To be a Heartthrob in a Horro...

By Kuro_Fuyu

434K 87.8K 4.7K

Original Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgy... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119

Chapter 38

4.5K 1K 37
By Kuro_Fuyu


Chapter 38: အိမ်သို့ပြန်ခြင်း

စုမင်အပြင်မှာပဲ စားပြီးနောက် ကျောင်းဆီပြန်သည်။

နောက်ဆုံးအကြိမ်အတွေ့အကြုံအရ လူတွေဒီတချိန်သိကြပေမယ့် သူ့ကိုအနှောက်အယှက်မပေးဘဲ ကျောင်းဖိုရမ်မှာသာ အတင်းအဖျင်းပြောကြတယ်။

ချန်စု၏အသွင်အပြင်သည် “သည်းထိပ်ရင်ဖိုတက္ကသိုလ်အသစ်” ကို ကြည့်ရှုဖူးသူများ၏ အမှတ်ရစရာများကို ပြန်လည်နိုးထစေသော်လည်း တစ္ဆေတစ်‌ကောင်တည်းမဟုတ်ဟု သံသယရှိသူအချို့ရှိသည်။

ဒါပေမယ့် နောက်ဆုံးမှာတော့ တခြားသူတွေရဲ့ ယုံကြည်‌ဖျောင်းဖျခြင်းကို ခံခဲ့ရတယ်။

"သည်းထိပ်ရင်ဖိုတက္ကသိုလ်”ကို အွန်လိုင်းတွင်စတင်ဖြန့်ဝေခဲ့ပြီး နောက်ဆုံးအထူးမြင်ကွင်းကို ဖြတ်၍ Weibo တွင်တင်ခဲ့သည်။ ထိုအပိုင်းက စုမင် တစ္ဆေ၏နာမည်ကိုမေးမြန်းခဲ့သည့်အခန်းပင်။

ထိုအချိန်က တီးတိုးပြောတာဖြစ်‌၍ သူတို့မကြားခဲ့သော်လည်း အခုတော့ 'ချန်စု'ဆိုသည့် စကားလုံးကိုခန့်မှန်းနိုင်သွားသည်။
အလွန်လျင်မြန်စွာ ရုပ်ရှင်နှစ်ကားကိုတဖန်စုစည်းခဲ့ကြသည်။

"ဒါပြောရရင် နှစ်ကားစလုံးတစ္ဆေတစ်ကောင်တည်းပဲပေါ့? အရင်ကသဘောတူထားတာများလား? လိမ်လည်လှည့်စားတာကို တိုင်ကြားလို့ရပါသလား? ငါကြားတာတစ်ယောက်က ငါးခါးအတွေ့ကြုံခံစားတာကို သနားစရာကောင်းစွာ ငါးခါလုံး သေခဲ့ရရှာတယ်"

"ရေချိုးခန်းထဲမှာ တစ်ခုခုဖြစ်သွားတယ်လို့ ငါကြားတယ် ... ငါဘာလို့မတွေ့မိပါလိမ့်? သူတို့အတူတူအိပ်ကြတာပဲမှတ်မိတယ် ... ဘာလို့လဲဆိုတော့ ရုပ်ရှင်ထဲမှာမလွှင့်လို့ပဲ ... စိတ်တိုလိုက်တာဟာ"

"ငါကတော့ မီးအိမ်ဂါဝန်ကိုပိုစိုးရိမ်တယ် ဟားဟားဟား ... သူမလည်း လျှိုလီလီလိုပဲ ချစ်ခင်တွယ်တာမှုပြချင်ပေမယ့် အရှင်သခင်ကြောင့် ကြောက်လန့်ပြီးထွက်ပြေးသွားတာလား? ငါတကယ် မီးအိမ်ဂါဝန်လေးအတွက် ဝမ်းနည်းမိပါတယ်"

"ကောင်းလိုက်တာ! အရမ်းချစ်ဖို့ကောင်းတယ်! တစ်ချိန်လုံးငါ့မျက်နှာမှာ ကြောက်စရာအပြုံးကြီးပြုံးနေရတာ အခန်းဖော်တောင်လန့်သွားရှာတယ် ... ကိုးရီးယားဒရမ်မာကြည့်နေရသလိုပဲ ဟားဟားဟားဟား သေချာတာပေါ့ ... အခြားသူတွေပြောသလိုပဲ နောင်တခါလည်း ဒီလိုအတူတူပဲဖြစ်ဖို့မျှော်လင့်ပါတယ်"

"ကျွန်မဆို ပေါက်ပေါက်ဆုပ်တောင်မစားလိုက်ရဘူး ... အကုန်လုံးကိုချေမွမိသွားတယ်………"

နောက်ဆုံးကွန်းမန့်ကို စုမင်မြင်တော့ repliesတွေကို နှိပ်လိုက်‌သည်။ အတွင်းစိတ်မှာ သူမပေါက်ပေါက်ဆုပ်တွေအတွက်စိတ်မကောင်းပေ။

ကျန်တာတွေမဖတ်ခင် သူအဆောင်ဆီရောက်လာတယ်။

လီဝမ်ရှင်းနဲ့ဝမ်ဒီတို့က အိပ်ယာနိုးနေလေကာ တစ်ယောက်ကဂိမ်းကစားနေပြီး ကျန်တစ်ယောက်က ထမင်းအိုးကိုသုံးပြီး အသင့်စားခေါက်ဆွဲပြုတ်နေသည်။

ခေါက်ဆွဲပြုတ်ရနံ့သည် တစ်ခန်းလုံးပြည့်နှံ့နေသည်။
ကျောင်းက လျှပ်စစ်ဓာတ်အားမြင့်အသုံးအဆောင်တွေ အသုံးပြုဖို့ခွင့်မပြုသော်လည်း များပြားလှ‌ေသာသေးငယ်တဲ့ပုံစံတွေသည် အွန်လိုင်းတွင်ရောင်းချနေပြီ။ ဤထမင်းချက်အိုးလေးသည် သေးပြီး တစ်ကြိမ်ကိုနှစ်ယောက် ၊ သုံးယောက်စာသာ ချက်နိုင်သည်။

ခေါက်ဆွဲပြုတ်ရနံ့က လီဝမ်ရှင်းကိုဆွဲဆောင်စေပြီး သူပြန်လာတာတွေ့တော့ မေးလေသည်။
"မင်းရော စားအုန်းမလား? မင်းစားမယ်ဆို ငါနောက်တစ်ထုပ်ထည့်လိုက်မယ်?"

ခေါက်ဆွဲချက်ပြုတ်ခြင်းသည် ရေပူထည့်ရုံနဲ့ လုံးဝကွာခြားသည်။

ဒီတစ်ခါ လီဝမ်ရှင်းက ဟင်းခတ်အမွှေးအကြိုင်မျိုးစုံဝယ်ထားပြီး အများကြီးထည့်ထား၍ အရသာပိုပြင်းတယ်။

စုမင်ခေါင်းခါယမ်းကာ .."ငါစားပြီးပြီ"

သူကြားချင်သည့် တုန့်ပြန်သံကြောင့် သူ့စားစရာကိုဘယ်သူမှလိုချင်သူမရှိတော့တာမို့ လီဝမ်ရှင်းပျော်ရွှင်သွားကာ ပန်းကန်လုံးထဲအပြည့်ထည့်ပြီး မေး၏ .."ဇာတ်လမ်းဘယ်လိုလဲ?"

စုမင်.."အဆင်ပြေပါတယ်"

"ဘယ်အဆင်ပြေတာကို အဆင်ပြေတာလဲ" လီဝမ်ရှင်းညည်းညူတယ် .."ငါရုပ်ရှင်မကြည့်ဘူး ... ဒါပေမဲ့ ဘာဖြစ်လဲဆိုတာ‌တော့ အခြေခံအားဖြင့် ငါသိပြီးသား"

ဝမ်ဒီလည်း ဝင်မေးလေတယ် .."ချန်စုကဘယ်သူလဲ?"

"ငါလည်းမသိဘူး" စုမင်ပြန်ဖြေလိုက်တယ်။

လီဝမ်ရှင်းခေါက်ဆွဲပုံလျက်သားကျသွားကာ .."မင်းအဲ့လိုလုပ်လို့မရဘူး ... မင်းမသိတဲ့လူနဲ့ နေရာတကာနမ်းချင်တိုင်း နမ်းနေလို့မှမဖြစ်တာ ... တစ်ဖက်ကရုပ်ဆိုးနေရင် ဘယ်လိုလုပ်မလဲ?"

စုမင်သည် သူတို့တက္ကသိုလ်၏ ကျောင်းအိုင်ဒေါဖြစ်ကာ ထိပ်ဆုံးကျောင်းသားလည်းဖြစ်သည်။ သူတို့ကျောင်းအိုင်ဒေါကို အမည်မသိလူထူးလူဆန်းဆီ အပါမခံနိုင်ပေ။

ဝမ်ဒီတစ်ခုတွေးမိပြီး .."သူရုပ်ရှင်ထဲကနေ ထွက်လာလို့ရလား? မင်းတို့နှစ်‌ယောက် အွန်လိုင်းပဲဒိတ်လုပ်ကြတော့မှာလား?"

စုမင်နှုတ်ခမ်းတင်းတင်းစေ့ပြီး တခဏတုန့်ဆိုင်းပြီးမှဖြေကြားတယ် .."မလုပ်ဘူး"

သူ အဲ့ဒီ့လိုမျိုးအခြေ‌အနေအဖြစ်မခံဘူး။

လီဝမ်ရှင်းခေါက်ဆွဲပန်းကန်လုံးကို ‌ချလိုက်ပြီး ပြောတယ် .."အဲ့လူကိုဘယ်သူလဲသိရဖို့ ငါ့ကိုဟက်ကာရှာစေချင်လား?"

စုမင်ချက်ချင်းရပ်တန့်သွားသည်။

ထိုကဲ့သို့ မဖြစ်နိုင်တာကိုတွေးနေရင်အလကားပဲ ... ရုပ်ရှင်ရုံက သဘာဝကျကျဒါမျိုးခွင့်ပြုမှာမဟုတ်ဘဲ သူတို့ကသာရဲဖမ်းဆီးခံရနိုင်‌ခြေများသည်။

လီဝမ်ရှင်းက သိပ်မတွေးဘဲအကြံပြုတာဖြစ်ပြီး အရေးမစိုက်ဟန်ပြောလာတယ် .."အသင့်စားခေါက်ဆွဲပြုတ်ကအရသာရှိလိုက်တာ ... ဒါတောင်မင်းတို့ကောင်တွေမစားကြဘူး"

အခန်းထဲ၌ အလွန်ရနံ့မွှေးကာ စုမင်တောင်အတန်ငယ်ဗိုက်ဆာလာသလိုပင်။

စားပွဲ၌ထိုင်ပြီး ဖတ်စာအုပ်ဖွင့်ကာ သူ့ဆရာပေးတဲ့မေးခွန်းအနည်းငယ်ကို သတိရတုန်း အမြန်ဖြေရှင်းရမည်။
သူပြီးသွားတော့ ကိုးနာရီတောင်ထိုးတော့မည်။

လီဝမ်ရှင်းနဲ့ ဝမ်ဒီက ကွန်ပြူတာဂိမ်းကစားနေကြတုန်းဖြစ်ပြီး သူတို့ကီးဘုတ်မှ တတောက်တောက်မြည်သံနှင့် မောက်စ်မှာရှေ့နောက်ရွေ့လျားနေ၏။

သူတို့ကိုအရေးမစိုက်တော့ဘဲ စုမင်သန့်ရှင်းဆေးကြောကာ အိပ်ယာဝင်လေသည်။

............

နောက်တစ်နေ့ တနင်္လာနေ့ ... ဆောင်းဦးလယ်ပွဲတော်ဖြစ်သည်။

အပြင်မှာလှည့်လည်လျှောက်သွားနေတဲ့လူသိပ်မရှိဘူး။  ဒါဟာဆောင်းဦးရာသီရဲ့အစဖြစ်နေပြီး ရာသီဥတုကပိုအေးလာတယ်။

စုမင်က မုန့်စွပ်ပြုတ်နဲ့ ပဲနို့ကို အပြင်ကနေ ဝယ်လိုက်ပြီး အပြန်လမ်းတစ်လျှောက် သူ့အခန်းဖော်တစ်ချို့ကသူ့ကိုနှုတ်ဆက်ကြတယ်။

"ကောင်းသောနံနက်ခင်းပါ ... ကြီးမြတ်သောအရှင်သခင်"

"မနေ့ကကျွန်မရုပ်ရှင်ကြည့်လိုက်ရတယ် ... အရမ်းကောင်း အရမ်းမိုက်တာပဲ"

"စုမင် ... အခုကျောင်းမှာ မင်းတော့နာမည်ကြီးနေပြီ ... လမ်းမှာတားခံရပြီး ဖွင့်ပြောမခံရစေနဲ့ ဟားဟား"

သူတို့ရုပ်ရှင်အကြောင်းကို ပြောဆို‌ကြသော်လည်း သူ့အကြောင်းကို ဘာမှမမေးကြပေ။
ဒါကလည်း သူကျေနပ်မိတဲ့အချက်ဖြစ်သည်။

ညနေခင်း၌ စုမင်သည် သူ့ပစ္စည်းများကို ထုပ်ပိုးကာ ကျောင်းမှာ‌နေမည့်အစား အိမ်ပြန်ရန်ပြင်ဆင်သည်။ အိမ်ပြန်ပြီး ဆောင်းဦးလယ်ပွဲတော်ကိုမိသားစုနဲ့ဖြတ်သန်းမည်။

"တံခါးပိတ်ခဲ့ဦး‌" လီဝမ်ရှင်းဗလုံဗထွေးနဲ့သတိပေးလိုက်သည်။

စုမင်ညင်သာစွာတံခါးပိတ်ခဲ့ပြီး အိတ်နှင့်အဆောင်မှ ထွက်ခွာသွားသည်။

သူ့အိမ်သည် မြို့လယ်တွင်တည်ရှိပြီး ကျောင်းနှင့်သိပ်မဝေးပေ။ မြေအောက်ရထားစီးပြီး အနီးနားမှဆင်းလိုက်ရုံဖြစ်သည်။

စုမင်၏မိသားစုသည် တိုက်ခန်းတွဲများစွာပိုင်ဆိုင်ကြောင်းကို လူအနည်းငယ်သာသိကြပြီး သူ့မိသားစုအခြေအနေ အဆင်ပြေသည်ဟုသာ တွေးလေ့ရှိသည်။ လီဝမ်ရှင်းမေးလို့သာ ထိုအကြောင်းသိခဲ့ရသည်။

ငယ်ငယ်ကတည်းက စုမင်ကို ဘေးအိမ်က စံနမူနာယူစရာကလေးတစ်ယောက်အဖြစ်အမြဲထည့်သွင်းစဉ်းစားခြင်းခံခဲ့ရတယ်။ ဆုပေါင်းများစွာရရှိခဲ့ကာ အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး အကျင့်စာရိတ္တကောင်းမွန်သူဖြစ်တာမို့  လူကြီးသူမအားလုံးက သူ့ကိုချစ်ကြတယ်။

အခြားမိသားစုများကဲ့သို့ မိဘနှင့်ကလေးကြားဆက်ဆံရေးတွေမရှိဘဲ စုမင်တို့မိသားစုသည် အလွန်ကောင်းမွန်သည်။ တစ်ယောက်ကိုတစ်ယောက်အရာအားလုံးပြောပြသည့်အခြေအနေရောက်လုနီးပါးပဲ။

မြေအောက်ဘူတာမှ စုမင်ထွက်ခွာပြီး အိမ်သို့ လမ်းလျှောက်ပြန်သည်။

သူတံခါးဖွင့်လိုက်ချိန် စုမင်အမေကအသံကြား၍ မီးဖိုခန်းမှထွက်လာကာ အံ့အားသင့်စွာ ပြောလာတယ် .."ဘာလို့ ဒီနေ့အစောကြီးပြန်လာတာလဲ?"

စုမင်သည် မနေ့ညက ဒီနေ့အိမ်ပြန်လာမယ်လို့ သူအိမ်ကိုဖုန်းခေါ်ထား၍ သူမကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်နေခဲ့သည်။ ညနေ ခြောက်နာရီပဲရှိသေးကာ အတန်ငယ်စောနေသေးသည်။

စုမင်ဖိနပ်လဲလိုက်ပြီး ပြောတယ် .."ကျောင်းမှာလည်းဘာမှလုပ်စရာမရှိတော့ဘူးလေ ... အဲ့ဒါ့ကြောင့်စောစောပြန်လာလိုက်တာ"

"အခုတလောကျောင်းမှာဘယ်လိုလဲ?"

"အရင်နဲ့အတူတူပါပဲ ... ဘာမှမပြောင်းဘူး ... အိမ်မှာက ပိုသက်တောင့်သက်သာရှ်ိသေးတယ်"

စုမင်ကတစ်ဦးတည်းသောသားဖြစ်သည်။ အမှန်တကယ် သူ့တွင် ညီလေးဒါမှမဟုတ် ညီမလေးရနိုင်သော်လည်း ကံမကောင်းစွာ သူတို့မမွေးခင်ကထွက်သွားကြပြီ။

ဘာလို့ဆို စုမင်အမေ၏ခန္ဓာကိုယ်သည် အတန်ငယ်အားနည်းကာ အိပ်ယာ၌အနားယူကုထုံးလိုအပ်သည်။

ကံကောင်းစွာ စုမိသားစုကချမ်းသာ၍ သိပ်မခက်ခဲပေ ... အခု စုမင်အမေသည် ဘဝကို အေးချမ်းစွာနေနိုင်ပြီ။

ဒုတိယကလေးဆုံးရှုံးရပြီးကတည်းက စုမင်အဖေနဲ့‌အမေသည် နောက်ကလေးယူရန်မကြိုးစားကြတော့ပေ။

စုအမေကရုတ်တရက်တစ်ခုမှတ်မိသွားပြီး မေးလာတယ် .."မနေ့က သားဝမ်းကွဲဖုန်းဆက်ပြီး ရုပ်ရှင်အကြောင်းပြောခဲ့သေးတယ် ... သား ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ခဲ့လို့လား?"

(အမေစုဆို အမေစုကိုသွားသတိရလို့ စုအမေလို့ပဲပြောင်းရေးလိုက်ပြီ ><)

စုမင်မသိလိုက်ဘဲ ဟိုအခန်းတွေပြန်မြင်ယောင်ကာ တခဏတုံ့ဆိုင်းပြီး ခပ်တည်တည်မေးလိုက်တယ် .."သူမဘာပြောလဲ?"

"သိပ်မရှိပါဘူး ... သရဲကားအကြောင်းတစ်ခုခု‌တော့ပြောခဲ့တာပဲ" စုအမေက သူ့ထံကြည့်ကာ .."ဘာလို့လဲ? သားနာမည်ကြီးဖြစ်လာမှာမဟုတ်ဘူးလို့ သားပဲပြောတာမဟုတ်ဘူးလား?"

စုမင်ရယ်လိုက်ရင်း .."မဟုတ်ပါဘူး ... နည်းပညာအသစ်မို့ပါ"

သူ့စကားကို စုအမေကချက်ချင်းသဘောပေါက်ကာ .."holographicရုပ်ရှင်‌အတွေ့ကြုံနဲ့ကြည့်ဖို့ အွန်လိုင်းမှာအမြဲတက်တက်လာတဲ့ဟာမလား? သားသာမပြောရင် အမေမေ့သွားလိမ့်မှာပဲ"

သူမက ဇာတ်လမ်းစိတ်ဝင်စားသူမဟုတ်တော့ သိပ်အာရုံမထားမိပေ။

စုမင်ခေါင်းစောင်းငဲ့ပြီး ရေအနည်းငယ်‌သောက်ရင်း .."ဟုတ်တယ် အဲ့တစ်ခု ... အဲ့ဒါကိုအောင်အောင်မြင်မြင်ကိုယ်တွေ့ခံစားနိုင်ရင် ထုတ်လွှင့်တာဆိုတော့ အဲ့ဒါ‌ကြောင့် သူမ ကျွန်တော့်ကိုတွေ့ခဲ့တာ"

စုအမေက နောက်ထပ်မေးခွန်းတွေမေးချင်သေးတာမြင်တော့ စုမင်အမြန်စကားလမ်းကြောင်းလွှဲလိုက်တယ် .."အဲ့ရုပ်ရှင်ဆီကရတဲ့ ပေးငွေကမဆိုးပါဘူး"

စုအမေအံ့ဩစွာ .."အဲ့လိုလဲရှိသေးတာလား?"

စုမင်ခေါင်းငြိမ့်ပြီး ဘာမှသိပ်မပြောပေ။

ဒီလိုဖြစ်နေတာကြောင့် စုအမေဆက်မမေးတော့ပါ။

ဤကျည်ဆန်မှ လွတ်မြောက်နိုင်ခဲ့သော်လည်း နောင်တွင် တစ်ခုခုဖြစ်နိုင်ချေရှိသည်ဟု စုမင် ခံစားမိသည်။ တစ်နေ့ သူ့အဖေသာ အမေကိုရုပ်ရှင်ကြည့်ဖို့ဖိတ်ခေါ်ပြီး သူ့ရုပ်ရှင်သာတွေ့ရင် သွားပြီပဲ။

စုမင်တိတ်ဆိတ်စွာ သူ့အခန်းဆီပြန်သည်။
လမ်းတစ်လျှောက် လီဝမ်ရှင်းထံမှ လင့်အသစ်တစ်ခုရရှိခဲ့ပြီး ထိုလင့်က ရုပ်ရှင်အကြောင်းဆွေးနွေးသည့် ပို့စ်အသစ်တစ်ခုပင်။

စုမင်ကအကြောင်းအရာထဲမှာ အများကြီးကွာခြားမှာမဟုတ်ဘူးလို့ ခံစားခဲ့ရပေမယ့်လည်း လင့်ကိုနှိပ်လိုက်သည်။

ဒီတစ်ခေါက်မှာတော့ ဇာတ်ကားရဲ့ ဇာတ်ကွက်အကြောင်း ဆွေးနွေးထားတယ်။ မျက်မမြင်အဖွားအိုနှင့် ဖားပြုပ်တွေရဲ့ပတ်သတ်မှုကို ခန့်မှန်းသူအချို့ရှိကြတယ်။ ဒါ့အပြင် မျက်မမြင်အဖွားအိုပျောက်သွားပြီးမှ ဖားပြုပ်သဏ္ဍာန်အရိပ်ကြီးပေါ်လာသည်ပင်။

ကျွန်းပေါ်က နာမကျန်းရောဂါသည်ဖားပြုပ်တွေနဲ့ပတ်သတ်နိုင်တယ်လို့ စုမင်ကိုယ်တိုင်လည်းမှန်းဆမိသည်။ အနည်းဆုံးတော့ အရေပြားပြောင်းလဲနေတဲ့ရိုးရာဓလေ့အတွက် ဖားပြုပ်တွေက အဓိကကျတဲ့ခြေလှမ်းတစ်ခု သို့မဟုတ် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်နိုင်လောက်တယ်။

ဒါရိုက်တာဆီမှ အဖြေကလည်းကျွန်းမှာလည်း ကိုယ်ပိုင်လျှို့ဝှက်ချက်ရှိတယ်။

အကယ်၍ ကျွန်းသားကျွန်းသူများသာ ပုံမှန်နေထိုင်လျှင် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်မဟုတ်ပါက သူတို့တွင် မည်သည့်ရောဂါမဆိုသဘာဝအတိုင်း ကူးစက်ရန်မှာ မဖြစ်နိုင်ပေ။

စုမင် ထိုဖားပြုပ်တွေအကြောင်းတွေးကြည့်မိတယ်။
ဒီဇာတ်ကားက ထိုအကြောင်းကို များများစားစားမဖော်ပြထားပေမယ့် အမျိုးမျိုးသော ထင်မြင်ချက်တွေကိုတော့ မထိခိုက်စေပေ။

ဒီဆွေးနွေးတာကို ထပ်ပေါင်းရင် အချို့ပို့စ်များ၌ '!' သင်္ကေတများစွာပါဝင်နေသည်။

"ရိုးရိုးသားသားပြောရမယ်ဆိုရင် အစကနေအဆုံးထိ ငါဇာတ်လမ်းကိုအာရုံမစိုက်မိဘူး……...ငါအရှက်မရှိတဲ့viewerပါလား.... တစ်ချိန်လုံးငါ့မှာ အဒေါ်ကြီးလို ပြုံးနေခဲ့တာ……"

"မင်းပြောတာမှန်တယ်...ငါ့အတွက်ပြဿနာမရှိဘူး ... ဒါပေမဲ့ ဘာလို့ချန်စုလည်းအဲ့မှာရှိနေတာလဲဆိုတာ မင်းတို့တွေရော တွေးမိကြလား?"

"ငါ့အထင် စုံတွဲနည်းနဲ့ကြည့်တဲ့ အတွဲပဲဖြစ်မယ် ... ရုပ်ရှင်ရုံက မင်းဇာတ်ညွှန်းကိုစိတ်ကြိုက်ပြင်နိုင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား? သူက ကြီးမြတ်တဲ့အရှင်သခင်ဆိုတော့ အပျင်းပြေအသစ်ရှာဖွေချင်လို့ လုပ်တာပဲဖြစ်နိုင်တယ်"

"ပြီးပြည့်စုံသောစင်ဒရဲလားနှင့်သူရဲ့မဟာအရှင်သခင်ဒရမ်မာ ... သရဲတွေအားလုံးက သူတို့ဆက်ဆံရေးတိုးတက်ဖို့ကူညီနေကြတာ ... ငါတို့လို စုမင်မိန်းကလေးတွေလည်း စင်ဂယ်အချိုတွေချန်ထားမှာမဟုတ်ဘူး!"
(စုမင် - ချန်စု+စုမင်)

“……….”

စုမင်တဖန်စင်ဒရဲလားနှင့်မင်းသားလေးပို့စ်အကြောင်းကို သတိရမိသွားပြီး ဆက်နွှယ်မှုကမူမမှန်သလိုခံစားရသည်။ သူက မင်းသားဖြစ်သင့်တာ ဒါပေမယ့် ဘာလို့အခု သူကစင်ဒရဲလားဖြစ်ရတာလဲ?

ထိုအခိုက်တန့် တံခါးခေါက်သံထွက်ပေါ်လာသည်။

စုမင်တုန်လှုပ်သွားကာ ဖုန်း‌ကိုင်ပေါက်မိလုနီးပါးဖြစ်သွားသည်။ သူစာအုပ်တစ်အုပ်ကို အမြန်ဆွဲထုတ်ပြီး စာ‌လေ့လာချင်ယောင်ဆောင်နေတဲ့ပုံစံမျိုးနဲ့ သူ့စားပွဲပေါ်ကိုခေါက်ချလိုက်သေးတယ်။

ထိုသို့လုပ်အပြီး အခုသူ တက္ကသိုလ်ကျောင်းသားရောက်နေပြီဆိုတာ သတိရသွားတယ်။ သူ့ဖုန်းသူကြည့်နေတာမမှားဘူးလေ...
(ငယ်ငယ်ကအကျင့်တွေ XD)

မျက်လုံးအတွင်းထောင့်တွေကိုဖိညှစ်ပြီး သူစဥ်းစားဉာဏ်ကင်းမဲ့လာသလို ခံစားမိသည်။

အပြင်က စုအမေ၏အသံထွက်ပေါ်လာ၏ .."ရှောင်မင် ... ဒါသားအထုပ်လား လာကြည့်ဦး?"

စုမင်လျင်မြန်စွာတံခါးဖွင့်ပြီး သူမလက်ထဲမှ ဘူးကိုတွေ့လိုက်ရသည်။

သူရှုပ်ထွေးသွားကာ .."ကျွန်တော်ဘာမှမဝယ်ထားပါဘူး"

စုအမေမျက်မှောင်ကျုံ့သွားပြီး .."လိမ်တာလား? အခုရက်ပိုင်းလူတော်တော်များများနောက်ပြောင်ကျီစယ်ခံရတာမြင်ဖူးတယ်"

ထိုကဲ့သို့ လှည့်စားလိမ်လည်တာမျိုး အွန်လိုင်းတွင်ဖော်ထုတ်ခဲ့သည်။ တစ်ခုခုပို့ဆောင်ပြီး သူတို့သည်အနည်းငယ်အရာများကိုလုပ်လိမ့်မည်၊ နောက်ဆုံးတွင် အခြားသူ၏ငွေများကို သူတို့ငွေအဖြစ် အောင်မြင်စွာလှည့်စားနိုင်သွားလိမ့်မယ်။

စုမင်ယူပြီး .."ကျွန်တော်ကြည့်ကြည့်မယ်"

လိပ်စာ‌မှန်ပြီး သူ့နာမည်နဲ့ဖုန်းနံပါတ်တောင်ပါသေးတယ်။ ပို့သူမှာ ရာစုသစ်ရုပ်ရှင်ရုံဖြစ်သည်။

ရုပ်ရှင်ရုံက သူ့ဆီပစ္စည်းပို့တယ်?

မူလက အချက်အလတ်ကို ကျောင်းလိပ်စာမဟုတ်ဘဲ သူ့အိမ်လိပ်စာနဲ့ဖြည့်စွပ်ခဲ့တာ စုမင်မှတ်မိသွားပြီး သူသတိလက်လွတ်နိုင်လွန်းတယ်လို့ ခံစားလိုက်ရတယ်။

စိတ်သက်သာရစွာ .."လူလိမ်လုပ်တာမဟုတ်ဘူး ... ရုပ်ရှင်ရုံကပို့လိုက်တာ"

"ရုပ်ရှင်ရုံက ပစ္စည်းတောင်ပို့နိုင်တယ်?" စုအမေသိချင်စိတ်ဖြင့် .."မိသားစုအလိုက်သွားကြည့်ဖို့ ရုပ်ရှင်လက်မှတ်လား?"

စုမင်နှလုံးခုန်ရပ်သွားကာ အတွင်းမှအကြောင်းအရာများသည် ရုပ်ရှင်နှင့်သက်ဆိုင်နေသည်ကိုသူစိုးရိမ်သည်။

ထိုပေါ်ကို လက်‌ဖြင့်ဖုံးလိုက်ပြီး ညင်သာစွာပြောလာတယ် .."မား ... ဟင်းချက်နေတာမဟုတ်ဘူလား? ဒါအတွက်မစိုးရိမ်ပါနဲ့ ... ကျွန်တော်ကတ်ကြေးရှာပြီး စစ်ဆေးကြည့်လိုက်မယ်"

စုအမေထွက်သွားပြီးနောက် စုမင်အမြန်တံခါးပိတ်လိုက်တယ်။

သေတ္တာဘူးမှာ မကြီးသလို ပေါ့လည်းပေါ့သည်။ လေးလံတဲ့အရာဘာမှမပါသလိုပင် ... သူဖွင့်ပြီးချိန် အထဲ၌လက်ဆောင်သေတ္တာတွေ့လိုက်ရတယ်။

စုမင်လက်ဆောင်ဘူးဖွင့်လိုက်တော့ အတွင်း၌ disc နှစ်ခုရှိခဲ့သည်။
*******************************

Sorry for misspelling

Thank you all
October 25, 2021
——————————————————————————————








Chapter 38: အိမ္သို႔ျပန္ျခင္း

စုမင္အျပင္မွာပဲ စားၿပီးေနာက္ ေက်ာင္းဆီျပန္သည္။

ေနာက္ဆုံးအႀကိမ္ကအေတြ႕အၾကဳံအရ လူေတြဒီတခ်ိန္သိၾကေပမယ့္ သူ႕ကိုအေႏွာက္အယွက္မေပးဘဲ ေက်ာင္းဖိုရမ္မွာသာ အတင္းအဖ်င္းေျပာၾကတယ္။

ခ်န္စု၏အသြင္အျပင္သည္ “သည္းထိပ္ရင္ဖိုတကၠသိုလ္အသစ္” ကို ၾကည့္႐ႈဖူးသူမ်ား၏ အမွတ္ရစရာမ်ားကို ျပန္လည္ႏိုးထေစေသာ္လည္း တေစၧတစ္‌ေကာင္တည္းမဟုတ္ဟု သံသယ႐ွိသူအခ်ိဳ႕႐ွိသည္။

ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ တျခားသူေတြရဲ႕ ယုံၾကည္‌ေဖ်ာင္းဖ်ျခင္းကို ခံခဲ့ရတယ္။

"သည္းထိပ္ရင္ဖိုတကၠသိုလ္”ကို အြန္လိုင္းတြင္စတင္ျဖန္႔ေဝခဲ့ၿပီး ေနာက္ဆုံးအထူးျမင္ကြင္းကို ျဖတ္၍ Weibo တြင္တင္ခဲ့သည္။ ထိုအပိုင္းက စုမင္ တေစၧ၏နာမည္ကိုေမးျမန္းခဲ့သည့္အခန္းပင္။

ထိုအခ်ိန္က တီးတိုးေျပာတာျဖစ္‌၍ သူတို႔မၾကားခဲ့ေသာ္လည္း အခုေတာ့ 'ခ်န္စု'ဆိုသည့္ စကားလုံးကိုခန္႔မွန္းႏိုင္သြားသည္။
အလြန္လ်င္ျမန္စြာ ႐ုပ္႐ွင္ႏွစ္ကားကိုတဖန္စုစည္းခဲ့ၾကသည္။

"ဒါေျပာရရင္ ႏွစ္ကားစလုံးတေစၧတစ္ေကာင္တည္းပဲေပါ့? အရင္ကသေဘာတူထားတာမ်ားလား? လိမ္လည္လွည့္စားတာကို တိုင္ၾကားလို႔ရပါသလား? ငါၾကားတာတစ္ေယာက္က ငါးခါးအေတြ႕ၾကဳံခံစားတာကို သနားစရာေကာင္းစြာ ငါးခါလုံး ေသခဲ့ရ႐ွာတယ္"

"ေရခ်ိဳးခန္းထဲမွာ တစ္ခုခုျဖစ္သြားတယ္လို႔ ငါၾကားတယ္ ... ငါဘာလို႔မေတြ႕မိပါလိမ့္? သူတို႔အတူတူအိပ္ၾကတာပဲမွတ္မိတယ္ ... ဘာလို႔လဲဆိုေတာ့ ႐ုပ္႐ွင္ထဲမွာမလႊင့္လို႔ပဲ ... စိတ္တိုလိုက္တာဟာ"

"ငါကေတာ့ မီးအိမ္ဂါဝန္ကိုပိုစိုးရိမ္တယ္ ဟားဟားဟား ... သူမလည္း လွ်ိဳလီလီလိုပဲ ခ်စ္ခင္တြယ္တာမႈျပခ်င္ေပမယ့္ အ႐ွင္သခင္ေၾကာင့္ ေၾကာက္လန္႔ၿပီးထြက္ေျပးသြားတာလား? ငါတကယ္ မီးအိမ္ဂါဝန္ေလးအတြက္ ဝမ္းနည္းမိပါတယ္"

"ေကာင္းလိုက္တာ! အရမ္းခ်စ္ဖို႔ေကာင္းတယ္! တစ္ခ်ိန္လုံးငါ့မ်က္ႏွာမွာ ေၾကာက္စရာအျပဳံးႀကီးျပဳံးေနရတာ အခန္းေဖာ္ေတာင္လန္႔သြား႐ွာတယ္ ... ကိုးရီးယားဒရမ္မာၾကည့္ေနရသလိုပဲ ဟားဟားဟားဟား ေသခ်ာတာေပါ့ ... အျခားသူေတြေျပာသလိုပဲ ေနာင္တခါလည္း ဒီလိုအတူတူပဲျဖစ္ဖို႔ေမွ်ာ္လင့္ပါတယ္"

"ကြၽန္မဆို ေပါက္ေပါက္ဆုပ္ေတာင္မစားလိုက္ရဘူး ... အကုန္လုံးကိုေခ်မြမိသြားတယ္………"

ေနာက္ဆုံးကြန္းမန္႔ကို စုမင္ျမင္ေတာ့ repliesေတြကို ႏွိပ္လိုက္‌သည္။ အတြင္းစိတ္မွာ သူမေပါက္ေပါက္ဆုပ္ေတြအတြက္စိတ္မေကာင္းေပ။

က်န္တာေတြမဖတ္ခင္ သူအေဆာင္ဆီေရာက္လာတယ္။

လီဝမ္႐ွင္းနဲ႔ဝမ္ဒီတို႔က အိပ္ယာႏိုးေနေလကာ တစ္ေယာက္ကဂိမ္းကစားေနၿပီး က်န္တစ္ေယာက္က ထမင္းအိုးကိုသုံးၿပီး အသင့္စားေခါက္ဆြဲျပဳတ္ေနသည္။

ေခါက္ဆြဲျပဳတ္ရနံ႔သည္ တစ္ခန္းလုံးျပည့္ႏွံ႔ေနသည္။
ေက်ာင္းက လွ်ပ္စစ္ဓာတ္အားျမင့္အသုံးအေဆာင္ေတြ အသုံးျပဳဖို႔ခြင့္မျပဳေသာ္လည္း မ်ားျပားလွ‌ေသာေသးငယ္တဲ့ပုံစံေတြသည္ အြန္လိုင္းတြင္ေရာင္းခ်ေနၿပီ။ ဤထမင္းခ်က္အိုးေလးသည္ ေသးၿပီး တစ္ႀကိမ္ကိုႏွစ္ေယာက္ ၊ သုံးေယာက္စာသာ ခ်က္ႏိုင္သည္။

ေခါက္ဆြဲျပဳတ္ရနံ႔က လီဝမ္႐ွင္းကိုဆြဲေဆာင္ေစၿပီး သူျပန္လာတာေတြ႕ေတာ့ ေမးေလသည္။
"မင္းေရာ စားအုန္းမလား? မင္းစားမယ္ဆို ငါေနာက္တစ္ထုပ္ထည့္လိုက္မယ္?"

ေခါက္ဆြဲခ်က္ျပဳတ္ျခင္းသည္ ေရပူထည့္႐ုံနဲ႔ လုံးဝကြာျခားသည္။

ဒီတစ္ခါ လီဝမ္႐ွင္းက ဟင္းခတ္အေမႊးအႀကိဳင္မ်ိဳးစုံဝယ္ထားၿပီး အမ်ားႀကီးထည့္ထား၍ အရသာပိုျပင္းတယ္။

စုမင္ေခါင္းခါယမ္းကာ .."ငါစားၿပီးၿပီ"

သူၾကားခ်င္သည့္ တုန္႔ျပန္သံေၾကာင့္ သူ႕စားစရာကိုဘယ္သူမွလိုခ်င္သူမ႐ွိေတာ့တာမို႔ လီဝမ္႐ွင္းေပ်ာ္႐ႊင္သြားကာ ပန္းကန္လုံးထဲအျပည့္ထည့္ၿပီး ေမး၏ .."ဇာတ္လမ္းဘယ္လိုလဲ?"

စုမင္.."အဆင္ေျပပါတယ္"

"ဘယ္အဆင္ေျပတာကို အဆင္ေျပတာလဲ" လီဝမ္႐ွင္းညည္းညဴတယ္ .."ငါ႐ုပ္႐ွင္မၾကည့္ဘူး ... ဒါေပမဲ့ ဘာျဖစ္လဲဆိုတာ‌ေတာ့ အေျခခံအားျဖင့္ ငါသိၿပီးသား"

ဝမ္ဒီလည္း ဝင္ေမးေလတယ္ .."ခ်န္စုကဘယ္သူလဲ?"

"ငါလည္းမသိဘူး" စုမင္ျပန္ေျဖလိုက္တယ္။

လီဝမ္႐ွင္းေခါက္ဆြဲပုံလ်က္သားက်သြားကာ .."မင္းအဲ့လိုလုပ္လို႔မရဘူး ... မင္းမသိတဲ့လူနဲ႔ ေနရာတကာနမ္းခ်င္တိုင္း နမ္းေနလို႔မွမျဖစ္တာ ... တစ္ဖက္က႐ုပ္ဆိုးေနရင္ ဘယ္လိုလုပ္မလဲ?"

စုမင္သည္ သူတို႔တကၠသိုလ္၏ ေက်ာင္းအိုင္ေဒါျဖစ္ကာ ထိပ္ဆုံးေက်ာင္းသားလည္းျဖစ္သည္။ သူတို႔ေက်ာင္းအိုင္ေဒါကို အမည္မသိလူထူးလူဆန္းဆီ အပါမခံႏိုင္ေပ။

ဝမ္ဒီတစ္ခုေတြးမိၿပီး .."သူ႐ုပ္႐ွင္ထဲကေန ထြက္လာလို႔ရလား? မင္းတို႔ႏွစ္‌ေယာက္ အြန္လိုင္းပဲဒိတ္လုပ္ၾကေတာ့မွာလား?"

စုမင္ႏႈတ္ခမ္းတင္းတင္းေစ့ၿပီး တခဏတုန္႔ဆိုင္းၿပီးမွေျဖၾကားတယ္ .."မလုပ္ဘူး"

သူ အဲ့ဒီ့လိုမ်ိဳးအေျခ‌အေနအျဖစ္မခံဘူး။

လီဝမ္႐ွင္းေခါက္ဆြဲပန္းကန္လုံးကို ‌ခ်လိုက္ၿပီး ေျပာတယ္ .."အဲ့လူကိုဘယ္သူလဲသိရဖို႔ ငါ့ကိုဟက္ကာ႐ွာေစခ်င္လား?"

စုမင္ခ်က္ခ်င္းရပ္တန္႔သြားသည္။

ထိုကဲ့သို႔ မျဖစ္ႏိုင္တာကိုေတြးေနရင္အလကားပဲ ... ႐ုပ္႐ွင္႐ုံက သဘာဝက်က်ဒါမ်ိဳးခြင့္ျပဳမွာမဟုတ္ဘဲ သူတို႔ကသာရဲဖမ္းဆီးခံရႏိုင္‌ေျခမ်ားသည္။

လီဝမ္႐ွင္းက သိပ္မေတြးဘဲအၾကံျပဳတာျဖစ္ၿပီး အေရးမစိုက္ဟန္ေျပာလာတယ္ .."အသင့္စားေခါက္ဆြဲျပဳတ္ကအရသာ႐ွိလိုက္တာ ... ဒါေတာင္မင္းတို႔ေကာင္ေတြမစားၾကဘူး"

အခန္းထဲ၌ အလြန္ရနံ႔ေမႊးကာ စုမင္ေတာင္အတန္ငယ္ဗိုက္ဆာလာသလိုပင္။

စားပြဲ၌ထိုင္ၿပီး ဖတ္စာအုပ္ဖြင့္ကာ သူ႕ဆရာေပးတဲ့ေမးခြန္းအနည္းငယ္ကို သတိရတုန္း အျမန္ေျဖ႐ွင္းရမည္။
သူၿပီးသြားေတာ့ ကိုးနာရီေတာင္ထိုးေတာ့မည္။

လီဝမ္႐ွင္းနဲ႔ ဝမ္ဒီက ကြန္ျပဴတာဂိမ္းကစားေနၾကတုန္းျဖစ္ၿပီး သူတို႔ကီးဘုတ္မွ တေတာက္ေတာက္ျမည္သံႏွင့္ ေမာက္စ္မွာေ႐ွ႕ေနာက္ေ႐ြ႕လ်ားေန၏။

သူတို႔ကိုအေရးမစိုက္ေတာ့ဘဲ စုမင္သန္႔႐ွင္းေဆးေၾကာကာ အိပ္ယာဝင္ေလသည္။

............

ေနာက္တစ္ေန႔ တနလၤာေန႔ ... ေဆာင္းဦးလယ္ပြဲေတာ္ျဖစ္သည္။

အျပင္မွာလွည့္လည္ေလွ်ာက္သြားေနတဲ့လူသိပ္မ႐ွိဘူး။  ဒါဟာေဆာင္းဦးရာသီရဲ႕အစျဖစ္ေနၿပီး ရာသီဥတုကပိုေအးလာတယ္။

စုမင္က မုန္႔စြပ္ျပဳတ္နဲ႔ ပဲႏို႔ကို အျပင္ကေန ဝယ္လိုက္ၿပီး အျပန္လမ္းတစ္ေလွ်ာက္ သူ႕အခန္းေဖာ္တစ္ခ်ိဳ႕ကသူ႕ကိုႏႈတ္ဆက္ၾကတယ္။

"ေကာင္းေသာနံနက္ခင္းပါ ... ႀကီးျမတ္ေသာအ႐ွင္သခင္"

"မေန႔ကကြၽန္မ႐ုပ္႐ွင္ၾကည့္လိုက္ရတယ္ ... အရမ္းေကာင္း အရမ္းမိုက္တာပဲ"

"စုမင္ ... အခုေက်ာင္းမွာ မင္းေတာ့နာမည္ႀကီးေနၿပီ ... လမ္းမွာတားခံရၿပီး ဖြင့္ေျပာမခံရေစနဲ႔ ဟားဟား"

သူတို႔႐ုပ္႐ွင္အေၾကာင္းကို ေျပာဆို‌ၾကေသာ္လည္း သူ႕အေၾကာင္းကို ဘာမွမေမးၾကေပ။
ဒါကလည္း သူေက်နပ္မိတဲ့အခ်က္ျဖစ္သည္။

ညေနခင္း၌ စုမင္သည္ သူ႕ပစၥည္းမ်ားကို ထုပ္ပိုးကာ ေက်ာင္းမွာ‌ေနမည့္အစား အိမ္ျပန္ရန္ျပင္ဆင္သည္။ အိမ္ျပန္ၿပီး ေဆာင္းဦးလယ္ပြဲေတာ္ကိုမိသားစုနဲ႔ျဖတ္သန္းမည္။

"တံခါးပိတ္ခဲ့ဦး‌" လီဝမ္႐ွင္းဗလုံဗေထြးနဲ႔သတိေပးလိုက္သည္။

စုမင္ညင္သာစြာတံခါးပိတ္ခဲ့ၿပီး အိတ္ႏွင့္အေဆာင္မွ ထြက္ခြာသြားသည္။

သူ႕အိမ္သည္ ၿမိဳ႕လယ္တြင္တည္႐ွိၿပီး ေက်ာင္းႏွင့္သိပ္မေဝးေပ။ ေျမေအာက္ရထားစီးၿပီး အနီးနားမွဆင္းလိုက္႐ုံျဖစ္သည္။

စုမင္၏မိသားစုသည္ တိုက္ခန္းတြဲမ်ားစြာပိုင္ဆိုင္ေၾကာင္းကို လူအနည္းငယ္သာသိၾကၿပီး သူ႕မိသားစုအေျခအေန အဆင္ေျပသည္ဟုသာ ေတြးေလ့႐ွိသည္။ လီဝမ္႐ွင္းေမးလို႔သာ ထိုအေၾကာင္းသိခဲ့ရသည္။

ငယ္ငယ္ကတည္းက စုမင္ကို ေဘးအိမ္က စံနမူနာယူစရာကေလးတစ္ေယာက္အျဖစ္အၿမဲထည့္သြင္းစဥ္းစားျခင္းခံခဲ့ရတယ္။ ဆုေပါင္းမ်ားစြာရ႐ွိခဲ့ကာ အၿမဲတမ္း ႏူးညံ့သိမ္ေမြ႕ၿပီး အက်င့္စာရိတၱေကာင္းမြန္သူျဖစ္တာမို႔  လူႀကီးသူမအားလုံးက သူ႕ကိုခ်စ္ၾကတယ္။

အျခားမိသားစုမ်ားကဲ့သို႔ မိဘႏွင့္ကေလးၾကားဆက္ဆံေရးေတြမ႐ွိဘဲ စုမင္တို႔မိသားစုသည္ အလြန္ေကာင္းမြန္သည္။ တစ္ေယာက္ကိုတစ္ေယာက္အရာအားလုံးေျပာျပသည့္အေျခအေနေရာက္လုနီးပါးပဲ။

ေျမေအာက္ဘူတာမွ စုမင္ထြက္ခြာၿပီး အိမ္သို႔ လမ္းေလွ်ာက္ျပန္သည္။

သူတံခါးဖြင့္လိုက္ခ်ိန္ စုမင္အေမကအသံၾကား၍ မီးဖိုခန္းမွထြက္လာကာ အံ့အားသင့္စြာ ေျပာလာတယ္ .."ဘာလို႔ ဒီေန႔အေစာႀကီးျပန္လာတာလဲ?"

စုမင္သည္ မေန႔ညက ဒီေန႔အိမ္ျပန္လာမယ္လို႔ သူအိမ္ကိုဖုန္းေခၚထား၍ သူမကိုယ္တိုင္ခ်က္ျပဳတ္ျပင္ဆင္ေနခဲ့သည္။ ညေန ေျခာက္နာရီပဲ႐ွိေသးကာ အတန္ငယ္ေစာေနေသးသည္။

စုမင္ဖိနပ္လဲလိုက္ၿပီး ေျပာတယ္ .."ေက်ာင္းမွာလည္းဘာမွလုပ္စရာမ႐ွိေတာ့ဘူးေလ ... အဲ့ဒါ့ေၾကာင့္ေစာေစာျပန္လာလိုက္တာ"

"အခုတေလာေက်ာင္းမွာဘယ္လိုလဲ?"

"အရင္နဲ႔အတူတူပါပဲ ... ဘာမွမေျပာင္းဘူး ... အိမ္မွာက ပိုသက္ေတာင့္သက္သာ႐ွ္ိေသးတယ္"

စုမင္ကတစ္ဦးတည္းေသာသားျဖစ္သည္။ အမွန္တကယ္ သူ႕တြင္ ညီေလးဒါမွမဟုတ္ ညီမေလးရႏိုင္ေသာ္လည္း ကံမေကာင္းစြာ သူတို႔မေမြးခင္ကထြက္သြားၾကၿပီ။

ဘာလို႔ဆို စုမင္အေမ၏ခႏၶာကိုယ္သည္ အတန္ငယ္အားနည္းကာ အိပ္ယာ၌အနားယူကုထုံးလိုအပ္သည္။

ကံေကာင္းစြာ စုမိသားစုကခ်မ္းသာ၍ သိပ္မခက္ခဲေပ ... အခု စုမင္အေမသည္ ဘဝကို ေအးခ်မ္းစြာေနႏိုင္ၿပီ။

ဒုတိယကေလးဆုံး႐ႈံးရၿပီးကတည္းက စုမင္အေဖနဲ႔‌အေမသည္ ေနာက္ကေလးယူရန္မႀကိဳးစားၾကေတာ့ေပ။

စုအေမက႐ုတ္တရက္တစ္ခုမွတ္မိသြားၿပီး ေမးလာတယ္ .."မေန႔က သားဝမ္းကြဲဖုန္းဆက္ၿပီး ႐ုပ္႐ွင္အေၾကာင္းေျပာခဲ့ေသးတယ္ ... သား ႐ုပ္႐ွင္ထဲမွာ သ႐ုပ္ေဆာင္ခဲ့လို႔လား?"

(အေမစုဆို အေမစုကိုသြားသတိရလို႔ စုအေမလို႔ပဲေျပာင္းေရးလိုက္ၿပီ ><)

စုမင္မသိလိုက္ဘဲ ဟိုအခန္းေတြျပန္ျမင္ေယာင္ကာ တခဏတုံ႔ဆိုင္းၿပီး ခပ္တည္တည္ေမးလိုက္တယ္ .."သူမဘာေျပာလဲ?"

"သိပ္မ႐ွိပါဘူး ... သရဲကားအေၾကာင္းတစ္ခုခု‌ေတာ့ေျပာခဲ့တာပဲ" စုအေမက သူ႕ထံၾကည့္ကာ .."ဘာလို႔လဲ? သားနာမည္ႀကီးျဖစ္လာမွာမဟုတ္ဘူးလို႔ သားပဲေျပာတာမဟုတ္ဘူးလား?"

စုမင္ရယ္လိုက္ရင္း .."မဟုတ္ပါဘူး ... နည္းပညာအသစ္မို႔ပါ"

သူ႕စကားကို စုအေမကခ်က္ခ်င္းသေဘာေပါက္ကာ .."holographic႐ုပ္႐ွင္‌အေတြ႕ၾကဳံနဲ႔ၾကည့္ဖို႔ အြန္လိုင္းမွာအၿမဲတက္တက္လာတဲ့ဟာမလား? သားသာမေျပာရင္ အေမေမ့သြားလိမ့္မွာပဲ"

သူမက ဇာတ္လမ္းစိတ္ဝင္စားသူမဟုတ္ေတာ့ သိပ္အာ႐ုံမထားမိေပ။

စုမင္ေခါင္းေစာင္းငဲ့ၿပီး ေရအနည္းငယ္‌ေသာက္ရင္း .."ဟုတ္တယ္ အဲ့တစ္ခု ... အဲ့ဒါကိုေအာင္ေအာင္ျမင္ျမင္ကိုယ္ေတြ႕ခံစားႏိုင္ရင္ ထုတ္လႊင့္တာဆိုေတာ့ အဲ့ဒါ‌ေၾကာင့္ သူမ ကြၽန္ေတာ့္ကိုေတြ႕ခဲ့တာ"

စုအေမက ေနာက္ထပ္ေမးခြန္းေတြေမးခ်င္ေသးတာျမင္ေတာ့ စုမင္အျမန္စကားလမ္းေၾကာင္းလႊဲလိုက္တယ္ .."အဲ့႐ုပ္႐ွင္ဆီကရတဲ့ ေပးေငြကမဆိုးပါဘူး"

စုအေမအံ့ဩစြာ .."အဲ့လိုလဲ႐ွိေသးတာလား?"

စုမင္ေခါင္းၿငိမ့္ၿပီး ဘာမွသိပ္မေျပာေပ။

ဒီလိုျဖစ္ေနတာေၾကာင့္ စုအေမဆက္မေမးေတာ့ပါ။

ဤက်ည္ဆန္မွ လြတ္ေျမာက္ႏိုင္ခဲ့ေသာ္လည္း ေနာင္တြင္ တစ္ခုခုျဖစ္ႏိုင္ေခ်႐ွိသည္ဟု စုမင္ ခံစားမိသည္။ တစ္ေန႔ သူ႕အေဖသာ အေမကို႐ုပ္႐ွင္ၾကည့္ဖို႔ဖိတ္ေခၚၿပီး သူ႕႐ုပ္႐ွင္သာေတြ႕ရင္ သြားၿပီပဲ။

စုမင္တိတ္ဆိတ္စြာ သူ႕အခန္းဆီျပန္သည္။
လမ္းတစ္ေလွ်ာက္ လီဝမ္႐ွင္းထံမွ လင့္အသစ္တစ္ခုရ႐ွိခဲ့ၿပီး ထိုလင့္က ႐ုပ္႐ွင္အေၾကာင္းေဆြးေႏြးသည့္ ပို႔စ္အသစ္တစ္ခုပင္။

စုမင္ကအေၾကာင္းအရာထဲမွာ အမ်ားႀကီးကြာျခားမွာမဟုတ္ဘူးလို႔ ခံစားခဲ့ရေပမယ့္လည္း လင့္ကိုႏွိပ္လိုက္သည္။

ဒီတစ္ေခါက္မွာေတာ့ ဇာတ္ကားရဲ႕ ဇာတ္ကြက္အေၾကာင္း ေဆြးေႏြးထားတယ္။ မ်က္မျမင္အဖြားအိုႏွင့္ ဖားျပဳပ္ေတြရဲ႕ပတ္သတ္မႈကို ခန္႔မွန္းသူအခ်ိဳ႕႐ွိၾကတယ္။ ဒါ့အျပင္ မ်က္မျမင္အဖြားအိုေပ်ာက္သြားၿပီးမွ ဖားျပဳပ္သ႑ာန္အရိပ္ႀကီးေပၚလာသည္ပင္။

ကြၽန္းေပၚက နာမက်န္းေရာဂါသည္ဖားျပဳပ္ေတြနဲ႔ပတ္သတ္ႏိုင္တယ္လို႔ စုမင္ကိုယ္တိုင္လည္းမွန္းဆမိသည္။ အနည္းဆုံးေတာ့ အေရျပားေျပာင္းလဲေနတဲ့႐ိုးရာဓေလ့အတြက္ ဖားျပဳပ္ေတြက အဓိကက်တဲ့ေျခလွမ္းတစ္ခု သို႔မဟုတ္ အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ခုျဖစ္ႏိုင္ေလာက္တယ္။

ဒါ႐ိုက္တာဆီမွ အေျဖကလည္းကြၽန္းမွာလည္း ကိုယ္ပိုင္လွ်ိဳ႕ဝွက္ခ်က္႐ွိတယ္။

အကယ္၍ ကြၽန္းသားကြၽန္းသူမ်ားသာ ပုံမွန္ေနထိုင္လွ်င္ ပတ္ဝန္းက်င္ဆိုင္ရာကိစၥရပ္မဟုတ္ပါက သူတို႔တြင္ မည္သည့္ေရာဂါမဆိုသဘာဝအတိုင္း ကူးစက္ရန္မွာ မျဖစ္ႏိုင္ေပ။

စုမင္ ထိုဖားျပဳပ္ေတြအေၾကာင္းေတြးၾကည့္မိတယ္။
ဒီဇာတ္ကားက ထိုအေၾကာင္းကို မ်ားမ်ားစားစားမေဖာ္ျပထားေပမယ့္ အမ်ိဳးမ်ိဳးေသာ ထင္ျမင္ခ်က္ေတြကိုေတာ့ မထိခိုက္ေစေပ။

ဒီေဆြးေႏြးတာကို ထပ္ေပါင္းရင္ အခ်ိဳ႕ပို႔စ္မ်ား၌ '!' သေကၤတမ်ားစြာပါဝင္ေနသည္။

"႐ိုး႐ိုးသားသားေျပာရမယ္ဆိုရင္ အစကေနအဆုံးထိ ငါဇာတ္လမ္းကိုအာ႐ုံမစိုက္မိဘူး……...ငါအ႐ွက္မ႐ွိတဲ့viewerပါလား.... တစ္ခ်ိန္လုံးငါ့မွာ အေဒၚႀကီးလို ျပဳံးေနခဲ့တာ……"

"မင္းေျပာတာမွန္တယ္...ငါ့အတြက္ျပႆနာမ႐ွိဘူး ... ဒါေပမဲ့ ဘာလို႔ခ်န္စုလည္းအဲ့မွာ႐ွိေနတာလဲဆိုတာ မင္းတို႔ေတြေရာ ေတြးမိၾကလား?"

"ငါ့အထင္ စုံတြဲနည္းနဲ႔ၾကည့္တဲ့ အတြဲပဲျဖစ္မယ္ ... ႐ုပ္႐ွင္႐ုံက မင္းဇာတ္ၫႊန္းကိုစိတ္ႀကိဳက္ျပင္ႏိုင္တယ္လို႔ ေျပာခဲ့တယ္မဟုတ္လား? သူက ႀကီးျမတ္တဲ့အ႐ွင္သခင္ဆိုေတာ့ အပ်င္းေျပအသစ္႐ွာေဖြခ်င္လို႔ လုပ္တာပဲျဖစ္ႏိုင္တယ္"

"ၿပီးျပည့္စုံေသာစင္ဒရဲလားႏွင့္သူရဲ႕မဟာအ႐ွင္သခင္ဒရမ္မာ ... သရဲေတြအားလုံးက သူတို႔ဆက္ဆံေရးတိုးတက္ဖို႔ကူညီေနၾကတာ ... ငါတို႔လို စုမင္မိန္းကေလးေတြလည္း စင္ဂယ္အခ်ိဳေတြခ်န္ထားမွာမဟုတ္ဘူး!"
(စုမင္ - ခ်န္စု+စုမင္)

“……….”

စုမင္တဖန္စင္ဒရဲလားႏွင့္မင္းသားေလးပို႔စ္အေၾကာင္းကို သတိရမိသြားၿပီး ဆက္ႏႊယ္မႈကမူမမွန္သလိုခံစားရသည္။ သူက မင္းသားျဖစ္သင့္တာ ဒါေပမယ့္ ဘာလို႔အခု သူကစင္ဒရဲလားျဖစ္ရတာလဲ?

ထိုအခိုက္တန္႔ တံခါးေခါက္သံထြက္ေပၚလာသည္။

စုမင္တုန္လႈပ္သြားကာ ဖုန္း‌ကိုင္ေပါက္မိလုနီးပါးျဖစ္သြားသည္။ သူစာအုပ္တစ္အုပ္ကို အျမန္ဆြဲထုတ္ၿပီး စာ‌ေလ့လာခ်င္ေယာင္ေဆာင္ေနတဲ့ပုံစံမ်ိဳးနဲ႔ သူ႕စားပြဲေပၚကိုေခါက္ခ်လိုက္ေသးတယ္။

ထိုသို႔လုပ္အၿပီး အခုသူ တကၠသိုလ္ေက်ာင္းသားေရာက္ေနၿပီဆိုတာ သတိရသြားတယ္။ သူ႕ဖုန္းသူၾကည့္ေနတာမမွားဘူးေလ...
(ငယ္ငယ္ကအက်င့္ေတြ XD)

မ်က္လုံးအတြင္းေထာင့္ေတြကိုဖိညႇစ္ၿပီး သူစဥ္းစားဉာဏ္ကင္းမဲ့လာသလို ခံစားမိသည္။

အျပင္က စုအေမ၏အသံထြက္ေပၚလာ၏ .."ေ႐ွာင္မင္ ... ဒါသားအထုပ္လား လာၾကည့္ဦး?"

စုမင္လ်င္ျမန္စြာတံခါးဖြင့္ၿပီး သူမလက္ထဲမွ ဘူးကိုေတြ႕လိုက္ရသည္။

သူ႐ႈပ္ေထြးသြားကာ .."ကြၽန္ေတာ္ဘာမွမဝယ္ထားပါဘူး"

စုအေမမ်က္ေမွာင္က်ံဳ႕သြားၿပီး .."လိမ္တာလား? အခုရက္ပိုင္းလူေတာ္ေတာ္မ်ားမ်ားေနာက္ေျပာင္က်ီစယ္ခံရတာျမင္ဖူးတယ္"

ထိုကဲ့သို႔ လွည့္စားလိမ္လည္တာမ်ိဳး အြန္လိုင္းတြင္ေဖာ္ထုတ္ခဲ့သည္။ တစ္ခုခုပို႔ေဆာင္ၿပီး သူတို႔သည္အနည္းငယ္အရာမ်ားကိုလုပ္လိမ့္မည္၊ ေနာက္ဆုံးတြင္ အျခားသူ၏ေငြမ်ားကို သူတို႔ေငြအျဖစ္ ေအာင္ျမင္စြာလွည့္စားႏိုင္သြားလိမ့္မယ္။

စုမင္ယူၿပီး .."ကြၽန္ေတာ္ၾကည့္ၾကည့္မယ္"

လိပ္စာ‌မွန္ၿပီး သူ႕နာမည္နဲ႔ဖုန္းနံပါတ္ေတာင္ပါေသးတယ္။ ပို႔သူမွာ ရာစုသစ္႐ုပ္႐ွင္႐ုံျဖစ္သည္။

႐ုပ္႐ွင္႐ုံက သူ႕ဆီပစၥည္းပို႔တယ္?

မူလက အခ်က္အလတ္ကို ေက်ာင္းလိပ္စာမဟုတ္ဘဲ သူ႕အိမ္လိပ္စာနဲ႔ျဖည့္စြပ္ခဲ့တာ စုမင္မွတ္မိသြားၿပီး သူသတိလက္လြတ္ႏိုင္လြန္းတယ္လို႔ ခံစားလိုက္ရတယ္။

စိတ္သက္သာရစြာ .."လူလိမ္လုပ္တာမဟုတ္ဘူး ... ႐ုပ္႐ွင္႐ုံကပို႔လိုက္တာ"

"႐ုပ္႐ွင္႐ုံက ပစၥည္းေတာင္ပို႔ႏိုင္တယ္?" စုအေမသိခ်င္စိတ္ျဖင့္ .."မိသားစုအလိုက္သြားၾကည့္ဖို႔ ႐ုပ္႐ွင္လက္မွတ္လား?"

စုမင္ႏွလုံးခုန္ရပ္သြားကာ အတြင္းမွအေၾကာင္းအရာမ်ားသည္ ႐ုပ္႐ွင္ႏွင့္သက္ဆိုင္ေနသည္ကိုသူစိုးရိမ္သည္။

ထိုေပၚကို လက္‌ျဖင့္ဖုံးလိုက္ၿပီး ညင္သာစြာေျပာလာတယ္ .."မား ... ဟင္းခ်က္ေနတာမဟုတ္ဘူလား? ဒါအတြက္မစိုးရိမ္ပါနဲ႔ ... ကြၽန္ေတာ္ကတ္ေၾကး႐ွာၿပီး စစ္ေဆးၾကည့္လိုက္မယ္"

စုအေမထြက္သြားၿပီးေနာက္ စုမင္အျမန္တံခါးပိတ္လိုက္တယ္။

ေသတၱာဘူးမွာ မႀကီးသလို ေပါ့လည္းေပါ့သည္။ ေလးလံတဲ့အရာဘာမွမပါသလိုပင္ ... သူဖြင့္ၿပီးခ်ိန္ အထဲ၌လက္ေဆာင္ေသတၱာေတြ႕လိုက္ရတယ္။

စုမင္လက္ေဆာင္ဘူးဖြင့္လိုက္ေတာ့ အတြင္း၌ disc ႏွစ္ခု႐ွိခဲ့သည္။
*******************************

Sorry for misspelling

Thank you all
October 25, 2021
——————————————————————————————

Continue Reading

You'll Also Like

45.7K 2.6K 32
«អូនស្រឡាញ់បង នេះជាលើកទី១ហើយក៏ជាលើកចុងក្រោយដែលៗអូននិយាយប្រាប់បង» «gemini norawit អូនស្រឡាញ់បង!!!»
1.5K 216 9
🍁🍁🍁 Jungkook leaned his back on the wall, sitting on the cold floor of the balcony. He closed his eyes letting all his tears to stream down his pa...
3.9K 463 17
Author: 九月买的饼干 (Biscuits Bought In September) Total Chapters: 68 + 2 extras Chapters 1 - 13 is translated by BlackboxTL Translator - 🌺 yuebing I do...
69.7K 1.7K 10
مافيا - حب - قسوه - غيره renad231_5 مرت سنه والقلب ذابحهه الهجر ومرت سنه والهجر عيا يستحي الروايه موجوده في انستا : renad2315