလိုစိုက္ၾကည့္ေနတာ သူဘယ္လို ေျပာျပႏိုင္ေတာ့မွာလဲ။

ဒါေၾကာင့္ပဲ စုယြဲ႕ အၿပဳံးေလးႏွင့္ ေျပာလိုက္၏ "ဘာမွမဟုတ္ပါဘူး ဖုန္းက အရမ္းလွတယ္လို႔ ေျပာမလို႔"

"ငါသ္ိေနတယ္။ ငါ့အေနနဲ႔ ေနရာစုံ အရည္အခ်င္းမရွိေပမယ့္ ငါ့မွာ ေတာ္္တဲ့အရာတစ္ခုေတာ့ ရွိတာသိတယ္။ ငါ့မွာ အျမင္ေကာင္း‌ ပိုင္ဆိုင္ထားတာပဲ"

ၿပီးေနာက္မွာေတာ့ ေဟာ္ေပ့ခ်န္ကို သူမ ၾကည့္လိုက္ၿပီး "ၿပီးေတာ့ မဟုတ္ရင္ ငါဒီလိုေတာ္ၿပီး ထက္ျမက္တဲ့ ေယာက္်ားကို လက္ထပ္ၿပီး ရထားမွာလဲ"

"..."

စုယြဲ႕ကေတာ့ ေျပာစရာေပ်ာက္ရွလို႔ ေနေလ၏။ ဒီမိန္းမက တစ္စကၠန႔္ေလးေတာင္ မနားပဲ မ်က္ႏွာခ်ိဳေသြးေနလိုက္တာ။

ေဟာ္ေပ့ခ်န္ရဲ႕ sim cardကို ဖုန္းအသစ္ထဲသို႔ ေျပာင္းထည့္ၿပီးတဲ့အခါ ‌နင္မုန္႔ ေပ်ာ္႐ႊင္စြာပဲ တန္ဖိုးႀကီးတဲ့ အနက္ေရာင္ဖုန္းကို ခပ္ေျဖးေျဖး ေဘးသို႔ ခ်လိုက္ေလ၏။

တင္း ေတာင္!

တံခါးဘဲလ္ျမည္လာေလသည္။

စုယြဲ႕ခပ္ျမန္ျမန္ တံခါးသြားဖြင့္လိုက္တဲ့အခါ အနက္ေရာင္ ၀တ္စုံျပည့္၀တ္ထားေသာ အမ်ိဳးသားတစ္ေယာက္ကို ျမင္လိုက္ရသည္။

သူက တေလးတစားျဖင့္ ေျပာလာေလ၏။ "Good evening ကြၽန္ေတာ္က Hermès Internationalကပါ။ ဒါက မစၥနင္မုန႔္ရဲ႕ အိမ္လားမသိဘူး။ မစၥတာ လီခ်န္းရန္က သူမအတြက္ ကြၽန္ေတာ္တို႔ကို ပစၥည္းေတြ ပို႔ခိုင္းလိုက္လို႔ပါ"

"???"

ေနာင္တရသည့္ လႈိင္းလုံးႀကီးက နင္မုန႔္ ရင္ထဲ လွိမ့္တက္လို႔လာေလ၏။ ဘာေၾကာင့္မ်ား အဲ့ေန႔က ပါးစပ္ သယမ္းၿပီး အဲ့လူကို ကူညီခဲ့မိတာလဲ။

[ ၂၅ပိုင္းစီပါတဲ့ pdf စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာ၀ယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၃ [EP-65 to 89၊ စာစဥ္၄ [EP-90 to 114]၊ စာစဥ္၅ [EP-115 to 139]၊ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]၊ စာစဥ္၈ [EP-190 to 214]၊ စာစဥ္၉[ EP-215 to 239]၊ စာစဥ္၁၀ [EP-239 to 264]၊ စာစဥ္၁၁[EP-265 to 289]တို႔ပါ🥰]

Continue Reading

You'll Also Like

834K 31.6K 20
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
864K 58.7K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)
769K 46.5K 30
A love contest between a boy who likes to kick football and a little doctor.
433K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...