၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၂၇)
UNICODE
အငယ်မက ရှဲ့ချီကို ညာခဲ့သည်။ ရှဲ့ချီအားပေးခဲ့သော အငယ်မ၏ မှတ်ဉာဏ်ထဲတွင် ညီအစ်မနှစ်ယောက်မှာ 'နင်နဲ့ငါ' ရယ် မဟုတ်ဘဲ ရင်းနှီးခဲ့ကြသည်။ သို့သော် တကယ့်ဖြစ်ရပ်များတွင်ကား အကြီးမနှင့် အငယ်မ၏ ဆက်ဆံရေးမှာ ရေနှင့် မီးလိုပင်။
အကြီးမသည် ဆက်ဆံရေးကျဲပြီး နဂိုက ခံစားချက်ကင်းမဲ့ကာ အငယ်မမှာ ညင်သာနူးညံ့ပြီး ချစ်စဖွယ်ကောင်းလေသည်။ သေချာပေါက်ပင် သူတို့မိဘများက အငယ်မကို ပိုသဘောကျပြီး ထိုသည်က အကြီးမအား မနာလိုမရှုစိမ့်ဖြစ်စေလေသည်။ အကြီးမက သူ့ညီမကို မုန်းပြီး တွန်းတိုက်ခြင်း (သို့) ပေါ်ပေါ်ထင်ထင် ဆဲဆိုခြင်းများ ပြုလုပ်တတ်သည်။ အငယ်မက မိဘများ၏ အကြိုက်ဖြစ်အောင် အပေါ်ယံတွင် ညင်သာကာ သည်းခံပြီး အကြီးမကို ကြိတ်ပြီး လှည့်စားလေ့ရှိသည်။
နှစ်ယောက်သားမှာ တစ်ယောက်ကို တစ်ယောက် ရွံရှာမုန်းတီးရင်း ကြီးပြင်းလာကြသည်မှာ သူတို့၏ ခွေး သေသွားခဲ့သည့် ညအထိဖြစ်လေသည်။ အကြီးမသည် သူမကို လှုပ်နိုးခဲ့ပြီး ဂိုထောင်ရှိသည့် အောက်ထပ်သို့ ဆင်းသွားသည်။ အကြီးမက ခွေး၏ အလောင်းရှိရာသို့ သွားကာ သူမမျက်လုံးထဲတွင် သားရဲကောင်အလား အကြည့်ဖြင့် တစ်ခါတည်း ကိုက်ချလိုက်လေသည်။
အငယ်မမှာ လန့်သွားပြီး သူမ မိဘများကို အော်ခေါ်လိုက်သည်။ သူတို့ မိဘများရောက်လာကြသည်နှင့် အငယ်မက ကြောက်လန့်ကာ ငိုနေလေသည်။ သူမ အစ်မစားသောက်နေသည်ကို ကြည့်ပြီး သူမသည်လည်း သွားရေယိုလာသောကြောင့် ဖြစ်သည်။ သူမ၏ သွားရေမှာ ထိုအချိန်ခဏလေးအတွင်းတွင် များစွာထွက်လာခဲ့ပြီး ပါးစပ်ထောင့်မှပင် စီးကျလာလေသည်။
အငယ်မသည် သူမ၏ ထူးဆန်းသည့် တုံ့ပြန်မှုကြောင့် အံ့ဩသွားခဲ့ရသည်။ သူတို့ မိဘများရောက်မလာကြခင် အငယ်မက သွားရေကို တိတ်တဆိတ်သုတ်လိုက်ပြီး အကြီးမ၏ နတ်ဆိုးလို အပြုအမူအား မိဘများရှေ့တွင် စွပ်စွဲတော့သည်။ သူတို့၏ မိဘများက အကြီးမကို ဆူငေါက်ကြပြီး ထိုမြင်ကွင်းတွင် အကြီးမ၏ အမုန်းတရားများနှင့် မျက်လုံးများမှာ ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။
"နင်နဲ့ငါက တစ်ပုံစံတည်းတူတဲ့ သူတွေပဲ။" အကြီးမက အေးစက်စွာပြောလိုက်သည်။ ထိုစကားလုံးများက ဆိုးရွားလှသည့် နိမိတ်စကားအလားပင်။ အငယ်မက ကြောက်လန့်သွားပြီး မဖြစ်နိုင်ကြောင်း အတင်းပြောလေသည်။
သို့သော် ထိုအရာပြီး မကြာခင်၌ အငယ်မကို ဗီဇများက အနိုင်ယူသွားပြီး သူမအစ်မနှင့် ပူးပေါင်းလိုက်တော့သည်။ သူမ အစ်မနှင့်မတူသည်က သူမ စားသောက်သည့်အခါတိုင်း မိဘများမမြင်ကွယ်ရာ ရှောင်လေသည်။ သူမ၏ အစ်မရှိနေပြီး အငယ်မသည် သူမ၏ မိဘများကို ကျေနပ်စေပြီး မျက်နှာသေးပေးခံရအောင် လုယူရင်း သူမကိုယ်သူမ ကလေးလို မည်သို့ ပြုမူရမည်ကို သိလေသည်။
ထို့နောက်တွင် ညီအစ်မများမှာ ရန်သူတစ်ဖြစ်လဲ လက်တွဲဖော်များဖြစ်သည်။ အတူတူပူးပေါင်းကာ လှည့်စား၊ သတ်ပစ်ပြီး အလှည့်စားခံရသူများ၏ အလောင်းကို စားသုံးကြလေသည်။
တစ်နေ့၌ သူတို့မိဘများမှာ အကြီးမ၏ လူသားစားမှုကို သိသွားကြသည်။ အငယ်မသည်ကား သူမ၏ လိမ်မာပြီး နာခံတတ်သော အကျင့်ကြောင့် သံသယစက်ကွင်းထဲမှ အောင်မြင်စွာ လွတ်သွားလေသည်။ အတင်းစေခိုင်းခံကသည့် အပြစ်ကင်းသော နစ်နာသူ ဖြစ်သွားလေသည်။
အကြီးက အငယ်မ၏ မကောင်းမှုများကို ဖော်သော်လည်း အငယ်မက ဝန်မခံပေ။ အကြီးမက သူမကို စွပ်စွဲနေခြင်းဖြစ်ကြောင်း ပြောလေသည်။ သူတို့၏ ဆက်ဆံရေးမှာ အမြဲတစေ ဆိုးရွားနေခဲ့ပြီး အငယ်မလည်း လူသားစားသည်ဆိုသည်ကို ပြနိုင်သည့် သက်သေမရှိပေ။ သူတို့မိဘများက အကြီးမကို ဘယ်လိုလုပ် ယုံနိုင်ပါ့မလဲ။
ထိတ်လန့်သွားကြသည့် မိဘများမှာ နောက်ကွယ်တွင် အတူတူကြံဆကြရင်း ညီအစ်မနှစ်ယောက်ကို ခွဲထုတ်ပစ်ရန်အတွက် ခွဲစိတ်ကြရန် အသင့်ပြင်ကြလေသည်။ ထို့နောက် အကြီးမကို ထောင်ထဲပို့မည်ဖြစ်ပြီး အငယ်မကို အဝေးသို့ ခေါ်သွားမည်ဖြစ်သည်။
ခွဲစိတ်မှုမှာ အောင်မြင်သွားသည်။ သူတို့ဆေးရုံက ဆင်းကြသည့်ညတွင် ရန်ဖြစ်ကြလေသည်။ အကြီးက သူတို့ မိဘများကို သတ်ကာ စားပစ်လေတော့သည်။
အငယ်မက အကုန်လုံးကို မြင်လိုက်ပြီး ထွက်ပြေးသွားသည်။
အကြီးမက အမျိုးစုံ စုံစမ်းထောက်လှမ်းပြီးနောက် သူမ၏ ညီမဖြစ်သူကို ရှာတွေ့တော့သည်။ ထိုစဥ်က ကိုယ်ဝန်ရှိနေသော ညီမဖြစ်သူကို ပြန်ပေးဆွဲပြီး သတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ အငယ်မက အကြိုက်တွေ့လောက်စရာ စရိုက်ရှိပြီး ချစ်ကြိုက်ကြသူများလေသည်။ သူမက ပုန်းကွယ်ခြင်းနှင့် လိမ်ညာလှည့်စားခြင်းကို ကျွမ်းကျင်လေသည်။ သူမ၏ အတိတ်၌ ကြောက်မက်ဖွယ်ရာ ဝါသနာအကြောင်းကို ဘယ်သူမှ မသိကြ။
အငယ်မ၏ ပုံမှန်မဟုတ်သော စားသောက်တတ်သည့် အကျင့်မှာ အကြီးမလောက် မဆိုးဘဲ သူမ ထိန်းချုပ်၍ ရလေသည်။ သူမ လက်ထပ်လိုက်ကာ ဘဝအသစ်ပြန်စသော်လည်း သူမ၏ အစ်မဖြစ်သူက ချောက်နက်ထဲသို့ ပြန်ဆွဲခေါ်သွားခဲ့လေသည်။
အကြီးမ နောက်ဆုံးတော့ လက်စားချေလိုက်နိုင်သည်။ သူမ ညီမဖြစ်သူ၏ ကိုယ်တွင်းအင်္ဂါများနှင့် ဗိုက်ထဲက ကလေးကို အရသာရှိအောင် ချက်ပြုတ်ရန် စားဖိုမှူးကို ခိုင်းလိုက်သည်။ ပျော်ပျော်ကြီးပင် စားသောက်လေသည်။ ထို့နောက် သူမညီမ၏ အလောင်းကို ရှာတွေ့သွားကြမည်စိုးသောကြောင့် နံရံထဲတွင် ဖွက်ထားလေသည်။
နောက်ပိုင်းတွင် အကြီးမကို အငြိုးအတေးကြောင့် မကောင်းဆိုးဝါး သရဲဖြစ်သွားသည့် အငယ်မက သတ်ပစ်လေသည်။ သူမ၏ မကောင်းသောအတွေးများနှင့် ကြီးမားလှသော အငြိုးအတေးများကြောင့် အကြီးမသည် သူမညီမထက်ပင် စွမ်းအားကြီးသည့် သရဲဖြစ်လာလေသည်။ သူမ၏ ညီမဖြစ်သူက အမြဲတမ်း သူမ အုပ်စိုးသည်ကိုသာ ခံရလေသည်။
အနည်းဆုံးတော့ ရှဲ့ချီနှင့် သူ့အဖွဲ့ မရောက်လာကြခင်အထိပေါ့...
*********
[ဒါကြီးက ယုတ်မာလွန်းပြီး သတိထားမိဖို့ ခက်တယ်လေ။ နှစ်ယောက်လုံး တစ်ယောက်မှ မကောင်းဘူး။]
[သူတို့က မျိုးရိုးဗီဇအတူတူပဲမို့ ပြဿနာတူဖို့ကလည်း ဖြစ်နိုင်ခြေအတော်များတယ်ဆိုတာတော့ ပြောရလိမ့်မယ်။]
[အငယ်မက အကြီးမထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်။]
[အငယ်မ ပြတဲ့အရင်တစ်ခုက လီလီပန်းအရသာလေးပါသေးတယ်။] (လီလီပန်း= မိန်းကလေးတွေရဲ့ ချစ်ခြင်း။)
[အမှန်တရားက ရိုးရှင်းပြီး အလိမ်အညာတွေကသာ အထင်းကြီးတွေ။ အဲ့ဒါကြောင့်လည်း အရင်တစ်ခုက သွေးစွန်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့အပြင် အသေးစိတ်တွေက များပြီး ထင်ရှားလွန်းတယ်။ အတုကြီး ဖြစ်နေခဲ့တာကိုး။]
[အချိန်အခါ မဟုတ်သေးပေမဲ့... နတ်ဘုရား ချီ အရမ်းမိုက်တယ်ဟေ့။]
********
တိရစ္ဆာန်များမှာ သူတို့၏ 'အစားအစာ' များနှင့် ကစားနေသည်။ ကြွက်များက ညီအစ်မများကို အပေါက်များနှင့် ပြည့်နေအောင် ကိုက်ထားကာ မျောက်များက သူတို့ ဦးနှောက်အားစားနေစဥ်တွင် သိုးက သူတို့အား မီးအကင်ခံရသည့် အရသာကို ခံစားစေပြီး လိပ်က ရေနွေးပူထဲ အပြုတ်ခံရသည့် အတွေ့အကြုံကို ပေးနေလေသည်...
နှိပ်စက်ပြီးနောက် တိရစ္ဆာန်ခြောက်ကောင် အတူတူစုကာ သူတို့၏ အရသာရှိသော 'အစာ' များကို စားလေတော့သည်။ အမှောင်ထဲတွင် ညီအစ်မများ အော်ဟစ်နေသံနှင့် တိရစ္ဆာန်များ ဝါးစားနေသံရှိနေသည်။ တိရစ္ဆာန်များကို နှိပ်စက်ခဲ့သူများသည် တိရစ္ဆာန်များက ပြန်လည် နှိပ်စက်ပြီး စားသုံးခြင်းကို ခံကြရမည်ဖြစ်သည်။
ဖုန်များ ငြိမ်သွားပြီး အားလုံး ရှုပ်ထွေးနေတော့သည်။
[ပျော်ရွှင်စရာ အဆုံးသတ်လေး။]
[ဒီကားရဲ့ အရည်အသွေးက သေချာပေါက် တက်လာလောက်တယ်မလား။ တကယ် တန်တယ်။]
[ဖာ့ခ် ကျောက်ကျင်ဟွာ သေသွားတာကို ငါမယုံနိုင်သေးဘူး။]
[အပေါ်ကလူရေ... သူမသေသေးဘူးလေ။]
[ဟင်?]
ရှဲ့ချီမှာ ငုံ့ကြည့်စရာတောင် မလိုတော့ဟု ခံစားလိုက်ရကာ ရယ်မောလိုက်သည်။ "ငါတို့ လူတစ်ယောက်ကို မေ့နေတာမဟုတ်ဘူးလား။"
ယွမ့်ဇျဲ ကြောင်သွားသည်။ "အယ် ဘယ်သူလဲ။"
လုဝမ်က သူ့ကို သတိပေးလိုက်သည်။ "...ကျောက်ကျင်ဟွာလေ။"
အောက်ထပ်တွင် သေခါနီး ကျောက်ကျင်ဟွာမှာ ပုန်းနေရန် တွားသွား သွားနေသည်။ သူမ ထိုနေရာတွင် ရှဲ့ချီ...နိုင်သွားသည်ကို ကြားနေရလေသည်။
ကျောက်ကျင်ဟွာ၏ မျက်နှာမှာ ခဲရောင်ဖြစ်နေပြီး သူမ၏ နှလုံးမှာ သတ္တုခဲအလား လေးလံနေသည်။ တစ်လောကလုံးက ချာချာလည်နေပြီး ယိုကျင်၏ မျက်နှာက အိပ်မက်ဆိုးအလား သူမ၏ ဝေဝါးနေသော မျက်လုံးထဲတွင် ပေါ် ပေါ်လာနေသည်။ သူမသည်...သစ်ထွန်းဖူးပေါက်စအရည်အချင်းတစ်ယောက်ဆီတွင် ရှုံးသွားခဲ့သည်။ ကျောက်ကျင်ဟွာ ရှုံးသွားခဲ့ပြီး သူမ၏ သားကိုပါ ဆုံးရှုံးလိုက်ရသည်။
သူမ၏ စိတ်ထဲ သံသယက ပြည့်နှက်လာသည်။ ကျောက်ကျင်ဟွာ သူမ၏ စိတ်ထဲရှိ သံသယကို အမြန်ဆုံး နှိမ်ထားရင်း ပြန်စုစည်းရန် ကြိုးစားသည်။ ရိုက်ကွင်းက ပြီးတော့မည်ဖြစ်သည်။ သူမသာ ပုန်းနေမည်ဆိုပါက ရှဲ့ချီလည်း အလွယ်တကူ ရှာတွေ့မည်မဟုတ်ပေ။ Appက သူမကို အပြင်ထုတ်ပေးလိုက်မည့်အချိန်အထိ အချိန်ဆွဲထားနိုင်ပါက သူမ၏ ဒဏ်ရာများ ပျောက်ကင်းသွားမည်ဖြစ်သည်။ နောင်ကျလျှင် ရှဲ့ချီကို သတ်နိုင်မည့် အခွင့်အရေးရှိလာမည်ဖြစ်ပြီး ယိုကျင်ကို အသက်ပြန်သွင်းရန် မဖြစ်နိုင်တာတော့ မဟုတ်။ ရှဲ့ချီ ပြန်ပေးဆပ်ရအောင် သူမလုပ်မည်။
"တကယ်လို့ ငါတို့ သူ့ကို ရှာမတွေ့ရင်ကော" အပေါ်ထပ်တွင် ယွမ့်ဇျဲမှာ စိုးရိမ်နေပုံပေါ်သည်။
ရှဲ့ချီက သူ့အား အရေးမကြီးဟန် အမူအရာနှင့် လှမ်းကြည့်လိုက်သည်။ "ငါ့အမိန့်ကို နားထောင်တဲ့ ကြွက်တွေ ထောင်ချီရှိနေတာ။ သူ့ကို ရှာဖို့က လွယ်လွယ်လေးပဲ မဟုတ်ဘူးလား။"
ရှဲ့ချီက တိရစ္ဆာန်များကို ကူညီထားပြီး တိရစ္ဆာန်များကလည်း ရှဲ့ချီ၏ အမိန့်ကို အကြွင်းမဲ့ နာခံလေသည်။
ယွမ့်ဇျဲ တွေးလိုက်သည်။ 'ငါကိုက တုံးတာ။'
ရှဲ့ချီ လှည့်ပြီး အပြင်ထွက်သွားသည်။ ဒုတိယထပ်၏ လက်ရန်းကိုမှီကာ သူ့လက်ကို အသာမြှောက်လိုက်သည်။ ရာချီသော ဝလင်နေသည့် ကြွက်ပေါက်များ အခန်းထဲမှ ထွက်လာကြပြီး ကျောက်ကျင်ဟွာကို လိုက်ရှာရန် ခွဲသွားကြသည်။
ကျန်သူများ ဆွံ့အသွားကြသည်။ တစ်မိနစ်တောင်မရှိသေးချိန်တွင် ကြွက်ပေါက်လေးတစ်ကောင်က ပြန်ပြေးလာသည်။ ရှဲ့ချီ၏ ဘောင်းဘီခြေထောက်ကို သွားသေးသေးလေးနှင့် ကိုက်ဆွဲကာ လမ်းပြပေးရန် ဆွဲခေါ်နေလေသည်။ (ဘယ်လောက် ချစ်စရာကောင်းလိုက်မလဲ UwU)
"သွားရအောင်။" ရှဲ့ချီက ပျင်းရိစွာ ပြောလိုက်သည်။
ထိုထူးဆန်းသည့် မြင်ကွင်းကို မြင်လိုက်သော ယွမ့်ဇျဲ: “……”
**********
ကျောက်ကျင်ဟွာမှာ ဗီရိုထဲတွင် ပုန်းနေလေသည်။ သူမအရှေ့မှ တည်ငြိမ်ပြီး အေးအေးသာသာ ခြေသံများကို ကြားလိုက်ရပြီး သူမ၏ နှလုံးက လည်ချောင်းထဲ ရုတ်တရက် ထိုးတက်လာသည်။
သူမကို ရှာတွေ့သွားတာလား။ ဘယ်သူလဲ။ ကျောက်ကျင်ဟွာ ကြောက်လန့်၍ တုန်ယင်နေကာ တုတ်တံကို ထိတ်လန့်နေသည့် ငှက်တစ်ကောင်အလား ဆုပ်ကိုင်ထားလေသည်။
မျောက်နှစ်ကောင် ခုန်လိုက်ပြီး ရှဲ့ချီအတွက် ဗီရိုတံခါးကို ဖွင့်ပေးလိုက်သည်။ ကျောက်ကျင်ဟွာ မှာ ချောင်ခိုတိုက်ရန် အခွင့်အရေးလွတ်သွားလေသည်။ ချောက်ချားစွာ မော့ကြည့်လိုက်ပြီး ရှဲ့ချီ၏ ခံစားချက်ကင်းမဲ့သော မျက်လုံးများနှင့် တွေ့လိုက်ရသည်။ သပ်ရပ်စွာ ဝတ်စားထားသော လူငယ်လေးမှာ အိပ်မက်ဆိုးဖြစ်သည်။
"ငါ့ကို မသတ်ပါနဲ့..." မောက်မာသော တတိယတန်းစား မင်းသမီးမှာ ညှာတာပါရန် တောင်းပန်လာသည်။
ရှဲ့ချီက ကျောက်ကျင်ဟွာကို ကြည့်ကာ ညင်သာစွာ ပြုံးပြလိုက်သည်။ "ခင်ဗျားမှာ ရွေးချယ်စရာအခွင့်မရှိဘူးထင်တာပဲ။"
ထိုစကားလုံးများကို ရင်းနှီးနေသည်။ အံ့အားသင့်နေသည့် ယွမ့်ဇျဲ သတိရအောင် ပြန်စဥ်းစားလိုက်ပြီး ထိုစကားများမှာ ကျောက်ကျင်ဟွာနှင့် ယိုကျင်တို့ ခြိမ်းခြောက်ထားသည်များဖြစ်ကြောင်း သိလိုက်သည်။ သူတို့ ရှဲ့ချီကို ပြောခဲ့ပြီး နှစ်ကြိမ်တောင် ပြောခဲ့ခြင်းဖြစ်လေသည်။ ယွမ့်ဇျဲ နောက်သို့ ကျုံ့ကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ဒီရှဲ့ချီဆိုသူဟာလေ ဘယ်လိုတေးထားရမလဲ သိတာပဲ။
ရှဲ့ချီ အကြည့်တစ်ချက်ပေးလိုက်ပြီး တိရစ္ဆာန် များမှာ မှောင်မည်းနေသည့် ဗီရိုထဲ အပြုံလိုက်ဝင်သွားသည်။ ဝုန်းခနဲ ဗီရိုတံခါးပိတ်သွားကာ အထဲမှ ကျောက်ကျင်ဟွာ၏ အော်သံများ ထွက်လာသည်။ "ငါ သရဲဖြစ်လာပြီး မင်းကို အလွတ်မပေးဘူး။"
ရှဲ့ချီ ပခုံးတွန့်ပြကာ ပြုံးလိုက်သည်။ "ကျွန်တော်က ကုသိုလ်လုပ်ပြီး ခင်ဗျားသားနဲ့ အတူနေရအောင် ပို့ပေးလိုက်တာကြီးကို။"
ကြီးမားသော ဗီရိုကြီးမှာ အပြင်းအထန်တုန်ခါနေပြီးနောက် တဖြည်းဖြည်း ငြိမ်ကျသွားလေသည်။
[ဒါကြီးက စောက်ကျိုးနည်း ရက်စက်တယ်ဟေ့။ ဒီရက်စက်တဲ့လူကြီးက အကျိုးနည်း ချိုတယ်ဟေ့...]
[တက်သစ်စက တတိယတန်းစားကို သတ်သွားတယ်တဲ့လား။ ဒါကြီးက တစ်ခါမှမဖြစ်ဖူးတာကြီးမလား။]
[အပြေးအလွှား Follow လိုက်ပါပြီ။]
၁၃ ယောက် ဝင်လာပြီး လေးယောက်သာ အသက်ရှင်သည်။ ရှဲ့ချီ၏ အဖွဲ့မှာ မသေဘဲ ကျောက်ကျင်ဟွာ၏ အဖွဲ့တွင်တော့ စပိုင်ဖြစ်သော ရှယောင်တစ်ယောက်သာ ရှိတော့လေသည်။
App က မြည်လာသည်။
[တိရစ္ဆာန်များသည် အကြီးမနှင့် အငယ်မအား လုံးဝ စားသုံးပြီးသွားပါပြီ။ ၁၅၅၂ သရဲခြောက်သောအိမ်ကြီး၏ ရိုက်ကူးရေး ပြီးဆုံးသွားပါပြီ။ ယခု အချိန်မှာ ရပ်တန့်နေပါသည်။ အိုင်တမ်မရရှိသော သရုပ်ဆောင်များမှာ ချက်ချင်းပင် ဇာတ်ကားမှ ထွက်သွားရမည်ရမည်ဖြစ်သည်။ အိုင်တမ်ရရှိသော သရုပ်ဆောင်များမှာ ခေတ္တနေခဲ့ကြရပါမည်။]
[ပြီးနောက် သရုပ်ဆောင်များ၏ ခြုံငုံသုံးသပ်ချက်အဆင့်များ လာပါမည်။ စောင့်နေပါ။]
လုဝမ်နှင့် ရှယောင်ပျောက်သွားပြီး အိမ်ကြီးထဲတွင် ရှဲ့ချီနှင့် ယွမ့်ဇျဲသာလျှင် ကျန်ခဲ့လေသည်။ ယွမ့်ဇျဲ၏ မျက်လုံးထဲ ဝမ်းသာမှုပေါ်လာသည်။ယ
[သရုပ်ဆောင်၏ ကိုယ်ပိုင် အခြေအနေကို ဖွင့်လိုက်ပါသည်။]
ရုပ်ရှင်ရုံထဲတွင် ပရိသတ်များ စောင့်နေကြသည်။
"ရှဲ့ချီ ပရိသတ်တွေ ဘယ်နှစ်သန်းလောက်ရသွားတယ်လို့ ထင်လဲ။"
"App က ရက်ရောတယ်မလား။ ထူးချွန်တဲ့ သရုပ်ဆောင်တွေကို ဆိုးဆိုးရွားရွား မဆက်ဆံပါဘူး။ ရှဲ့ချီက သူ့ဓားကို ဆုံးရှုံးသွားပြီး တစ်ခါသုံး အိုင်တမ်ကိုလည်း သုံးပစ်တယ်။ ရလာမဲ့ ဆုအိုင်တမ်က တော်တော်လေး ကောင်းမှာပဲ..."
"အား ငါ့မယ် တစ်ညလုံး ရင်တုန်နေခဲ့ရတာ။ ခဏလောက် နား—” သရဲ၏ စကားများ ရပ်သွားသည်။
ပရိသတ်များ အံ့အားသင့်သွားကြသည်။ "ဖာ့ခ် ဘာတွေဖြစ်နေတာလဲဟ။"
***********
ချောက်ချားစရာ ဇာတ်ကားထဲတွင် ရှဲ့ချီမှာ အိုင်တမ်ပေါ်လာမည်ကို စောင့်နေသည့်အချိန်တွင် သူ့ခေါင်းမှာ ရုတ်တရက် နာကျင်လာသည်။ တုန်ယင်နေပြီး မတ်မတ်တောင် မရပ်နိုင်တော့ပေ။
App က ဇာတ်ကားရိုက်ကူးရေးပြီးသွားကြောင်း ကြေညာလိုက်ပြီး အိုင်တမ်များဆက်နွယ်မှုလည်း ဇာတ်ကားနှင့်ကွဲသွားပြီဖြစ်သည်။ တိရစ္ဆာန်များ၏ ကာကွယ်မှုသည်လည်း မရှိတော့ဘူးဖြစ်သည်။ တိရစ္ဆာန်များ၏ ကောင်းမှုမှ ဖိအားကြောင့် အစက နောက်ဆုတ်သွားရသော မကောင်းဆိုးဝါးဝိညာဥ်မှာ အငြိမ်မနေနိုင်တော့။
"ဒီလောက်ကောင်းတဲ့ ခန္ဓာကိုယ်ကို ငါ့အတွက် ချန်ထားပေးခဲ့လို့ ကျေးဇူးပဲ။" မကောင်းဆိုးဝါးဝိညာဥ်က မှောင်မိုက်စွာရယ်သည်။
သူ သေသွားပြီထင်ပြီး ထိုလူသားနှင့် မလုပ်ချင်ပါဘဲ ပူးပေါင်းလိုက်ရသည်။ ဒီလူသားက သေခါနီးအခြေအနေမှ တွန်းတက်လာနိုင်မည်ဟု သူမထင်ခဲ့ပေ။ သူ့ကို တိရစ္ဆာန်အဖွဲ့က ဆုပေးခဲ့သော်လည်း အခု မကောင်းဆိုးဝါးဝိညာဥ်ကို သူမထိန်းနိုင်တော့ပေ။ မကောင်းဆိုးဝါးဝိညာဥ်မှာ သူ့ဝိညာဥ်ကို ဝါးမျိုလိုက်ပြီး ဒီ လွန်စွာအရည်အသွေးမြင့်သည့် ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်မည်ဖြစ်သည်။
တုံးအလိုက်တဲ့ လူသား၊ သူ့စိတ်ထဲ မကောင်းဆိုးဝါးဝိညာဥ်ကို ခေါ်သွင်းရဲသတဲ့။ သူ့ရဲ့ တုံးအမှုကြောင့် ပြန်ပေးဆပ်ရမည်ဖြစ်သည်။
ထိုအချိန်တွင် မကောင်းဆိုးဝါးဝိညာဥ်မှာ App အကြောင်း တွေးမိလိုက်သည်။ App ၏ ချောက်ချားစရာဇာတ်ကားများမှာ သူများတွေအတွက် အိပ်မက်ဆိုးများဆိုသော်လည်း သူ့အတွက်ကား ကမ္ဘာပေါ်က သုခဘုံကြီးဖြစ်သည်။ သူအကြိုက်ဆုံးအရာမှာ သတ်ဖြတ်ခြင်းဖြစ်သည်။ မြောက်များစွာသော အမှတ်များကို သူရနိုင်ပြီး သူလုပ်ချင်တာလုပ်ကာ ဘဝအသစ်ရနိုင်သည်။
"မင်းကို ငါ အများကြီးကူညီခဲ့တာပဲ။ ဒီခန္ဓာကိုယ်ကို သုံးဖို့ ထိုက်တန်ပါတယ်။ စိတ်မပူနဲ့။ App မှာ ရှိသမျှလူတွေ မင်နာမည်ကို မှတ်မိနေစေရမယ်။ ငါ ဇာတ်ကားဧကရာဇ် ဖြစ်လာစေရမယ်။"
"ရှဲ့ချီ။" ရှဲ့ချီ ရုတ်တရက် ဖြူဖပ်ဖြူရော်ဖြစ်သွားသည်ကို ယွမ့်ဇျဲ မြင်လိုက်ပြီး ကူညီချင်သည်။ သို့သော် App ၏ စည်းမျဥ်းများ တားမြစ်ထားသည်ကို ခံရပြီး လုံးဝ မလှုပ်နိုင်ပေ။
[ဒါကြီးက ဘာဖြစ်တာလဲ။ ပြီးသွားပြီ မဟုတ်ဘူးလား။]
[ရှဲ့ချီရေ ငါ့ကို လန့်အောင်မလုပ်နဲ့ဟ။]
မကောင်းဆိုးဝါး၏ ဝိညာဥ်မှာ စိတ်ထဲတွင် သောင်းကျန်းနေပြီး နေရာအများစုကို သိမ်းပိုက်ထားလေသည်။ ရှဲ့ချီ၏ ဝိညာဥ်ကို နှောင့်ယှက်ကာ တိုက်ခိုက်ချင်သော်လည်း ရှဲ့ချီ၏ ဝိညာဥ်မှာ အရမ်းတည်ငြိမ်နေပြီး လှုပ်တောင်မလှုပ်သည်ကိုသာ တွေ့လိုက်ရသည်။
"မင်း ဘာလို့..." တစ်ခုခု မှားနေသည်ကို မကောင်းဆိုးဝါးဝိညာဥ် ခံစားမိလိုက်သည်။
ရှဲ့ချီ သက်ပြင်းချလိုက်လေသည်။ "ကိုကိုရေ၊ ထွက်လာတော့။"
မကောင်းဆိုးဝါးဝိညာဥ် ကြောင်အသွားသည်။ "ဘာ ကိုကိုလဲ။ "
သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်ကြီး ရလိုက်သည်။
အဆုံးမဲ့ အမှောင်တိုက်ထဲ၌ မကောင်းဆိုးဝါးဝိညာဥ် လုံးဝမသိသော ဝိညာဥ်တစ်ခုက ရုတ်တရက် တိုးထွက်လာပြီး မကောင်းဆိုးဝါး၏ ဝိညာဥ်ကို ကိုက်ခဲလိုက်သည်။ ထို ဝိညာဥ်က စူးရှပြီး တားမြစ်မရနိုင်ပေ။ ပိုပြီး ကြမ်းတမ်းကာ မကောင်းဆိုးဝါး၏ ဝိညာဥ်ထက်ပင် ပိုပြီး မကောင်းဆိုးဝါးဆန်လေသည်။
ရှဲ့ချီ၏ ဝိညာဥ်မှာ ချောင်တစ်နေရာတွင် လိမ်လိမ်မာမာနေနေပြီး သူ့ကိုကို ကို အားပေးနေရင်း မကောင်းဆိုးဝါး ဝိညာဥ်နှင့် စကားပြောနေသည်။ "သူ့ကို သိတယ်မဟုတ်ဘူးလား။"
မကောင်းဆိုးဝါးဝိညာဥ်မှာ ရုန်းကန်ရင်း လုံးဝရှုံးသွားကာ သူ၏ အော်သံများ ဆက်နေသည်။
"မင်းရဲ့ သခင်လေ။ မေ့သွားပြီလား။" ရှဲ့ချီ၏ မျက်နှာမှ အပြုံးပျောက်ကွယ်သွားပြီး သူ၏ အသံမှာ အေးစက်ကာ နွမ်းနယ်နေသည်။ "မင်းကို ပထမတစ်ခါတုန်းက အနိုင်ယူနိုင်တယ်ဆိုရင် သေချာပေါက် ဒုတိယတစ်ခါမှာလည်း အနိုင်ယူနိုင်မှာပဲ။"
ချက်ချင်းလက်ငင်းပင် ရှဲ့ရှင်းလန်သည် မကောင်းဆိုးဝါး၏ ဝိညာဥ်ကို လုံးဝ ဝါးမျိုလိုက်တော့သည်။
******====******
စပရိုက် မာ့ဖကာ 🤣
အဲ့ဒီနေရာနဲ့ တော်တော်ကြီးကို လိုက်ဖက်တယ် ခံစားရ Lol 🤣
တစ်ပိုင်းပဲ ကျန်တော့တယ်... Yayyyyyyy
........................
၁၅၅၂ သရဲေျခာက္ေသာအိမ္ႀကီး (၂၇)
UNICODE
အငယ္မက ႐ွဲ႕ခ်ီကို ညာခဲ့သည္။ ႐ွဲ႕ခ်ီအားေပးခဲ့ေသာ အငယ္မ၏ မွတ္ဉာဏ္ထဲတြင္ ညီအစ္မႏွစ္ေယာက္မွာ 'နင္နဲ႔ငါ' ရယ္ မဟုတ္ဘဲ ရင္းႏွီးခဲ့ၾကသည္။ သို႔ေသာ္ တကယ့္ျဖစ္ရပ္မ်ားတြင္ကား အႀကီးမႏွင့္ အငယ္မ၏ ဆက္ဆံေရးမွာ ေရႏွင့္ မီးလိုပင္။
အႀကီးမသည္ ဆက္ဆံေရးက်ဲၿပီး နဂိုက ခံစားခ်က္ကင္းမဲ့ကာ အငယ္မမွာ ညင္သာႏူးညံ့ၿပီး ခ်စ္စဖြယ္ေကာင္းေလသည္။ ေသခ်ာေပါက္ပင္ သူတို႔မိဘမ်ားက အငယ္မကို ပိုသေဘာက်ၿပီး ထိုသည္က အႀကီးမအား မနာလိုမ႐ႈစိမ့္ျဖစ္ေစေလသည္။ အႀကီးမက သူ႕ညီမကို မုန္းၿပီး တြန္းတိုက္ျခင္း (သို႔) ေပၚေပၚထင္ထင္ ဆဲဆိုျခင္းမ်ား ျပဳလုပ္တတ္သည္။ အငယ္မက မိဘမ်ား၏ အႀကိဳက္ျဖစ္ေအာင္ အေပၚယံတြင္ ညင္သာကာ သည္းခံၿပီး အႀကီးမကို ႀကိတ္ၿပီး လွည့္စားေလ့႐ွိသည္။
ႏွစ္ေယာက္သားမွာ တစ္ေယာက္ကို တစ္ေယာက္ ႐ြံ႐ွာမုန္းတီးရင္း ႀကီးျပင္းလာၾကသည္မွာ သူတို႔၏ ေခြး ေသသြားခဲ့သည့္ ညအထိျဖစ္ေလသည္။ အႀကီးမသည္ သူမကို လႈပ္ႏိုးခဲ့ၿပီး ဂိုေထာင္႐ွိသည့္ ေအာက္ထပ္သို႔ ဆင္းသြားသည္။ အႀကီးမက ေခြး၏ အေလာင္း႐ွိရာသို႔ သြားကာ သူမမ်က္လုံးထဲတြင္ သားရဲေကာင္အလား အၾကည့္ျဖင့္ တစ္ခါတည္း ကိုက္ခ်လိုက္ေလသည္။
အငယ္မမွာ လန္႔သြားၿပီး သူမ မိဘမ်ားကို ေအာ္ေခၚလိုက္သည္။ သူတို႔ မိဘမ်ားေရာက္လာၾကသည္ႏွင့္ အငယ္မက ေၾကာက္လန္႔ကာ ငိုေနေလသည္။ သူမ အစ္မစားေသာက္ေနသည္ကို ၾကည့္ၿပီး သူမသည္လည္း သြားေရယိုလာေသာေၾကာင့္ ျဖစ္သည္။ သူမ၏ သြားေရမွာ ထိုအခ်ိန္ခဏေလးအတြင္းတြင္ မ်ားစြာထြက္လာခဲ့ၿပီး ပါးစပ္ေထာင့္မွပင္ စီးက်လာေလသည္။
အငယ္မသည္ သူမ၏ ထူးဆန္းသည့္ တုံ႔ျပန္မႈေၾကာင့္ အံ့ဩသြားခဲ့ရသည္။ သူတို႔ မိဘမ်ားေရာက္မလာၾကခင္ အငယ္မက သြားေရကို တိတ္တဆိတ္သုတ္လိုက္ၿပီး အႀကီးမ၏ နတ္ဆိုးလို အျပဳအမူအား မိဘမ်ားေ႐ွ႕တြင္ စြပ္စြဲေတာ့သည္။ သူတို႔၏ မိဘမ်ားက အႀကီးမကို ဆူေငါက္ၾကၿပီး ထိုျမင္ကြင္းတြင္ အႀကီးမ၏ အမုန္းတရားမ်ားႏွင့္ မ်က္လုံးမ်ားမွာ ေၾကာက္မက္ဖြယ္ရာ ေကာင္းေလသည္။
"နင္နဲ႔ငါက တစ္ပုံစံတည္းတူတဲ့ သူေတြပဲ။" အႀကီးမက ေအးစက္စြာေျပာလိုက္သည္။ ထိုစကားလုံးမ်ားက ဆိုး႐ြားလွသည့္ နိမိတ္စကားအလားပင္။ အငယ္မက ေၾကာက္လန္႔သြားၿပီး မျဖစ္ႏိုင္ေၾကာင္း အတင္းေျပာေလသည္။
သို႔ေသာ္ ထိုအရာၿပီး မၾကာခင္၌ အငယ္မကို ဗီဇမ်ားက အႏိုင္ယူသြားၿပီး သူမအစ္မႏွင့္ ပူးေပါင္းလိုက္ေတာ့သည္။ သူမ အစ္မႏွင့္မတူသည္က သူမ စားေသာက္သည့္အခါတိုင္း မိဘမ်ားမျမင္ကြယ္ရာ ေ႐ွာင္ေလသည္။ သူမ၏ အစ္မ႐ွိေနၿပီး အငယ္မသည္ သူမ၏ မိဘမ်ားကို ေက်နပ္ေစၿပီး မ်က္ႏွာေသးေပးခံရေအာင္ လုယူရင္း သူမကိုယ္သူမ ကေလးလို မည္သို႔ ျပဳမူရမည္ကို သိေလသည္။
ထို႔ေနာက္တြင္ ညီအစ္မမ်ားမွာ ရန္သူတစ္ျဖစ္လဲ လက္တြဲေဖာ္မ်ားျဖစ္သည္။ အတူတူပူးေပါင္းကာ လွည့္စား၊ သတ္ပစ္ၿပီး အလွည့္စားခံရသူမ်ား၏ အေလာင္းကို စားသုံးၾကေလသည္။
တစ္ေန႔၌ သူတို႔မိဘမ်ားမွာ အႀကီးမ၏ လူသားစားမႈကို သိသြားၾကသည္။ အငယ္မသည္ကား သူမ၏ လိမ္မာၿပီး နာခံတတ္ေသာ အက်င့္ေၾကာင့္ သံသယစက္ကြင္းထဲမွ ေအာင္ျမင္စြာ လြတ္သြားေလသည္။ အတင္းေစခိုင္းခံကသည့္ အျပစ္ကင္းေသာ နစ္နာသူ ျဖစ္သြားေလသည္။
အႀကီးက အငယ္မ၏ မေကာင္းမႈမ်ားကို ေဖာ္ေသာ္လည္း အငယ္မက ဝန္မခံေပ။ အႀကီးမက သူမကို စြပ္စြဲေနျခင္းျဖစ္ေၾကာင္း ေျပာေလသည္။ သူတို႔၏ ဆက္ဆံေရးမွာ အၿမဲတေစ ဆိုး႐ြားေနခဲ့ၿပီး အငယ္မလည္း လူသားစားသည္ဆိုသည္ကို ျပႏိုင္သည့္ သက္ေသမ႐ွိေပ။ သူတို႔မိဘမ်ားက အႀကီးမကို ဘယ္လိုလုပ္ ယုံႏိုင္ပါ့မလဲ။
ထိတ္လန္႔သြားၾကသည့္ မိဘမ်ားမွာ ေနာက္ကြယ္တြင္ အတူတူၾကံဆၾကရင္း ညီအစ္မႏွစ္ေယာက္ကို ခြဲထုတ္ပစ္ရန္အတြက္ ခြဲစိတ္ၾကရန္ အသင့္ျပင္ၾကေလသည္။ ထို႔ေနာက္ အႀကီးမကို ေထာင္ထဲပို႔မည္ျဖစ္ၿပီး အငယ္မကို အေဝးသို႔ ေခၚသြားမည္ျဖစ္သည္။
ခြဲစိတ္မႈမွာ ေအာင္ျမင္သြားသည္။ သူတို႔ေဆး႐ုံက ဆင္းၾကသည့္ညတြင္ ရန္ျဖစ္ၾကေလသည္။ အႀကီးက သူတို႔ မိဘမ်ားကို သတ္ကာ စားပစ္ေလေတာ့သည္။
အငယ္မက အကုန္လုံးကို ျမင္လိုက္ၿပီး ထြက္ေျပးသြားသည္။
အႀကီးမက အမ်ိဳးစုံ စုံစမ္းေထာက္လွမ္းၿပီးေနာက္ သူမ၏ ညီမျဖစ္သူကို ႐ွာေတြ႕ေတာ့သည္။ ထိုစဥ္က ကိုယ္ဝန္႐ွိေနေသာ ညီမျဖစ္သူကို ျပန္ေပးဆြဲၿပီး သတ္ပစ္ရန္ ဆုံးျဖတ္လိုက္သည္။ အငယ္မက အႀကိဳက္ေတြ႕ေလာက္စရာ စ႐ိုက္႐ွိၿပီး ခ်စ္ႀကိဳက္ၾကသူမ်ားေလသည္။ သူမက ပုန္းကြယ္ျခင္းႏွင့္ လိမ္ညာလွည့္စားျခင္းကို ကြၽမ္းက်င္ေလသည္။ သူမ၏ အတိတ္၌ ေၾကာက္မက္ဖြယ္ရာ ဝါသနာအေၾကာင္းကို ဘယ္သူမွ မသိၾက။
အငယ္မ၏ ပုံမွန္မဟုတ္ေသာ စားေသာက္တတ္သည့္ အက်င့္မွာ အႀကီးမေလာက္ မဆိုးဘဲ သူမ ထိန္းခ်ဳပ္၍ ရေလသည္။ သူမ လက္ထပ္လိုက္ကာ ဘဝအသစ္ျပန္စေသာ္လည္း သူမ၏ အစ္မျဖစ္သူက ေခ်ာက္နက္ထဲသို႔ ျပန္ဆြဲေခၚသြားခဲ့ေလသည္။
အႀကီးမ ေနာက္ဆုံးေတာ့ လက္စားေခ်လိုက္ႏိုင္သည္။ သူမ ညီမျဖစ္သူ၏ ကိုယ္တြင္းအဂၤါမ်ားႏွင့္ ဗိုက္ထဲက ကေလးကို အရသာ႐ွိေအာင္ ခ်က္ျပဳတ္ရန္ စားဖိုမႉးကို ခိုင္းလိုက္သည္။ ေပ်ာ္ေပ်ာ္ႀကီးပင္ စားေသာက္ေလသည္။ ထို႔ေနာက္ သူမညီမ၏ အေလာင္းကို ႐ွာေတြ႕သြားၾကမည္စိုးေသာေၾကာင့္ နံရံထဲတြင္ ဖြက္ထားေလသည္။
ေနာက္ပိုင္းတြင္ အႀကီးမကို အၿငိဳးအေတးေၾကာင့္ မေကာင္းဆိုးဝါး သရဲျဖစ္သြားသည့္ အငယ္မက သတ္ပစ္ေလသည္။ သူမ၏ မေကာင္းေသာအေတြးမ်ားႏွင့္ ႀကီးမားလွေသာ အၿငိဳးအေတးမ်ားေၾကာင့္ အႀကီးမသည္ သူမညီမထက္ပင္ စြမ္းအားႀကီးသည့္ သရဲျဖစ္လာေလသည္။ သူမ၏ ညီမျဖစ္သူက အၿမဲတမ္း သူမ အုပ္စိုးသည္ကိုသာ ခံရေလသည္။
အနည္းဆုံးေတာ့ ႐ွဲ႕ခ်ီႏွင့္ သူ႕အဖြဲ႕ မေရာက္လာၾကခင္အထိေပါ့...
*********
[ဒါႀကီးက ယုတ္မာလြန္းၿပီး သတိထားမိဖို႔ ခက္တယ္ေလ။ ႏွစ္ေယာက္လုံး တစ္ေယာက္မွ မေကာင္းဘူး။]
[သူတို႔က မ်ိဳး႐ိုးဗီဇအတူတူပဲမို႔ ျပႆနာတူဖို႔ကလည္း ျဖစ္ႏိုင္ေျခအေတာ္မ်ားတယ္ဆိုတာေတာ့ ေျပာရလိမ့္မယ္။]
[အငယ္မက အႀကီးမထက္ေတာင္ ပိုေၾကာက္ဖို႔ေကာင္းေသးတယ္။]
[အငယ္မ ျပတဲ့အရင္တစ္ခုက လီလီပန္းအရသာေလးပါေသးတယ္။] (လီလီပန္း= မိန္းကေလးေတြရဲ႕ ခ်စ္ျခင္း။)
[အမွန္တရားက ႐ိုး႐ွင္းၿပီး အလိမ္အညာေတြကသာ အထင္းႀကီးေတြ။ အဲ့ဒါေၾကာင့္လည္း အရင္တစ္ခုက ေသြးစြန္းၿပီး စိတ္လႈပ္႐ွားစရာေကာင္းတဲ့အျပင္ အေသးစိတ္ေတြက မ်ားၿပီး ထင္႐ွားလြန္းတယ္။ အတုႀကီး ျဖစ္ေနခဲ့တာကိုး။]
[အခ်ိန္အခါ မဟုတ္ေသးေပမဲ့... နတ္ဘုရား ခ်ီ အရမ္းမိုက္တယ္ေဟ့။]
********
တိရစၧာန္မ်ားမွာ သူတို႔၏ 'အစားအစာ' မ်ားႏွင့္ ကစားေနသည္။ ႂကြက္မ်ားက ညီအစ္မမ်ားကို အေပါက္မ်ားႏွင့္ ျပည့္ေနေအာင္ ကိုက္ထားကာ ေမ်ာက္မ်ားက သူတို႔ ဦးေႏွာက္အားစားေနစဥ္တြင္ သိုးက သူတို႔အား မီးအကင္ခံရသည့္ အရသာကို ခံစားေစၿပီး လိပ္က ေရေႏြးပူထဲ အျပဳတ္ခံရသည့္ အေတြ႕အၾကဳံကို ေပးေနေလသည္...
ႏွိပ္စက္ၿပီးေနာက္ တိရစၧာန္ေျခာက္ေကာင္ အတူတူစုကာ သူတို႔၏ အရသာ႐ွိေသာ 'အစာ' မ်ားကို စားေလေတာ့သည္။ အေမွာင္ထဲတြင္ ညီအစ္မမ်ား ေအာ္ဟစ္ေနသံႏွင့္ တိရစၧာန္မ်ား ဝါးစားေနသံ႐ွိေနသည္။ တိရစၧာန္မ်ားကို ႏွိပ္စက္ခဲ့သူမ်ားသည္ တိရစၧာန္မ်ားက ျပန္လည္ ႏွိပ္စက္ၿပီး စားသုံးျခင္းကို ခံၾကရမည္ျဖစ္သည္။
ဖုန္မ်ား ၿငိမ္သြားၿပီး အားလုံး ႐ႈပ္ေထြးေနေတာ့သည္။
[ေပ်ာ္႐ႊင္စရာ အဆုံးသတ္ေလး။]
[ဒီကားရဲ႕ အရည္အေသြးက ေသခ်ာေပါက္ တက္လာေလာက္တယ္မလား။ တကယ္ တန္တယ္။]
[ဖာ့ခ္ ေက်ာက္က်င္ဟြာ ေသသြားတာကို ငါမယုံႏိုင္ေသးဘူး။]
[အေပၚကလူေရ... သူမေသေသးဘူးေလ။]
[ဟင္?]
႐ွဲ႕ခ်ီမွာ ငုံ႔ၾကည့္စရာေတာင္ မလိုေတာ့ဟု ခံစားလိုက္ရကာ ရယ္ေမာလိုက္သည္။ "ငါတို႔ လူတစ္ေယာက္ကို ေမ့ေနတာမဟုတ္ဘူးလား။"
ယြမ့္ဇ်ဲ ေၾကာင္သြားသည္။ "အယ္ ဘယ္သူလဲ။"
လုဝမ္က သူ႕ကို သတိေပးလိုက္သည္။ "...ေက်ာက္က်င္ဟြာေလ။"
ေအာက္ထပ္တြင္ ေသခါနီး ေက်ာက္က်င္ဟြာမွာ ပုန္းေနရန္ တြားသြား သြားေနသည္။ သူမ ထိုေနရာတြင္ ႐ွဲ႕ခ်ီ...ႏိုင္သြားသည္ကို ၾကားေနရေလသည္။
ေက်ာက္က်င္ဟြာ၏ မ်က္ႏွာမွာ ခဲေရာင္ျဖစ္ေနၿပီး သူမ၏ ႏွလုံးမွာ သတၱဳခဲအလား ေလးလံေနသည္။ တစ္ေလာကလုံးက ခ်ာခ်ာလည္ေနၿပီး ယိုက်င္၏ မ်က္ႏွာက အိပ္မက္ဆိုးအလား သူမ၏ ေဝဝါးေနေသာ မ်က္လုံးထဲတြင္ ေပၚ ေပၚလာေနသည္။ သူမသည္...သစ္ထြန္းဖူးေပါက္စအရည္အခ်င္းတစ္ေယာက္ဆီတြင္ ႐ႈံးသြားခဲ့သည္။ ေက်ာက္က်င္ဟြာ ႐ႈံးသြားခဲ့ၿပီး သူမ၏ သားကိုပါ ဆုံး႐ႈံးလိုက္ရသည္။
သူမ၏ စိတ္ထဲ သံသယက ျပည့္ႏွက္လာသည္။ ေက်ာက္က်င္ဟြာ သူမ၏ စိတ္ထဲ႐ွိ သံသယကို အျမန္ဆုံး ႏွိမ္ထားရင္း ျပန္စုစည္းရန္ ႀကိဳးစားသည္။ ႐ိုက္ကြင္းက ၿပီးေတာ့မည္ျဖစ္သည္။ သူမသာ ပုန္းေနမည္ဆိုပါက ႐ွဲ႕ခ်ီလည္း အလြယ္တကူ ႐ွာေတြ႕မည္မဟုတ္ေပ။ Appက သူမကို အျပင္ထုတ္ေပးလိုက္မည့္အခ်ိန္အထိ အခ်ိန္ဆြဲထားႏိုင္ပါက သူမ၏ ဒဏ္ရာမ်ား ေပ်ာက္ကင္းသြားမည္ျဖစ္သည္။ ေနာင္က်လွ်င္ ႐ွဲ႕ခ်ီကို သတ္ႏိုင္မည့္ အခြင့္အေရး႐ွိလာမည္ျဖစ္ၿပီး ယိုက်င္ကို အသက္ျပန္သြင္းရန္ မျဖစ္ႏိုင္တာေတာ့ မဟုတ္။ ႐ွဲ႕ခ်ီ ျပန္ေပးဆပ္ရေအာင္ သူမလုပ္မည္။
"တကယ္လို႔ ငါတို႔ သူ႕ကို ႐ွာမေတြ႕ရင္ေကာ" အေပၚထပ္တြင္ ယြမ့္ဇ်ဲမွာ စိုးရိမ္ေနပုံေပၚသည္။
႐ွဲ႕ခ်ီက သူ႕အား အေရးမႀကီးဟန္ အမူအရာႏွင့္ လွမ္းၾကည့္လိုက္သည္။ "ငါ့အမိန္႔ကို နားေထာင္တဲ့ ႂကြက္ေတြ ေထာင္ခ်ီ႐ွိေနတာ။ သူ႕ကို ႐ွာဖို႔က လြယ္လြယ္ေလးပဲ မဟုတ္ဘူးလား။"
႐ွဲ႕ခ်ီက တိရစၧာန္မ်ားကို ကူညီထားၿပီး တိရစၧာန္မ်ားကလည္း ႐ွဲ႕ခ်ီ၏ အမိန္႔ကို အႂကြင္းမဲ့ နာခံေလသည္။
ယြမ့္ဇ်ဲ ေတြးလိုက္သည္။ 'ငါကိုက တုံးတာ။'
႐ွဲ႕ခ်ီ လွည့္ၿပီး အျပင္ထြက္သြားသည္။ ဒုတိယထပ္၏ လက္ရန္းကိုမွီကာ သူ႕လက္ကို အသာေျမႇာက္လိုက္သည္။ ရာခ်ီေသာ ဝလင္ေနသည့္ ႂကြက္ေပါက္မ်ား အခန္းထဲမွ ထြက္လာၾကၿပီး ေက်ာက္က်င္ဟြာကို လိုက္႐ွာရန္ ခြဲသြားၾကသည္။
က်န္သူမ်ား ဆြံ႕အသြားၾကသည္။ တစ္မိနစ္ေတာင္မ႐ွိေသးခ်ိန္တြင္ ႂကြက္ေပါက္ေလးတစ္ေကာင္က ျပန္ေျပးလာသည္။ ႐ွဲ႕ခ်ီ၏ ေဘာင္းဘီေျခေထာက္ကို သြားေသးေသးေလးႏွင့္ ကိုက္ဆြဲကာ လမ္းျပေပးရန္ ဆြဲေခၚေနေလသည္။ (ဘယ္ေလာက္ ခ်စ္စရာေကာင္းလိုက္မလဲ UwU)
"သြားရေအာင္။" ႐ွဲ႕ခ်ီက ပ်င္းရိစြာ ေျပာလိုက္သည္။
ထိုထူးဆန္းသည့္ ျမင္ကြင္းကို ျမင္လိုက္ေသာ ယြမ့္ဇ်ဲ: “……”
**********
ေက်ာက္က်င္ဟြာမွာ ဗီ႐ိုထဲတြင္ ပုန္းေနေလသည္။ သူမအေ႐ွ႕မွ တည္ၿငိမ္ၿပီး ေအးေအးသာသာ ေျခသံမ်ားကို ၾကားလိုက္ရၿပီး သူမ၏ ႏွလုံးက လည္ေခ်ာင္းထဲ ႐ုတ္တရက္ ထိုးတက္လာသည္။
သူမကို ႐ွာေတြ႕သြားတာလား။ ဘယ္သူလဲ။ ေက်ာက္က်င္ဟြာ ေၾကာက္လန္႔၍ တုန္ယင္ေနကာ တုတ္တံကို ထိတ္လန္႔ေနသည့္ ငွက္တစ္ေကာင္အလား ဆုပ္ကိုင္ထားေလသည္။
ေမ်ာက္ႏွစ္ေကာင္ ခုန္လိုက္ၿပီး ႐ွဲ႕ခ်ီအတြက္ ဗီ႐ိုတံခါးကို ဖြင့္ေပးလိုက္သည္။ ေက်ာက္က်င္ဟြာ မွာ ေခ်ာင္ခိုတိုက္ရန္ အခြင့္အေရးလြတ္သြားေလသည္။ ေခ်ာက္ခ်ားစြာ ေမာ့ၾကည့္လိုက္ၿပီး ႐ွဲ႕ခ်ီ၏ ခံစားခ်က္ကင္းမဲ့ေသာ မ်က္လုံးမ်ားႏွင့္ ေတြ႕လိုက္ရသည္။ သပ္ရပ္စြာ ဝတ္စားထားေသာ လူငယ္ေလးမွာ အိပ္မက္ဆိုးျဖစ္သည္။
"ငါ့ကို မသတ္ပါနဲ႔..." ေမာက္မာေသာ တတိယတန္းစား မင္းသမီးမွာ ညႇာတာပါရန္ ေတာင္းပန္လာသည္။
႐ွဲ႕ခ်ီက ေက်ာက္က်င္ဟြာကို ၾကည့္ကာ ညင္သာစြာ ျပဳံးျပလိုက္သည္။ "ခင္ဗ်ားမွာ ေ႐ြးခ်ယ္စရာအခြင့္မ႐ွိဘူးထင္တာပဲ။"
ထိုစကားလုံးမ်ားကို ရင္းႏွီးေနသည္။ အံ့အားသင့္ေနသည့္ ယြမ့္ဇ်ဲ သတိရေအာင္ ျပန္စဥ္းစားလိုက္ၿပီး ထိုစကားမ်ားမွာ ေက်ာက္က်င္ဟြာႏွင့္ ယိုက်င္တို႔ ၿခိမ္းေျခာက္ထားသည္မ်ားျဖစ္ေၾကာင္း သိလိုက္သည္။ သူတို႔ ႐ွဲ႕ခ်ီကို ေျပာခဲ့ၿပီး ႏွစ္ႀကိမ္ေတာင္ ေျပာခဲ့ျခင္းျဖစ္ေလသည္။ ယြမ့္ဇ်ဲ ေနာက္သို႔ က်ံဳ႕ကာ တိတ္တဆိတ္ သက္ျပင္းခ်လိုက္သည္။ ဒီ႐ွဲ႕ခ်ီဆိုသူဟာေလ ဘယ္လိုေတးထားရမလဲ သိတာပဲ။
႐ွဲ႕ခ်ီ အၾကည့္တစ္ခ်က္ေပးလိုက္ၿပီး တိရစၧာန္ မ်ားမွာ ေမွာင္မည္းေနသည့္ ဗီ႐ိုထဲ အျပဳံလိုက္ဝင္သြားသည္။ ဝုန္းခနဲ ဗီ႐ိုတံခါးပိတ္သြားကာ အထဲမွ ေက်ာက္က်င္ဟြာ၏ ေအာ္သံမ်ား ထြက္လာသည္။ "ငါ သရဲျဖစ္လာၿပီး မင္းကို အလြတ္မေပးဘူး။"
႐ွဲ႕ခ်ီ ပခုံးတြန္႔ျပကာ ျပဳံးလိုက္သည္။ "ကြၽန္ေတာ္က ကုသိုလ္လုပ္ၿပီး ခင္ဗ်ားသားနဲ႔ အတူေနရေအာင္ ပို႔ေပးလိုက္တာႀကီးကို။"
ႀကီးမားေသာ ဗီ႐ိုႀကီးမွာ အျပင္းအထန္တုန္ခါေနၿပီးေနာက္ တျဖည္းျဖည္း ၿငိမ္က်သြားေလသည္။
[ဒါႀကီးက ေစာက္က်ိဳးနည္း ရက္စက္တယ္ေဟ့။ ဒီရက္စက္တဲ့လူႀကီးက အက်ိဳးနည္း ခ်ိဳတယ္ေဟ့...]
[တက္သစ္စက တတိယတန္းစားကို သတ္သြားတယ္တဲ့လား။ ဒါႀကီးက တစ္ခါမွမျဖစ္ဖူးတာႀကီးမလား။]
[အေျပးအလႊား Follow လိုက္ပါၿပီ။]
၁၃ ေယာက္ ဝင္လာၿပီး ေလးေယာက္သာ အသက္႐ွင္သည္။ ႐ွဲ႕ခ်ီ၏ အဖြဲ႕မွာ မေသဘဲ ေက်ာက္က်င္ဟြာ၏ အဖြဲ႕တြင္ေတာ့ စပိုင္ျဖစ္ေသာ ႐ွေယာင္တစ္ေယာက္သာ ႐ွိေတာ့ေလသည္။
App က ျမည္လာသည္။
[တိရစၧာန္မ်ားသည္ အႀကီးမႏွင့္ အငယ္မအား လုံးဝ စားသုံးၿပီးသြားပါၿပီ။ ၁၅၅၂ သရဲေျခာက္ေသာအိမ္ႀကီး၏ ႐ိုက္ကူးေရး ၿပီးဆုံးသြားပါၿပီ။ ယခု အခ်ိန္မွာ ရပ္တန္႔ေနပါသည္။ အိုင္တမ္မရ႐ွိေသာ သ႐ုပ္ေဆာင္မ်ားမွာ ခ်က္ခ်င္းပင္ ဇာတ္ကားမွ ထြက္သြားရမည္ရမည္ျဖစ္သည္။ အိုင္တမ္ရ႐ွိေသာ သ႐ုပ္ေဆာင္မ်ားမွာ ေခတၱေနခဲ့ၾကရပါမည္။]
[ၿပီးေနာက္ သ႐ုပ္ေဆာင္မ်ား၏ ျခဳံငုံသုံးသပ္ခ်က္အဆင့္မ်ား လာပါမည္။ ေစာင့္ေနပါ။]
လုဝမ္ႏွင့္ ႐ွေယာင္ေပ်ာက္သြားၿပီး အိမ္ႀကီးထဲတြင္ ႐ွဲ႕ခ်ီႏွင့္ ယြမ့္ဇ်ဲသာလွ်င္ က်န္ခဲ့ေလသည္။ ယြမ့္ဇ်ဲ၏ မ်က္လုံးထဲ ဝမ္းသာမႈေပၚလာသည္။ယ
[သ႐ုပ္ေဆာင္၏ ကိုယ္ပိုင္ အေျခအေနကို ဖြင့္လိုက္ပါသည္။]
႐ုပ္႐ွင္႐ုံထဲတြင္ ပရိသတ္မ်ား ေစာင့္ေနၾကသည္။
"႐ွဲ႕ခ်ီ ပရိသတ္ေတြ ဘယ္ႏွစ္သန္းေလာက္ရသြားတယ္လို႔ ထင္လဲ။"
"App က ရက္ေရာတယ္မလား။ ထူးခြၽန္တဲ့ သ႐ုပ္ေဆာင္ေတြကို ဆိုးဆိုး႐ြား႐ြား မဆက္ဆံပါဘူး။ ႐ွဲ႕ခ်ီက သူ႕ဓားကို ဆုံး႐ႈံးသြားၿပီး တစ္ခါသုံး အိုင္တမ္ကိုလည္း သုံးပစ္တယ္။ ရလာမဲ့ ဆုအိုင္တမ္က ေတာ္ေတာ္ေလး ေကာင္းမွာပဲ..."
"အား ငါ့မယ္ တစ္ညလုံး ရင္တုန္ေနခဲ့ရတာ။ ခဏေလာက္ နား—” သရဲ၏ စကားမ်ား ရပ္သြားသည္။
ပရိသတ္မ်ား အံ့အားသင့္သြားၾကသည္။ "ဖာ့ခ္ ဘာေတြျဖစ္ေနတာလဲဟ။"
***********
ေခ်ာက္ခ်ားစရာ ဇာတ္ကားထဲတြင္ ႐ွဲ႕ခ်ီမွာ အိုင္တမ္ေပၚလာမည္ကို ေစာင့္ေနသည့္အခ်ိန္တြင္ သူ႕ေခါင္းမွာ ႐ုတ္တရက္ နာက်င္လာသည္။ တုန္ယင္ေနၿပီး မတ္မတ္ေတာင္ မရပ္ႏိုင္ေတာ့ေပ။
App က ဇာတ္ကား႐ိုက္ကူးေရးၿပီးသြားေၾကာင္း ေၾကညာလိုက္ၿပီး အိုင္တမ္မ်ားဆက္ႏြယ္မႈလည္း ဇာတ္ကားႏွင့္ကြဲသြားၿပီျဖစ္သည္။ တိရစၧာန္မ်ား၏ ကာကြယ္မႈသည္လည္း မ႐ွိေတာ့ဘူးျဖစ္သည္။ တိရစၧာန္မ်ား၏ ေကာင္းမႈမွ ဖိအားေၾကာင့္ အစက ေနာက္ဆုတ္သြားရေသာ မေကာင္းဆိုးဝါးဝိညာဥ္မွာ အၿငိမ္မေနႏိုင္ေတာ့။
"ဒီေလာက္ေကာင္းတဲ့ ခႏၶာကိုယ္ကို ငါ့အတြက္ ခ်န္ထားေပးခဲ့လို႔ ေက်းဇူးပဲ။" မေကာင္းဆိုးဝါးဝိညာဥ္က ေမွာင္မိုက္စြာရယ္သည္။
သူ ေသသြားၿပီထင္ၿပီး ထိုလူသားႏွင့္ မလုပ္ခ်င္ပါဘဲ ပူးေပါင္းလိုက္ရသည္။ ဒီလူသားက ေသခါနီးအေျခအေနမွ တြန္းတက္လာႏိုင္မည္ဟု သူမထင္ခဲ့ေပ။ သူ႕ကို တိရစၧာန္အဖြဲ႕က ဆုေပးခဲ့ေသာ္လည္း အခု မေကာင္းဆိုးဝါးဝိညာဥ္ကို သူမထိန္းႏိုင္ေတာ့ေပ။ မေကာင္းဆိုးဝါးဝိညာဥ္မွာ သူ႕ဝိညာဥ္ကို ဝါးမ်ိဳလိုက္ၿပီး ဒီ လြန္စြာအရည္အေသြးျမင့္သည့္ ခႏၶာကိုယ္ကို သိမ္းပိုက္ႏိုင္မည္ျဖစ္သည္။
တုံးအလိုက္တဲ့ လူသား၊ သူ႕စိတ္ထဲ မေကာင္းဆိုးဝါးဝိညာဥ္ကို ေခၚသြင္းရဲသတဲ့။ သူ႕ရဲ႕ တုံးအမႈေၾကာင့္ ျပန္ေပးဆပ္ရမည္ျဖစ္သည္။
ထိုအခ်ိန္တြင္ မေကာင္းဆိုးဝါးဝိညာဥ္မွာ App အေၾကာင္း ေတြးမိလိုက္သည္။ App ၏ ေခ်ာက္ခ်ားစရာဇာတ္ကားမ်ားမွာ သူမ်ားေတြအတြက္ အိပ္မက္ဆိုးမ်ားဆိုေသာ္လည္း သူ႕အတြက္ကား ကမ႓ာေပၚက သုခဘုံႀကီးျဖစ္သည္။ သူအႀကိဳက္ဆုံးအရာမွာ သတ္ျဖတ္ျခင္းျဖစ္သည္။ ေျမာက္မ်ားစြာေသာ အမွတ္မ်ားကို သူရႏိုင္ၿပီး သူလုပ္ခ်င္တာလုပ္ကာ ဘဝအသစ္ရႏိုင္သည္။
"မင္းကို ငါ အမ်ားႀကီးကူညီခဲ့တာပဲ။ ဒီခႏၶာကိုယ္ကို သုံးဖို႔ ထိုက္တန္ပါတယ္။ စိတ္မပူနဲ႔။ App မွာ ႐ွိသမွ်လူေတြ မင္နာမည္ကို မွတ္မိေနေစရမယ္။ ငါ ဇာတ္ကားဧကရာဇ္ ျဖစ္လာေစရမယ္။"
"႐ွဲ႕ခ်ီ။" ႐ွဲ႕ခ်ီ ႐ုတ္တရက္ ျဖဴဖပ္ျဖဴေရာ္ျဖစ္သြားသည္ကို ယြမ့္ဇ်ဲ ျမင္လိုက္ၿပီး ကူညီခ်င္သည္။ သို႔ေသာ္ App ၏ စည္းမ်ဥ္းမ်ား တားျမစ္ထားသည္ကို ခံရၿပီး လုံးဝ မလႈပ္ႏိုင္ေပ။
[ဒါႀကီးက ဘာျဖစ္တာလဲ။ ၿပီးသြားၿပီ မဟုတ္ဘူးလား။]
[႐ွဲ႕ခ်ီေရ ငါ့ကို လန္႔ေအာင္မလုပ္နဲ႔ဟ။]
မေကာင္းဆိုးဝါး၏ ဝိညာဥ္မွာ စိတ္ထဲတြင္ ေသာင္းက်န္းေနၿပီး ေနရာအမ်ားစုကို သိမ္းပိုက္ထားေလသည္။ ႐ွဲ႕ခ်ီ၏ ဝိညာဥ္ကို ေႏွာင့္ယွက္ကာ တိုက္ခိုက္ခ်င္ေသာ္လည္း ႐ွဲ႕ခ်ီ၏ ဝိညာဥ္မွာ အရမ္းတည္ၿငိမ္ေနၿပီး လႈပ္ေတာင္မလႈပ္သည္ကိုသာ ေတြ႕လိုက္ရသည္။
"မင္း ဘာလို႔..." တစ္ခုခု မွားေနသည္ကို မေကာင္းဆိုးဝါးဝိညာဥ္ ခံစားမိလိုက္သည္။
႐ွဲ႕ခ်ီ သက္ျပင္းခ်လိုက္ေလသည္။ "ကိုကိုေရ၊ ထြက္လာေတာ့။"
မေကာင္းဆိုးဝါးဝိညာဥ္ ေၾကာင္အသြားသည္။ "ဘာ ကိုကိုလဲ။ "
သူ႕စိတ္ထဲ မေကာင္းသည့္ ခံစားခ်က္ႀကီး ရလိုက္သည္။
အဆုံးမဲ့ အေမွာင္တိုက္ထဲ၌ မေကာင္းဆိုးဝါးဝိညာဥ္ လုံးဝမသိေသာ ဝိညာဥ္တစ္ခုက ႐ုတ္တရက္ တိုးထြက္လာၿပီး မေကာင္းဆိုးဝါး၏ ဝိညာဥ္ကို ကိုက္ခဲလိုက္သည္။ ထို ဝိညာဥ္က စူး႐ွၿပီး တားျမစ္မရႏိုင္ေပ။ ပိုၿပီး ၾကမ္းတမ္းကာ မေကာင္းဆိုးဝါး၏ ဝိညာဥ္ထက္ပင္ ပိုၿပီး မေကာင္းဆိုးဝါးဆန္ေလသည္။
႐ွဲ႕ခ်ီ၏ ဝိညာဥ္မွာ ေခ်ာင္တစ္ေနရာတြင္ လိမ္လိမ္မာမာေနေနၿပီး သူ႕ကိုကို ကို အားေပးေနရင္း မေကာင္းဆိုးဝါး ဝိညာဥ္ႏွင့္ စကားေျပာေနသည္။ "သူ႕ကို သိတယ္မဟုတ္ဘူးလား။"
မေကာင္းဆိုးဝါးဝိညာဥ္မွာ ႐ုန္းကန္ရင္း လုံးဝ႐ႈံးသြားကာ သူ၏ ေအာ္သံမ်ား ဆက္ေနသည္။
"မင္းရဲ႕ သခင္ေလ။ ေမ့သြားၿပီလား။" ႐ွဲ႕ခ်ီ၏ မ်က္ႏွာမွ အျပဳံးေပ်ာက္ကြယ္သြားၿပီး သူ၏ အသံမွာ ေအးစက္ကာ ႏြမ္းနယ္ေနသည္။ "မင္းကို ပထမတစ္ခါတုန္းက အႏိုင္ယူႏိုင္တယ္ဆိုရင္ ေသခ်ာေပါက္ ဒုတိယတစ္ခါမွာလည္း အႏိုင္ယူႏိုင္မွာပဲ။"
ခ်က္ခ်င္းလက္ငင္းပင္ ႐ွဲ႕႐ွင္းလန္သည္ မေကာင္းဆိုးဝါး၏ ဝိညာဥ္ကို လုံးဝ ဝါးမ်ိဳလိုက္ေတာ့သည္။
******====******
စပရိုက္ မာ့ဖကာ 🤣
အဲ့ဒီေနရာနဲ႕ ေတာ္ေတာ္ႀကီးကို လိုက္ဖက္တယ္ ခံစားရ Lol 🤣
တစ္ပိုင္းပဲ က်န္ေတာ့တယ္... Yayyyyyyy
...................