UM (Completed)

By Alohi_ko

917K 42.2K 588

Warning ( Included abusive content!!!) Total Episodes-43 (Completed) Start date-Oct 6.2021 End date-Feb 21.20... More

INTRO
✨ HIGHLIGHT DIALOGUE FROM REVIEW PAGES ✨
PART 1
PART2
PART3
PART4
PART 6
PART 7
PART 8
PART 9
PART 10
✨For knowledge✨
PART 11
PART 12
PART 13
PART 14
PART 15
PART 16
PART 17
PART 18
PATT 19
PART 20
PART 21
PART 22
PART 23
Bipolar disorder အကြောင်းတစေ့တစောင်း
PART 24
PART 25
PART 26
PART 27
PART 28
PART 29
PART 30
PART 31
PART 32
PART 33
PART 34
PART 35
PART 36
PART 37
PART 38
PART 39
PART 40
PART 41
PART 42 ဇာတ်သိမ်းအား ပြန်လည်ပြင်ဆင်ခြင်း
Final Part 43
Characters ( ဒါလေး အရင် ဖတ်ပေးပါ )
I wanna know feedback👀
Book announcement ✨
Physical Book✨

PART 5

19.9K 1.1K 34
By Alohi_ko

Unicode

" သူဘယ်မှာလဲ "

" ပြန်မရောက်သေးဘူး အစ်ကိုလေး "

" ဘာ! နေ့ခင်းထဲက ထွက်သွားတာ ခုထိ ပြန်မလာသေးဘူးပေါ့ဟုတ်လား အမှန်ဆို မင်းလိုက်သွားရမှာနော် "

" နောက်မဖြစ်စေရပါဘူး အစ်ကိုလေး "

" သွားတော့ မမြင်ချင်ဘူး "

တ၀ီ၀ီ မြည်သံကြောင့် သူနိုးလာသည်။
မှောင်ရီပျိုးစ ပြုလာ၍ ခြင်တွေ ဝိုင်းလာပြီး
လက်ရှည်ဝတ်ထား၍ တော်ကာကျမည်ဟုပြောရမည်။
လက်ပတ်နာရီကို ကြည့်လိုက်တော့ ၅နာရီတောင် ခွဲနေပြီဖြစ်ပြီး မြေ့နင်းခ အတော်ကြာ အိပ်ပျော်သွားခြင်းဖြစ်လေသည်။ ထိုကဲ့သို့ အပြင်၌ အချိန်ကြာရှိနေခြင်းကို ရက်ခသာသိရင် မြေ့နင်းခဒုက္ခရောက်မည်မှာ အသေအချာပင်။

" ကိုခ "

လှည့်ကြည့်လိုက်တော့ ဒေါက်တာ‌ နွေကူးရှိန်။

" ဪ ဒေါက်တာ "

" ကိုခ ဆေးရုံကို လာမယ့်လာတော့လည်း ကျွန်တော့်ဆီတောင် ဝင်မတွေ့ဘူး "

" အသိတစ်ယောက်ကို လူနာလာကြည့်ပေးတာလေ၊
အလုပ်ချိန်ဆိုတော့ အနှောင့်အယှက် မပေးချင်လို့
ကျွန်တော်လည်း လာမနှုတ်ဆက်တော့တာ "

" အာ... ဟုတ်ပါပြီ၊ ခုရော ပြန်တော့မှာမလား၊
ကျွန်တော် လိုက်ပို့ပေးမယ်လေ "

သူလည်း ကားမပါလာ၍ ငြင်းမနေတော့ပေ။

" ကောင်းပြီလေ ဒေါက်တာ၊
လိုက်ပို့ခိုင်းဖို့ အားမနာတော့ဘူးနော် "

အမှန်တော့ အိပ်ချင်နေသေး၍ဆို ပိုမှန်လိမ့်မည်။

" ဒေါက်တာ ကျွန်တော့်ကို လမ်းထိပ်မှာပဲ ချပေးခဲ့ပါ၊
အိမ်ရှေ့ထိလိုက်ပို့ရင် ကားလမ်းမပေါ် ရောက်ဖို့
အကြာကြီး ပြန်ပတ်ရလိမ့်မယ် "

"ရပါတယ် ကိုခကလည်း ပို့ချင်းပို့ ခရီးရောက်အောင်
ပို့ပေးရမှာပေါ့ဗျ "

" ဒါဆိုလည်း ဒေါက်တာ့သဘောပါ "

" ကိုခ ကျွန်တော့်ကို ဒေါက်တာလို့ မခေါ်ပါနဲ့ဆိုဗျာ၊
ခုက ဆေးရုံမှာလည်း မဟုတ်ဘူး၊
ပြီးတော့ ကိုခနဲ့ ကျွန်တော်က လူစိမ်းတွေမှ  မဟုတ်ပဲ "

" ကျွန်တော်က လေးစားသမှုနဲ့ ခေါ် တာပါ "

" လေးစားသမှုတွေ ဘာတွေ မလိုပါဘူးဗျာ၊
ကျွန်တော်ကတောင် ပြန်လေးစားရဦးမယ်၊
ဆေးကျောင်းတတ်တုန်းကဆို ကိုခကို အရမ်းအားကျရတာ
ပြီးတော့ ကိုခက ကျွန်တော့ထက်လည်း အသက်ပိုကြီးတာကို "

" ဟုတ်ပါပြီ ကိုယ် ဒေါက်တာလို့မခေါ်တော့ပါဘူး "

တောင်း‌ဆိုနေသောကြောင့်
သူလည်း အသုံးအနှုန်း ပြောင်းပေးလိုက်ရသည်။

" ဟုတ် ဒါနဲ့ကိုခ တစ်ရက်လောက် ဆုံရအောင်၊
ကိုခ အားတဲ့ရက် ကျွန်တော့်ကို ပြန်ပြောပေး "

" ရပါတယ် မင်း အားတဲ့ ရက်ပေါ့၊ မင်းက ပို အလုပ်များတယ်လေ၊တကယ်လို့ ကိုယ် အားတယ်ဆိုရင်လည်း မင်းကို ဆက်သွယ်လိုက်မယ်လေ "

" ဟုတ် ဒါဆို ကိုခဘက်က အားအောင် လုပ်ထားပေးပေါ့ "

" ရောက်ပြီ နောက်မှ တွေ့ ကြတာပေါ့ "

" အိုခေလေ သွားပြီ ကိုခ "

ထိုစဉ် အိမ်ကြီးထဲ၌ဝယ်...။

" အစ်ကိုလေး ကားသံကြားတယ်၊
အစ်ကိုလေးခ ပြန်လာပြီထင်တယ် "

" ကားဟုတ်လား ဘယ်သူပါသွားတာလဲ "

" တစ်ယောက်ယောက် လိုက်ပို့တာဖြစ်မယ် ထင်တယ် အစ်ကိုလေး "

မြေ့နင်းခ ဧည့်ခန်းရှေ့က အဖြတ်မှာ သူ့နာမည်ကို တစ်လုံးချင်း ခေါ်လိုက်တဲ့ ရက်ခအသံက ဟိန်းကနဲထွက်လာသည်။

" မြေ့.နင်း.ခ. ဒါ ဘယ်ကပြန်လာတာလဲ "

ပျော့ပျောင်းမလိုနဲ့ တင်းမာနေသည့် မောင့်အသံက
ဒေါသသံ စွတ်နေသည်။
တစ်ဆက်တည်းမှာဘဲ သိရှိလိုက်သည်က မောင်ပြန်ရောက်နေပြီဖြစ်သည်။

" ရက်ခ ဘယ်တုန်းက ပြန်ရောက်တာလဲ၊ ငါ့ကို ဘယ်သူမှမပြော..."

" ငါ့ကို မေးခွန်း ပြန်မထုတ်နဲ့၊ ငါမေးတာ အရင်ဖြေ "

" ငါအပြင်က ပြန်လာတာ "

" မင်းပြောမှလား ဘယ်က ပြန်လာတာလဲ မေးနေတာ၊
ခုနက ကားသံကရော ဘယ်သူ့ကားလဲ "

" ဆေးကျောင်းတက်တုန်းက အသိနဲ့ သွားတွေ့တာ ရက်ခ၊
ကားကလည်း သူ့ကား ပြန်လိုက်ပို့ပေးတာ "

" အသိဟုတ်လား မှန်မှန် လိမ်စမ်းပါ
မင်းလိုကောင်က အသိရှိမတဲ့လား
သူငယ်ချင်းတောင် မရှိတဲ့ ကောင်ကများ "

" ငါ့ ဂျူနီယာညီလေးတစ်ယောက်ပါ ရက်ခ၊
မင်းသူ့ကို မသိလို့ပါ "

" ငါ မသိဘူးဆိုကတည်းက ဘယ်က လင်ငယ်လဲမှ မသိတာ "
"  ရက်ခ မင်းငါ့ကို မစွပ်စွဲပါနဲ့လားဟင်၊
မင်း မသိဘူးဆိုတာကလည်း အဲ့ချိန်တွေတုန်းက
မင်းမှ မြန်မာပြည်မှာ မရှိတာ "

" ဒီမယ် မြေ့နင်းခ အခု မင်းက ပြန်ခံပြောနေတာလား
ဟမ် ဘယ်က သတ္တိတွေ ရထားတာလဲ မင်းလင်ငယ်က ပေးလိုက်တာလား "

" ရက်ခ! "

မဆိုသလောက် မြင့်တက်သွားသည့် အသံမှာ ခံပြင်းမှုတွေ
ရောပါသွားသည်။

ဖြောင်း !

" ငါ့ကို လာမအော်နဲ့ !!! "

မောင်က သူ့အပေါ် ဘာလို့ ဒီလောက်ထိ ပျစ်ပျစ်ခါခါဖြစ်နေရတာလဲ။

နီမြန်းသွားသည့် ဘယ်ဘက်ပါးပြင်ပေါ်သို့
မျက်ရည်ပေါက်‌များ လိမ့်ဆင်းလာသည်။

" ငိုတယ်လား၊ နာတတ်တယ်ပေါ့လေ ဟုတ်လား၊
ငါသိချင်တာက မင်းအဲ့တုန်းကရော ငိုခဲ့သေးလား
ငါနဲ့အတူ အိပ်ယာပေါ်မှာလေ "

" ရက်ခ... ကျေးဇူးပြုပြီး... ငါ့ကို မစော်ကားပါနဲ့ "

ငါက နှလုံးသားရှိတဲ့ လူသား တစ်ယောက်ပါ မောင်။
ငါနာကျင်တတ်တယ်၊ ခံစားတတ်တယ်။
ငါ့မှာလည်း ငါ့သိက္ခာနဲ့ငါ ရှိတယ်ဆိုတာရော မင်းနားလည်ရဲ့လား။ မင်း နှုတ်ကထွက်လာတဲ့
စကားတစ်လုံးချင်းဆီတိုင်းက သိပ်ကို လွန်ကျူးလွန်းလိုက်တာ။

" ငါက အမှန်တွေကို ပြောနေတာလေ မြေ့နင်းခ "

" မင်း ပြောနေတာတွေက တစ်ခုမှ ဟုတ်မနေဘူးလေ ရက်ခ "

" ပြန်ပြီး ခံခံပြောနေတာ
တော်တော်‌လေးကို သတ္တိကောင်းနေတယ်နော် ဟုတ်လား၊
တစ်ခွန်းမကျန် ပြန်ခံပြောနေတဲ့ ဒီပါးစပ်ပေါက်ကို
ငါအပြစ်ပေးပေးရမှာလား "

စကားလည်းအဆုံး မြေ့နင်းခလက်လည်း ဆောင့်ဆွဲခံလိုက်ရသည်။ ရက်ခဆွဲခေါ်သွားရာသို့ ဒရောသောပါး ပါသွားပြီး
အခန်းထဲလည်း ရောက်ရော ရေချိုးခန်းထဲထိကို
ဆက်ဆွဲခေါ်သွားပြီး  ရေချိုးကန် (bathtub)ထဲသို့ အရုပ်လေး ပစ်ထည့်လိုက်သည့်နှယ် ပြုမူခံလိုက်ရသည်။

" ရက်ခ မင်းဘာလုပ်မလို့လဲ "

မောင့်လက်တွေရဲ့ ဦးတည်ရာက
ရေပိုက်ဆီ သွားနေခြင်းကြောင့်
သူ အထိတ်တလန့် မေးလိုက်မိသည်။

" သောက်ပေါက်ပိတ်ထား! "

ပါးစောင်နှစ်ဖက်ကို လက်ဖြင့် အတင်းဆွဲညှစ်ပြီး
ပါးစပ်ပွင့်လာတော့ ရေပန်းကို အတင်းထိုးထည့်လေသည်။ ရေချိုးကန်အတွင်းရှိ ရေပိုက်ကိုပါ ဖွင့်ထားသဖြင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ရွှဲစိုကုန်၏။

" ရက်ခ ငါ တောင်းပန်ပါတယ် ကျေးဇူးပြုပြီး...
ငါမခံနိုင်လို့ပါ တောင်းပန်ပါတယ် ရပ်ပေးပါ "

ဗလုံးဗထွေး ပြောနေလည်း ဘာမှ မထူးပေ။
မပီသသည့် စကားလုံးများကို တစ်ယောက်သောသူက လျစ်လျူရှူ့ထားခြင်းကြောင့်ပင်။

သူ ရုန်းကန်နေရသည်။
ရေတွေကလည်း နှာခေါင်းမှတစ်ဆင့် ပြန်ထွက်နေ၏။
ရက်ခက အချိန်တစ်ခုကြာသည်အထိ မရပ်ပေးသေး။
နောက်ဆုံးတော့ မြေ့နင်းခ အားပြတ်ကာ သတိလစ်သွားလေသည်။

ကျွန်တော် ပြောဖူးပါတယ်။
မောင်က ကျွန်တော် သတိလစ်သွားတဲ့အထိ
နှိပ်စက်တတ်တယ်လို့လေ။
အဟက် မောင်က ကျွန်တော့်ကို နှိပ်စက်ရတာ ကြိုက်တယ် ထင်ပါ့နော်။

မောင်ရေ...
မင်းက နာကျင်မှုတွေဘဲ ပေးမယ်လို့ ဆုံးဖြတ်ထားရင်
ငါကလည်း တပွေ့တပိုက်ကြီးကို ခံယူမှာပါ။
အချစ်တွေ ပေးတယ်လို့ သဘောထားပြီးတော့ပေါ့။

အကယ်၍များ
ခံနိုင်ရည်မရှိတော့တဲ့တစ်နေ့ ရောက်လာခဲ့မယ်ဆိုရင်
ငါ့ကို အပြစ်တော့ မတင်ဘူးမလားဟင်။

--------------------------------
✨October 26 ,2021✨

Zawgyi

" သူဘယ္မွာလဲ "

" ျပန္မေရာက္ေသးဘူး အစ္ကိုေလး "

" ဘာ! ေန႔ခင္းထဲက ထြက္သြားတာ ခုထိ ျပန္မလာေသးဘူးေပါ့ဟုတ္လား အမွန္ဆို မင္းလိုက္သြားရမွာေနာ္ "

" ေနာက္မျဖစ္ေစရပါဘူး အစ္ကိုေလး "

" သြားေတာ့ မျမင္ခ်င္ဘူး "

တ၀ီ၀ီ ျမည္သံေၾကာင့္ သူႏိုးလာသည္။
ေမွာင္ရီပ်ိဳးစ ျပဳလာ၍ ျခင္ေတြ ဝိုင္းလာၿပီး
လက္ရွည္ဝတ္ထား၍ ေတာ္ကာက်မည္ဟုေျပာရမည္။
လက္ပတ္နာရီကို ၾကည့္လိုက္ေတာ့ ၅နာရီေတာင္ ခြဲေနၿပီျဖစ္ၿပီး ေျမ့နင္းခ အေတာ္ၾကာ အိပ္ေပ်ာ္သြားျခင္းျဖစ္ေလသည္။ ထိုကဲ့သို႔ အျပင္၌ အခ်ိန္ၾကာရွိေနျခင္းကို ရက္ခသာသိရင္ ေျမ့နင္းခဒုကၡေရာက္မည္မွာ အေသအခ်ာပင္။

" ကိုခ "

လွည့္ၾကည့္လိုက္ေတာ့ ေဒါက္တာ‌ ေႏြကူးရွိန္။

" ဪ ေဒါက္တာ "

" ကိုခ ေဆး႐ုံကို လာမယ့္လာေတာ့လည္း ကြၽန္ေတာ့္ဆီေတာင္ ဝင္မေတြ႕ဘူး "

" အသိတစ္ေယာက္ကို လူနာလာၾကည့္ေပးတာေလ၊
အလုပ္ခ်ိန္ဆိုေတာ့ အေႏွာင့္အယွက္ မေပးခ်င္လို႔
ကြၽန္ေတာ္လည္း လာမႏႈတ္ဆက္ေတာ့တာ "

" အာ... ဟုတ္ပါၿပီ၊ ခုေရာ ျပန္ေတာ့မွာမလား၊
ကြၽန္ေတာ္ လိုက္ပို႔ေပးမယ္ေလ "

သူလည္း ကားမပါလာ၍ ျငင္းမေနေတာ့ေပ။

" ေကာင္းၿပီေလ ေဒါက္တာ၊
လိုက္ပို႔ခိုင္းဖို႔ အားမနာေတာ့ဘူးေနာ္ "

အမွန္ေတာ့ အိပ္ခ်င္ေနေသး၍ဆို ပိုမွန္လိမ့္မည္။

" ေဒါက္တာ ကြၽန္ေတာ့္ကို လမ္းထိပ္မွာပဲ ခ်ေပးခဲ့ပါ၊
အိမ္ေရွ႕ထိလိုက္ပို႔ရင္ ကားလမ္းမေပၚ ေရာက္ဖို႔
အၾကာႀကီး ျပန္ပတ္ရလိမ့္မယ္ "

"ရပါတယ္ ကိုခကလည္း ပို႔ခ်င္းပို႔ ခရီးေရာက္ေအာင္
ပို႔ေပးရမွာေပါ့ဗ် "

" ဒါဆိုလည္း ေဒါက္တာ့သေဘာပါ "

" ကိုခ ကြၽန္ေတာ့္ကို ေဒါက္တာလို႔ မေခၚပါနဲ႔ဆိုဗ်ာ၊
ခုက ေဆး႐ုံမွာလည္း မဟုတ္ဘူး၊
ၿပီးေတာ့ ကိုခနဲ႔ ကြၽန္ေတာ္က လူစိမ္းေတြမွ  မဟုတ္ပဲ "

" ကြၽန္ေတာ္က ေလးစားသမႈနဲ႔ ေခၚ တာပါ "

" ေလးစားသမႈေတြ ဘာေတြ မလိုပါဘူးဗ်ာ၊
ကြၽန္ေတာ္ကေတာင္ ျပန္ေလးစားရဦးမယ္၊
ေဆးေက်ာင္းတတ္တုန္းကဆို ကိုခကို အရမ္းအားက်ရတာ
ၿပီးေတာ့ ကိုခက ကြၽန္ေတာ့ထက္လည္း အသက္ပိုႀကီးတာကို "

" ဟုတ္ပါၿပီ ကိုယ္ ေဒါက္တာလို႔မေခၚေတာ့ပါဘူး "

ေတာင္း‌ဆိုေနေသာေၾကာင့္
သူလည္း အသုံးအႏႈန္း ေျပာင္းေပးလိုက္ရသည္။

" ဟုတ္ ဒါနဲ႔ကိုခ တစ္ရက္ေလာက္ ဆုံရေအာင္၊
ကိုခ အားတဲ့ရက္ ကြၽန္ေတာ့္ကို ျပန္ေျပာေပး "

" ရပါတယ္ မင္း အားတဲ့ ရက္ေပါ့၊ မင္းက ပို အလုပ္မ်ားတယ္ေလ၊တကယ္လို႔ ကိုယ္ အားတယ္ဆိုရင္လည္း မင္းကို ဆက္သြယ္လိုက္မယ္ေလ "

" ဟုတ္ ဒါဆို ကိုခဘက္က အားေအာင္ လုပ္ထားေပးေပါ့ "

" ေရာက္ၿပီ ေနာက္မွ ေတြ႕ ၾကတာေပါ့ "

" အိုေခေလ သြားၿပီ ကိုခ "

ထိုစဥ္ အိမ္ႀကီးထဲ၌ဝယ္...။

" အစ္ကိုေလး ကားသံၾကားတယ္၊
အစ္ကိုေလးခ ျပန္လာၿပီထင္တယ္ "

" ကားဟုတ္လား ဘယ္သူပါသြားတာလဲ "

" တစ္ေယာက္ေယာက္ လိုက္ပို႔တာျဖစ္မယ္ ထင္တယ္ အစ္ကိုေလး "

ေျမ့နင္းခ ဧည့္ခန္းေရွ႕က အျဖတ္မွာ သူ႔နာမည္ကို တစ္လုံးခ်င္း ေခၚလိုက္တဲ့ ရက္ခအသံက ဟိန္းကနဲထြက္လာသည္။

" ေျမ့.နင္း.ခ. ဒါ ဘယ္ကျပန္လာတာလဲ "

ေပ်ာ့ေပ်ာင္းမလိုနဲ႔ တင္းမာေနသည့္ ေမာင့္အသံက
ေဒါသသံ စြတ္ေနသည္။
တစ္ဆက္တည္းမွာဘဲ သိရွိလိုက္သည္က ေမာင္ျပန္ေရာက္ေနၿပီျဖစ္သည္။

" ရက္ခ ဘယ္တုန္းက ျပန္ေရာက္တာလဲ၊ ငါ့ကို ဘယ္သူမွမေျပာ..."

" ငါ့ကို ေမးခြန္း ျပန္မထုတ္နဲ႔၊ ငါေမးတာ အရင္ေျဖ "

" ငါအျပင္က ျပန္လာတာ "

" မင္းေျပာမွလား ဘယ္က ျပန္လာတာလဲ ေမးေနတာ၊
ခုနက ကားသံကေရာ ဘယ္သူ႔ကားလဲ "

" ေဆးေက်ာင္းတက္တုန္းက အသိနဲ႔ သြားေတြ႕တာ ရက္ခ၊
ကားကလည္း သူ႔ကား ျပန္လိုက္ပို႔ေပးတာ "

" အသိဟုတ္လား မွန္မွန္ လိမ္စမ္းပါ
မင္းလိုေကာင္က အသိရွိမတဲ့လား
သူငယ္ခ်င္းေတာင္ မရွိတဲ့ ေကာင္ကမ်ား "

" ငါ့ ဂ်ဴနီယာညီေလးတစ္ေယာက္ပါ ရက္ခ၊
မင္းသူ႔ကို မသိလို႔ပါ "

" ငါ မသိဘူးဆိုကတည္းက ဘယ္က လင္ငယ္လဲမွ မသိတာ "
"  ရက္ခ မင္းငါ့ကို မစြပ္စြဲပါနဲ႔လားဟင္၊
မင္း မသိဘူးဆိုတာကလည္း အဲ့ခ်ိန္ေတြတုန္းက
မင္းမွ ျမန္မာျပည္မွာ မရွိတာ "

" ဒီမယ္ ေျမ့နင္းခ အခု မင္းက ျပန္ခံေျပာေနတာလား
ဟမ္ ဘယ္က သတၱိေတြ ရထားတာလဲ မင္းလင္ငယ္က ေပးလိုက္တာလား "

" ရက္ခ! "

မဆိုသေလာက္ ျမင့္တက္သြားသည့္ အသံမွာ ခံျပင္းမႈေတြ
ေရာပါသြားသည္။

ေျဖာင္း !

" ငါ့ကို လာမေအာ္နဲ႔ !!! "

ေမာင္က သူ႔အေပၚ ဘာလို႔ ဒီေလာက္ထိ ပ်စ္ပ်စ္ခါခါျဖစ္ေနရတာလဲ။

နီျမန္းသြားသည့္ ဘယ္ဘက္ပါးျပင္ေပၚသို႔
မ်က္ရည္ေပါက္‌မ်ား လိမ့္ဆင္းလာသည္။

" ငိုတယ္လား၊ နာတတ္တယ္ေပါ့ေလ ဟုတ္လား၊
ငါသိခ်င္တာက မင္းအဲ့တုန္းကေရာ ငိုခဲ့ေသးလား
ငါနဲ႔အတူ အိပ္ယာေပၚမွာေလ "

" ရက္ခ... ေက်းဇူးျပဳၿပီး... ငါ့ကို မေစာ္ကားပါနဲ႔ "

ငါက ႏွလုံးသားရွိတဲ့ လူသား တစ္ေယာက္ပါ ေမာင္။
ငါနာက်င္တတ္တယ္၊ ခံစားတတ္တယ္။
ငါ့မွာလည္း ငါ့သိကၡာနဲ႔ငါ ရွိတယ္ဆိုတာေရာ မင္းနားလည္ရဲ႕လား။ မင္း ႏႈတ္ကထြက္လာတဲ့
စကားတစ္လုံးခ်င္းဆီတိုင္းက သိပ္ကို လြန္က်ဴးလြန္းလိုက္တာ။

" ငါက အမွန္ေတြကို ေျပာေနတာေလ ေျမ့နင္းခ "

" မင္း ေျပာေနတာေတြက တစ္ခုမွ ဟုတ္မေနဘူးေလ ရက္ခ "

" ျပန္ၿပီး ခံခံေျပာေနတာ
ေတာ္ေတာ္‌ေလးကို သတၱိေကာင္းေနတယ္ေနာ္ ဟုတ္လား၊
တစ္ခြန္းမက်န္ ျပန္ခံေျပာေနတဲ့ ဒီပါးစပ္ေပါက္ကို
ငါအျပစ္ေပးေပးရမွာလား "

စကားလည္းအဆုံး ေျမ့နင္းခလက္လည္း ေဆာင့္ဆြဲခံလိုက္ရသည္။ ရက္ခဆြဲေခၚသြားရာသို႔ ဒေရာေသာပါး ပါသြားၿပီး
အခန္းထဲလည္း ေရာက္ေရာ ေရခ်ိဳးခန္းထဲထိကို
ဆက္ဆြဲေခၚသြားၿပီး  ေရခ်ိဳးကန္ (bathtub)ထဲသို႔ အ႐ုပ္ေလး ပစ္ထည့္လိုက္သည့္ႏွယ္ ျပဳမူခံလိုက္ရသည္။

" ရက္ခ မင္းဘာလုပ္မလို႔လဲ "

ေမာင့္လက္ေတြရဲ႕ ဦးတည္ရာက
ေရပိုက္ဆီ သြားေနျခင္းေၾကာင့္
သူ အထိတ္တလန႔္ ေမးလိုက္မိသည္။

" ေသာက္ေပါက္ပိတ္ထား! "

ပါးေစာင္ႏွစ္ဖက္ကို လက္ျဖင့္ အတင္းဆြဲညႇစ္ၿပီး
ပါးစပ္ပြင့္လာေတာ့ ေရပန္းကို အတင္းထိုးထည့္ေလသည္။ ေရခ်ိဳးကန္အတြင္းရွိ ေရပိုက္ကိုပါ ဖြင့္ထားသျဖင့္ ခႏၶာကိုယ္ေအာက္ပိုင္းတစ္ခုလုံး ႐ႊဲစိုကုန္၏။

" ရက္ခ ငါ ေတာင္းပန္ပါတယ္ ေက်းဇူးျပဳၿပီး...
ငါမခံႏိုင္လို႔ပါ ေတာင္းပန္ပါတယ္ ရပ္ေပးပါ "

ဗလုံးဗေထြး ေျပာေနလည္း ဘာမွ မထူးေပ။
မပီသသည့္ စကားလုံးမ်ားကို တစ္ေယာက္ေသာသူက လ်စ္လ်ဴရႉ႔ထားျခင္းေၾကာင့္ပင္။

သူ ႐ုန္းကန္ေနရသည္။
ေရေတြကလည္း ႏွာေခါင္းမွတစ္ဆင့္ ျပန္ထြက္ေန၏။
ရက္ခက အခ်ိန္တစ္ခုၾကာသည္အထိ မရပ္ေပးေသး။
ေနာက္ဆုံးေတာ့ ေျမ့နင္းခ အားျပတ္ကာ သတိလစ္သြားေလသည္။

ကြၽန္ေတာ္ ေျပာဖူးပါတယ္။
ေမာင္က ကြၽန္ေတာ္ သတိလစ္သြားတဲ့အထိ
ႏွိပ္စက္တတ္တယ္လို႔ေလ။
အဟက္ ေမာင္က ကြၽန္ေတာ့္ကို ႏွိပ္စက္ရတာ ႀကိဳက္တယ္ ထင္ပါ့ေနာ္။

ေမာင္ေရ...
မင္းက နာက်င္မႈေတြဘဲ ေပးမယ္လို႔ ဆုံးျဖတ္ထားရင္
ငါကလည္း တေပြ႕တပိုက္ႀကီးကို ခံယူမွာပါ။
အခ်စ္ေတြ ေပးတယ္လို႔ သေဘာထားၿပီးေတာ့ေပါ့။

အကယ္၍မ်ား
ခံႏိုင္ရည္မရွိေတာ့တဲ့တစ္ေန႔ ေရာက္လာခဲ့မယ္ဆိုရင္
ငါ့ကို အျပစ္ေတာ့ မတင္ဘူးမလားဟင္။

--------------------------------
✨October 26 ,2021✨

Continue Reading

You'll Also Like

11.6K 704 6
" ကြၽန္ေတာ္ ကေလးမဟုတ္ေတာ့ဘူး ယာယာ ၊ ငယ္ငယ္ကသာ ကြၽန္ေတာ့္ကို ဖေယာင္း႐ုပ္ေလးလိုပံုသြင္းလို႔ရမယ္ ၊ အခု ကြၽန္ေတာ္ လူႀကီးျဖစ္ေနၿပီ " " ဆိုးတဲ့ ကေလးေတြကို...
578K 37.1K 31
story description>>>>> start-5/10/2021 end-1/1/2022
362K 18.8K 40
My priority /property/privacy