To be a Heartthrob in a Horro...

By Kuro_Fuyu

422K 86.6K 4.7K

Original Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြ... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119

Chapter 35

4.2K 1K 15
By Kuro_Fuyu


Chapter 35: လျှို့ဝှက်ချက်

အချိန်အတော်ကြာပြီးနောက် စုမင်မျက်လုံးများဖွင့်လိုက်သည်။

ခေါင်းဆောင်းချွတ်ပြီး ရုပ်ရှင်ပြဇာတ်ရုဲကို ခဏမျှတစ်ချက်ကြည့်လိုက်တော့ လူတွေ လုံးလုံးမရှိပေ။ အမှောင်ထဲ၌ သူသာလျှင်ရှိသည်။

စုမင်.."………"

ဤအရာသည် ထိတ်လန့်စရာရုပ်ရှင်တစ်ခုနှင့်တောင် အနည်းငယ်တူသလိုပဲ။ ဘယ်လိုလုပ် လူအားလုံးပျောက်သွားနိုင်တာလဲ?
ဖန်သားပြင်ကြီးပေါ်တွင် အဆုံးသတ်ဇာတ်သိမ်းပိုင်းပေါ်လာပြီး ပေါ်လာတဲ့သရုပ်ဆောင်တွေရဲ့စာရင်းကသူအွန်လိုင်းမှာ တွေ့ခဲ့တာနဲ့အတူတူပဲ၊ ချန်စုရဲ့နာမည်က သဘာဝအတိုင်းမပေါ်လာဘူး။

တခဏ ထိုလူဘယ်သူလဲ စုမင်တွေးတောမိသည်။

ရုပ်ရှင်တစ်ကားရဲ့အဆုံးမှာတော့ သူတို့က များသောအားဖြင့် နောက်ကွယ်ကဖြတ်တောက်မှုအချို့ကို ထည့်သွင်းလေ့ရှိတယ်။ ဤရုပ်ရှင်သည်ခြွင်းချက်မဟုတ်ပါ။ ဒစ်ဂျစ်တယ်မှတ်တမ်းများအပြီးတွ င်၎င်းတို့သည်စိတ်ဝင်စားစရာနောက်ကွယ်မှပါဝင်ခဲ့သည်။

ရုပ်ရှင်ပြီးဆုံးပြီးနောက် ပြဇာတ်ရုံမှမီးများပွင့်လာကာ တစ်ချိန်တည်း၌ အပြင်ဘက်ရှိ ဝန်ထမ်းများနှင့်သန့်ရှင်းရေးသမားများ ဝင်လာကြသည်။

ဒီတစ်ခါဝန်ထမ်းကလည်း ရှောင်ဟဲဖြစ်သည်။ သူ့မျိုးရိုးနာမည်ကိုတွေးမိတာနဲ့ စုမင်နှလုံးသား၌အရိပ်တချို့ကိုခံသားမိသည်။ အန်ကယ်ဟဲသည် ဤထိတ်လန့်စရာရုပ်ရှင်၌ သူ့ကိုကြီးမားသောစိတ်ပိုင်းဆိုင်ရာ အမှောင်ရိပ်တစ်ခုနှင့်ထားခဲ့၏။

[T/N: ဟိုတစ်ခေါက် ရှောင်ဟော်လို့ရေးထားလားမမှတ်မိဘူး ကိုယ်ရောကုန်လို့(。•́︿•̀。) အခုကစပြီး ရှောင်ဟဲနဲ့ရေးပါတော့မယ်]

သူတွေးနေသည်ကို ရှောင်ဟဲမသိဘဲ မျက်နှာထက်၌အပြုံးပန်းဖြင့်လျှောက်လာကာ.."မစ္စတာစု ... အဆုံးထိနောက်တစ်ကြိမ်အသက်ရှင်ပြန်ပြီ"

အံ့ဩစရာကောင်းလိုက်တာ ... ဒီလောက် အားကောင်းတဲ့ပရိသတ်ကိုတွေ့ရတာ သူ့ရဲ့ပထမဆုံးအကြိမ်ပင်။

စုမင် ဘေးပတ်ပတ်လည်ကိုညွှန်ပြရင်း မေးတယ် .."ကျွန်တော်ရောက်လာတုန်းက ဒီမှာလူတွေရှိတာမှတ်မိပါတယ် ... ဘာလို့ကျွန်တော်ပဲကျန်တာလဲ?"

ဝန်ထမ်းက ခေါင်းဆောင်းကိုရယူကာ ပြောလာတယ် .."သူတို့တွေကြိုထွက်သွားနှင့်ကြပြီ ... သူတို့အားလုံးအဆုံးသတ်ထိအသက်မရှင်ခဲ့ကြဘူးလေ"

ရလဒ်က လုံးဝကြောက်မက်စရာကောင်းလှ၏။

ပရိသတ်များအနက် တစ်တွဲက သူတို့ရဲ့ဆက်ဆံရေးကိုတိုးတက်ကောင်းမွန်လာစေရန် ရောက်လာကြတဲ့စုံတွဲတစ်တွဲဖြစ်ပေမယ့် အပြင်ထွက်ရင်းငြင်းခုံကြပြီး တံခါးဖွင့်မထွက်ခင်လမ်းခွဲခဲ့ကြတယ်။

အခြားတစ်ယောက်သည် နေ့တစ်ဝက်ခန့်အသက်ရှင်နိုင်ခဲ့ပြီး နောက်ဆုံးတစ်ယောက်သည် ပင်လယ်ထဲသို့သူ့ကိုယ်သူမခုန်ချမီ မိနစ်အနည်းငယ်သာအသက်ရှင်ခဲ့သည်။

ထိုအခြင်းအရာကြားတော့ စုမင်ရှော့ခ်ရသွား၏။

holographicအတွေ့အကြုံ၏ ရည်ရွယ်ချက်မှာ ရုပ်ရှင်၏ အကြောင်းအရာများကို သူတို့ဘာသာသူတို့စူးစမ်းရန် ဖြစ်သည်။ အချို့သေးငယ်သော အသေးစိတ်အချက်အလက်များသည် အဆုံးထိပရိသတ်အားသေချာပေါက် ထုတ်ဖော်ပြလိမ့်မည်မဟုတ်ပေ။

ဥပမာ ဒီတစ်ခါတော့ စုမင်က အရေခွံလဲသည့်လုပ်ထုံးလုပ်နည်းအကြောင်း သိပ်ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သူ့ထိုင်ခုံမှ စုမင်ထပြီး .."စိတ်မရှိရင် မေးပါရစေ ... သူတို့ဇာတ်ညွှန်းရဲ့အကြောင်းအရာကဘာလဲ"

ဝန်ထမ်းလေးကဖြေ၏ .."သေချာတာပေါ့ ... စုံတွဲက အတွဲကြည့်ရှူခြင်းကိုရွေးချယ်ခဲ့တာဆိုတော့ တစ်ယောက်ကပင်လယ်ထဲမှာ ရေနစ်ဖို့သားကောင်အဖြစ်သတ်မှတ်ထားပြီး ကျန်တစ်ယောက်ကတွင်းထဲမှာသေလိမ့်မယ်"

စုမင်.. "ကျွန်တော်နဲ့တူတယ်နော်"

ထိုလူတွေထံမှ သတ်ခြင်းခံရမည့် သူတို့ဇာတ်ကောင်တွေပင် ... သူ့ဇာတ်ကောင်လည်း ရေချိုးခန်းထဲ၌ အသတ်ခံရသော်လည်း ရေချိုးခန်းတွင်းရှိ သရဲကဘယ်သူမှန်း အခုထိသူမသိသေးဘူး။

horrorရုပ်ရှင်ထဲမှ အမြောက်စာဇာတ်ကောင်က အချစ်ဇာတ်လမ်းထဲမှ အမြောက်စာဇာတ်ကောင်နဲ့ကွာခြားသည်။

ထိုကဲ့သို့ရုပ်ရှင်မျိုးတွင် အခြေအနေတိုးတတ်ရန်သေခြင်းက ဇာတ်ကြောင်းကိုခရီးပေါက်စေတာမို့ ဇာတ်လိုက်ကသေဖို့မဖြစ်နိုင်သောကြောင့် အမြောက်စာလေးသာပထမဆုံးသေသူဖြစ်လာမည်။

အချစ်ဇာတ်လမ်းတစ်ခုတွင်အမြောက်စာ၏အခန်းကဏ္ဍသည် ဇာတ်လိုက်အမျိုးသားနှင့်အမျိုးသမီးဇာတ်ကောင်တို့အကြားဖြစ်စဉ်များကို ကြည့်ရှုသူတစ်ဦးသာဖြစ်သည်။ ယေဘူယျအားဖြင့် အောင်မြင်သောထည့်သွင်းမှုအနည်းငယ်သာရှိပြီး ဇာတ်လိုက်ကိုပစ်မှတ်ထားစီမံသူ ပမာဏအနည်းငယ်သာရှိသည်။

သူတို့အများအပြားရှိတာမို့ အားလုံးလိုလိုဝင်ဖို့ဆန္ဒရှိကြတယ်။

"မစ္စတာစု ... ပြန်ပြီး ရမှတ်ကိုစောင့်နိုင်ပါတယ် ... အခုရလဒ်ကလည်း နောက်ဆုံးတစ်ခုနဲ့အတူတူပဲဆိုတာ ကျွန်တော်ယုံတယ်" ဝန်ထမ်းပြော၏။

စုမင်ပြုံးကာ .."ကျွန်တော် မင်းရဲ့ကောင်းချီးတွေကို ကျိုးနွံစွာလက်ခံပါတယ်"

ထွက်ပေါက်သည်အရှေ့၌ရှိပြီး ရုတ်တရက်ဝန်ထမ်းလေးပြောလာတယ် .."တကယ်တော့ ကျွန်တော်လည်း ခင်ဗျားရဲ့နောက်ဆုံးရုပ်ရှင်ကိုကြည့်ဖြစ်တယ် ... တကယ်ကောင်းတာပဲ ... ချစ်စရာကောင်းပြီးကြောက်စရာလည်းကောင်းတယ်!”

စုမင်တန့်သွားပြီး သိမ်မွေ့စွာပြောလိုက်တယ် .."ကျေးဇူးတင်ပါတယ်"

ဝန်ထမ်းလေးက တစ်စုံတစ်ခုပြောချင်ပေမဲ့ သူ့ကိုယ်သူထိန်းချုပ်လိုက်သည်။

စုမင်ရုတ်ခြည်းတစ်ခုမှတ်မိသွားကာ မေးမြန်း၏ .."ကျွန်တော်ရုပ်ရှင်ကို တစ်ယောက်တည်းကြည့်ဖို့ရွေးချယ်ခဲ့တာ ... တခြားလူတစ်ယောက်ကြည့်နေဖို့ရော အလားအလာရှိနိုင်လား?"

ဝန်ထမ်းခေါင်းခါ၍ .."မရှိပါဘူး ... တစ်ဦးတည်းကြည့်ရှူခြင်းကိုရွေးချယ်ပြီးတာနဲ့ နောက်တစ်ယောက်ကိုထည့်သွင်းလို့မရပါဘူး။ အဲ့အတွက် စိတ်ချနိုင်ပါတယ် မစ္စတာစု"

သူက ယုံကြည်မှုအပြည့်နဲ့ပြောတယ်။

စုမင် ဒါကိုမှတ်မိပေမယ့် သူကရုပ်ရှင်ထဲကစကားအပြောအဆိုကို ပြန်သတိရသွားသည်။ ဝန်းထမ်းကိုမေးမည်ဆိုရင်တောင် အဖြေရနိုင်မှာမဟုတ်ဘူးလို့ ခန့်မှန်းမိ၏။

စမတ်holographic နည်းပညာကို တစ်လ သို့မဟုတ် နှစ်လခန့်သာ ဖြန့်ချိခဲ့တာ‌ကြောင့် ဟက်ကာရှ်ိနိုင်ပြီး သို့မဟုတ် ဝတ္ထုထဲလို အသိဥာဏ်တုတစ်မျိုးမျိုးရှိကောင်းရှိနိုင်သည်။

သို့သော် ရုပ်ရှင်ရုံကတုံ့ပြန်မှုမပြုခဲ့ပေ။

သူတို့ကဒီလိုအရာတွေကို လွယ်လွယ်ကူကူခွင့်မပြုထားသင့်ဘူးလို့ စုမင်ခံစားရတယ်။ နောက်ဆုံးတော့ဟက်ကာ ဒါမှမဟုတ် ဥာဏ်ရည်တု ပုန်ကန်မှုကိုရပ်တန့်ဖို့လိုလိမ့်မယ်။

ဒါပေမယ့်ဒီရုပ်ရှင်ကို ပြန်လည်ထုတ်လွှင့်ရုံသာမက အနာဂတ်ရုပ်ရှင်တွေမှာ သူတို့ရပ်တန့်ဖို့ နောက်ထပ်ဘာအစီအမံမှမလုပ်ခဲ့ပါဘူး။ စသူ့စိတ်တွေပေါက်ကွဲတော့မည်ဟု စုမင်ခံစားခဲ့ရသည်။ အဆုံးတော့ သူကစည်ကားတဲ့ရုပ်ရှင်ရုံဧည့်ခန်းကို ရောက်လာတယ်။

လက်မှတ်ရောင်းတဲ့နေရာမှာ လူတန်းရှည်ကြီးရှိခဲ့တယ်။ လူအုပ်မှအသံများက သူ့အတွေးနှင့် အသိစိတ်ပြန်ကပ်စေသည်။

အသစ်ထွက်ရှိလာသောရုပ်ရှင်ပိုစတာများကို ဤနေရာတွင်ပြသခဲ့ပါသည်။

'လူသတ်ကျွန်း'၏ ပိုစတာကို စုမင်ရှာတွေ့သွားပြီး ပိုစတာ၌ ချန်းရှင်းကျို့၊ ကျောက်မင်ရာနှင့်အခြားသူတို့ ကျွန်းကိုရောက်ရှိရုံမျှသာဖြစ်သည်။ သူတို့ကကျွန်းကိုမှောင်မိုက်စေပြီး ပိုကြောက်စရာကောင်းအောင်ပြုလုပ်ထားတယ်။

ဒီပိုစတာက တော်တော်ကောင်းတယ်ဆိုတာ ငြင်းလို့မရဘူး။

၎င်းကိုကြည့်ရှူပြီးသော သူတစ်ဦးအနေနှင့်ပိုစတာပေါ်တွင် ရုပ်ရှင်၏နိဒါန်းကို စုမင်မြင်သော ဤသည်အခြားဂန္ထဝင်ထိတ်လန့်ရုပ်ရှင်တစ်ခုဖြစ်သည်ဟု ယုံကြည်သည်။

သူက သရုပ်ဆောင်နာမည်ကိုကြားဖူးပေမယ့် ရုပ်ရှင်ထဲကဇာတ်ကောင်က သရုပ်ဆောင်ကိုယ်တိုင်မဟုတ်ဘူး။ သူတွေးနေစဉ် လူနှစ်ယောက်လျှောက်လာကာ သူ့နောက်၌ရပ်လိုက်ပြီး ခပ်ပုပုတစ်ယောက်ကမေးလာတယ်။

"ကြည့်ရတာအဆင်ပြေပါတယ် ...မင်းကြည့်ချင်လား?"

အရပ်ရှည်ရှည်တစ်ယောက်က .."မင်းကြည့်ချင်ရင်ကြည့်ပေါ့ ... လောင်းကြေးမှာရှုံးတာငါလေ"

အရပ်ပုပုတစ်ယောက်သည် .."အမှန်ပဲ ... ဝင်ကြည့်ရအောင် မင်းသေရင် ငါလည်းမင်းနဲ့အတူလိုက်သေမယ်"

သူတို့ရှေ့မှာရပ်နေတဲ့ စုမင်ကသူတို့နှစ်ယောက်ရဲ့သေခြင်းအကြောင်းဆွေးနွေးနေတာကို ကြားလိုက်ရတယ်။

သူ ပိုစတာမှ တိတ်ဆိတ်စွာထွက်ခွာသွားသည်။

ထိတ်လန့်စရာရုပ်ရှင်တစ်ခုအတွက်ရုပ်ရှင်တစ်ခု၏ကျော်ကြားမှုသည် ပြောစရာမလို အလွန်လျင်မြန်စွာကျဆင်းသွားသည်။ ၎င်းအားဖြန့်ချိပြီးနောက် အနည်းငယ်ဆွေးနွေးမှုရှိခဲ့ပြီး မကြာမီ သူ့ကို မည်သူမျှမမှတ်မိတော့ပါ။

ဒီတစ်ကြိမ် စုမင်မျက်နှာဖုံးမတပ်ခဲ့သလို ဘယ်သူမှသူ့ကိုသတိမထားမိကြဘူး။

သူသည် နာမည်ကြီးအချို့ဖြတ်သန်းဖူးသော ယာယီကျော်ကြားမှုကို တွေ့ကြုံဖူးသော်လည်း ကံကောင်းစွာဖြင့် သူသည်နာမည်ကြီးတစ်ယောက်ဖြစ်လာရန် စိတ်မဝင်စားချေ။

ဒီတစ်ခေါက် ထိတ်လန့်စရာရုပ်ရှင်အတွက် ဤဇာတ်လမ်းသည်နောက်ဆုံးအကြိမ်ထက် အနည်းငယ်ရှုပ်ထွေးသည်။ စုမင်၏ရှုထောင့်မှ ကြည့်လျှင် သူသည် အချက်အလက်အချို့ကို နားမလည်နိုင်ခဲ့ပေ။ ဒါကြောင့် သူက ပုံမှန်နည်းနဲ့ပြန်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

စုမင်လမ်းလျှောက်နေစဉ် အချက်အလက်များအား စစ်ဆေးသည်။  “လူသတ်ကျွန်း” အတွက် နောက်ထပ်ထုတ်လွှင့်မှုသည် ၁၀ မိနစ်ခန့်အကြာဖြစ်သော်လည်း လက်မှတ်စနစ်ကပိတ်လိုက်ပြီးဖြစ်သည်။

Sessionဝယ်ဖို့ ဆုံးဖြတ်ပြီးနောက် တစ်ခုခုစားရန်နှင့် ရုပ်ရှင်မှတ်ချက်အချို့ကိုလေ့လာပြီးမှ ပြန်သွားကြည့်ရန်ပြင်လိုက်သည်။

မထွက်ခွာခင် ရုပ်ရှင်ရုံက ပေါက်ပေါက်ဆုပ်တစ်ဗူးလက်ဆောင်ပေးခဲ့သည်။

ဒီရုပ်ရှင်ရုံကတော်တော်ကောင်းတယ်လို့ စုမင်ခံစားရတယ်။ ပထမအကြိမ်က ပန်းခြင်းတောင်းပေးခဲ့ပြီး အခုပေါက်ပေါက်ဆုပ်တစ်ဗူးပေးခဲ့တယ်။

Horrorဇာတ်လမ်းတွေက အကြောင်းမရှိဘဲ မကျော်ကြားသည်မဟုတ်။ သူစောစောပိုင်း၌ရှိသည့် ပြဇာတ်ရုံ၌ လူအနည်းငယ်သာရှိသည်။ သူသာ ရုပ်ရှင်ရုံဖွင့်ထားရင် သူကအဲဒါကိုအရမ်းလည်းမဖြုန်းတီးချင်ဘူး။

အပြင်ဘက်ရှိ milk teaဆိုင်လေးသာ တိုက်ရိုက် စုမင်လျှောက်သွားသည်။

သူ့မိတ်‌ဆွေအသိုင်းအဝိုင်းကို စစ်ဆေးကြည့်ကာ ဘာလို့ လူတွေက မကြာခင်ထွက်လာရမယ့် ရုပ်ရှင်ထဲဝင်ရတာလဲဆိုတော့ အမြောက်စာဇာတ်ကောင်နေရာရရှိတာမို့ဖြစ်၏။ အကယ်၍ သူတို့ဝင်ခဲ့ရင် ဘာကြောင့် သေခြင်းကိုရှောင်လွှဲဖို့အတွက် အရင်ရုပ်ရှင်ကိုကြိုမကြည့်ကြတာလဲ။

ထိုသို့မေးခွန်းကို ဖြေကြားတုန့်ပြန်ဖို့တောင်စုမင်စိတ်မပါပေ။

holographic ကြည့်ရှုခြင်း၏ ရည်ရွယ်ချက်တစ်ခုလုံးသည် အတွေ့အကြုံဖြစ်သည်။ အထူးသဖြင့်ဤကိစ္စသည် ထိတ်လန့်စရာရုပ်ရှင်များအတွက်ပင်။ တစ်ခုခုဖြစ်သွားနိုင်တယ်ဆိုတာ သိနေပေမဲ့ မင်းက စိတ်လှုပ်ရှားဖို့ အတွေ့ကြုံသွားယူရလိမ့်မယ်။

မင်းသာအရင်ရုပ်ရှင်ကြိုကြည့်ပြီး‌ နောက်မှအတွေ့ကြုံယူရင် ဒါဟာလိမ်လည်လှည့်ဖြားတာနဲ့တူလိမ့်မယ်။ စိတ်ဝင်စားစရာ‌ကောင်းမှုလည်း သိသိသာသာလျော့ပါးသွားမယ်။

စုမင်ကိုယ်တိုင်က ဇာတ်ညွှန်း၏သတင်းကို အရင်စုံစမ်းစစ်ဆေးသော်လည်း ပုံမှန်ဇာတ်လမ်းကိုအရင်မကြည့်ခဲ့သည်မှာ ပျင်းစရာကောင်းစေလိမ့်မည်ဟု ခံစားခဲ့ရသည်။

ဒါက ခြောက်ခြားစရာကောင်းတဲ့ကာတွန်းကိုဖတ်တာ ဒါမှမဟုတ် ခြောက်ခြားစရာကောင်းတဲ့ဒရမ်မာကိုကြည့်တာနဲ့အတူတူပဲ။ မင်းသာ  လူသတ်သမားကိုစောစောသိပြီး ဖော်ထုတ်ရင် ကျန်နောက်ပိုင်းဇာတ်ကြောင်းကြီးက အဓိပ္ပာယ်မရှိတော့ဘဲ ထိတ်လန့်စရာအတိုင်းအတာလည်း လျော့ကျသွားမယ်။

စုမင်ခေါင်းယမ်းပြီး မိတ်ဆွေအသိုင်းအဝိုင်းမှ ထွက်လိုက်သည်။

holographicကြည့်ရှုခြင်းကြာရှည်ချိန်သည် ပုံမှန်ကြည့်ရှုခြင်းနှင့်အတူတူဖြစ်၏။

'လူသတ်ကျွန်း' သည်မိနစ်၁၄၀စာရှိပြီး ထိုအချိန်၏ စုမင်အတွေ့ကြုံအရ ကျွန်းပေါ်တွင် နှစ်ရက် သုံးရက်ကြာနေခဲ့ရသည်။

စုမင်အရင်ရုပ်ရှင်ဝက်ဆိုက်ဒ်ကိုသွားပြီး ကွန်းမန့်တွေဖတ်သည်။ အမှတ်များမှာ ကြယ်သုံးပွင့်များသာရှိပြီး ကြယ်ငါးပွင့်ပေးသူအလွန်နည်းပါး၏။ horrorဇာတ်လမ်းအတွက်တော့  လက်ခံနိုင်တယ်လို့ ယူဆလို့ရသည်။

"ဇာတ်လိုက်အုပ်စုက နည်းနည်းတော့အဆင့်အတန်းရှိတယ်ဆိုပေမယ့် လူတိုင်းသေဆုံးခဲ့တဲ့ နောက်ဆုံးဇာတ်သိမ်းက လက်ရှိထိတ်လန့်စရာရုပ်ရှင်များနဲ့ လုံးဝကွဲပြားခြားနားတယ်။ အဲ့အဆုံးသတ်က အလွန်ကျိုးကြောင်းဆီလျော်တယ်"

"ဘာလို့ ဒါရိုက်တာက ဖားပြုပ်တွေရွေးခဲ့တာလဲ? ဖားဖြစ်လို့မရဘူးလား? စခရင်တစ်ခုလုံးဖားပြုပ်တွေပြည့်နေတာတင် ရွံစရာကောင်းတယ် ... ပြီးတော့ တစ်ယောက်က စားတောင်စားလိုက်သေး ... ပျို့အန်မိ ... အဲ့သရုပ်ဆောင်တကယ်စားတာတော့မဟုတ်ဘူးမလား?"

"ရုပ်ရှင်မှာ bugရှိနေတယ်။ သူတို့မှာဖုန်းရှိပြီး နောက်လှေတစ်စီးတောင်ငှားဖို့ဆင်းရဲကြလို့လား? အဲ့အိုင်ကျူလေးတွေနဲ့ ကျွန်းပေါ်မှာအကုန်လုံးသေတာမဆန်းတော့ဘူး"

"ငါကြည့်ပြီးကတည်းက ဘာမှစားချင်စိတ်မရှိတော့ဘူး။ ငါ့အထင် ဒါဝိတ်ကျဖို့ အခွင့်ရေးပဲ…."

"ဒါရိုက်တာက တကယ်သတ္တိရှိတယ်။ အဆုံးထိတိုင် ငါထိတ်လန့်ကြောက်ရွံ့နေခဲ့တာ ... ဇာတ်ကြောင်းကတင်းကျပ်ပြီး လူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေတာကို ကြည့်ရင်းဘာဖြစ်နေမှန်း ငါမသိခဲ့ဘူး။ ဇာတ်သိမ်းမှာ ဇာတ်လိုက်ရော ဇာတ်လိုက်မရောနှစ်ယောက်စလုံး သေသွားမယ်လို့ ငါမထင်ခဲ့မိဘူး"

“…………”

စုမင် သူလိုချင်တဲ့အချက်အလတ်ကိုရှာမတွေ့ပေမဲ့ ဇာတ်သိမ်းကိုတော့ရှာတွေ့နိုင်ခဲ့ပြီ။

သူ့ခန့်မှန်းချက်နဲ့ မကွာပေ ... နောက်ပိတ်ဆုံး ဘယ်သူမှအသက်ရှင်လျက် မပြန်နိုင်ခဲ့ကြ‌ဘူး။ ဇာတ်ကြောင်းတိုးတတ်မှုနဲ့ အတော်လေးလိုက်ဖက်သည်။
ဆယ်မိနစ်ကြာထိုင်နေပြီးနောက် စုမင်ရုပ်ရှင်ရုံသို့တဖန်ပြန်သွားသည်။

ဇာတ်ရုံမီးများပိတ်သွားကာ ရုပ်ရှင်စတင်တော့မည်။

ပုံမှန်ကြည့်ရှုခြင်းသည် 2Dဖြစ်တာကြောင့် holographic ကြည့်ရှုနည်းနှင့်နှိုင်းယှဉ်လျှင် ထိတ်လန့်စရာအချက်သည် လက်တွေ့အားဖြင့်သုညဖြစ်သည်။ အခြားကြည့်ရှုသူများ‌ ကြောက်လန့်စွာအော်နေကြစဉ် သူကတော့ တည်တည်ငြိမ်ငြိမ်ဖြင့် ပေါက်ပေါက်ဆုပ်စားလေ၏။

စုမင်ကိုအံ့သြစေတာက ပထမဆုံးထိခိုက်ဒဏ်ရာရသူမှာ တကယ်တော့ ကျောင်းယွင်းဟော်ဖြစ်သည်။

သို့ပေမဲ့ သူတွေးကြည့်တော့ ပုံမှန်ပါပဲ ... ပင်လယ်ထဲမှာ ကျောင်းယွင်းဟော်ချက်ချင်းသေဆုံးကာ သူ့အလောင်းတောင် ပြန်မပေါ်လာပေ။

ပြီးနောက် ချန်ယုချင်းဖြစ်ကာ ဒီလိုနဲ့ချစ်သူစုံတွဲသေဆုံးသွားကြသည်။

ကျန်ခဲ့သော ချန်းရှင်းကျို့နှင့်ကျောက်မင်ရာတို့က ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကျွန်း၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန်စတင်ခဲ့သည်။ နည်းနည်းလေးထုတ်ဖော်လိုက်တိုင်း ကြောက်ရွံ့မှုကဖြစ်ပေါ်လာခဲ့တယ်။

အချို့ဇာတ်ကွက်တွေက စုမင်ကြုံဖူးခဲ့သလိုအတူတူတွေပဲ။

နံရံထဲမှာ ဟုန်ရွှေ့မိသားစုကိုရှာတွေ့ခဲ့သလို ကျင်းနဲ့ မီးအိမ်ဂါဝန်အပါအဝင်ဖြစ်သည်။ သူတို့သမီးသည် အရေပြာအခွာခံလိုက်ရ၍ အရေပြားကမီးအိမ်ဂါဝန်လိုပုံစံဖြစ်နေခဲ့သည်။

ရုပ်ရှင်ထဲ၌ ကျောက်မင်ရာ မီးအိမ်ဂါဝန်ဝင်ပူးခြင်းခံရပြီး အချိန်မှီချန်းရှင်းကျို့ကယ်တင်နိုင်ခဲ့သော်လည်း နောက်မှာ သူမရောချန်းရှင်းကျို့ပါ အန်ကယ်ဟဲတို့ရဲ့လက်၌ သေမတတ်နှိပ်စက်ညှဉ်းပန်းခံခဲ့ရကာ အရေပြားခွာခံခဲ့ရသည်။

အရေပြားအခွာမခံရခင် ကျွန်းနှင့်ပတ်သတ်သောအချက်အချို့ကို သိရှိခဲ့သည်။

အန်ကယ်ဟဲနှင့်ကျန်သူများက ဤကျွန်းမှမဟုတ်ပေ ... ချန်းရှင်းကျို့ဆက်သွယ်ခဲ့သူက ဟုန်ရွှေ့ဖြစ်ပြီး သူတို့ကျွန်းမရောက်ခင် သတ်ခံခဲ့ရသည်။ သူတို့ပထမဆုံးစရောက်တဲ့နေ့က ဘာလွဲနေလဲဆိုသည့် အကြောင်းရင်းပင်။

အန်ကယ်ဟဲနေအိမ်သည် မိခင်နှင့်သားနေထိုင်‌ခဲ့သောအိမ်ဖြစ်ပြီး နှစ်ယောက်လုံးကို အန်ကယ်ဟဲသတ်ခဲ့ကာ ထိုအိမ်ကိုအပိုင်သိမ်းခဲ့သည်။ ရာဇ၀ တ်မှုကျူးလွန်သူ၏ လုပ်ဖော်ကိုင်ဖက်များသည်လည်း အလားတူပင်ပြုလုပ်ခဲ့သည်။

သူတို့ထွက်ပြေးတဲ့အချိန် ပင်လယ်ထဲတွင် ဟုန်ရွှေ့နဲ့တွေ့ဆုံခဲ့တာကြောင့်သူတို့ဒီကျွန်းကိုလာနိုင်ခဲ့တယ်။ အမှန်တရားကို ဖုံးကွယ်ရင်း သူတို့ကသူ့နောက်သို့လိုက်သွားကြသည်။

သူတို့က လူသတ်သမားများသာဖြစ်ပြီး ဤကဲ့သို့ တသီးတသန့်ရှိသည့် ကျွန်းသည် သူတို့အတွက်အံကိုက်ဖြစ်သည်။

အမျိုးသမီးများအတွက်ကတော့ သဘာဝအတိုင်း သူတို့ကိုယ်ပိုင်လိုအင်ဖြည့်ဆည်းမှုအတွက် ဖမ်းဆီးပိတ်လှောင်ထားလိမ့်မယ်။

အဆုံးသတ်ထိတိုင် ရုပ်ရှင်ဆက်သွားနေကာ အန်ကယ်ဟဲသည် အရေပြားလှီးရန်သုံးသောဓားကို ကောက်ယူလိုက်ပြီး အကျည်းတန်သောအပြုံးဖြင့် .."ငါတို့ထဲကတစ်ယောက်ပဲ အရေပြားလဲရမှာဆိုတော့ မင်းဝမ်းသာသင့်တယ်"

ချန်းရှင်းကျို့ထိတ်လန့်တုန်လှုပ်သွားပြီး မေးတယ် .."မင်းတို့အားလုံးအရေပြားလဲတယ်?"

ဓားသွားကို အန်ကယ်ဟဲလျက်ပြီး ဒီကိစ္စရဲ့အမှန်တရားကို ဖော်ထုတ်လိုက်တယ်။ သူတို့ခန္ဓာကိုယ်ပေါ်ကအရေပြားက မူလကျွန်းသားတွေဆီကပဲ။

ဘာလို့သူတို့အားလုံးအတူ စုစည်းနေရလဲဆိုတော့ သူတို့ရဲ့သားကောင်ကိုသတ်ပြီး စားသောက်ရတဲ့ဝါဿနာတူလို့ပင်ဖြစ်သည်။ ကျွန်းကိုရောက်လာပြီးနောက် ပြည်တည်နာတွေမပေါက်နိုင်တဲ့ အရေပြားလဲလှယ်နည်းလျှို့ဝှက်ချက်ကို တွေ့ရှိသွားခဲ့သည်။

ပြီးနောက် အားလုံးကိုသူတို့သတ်ခဲ့ပြီး ကျွန်းကိုအရသိမ်းပိုက်နိုင်ခဲ့သည်။

မင်းလူသားတွေစားရင် မင်းဖျားလိမ့်မယ်ဆိုတာသိပြီး အဲဒါအတွက်တရားဝင်အသုံးအနှုန်းတစ်ခုတောင် ရှိတယ်။ သူတို့က အသေကောင်ထက်ပိုဆိုးတဲ့အရာကို စားချင်စိတ်ဖြစ်လာစေတာ အံ့သြစရာမဟုတ်တော့ဘူး။

မူလက ဒီအတိုင်းဆို လုံလောက်ပြီဟု အန်ကယ်ဟဲတွေးထားပေမယ့် သူတို့ထဲကတစ်ယောက်က တိတ်တဆိတ်ဖားပြုပ်ခိုးစားမယ်လို့ မထင်ထားခဲ့ပေ။ ဒီတစ်ကြိမ် ဝေဒနာကအရင်ကထက်တောင် ဆိုးရွားလွန်းသည်။

ထို့ကြောင့် ချန်းရှင်းကျို့တို့က သူတို့သားကောင်ဖြစ်လာခဲ့တယ်။

နောက်ဆုံးအဆုံးသတ်က တော်တော်လေးပွင့်လင်းနေဆဲပါ။ အန်ကယ်ဟဲသည် ချန်းရှင်းကျို့၏အရေခွံကိုလှီးဖြတ်ပြီးနောက် အလွန်သွေးထွက်သံယိုမြင်ကွင်းနှင့် ကြောက်စရာကောင်းသည်။ သူ့နောက်ကွယ်အမှောင်ထုထဲမှာ ကြီးမားတဲ့အရိပ်တွေနဲ့ မရေတွက်နိုင်တဲ့သရဲတွေ ရှိနေတယ်။

၎င်းကိုကြုံဖူးသူတစ်ဦးအနေနှင့် စုမင်က ဤအရာဘာကိုဆိုလိုသည်ကိုသဘာဝအတိုင်းသိသည်။ ဇာတ်လိုက်မရှိတော့ပေမယ့် အန်ကယ်ဟဲနဲ့အခြားသူတွေကို လက်စားချေဖို့ ပြဌာန်းထားတဲ့တစ္ဆေတွေကြောင့် မကြာခင်သူတို့ပျက်ကိန်းဆိုက်သည်ကိုတွေ့ရလိမ့်မယ်။

ရုပ်ရှင်ပြီးဆုံးသွား ဇာတ်ရုံမီးများလင်းလာသည်။

ကျွန်း၏လျှို့ဝှက်ချက်ကို စူးစမ်းချင်နေသေးတဲ့ပရိသတ်များနဲ့အတူ စုမင်ထွက်သွားသည်။ အကယ်၍ကျွန်းမှာ တကယ်ပဲလျှို့ဝှက်ချက်ရှိတာတောင် အန်ကယ်ဟဲတို့ကိုအဝင်ခံတယ် ... ဒီကျွန်းကတကယ့်ကို သီးခြားနေလို့လား?

သူသည် ဒါရိုက်တာများကို Weibo၌ ရှာဖွေခဲ့ပြီး ဒါရိုက်တာသည် ဤအကြောင်းအရာနှင့် ပတ်သက်၍ သက်ဆိုင်ရာအချက်အလက်အချို့ အမှန်တကယ်တင်ခဲ့သည်ကို အံ့သြမိသည်။

*****************

အမှားပါရင်ခွင့်လွှတ်🤧

Thank u all❤️
October 11, 2021
—————————————————————









Chapter 35: လွ်ိဳ႕ဝွက္ခ်က္

အခ်ိန္အေတာ္ၾကာၿပီးေနာက္ စုမင္မ်က္လုံးမ်ားဖြင့္လိုက္သည္။

ေခါင္းေဆာင္းခြၽတ္ၿပီး ႐ုပ္႐ွင္ျပဇာတ္႐ုဲကို ခဏမွ်တစ္ခ်က္ၾကည့္လိုက္ေတာ့ လူေတြ လုံးလုံးမ႐ွိေပ။ အေမွာင္ထဲ၌ သူသာလွ်င္႐ွိသည္။

စုမင္.."………"

ဤအရာသည္ ထိတ္လန္႔စရာ႐ုပ္႐ွင္တစ္ခုႏွင့္ေတာင္ အနည္းငယ္တူသလိုပဲ။ ဘယ္လိုလုပ္ လူအားလုံးေပ်ာက္သြားႏိုင္တာလဲ?
ဖန္သားျပင္ႀကီးေပၚတြင္ အဆုံးသတ္ဇာတ္သိမ္းပိုင္းေပၚလာၿပီး ေပၚလာတဲ့သ႐ုပ္ေဆာင္ေတြရဲ႕စာရင္းကသူအြန္လိုင္းမွာ ေတြ႕ခဲ့တာနဲ႔အတူတူပဲ၊ ခ်န္စုရဲ႕နာမည္က သဘာဝအတိုင္းမေပၚလာဘူး။

တခဏ ထိုလူဘယ္သူလဲ စုမင္ေတြးေတာမိသည္။

႐ုပ္႐ွင္တစ္ကားရဲ႕အဆုံးမွာေတာ့ သူတို႔က မ်ားေသာအားျဖင့္ ေနာက္ကြယ္ကျဖတ္ေတာက္မႈအခ်ိဳ႕ကို ထည့္သြင္းေလ့႐ွိတယ္။ ဤ႐ုပ္႐ွင္သည္ႁခြင္းခ်က္မဟုတ္ပါ။ ဒစ္ဂ်စ္တယ္မွတ္တမ္းမ်ားအၿပီးတြ င္၎တို႔သည္စိတ္ဝင္စားစရာေနာက္ကြယ္မွပါဝင္ခဲ့သည္။

႐ုပ္႐ွင္ၿပီးဆုံးၿပီးေနာက္ ျပဇာတ္႐ုံမွမီးမ်ားပြင့္လာကာ တစ္ခ်ိန္တည္း၌ အျပင္ဘက္႐ွိ ဝန္ထမ္းမ်ားႏွင့္သန္႔႐ွင္းေရးသမားမ်ား ဝင္လာၾကသည္။

ဒီတစ္ခါဝန္ထမ္းကလည္း ေ႐ွာင္ဟဲျဖစ္သည္။ သူ႕မ်ိဳး႐ိုးနာမည္ကိုေတြးမိတာနဲ႔ စုမင္ႏွလုံးသား၌အရိပ္တခ်ိဳ႕ကိုခံသားမိသည္။ အန္ကယ္ဟဲသည္ ဤထိတ္လန္႔စရာ႐ုပ္႐ွင္၌ သူ႕ကိုႀကီးမားေသာစိတ္ပိုင္းဆိုင္ရာ အေမွာင္ရိပ္တစ္ခုႏွင့္ထားခဲ့၏။

[T/N: ဟိုတစ္ေခါက္ ေ႐ွာင္ေဟာ္လို႔ေရးထားလားမမွတ္မိဘူး ကိုယ္ေရာကုန္လို႔(。•́︿•̀。) အခုကစၿပီး ေ႐ွာင္ဟဲနဲ႔ေရးပါေတာ့မယ္]

သူေတြးေနသည္ကို ေ႐ွာင္ဟဲမသိဘဲ မ်က္ႏွာထက္၌အျပဳံးပန္းျဖင့္ေလွ်ာက္လာကာ.."မစၥတာစု ... အဆုံးထိေနာက္တစ္ႀကိမ္အသက္႐ွင္ျပန္ၿပီ"

အံ့ဩစရာေကာင္းလိုက္တာ ... ဒီေလာက္ အားေကာင္းတဲ့ပရိသတ္ကိုေတြ႕ရတာ သူ႕ရဲ႕ပထမဆုံးအႀကိမ္ပင္။

စုမင္ ေဘးပတ္ပတ္လည္ကိုၫႊန္ျပရင္း ေမးတယ္ .."ကြၽန္ေတာ္ေရာက္လာတုန္းက ဒီမွာလူေတြ႐ွိတာမွတ္မိပါတယ္ ... ဘာလို႔ကြၽန္ေတာ္ပဲက်န္တာလဲ?"

ဝန္ထမ္းက ေခါင္းေဆာင္းကိုရယူကာ ေျပာလာတယ္ .."သူတို႔ေတြႀကိဳထြက္သြားႏွင့္ၾကၿပီ ... သူတို႔အားလုံးအဆုံးသတ္ထိအသက္မ႐ွင္ခဲ့ၾကဘူးေလ"

ရလဒ္က လုံးဝေၾကာက္မက္စရာေကာင္းလွ၏။

ပရိသတ္မ်ားအနက္ တစ္တြဲက သူတို႔ရဲ႕ဆက္ဆံေရးကိုတိုးတက္ေကာင္းမြန္လာေစရန္ ေရာက္လာၾကတဲ့စုံတြဲတစ္တြဲျဖစ္ေပမယ့္ အျပင္ထြက္ရင္းျငင္းခုံၾကၿပီး တံခါးဖြင့္မထြက္ခင္လမ္းခြဲခဲ့ၾကတယ္။

အျခားတစ္ေယာက္သည္ ေန႔တစ္ဝက္ခန္႔အသက္႐ွင္ႏိုင္ခဲ့ၿပီး ေနာက္ဆုံးတစ္ေယာက္သည္ ပင္လယ္ထဲသို႔သူ႕ကိုယ္သူမခုန္ခ်မီ မိနစ္အနည္းငယ္သာအသက္႐ွင္ခဲ့သည္။

ထိုအျခင္းအရာၾကားေတာ့ စုမင္ေ႐ွာ့ခ္ရသြား၏။

holographicအေတြ႕အၾကဳံ၏ ရည္႐ြယ္ခ်က္မွာ ႐ုပ္႐ွင္၏ အေၾကာင္းအရာမ်ားကို သူတို႔ဘာသာသူတို႔စူးစမ္းရန္ ျဖစ္သည္။ အခ်ိဳ႕ေသးငယ္ေသာ အေသးစိတ္အခ်က္အလက္မ်ားသည္ အဆုံးထိပရိသတ္အားေသခ်ာေပါက္ ထုတ္ေဖာ္ျပလိမ့္မည္မဟုတ္ေပ။

ဥပမာ ဒီတစ္ခါေတာ့ စုမင္က အေရခြံလဲသည့္လုပ္ထုံးလုပ္နည္းအေၾကာင္း သိပ္႐ွင္း႐ွင္းလင္းလင္း မသိရေသးပါဘူး။
သူ႕ထိုင္ခုံမွ စုမင္ထၿပီး .."စိတ္မ႐ွိရင္ ေမးပါရေစ ... သူတို႔ဇာတ္ၫႊန္းရဲ႕အေၾကာင္းအရာကဘာလဲ"

ဝန္ထမ္းေလးကေျဖ၏ .."ေသခ်ာတာေပါ့ ... စုံတြဲက အတြဲၾကည့္႐ွဴျခင္းကိုေ႐ြးခ်ယ္ခဲ့တာဆိုေတာ့ တစ္ေယာက္ကပင္လယ္ထဲမွာ ေရနစ္ဖို႔သားေကာင္အျဖစ္သတ္မွတ္ထားၿပီး က်န္တစ္ေယာက္ကတြင္းထဲမွာေသလိမ့္မယ္"

စုမင္.. "ကြၽန္ေတာ္နဲ႔တူတယ္ေနာ္"

ထိုလူေတြထံမွ သတ္ျခင္းခံရမည့္ သူတို႔ဇာတ္ေကာင္ေတြပင္ ... သူ႕ဇာတ္ေကာင္လည္း ေရခ်ိဳးခန္းထဲ၌ အသတ္ခံရေသာ္လည္း ေရခ်ိဳးခန္းတြင္း႐ွိ သရဲကဘယ္သူမွန္း အခုထိသူမသိေသးဘူး။

horror႐ုပ္႐ွင္ထဲမွ အေျမာက္စာဇာတ္ေကာင္က အခ်စ္ဇာတ္လမ္းထဲမွ အေျမာက္စာဇာတ္ေကာင္နဲ႔ကြာျခားသည္။

ထိုကဲ့သို႔႐ုပ္႐ွင္မ်ိဳးတြင္ အေျခအေနတိုးတတ္ရန္ေသျခင္းက ဇာတ္ေၾကာင္းကိုခရီးေပါက္ေစတာမို႔ ဇာတ္လိုက္ကေသဖို႔မျဖစ္ႏိုင္ေသာေၾကာင့္ အေျမာက္စာေလးသာပထမဆုံးေသသူျဖစ္လာမည္။

အခ်စ္ဇာတ္လမ္းတစ္ခုတြင္အေျမာက္စာ၏အခန္းက႑သည္ ဇာတ္လိုက္အမ်ိဳးသားႏွင့္အမ်ိဳးသမီးဇာတ္ေကာင္တို႔အၾကားျဖစ္စဥ္မ်ားကို ၾကည့္႐ႈသူတစ္ဦးသာျဖစ္သည္။ ေယဘူယ်အားျဖင့္ ေအာင္ျမင္ေသာထည့္သြင္းမႈအနည္းငယ္သာ႐ွိၿပီး ဇာတ္လိုက္ကိုပစ္မွတ္ထားစီမံသူ ပမာဏအနည္းငယ္သာ႐ွိသည္။

သူတို႔အမ်ားအျပား႐ွိတာမို႔ အားလုံးလိုလိုဝင္ဖို႔ဆႏၵ႐ွိၾကတယ္။

"မစၥတာစု ... ျပန္ၿပီး ရမွတ္ကိုေစာင့္ႏိုင္ပါတယ္ ... အခုရလဒ္ကလည္း ေနာက္ဆုံးတစ္ခုနဲ႔အတူတူပဲဆိုတာ ကြၽန္ေတာ္ယုံတယ္" ဝန္ထမ္းေျပာ၏။

စုမင္ျပဳံးကာ .."ကြၽန္ေတာ္ မင္းရဲ႕ေကာင္းခ်ီးေတြကို က်ိဳးႏြံစြာလက္ခံပါတယ္"

ထြက္ေပါက္သည္အေ႐ွ႕၌႐ွိၿပီး ႐ုတ္တရက္ဝန္ထမ္းေလးေျပာလာတယ္ .."တကယ္ေတာ့ ကြၽန္ေတာ္လည္း ခင္ဗ်ားရဲ႕ေနာက္ဆုံး႐ုပ္႐ွင္ကိုၾကည့္ျဖစ္တယ္ ... တကယ္ေကာင္းတာပဲ ... ခ်စ္စရာေကာင္းၿပီးေၾကာက္စရာလည္းေကာင္းတယ္!”

စုမင္တန္႔သြားၿပီး သိမ္ေမြ႕စြာေျပာလိုက္တယ္ .."ေက်းဇူးတင္ပါတယ္"

ဝန္ထမ္းေလးက တစ္စုံတစ္ခုေျပာခ်င္ေပမဲ့ သူ႕ကိုယ္သူထိန္းခ်ဳပ္လိုက္သည္။

စုမင္႐ုတ္ျခည္းတစ္ခုမွတ္မိသြားကာ ေမးျမန္း၏ .."ကြၽန္ေတာ္႐ုပ္႐ွင္ကို တစ္ေယာက္တည္းၾကည့္ဖို႔ေ႐ြးခ်ယ္ခဲ့တာ ... တျခားလူတစ္ေယာက္ၾကည့္ေနဖို႔ေရာ အလားအလာ႐ွိႏိုင္လား?"

ဝန္ထမ္းေခါင္းခါ၍ .."မ႐ွိပါဘူး ... တစ္ဦးတည္းၾကည့္႐ွဴျခင္းကိုေ႐ြးခ်ယ္ၿပီးတာနဲ႔ ေနာက္တစ္ေယာက္ကိုထည့္သြင္းလို႔မရပါဘူး။ အဲ့အတြက္ စိတ္ခ်ႏိုင္ပါတယ္ မစၥတာစု"

သူက ယုံၾကည္မႈအျပည့္နဲ႔ေျပာတယ္။

စုမင္ ဒါကိုမွတ္မိေပမယ့္ သူက႐ုပ္႐ွင္ထဲကစကားအေျပာအဆိုကို ျပန္သတိရသြားသည္။ ဝန္းထမ္းကိုေမးမည္ဆိုရင္ေတာင္ အေျဖရႏိုင္မွာမဟုတ္ဘူးလို႔ ခန္႔မွန္းမိ၏။

စမတ္holographic နည္းပညာကို တစ္လ သို႔မဟုတ္ ႏွစ္လခန္႔သာ ျဖန္႔ခ်ိခဲ့တာ‌ေၾကာင့္ ဟက္ကာ႐ွ္ိႏိုင္ၿပီး သို႔မဟုတ္ ဝတၳဳထဲလို အသိဥာဏ္တုတစ္မ်ိဳးမ်ိဳး႐ွိေကာင္း႐ွိႏိုင္သည္။

သို႔ေသာ္ ႐ုပ္႐ွင္႐ုံကတုံ႔ျပန္မႈမျပဳခဲ့ေပ။

သူတို႔ကဒီလိုအရာေတြကို လြယ္လြယ္ကူကူခြင့္မျပဳထားသင့္ဘူးလို႔ စုမင္ခံစားရတယ္။ ေနာက္ဆုံးေတာ့ဟက္ကာ ဒါမွမဟုတ္ ဥာဏ္ရည္တု ပုန္ကန္မႈကိုရပ္တန္႔ဖို႔လိုလိမ့္မယ္။

ဒါေပမယ့္ဒီ႐ုပ္႐ွင္ကို ျပန္လည္ထုတ္လႊင့္႐ုံသာမက အနာဂတ္႐ုပ္႐ွင္ေတြမွာ သူတို႔ရပ္တန္႔ဖို႔ ေနာက္ထပ္ဘာအစီအမံမွမလုပ္ခဲ့ပါဘူး။ စသူ႕စိတ္ေတြေပါက္ကြဲေတာ့မည္ဟု စုမင္ခံစားခဲ့ရသည္။ အဆုံးေတာ့ သူကစည္ကားတဲ့႐ုပ္႐ွင္႐ုံဧည့္ခန္းကို ေရာက္လာတယ္။

လက္မွတ္ေရာင္းတဲ့ေနရာမွာ လူတန္း႐ွည္ႀကီး႐ွိခဲ့တယ္။ လူအုပ္မွအသံမ်ားက သူ႕အေတြးႏွင့္ အသိစိတ္ျပန္ကပ္ေစသည္။

အသစ္ထြက္႐ွိလာေသာ႐ုပ္႐ွင္ပိုစတာမ်ားကို ဤေနရာတြင္ျပသခဲ့ပါသည္။

'လူသတ္ကြၽန္း'၏ ပိုစတာကို စုမင္႐ွာေတြ႕သြားၿပီး ပိုစတာ၌ ခ်န္း႐ွင္းက်ိဳ႕၊ ေက်ာက္မင္ရာႏွင့္အျခားသူတို႔ ကြၽန္းကိုေရာက္႐ွိ႐ုံမွ်သာျဖစ္သည္။ သူတို႔ကကြၽန္းကိုေမွာင္မိုက္ေစၿပီး ပိုေၾကာက္စရာေကာင္းေအာင္ျပဳလုပ္ထားတယ္။

ဒီပိုစတာက ေတာ္ေတာ္ေကာင္းတယ္ဆိုတာ ျငင္းလို႔မရဘူး။

၎ကိုၾကည့္႐ွဴၿပီးေသာ သူတစ္ဦးအေနႏွင့္ပိုစတာေပၚတြင္ ႐ုပ္႐ွင္၏နိဒါန္းကို စုမင္ျမင္ေသာ ဤသည္အျခားဂႏၴဝင္ထိတ္လန္႔႐ုပ္႐ွင္တစ္ခုျဖစ္သည္ဟု ယုံၾကည္သည္။

သူက သ႐ုပ္ေဆာင္နာမည္ကိုၾကားဖူးေပမယ့္ ႐ုပ္႐ွင္ထဲကဇာတ္ေကာင္က သ႐ုပ္ေဆာင္ကိုယ္တိုင္မဟုတ္ဘူး။ သူေတြးေနစဥ္ လူႏွစ္ေယာက္ေလွ်ာက္လာကာ သူ႕ေနာက္၌ရပ္လိုက္ၿပီး ခပ္ပုပုတစ္ေယာက္ကေမးလာတယ္။

"ၾကည့္ရတာအဆင္ေျပပါတယ္ ...မင္းၾကည့္ခ်င္လား?"

အရပ္႐ွည္႐ွည္တစ္ေယာက္က .."မင္းၾကည့္ခ်င္ရင္ၾကည့္ေပါ့ ... ေလာင္းေၾကးမွာ႐ႈံးတာငါေလ"

အရပ္ပုပုတစ္ေယာက္သည္ .."အမွန္ပဲ ... ဝင္ၾကည့္ရေအာင္ မင္းေသရင္ ငါလည္းမင္းနဲ႔အတူလိုက္ေသမယ္"

သူတို႔ေ႐ွ႕မွာရပ္ေနတဲ့ စုမင္ကသူတို႔ႏွစ္ေယာက္ရဲ႕ေသျခင္းအေၾကာင္းေဆြးေႏြးေနတာကို ၾကားလိုက္ရတယ္။

သူ ပိုစတာမွ တိတ္ဆိတ္စြာထြက္ခြာသြားသည္။

ထိတ္လန္႔စရာ႐ုပ္႐ွင္တစ္ခုအတြက္႐ုပ္႐ွင္တစ္ခု၏ေက်ာ္ၾကားမႈသည္ ေျပာစရာမလို အလြန္လ်င္ျမန္စြာက်ဆင္းသြားသည္။ ၎အားျဖန္႔ခ်ိၿပီးေနာက္ အနည္းငယ္ေဆြးေႏြးမႈ႐ွိခဲ့ၿပီး မၾကာမီ သူ႕ကို မည္သူမွ်မမွတ္မိေတာ့ပါ။

ဒီတစ္ႀကိမ္ စုမင္မ်က္ႏွာဖုံးမတပ္ခဲ့သလို ဘယ္သူမွသူ႕ကိုသတိမထားမိၾကဘူး။

သူသည္ နာမည္ႀကီးအခ်ိဳ႕ျဖတ္သန္းဖူးေသာ ယာယီေက်ာ္ၾကားမႈကို ေတြ႕ၾကဳံဖူးေသာ္လည္း ကံေကာင္းစြာျဖင့္ သူသည္နာမည္ႀကီးတစ္ေယာက္ျဖစ္လာရန္ စိတ္မဝင္စားေခ်။

ဒီတစ္ေခါက္ ထိတ္လန္႔စရာ႐ုပ္႐ွင္အတြက္ ဤဇာတ္လမ္းသည္ေနာက္ဆုံးအႀကိမ္ထက္ အနည္းငယ္႐ႈပ္ေထြးသည္။ စုမင္၏႐ႈေထာင့္မွ ၾကည့္လွ်င္ သူသည္ အခ်က္အလက္အခ်ိဳ႕ကို နားမလည္ႏိုင္ခဲ့ေပ။ ဒါေၾကာင့္ သူက ပုံမွန္နည္းနဲ႔ျပန္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္တယ္။

စုမင္လမ္းေလွ်ာက္ေနစဥ္ အခ်က္အလက္မ်ားအား စစ္ေဆးသည္။  “လူသတ္ကြၽန္း” အတြက္ ေနာက္ထပ္ထုတ္လႊင့္မႈသည္ ၁၀ မိနစ္ခန္႔အၾကာျဖစ္ေသာ္လည္း လက္မွတ္စနစ္ကပိတ္လိုက္ၿပီးျဖစ္သည္။

Sessionဝယ္ဖို႔ ဆုံးျဖတ္ၿပီးေနာက္ တစ္ခုခုစားရန္ႏွင့္ ႐ုပ္႐ွင္မွတ္ခ်က္အခ်ိဳ႕ကိုေလ့လာၿပီးမွ ျပန္သြားၾကည့္ရန္ျပင္လိုက္သည္။

မထြက္ခြာခင္ ႐ုပ္႐ွင္႐ုံက ေပါက္ေပါက္ဆုပ္တစ္ဗူးလက္ေဆာင္ေပးခဲ့သည္။

ဒီ႐ုပ္႐ွင္႐ုံကေတာ္ေတာ္ေကာင္းတယ္လို႔ စုမင္ခံစားရတယ္။ ပထမအႀကိမ္က ပန္းျခင္းေတာင္းေပးခဲ့ၿပီး အခုေပါက္ေပါက္ဆုပ္တစ္ဗူးေပးခဲ့တယ္။

Horrorဇာတ္လမ္းေတြက အေၾကာင္းမ႐ွိဘဲ မေက်ာ္ၾကားသည္မဟုတ္။ သူေစာေစာပိုင္း၌႐ွိသည့္ ျပဇာတ္႐ုံ၌ လူအနည္းငယ္သာ႐ွိသည္။ သူသာ ႐ုပ္႐ွင္႐ုံဖြင့္ထားရင္ သူကအဲဒါကိုအရမ္းလည္းမျဖဳန္းတီးခ်င္ဘူး။

အျပင္ဘက္႐ွိ milk teaဆိုင္ေလးသာ တိုက္႐ိုက္ စုမင္ေလွ်ာက္သြားသည္။

သူ႕မိတ္‌ေဆြအသိုင္းအဝိုင္းကို စစ္ေဆးၾကည့္ကာ ဘာလို႔ လူေတြက မၾကာခင္ထြက္လာရမယ့္ ႐ုပ္႐ွင္ထဲဝင္ရတာလဲဆိုေတာ့ အေျမာက္စာဇာတ္ေကာင္ေနရာရ႐ွိတာမို႔ျဖစ္၏။ အကယ္၍ သူတို႔ဝင္ခဲ့ရင္ ဘာေၾကာင့္ ေသျခင္းကိုေ႐ွာင္လႊဲဖို႔အတြက္ အရင္႐ုပ္႐ွင္ကိုႀကိဳမၾကည့္ၾကတာလဲ။

ထိုသို႔ေမးခြန္းကို ေျဖၾကားတုန္႔ျပန္ဖို႔ေတာင္စုမင္စိတ္မပါေပ။

holographic ၾကည့္႐ႈျခင္း၏ ရည္႐ြယ္ခ်က္တစ္ခုလုံးသည္ အေတြ႕အၾကဳံျဖစ္သည္။ အထူးသျဖင့္ဤကိစၥသည္ ထိတ္လန္႔စရာ႐ုပ္႐ွင္မ်ားအတြက္ပင္။ တစ္ခုခုျဖစ္သြားႏိုင္တယ္ဆိုတာ သိေနေပမဲ့ မင္းက စိတ္လႈပ္႐ွားဖို႔ အေတြ႕ၾကဳံသြားယူရလိမ့္မယ္။

မင္းသာအရင္႐ုပ္႐ွင္ႀကိဳၾကည့္ၿပီး‌ ေနာက္မွအေတြ႕ၾကဳံယူရင္ ဒါဟာလိမ္လည္လွည့္ျဖားတာနဲ႔တူလိမ့္မယ္။ စိတ္ဝင္စားစရာ‌ေကာင္းမႈလည္း သိသိသာသာေလ်ာ့ပါးသြားမယ္။

စုမင္ကိုယ္တိုင္က ဇာတ္ၫႊန္း၏သတင္းကို အရင္စုံစမ္းစစ္ေဆးေသာ္လည္း ပုံမွန္ဇာတ္လမ္းကိုအရင္မၾကည့္ခဲ့သည္မွာ ပ်င္းစရာေကာင္းေစလိမ့္မည္ဟု ခံစားခဲ့ရသည္။

ဒါက ေျခာက္ျခားစရာေကာင္းတဲ့ကာတြန္းကိုဖတ္တာ ဒါမွမဟုတ္ ေျခာက္ျခားစရာေကာင္းတဲ့ဒရမ္မာကိုၾကည့္တာနဲ႔အတူတူပဲ။ မင္းသာ  လူသတ္သမားကိုေစာေစာသိၿပီး ေဖာ္ထုတ္ရင္ က်န္ေနာက္ပိုင္းဇာတ္ေၾကာင္းႀကီးက အဓိပၸာယ္မ႐ွိေတာ့ဘဲ ထိတ္လန္႔စရာအတိုင္းအတာလည္း ေလ်ာ့က်သြားမယ္။

စုမင္ေခါင္းယမ္းၿပီး မိတ္ေဆြအသိုင္းအဝိုင္းမွ ထြက္လိုက္သည္။

holographicၾကည့္႐ႈျခင္းၾကာ႐ွည္ခ်ိန္သည္ ပုံမွန္ၾကည့္႐ႈျခင္းႏွင့္အတူတူျဖစ္၏။

'လူသတ္ကြၽန္း' သည္မိနစ္၁၄၀စာ႐ွိၿပီး ထိုအခ်ိန္၏ စုမင္အေတြ႕ၾကဳံအရ ကြၽန္းေပၚတြင္ ႏွစ္ရက္ သုံးရက္ၾကာေနခဲ့ရသည္။

စုမင္အရင္႐ုပ္႐ွင္ဝက္ဆိုက္ဒ္ကိုသြားၿပီး ကြန္းမန္႔ေတြဖတ္သည္။ အမွတ္မ်ားမွာ ၾကယ္သုံးပြင့္မ်ားသာ႐ွိၿပီး ၾကယ္ငါးပြင့္ေပးသူအလြန္နည္းပါး၏။ horrorဇာတ္လမ္းအတြက္ေတာ့  လက္ခံႏိုင္တယ္လို႔ ယူဆလို႔ရသည္။

"ဇာတ္လိုက္အုပ္စုက နည္းနည္းေတာ့အဆင့္အတန္း႐ွိတယ္ဆိုေပမယ့္ လူတိုင္းေသဆုံးခဲ့တဲ့ ေနာက္ဆုံးဇာတ္သိမ္းက လက္႐ွိထိတ္လန္႔စရာ႐ုပ္႐ွင္မ်ားနဲ႔ လုံးဝကြဲျပားျခားနားတယ္။ အဲ့အဆုံးသတ္က အလြန္က်ိဳးေၾကာင္းဆီေလ်ာ္တယ္"

"ဘာလို႔ ဒါ႐ိုက္တာက ဖားျပဳပ္ေတြေ႐ြးခဲ့တာလဲ? ဖားျဖစ္လို႔မရဘူးလား? စခရင္တစ္ခုလုံးဖားျပဳပ္ေတြျပည့္ေနတာတင္ ႐ြံစရာေကာင္းတယ္ ... ၿပီးေတာ့ တစ္ေယာက္က စားေတာင္စားလိုက္ေသး ... ပ်ိဳ႕အန္မိ ... အဲ့သ႐ုပ္ေဆာင္တကယ္စားတာေတာ့မဟုတ္ဘူးမလား?"

"႐ုပ္႐ွင္မွာ bug႐ွိေနတယ္။ သူတို႔မွာဖုန္း႐ွိၿပီး ေနာက္ေလွတစ္စီးေတာင္ငွားဖို႔ဆင္းရဲၾကလို႔လား? အဲ့အိုင္က်ဴေလးေတြနဲ႔ ကြၽန္းေပၚမွာအကုန္လုံးေသတာမဆန္းေတာ့ဘူး"

"ငါၾကည့္ၿပီးကတည္းက ဘာမွစားခ်င္စိတ္မ႐ွိေတာ့ဘူး။ ငါ့အထင္ ဒါဝိတ္က်ဖို႔ အခြင့္ေရးပဲ…."

"ဒါ႐ိုက္တာက တကယ္သတၱိ႐ွိတယ္။ အဆုံးထိတိုင္ ငါထိတ္လန္႔ေၾကာက္႐ြံ႕ေနခဲ့တာ ... ဇာတ္ေၾကာင္းကတင္းက်ပ္ၿပီး လူေတြ တစ္ေယာက္ၿပီးတစ္ေယာက္ေသဆုံးေနတာကို ၾကည့္ရင္းဘာျဖစ္ေနမွန္း ငါမသိခဲ့ဘူး။ ဇာတ္သိမ္းမွာ ဇာတ္လိုက္ေရာ ဇာတ္လိုက္မေရာႏွစ္ေယာက္စလုံး ေသသြားမယ္လို႔ ငါမထင္ခဲ့မိဘူး"

“…………”

စုမင္ သူလိုခ်င္တဲ့အခ်က္အလတ္ကို႐ွာမေတြ႕ေပမဲ့ ဇာတ္သိမ္းကိုေတာ့႐ွာေတြ႕ႏိုင္ခဲ့ၿပီ။

သူ႕ခန္႔မွန္းခ်က္နဲ႔ မကြာေပ ... ေနာက္ပိတ္ဆုံး ဘယ္သူမွအသက္႐ွင္လ်က္ မျပန္ႏိုင္ခဲ့ၾက‌ဘူး။ ဇာတ္ေၾကာင္းတိုးတတ္မႈနဲ႔ အေတာ္ေလးလိုက္ဖက္သည္။
ဆယ္မိနစ္ၾကာထိုင္ေနၿပီးေနာက္ စုမင္႐ုပ္႐ွင္႐ုံသို႔တဖန္ျပန္သြားသည္။

ဇာတ္႐ုံမီးမ်ားပိတ္သြားကာ ႐ုပ္႐ွင္စတင္ေတာ့မည္။

ပုံမွန္ၾကည့္႐ႈျခင္းသည္ 2Dျဖစ္တာေၾကာင့္ holographic ၾကည့္႐ႈနည္းႏွင့္ႏိႈင္းယွဥ္လွ်င္ ထိတ္လန္႔စရာအခ်က္သည္ လက္ေတြ႕အားျဖင့္သုညျဖစ္သည္။ အျခားၾကည့္႐ႈသူမ်ား‌ ေၾကာက္လန္႔စြာေအာ္ေနၾကစဥ္ သူကေတာ့ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ေပါက္ေပါက္ဆုပ္စားေလ၏။

စုမင္ကိုအံ့ၾသေစတာက ပထမဆုံးထိခိုက္ဒဏ္ရာရသူမွာ တကယ္ေတာ့ ေက်ာင္းယြင္းေဟာ္ျဖစ္သည္။

သို႔ေပမဲ့ သူေတြးၾကည့္ေတာ့ ပုံမွန္ပါပဲ ... ပင္လယ္ထဲမွာ ေက်ာင္းယြင္းေဟာ္ခ်က္ခ်င္းေသဆုံးကာ သူ႕အေလာင္းေတာင္ ျပန္မေပၚလာေပ။

ၿပီးေနာက္ ခ်န္ယုခ်င္းျဖစ္ကာ ဒီလိုနဲ႔ခ်စ္သူစုံတြဲေသဆုံးသြားၾကသည္။

က်န္ခဲ့ေသာ ခ်န္း႐ွင္းက်ိဳ႕ႏွင့္ေက်ာက္မင္ရာတို႔က ေၾကာက္႐ြံ႕ထိတ္လန္႔စြာျဖင့္ ကြၽန္း၏လွ်ိဳ႕ဝွက္ခ်က္မ်ားကို ေဖာ္ထုတ္ရန္စတင္ခဲ့သည္။ နည္းနည္းေလးထုတ္ေဖာ္လိုက္တိုင္း ေၾကာက္႐ြံ႕မႈကျဖစ္ေပၚလာခဲ့တယ္။

အခ်ိဳ႕ဇာတ္ကြက္ေတြက စုမင္ၾကဳံဖူးခဲ့သလိုအတူတူေတြပဲ။

နံရံထဲမွာ ဟုန္ေ႐ႊ႕မိသားစုကို႐ွာေတြ႕ခဲ့သလို က်င္းနဲ႔ မီးအိမ္ဂါဝန္အပါအဝင္ျဖစ္သည္။ သူတို႔သမီးသည္ အေရျပာအခြာခံလိုက္ရ၍ အေရျပားကမီးအိမ္ဂါဝန္လိုပုံစံျဖစ္ေနခဲ့သည္။

႐ုပ္႐ွင္ထဲ၌ ေက်ာက္မင္ရာ မီးအိမ္ဂါဝန္ဝင္ပူးျခင္းခံရၿပီး အခ်ိန္မွီခ်န္း႐ွင္းက်ိဳ႕ကယ္တင္ႏိုင္ခဲ့ေသာ္လည္း ေနာက္မွာ သူမေရာခ်န္း႐ွင္းက်ိဳ႕ပါ အန္ကယ္ဟဲတို႔ရဲ႕လက္၌ ေသမတတ္ႏွိပ္စက္ညႇဥ္းပန္းခံခဲ့ရကာ အေရျပားခြာခံခဲ့ရသည္။

အေရျပားအခြာမခံရခင္ ကြၽန္းႏွင့္ပတ္သတ္ေသာအခ်က္အခ်ိဳ႕ကို သိ႐ွိခဲ့သည္။

အန္ကယ္ဟဲႏွင့္က်န္သူမ်ားက ဤကြၽန္းမွမဟုတ္ေပ ... ခ်န္း႐ွင္းက်ိဳ႕ဆက္သြယ္ခဲ့သူက ဟုန္ေ႐ႊ႕ျဖစ္ၿပီး သူတို႔ကြၽန္းမေရာက္ခင္ သတ္ခံခဲ့ရသည္။ သူတို႔ပထမဆုံးစေရာက္တဲ့ေန႔က ဘာလြဲေနလဲဆိုသည့္ အေၾကာင္းရင္းပင္။

အန္ကယ္ဟဲေနအိမ္သည္ မိခင္ႏွင့္သားေနထိုင္‌ခဲ့ေသာအိမ္ျဖစ္ၿပီး ႏွစ္ေယာက္လုံးကို အန္ကယ္ဟဲသတ္ခဲ့ကာ ထိုအိမ္ကိုအပိုင္သိမ္းခဲ့သည္။ ရာဇ၀ တ္မႈက်ဴးလြန္သူ၏ လုပ္ေဖာ္ကိုင္ဖက္မ်ားသည္လည္း အလားတူပင္ျပဳလုပ္ခဲ့သည္။

သူတို႔ထြက္ေျပးတဲ့အခ်ိန္ ပင္လယ္ထဲတြင္ ဟုန္ေ႐ႊ႕နဲ႔ေတြ႕ဆုံခဲ့တာေၾကာင့္သူတို႔ဒီကြၽန္းကိုလာႏိုင္ခဲ့တယ္။ အမွန္တရားကို ဖုံးကြယ္ရင္း သူတို႔ကသူ႕ေနာက္သို႔လိုက္သြားၾကသည္။

သူတို႔က လူသတ္သမားမ်ားသာျဖစ္ၿပီး ဤကဲ့သို႔ တသီးတသန္႔႐ွိသည့္ ကြၽန္းသည္ သူတို႔အတြက္အံကိုက္ျဖစ္သည္။

အမ်ိဳးသမီးမ်ားအတြက္ကေတာ့ သဘာဝအတိုင္း သူတို႔ကိုယ္ပိုင္လိုအင္ျဖည့္ဆည္းမႈအတြက္ ဖမ္းဆီးပိတ္ေလွာင္ထားလိမ့္မယ္။

အဆုံးသတ္ထိတိုင္ ႐ုပ္႐ွင္ဆက္သြားေနကာ အန္ကယ္ဟဲသည္ အေရျပားလွီးရန္သုံးေသာဓားကို ေကာက္ယူလိုက္ၿပီး အက်ည္းတန္ေသာအျပဳံးျဖင့္ .."ငါတို႔ထဲကတစ္ေယာက္ပဲ အေရျပားလဲရမွာဆိုေတာ့ မင္းဝမ္းသာသင့္တယ္"

ခ်န္း႐ွင္းက်ိဳ႕ထိတ္လန္႔တုန္လႈပ္သြားၿပီး ေမးတယ္ .."မင္းတို႔အားလုံးအေရျပားလဲတယ္?"

ဓားသြားကို အန္ကယ္ဟဲလ်က္ၿပီး ဒီကိစၥရဲ႕အမွန္တရားကို ေဖာ္ထုတ္လိုက္တယ္။ သူတို႔ခႏၶာကိုယ္ေပၚကအေရျပားက မူလကြၽန္းသားေတြဆီကပဲ။

ဘာလို႔သူတို႔အားလုံးအတူ စုစည္းေနရလဲဆိုေတာ့ သူတို႔ရဲ႕သားေကာင္ကိုသတ္ၿပီး စားေသာက္ရတဲ့ဝါႆနာတူလို႔ပင္ျဖစ္သည္။ ကြၽန္းကိုေရာက္လာၿပီးေနာက္ ျပည္တည္နာေတြမေပါက္ႏိုင္တဲ့ အေရျပားလဲလွယ္နည္းလွ်ိဳ႕ဝွက္ခ်က္ကို ေတြ႕႐ွိသြားခဲ့သည္။

ၿပီးေနာက္ အားလုံးကိုသူတို႔သတ္ခဲ့ၿပီး ကြၽန္းကိုအရသိမ္းပိုက္ႏိုင္ခဲ့သည္။

မင္းလူသားေတြစားရင္ မင္းဖ်ားလိမ့္မယ္ဆိုတာသိၿပီး အဲဒါအတြက္တရားဝင္အသုံးအႏႈန္းတစ္ခုေတာင္ ႐ွိတယ္။ သူတို႔က အေသေကာင္ထက္ပိုဆိုးတဲ့အရာကို စားခ်င္စိတ္ျဖစ္လာေစတာ အံ့ၾသစရာမဟုတ္ေတာ့ဘူး။

မူလက ဒီအတိုင္းဆို လုံေလာက္ၿပီဟု အန္ကယ္ဟဲေတြးထားေပမယ့္ သူတို႔ထဲကတစ္ေယာက္က တိတ္တဆိတ္ဖားျပဳပ္ခိုးစားမယ္လို႔ မထင္ထားခဲ့ေပ။ ဒီတစ္ႀကိမ္ ေဝဒနာကအရင္ကထက္ေတာင္ ဆိုး႐ြားလြန္းသည္။

ထို႔ေၾကာင့္ ခ်န္း႐ွင္းက်ိဳ႕တို႔က သူတို႔သားေကာင္ျဖစ္လာခဲ့တယ္။

ေနာက္ဆုံးအဆုံးသတ္က ေတာ္ေတာ္ေလးပြင့္လင္းေနဆဲပါ။ အန္ကယ္ဟဲသည္ ခ်န္း႐ွင္းက်ိဳ႕၏အေရခြံကိုလွီးျဖတ္ၿပီးေနာက္ အလြန္ေသြးထြက္သံယိုျမင္ကြင္းႏွင့္ ေၾကာက္စရာေကာင္းသည္။ သူ႕ေနာက္ကြယ္အေမွာင္ထုထဲမွာ ႀကီးမားတဲ့အရိပ္ေတြနဲ႔ မေရတြက္ႏိုင္တဲ့သရဲေတြ ႐ွိေနတယ္။

၎ကိုၾကဳံဖူးသူတစ္ဦးအေနႏွင့္ စုမင္က ဤအရာဘာကိုဆိုလိုသည္ကိုသဘာဝအတိုင္းသိသည္။ ဇာတ္လိုက္မ႐ွိေတာ့ေပမယ့္ အန္ကယ္ဟဲနဲ႔အျခားသူေတြကို လက္စားေခ်ဖို႔ ျပဌာန္းထားတဲ့တေစၧေတြေၾကာင့္ မၾကာခင္သူတို႔ပ်က္ကိန္းဆိုက္သည္ကိုေတြ႕ရလိမ့္မယ္။

႐ုပ္႐ွင္ၿပီးဆုံးသြား ဇာတ္႐ုံမီးမ်ားလင္းလာသည္။

ကြၽန္း၏လွ်ိဳ႕ဝွက္ခ်က္ကို စူးစမ္းခ်င္ေနေသးတဲ့ပရိသတ္မ်ားနဲ႔အတူ စုမင္ထြက္သြားသည္။ အကယ္၍ကြၽန္းမွာ တကယ္ပဲလွ်ိဳ႕ဝွက္ခ်က္႐ွိတာေတာင္ အန္ကယ္ဟဲတို႔ကိုအဝင္ခံတယ္ ... ဒီကြၽန္းကတကယ့္ကို သီးျခားေနလို႔လား?

သူသည္ ဒါ႐ိုက္တာမ်ားကို Weibo၌ ႐ွာေဖြခဲ့ၿပီး ဒါ႐ိုက္တာသည္ ဤအေၾကာင္းအရာႏွင့္ ပတ္သက္၍ သက္ဆိုင္ရာအခ်က္အလက္အခ်ိဳ႕ အမွန္တကယ္တင္ခဲ့သည္ကို အံ့ၾသမိသည္။

*****************

အမွားပါရင္ခြင့္လႊတ္🤧

Thank u all❤️
October 11, 2021
—————————————————————

Continue Reading

You'll Also Like

2M 86K 91
•UNDER EDITING• Abhimanyu Chowdhary-A mysterious 28 years old man. CEO of Chowdary group of companies. He has looks that every girl craves and go cra...
84.3K 3.2K 54
After his first year at the Advanced Nurturing High School, Fukazawa Yato is about to start his second year as a student. With a better understanding...
203K 9.2K 119
A Cold Mafia Woman who named Fuchsia Karma known as Lady Black meet the Handsome Slave of Her Enemy. But what if someday they realize that they love...
9.3K 1.1K 26
ဇာတ်လမ်း အကျဥ်းကတော့ ဝတ္ထုခေါင်းစဥ်အတိုင်းပါပဲ... လင်းမာန်ခက wormhole ကို ဖြတ်လာပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ရောက်လာတယ် ။ သူ့အဖေက သူ ၂နှစ်သားထဲက ဆုံး...