ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员ap...
بواسطة MinervaDarkling
1M 231K 27.3K
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထ... المزيد
Arc 2 အပိုင်း {၂၄} (U)
Arc 2 အပိုင်း {၂၄}(Z)
Arc 2 အပိုင်း {၂၅}(U)
Arc 2 အပိုင်း {၂၅} (Z)
Arc 2 အပိုင်း {၂၆} (U)
Arc 2 အပိုင်း {၂၆} (Z)
Arc 2 အပိုင်း {၂၇} (U)
Arc 2 အပိုင်း {၂၇} (Z)
Arc 2 အပိုင်း {၂၈}
အပိုင်း {၂၉} (Z+U)
Arc 2 အပိုင်း {၃၀} (Z+U)
Arc 2 အပိုင်း {၃၁} (Z+U)
Arc 2 အပိုင်း {၃၂} (Z+U)
Arc 2 အပိုင်း {၃၃} (Z+U)
Arc 2 အပိုင်း {၃၄} (Z+U)
Arc 2 အပိုင်း {၃၅} (Z+U)
Arc 2 အပိုင်း {၃၆}(Z+U)
Arc 2 အပိုင်း {၃၇}(Z+U)
Arc 2 အပိုင်း {၃၈} (Z+U)
Arc 2 အပိုင်း {၃၉}(Z+U)
Arc 2 အပိုင်း {၄၀}(Z+U)
Arc 2 အပိုင်း {၄၁} (Z+U)
Arc 2 အပိုင်း {၄၂} (Z+U) One
Arc 2 အပိုင်း {၄၂} (Z+U) Two
Arc 2 အပိုင်း {၄၃} (Z+U)
အပိုင်း {၄၄} (Z+U)
အပိုင်း {၄၅} (Z+U)
Arc 3 အပိုင်း {၄၆} (Z+U) One
Arc 3 အပိုင်း {၄၆} (Z+U) Two
Arc 3 အပိုင်း {၄၇} (Z+U)
Arc 3 အပိုင်း {၄၈} (Z+U)
Arc 3 အပိုင်း {၄၉} (Z+U)
Arc 3 အပိုင်း {၅၀} (Z+U)
Arc 3 အပိုင်း {၅၁} (Z+U)
Arc 3 အပိုင်း {၅၂} (Z+U)
Arc 3 အပိုင်း {၅၃} (Z+U)
Arc 3 အပိုင်း {၅၄} (Z+U)
Arc 3 အပိုင်း {၅၅} (Z+U)
Arc 3 အပိုင်း {၅၆} (Z+U)
Arc 3 အပိုင်း {၅၇} (Z+U)
Arc 3 အပိုင်း {၅၈} (Z+U) One
Arc 3 အပိုင်း {၅၈}(Z+U) Two
Arc 3 အပိုင်း {၅၉} (Z+U)
Arc 3 အပိုင်း {၆၀} (Z+U)
Arc 3 အပိုင်း {၆၁} (Z+U)
Arc 3 အပိုင်း {၆၂} (Z+U) One
Arc 3 အပိုင်း {၆၂} (Z+U) Two
Arc 3 အပိုင်း {၆၃} (Z+U)
Arc 3 အပိုင်း {၆၄} (Z+U)
Arc 3 အပိုင်း {၆၅} (Z+U)
အပိုင်း {၆၆} (Z+U)
အပိုင်း {၆၇} (Z+U)
အပိုင်း {၆၈} (Z+U)
Arc 4 အပိုင်း {၆၉} (Z+U)
Arc 4 အပိုင်း {၇၀} (Z+U)
Arc 4 အပိုင်း {၇၁} (Z+U)
Arc 4 အပိုင်း {၇၂} (Z+U)
Arc 4 အပိုင်း {၇၃} (Z+U)
Arc 4 အပိုင်း {၇၄} (Z+U)
Arc 4 အပိုင်း {၇၅} (Z+U)
Arc 4 အပိုင်း {၇၆} (Z+U)
Arc 4 အပိုင်း {၇၇} (Z+U)
Arc 4 အပိုင်း {၇၈} (Z+U)
Arc 4 အပိုင်း {၇၉} (Z+U)
Arc 4 အပိုင်း {၈၀} (Z+U)
Arc 4 အပိုင်း {၈၁} (Z+U)
Arc 4 အပိုင်း {၈၂} (Z+U)
Arc 4 အပိုင်း {၈၃} (Z+U)
Arc 4 အပိုင်း {၈၄} (Z+U)
Arc 4 အပိုင်း {၈၅} (Z+U)
Arc 4 အပိုင်း {၈၆} (Z+U)
Arc 4 အပိုင်း {၈၇} (Z+U)
Arc 4 အပိုင်း {၈၈} (Z+U)
Arc 4 အပိုင်း {၈၉} (Z+U)
Arc 4 အပိုင်း {၉၀} (Z+U) One
Arc 4 အပိုင်း {၉၀} (Z+U) Two
Arc 4 အပိုင်း {၉၁} (Z+U)
Arc 4 အပိုင်း {၉၂} (Z+U)
Arc 4 အပိုင်း {၉၃} (Z+U)
Arc 4 အပိုင်း {၉၄} (Z+U)
Arc 4 အပိုင်း {၉၅} (Z+U)
Arc 4 အပိုင်း {၉၆} (Z+U)
အပိုင်း {၉၇} (Z+U)
အပိုင်း {၉၈} (Z+U)
Arc 5 အပိုင်း {၉၉} (Z+U)
Arc 5 အပိုင်း {၁၀၀} (Z+U)
Arc 5 အပိုင်း {၁၀၁} (Z+U)
Arc 5 အပိုင်း {၁၀၂} (Z+U)
Arc 5 အပိုင်း {၁၀၄} (Z+U)
Arc 5 အပိုင်း {၁၀၅} (Z+U) One
Arc 5 အပိုင်း {၁၀၅} (Z+U) Two
Arc 5 အပိုင်း {၁၀၆} (Z+U)
Arc 5 အပိုင်း {၁၀၇} (Z+U)
Arc 5 အပိုင်း {၁၀၈} (Z+U)
Arc 5 အပိုင်း {၁၀၉} (Z+U)
Arc 5 အပိုင်း (၁၁၀) (Z+U)
Arc 5 အပိုင်း {၁၁၁} (Z+U)
Arc 5 အပိုင်း {၁၁၂} (Z+U)
Arc 5 အပိုင်း {၁၁၃} (Z+U)
Arc 5 အပိုင်း {၁၁၄} (Z+U)
Arc 5 အပိုင်း {၁၁၅} (Z+U)
အပိုင်း {၁၁၆} (Z+U)
အပိုင်း {၁၁၇} (Z+U)
အပိုင်း {၁၁၈} (Z+U)
အပိုင်း {၁၁၉} (Z+U)
Arc 6 အပိုင်း {၁၂၀} (Z+U)
Arc 6 အပိုင်း {၁၂၁} (Z+U)
Arc 6 အပိုင်း {၁၂၂} (Z+U)
Arc 6 အပိုင်း {၁၂၃} (Z+U)
Arc 6 အပိုင်း {၁၂၄} (Z+U)
Arc 6 အပိုင်း {၁၂၅} (Z+U)
Arc 6 အပိုင်း {၁၂၆} (Z+U)
Arc 6 အပိုင်း {၁၂၇} (Z+U)
Arc 6 အပိုင်း {၁၂၈} (Z+U)
Arc 6 အပိုင်း {၁၂၉} (Z+U)
Arc 6 အပိုင်း {၁၃၀}(Z+U)
Arc 6 အပိုင်း {၁၃၁}(Z+U)
Arc 6 အပိုင်း {၁၃၂} (Z+U)
Arc 6 အပိုင်း {၁၃၃} (Z+U)
Arc 6 အပိုင်း {၁၃၄} (Z+U)
Arc 6 အပိုင်း {၁၃၅} (Z+U)
Arc 6 အပိုင်း {၁၃၆} (Z+U)
Arc 6 အပိုင်း {၁၃၇} (Z+U)
Arc 6 အပိုင်း {၁၃၈} (Z+U)
Arc 6 အပိုင်း {၁၃၉} (Z+U)
Arc 6 အပိုင်း {၁၄၀} (Z+U)
Arc 6 အပိုင်း {၁၄၁} (Z+U)
Arc 6 အပိုင်း {၁၄၂} (Z+U)
Arc 6 အပိုင်း {၁၄၃} (Z+U)
Arc 6 အပိုင်း {၁၄၄} (Z+U)
အပိုင်း {၁၄၅} (Z+U)
အပိုင်း {၁၄၆} (Z+U)
အပိုင်း {၁၄၇} (Z+U)
အပိုင်း {၁၄၈} (Z+U)
အပိုင်း {၁၄၉} (Z+U)
အပိုင်း {၁၅၀} (Z+U)
Arc 7 အပိုင်း {၁၅၁} (Z+U)
Arc 7 အပိုင်း {၁၅၂} One (Z+U)
Arc 7 အပိုင်း {၁၅၂} Two (Z+U)
Arc 7 အပိုင်း {၁၅၃} (Z+U)
Arc 7 အပိုင်း {၁၅၄} (Z+U)
Arc 7 အပိုင်း {၁၅၅} (Z+U)
Arc 7 အပိုင်း {၁၅၆} (Z+U)
Arc 7 အပိုင်း {၁၅၇} (Z+U)
Arc 7 အပိုင်း {၁၅၈} (Z+U)
Arc 7 အပိုင်း {၁၅၉} (Z+U)
Arc 7 အပိုင်း {၁၆၀} (Z+U)
Arc 7 အပိုင်း {၁၆၁} (Z+U)
Arc 7 အပိုင်း {၁၆၂} (Z+U)
Arc 7 အပိုင်း {၁၆၃} (Z+U)
Arc 7 အပိုင်း {၁၆၄} (Z+U)
Arc 7 အပိုင်း {၁၆၅} (Z+U)
Arc 7 အပိုင်း {၁၆၆} (Z+U)
Arc 7 အပိုင်း {၁၆၇} (Z+U)
Arc 7 အပိုင်း {၁၆၈} (Z+U)
Arc 7 အပိုင်း {၁၆၉} (Z+U)
Arc 7 အပိုင်း {၁၇၀} (Z+U)
Arc 7 အပိုင်း {၁၇၁} (Z+U)
Arc 7 အပိုင်း {၁၇၂} (Z+U)
Arc 7 အပိုင်း {၁၇၃} (Z+U)
Arc 7 အပိုင်း {၁၇၄} (Z+U)
အပိုင်း {၁၇၅} (Z+U)
အပိုင်း {၁၇၆} (Z+U)
အပိုင်း {၁၇၇} (Z+U)
အပိုင်း {၁၇၈} (Z+U)
အပိုင်း {၁၇၉}ဇာတ်သိမ်းပိုင်း(Z+U)
အချပ်ပို {တစ်}
Arc 5 အပိုင်း {၁၀၃} (Z+U)
6.3K 1.5K 85
بواسطة MinervaDarkling
ရှင်လျက်နှင့် ငရဲကျခြင်း (၅)
UNICODE
ပန်းချီကားမှာ အတော်ကို ရှေးဆန်ပြီး ကောင်းကောင်းထိန်းသိမ်းထားလေသည်။ ကြည့်ရတာ အဘိုးကြီးမှာ မကြာခဏဆိုသလိုပင် ထုတ်ပြီး ကိုင်ကြည့်ပုံရသည်။ ကားလိပ်က ချောချောမွေ့မွေ့ပင် ပြေကျလာပြီး စက္ကူတွင် ရှိသင့်သည့် အတွန့်အခေါက်များမရှိပေ။ ရှဲဲ့ချီ ဖြန့်ကြည့်လိုက်ပြီး အရုပ်ဆိုးလျက် ချစ်ဖို့ကောင်းသော အကောင်အားဆွဲထားသည်ကို တွေ့လိုက်ရသည်။
ထိုသတ္တဝါမှာ အလွန်ပုတိုပြီး ပြားချပ်ချွန်ထွက်နေသော ပါးစပ်ရှိသည်။ ဖားသဖွယ် ကျောက်စိမ်းရောင် ခန္ဓာကိုယ်၊ အလွန်ရှည်လျားသော လက်များ၊ သန်မာသည့် ကျောအခုံးနှင့် ကျောတွင် လိပ်ခွံရှိလေသည်။ ၎င်း၏ခေါင်းထိပ်မှာ ​ရေခံထား၍ရသော အပြားကဲ့သို့ ချိုင့်ဝင်နေသည်။ ပန်းချီကားမှာ မိုးရွာနေသောမြင်ကွင်းဖြစ်သည်။ အစိမ်းရောင်သတ္တဝါက ကြာရွက်အောက်တွင် ပုန်းနေပြီး အရွက်ပေါ်မှ ရေများက သူ့ခေါင်းထက်ရှိ အပြားပေါ်ကျမည်ကိုစောင့်နေလေသည်။ ရယ်ရသည့်ကိစ္စအလား ရယ်မောနေပြီး ၎င်း၏ နှုတ်ခမ်းထောင့်များမှာ နားရွက်ထိတိုင်တက်ချိတ်နေတော့သည်။
ပန်းချီကား၏ အောက်နားညာဖက်ထောင့်ရှိ လက်ရေးမှာ ရွဲ့စောင်းနေပြီး ခပ်ဝါးဝါးမြင်ရလေသည်။ က(ပ်)ပါဟု ရေးထားလေသည်။
ထိုသတ္တဝါကို ရှဲ့ချီသိသည်။ ထိုသတ္တဝါသည် ဂျပန်ဒဏ္ဍာရီထဲမှဖြစ်သည်။ ၎င်းတွင် ကောင်းမွန်​သော ရေအရည်အသွေး၊ ကြင်နာမှု၊ လူသားများနှင့် နီးစပ်မှုနှင့် ဖြူစင်မှုတို့ရှိလေသည်။ ရှဲ့ချီသည် သူ့မှတ်ဉာဏ်ထဲမှ ထိုဒဏ္ဍာရီလာသတ္တဝါ၏ အကျင့်များကို ရှာတွေ့လိုက်ပြီး အရင်တုန်းက အဘိုးကြီးပြောခဲ့ဖူးသည်ကို သတိရလိုက်သည်။ အဘိုးကြီးသည် ငရဲ၏ ကျပန်းအထပ်စနစ်ကို ပြောနေစဥ်တုန်းက မတော်တဆ က(ပ်)ပါ အကြောင်း ပြောမိလိုက်သည်။
ရှဲ့ချီ တွေးဆရင်း ခေါင်းငုံ့လိုက်သည်။ သူ့စိတ်ထဲ တစ်ခုခုပေါ်လာသည်။ အဘိုးကြီး ပြောပြချင်သည့်အရာမှာ က(ပ်)ပါ မွေးဖွားလာသည့်အကြောင်းဖြစ်သည်။ ဒဏ္ဍာရီအရ က(ပ်)ပါများသည် သူတို့ မွေးလာချင်၊မမွေးလာချင်ကို ဆုံးဖြတ်နိုင်ကြသည့် သတ္တဝါများဖြစ်သည်။
က(ပ်)ပါတိုင်းပြည်တွင် က(ပ်)ပါအမေက မီးဖွားတော့မည့်အခါတွင် က(ပ်)ပါအဖေသည် က(ပ်)ပါသမားတော်ကို ပင့်လိုက်သည်။ က(ပ်)ပါသည် မွေးဖွား​ပေးရန်အလျင်မလိုပေ။ အရင်ဆုံး က(ပ်)ပါအမေ၏ ဗိုက်ပေါ်တွင် လှဲလိုက်ပြီး ဗိုက်ထဲရှိ က(ပ်)ပါလေးအား ဒီမိသားစုထဲ မွေးဖွားလာချင်သလားဟု မေးသည်။
သမားတော်သည် မိဘတွေက ကောင်းမွန်ပြီး ကလေးက ကျေနပ်ရဲ့လားဟုမေးသည်။ က(ပ်)ပါကလေးလေးက ထိုမိသားစုတွင် မမွေးဖွားချင်ဘူးနှင့် လောကထဲမရောက်လာချင်သေးဘူးဆိုပါက သမားတော်သည် မိဘများကို ဘေးပို့ပြီး က(ပ်)ပါအား အစောမီးဖွားစေကာ က(ပ်)ပါ ကလေးလေးကို ဘဝကူးစေသည်။
က(ပ်)ပါ မွေးဖွားသည့်စနစ်က ငရဲနှင့်ပြောင်းပြန်ပင်။ အကျဥ်းသား ကျသွားသည့်အထပ်က လုံးဝ ကျပန်းဖြစ်ပြီး ၁၅ ရက်ကြာပြီးနောက် သူပြန်ပေါ်လာမည့်အထပ်ကလည်း ကျပန်းပင်ဖြစ်သည်။ က(ပ်)ပါသည် သူ့အစကို ဆုံးဖြတ်၍ရသော်လည်း အကျဥ်းသားများကမရ။
ရှဲ့ချီမှာ ပန်းချီကား၏ သမိုင်းကို နည်းနည်းသိချင်သွားရသည်။ အဘိုးကြီးက သူ့အိတ်ကပ်ထဲတွင် ဖွက်ထားသည့် မှတ်စုစာအုပ်ကို ကြည့်ကြည့်လိုက်သည်။
မှတ်စုစာအုပ်မှာ သေးသည်။ လက်ညှိုးလောက်သာရှည်ပြီး လက်မလောက်အကျယ်ရှိကာ ဘေးဖက်များမှာ ဖွာနေသည်။ အဘိုးကြီးမှာ စာရွက်ကိုရလာပြီး လက်ဖဝါးတစ်ခုစာ ညှပ်ကာ တစ်ခုပြီးတစ်ခုအား ဖောက်ပြီးနောက် စာရွက်အပိုင်းကလေးများကို ကြိုးနှင့် ချည်ထားခြင်းဖြစ်သည်။
အလွန်ကို လက်ဝင်ပြီး ပျင်းစရာကောင်းသည့်အလုပ်ဖြစ်သော်လည်း ငရဲတွင် အပေါဆုံးမှာ အချိန်ဖြစ်သည်။
ရှဲ့ချီ စာရွက်ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးထဲတစ်ခုခု ပေါ်လာသည်။ ထိုသည်က ဒိုင်ယာရီတစ်အုပ်ဖြစ်သည်။ အဘိုးကြီးတွင် နေ့တိုင်း ဒိုင်ယာရီရေးတတ်သည့် အကျင့်ရှိသည်။ စက္ကူအရွယ်အစားသေးသောကြောင့် စာရွက်ပေါ်ရှိ စကားလုံးများမှာ အလွန်သေးသဖြင့် ရှဲ့ချီ မနည်းကြိုးစားပြီး ဖတ်လိုက်ရသည်။
တစ်မျက်နှာပြီးတစ်မျက်နှာကို သူဖတ်ကြည့်သည်။ ဆယ်မိနစ်ကြာပြီးနောက် က(ပ်)ပါပန်းချီကား၏ မှတ်တမ်းကို တွေ့လိုက်ရသည်။
"ဒီနေ့ ငါနဲ့အတူနေတဲ့သူကို ငါသတ်လိုက်ပြီး သူ့ပေါ်မှာ ဒါကို ရှာတွေ့ခဲ့တယ်။ သူပြောတာတော့ အအေးငရဲရှစ်ထပ်ထဲက တစ်ထပ်မှာ ရှာတွေ့လာတာတဲ့။ ကျပန်းနေရာချတာနဲ့ယှဥ်ရင် အရမ်းကိုလှောင်နေသလိုပဲလို့ ငါထင်မိပေမဲ့ ဘယ်လိုသုံးရမလဲဆိုတာ ငါမသိသေးဘူး။ လောလောဆယ်တော့ သိမ်းထားလိုက်ဦးမယ်။"
ရှဲ့ချီ တွေးဆရင်း ပန်းချီကားကို ပြန်လိပ်လိုက်သည်။ ဤအရာကို ငရဲထဲတွင် ရှာတွေ့ခဲ့ပြီး နည်းနည်းတော့...အခွင့်အရေးတစ်ခုနှင့် တူသည်ပင်။
ရှဲ့ချီ မျက်မှောင်ကြုတ်လိုက်သည်။ ငရဲက အဆုံးအစမဲ့ပြီး ထိုအရာကိုရှာတွေ့ရန်မှာ အတော်ကြိုးစားခဲ့ရသည်။ ဒိုင်ယာရီ၏ အစအောက်ရှိ ရက်စွဲကို သူပြန်ကြည့်လိုက်သည်:ဇန်နဝါရီ ၂၀။ ဒိုင်ယာရီ၏ နောက်ဆုံးစာမျက်နှာမှာ မတ်လ ၂၃ ရက်ဖြစ်သည်။ နှစ်လကုန်သွားသည့်တိုင် အဘိုးကြီးမှာ ဒီအရာ၏ အသုံးဝင်မှုကို မဖော်ထုတ်နိုင်သေး။
ရှဲ့ချီ ပန်းချီကားအား ပြန်ဖြန့်လိုက်ပြီး တစ်နေရာမှမကျန်စေဘဲ အထက်အောက် သေသေချာချာ ကိုင်ကြည့်လိုက်သည်။ ဘာမှမရှိပေ။
[ပန်းချီကားက တစ်ခုခုရှိနေတယ်လို့ ချီချီထင်လို့လား။]
[မဖြစ်နိုင်တာ။ နှစ်လတောင်ရှိပြီကို။ အဘိုးကြီးလည်း အကုန်ရှာကြည့်ထားပြီးပြီနေမှာ။]
[ပန်းချီကားပေါ် အရည်တစ်ခုခုလောင်းချပြီးမှ စာလုံးတွေပေါ်လာမယ်ထင်တယ်။]
[မင်းဇာတ်လမ်းတွေကြည့်တာများနေပြီ။ ပြီးတော့ အဲ့လောက်စုတ်ပြတ်နေတဲ့နေရာမှာ ဘယ်ကအဲ့လိုအရည်ရမှာလဲ။ ချီးပဲ။]
ရှဲ့ချီသည် ရေခဲ၏ အပါးဆုံးအပိုင်းကို ရှာတွေ့လိုက်ပြီး အဘိုးကြီးချန်ထားခဲ့သည့်ဓားကိုသုံးကာ ရေခဲလွှာကို ထုချေပစ်လိုက်သည်။ ရေခဲလွှာအောက်ရှိ ရေခဲရေများပေါ်လာပြီး ရှဲ့ချီသည် တုံ့ဆိုင်းခြင်းမရှိဘဲ ပန်းချီကားကို ရေထဲနှစ်လိုက်သည်။
[သူ ဘာလုပ်နေတာလဲ။ ပန်းချီကားကို ဖျက်စီးပစ်​နေတာလား။]
[ဘာလားဟ!!!]
ရှဲ့ချီမှာ ဖားက ရေထဲခုန်ဆင်းလိုက်သလို ပလုံခနဲ အသံကြားလိုက်ရသည်။ ပတ်ဝန်းကျင်တွင် အလွန် တိတ်ဆိတ်နေ၍လားမသိ။ ရှဲ့ချီမှာ ရေလှိုင်းဂယက်အသံများကိုပင် မသိမသာကြားလိုက်ရသလိုပင်။ တစ်စုံတစ်ခုက ပန်းချီကားထဲမှနေ၍ ရေထဲခုန်ဆင်းသွားသည်။ ကြည်တောက်နေသည့် ရေခဲအောက်တွင် အစိမ်းရောင်တစ်စုံတစ်ခုက ပျော်ပျော်ကြီးရေကူးနေသည်။ စက္ကန့်အနည်းငယ်ကြာသော် ရေနက်ထဲကူးသွားပြီး ပျောက်သွားလေတော့သည်။
ရှဲ့ချီ ပြုံးကာ ရေထဲမှ ပန်းချီကားကို ပြန်ဆယ်လိုက်သည်။ ပန်းချီကားထဲရှိ က(ပ်)ပါမှာ ပျောက်သွားပြီဖြစ်သည်။ ကားလိပ်၏ အလယ်မှာ ဗလာဖြစ်နေသည်။ အောက်နားညာဖက်ထောင့်ရှိ 'က(ပ်)ပါ' ဟူသော စကားလုံးသည်သာလျှင် ပန်းချီကားမှာ အစက အသက်ဝင်လှသော က(ပ်)ပါ၏ ပုံဖြစ်ကြောင်း သက်သေပြနေသည်။
အဘိုးကြီးသည် ပန်းချီကားကို အလွန်တန်ဖိုးထားပြီး သေချာထိန်းသိမ်းထားသည်။ သူ့ခန္ဓာကိုယ်နှင့် အနီးဆုံးတွင်ဖွက်ထားပြီး ရေစိုခံဖို့ရာ မဖြစ်နိုင်ပေ။ ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်များကို ရှာရန် စစ်ဆေးပြီးရင်းစစ်ဆေးလေ့ရှိသည်။ တကယ်တော့ က(ပ်)ပါ၏ အကျင့်များက အကျဥ်းသားများအား အခွင့်အရေးကို ဘယ်လိုရအောင်ယူရမည်ဖြစ်ကြောင်း ပြောပြပြီးပြီဖြစ်သည်။ က(ပ်)ပါသည် ရေကြိုက်သောကြောင့် ပန်းချီကားအား ရေထဲလုံးဝ နှစ်လိုက်ရုံပင်။
အတော်ကြာအောင် တိတ်နေခဲ့သည့် App က အသံမြည်လာသည်။
[ဂုဏ်ယူပါတယ်။ ငရဲတွင် အခွင့်အရေးတစ်ခုကို သင်ရရှိသွားပါပြီ: မွေးဖွားရန် က(ပ်)ပါ၏ ရွေးချယ်နိုင်ခွင့်။ လူသားကလေးများမှာ သူတို့မွေးဖွားလာရမည့် မိသားစုအမျိုးအစားကို ရွေးချယ်၍မရနိုင်ပါ။ လက်ခံဖို့ရာသာ တွန်းအားပေးခြင်းခံရသည်။ သို့သော် က(ပ်)ပါကတော့ သူတို့၏ မိဘများနှင့် သူတို့လိုချင်သည့် ပတ်ဝန်းကျင်ကို ရွေးချယ်၍ရလေသည်။]
[နောက်ထပ် ငရဲအထပ်ပြောင်းသည့်အခါ သင်သည် သင်မွေးဖွားမည့်နေရာကို ရွေးချယ်နိုင်ပါသည်(သုခဘုံမှလွဲ၍)။ တစ်ကြိမ်တည်းသာဖြစ်သည်။]
ရှဲ့ချီ ပြုံးလိုက်မိသည်။ ဒါက နောက်ထပ် ညီမျှအောင်လုပ်တဲ့နည်းတစ်မျိုးလား။ သူ့မှာ ကံဆိုးပြီး အစကတည်းက အောက်ဆုံးထပ်ကိုကျသွားခဲ့သည်။ သို့သော် ဒီအခွင့်အရေးကို မထင်မှတ်ဘဲ ရလိုက်သည်။ ဤနည်းဖြင့် နောက်တစ်ခါ အထပ်များပြောင်းပါက သူအောက်ဆုံးထပ်ဆီကျမည်ကို ပူစရာမလိုတာ့ပေ။
ရည်ရွယ်ချက်ပေါ်သွားပြီဖြစ်သောကြောင့် ဗလာစာလိပ်သည်လည်း အသုံးမဝင်တော့။ ရှဲ့ချီ ပြန်လိပ်လိုက်ပြီး ရေခဲရေထဲ ပြန်ထည့်လိုက်သည်။ ငရဲတွင် အခြားသူများရှိပြီး ဒါကို နောက်ရောက်လာသူများ မြင်သွား၍မဖြစ်ပေ။ သိပ်မကြာခင် နှင်းတွေထူလာကာဖုံးသွားမည် ဖြစ်သောကြောင့် တက်ကြွနေသည့် က(ပ်)ပါ တစ်ကောင်၏ ပန်းချီကားက ရေခဲအောက်တွင် မြောနေသည်ကို ဘယ်သူမှသိကြမည်မဟုတ်ပေ။
ရှဲ့ချီမှာ ဆယ်မိနစ်လောက်သာ အလုပ်ရှုပ်နေခြင်းဖြစ်သော်လည်း သူ့ကိုယ်မှာ နှင်းအထူကြီးနှင့် ဖုံးနေပြီဖြစ်သည်။ ကံကောင်းစွာပင် သူ့တွင် အဘိုးကြီးထံမှ စွမ်းအင်ရှိသောကြောင့် အအေးဒဏ်ကို မခံစားရပေ။ မှောင်နေပြီဖြစ်ပြီး ဒီညအတွက် သူဂူတစ်ခုသွားရှာမည်ဖြစ်သည်။
App က စာတစ်ဆောင်ပို့လာသည်။ ဤနေရာရှိ အချိန်မှာ ငါးဆပိုမြန်လေသည်။ ၁၅ ရက်မှာ တကယ်တမ်း သုံးရက်သာကြာသည်။ အလွန်ကို မြန်လေသည်။
ဤနေရာမှာ အရမ်းလှသည်။ ကောင်းကင်ကြီးမှာ ရေသန့်အလား ကြည်လင်နေပြီး နှင်းမှုန်များစွာရှိလေသည်။ အော်ရိုရာတောင် ရှိနိုင်လောက်သည်။ သူ့ကိုကိုသာ ဒီမှာ အတူရှိနေပါက သူတို့ အဲ့ဒါကို အတူတူကြည့်ရလောက်သည်။
ရှဲ့ချီ ကူကယ်ရာမဲ့သွားသည်။ App သည် သူ့ကိုကိုနှင့် သူ့ကို ခွဲထုတ်ပေးလိုက်တုန်းက အဲ့လောက်မကောင်းမှန်း သူသိသည်။ ဖြစ်ချင်တော့ သူတစ်ယောက်တည်း လုပ်ကိုင်ရမည်ဖြစ်နေသည်။ အဲ့ဒါကြောင့်လည်း တစ်ခါတည်း ရိုက်ကူးရေးပြီးသည်နှင့် သူ့ကို အမှတ် ၃၀၀ နစ်နာကြေးပေးရန် ကတိပေးထားသည်မှာ မဆန်းတော့။
[ဝိုး အကုန်လုံးနီးပါး သူတို့အဖော်တွေကို သတ်ပစ်ကြတာပဲ။]
[နှစ်ယောက်တောင် သေသွားပြီ။ မြန်လိုက်တာ။ ဒီတစ်ခါ ဘယ်လောက်ကြာလဲ။]
[တော်သေးလို့ ဒီတစ်ခါ သရု​ပ်ဆောင်တွေ ပိုများလို့သာပဲ။ အယောက် ၂၀ နီးပါးတောင်။]
[နေဦး။ ရှဲ့ချီက မွေးဖွားတဲ့နေရာကို ရွေးလို့ရတဲ့ က(ပ်)ပါရဲ့ ရွေးချယ်မှုကို ရသွားတယ်။ အဲ့ဒါဆို နောက် ၁၅ ရက်ကြာရင် ရှဲ့ချီက အပူငရဲရဲ့ ပထမထပ်ကို သွားလို့ရတယ်ပေါ့။]
[အပူငရဲရဲ့ ပထမထပ်က အရမ်းကြီး သက်တောင့်သက်သာမရှိတာတော့ မဟုတ်ဘူး။ ပန်းတွေပွင့်တဲ့ နွေးထွေးတဲ့ နွေဦးပဲ။ ဆုချင်းနဲ့ အဲ့ဒီအစ်ကိုကတော့ အဲ့နေရာရောက်သွားတာ အရမ်းကံကောင်းတာပဲ။]
[ငါ့ရဲ့ ရှဲ့အတွက် စိတ်မကောင်းဘူး။ တစ်ယောက်က ကောင်းကင်မှာ။ တစ်ယောက်က မြေအောက်မှာ။ ငါ့ရှဲ့ခမျာ ဂူအောင်းလူသားတောင် ဖြစ်ခါနီးနေပြီ။ တက်ရတာ ခက်တယ်ဟေ့။]
*********
ဤသည်မှာ အပူငရဲများ၏ ပထမထပ်ဖြစ်ပြီး နေရာတိုင်းတွင် မက်မွန်ပွင့်များရှိနေလေသည်။ ဒီနေရာရှိ ရာသီဥတုမှာ နွေးထွေးပြီး မြစ်ချောင်းတသွင်သွင်စီးဆင်းနေကာ ရှုခင်းမှာ သာယာသည်။ ခပ်လှမ်းလှမ်းတွင် လူတွေနေလို့ရသည့် သစ်သားအိမ်အသေးလေးများပင် ရှိသည်။ ကောင်းကင်က အရောင်ရင့်ပြီး အပန်းရောင်ပွင့်ချပ်များ ဝဲလွင့်နေသည်။ တိတ်ဆိတ်ပြီး ကမ္ဘာပေါ်က သုခဘုံအလား လှပလေသည်။
ဤနေရာတွင် လူနှစ်ယောက်မှာ စကားတစ်ခွန်းမှ မဆိုဘဲ အတူလမ်းလျှောက်နေကြသည်။ လေထုမှာ ထိုင်းမှိုင်းပြီး စိတ်ညစ်စရာကောင်းလှသည်။
"မင်းလည်ပင်းအ​နောက်က အမှတ်ကို ကျွန်တော် ကူကြည့်ပေးရမလား။" ဆုချင်းက ချီတုံချတုံဖြစ်နေပြီးမှ အကြံပေးလိုက်သည်။
"မလိုဘူး။" ရှဲ့ရှင်းလန်က ပြန်ဖြေသည်။
ထိုသူက သူ့ကို မယုံကြည်မှန်း ဆုချင်းသိသောကြောင့် တွန်းအားမပေးပေ။ သူတို့တွေက သူစိမ်းတွေကိုး။
ဆုချင်းမှာ ခေါင်းကိုငှဲ့ကာ ရှဲ့ရှင်းလန်ကို ကြည့်လိုက်သည်။ ကောင်းကင်က မှောင်လာလေလေ ထိုသူ၏ မျက်နှာမှာ ပိုမှိုင်းလာသည်ကို သူသတိထားမိသည်။ ဆုချင်းက ခံစားချက်များကို အာရုံရလွယ်သည်။ ထိုသူ၏ စိတ်အ​ခြေအနေမှာ အလွန်ကိုဆိုးဝါးနေကြောင်း သူခံစားလို့ရသည်။ ရူးသွပ်မတတ်စိတ်ဓာတ်ကျနေမှုက သူ့အရိုးထဲထိစိမ့်ဝင်နေလေသည်။ ထိုသည်က သေချာပေါက် သူ့ဆုံးဖြတ်နိုင်စွမ်းကို မသက်ရောက်ခဲ့။ တည်ငြိမ်ကာ ခပ်တန်းတန်းနေနေဆဲဖြစ်သည်။ သူ့ကိုယ်သူ ထိန်းရန်သာ စိတ်မပါနေကြောင်းက သိသာလှသည်။
ရှဲ့ရှင်းလန်မှာ သေချာပေါက် မြူးကြွသည့်စရိုက်ရှိသူမဟုတ်။ ဆုချင်းမှာ ယခု ရှဲ့ချီနှင့် ပြောဆိုဆက်ဆံနေတုန်းက ပြုံးရွှင်နေခဲ့သူမှာ သူမြင်ယောင်မှားတာဖြစ်ရမည်ဟု ခံစားမိလေသည်။ ထူးဆန်းသည့်အရာတစ်ခုခုကို သူခံစားမိလိုက်သည်။
ရှဲ့ရှင်းလန်က သူ့ကိုအထက်စီးမှ စိုက်ကြည့်လိုက်ပြန်ပြီး ဆုချင်းမှာ သူ့ခံစားချက်များကို ဖော်ပြရန် ရပ်လိုက်သည်။ "မင်း ငါ့ကို သတ်ချင်နေတာ။"
[ဘာကြီး။]
[ဘာလားဟ??]
ရှဲ့ရှင်းလန် သူ့ခေါင်းကိုလှည့်ရမည်ကိုပင် ပျင်းနေပြီး အေးတိအေးစက်ပြန်ဖြေသည်။ "မင်းမှန်းတာမှားနေတယ်။"
"ဘာလို့လဲ။" ဆုချင်းက သူ့နောက်ကိုလိုက်ကာ မရရအောင်မေးသည်။ "မင်း ငါ့ကိုသတ်ချင်နေတာပဲ။ ဘာလို့မသတ်တာလဲ။"
ဆုချင်း နားမလည်နိုင်။ ဤသည်က သက်တောင့်သက်သာအရှိဆုံး ပထမအထပ်ဖြစ်သည်မှာ အသိသာကြီးပင်။ သူနှင့် ရှဲ့ရှင်းလန်မှာ ယှဥ်ပြိုင်ကြသည့် ဆက်ဆံရေးလည်းမရှိ။ အဲ့ဒါကို ဘာကြောင့်များ ရှဲ့ရှင်းလန်မှာ သတ်ဖြတ်ချင်စိတ်ရှိနေရတာလဲ။ သူ့ကို သတ်လိုက်ခြင်းက ရှဲ့ရှင်းလန်အတွက် မကောင်းပေ။
ရှဲ့ရှင်းလန်က နှာခေါင်းရှုံ့ပြောသည်။ "မင်းနဲ့ ဘာမှမဆိုင်ဘူး။"
ဆုချင်းမှာ နေရာတွင် တောင့်သွားရသည်။ သူနဲ့ ဘာမှမဆိုင်ဘူးတဲ့လား။ တစ်ခြားတစ်ယောက်နဲ့ဆိုင်တာပေါ့။ ရှဲ့ရှင်းလန် သူ့ကိုသတ်ချင်နေတာက တစ်ခြားသူတွေနှင့် ဆိုင်နေသည်။
တောင်ကြားသို့အဝင်ပေါက်ရှိ ကျောက်တိုက်များပေါ်ရှိ ငရဲ၏စည်းမျဥ်းများကို သူတို့မြင်ခဲ့ပြီးဖြစ်သည်။ ရှဲ့ရှင်းလန်သာ သူ့ကိုသတ်လိုက်ပါက သူသည် အအေးငရဲ၏ ပထမထပ်သို့ ကျသွားမည်ဖြစ်သည်။ သူကံကောင်းပါက ထိုငရဲရှိ လူများက သူ့ကိုလက်ခံပေးမည်ဖြစ်သည်။သူကံဆိုးပါက သူ့ကို အမြတ်ထုတ်ခံလိုက်ရမည်ဖြစ်သည်။ သူ့ကို သတ်ကာ နောက်ငရဲတစ်ခုဆီသို့ မောင်းထုတ်လိုက်မည်ဖြစ်သည်။
ထိုသည်က သူ့အတွက် လုံးဝဆိုးရွားသော်လည်း ရှဲ့ရှင်းလန်အတွက် မကောင်းတာမဟုတ်။ ထိုသို့ဆိုလျှင်တောင်မှ သူသည် သေချာပေါက် ရှဲ့ရှင်းလန်၏ လမ်းကိုအနှောင့်ယှက်ပေးနေမိသည်။ သူက ဘာလို့ ရှဲ့ရှင်းလန်လမ်းကို ပိတ်ရမှာလဲ။ သူ့ကို သတ်ချင်တာက သူများနှင့် ဆိုင်သည်ဆိုတော့...
ဆုချင်း၏ စိတ်ထဲ ဆိုးရွားလှသည့် အကြံတစ်ခုပေါ်လာသည်။ သူနေရာတွင် ကြောင်သွားပြီး သူ၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။ ဖြစ်နိုင်ခြေတစ်ခုက ရှဲ့ရှင်းလန်သည် သူ့ကိုသတ်ပြီး အောက်ထပ်သို့သွားရန် လမ်းကိုဖွင့်ချင်ခြင်း ဖြစ်သည်။ ဆုချင်းကိုသတ်ပါက သူပြုတ်ကျပြီး နောက်တစ်ထပ်ဆီသို့ လမ်းကြောင်းကို ဖွင့်နိုင်သွားမည်ဖြစ်သည်။
ရှဲ့ရှင်းလန်သည် ဆုချင်း ပြုတ်ကျမည်ကို အခွင့်ကောင်းယူပြီး နောက်တစ်ဆင့်ဆီ သူကိုယ်တိုင် ခုန်ဆင်းချင်သည်။ ရှဲ့ရှင်းလန်သည် ဒီနေရာမှထွက်ပြီး အောက်သို့သွားလိုသည်။
အဖြစ်နိုင်ဆုံးက သူ...တစ်ယောက်ယောက်ကို လိုက်ရှာချင်လို့ဖြစ်မည်။ ရှဲ့ချီ...လား။ သူလိုက်ရှာနေတဲ့သူက... ရှဲ့ချီလား။
ဆုချင်းမှာ သူ့ခန့်မှန်းခြေသူ အတော်ကြီးကို မဖြစ်နိုင်ဟု ခံစားလိုက်ရသော်လည်း ဝန်တိုမှုအနည်းငယ်လည်း ပါလေသည်။ ရှဲ့ချီက အဲ့လောက်​တောင်ကောင်းလား။ ရှဲ့ရှင်းလန်ကလည်း အဲ့လိုပဲ။ ရှန်ယိလည်း အတူတူပဲ။ ဆုချင်းခေါင်းခါကာ မလျော်ညီသည့်အတွေးများကို ဖျက်ပစ်လိုက်သည်။
သူ ရှဲ့ရှင်းလန်အကြောင်း သိပ်မသိသော်လည်း ရှဲ့ရှင်းလန်သည် တုံ့ဆိုင်းတတ်သူမဟုတ်။ ဆုချင်းကို ဘာမှမလုပ်သည်မှာ အကြောင်းရင်းတစ်ခုခု ရှိရမည်ဖြစ်သည်။ တစ်ခြားအကြောင်းရင်းများလည်း ရှိနိုင်သည်။ အရင်တုန်းက ဆုချင်းကို သူကာကွယ်ပေးခဲ့သည်ကိုး။
ဆုချင်း ချီတုံချတုံဖြစ်သွားသည်။ ရှဲ့ရှင်းလန်နောက်သို့လိုက်ကာ  ရှဲ့ရှင်းလန်အား သူ့ကို သတ်ခွင့်ပေးလိုက်ရန် ပြင်နေသည်။ ဘယ်လိုဖြစ်ဖြစ် တစ်ထပ်တည်းပဲ ပြုတ်ကျသွားတာပဲ။ သူ့မှာ အိုင်တမ်များနှင့် နည်းလမ်းတစ်ချို့ ရှိသည်မို့ သူ မသေနိုင်ပေ။ ထိုသို့ ဆုချင်းတွေးနေစဥ်တွင် သူ့ရှေ့ရှိ မြေကြီးထဲတွင် အပေါက်ကြီးတစ်ခု ပေါ်လာသည်။
ရှဲ့ရှင်းလန် ရုတ်တရက် ရပ်သွာသည်။
အပေါက်မှ ကြိုးပြုတ်ကျလာသည်။ ဆုချင်း အပြေးသွားကာ အပေါက်အောင်သို့ ငုံ့ကြည့်လိုက်သည်။ အအေးငရဲပထမထပ်ရှိ ကျိရှင်းချန်ကို တွေ့လိုက်ရလေသည်။ ကျိရှင်းချန်မှာ အကြင်နာတတ်ဆုံးဖြစ်သည့် အသိဖြစ်သော ဆုချင်းအား တွေ့လိုက်ရသောအခါ သူ၏ မျက်လုံးထဲ အံ့ဩသွားမှုပေါ်လာသည်။ "ဆုချင်း၊ မင်း ငါ့ကို ဆွဲတင်ပေးဦး။"
ကျိရှင်းချန်လက်ထဲရှိ ဓားထိပ်တွင် သွေးများပေနေသည်။
ဆုချင်း၏ နှလုံးထဲ အေးစိမ့်သွားရသည်။ နေရထိုင်ရကောင်းမွန်သော အအေးငရဲ၏ ပထမထပ်တွင်ပင် ကျိရှင်းချန်သည် ဘာမဟုတ်သော စွမ်းအင်အနည်းငယ်အတွက် သူ့အဖော်ကို သတ်ပစ်သည်။ ကျိရှင်းချန်မှာ သုခဘုံနှင့် ပိုနီးချင်သည်။ အပူငရဲ၏ ပထမထပ်မှာ အအေးငရဲ၏ အပေါ်တွင်ဖြစ်သည်။ သုခဘုံနှင့် အနီးဆုံးဖြစ်သော​ကြောင့် သူ့အဖော်ကို သတ်ပစ်လိုက်ခြင်းဖြစ်သည်။
"အဲ့ဒီမှာ မင်းတစ်ယောက်ထဲလား။" ကျိရှင်းချန်က ညင်သာစွာပြုံးပြကာ ကြိုးကိုဆွဲယူပြီး အပေါ်ကို တက်လာလိုက်သည်။
"မင်းတို့နှစ်ယောက် အတွက် အဆင်ပြေပါတယ်။ ငါတို့က ယှဥ်ပြိုင်နေကြတာမှ မဟုတ်တာ။" ကျိရှင်းချန်သည် တက်နေရင်းနှင့် အပေါ်က ဒုတိယလူကို သိမ်းသွင်းနေသည်။ "တစ်ထပ်ကို လူသုံးယောက်နေလို့ရတယ်။ မင်းလည်း ငါ့အင်အားကိုသိမှာပဲ။ ငါဆို မင်းတို့ကို သုခဘုံရဲ့ဝင်ပေါက် ကူရှာပေးလို့ရတယ်လေ။ ငါတို့ ပန်းတိုင်က အတူတူပဲကိုး..."
ဆုချင်းမှာ ရယ်သံကြားလိုက်ပြီး သူ့ခေါင်းကို အံ့ဩစွာ လှည့်ကြည့်လိုက်သည်။ အလွန်အင်မတန်ကို ခံစားချက်မရှိသောလူက တကယ်ကြီး ရယ်နေသည်ကို တွေ့လိုက်ရသည်။
ရှဲ့ရှင်းလန်မှာ ထူးထူးခြားခြား ကျိရှင်းချန်ကို ကျေးဇူးတင်မိသွားရသည်။ ကျိရှင်းချန်၏ တစ်ကိုယ်ကောင်းဆန်မှုက သူ့အတွက်တက်လမ်းကို ဖွင့်ပေးပြီး ရှဲ့ရှင်းလန်အတွက် အောက်ဆင်းရန်လမ်းကို လုံးဝဖွင့်ပေးလိုက်လေသည်။ ရှဲ့ရှင်းလန် အရှေ့သို့သွားကာ တုံ့ဆိုင်းခြင်းမရှိဘဲ ခုန်ဆင်းချလိုက်သည်။
ဆုချင်း စိုက်ကြည့်နေသည်။ သူ မှန်းကြည့်ပြီးဖြစ်သော်လည်း တကယ်တမ်း အဲ့ဒီမြင်ကွင်း ဖြစ်သွားသောအခါ သူ့ခမျာ နှလုံးရောဂါ ရမတတ်ပင် ဖြစ်သွားရပြီး သူ၏ နှာခေါင်းထိပ်သည်ပင်(ငိုချင်လာလို့) နည်းနည်း နာသွားရသည်။ ရှဲ့ရှင်းလန်က ရှဲ့ချီကို ကြိုက်နေတာလား။
ဒီကမ္ဘာပေါ်တွင် ရှဲ့ချီအတွက် ထိပ်ဆုံးအဆင့်၏ နွေးထွေးမှုနှင့် သက်သာမှုကို လက်လျှော့ပေး၊ များပြားလှသော စွမ်းအင်များနှင့် အသင့်ရပြီးသား သတင်းအချက်အလက်များကိုပါ လက်လျှော့ပေးမည့်လူရှိသည်။ လူတစ်ယောက်ကို ရှာရန်အတွက်နှင့် သူသည် မှောင်မဲသောငရဲထဲသို့ ခုန်ဆင်းပြီး အဆုံးမရှိသော တိုက်ပွဲများနှင့် ကြမ်းတမ်းသော ပတ်ဝန်းကျင်ဆီ ဆင်းသက်ရဲသည်။
ရှဲ့ရှင်းလန်သည် သူ့ကိုရှာကန်အတွက်နှင့် အောက်ဆုံးအထိသွားမည်ဖြစ်သည်။
ဆုချင်းမှာ အလွန်ကို ထိုသို့ဆိုတာယုံကြည်သွားပြီး သူ၏ အပြုံးမှာ အားကျမနာလိုမှုအပြည့်နှင့်ဖြစ်လေသည်။
[ဖာ့ခ် ဘာလို့သူက ဦးအောင်ခုန်ဆင်းတာလဲဟ။]
[ဘုရားရေ ငါအမြင်မှားတာ မဟုတ်ဘူးမလား။]
[တကယ်ကြီး! အပူငရဲရဲ့ သက်တောင့်သက်သာရှိတဲ့ ပထမထပ်မှာ မနေချင်ဘူးလားတဲ့။]
[အအေးငရဲရဲ့ ပထမထပ်လည်းကောင်းတာပဲ မဟုတ်ဘူးလား။ အပူငရဲရဲ့ ပထမထပ်ထက် နည်းနည်းပဲ ဆိုးတာလေ။]
[ဒါဘာလဲ။ လူတွေက အပေါ်တက်ချင်နေတာတောင် တက်လို့မရနေတဲ့ဥစ္စာကို။ ဒီမှာ စိတ်လိုလက်ရနဲ့ ခုန်ချနေတဲ့သူရှိနေတယ်။ အဲ့အပေါက်က ကျိရှင်းချန်တွယ်တက်ဖို့လေဗျာ။ ဟယ်လို! ]
******====******
နောက်တစ်ပိုင်းက စာလုံးရေအတော်ကိုများတာမို့ တစ်ရက်ခြားပြီးမှ တင်ပါမယ်။ ပြီးတော့... ဒန်တန်တန် LDRS နှစ်ယောက်ပြန်တွေ့မှာပါ။ ဆိုတော့ကား ...
သေချာပေါက် လာနေပါပြီ။ 🤧
..........................
ZAWGYI
[ဘာလားဟ!!!]
*********
[ဘာကြီး။]
[ဘာလားဟ??]