[Book-1]novelထဲဝင်သွားပြီးနော...

By thiriWoonie

640K 78.6K 1.4K

Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More

Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
3[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
7[Z&U]
8[Z&U]
9[Z&U]
10[Z&U]
11[Z&U]
12[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
37[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
49[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
62[U&Z]
63[U&Z]
64[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
74[U&Z]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
81[U&Z]
82[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
108[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
119[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
141[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
163[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️

61[U&Z]

3.7K 511 13
By thiriWoonie

[Unicode]

နင်မုန့်ရဲ့ အမေးကို စုထျန်းထျန်းက ရင်းနှီးသည့် အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ "ဒီနားတဝိုက်မှာ စီးပွားရေးကိစ္စနဲ့ ပတ်သက်ပြီး တက်စရာလေးရှိလို့။ ပြီးတော့ ငါရောက်နေတုန်းလေး နင်အဆင်ပြေနေလား  လာစစ်ဆေးကြည့်တာ"

လူအုပ်ထဲမှ တစ်ယောက်က မေးလိုက်သည်။ "စီးပွားရေး? ဇာတ်လမ်းအသစ်အတွက် အလုပ်လုပ်နေရပြီလား"

စုထျန်းထျန်းကတော့ ဘာမှမပြောပဲ အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။

ချောင်ရွှယ်ဟွာက သဘာဝကျစွာ ဖြတ်ပြောလာသည် "ထျန်းထျန်းရဲ့ သတို့သားလောင်းက 'The Seductress'ဆိုတဲ့ ဇာတ်လမ်းရဲ့ copyrightကို ဝယ်ဖို့လာတာ။ အားလုံးသေချာပြီဆိုတာနဲ့ ရိုက်ကွင်းက မကြာခင်မှာပဲ စမှာ!"

နင်မုန့် မကူမကယ်နိုင်စွာပဲ ငြီးငွေ့စွာ နှာခေါင်းကို ပွတ်နေလိုက်သည်။

ဒီမိန်းမက...ဒီလာပြီး တမင်ကြွားနေတာပဲ!

နေပါဦး...

"The Seductress?"  

လင်းချင်ပေ့ သူမကို ရှင်းပြလာသည်။ "နာမည်ကြီးတဲ့ novelတစ်ပုဒ်ပဲ။ အဲ့တာက ဒီဘက်ခေတ်က အမျိုးသမီးက ရှေးခေတ်ကို အချိန်ခရီးသွားပြီး သူမရဲ့ နာမည် သမိုင်းမှာကျန်ရစ်ခဲ့အောင် လုပ်တဲ့ ဇာတ်လမ်းအကြောင်းပဲ။ အခုဒီဇာတ်လမ်းက လူတွေကြား အရမ်းရေပန်းစားနေတာ။ မူရင်းစာရေးဆရာနဲ့ ဆွေးနွေးပြီး copyrightဝယ်ချင်နေကြတဲ့ လူတွေမှ တပုံကြီးပဲ"

ပြီးနောက်မှာတော့ လင်းချင်ပေ့က အသံနှိမ့်ပြောလာသည် "အောက်ထပ် အစည်းအဝေးကနေ ငါကြားထားရသလောက်ဆို copyrightကို ယွမ် သန်း၈၀နဲ့ ရောင်းမယ်တဲ့"

"..."

သန်း၈၀ဆိုတာ လက်ခံနိုင်သော ပမာဏတစ်ခုဖြစ်လေသည်။ နာမည်ကြီးတဲ့ ရုပ်ရှင်တွေက ပိုက်ဆံအများကြီး ရှာပေးနိုင်တာ ဖြစ်တယ်ဆိုပေမယ့် လီရိချန်ကတော့ ထိုသို့သော အရာတွေကို လေ့လာဖို့ စိတ်မကူးထားပေ။

လူတိုင်း တအံ့တဩ လေးစားလို့ သွားကြလေ၏။

"အိုး ဒီရုပ်ရှင်က သေချာပေါက် နာမည်ကြီးမှာပဲ!"

"ဟုတ်တယ်! ဒီnovelကလည်း အရမ်း နာမည်ကြီးနေတာ! ဇာတ်ကြောင်းကလည်း သေသပ်တဲ့အပြင် စာရေးဆရာကလည်း အမျိုးအစားကို သေချာပေါက်နားလည်ပြီး ရေးနိုင်ခဲ့တာ! 'Shifting To Mars'ထက်တောင် ပိုကောင်းသေးတယ်!"

"သန်း၁၀၀....အိုး အကယ်၍ ငါသာ ပိုက်ဆံအဲ့လောက်ရှိနေရင် 'The Seductress'ရဲ့ ဇာတ်‌ကောင်နေရာ သေးသေးလေးမှာပဲ ဖြစ်ဖြစ် နေရာ‌ရအောင် ဝယ်ပစ်မှာ။ အနည်းဆုံးတော့ ငါ့နာမည်ကို နည်းနည်း လူသိများအောင် လုပ်နိုင်မှာပဲ"

"..."

သူမရဲ့ နောက်ရိုက်မယ့် ရုပ်ရှင်အကြောင်း လူအများပြောတာကို ကြားရတဲ့အခါ စုထျန်းထျန်း ပျော်ရွှင်နေလေ၏။

သူမ နင်မုန့်ကို တချက် စောင်းကြည့်လိုက်သည်။

တဖက်မှ နင်မုန့်ကတော့ မှတ်ချက်တစ်စုံတရာတောင် ပြောဖို့ စိတ်ကူး မရှိသည့် အတိုင်းပင်။ သူမက အရှေ့တည့်တည့်ကိုသာ အမူအရာမရှိ ငေးကြည့်လို့နေလေပြီး ပုံစံကလည်း ကြောင်ကြည့်နေတာနှင့် တူလေ၏။

'အိုး...နောင်တရနေပြီပေါ့'

စုထျန်းထျန်း သူမဆီသို့ မချိပြုံးဖြင့် လျှောက်သွားလိုက်ပြီး "နင်မုန့် ငါ့ညီမလေး ဘယ်တွေကြည့်နေတာလဲ။ ဒီမှာ စိတ်ဝင်စားစရာ တစ်ခုခုများ ရှိနေလို့လား"

သူမ မသိလိုက်တာ တစ်ခုက နင်မုန့် အမူအရာက နောင်တရနေတာ မဟုတ်ဘဲ မူရင်းစာအုပ်က အကြောင်းတွေကို သေသေချာချာ ပြန်စဉ်းစားနေတာ ဖြစ်လေ၏။

ဒီဇာတ်လမ်းနားမှာ အဓိက ဇာတ်ဆောင်က သူ့ငွေတွေ ဆုံးရှုံးသွားခဲ့တာ သေချာသလောက် ရှိပါတယ်။ ထိုအရာက သူ့ဘဝရဲ့ ကျရှုံးမှုတွေထဲက အကြီးမားဆုံး ဆုံးရှုံးမှုလို့တောင် ပြောလို့ရသည်အထိဖြစ်၏။

မှတ်မိသွားတဲ့အခါ နင်မုန့် ပြုံးလိုက်သည်။

"ဘာမှ မရှိပါဘူး။ ဒီအတိုင်း နင့်ရင်သား ဘယ်လောက်သေးလဲ တွေးကြည့်နေတာ။ နင်က ပိတ်စတွေကို ချိုးခြံရင်း နိုင်ငံအတွက် အကျိုးပြုပေးနေတာပဲ"

"..."

ကင်မရာပေါ်တွင် ကြည့်ကောင်းနေဖို့ရာအတွက် အနုပညာရှင် အများစုက သူတို့ကိုယ်သူတို့ ပိန်နေအောင် ကြိုးစားကြရသည်။

"ရင်သားမရှိ" ဆိုသော စာသားကလည်း အင်တာနက်ပေါ်မှာ စုထျန်းထျန်းကို ကျီစယ်ကြဆုံးစကားဖြစ်လေ၏။ ပြောပြီးသည့်အခါ ချက်ချင်းပင် နင်မုန့် ရယ်လိုက်မိသည်။

နင်မုန့် ပြုံးထားလျက်ပဲ ထပ်ပြောလိုက်၏။ "အိုး ဘုရားရေ ကြည့်ပါဦး။ ဝိုး တော်တော်ကို ပြားချပ်နေတာပဲ! လေ‌ယာဉ်ကွင်းထက်တောင် ပြားချပ်နေပါလား!"

"..."

ပြီးနောက် သူမ စုထျန်းထျန်းရဲ့ ပုခုံးကို ပုတ်ပေးလိုက်ရင်း သက်ပြင်းချကာ "နင့်အဖေက စူပါကြီး မဟုတ်ဘူးလား။ ဘာလို့ အဲ့လောက် ပိန်နေရတာလဲ"

"... နင်!"

စုထျန်းထျန်း ဒေါသထွက်လွန်း၍ ပြန်ပြောစရာ စကားတောင် စဉ်းစားလို့ မရတော့ချေ။

သူမရဲ့ တုံ့ပြန်ပုံကို ကြည့်ရင်း နင်မုန့် စိတ်ကျေနပ်လို့ နေ၏။

ဒီကောင်မကသာ ပထမ‌ဆုံး ရန်ဖြစ်ဖို့ ရွေးချယ်ခဲ့တာလေ။ ကိုယ့်ဘက်ကသာ စိန်ခေါ်တာကို လက်မခံဘဲ သူ့ပြန်မလှော်လိုက်ရင် ဘယ်ကောင်းပါ့မလဲ။

သနားစရာ ကောင်းလှတဲ့ ကောင်မလေးကို ဝေဖန်ပြီးနောက်မှာ ဓာတ်လှေကားထဲ ဝင်လိုက်ပြီး B1 ခလုပ်ကို နှိပ်လိုက်သည်။

Ding!

ဓာတ်လှေကားက သူမကို ကားပါကင်ဆီသို့ သယ်ဆောင်သွား၏။ သူမ ဓာတ်လှေကားထဲက ထွက်လိုက်တဲ့အခါ ယောက်ျားအများကြီးနှင့်အတူ လျှောက်လာသည့် သူမရှေ့မှ လီရိချန်ကို တွေ့လိုက်ရသည်။

အနက်ရောင် ဝတ်စုံပြည့်ကို ဝတ်ထားတဲ့ သူ့ပုံစံကတော့ အမြဲတမ်း ရင့်ကျက်သည့် လူတစ်ယောက်ပုံရိပ် ရှိလို့နေ၏။ နင်မုန့်ကို အမူအရာကင်းမဲ့နေသည့် အကြည့်တို့နှင့် ကြည့်လိုက်ပြီးနော် ကျော်လျှောက်သွားလေသည်။

နင်မုန့် လုပ်သည့်အရာက ထိုနေရာတွင် ရပ်နေရုံသာ ဖြစ်လေသည်။

မူရင်းဝတ္ထုထဲမှာတော့ လီရိချန်က သန်း၈၀ဆုံးရှုံးပြီးနောက် လုပ်ငန်းက ထိုးဆင်းလို့ သွားလေ၏။ ကံကောင်းစွာပဲ "Shifting to Mars"က အောင်မြင်ခဲ့လို့သာ ဆုံးရှုံးမှုတချို့ကို ပြန်ကာခဲ့နိုင်တာ ဖြစ်လေသည်။

သို့ပေမယ့်လည်း အခုတော့ သူမအနေနဲ့ လီရိချန်ဆီက "Shifting to Mars"ကို ခိုးခဲ့ပြီးလေပြီ။ ထိုသို့ လုပ်ခဲ့လို့လည်း သူမအနေနဲ့ အပြစ်ရှိတယ်လို့ မခံစားရပေါင်။

ခနတာ တွေးတောပြီးနောက် သူမ ပါးစပ်ကို မြန်မြန် လှုပ်ရှားလိုက်သည်။

"မစ္စတာ လီ!"

လီရိချန် ရပ်လိုက်ပြီး သူမကို လှည့်ကြည့်လိုက်သည်။

နင်မုန့် သူ့အား အကြံဉာဏ် နည်းနည်း ပေးလိုက်သည်။

"ရင်းနှီးမြှုပ်နှံတဲ့အခါ သေချာလေး ဂရုစိုက်ပါ။ နှစ်ရက်အတွင်း ဒီကိုထပ်လာဖို့ ကျွန်မ အကြံပြုချင်တယ်"

အားလုံးပဲ ‌သီတင်းကျွတ်လပြည့်နေ့မှာ ပျော်ရွှင်ကြပါစေ❤️

-------------------------

[Zawgyi]

နင္မုန္႔ရဲ႕ အေမးကို စုထ်န္းထ်န္းက ရင္းႏွီးသည့္ အၿပဳံးျဖင့္ ျပန္ေျဖလိုက္သည္။ "ဒီနားတဝိုက္မွာ စီးပြားေရးကိစၥနဲ႔ ပတ္သက္ၿပီး တက္စရာေလးရွိလို႔။ ၿပီးေတာ့ ငါေရာက္ေနတုန္းေလး နင္အဆင္ေျပေနလား  လာစစ္ေဆးၾကည့္တာ"

လူအုပ္ထဲမွ တစ္ေယာက္က ေမးလိုက္သည္။ "စီးပြားေရး? ဇာတ္လမ္းအသစ္အတြက္ အလုပ္လုပ္ေနရၿပီလား"

စုထ်န္းထ်န္းကေတာ့ ဘာမွမေျပာပဲ အၿပဳံးျဖင့္သာ တုံ႔ျပန္လိုက္သည္။

ေခ်ာင္႐ႊယ္ဟြာက သဘာ၀က်စြာ ျဖတ္ေျပာလာသည္ "ထ်န္းထ်န္းရဲ႕ သတို႔သားေလာင္းက 'The Seductress'ဆိုတဲ့ ဇာတ္လမ္းရဲ႕ copyrightကို ၀ယ္ဖို႔လာတာ။ အားလုံးေသခ်ာၿပီဆိုတာနဲ႔ ႐ိုက္ကြင္းက မၾကာခင္မွာပဲ စမွာ!"

နင္မုန႔္ မကူမကယ္ႏိုင္စြာပဲ ၿငီးေငြ႕စြာ ႏွာေခါင္းကို ပြတ္ေနလိုက္သည္။

ဒီမိန္းမက...ဒီလာၿပီး တမင္ႂကြားေနတာပဲ!

ေနပါဦး...

"The Seductress?"  

လင္းခ်င္ေပ့ သူမကို ရွင္းျပလာသည္။ "နာမည္ႀကီးတဲ့ novelတစ္ပုဒ္ပဲ။ အဲ့တာက ဒီဘက္ေခတ္က အမ်ိဳးသမီးက ေရွးေခတ္ကို အခ်ိန္ခရီးသြားၿပီး သူမရဲ႕ နာမည္ သမိုင္းမွာက်န္ရစ္ခဲ့ေအာင္ လုပ္တဲ့ ဇာတ္လမ္းအေၾကာင္းပဲ။ အခုဒီဇာတ္လမ္းက လူေတြၾကား အရမ္းေရပန္းစားေနတာ။ မူရင္းစာေရးဆရာနဲ႔ ေဆြးေႏြးၿပီး copyright၀ယ္ခ်င္ေနၾကတဲ့ လူေတြမွ တပုံႀကီးပဲ"

ၿပီးေနာက္မွာေတာ့ လင္းခ်င္ေပ့က အသံႏွ္ိမ့္ေျပာလာသည္ "ေအာက္ထပ္ အစည္းအေဝးကေန ငါၾကားထားရသေလာက္ဆို copyrightကို ယြမ္ သန္း၈၀နဲ႔ ေရာင္းမယ္တဲ့"

"..."

သန္း၈၀ဆိုတာ လက္ခံႏိုင္ေသာ ပမာဏတစ္ခုျဖစ္ေလသည္။ နာမည္ႀကီးတဲ့ ႐ုပ္ရွင္ေတြက ပိုက္ဆံအမ်ားႀကီး ရွာေပးႏိုင္တာ ျဖစ္တယ္ဆိုေပမယ့္ လီရိခ်န္ကေတာ့ ထိုသို႔ေသာ အရာေတြကို ေလ့လာဖို႔ စိတ္မကူးထားေပ။

လူတိုင္း တအံ့တဩ ေလးစားလို႔ သြားၾကေလ၏။

"အိုး ဒီ႐ုပ္ရွင္က ေသခ်ာေပါက္ နာမည္ႀကီးမွာပဲ!"

"ဟုတ္တယ္! ဒီnovelကလည္း အရမ္း နာမည္ႀကီးေနတာ! ဇာတ္ေၾကာင္းကလည္း ေသသပ္တဲ့အျပင္ စာေရးဆရာကလည္း အမ်ိဳးအစားကို ေသခ်ာေပါက္နားလည္ၿပီး ေရးႏိုင္ခဲ့တာ! 'Shifting To Mars'ထက္ေတာင္ ပိုေကာင္းေသးတယ္!"

"သန္း၁၀၀....အိုး အကယ္၍ ငါသာ ပိုက္ဆံအဲ့ေလာက္ရွိေနရင္ 'The Seductress'ရဲ႕ ဇာတ္‌ေကာင္ေနရာ ေသးေသးေလးမွာပဲ ျဖစ္ျဖစ္ ေနရာ‌ရေအာင္ ၀ယ္ပစ္မွာ။ အနည္းဆုံးေတာ့ ငါ့နာမည္ကို နည္းနည္း လူသိမ်ားေအာင္ လုပ္ႏိုင္မွာပဲ"

"..."

သူမရဲ႕ ေနာက္႐ိုက္မယ့္ ႐ုပ္ရွင္အေၾကာင္း လူအမ်ားေျပာတာကို ၾကားရတဲ့အခါ စုထ်န္းထ်န္း ေပ်ာ္႐ႊင္ေနေလ၏။

သူမ နင္မုန႔္ကို တခ်က္ ေစာင္းၾကည့္လိုက္သည္။

တဖက္မွ နင္မုန႔္ကေတာ့ မွတ္ခ်က္တစ္စုံတရာေတာင္ ေျပာဖို႔ စိတ္ကူး မရွိသည့္ အတိုင္းပင္။ သူမက အေရွ႕တည့္တည့္ကိုသာ အမူအရာမရွိ ေငးၾကည့္လို႔ေနေလၿပီး ပုံစံကလည္း ေၾကာင္ၾကည့္ေနတာႏွင့္ တူေလ၏။

'အိုး...ေနာင္တရေနၿပီေပါ့'

စုထ်န္းထ်န္း သူမဆီသို႔ မခ်ိၿပဳံးျဖင့္ ေလွ်ာက္သြားလိုက္ၿပီး "နင္မုန႔္ ငါ့ညီမေလး ဘယ္ေတြၾကည့္ေနတာလဲ။ ဒီမွာ စိတ္၀င္စားစရာ တစ္ခုခုမ်ား ရွိေနလို႔လား"

သူမ မသိလိုက္တာ တစ္ခုက နင္မုန႔္ အမူအရာက ေနာင္တရေနတာ မဟုတ္ဘဲ မူရင္းစာအုပ္က အေၾကာင္းေတြကို ေသေသခ်ာခ်ာ ျပန္စဥ္းစားေနတာ ျဖစ္ေလ၏။

ဒီဇာတ္လမ္းနားမွာ အဓိက ဇာတ္ေဆာင္က သူ႔ေငြေတြ ဆုံးရႈံးသြားခဲ့တာ ေသခ်ာသေလာက္ ရွိပါတယ္။ ထိုအရာက သူ႔ဘ၀ရဲ႕ က်ရႈံးမႈေတြထဲက အႀကီးမားဆုံး ဆုံးရႈံးမႈလို႔ေတာင္ ေျပာလို႔ရသည္အထိျဖစ္၏။

မွတ္မိသြားတဲ့အခါ နင္မုန႔္ ၿပဳံးလိုက္သည္။

"ဘာမွ မရွိပါဘူး။ ဒီအတိုင္း နင့္ရင္သား ဘယ္ေလာက္ေသးလဲ ေတြးၾကည့္ေနတာ။ နင္က ပိတ္စေတြကို ခ်ိဳးၿခံရင္း ႏိုင္ငံအတြက္ အက်ိဳးျပဳေပးေနတာပဲ"

"..."

ကင္မရာေပၚတြင္ ၾကည့္ေကာင္းေနဖို႔ရာအတြက္ အႏုပညာရွင္ အမ်ားစုက သူတို႔ကိုယ္သူတို႔ ပိန္ေနေအာင္ ႀကိဳးစားၾကရသည္။

"ရင္သားမရွိ" ဆိုေသာ စာသားကလည္း အင္တာနက္ေပၚမွာ စုထ်န္းထ်န္းကို က်ီစယ္ၾကဆုံးစကားျဖစ္ေလ၏။ ေျပာၿပီးသည့္အခါ ခ်က္ခ်င္းပင္ နင္မုန႔္ ရယ္လိုက္မိသည္။

နင္မုန႔္ ၿပဳံးထားလ်က္ပဲ ထပ္ေျပာလိုက္၏။ "အိုး ဘုရားေရ ၾကည့္ပါဦး။ ဝိုး ေတာ္ေတာ္ကို ျပားခ်ပ္ေနတာပဲ! ေလ‌ယာဥ္ကြင္းထက္ေတာင္ ျပားခ်ပ္ေနပါလား!"

"..."

ၿပီးေနာက္ သူမ စုထ်န္းထ်န္းရဲ႕ ပုခုံးကို ပုတ္ေပးလိုက္ရင္း သက္ျပင္းခ်ကာ "နင့္အေဖက စူပါႀကီး မဟုတ္ဘူးလား။ ဘာလို႔ အဲ့ေလာက္ ပိန္ေနရတာလဲ"

"... နင္!"

စုထ်န္းထ်န္း ေဒါသထြက္လြန္း၍ ျပန္ေျပာစရာ စကားေတာင္ စဥ္းစားလို႔ မရေတာ့ေခ်။

သူမရဲ႕ တုံ႔ျပန္ပုံကို ၾကည့္ရင္း နင္မုန႔္ စိတ္ေက်နပ္လို႔ ေန၏။

ဒီေကာင္မကသာ ပထမ‌ဆုံး ရန္ျဖစ္ဖို႔ ေ႐ြးခ်ယ္ခဲ့တာေလ။ ကိုယ့္ဘက္ကသာ စိန္ေခၚတာကို လက္မခံဘဲ သူ႔ျပန္မေလွာ္လိုက္ရင္ ဘယ္ေကာင္းပါ့မလဲ။

သနားစရာ ေကာင္းလွတဲ့ ေကာင္မေလးကို ေဝဖန္ၿပီးေနာက္မွာ ဓာတ္ေလွကားထဲ ၀င္လိုက္ၿပီး B1 ခလုပ္ကို ႏွိပ္လိုက္သည္။

Ding!

ဓာတ္ေလွကားက သူမကို ကားပါကင္ဆီသို႔ သယ္ေဆာင္သြား၏။ သူမ ဓာတ္ေလွကားထဲက ထြက္လိုက္တဲ့အခါ ေယာက္်ားအမ်ားႀကီးႏွင့္အတူ ေလွ်ာက္လာသည့္ သူမေရွ႕မွ လီရိခ်န္ကို ေတြ႕လိုက္ရသည္။

အနက္ေရာင္ ၀တ္စုံျပည့္ကို ၀တ္ထားတဲ့ သူ႔ပုံစံကေတာ့ အၿမဲတမ္း ရင့္က်က္သည့္ လူတစ္ေယာက္ပုံရိပ္ ရွိလို႔ေန၏။ နင္မုန႔္ကို အမူအရာကင္းမဲ့ေနသည့္ အၾကည့္တို႔ႏွင့္ ၾကည့္လိုက္ၿပီးေနာ္ ေက်ာ္ေလွ်ာက္သြားေလသည္။

နင္မုန႔္ လုပ္သည့္အရာက ထိုေနရာတြင္ ရပ္ေန႐ုံသာ ျဖစ္ေလသည္။

မူရင္းဝတၳဳထဲမွာေတာ့ လီရိခ်န္က သန္း၈၀ဆုံးရႈံးၿပီးေနာက္ လုပ္ငန္းက ထိုးဆင္းလို႔ သြားေလ၏။ ကံေကာင္းစြာပဲ "Shifting to Mars"က ေအာင္ျမင္ခဲ့လို႔သာ ဆုံးရႈံးမႈတခ်ိဳ႕ကို ျပန္ကာခဲ့ႏိုင္တာ ျဖစ္ေလသည္။

သို႔ေပမယ့္လည္း အခုေတာ့ သူမအေနနဲ႔ လီရိခ်န္ဆီက "Shifting to Mars"ကို ခိုးခဲ့ၿပီးေလၿပီ။ ထိုသို႔ လုပ္ခဲ့လို႔လည္း သူမအေနနဲ႔ အျပစ္ရွိတယ္လို႔ မခံစားရေပါင္။

ခနတာ ေတြးေတာၿပီးေနာက္ သူမ ပါးစပ္ကို ျမန္ျမန္ လႈပ္ရွားလိုက္သည္။

"မစၥတာ လီ!"

လီရိခ်န္ ရပ္လိုက္ၿပီး သူမကို လွည့္ၾကည့္လိုက္သည္။

နင္မုန႔္ သူ႔အား အႀကံဉာဏ္ နည္းနည္း ေပးလိုက္သည္။

"ရင္းႏွီးျမႇဳပ္ႏွံတဲ့အခါ ေသခ်ာေလး ဂ႐ုစိုက္ပါ။ ႏွစ္ရက္အတြင္း ဒီကိုထပ္လာဖို႔ ကြၽန္မ အႀကံျပဳခ်င္တယ္"

အားလုံးပဲ ‌သီတင္းကြၽတ္လျပည့္ေန႔မွာ ေပ်ာ္႐ႊင္ၾကပါေစ❤️

Continue Reading

You'll Also Like

251K 40.4K 103
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
432K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
435K 38.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1M 65.7K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင္ဒါသစ္ခြေတြကိုျမင္တိုင္း အတိတ္...