To be a Heartthrob in a Horro...

By Kuro_Fuyu

426K 87K 4.7K

Original Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြ... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119

Chapter 29

4.6K 1K 84
By Kuro_Fuyu


Chapter 29: ရေတွင်း

စုမင်အိပ်ယာနဲ့ မီတာအကွာအဝေးအနည်းငယ်ရှိ ကျောင်းယွင်းဟော်နှင့်ချန်းရှင်းကျို့တို့က လုံးလုံးသတိမမူမိကြပေ။

သုံးခန်းပေါင်း၌ ကုတင်သုံးလုံးရှိကာ ကျောက်မင်ရာနဲ့ချန်ယုချင်းက သူတို့အခန်းထဲ၌ တစ်လုံးသုံးပြီး သူတို့ဆီမှာ ကျန်နှစ်လုံးရှိ၏။

ဘာလို့သူ့ကိုတစ်ယောက်တည်းအိပ်ခွင့်ပြုလဲ စုမင်လည်းမသိဘူး။

သို့သော် ကံကောင်းထောက်မစွာ သူတို့ခွဲအိပ်ရလို့ ... မဟုတ်လို့ ချန်စုကိုရှာတွေ့သွားရင် ရှင်းပြရခက်နေလိမ့်မည်။

တုန့်ပြန်သံမကြားသဖြင့် ချန်းရှင်းကျို့စက္ကန့်အနည်းငယ်စောင့်စားပြီးမှ ထပ်မေးလေတယ် .."စုမင် မင်းအိပ်သွားပြီလား?"

"မအိပ်သေးဘူး။ ငါအခုပိုသက်သာသွားပြီ ... အိပ်ငိုက်နေရုံတင်ပါ"

ချန်းရှင်းကျို့ .."ဒါဆိုပြီးရောလေ ... အိပ်တော့"

စုမင်တစ်ဖက်လှည့်လိုက်တယ်။ သူ့ဘေး၌ ဘယ်သူမှမရှိဟု ထင်ရပေမဲ့ တစ်ကယ်တမ်း တစ်စုံတစ်ယောက်ရှိနေတယ်။

စုမင်လည်း သူ့ကိုမမြင်ရပေ။

စောင်နှင့် သူ့ပါးစပ်ကိုဖုံးအုပ်ပြီး တီးတိုးပြောလိုက်သည်။
"ခင်ဗျားမှာ အိပ်ဖို့နေရာမရှိဘူးလား?"

မီးအိမ်ဂါဝန်ကိုတောင် ကြောက်လန့်စေခဲ့သည့် ကြီးမြတ်လှသောသခင်တစ်ယောက်အနေနဲ့ သူနဲ့အတူ တိုးဝှေ့ကပ်ရသည့်အခြေအနေမျိုးကို ဘယ်လိုတောင်ရောက်ခဲ့ပါလိမ့်?

ချန်စုသည် အလွန်တာဝန်ကျေပွန်စွာ သူ့ကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

စုမင်က လူသားတစ်ယောက်ဖြစ်ပြီး အပူချိန်ကသာမန်ဖြစ်သည်။ ဒါကတစ္ဆေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး သူက ရေခဲပုလင်းကို ‌ထွေးပတ်ထားသလိုခံစားရတယ်။
ချန်စုနှင့် သူသည် မျက်နှာချင်းဆိုင်လက်ဖဝါးစာသာ ကွာဝေးပြီး သူ့အသက်ရှူလေကိုပင် သူ(ချန်စု)ခံစားနိုင်သည်။

သို့သော် ဒါကိုစုမင်မသိပေ။
သူ(စုမင်)သည် ငို‌င်‌တွေသောမျက်ဝန်းများဖြင့် သူ၏ဦးတည်ရာကိုကြည့်နေသောသားရဲလေးတစ်ကောင်နှင့်တူသည်ဟု ချန်စုခံစားမိသည်။
အန္တရာယ်လည်းကင်းသောသားရဲသည်  အလွန်စွဲမက်ဖွယ်ကောင်းသည်။

ချန်စု သူ့ကို ပွတ်သပ်ချင်သော်လည်း စုမင်စိတ်ဆိုးမည်ကို သူခံစားသိတာမို့ မလှုပ်ရှား‌ခဲ့ပေ။ စုမင်ရှေ့သို့ ရွေ့လျားပြီး .."မင်းကြောက်လန့်မှာ ကိုယ်စိတ်ပူတယ်"

စုမင်မျက်ဝန်းများပင့်ကြည့်လိုက်မိသည်။ ဘာကြောင့်လဲဆိုတော့ ဒီတစ်ကြိမ် သူအလွန်နီးကပ်နေ၍ သူ့အရှေ့က ချန်စုမျက်နှာရှိနေသည်ကို စုမင်သိလိုက်ကာ မသက်သာစွာနောက်ဆုတ်မိသည်။

"ကျွန်တော်မကြောက်ပါဘူး" သူတိုးတိုးလေးရေရွတ်၏။

စုမင်ထိတ်လန့်ဖွယ်ရုပ်ရှင်တွေကို မကြောက်ပေ။ ၎င်းကလည်း ထိတ်လန့်ဖွယ်ရုပ်ရှင်ကို အတွေ့ကြုံခံစားကြည့်ချင်တဲ့ အကြောင်းပြချက်ပင်။

ဘယ်သူမှ အကြောက်အလန့်မရှိဘဲ မမွေးဖွားဘူး။ သူ့မှာရှိသော်လည်း အခြားသူများထက်နည်းပါးတယ်။

ဘာကြောင့်လဲဆိုတာတော့ စုမင်မသိပါ။ သူ၏ကလေးဘ၀အတွေ့အကြုံများကြောင့် ဖြစ်နိုင်သလို သူ၏မိသားစုကြောင့်လည်း ဖြစ်နိုင်သည်။ သူ၏ပထမဆုံးနာမည်ကြီးထိတ်လန့်ဖွယ်ရုပ်ရှင်ကို ကြည့်ပြီးကတည်းက ဤအာရုံကိုသူခံစားခဲ့ရသည်။

အခြားသူ‌တွေအမြင်၌ သူက ပိုသတ္တိရှိတယ်လို့သာ သူတို့တွေးကြသည်။

"ကောင်းပြီလေ ... မင်းမကြောက်ဘူးဆိုပါတော့" ချန်စုပြောတယ်။

စုမင်: “………..”

ဘာလို့ သူပြောတာကို လေးလေးနက်နက်မထားတဲ့ပုံပေါက်နေပါလိမ့်? သူအမှန်တရားပြောနေတာ ... ဒါပေမဲ့ တစ်ဖက်လူက မယုံကြည်တဲ့ပုံနဲ့။

စုမင်တဖန်ပက်လက်လေးလှဲကာ သူ့ကိုတွန်းလိုက်တယ်။

သူတို့နှစ်ယောက်လုံးအတူတူလဲလှောင်းနေကာ သူတို့ချင်းထိမိသွားရင် တစ်ဦးကအေးစက်နေပြီး တစ်ယောက်က နွေးထွေးနေ၏။

စုမင်ကုတင်အစွန်းအဖျားကို ထိလိုက်တယ်။ ကုတင်ကသိပ်မကြီးသလို ဒီ့ထက်ရွေ့ရင် သူကုတင်အစွန်အဖျားရောက်နိုင်ကာ ညဘက်ကုတင်ပေါ်ကပြုတ်ကျနိုင်သည်။ ညလယ်ကြီး ကြမ်းပြင်၌သူမနိုးချင်ပေ ... အထူးသဖြင့် အခုလိုထူးဆန်းတဲ့ကျွန်းပေါ်မှာပေါ့။

သူသည် နေ့အချိန်၌များစွာသောအရာများနှင့်ကြုံတွေ့ရပြီး ဖိစီးတင်းမာလွန်းသောကြောင့် ကိစ္စများနောက်ဆုံးတွင်ငြိမ်သက်သွားသောအခါ အိပ်ပျော်ခြင်းလှိုင်းတစ်ခုက သူ့ကိုတိုး‌ဝှေ့တိုက်ခက်ခဲ့ကာ မကြာမှီ စုမင်အိပ်မောကျသွားလေသည်။

ချန်စု သူ့ဘေးနားရှိ လူထံမှ ဖြည်းဖြည်းနှင့်ပုံမှန်အသက်ရှူသံကိုခံစားမိသည်။ သူကြည့်ရတာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေပုံပင်။ ခြုံစောင်တွေမှတဆင့် တဖက်လူ၏နှလုံးခုန်သံကိုခံစားနေရသည်။

သွက်လက်ကြည်လင်ပြီး အစွမ်းထက်တယ်။

ချန်စုသည် ဤအသံကိုနားထောင်ပြီး ကျောင်းယွင်းဟော်နှင့်ချန်းရှင်းကျို့ထံမှ ဟောက်သံကိုလျစ်လျူရှုထားသည်။

စုမင်သည် သူအနားမှာရှိနေသည့်အချိန်သတိလက်လွတ်ဖြစ်နေတတ်သည်။

သူ့နှုတ်ခမ်းတွေဆီ ချန်စုကိုင်းညွှတ်၍ နှုတ်ခမ်းထောင့်စွန်းလေးကို ညင်သာစွာအကြင်နာအနမ်းပေးလိုက်၏။
စုမင်အိပ်နေရင်း သက်တောင့်သက်သာမရှိတာကြောင့် မျက်မှောင်ကုတ်သွား၏။

အခန်းထဲက ခေါက်သံကလည်း ဘယ်အချိန်ကမှန်းမသိ ရပ်တန့်နေလေပြီ။ အခုတော့ အသက်ရှူသံများနှင့် ဟောက်သံသာ ကြားနိုင်တော့သည်။

မနက်ခင်းအစောဆုံးအချိန်၌ ရုပ်ရှင်ရုံသတိပေးချက်ကြောင့် စုမင်နိုးလာသည်။

အိပ်ချင်မူးတူးဖြင့် ရီဝေဝေဖြစ်‌နေသောစုမင်က နေ့အချိန်မှ သတိပေးချက်ပို့ရန် ရုပ်ရှင်ရုံကို တုံ့ပြန်ချက်တစ်ခုချန်ထားမည်ဟု ဆုံးဖြတ်ခဲ့သည်။

ညသန်းခေါင်ယံအချိန် သင်သာ စိတ်တိုမလွယ်ဘူးဆိုရင်တောင် ဒီလိုနှိုးခံရရင် သင်မကြာခင်တစ်ခုတိုးလာလိမ့်မယ်။

【ပရိသတ်စုမင် ... တနေ့တာ အောင်မြင်စွာအသက်ရှင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ ကျေးဇူးပြုပြီး ဆက်လတ်ကြိုးစားပေးပါ။ ဒီနေ့သဲလွန်စ: ရေတွင်း】

စုမင်ပေါ့ပေါ့ပါးပါးသတင်းရယူကာ ပြန်အိပ်တော့သည်။

…………

နံနက်စောစော ကောင်းကင်သည်ကြည်လင်နေ၏။

စုမင်နိုးသောအခါ ချန်းရှင်းကျို့နှင့်ကျောင်းယွင်းဟော်တို့လည်းနိုးလာသည်။ သုံးယောက်သား ခြံဝင်းထဲ၌ ရပ်ပြီး သွားတိုက်ကြသည်။

ခြံအတွင်းမှဖြတ်ထားသောလက်ချောင်းအတွက် အမှတ်အသားသည်အလွန်ရိုးရှင်းပါသည်။ ထိုတွင်မြက်ဖုတ်ငယ်တစ်ခုကို စိုက်လိုက်ပြီးအဝါရောင်ပန်းပွင့်လေးတစ်ပွင့် ပွင့်ခဲ့သည်။

ချန်းရှင်းကျို့ အံ့အားသင့်စွာ.."အဲ့နေ့က ငါအဖူးပဲစိုက်ခဲ့တာ"

စုမင်သည် ယိမ်းနွဲ့နေသောပန်းပွင့်‌လေးကိုကြည့်ကာ သူကြားဖူးခဲ့သောကြောက်စရာပုံပြင်အချို့ကိုစဉ်းစားမိသည်။ အလောင်းတွေထံမှ အာဟာရအပြည့်အဝရရှိ၍ သုသာန်ရှိပန်းပွင့်များသည် အလွန်လှပစွာပွင့်လန်းကြသည်။

လက်ချောင်းပြတ်မှ အာဟာရဓာတ်ကို ပန်းပွင့်လေးက စုပ်ယူခဲ့သည်။

ထိုအခိုက်တန့် ကျောက်မင်ရာလျှောက်လာတယ်။ "ယုချင်းနဲ့ကျွန်မ ဒီမနက်ဆန်ပြုတ်လုပ်ထားတယ် ...ရှင်တို့ရောလိုချင်လား?"

ချန်းရှင်းကျို့ သွားတိုက်ဆေးတွေတောင် မထွေးထုတ်ဘဲ .."လိုချင်တယ်!"

သူ့ချစ်သူကောင်မလေးမေးမှတော့ သဘာဝအတိုင်း သူသဘောတူသည်။ အရသာကောင်း မကောင်း သူမသိ ... သို့သော် အရသာမရှိဘူးဆိုရင်တောင် သူဆက်စားဦးမှာပဲ။

ထို့ပြင် မနေ့ညကသိပ်မစားထားသလို မုန့်တွေကုန်သွားမှာစိုးသဖြင့် အများကြီးမစားခဲ့တာမို့ ဆာလောင်နေလေပြီ။

သူတို့ကိုယ်တိုင်ချက်ထားတာပဲ စားရသည်မှာ စိတ်သက်တောင့်သက်သာဖြစ်မိသည်။ သန့်စင်ပြီး ငါးယောက်လုံး စားပွဲ၌ထိုင်လိုက်ကြသည်။

ရုပ်ရှင်ရုံရဲ့သဲလွန်စကို စုမင်ပြန်မှတ်မိကာ ပြော၏ .."ဒီကျွန်းမှာ အခြားရေတွင်းတွေရှိလား ငါသွားရှာကြည့်ဦးမယ်"

ထိုသဲလွန်စက အန်ကယ်ဟဲရေတွင်းကိုရည်ညွှန်းတာဖြစ်နိုင်တယ်လို့ စုမင်တွေးမိသော်လည်း ၁၀၀ရာခိုင်နှုန်းမသေချာပေ။ ကျွန်းမှာ အခြားရေတွင်းတွေရှိကောင်းရှိနိုင်တယ်လေ။

"ရှင်ဘာလို့ရေတွင်းလိုက်ရှာတာလဲ?" ချန်ယုချင်းမေးသည်။

"အန်ကယ်ဟဲရဲ့ရေတွင်းက သတို့သမီးခုန်ချသွားလို့ ချိတ်ပိတ်ထားတယ်လို့ ပြောခဲ့တယ်မလား ... အခြားရေတွင်းတွေလည်းချိတ်ပိတ်ထားတာလား ဒါမှမဟုတ်တစ်ခုခုကြောင့်လား ငါသွားကြည့်ချင်လို့" စုမင်တုန့်ပြန်လိုက်သည်။

ရေတွင်းတစ်တွင်းထဲ ချိတ်ပိတ်ထားတာက မထူးခြားပေ ... အကယ်၍ ချိတ်ပိတ်ထားတဲ့ရေတွင်းတွေများလာရင်တော့ ပြဿနာတစ်ခုခုရှိလို့ပဲ။

ကျောက်မင်ရာမျက်မှောင်ကျုံ့ကာ စိုးရိမ်တကြီးမေး၏ .."ငါတို့ဘယ်လိုရှာကြမလဲ?"

အဲ့မှာ လူအများကြီးရှိပြီး အန္တရာယ်များပုံပေါ်သည်။ ‌မ‌နေ့က ဂေါ်ပြားနဲ့လူလည်းရှိနိုင်သလို သူတို့သွားလိုက်ရင် သူတို့သံသယပိုဝင်သွားကြလိမ့်မယ်။

စုမင်ခေါင်းခါရင်း .."ငါတို့သာ မဖော်ထုတ်ရင် ငါတို့ကိုသံသယဝင်မှာမဟုတ်ဘူး။ ငါတို့ဘာမှမသိသလို ဟန်ဆောင်ရုံပဲ"

မင်းသာ မသိသလိုနေရင် သံသယဝင်ခံရမှာမဟုတ်ပေ။

"ဒါနည်းနည်းတော့ အရဲစွန့်ရာကြတယ်" ချန်းရှင်းကျို့လက်မခံပေ။

စုမင်တွေးတောကာ မနေ့ညကအန်ကယ်ဟဲပြန်ရောက်လာစဉ် ရရှိခဲ့သည့် သူ့ဒဏ်ရာကို ထုတ်ပြောရန်ဆုံးဖြတ်လိုက်တယ်။
"အန်ကယ်ဟဲ တစ်ယောက်ယောက်နဲ့ရန်ဖြစ်တာ ဖြစ်နိုင်တယ် ... ဖြစ်ရတဲ့အကြောင်းအရင်းကငါတို့ကြောင့်ဟုတ်နိုင်တယ်"

"ငါတို့ကအပြင်လူဖြစ်နေလို့လား?" ကျောင်းယွင်းဟော်စူးစမ်းသလိုပြော၏။

စုမင်မသေချာပေ .."ဒါပေမဲ့ တဖက်လူကို အန်ကယ်ဟဲဖျောင်းဖျနိုင်ခဲ့တဲ့ပုံပဲ။ အဲ့လူ ထပ်မပေါ်လာတော့ဘူးလေ"

ကျောင်းယွင်းဟော်သုန်မှုန်စွာ .."ငါအဲ့အ‌ကြောင်းတွေးလေ သူတို့ကိုပိုပြီးသံသယဝင်လေပဲ"

နောက်ပြီး သူတို့နဲ့တစ်ခုခုပတ်သတ်နိုင်တယ်။

အမှန်တကယ် စုမင်အလုပ်ချင်ဆုံးက အန်ကယ်ဟဲရေတွင်းရဲ့အဖုံးအကာကိုဖွင့်လိုက်ချင်တာပဲ။ သို့သော် ရည်မှန်းချက်ကြီးလွန်းကာ ထိုအတွက်သင့်တော်သောအကြောင်းပြချက်လည်း မရှိပေ။

စုမင်ဖွင့်ဟချက်ကို ကျောက်မင်ရာလေးလေးနက်နက်တွေးကာ ပြောလာတယ် .."စုမင် အန်ကယ်ဟဲရေတွင်းက သံသယဖြစ်စရာအကောင်းဆုံးလို့ ကျံန်မထင်တယ်"

သူမအတွေးကို စုမင်သဘောတူသည်။

စားသောက်ပြီးနောက် စုမင်နဲ့ချန်းရှင်းကျို့သည် မနေ့ညက ဖားပြုပ်စားသည့်လူအကြောင်းပြောပြလိုက်တော့ မိန်းကလေးနှစ်ဦးလုံး စက်ဆုက်ရွံရှာစွာဖြင့် ပျို့အန်လုနီးပါးပင်။

အဲ့ဒါကြီးကို သူဘယ်လိုလုပ်စားနိုင်ရတာလဲ?

စုမင်တွင် ကိုယ်ပိုင်အတွေးရှိသည်။ လမ်းဘေးမှ တွင်းထဲတွင်လည်းဖားပြုပ်များရှိကာ ထိုဖားပြုပ်တွေက အလောင်းကို စားသောက်နိုင်တယ်လို့ ဆိုလိုတာဖြစ်နိုင်တယ်။

အလောင်း အစာကျွေးခံရသည့်ဖားပြုပ်တွေကို လူသားတွေကပြန်စားသုံးကြသည်။

ဤသံသရာနှင့် လူသားတစ်ဦးသည် အသေကောင်ကိုစားသောလူသားနှင့်တန်းတူဖြစ်ကာ အသေကောင်အားတိုက်ရိုက်စားသုံးခြင်းထက် ပို၍ပင်ရွံမုန်းဖွယ်ကောင်းသည်။
ထိုအကြောင်းကို သူတို့ကို စုမင်မပြောခဲ့ပေ။

လူငါးဦးသည် သူတို့၏ပစ္စည်းများ၊ မုန့်များကို ချန်ယုချင်းနှင့်အတူ ယူလာသည့်ပုံဖြင့်ဟန်ဆောင်ကာ ကျွန်းသားများနေထိုင်ရာ ကျွန်း၏တစ်စိတ်တစ်ပိုင်းသို့သွားခဲ့သည်။
‌အိမ်အများစုက နေ့အချိန်တွင်ပင် တံခါးကိုတင်းကြပ်စွာပိတ်ထားကြသည်။

သူတို့ကစကားပြောဆိုရွှင်မြူးနေကြပေမဲ့ ပတ်ပတ်လည်အခြေအနေကို ဂရုတစိုက်အကဲခတ်နေ၏။ အိမ်တိုင်းလိုလို ရေတွင်းမရှိသလို ရှိတဲ့အိမ်များ၌လည်း ရေတွင်းတွေက အကောင်းတိုင်းဖြစ်သည်။

အန်ကယ်ဟဲရေတွင်းသာ ချိတ်ပိတ်ထားတာ။

ငါးဦးလုံး တောတွင်းရှိဟာလာဟင်းလင်း၌ ရပ်လိုက်ကြသည်။

ချန်းရှင်းကျို့မေးခွန်းတစ်ချို့ထုတ်မေးလာတယ် .."အန်ကယ်ဟဲရေတွင်းထဲမှာ အလောင်းတကယ်ရှိလို့လား? အလောင်းကိုယ်ခန္ဓာကထုတ်ပြီးလောက်ပြီမလား?"

"ရှင်တွေ့ရင် သိမှာပေါ့" ချန်ယုချင်းပြောလိုက်တယ်။

ကျောက်မင်ရာသူမကိုယ်သူမညွှန်ပြလိုက်ပြီး .."ကျွန်မအကြံရပြီ။ ကျွန်မတို့ အဲ့ထဲတစ်ခုခုပြုတ်ကျသွားတယ်ပြောနိုင်တာပဲ ... မနေ့ညက ရေတွင်းနားလာခဲ့တာမဟုတ်လား? ယုတ္တိလည်းရှိတယ်"

အန်ကယ်ဟဲလည်း ယခုချိန်အိမ်မှာရှိမနေပေ။

နောက်ပိတ်ဆုံး အခြားအကြောင်းကိစ္စမစဉ်းစားနိုင်၍ ထိုအကြံအစည်ကိုသုံးရန်စိတ်ပိုင်းဖြတ်လိုက်ကြသည်။

အန်ကယ်ဟဲပြန်လာရင် ပြဿနာမရှိအောင် သူတို့က အသုံးအနှုန်းတွေ၊ အမူအရာတွေကို လေ့ကျင့်ပြီးတော့အန်ကယ်ရဲ့ခြံထဲကို ခပ်မြန်မြန်သွားကြတယ်။ ခြံထဲသို့ ဦးတည်သည့်တံခါးမရှိပေ။

ရေတွင်းကို ဖုံးထားသည့်ကျောက်သင်ပုန်းအုတ်ကြွပ်သည် အလွန်ကြီး၍ ကျောင်းယွင်းဟော်နဲ့ချန်းရှင်းကျို့တို့ သူတို့၏ခွန်အားကိုသုံးရန်စိတ်ပါပါဆန္ဒပြုလေသည်။

သူတို့ပင့်မလိုက်တာနဲ့ အထဲကိုငုံ့ကြည့်ရန် အဆင်သင့် စုမင်ဘေးဘက်တွင်ရပ်စောင့်နေသည်။

သင်ပုန်းအုတ်ကြွပ်အနည်းငယ် မ တင်သွားပြီး နှစ်အနည်းငယ်ကြာမမြင်နိုင်သော အလင်းတန်းသည်အထဲရှိအမှောင်ထုကိုဖြိုခွင်းသွားသည်။

စုမင်သည်ရေတွင်းထိပ်အစွန်း၌ အဖွားအို၏ဦးခေါင်း ရုတ်ခနဲပေါ်လာသည်ကိုတွေ့လိုက်ရသည်။

သူမမျက်နှာသည် အရေးအကြောင်းများဖုံးလွှမ်းနေပြီး သူမ၏မျက်နှာ၌ ပြုံးဖြဲဖြဲရယ်နေခြင်းက ကြောက်စရာကောင်းလှသည်။ ရုတ်တရက်အပြောင်းအလဲကြောင့် စုမင်ထိတ်လန့်ကာ ခြေတစ်လှမ်းဆုတ်မိသည်။

ချန်းရှင်းကျို့နဲ့ ကျောင်းယွင်းဟော် အုတ်ကြွပ်ကိုအလျင်အမြန်လွှတ်ချလိုက်သည်။

သူတို့မေးမည့်အခိုက်တန့် ဘယ်ကမှန်းမသိ အန်ကယ်ဟဲရုတ်တရက်ပေါ်လာကာ အော်ပြောတော့တယ် .."မင်းတို့ဘာလုပ်နေကြတာလဲ?"

သူ့ခြံကိုကျော်ဖြတ်လာပြီး မျက်နှာအနေအထားမှာ ဒေါသထွက်နေပုံရသည်။ ဒါကိုမြင်တဲ့လူတိုင်ူ သူတို့ရဲ့နှလုံးသားအတွင်းထဲကို ထိုးကျသွားသလိုခံစားမိသည်။

ကျောက်မင်ရာချက်ချင်းငိုတော့မည့်ဆဲဆဲ အမူအရာပြောင်းလိုက်သည်။

သူမ ငိုယိုလျက် .."အန်ကယ်ဟဲ……ကျွန်မဂရုမစိုက်မိလို့ လည်ဆွဲကျသွားတာ ... မနေ့ညကဖြစ်မယ် "

မနေ့ညတုန်းက ရေတွင်းနှင့် အနီးဆုံးလူမှာသူမဖြစ်သည်။

သူမအမူအရာကို အန်ကယ်ဟဲသေချာအကဲခတ်ပြီး သူမလိမ်နေတယ်လို့ မထင်ဘဲ .."အထဲမှာ အရမ်းနက်တယ်။ မင်းရှာတွေ့မှာမဟုတ်ဘူး"

ကျောက်မင်ရာကြားပြီး ကြောက်လန့်သွားသည်။

စုမင် .."အန်ကယ်ဟဲပြောမှတော့ ထားလိုက်တော့ ... မင်ရာ ငါတို့ပြန်ရောက်ရင် မင်းအတွက်အသစ်ဝယ်ပေးမယ်"

"ကျွန်မရဲ့ စေ့စပ်ထားသူကွယ်လွန်သွားပြီး အဲဒါကျွန်မအတွက်ချန်ခဲ့တဲ့အရာတစ်ခုဘဲ။ အဲဒါသာမရှိရင် ကျွန်မသူ့ပိုင်ဆိုင်မှုတွေကို အမွေဆက်မခံနိုင်တော့ဘူး ... "

ဒါကိုကြားပြီး စုမင်ဆွံ့အသွားသည်။

သူ့အကြောင်းဒီလိုပြောဖို့ ချန်းရှင်းကျို့က ကျောက်မင်ရာကိုသူဘာလုပ်ခဲ့တာလဲ?

ချန်ယုချင်းပခုံး၌ မှီမြန်းလျက် ကျောက်မင်ရာမျက်နှာအုပ်၍ ရှိုက်ကြီးတငင်ငိုနေကာ ချန်ယုချင်းအလွန်စိတ်ဖိစီးသောကရောက်နေဟန်ဆောင်လေသည်။ သူမတို့အချင်းချင်း အလွန်ကောင်းမွန်စွာပူးပေါင်းဆောင်ရွတ်နေကြသည်။

အမှန်တကယ်တော့ ထိုလည်ဆွဲက နှစ်ယွမ်သာပေးရသည့် ဆိုင်မှ ကျောက်မင်ရာဝယ်ခဲ့သည်ပင်။

အန်ကယ်ဟဲက သူ့မျက်ခုံးတွေကိုတင်းကြပ်စွာတွန့်ချိုးထားပြီး ငိုရှိုက်သံကိုစိတ်အနှောက်အယှက်ဖြစ်နေပုံရတယ်။

သူဂရုတစိုက်ရေတွင်းပေါ်က အုပ်ကြွတ်မရွေ့လျားသည်ကို စစ်ဆေးကြည့်လိုက်သည်။ သူတို့ထပ်ပြီးအချိန်မဆွဲတော့ဘဲ ထွက်ခွာဖို့ဆန္ဒရှိသည့်ဟန်ပြင်ကြသည်။

ကျောက်မင်ရာဆက်ပြီး ရှိုက်ငိုနေတုန်းပဲ။

ကုန်းစောင်းပေါ်တက်ပြီးနောက် ရေတွင်းနှင့် သေချာသည့်အကွာအဝေးရောက်တော့မှ ချုံပုတ်တွေကိုအကာကွယ်အနေနဲ့အသုံးချပြီး နောက်လှည့်ကြည့်သည်။

အန်ကယ်ဟဲသည် ရေတွင်းနား၌ ရပ်နေလျက် သူတို့ထွက်သွားသည့်ဦးတည်ရာထံကြည့်နေခဲ့သည်။ စုမင်နှလုံးသားချမ်းစိမ့်သွား၏။ ကုန်းစောင်းမှ အမြန်ထွက်သွားကြပြီး သူတို့နေထိုင်သည့်အနီးနားရှိ ကုန်းစောင်းလျှောထံရောက်သည့်အခါ စိတ်တင်းမာမှုများလျှော့ချလိုက်တော့သည်။

စောစောကရေတွင်းနားမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကအရမ်းကြောက်စရာကောင်းတယ်။ သူတို့ဓားဖျားပေါ်မှာလမ်းလျှောက်နေသလိုပဲ။ သူတို့သတိမထားလျှင် မတော်တဆအသက်ဆုံးရှုံးလိမ့်မည်။

"စုမင် မင်းတစ်ခုခုများတွေ့ခဲ့လား?" ချန်းရှင်းကျို့ မနေနိုင်တော့ဘဲ မေးလိုက်သည်။

သူနဲ့ ကျောင်းယွင်းဟော် ကျောက်အုတ်ကြွပ်ကိုပင့်မလိုက်ချိန် ရေတွင်းနံရံသာမြင်ခဲ့ရပြီး အန်ကယ်ဟဲရောက်လာခဲ့သည်။

"ငါမြင်ခဲ့တယ်။ တကယ်အဲ့ထဲမှာလူတစ်ယောက်သေဆုံးခဲ့တာ" စုမင်ပြော၏။

ကျောက်မင်ရာမျက်နှာပွတ်လိုက်ပြီး နားမလည်ပေ .."ဒါဆို သတို့သမီးက တကယ်ပဲရေတွင်းထဲခုန်ချခဲ့တာပေါ့ ... ဘာလို့သူတို့ အလောင်းကို မရှင်းထုတ်တာလဲ? ညဘက်မကြောက်ကြဘူးလား မသိဘူး"

စုမင်ခေါင်းခါလိုက်ကာ .."သူမက မင်္လာဝတ်စုံမဝတ်ထားဘူး"

ဤနေရာသည် ကမ္ဘာခြားနေသော်လည်း မင်္ဂလာပွဲက အလွန်အရေးပါသောပွဲကြီးပွဲကောင်းဖြစ်ကာ မင်္ဂလာဝတ်စုံမဝတ်ဘဲ သူတို့ဘယ်လိုမင်္ဂလာပွဲကိုကျင်းပကြလဲ?

ရေတွင်းထဲ၌ အမျိုးသမီးသရဲကိုထင်ထင်ရှားရှားမြင်ခဲ့ပါသော်လည်း အန်ကယ်ဟဲပြောသလို သတို့သမီးမဟုတ်ပေ။

စုမင်ထပ်ပြော၏ .."အထဲမှာ အမျိုးသမီးတစ္ဆေရှိတယ် ... အဖွားအိုနဲ့တူတယ် ... အနည်းဆုံး အသက်ငါးဆယ်အရွယ်လောက် ရှိနိုင်တယ်"

ချန်းရှင်းကျို့မျက်ခုံးကျဉ်းမြောင်းကာ .."ဒါဆို အန်ကယ်ဟဲလိမ်ပြောခဲ့တာပေါ့?"

ကျောက်မင်ရာဖြစ်နိုင်ချေကို ရုတ်ခြည်းတွေးမိကာ မယုံကြည်မှုဖြင့်ပြောတယ် .."သူ့အမေရင်းကို သတ်လိုက်တယ်လို့တော့ မပြောနဲ့နော်?"

အတွေးနဲ့တင် စက်ဆုပ်ဖွယ်ကောင်းလှ၏။

အန်ကယ်ဟဲပြောတဲ့အတိုင်းသာဆို သူ့ညီရော သူ့ညီမိန်းမရော သေခဲ့ပြီး အခုသူ့အမေပင် သေသွားခဲ့ပြီ…..

"ဒါတွေ အားလုံးထင်ကြေးသက်သက်ကြီးပဲ ... မကောင်းတာတွေ မခန့်မှန်းနဲ့"

အန်ကယ်ဟဲရဲ့စကားတွေကိုအခြေခံပြီးခန့်မှန်းလို့မရဘူး။ အဲ့ဒါကို မင်းခန့်မှန်းခြင်းအားဖြင့် အဆုံးသတ်ကိုလွယ်လွယ်ကူကူနဲ့ရောက်သွားနိုင်တယ်။   ၎င်းသည် အတိအကျမလိုအပ်ပါ။

သူတို့ဒီအထိသေချာတယ်ဆိုလို့ ပင်လယ်ထဲမှ လူသေတွေ၊ တွင်းထဲကလူသေတွေ၊ နံရံထဲကလူသေ‌တွေ အခု ရေတွင်းထဲကလူသေတွေရှိတာဆိုတာပဲ။

သူတို့ထဲက တစ်ယောက်မှမသေတာပဲ စုမင်ဝမ်းသာလှသည်။

နောက်ဆုံး 'လူသတ်ကျွန်း' ဆိုတဲ့သူ့ရဲ့ကနဦးခန့်မှန်းချက်က အသက်ရှင်ကျန်ရစ်သူမရှိတဲ့ကံဆိုးမိုးမှောင်ကျတဲ့အဆုံးသတ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်။

တိုက်ခတ်သွားသောပင်လယ်လေက မြက်ခင်းများနှင့် တောအုပ်များ၏ရနံ့များကို သယ်ဆောင်လာတယ်။

ကျောင်းယွင်းဟော်ရုတ်တရက် ချန်းရှင်းကျို့ကို တံတောင်ဖြင့်တွက်လိုက်ပြီး စပ်စပ်စုစုမေး၏ .."မင်းမျက်လုံးတွေအရမ်းကောင်းတာပဲ ဟိုမှာရှိနေတာ အန်ကယ်ဟဲလား?"

"အဲ့ဒါအန်ကယ်ဟဲပဲ" ချန်းရှင်းကျို့‌လှမ်းကြည့်ပြီး ခေါင်းငြိမ့်၏။

သူတို့သည် ကုန်းစောင်း၌မတ်တပ်ရပ်နေပြီး သစ်ပင်များက သူတို့ကိုကာဆီးထားတာမို့ အန်ကယ်ဟဲ‌သေသေချာချာမကြည့်လျှင် မမြင်နိုင်ပေ။

ထိုနေရာတွင် မိနစ်ဝက်ကြာ အန်ကယ်ဟဲရပ်နေပြီး ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ပြန်လှည့်သွားသည်။ သူအောက်ထပ်ကြည့်ပြီး နောက်ဦးတည်ရာဆီ လှည့်ပြန်လျှောက်သည်။

ချန်ယုချင်းစူးစမ်းမိ၏ .."ဘာလို့သူတစ်ဝက်လောက်တောင်လျှောက်သွားပြီး ပြန်လှည့်တာလဲ?"

ကျောင်းယွင်းဟော် ရေတွင်းကိစ္စတွေးနေတုန်းဖြစ်၍ မေးခွန်းကြားသည့်အခါ သာမန်ကာလျှံကာဖြေလိုက်တယ် .."သူလမ်းမှားသွားလို့နေမှာပေါ့"

သူ့ကို ချန်ယုချင်းမျက်လုံးဝေ့ကြည့်ပြီး ပြန်ပတ်ပြော၏ .."ဒီကျွန်းမှာ ဘယ်လောက်သူနေလာတာကြာပြီလဲ ဒါတောင် သူလမ်းမှားသွားတယ်လား?"

ကျောင်းယွင်းဟော် .."ငါဒီတိုင်းပြောမိတာပါ"

တကယ်ပဲ သူ့ကြည့်ရတာလမ်းပျောက်ပြီး လမ်းမှားသွားနေပုံပေါ်သည်။

ဒါပေမယ့် အန်ကယ်ဟဲသည် ဦးတည်ရာကိုစိန်ခေါ်ပုံမပေါ်ပါဘူး။  သူကအသက် ၄၀ တောင်ရှိသေးတာမို့ သူကျွန်းပတ်လမ်း‌ကို ဘယ်လိုလုပ်မသိနိုင်မှာလဲ?

*****************************************

Sorry for misspelling

Thank u all❤️
September 27, 2021
-------------------------------------------------------------------------------------










Chapter 29: ေရတြင္း

စုမင္အိပ္ယာနဲ႔ မီတာအကြာအေဝးအနည္းငယ္႐ွိ ေက်ာင္းယြင္းေဟာ္ႏွင့္ခ်န္း႐ွင္းက်ိဳ႕တို႔က လုံးလုံးသတိမမူမိၾကေပ။

သုံးခန္းေပါင္း၌ ကုတင္သုံးလုံး႐ွိကာ ေက်ာက္မင္ရာနဲ႔ခ်န္ယုခ်င္းက သူတို႔အခန္းထဲ၌ တစ္လုံးသုံးၿပီး သူတို႔ဆီမွာ က်န္ႏွစ္လုံး႐ွိ၏။

ဘာလို႔သူ႕ကိုတစ္ေယာက္တည္းအိပ္ခြင့္ျပဳလဲ စုမင္လည္းမသိဘူး။

သို႔ေသာ္ ကံေကာင္းေထာက္မစြာ သူတို႔ခြဲအိပ္ရလို႔ ... မဟုတ္လို႔ ခ်န္စုကို႐ွာေတြ႕သြားရင္ ႐ွင္းျပရခက္ေနလိမ့္မည္။

တုန္႔ျပန္သံမၾကားသျဖင့္ ခ်န္း႐ွင္းက်ိဳ႕စကၠန္႔အနည္းငယ္ေစာင့္စားၿပီးမွ ထပ္ေမးေလတယ္ .."စုမင္ မင္းအိပ္သြားၿပီလား?"

"မအိပ္ေသးဘူး။ ငါအခုပိုသက္သာသြားၿပီ ... အိပ္ငိုက္ေန႐ုံတင္ပါ"

ခ်န္း႐ွင္းက်ိဳ႕ .."ဒါဆိုၿပီးေရာေလ ... အိပ္ေတာ့"

စုမင္တစ္ဖက္လွည့္လိုက္တယ္။ သူ႕ေဘး၌ ဘယ္သူမွမ႐ွိဟု ထင္ရေပမဲ့ တစ္ကယ္တမ္း တစ္စုံတစ္ေယာက္႐ွိေနတယ္။

စုမင္လည္း သူ႕ကိုမျမင္ရေပ။

ေစာင္ႏွင့္ သူ႕ပါးစပ္ကိုဖုံးအုပ္ၿပီး တီးတိုးေျပာလိုက္သည္။
"ခင္ဗ်ားမွာ အိပ္ဖို႔ေနရာမ႐ွိဘူးလား?"

မီးအိမ္ဂါဝန္ကိုေတာင္ ေၾကာက္လန္႔ေစခဲ့သည့္ ႀကီးျမတ္လွေသာသခင္တစ္ေယာက္အေနနဲ႔ သူနဲ႔အတူ တိုးေဝွ႔ကပ္ရသည့္အေျခအေနမ်ိဳးကို ဘယ္လိုေတာင္ေရာက္ခဲ့ပါလိမ့္?

ခ်န္စုသည္ အလြန္တာဝန္ေက်ပြန္စြာ သူ႕ကိုရင္ခြင္ထဲဆြဲသြင္းလိုက္သည္။

စုမင္က လူသားတစ္ေယာက္ျဖစ္ၿပီး အပူခ်ိန္ကသာမန္ျဖစ္သည္။ ဒါကတေစၧနဲ႔လုံးဝဆန္႔က်င္ဘက္ျဖစ္ၿပီး သူက ေရခဲပုလင္းကို ‌ေထြးပတ္ထားသလိုခံစားရတယ္။
ခ်န္စုႏွင့္ သူသည္ မ်က္ႏွာခ်င္းဆိုင္လက္ဖဝါးစာသာ ကြာေဝးၿပီး သူ႕အသက္႐ွဴေလကိုပင္ သူ(ခ်န္စု)ခံစားႏိုင္သည္။

သို႔ေသာ္ ဒါကိုစုမင္မသိေပ။
သူ(စုမင္)သည္ ငို‌င္‌ေတြေသာမ်က္ဝန္းမ်ားျဖင့္ သူ၏ဦးတည္ရာကိုၾကည့္ေနေသာသားရဲေလးတစ္ေကာင္ႏွင့္တူသည္ဟု ခ်န္စုခံစားမိသည္။
အႏၲရာယ္လည္းကင္းေသာသားရဲသည္  အလြန္စြဲမက္ဖြယ္ေကာင္းသည္။

ခ်န္စု သူ႕ကို ပြတ္သပ္ခ်င္ေသာ္လည္း စုမင္စိတ္ဆိုးမည္ကို သူခံစားသိတာမို႔ မလႈပ္႐ွား‌ခဲ့ေပ။ စုမင္ေ႐ွ႕သို႔ ေ႐ြ႕လ်ားၿပီး .."မင္းေၾကာက္လန္႔မွာ ကိုယ္စိတ္ပူတယ္"

စုမင္မ်က္ဝန္းမ်ားပင့္ၾကည့္လိုက္မိသည္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီတစ္ႀကိမ္ သူအလြန္နီးကပ္ေန၍ သူ႕အေ႐ွ႕က ခ်န္စုမ်က္ႏွာ႐ွိေနသည္ကို စုမင္သိလိုက္ကာ မသက္သာစြာေနာက္ဆုတ္မိသည္။

"ကြၽန္ေတာ္မေၾကာက္ပါဘူး" သူတိုးတိုးေလးေရ႐ြတ္၏။

စုမင္ထိတ္လန္႔ဖြယ္႐ုပ္႐ွင္ေတြကို မေၾကာက္ေပ။ ၎ကလည္း ထိတ္လန္႔ဖြယ္႐ုပ္႐ွင္ကို အေတြ႕ၾကဳံခံစားၾကည့္ခ်င္တဲ့ အေၾကာင္းျပခ်က္ပင္။

ဘယ္သူမွ အေၾကာက္အလန္႔မ႐ွိဘဲ မေမြးဖြားဘူး။ သူ႕မွာ႐ွိေသာ္လည္း အျခားသူမ်ားထက္နည္းပါးတယ္။

ဘာေၾကာင့္လဲဆိုတာေတာ့ စုမင္မသိပါ။ သူ၏ကေလးဘ၀အေတြ႕အၾကဳံမ်ားေၾကာင့္ ျဖစ္ႏိုင္သလို သူ၏မိသားစုေၾကာင့္လည္း ျဖစ္ႏိုင္သည္။ သူ၏ပထမဆုံးနာမည္ႀကီးထိတ္လန္႔ဖြယ္႐ုပ္႐ွင္ကို ၾကည့္ၿပီးကတည္းက ဤအာ႐ုံကိုသူခံစားခဲ့ရသည္။

အျခားသူ‌ေတြအျမင္၌ သူက ပိုသတၱိ႐ွိတယ္လို႔သာ သူတို႔ေတြးၾကသည္။

"ေကာင္းၿပီေလ ... မင္းမေၾကာက္ဘူးဆိုပါေတာ့" ခ်န္စုေျပာတယ္။

စုမင္: “………..”

ဘာလို႔ သူေျပာတာကို ေလးေလးနက္နက္မထားတဲ့ပုံေပါက္ေနပါလိမ့္? သူအမွန္တရားေျပာေနတာ ... ဒါေပမဲ့ တစ္ဖက္လူက မယုံၾကည္တဲ့ပုံနဲ႔။

စုမင္တဖန္ပက္လက္ေလးလွဲကာ သူ႕ကိုတြန္းလိုက္တယ္။

သူတို႔ႏွစ္ေယာက္လုံးအတူတူလဲေလွာင္းေနကာ သူတို႔ခ်င္းထိမိသြားရင္ တစ္ဦးကေအးစက္ေနၿပီး တစ္ေယာက္က ေႏြးေထြးေန၏။

စုမင္ကုတင္အစြန္းအဖ်ားကို ထိလိုက္တယ္။ ကုတင္ကသိပ္မႀကီးသလို ဒီ့ထက္ေ႐ြ႕ရင္ သူကုတင္အစြန္အဖ်ားေရာက္ႏိုင္ကာ ညဘက္ကုတင္ေပၚကျပဳတ္က်ႏိုင္သည္။ ညလယ္ႀကီး ၾကမ္းျပင္၌သူမႏိုးခ်င္ေပ ... အထူးသျဖင့္ အခုလိုထူးဆန္းတဲ့ကြၽန္းေပၚမွာေပါ့။

သူသည္ ေန႔အခ်ိန္၌မ်ားစြာေသာအရာမ်ားႏွင့္ၾကဳံေတြ႕ရၿပီး ဖိစီးတင္းမာလြန္းေသာေၾကာင့္ ကိစၥမ်ားေနာက္ဆုံးတြင္ၿငိမ္သက္သြားေသာအခါ အိပ္ေပ်ာ္ျခင္းလိႈင္းတစ္ခုက သူ႕ကိုတိုး‌ေဝွ႔တိုက္ခက္ခဲ့ကာ မၾကာမွီ စုမင္အိပ္ေမာက်သြားေလသည္။

ခ်န္စု သူ႕ေဘးနား႐ွိ လူထံမွ ျဖည္းျဖည္းႏွင့္ပုံမွန္အသက္႐ွဴသံကိုခံစားမိသည္။ သူၾကည့္ရတာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေနပုံပင္။ ျခဳံေစာင္ေတြမွတဆင့္ တဖက္လူ၏ႏွလုံးခုန္သံကိုခံစားေနရသည္။

သြက္လက္ၾကည္လင္ၿပီး အစြမ္းထက္တယ္။

ခ်န္စုသည္ ဤအသံကိုနားေထာင္ၿပီး ေက်ာင္းယြင္းေဟာ္ႏွင့္ခ်န္း႐ွင္းက်ိဳ႕ထံမွ ေဟာက္သံကိုလ်စ္လ်ဴ႐ႈထားသည္။

စုမင္သည္ သူအနားမွာ႐ွိေနသည့္အခ်ိန္သတိလက္လြတ္ျဖစ္ေနတတ္သည္။

သူ႕ႏႈတ္ခမ္းေတြဆီ ခ်န္စုကိုင္းၫႊတ္၍ ႏႈတ္ခမ္းေထာင့္စြန္းေလးကို ညင္သာစြာအၾကင္နာအနမ္းေပးလိုက္၏။
စုမင္အိပ္ေနရင္း သက္ေတာင့္သက္သာမ႐ွိတာေၾကာင့္ မ်က္ေမွာင္ကုတ္သြား၏။

အခန္းထဲက ေခါက္သံကလည္း ဘယ္အခ်ိန္ကမွန္းမသိ ရပ္တန္႔ေနေလၿပီ။ အခုေတာ့ အသက္႐ွဴသံမ်ားႏွင့္ ေဟာက္သံသာ ၾကားႏိုင္ေတာ့သည္။

မနက္ခင္းအေစာဆုံးအခ်ိန္၌ ႐ုပ္႐ွင္႐ုံသတိေပးခ်က္ေၾကာင့္ စုမင္ႏိုးလာသည္။

အိပ္ခ်င္မူးတူးျဖင့္ ရီေဝေဝျဖစ္‌ေနေသာစုမင္က ေန႔အခ်ိန္မွ သတိေပးခ်က္ပို႔ရန္ ႐ုပ္႐ွင္႐ုံကို တုံ႔ျပန္ခ်က္တစ္ခုခ်န္ထားမည္ဟု ဆုံးျဖတ္ခဲ့သည္။

ညသန္းေခါင္ယံအခ်ိန္ သင္သာ စိတ္တိုမလြယ္ဘူးဆိုရင္ေတာင္ ဒီလိုႏိႈးခံရရင္ သင္မၾကာခင္တစ္ခုတိုးလာလိမ့္မယ္။

【ပရိသတ္စုမင္ ... တေန႔တာ ေအာင္ျမင္စြာအသက္႐ွင္ခဲ့တဲ့အတြက္ ဂုဏ္ျပဳပါတယ္။ ေက်းဇူးျပဳၿပီး ဆက္လတ္ႀကိဳးစားေပးပါ။ ဒီေန႔သဲလြန္စ: ေရတြင္း】

စုမင္ေပါ့ေပါ့ပါးပါးသတင္းရယူကာ ျပန္အိပ္ေတာ့သည္။

…………

နံနက္ေစာေစာ ေကာင္းကင္သည္ၾကည္လင္ေန၏။

စုမင္ႏိုးေသာအခါ ခ်န္း႐ွင္းက်ိဳ႕ႏွင့္ေက်ာင္းယြင္းေဟာ္တို႔လည္းႏိုးလာသည္။ သုံးေယာက္သား ျခံဝင္းထဲ၌ ရပ္ၿပီး သြားတိုက္ၾကသည္။

ျခံအတြင္းမွျဖတ္ထားေသာလက္ေခ်ာင္းအတြက္ အမွတ္အသားသည္အလြန္႐ိုး႐ွင္းပါသည္။ ထိုတြင္ျမက္ဖုတ္ငယ္တစ္ခုကို စိုက္လိုက္ၿပီးအဝါေရာင္ပန္းပြင့္ေလးတစ္ပြင့္ ပြင့္ခဲ့သည္။

ခ်န္း႐ွင္းက်ိဳ႕ အံ့အားသင့္စြာ.."အဲ့ေန႔က ငါအဖူးပဲစိုက္ခဲ့တာ"

စုမင္သည္ ယိမ္းႏြဲ႕ေနေသာပန္းပြင့္‌ေလးကိုၾကည့္ကာ သူၾကားဖူးခဲ့ေသာေၾကာက္စရာပုံျပင္အခ်ိဳ႕ကိုစဥ္းစားမိသည္။ အေလာင္းေတြထံမွ အာဟာရအျပည့္အဝရ႐ွိ၍ သုသာန္႐ွိပန္းပြင့္မ်ားသည္ အလြန္လွပစြာပြင့္လန္းၾကသည္။

လက္ေခ်ာင္းျပတ္မွ အာဟာရဓာတ္ကို ပန္းပြင့္ေလးက စုပ္ယူခဲ့သည္။

ထိုအခိုက္တန္႔ ေက်ာက္မင္ရာေလွ်ာက္လာတယ္။ "ယုခ်င္းနဲ႔ကြၽန္မ ဒီမနက္ဆန္ျပဳတ္လုပ္ထားတယ္ ...႐ွင္တို႔ေရာလိုခ်င္လား?"

ခ်န္း႐ွင္းက်ိဳ႕ သြားတိုက္ေဆးေတြေတာင္ မေထြးထုတ္ဘဲ .."လိုခ်င္တယ္!"

သူ႕ခ်စ္သူေကာင္မေလးေမးမွေတာ့ သဘာဝအတိုင္း သူသေဘာတူသည္။ အရသာေကာင္း မေကာင္း သူမသိ ... သို႔ေသာ္ အရသာမ႐ွိဘူးဆိုရင္ေတာင္ သူဆက္စားဦးမွာပဲ။

ထို႔ျပင္ မေန႔ညကသိပ္မစားထားသလို မုန္႔ေတြကုန္သြားမွာစိုးသျဖင့္ အမ်ားႀကီးမစားခဲ့တာမို႔ ဆာေလာင္ေနေလၿပီ။

သူတို႔ကိုယ္တိုင္ခ်က္ထားတာပဲ စားရသည္မွာ စိတ္သက္ေတာင့္သက္သာျဖစ္မိသည္။ သန္႔စင္ၿပီး ငါးေယာက္လုံး စားပြဲ၌ထိုင္လိုက္ၾကသည္။

႐ုပ္႐ွင္႐ုံရဲ႕သဲလြန္စကို စုမင္ျပန္မွတ္မိကာ ေျပာ၏ .."ဒီကြၽန္းမွာ အျခားေရတြင္းေတြ႐ွိလား ငါသြား႐ွာၾကည့္ဦးမယ္"

ထိုသဲလြန္စက အန္ကယ္ဟဲေရတြင္းကိုရည္ၫႊန္းတာျဖစ္ႏိုင္တယ္လို႔ စုမင္ေတြးမိေသာ္လည္း ၁၀၀ရာခိုင္ႏႈန္းမေသခ်ာေပ။ ကြၽန္းမွာ အျခားေရတြင္းေတြ႐ွိေကာင္း႐ွိႏိုင္တယ္ေလ။

"႐ွင္ဘာလို႔ေရတြင္းလိုက္႐ွာတာလဲ?" ခ်န္ယုခ်င္းေမးသည္။

"အန္ကယ္ဟဲရဲ႕ေရတြင္းက သတို႔သမီးခုန္ခ်သြားလို႔ ခ်ိတ္ပိတ္ထားတယ္လို႔ ေျပာခဲ့တယ္မလား ... အျခားေရတြင္းေတြလည္းခ်ိတ္ပိတ္ထားတာလား ဒါမွမဟုတ္တစ္ခုခုေၾကာင့္လား ငါသြားၾကည့္ခ်င္လို႔" စုမင္တုန္႔ျပန္လိုက္သည္။

ေရတြင္းတစ္တြင္းထဲ ခ်ိတ္ပိတ္ထားတာက မထူးျခားေပ ... အကယ္၍ ခ်ိတ္ပိတ္ထားတဲ့ေရတြင္းေတြမ်ားလာရင္ေတာ့ ျပႆနာတစ္ခုခု႐ွိလို႔ပဲ။

ေက်ာက္မင္ရာမ်က္ေမွာင္က်ံဳ႕ကာ စိုးရိမ္တႀကီးေမး၏ .."ငါတို႔ဘယ္လို႐ွာၾကမလဲ?"

အဲ့မွာ လူအမ်ားႀကီး႐ွိၿပီး အႏၲရာယ္မ်ားပုံေပၚသည္။ ‌မ‌ေန႔က ေဂၚျပားနဲ႔လူလည္း႐ွိႏိုင္သလို သူတို႔သြားလိုက္ရင္ သူတို႔သံသယပိုဝင္သြားၾကလိမ့္မယ္။

စုမင္ေခါင္းခါရင္း .."ငါတို႔သာ မေဖာ္ထုတ္ရင္ ငါတို႔ကိုသံသယဝင္မွာမဟုတ္ဘူး။ ငါတို႔ဘာမွမသိသလို ဟန္ေဆာင္႐ုံပဲ"

မင္းသာ မသိသလိုေနရင္ သံသယဝင္ခံရမွာမဟုတ္ေပ။

"ဒါနည္းနည္းေတာ့ အရဲစြန္႔ရာၾကတယ္" ခ်န္း႐ွင္းက်ိဳ႕လက္မခံေပ။

စုမင္ေတြးေတာကာ မေန႔ညကအန္ကယ္ဟဲျပန္ေရာက္လာစဥ္ ရ႐ွိခဲ့သည့္ သူ႕ဒဏ္ရာကို ထုတ္ေျပာရန္ဆုံးျဖတ္လိုက္တယ္။
"အန္ကယ္ဟဲ တစ္ေယာက္ေယာက္နဲ႔ရန္ျဖစ္တာ ျဖစ္ႏိုင္တယ္ ... ျဖစ္ရတဲ့အေၾကာင္းအရင္းကငါတို႔ေၾကာင့္ဟုတ္ႏိုင္တယ္"

"ငါတို႔ကအျပင္လူျဖစ္ေနလို႔လား?" ေက်ာင္းယြင္းေဟာ္စူးစမ္းသလိုေျပာ၏။

စုမင္မေသခ်ာေပ .."ဒါေပမဲ့ တဖက္လူကို အန္ကယ္ဟဲေဖ်ာင္းဖ်ႏိုင္ခဲ့တဲ့ပုံပဲ။ အဲ့လူ ထပ္မေပၚလာေတာ့ဘူးေလ"

ေက်ာင္းယြင္းေဟာ္သုန္မႈန္စြာ .."ငါအဲ့အ‌ေၾကာင္းေတြးေလ သူတို႔ကိုပိုၿပီးသံသယဝင္ေလပဲ"

ေနာက္ၿပီး သူတို႔နဲ႔တစ္ခုခုပတ္သတ္ႏိုင္တယ္။

အမွန္တကယ္ စုမင္အလုပ္ခ်င္ဆုံးက အန္ကယ္ဟဲေရတြင္းရဲ႕အဖုံးအကာကိုဖြင့္လိုက္ခ်င္တာပဲ။ သို႔ေသာ္ ရည္မွန္းခ်က္ႀကီးလြန္းကာ ထိုအတြက္သင့္ေတာ္ေသာအေၾကာင္းျပခ်က္လည္း မ႐ွိေပ။

စုမင္ဖြင့္ဟခ်က္ကို ေက်ာက္မင္ရာေလးေလးနက္နက္ေတြးကာ ေျပာလာတယ္ .."စုမင္ အန္ကယ္ဟဲေရတြင္းက သံသယျဖစ္စရာအေကာင္းဆုံးလို႔ က်ံန္မထင္တယ္"

သူမအေတြးကို စုမင္သေဘာတူသည္။

စားေသာက္ၿပီးေနာက္ စုမင္နဲ႔ခ်န္း႐ွင္းက်ိဳ႕သည္ မေန႔ညက ဖားျပဳပ္စားသည့္လူအေၾကာင္းေျပာျပလိုက္ေတာ့ မိန္းကေလးႏွစ္ဦးလုံး စက္ဆုက္႐ြံ႐ွာစြာျဖင့္ ပ်ိဳ႕အန္လုနီးပါးပင္။

အဲ့ဒါႀကီးကို သူဘယ္လိုလုပ္စားႏိုင္ရတာလဲ?

စုမင္တြင္ ကိုယ္ပိုင္အေတြး႐ွိသည္။ လမ္းေဘးမွ တြင္းထဲတြင္လည္းဖားျပဳပ္မ်ား႐ွိကာ ထိုဖားျပဳပ္ေတြက အေလာင္းကို စားေသာက္ႏိုင္တယ္လို႔ ဆိုလိုတာျဖစ္ႏိုင္တယ္။

အေလာင္း အစာေကြၽးခံရသည့္ဖားျပဳပ္ေတြကို လူသားေတြကျပန္စားသုံးၾကသည္။

ဤသံသရာႏွင့္ လူသားတစ္ဦးသည္ အေသေကာင္ကိုစားေသာလူသားႏွင့္တန္းတူျဖစ္ကာ အေသေကာင္အားတိုက္႐ိုက္စားသုံးျခင္းထက္ ပို၍ပင္႐ြံမုန္းဖြယ္ေကာင္းသည္။
ထိုအေၾကာင္းကို သူတို႔ကို စုမင္မေျပာခဲ့ေပ။

လူငါးဦးသည္ သူတို႔၏ပစၥည္းမ်ား၊ မုန္႔မ်ားကို ခ်န္ယုခ်င္းႏွင့္အတူ ယူလာသည့္ပုံျဖင့္ဟန္ေဆာင္ကာ ကြၽန္းသားမ်ားေနထိုင္ရာ ကြၽန္း၏တစ္စိတ္တစ္ပိုင္းသို႔သြားခဲ့သည္။
‌အိမ္အမ်ားစုက ေန႔အခ်ိန္တြင္ပင္ တံခါးကိုတင္းၾကပ္စြာပိတ္ထားၾကသည္။

သူတို႔ကစကားေျပာဆို႐ႊင္ျမဴးေနၾကေပမဲ့ ပတ္ပတ္လည္အေျခအေနကို ဂ႐ုတစိုက္အကဲခတ္ေန၏။ အိမ္တိုင္းလိုလို ေရတြင္းမ႐ွိသလို ႐ွိတဲ့အိမ္မ်ား၌လည္း ေရတြင္းေတြက အေကာင္းတိုင္းျဖစ္သည္။

အန္ကယ္ဟဲေရတြင္းသာ ခ်ိတ္ပိတ္ထားတာ။

ငါးဦးလုံး ေတာတြင္း႐ွိဟာလာဟင္းလင္း၌ ရပ္လိုက္ၾကသည္။

ခ်န္း႐ွင္းက်ိဳ႕ေမးခြန္းတစ္ခ်ိဳ႕ထုတ္ေမးလာတယ္ .."အန္ကယ္ဟဲေရတြင္းထဲမွာ အေလာင္းတကယ္႐ွိလို႔လား? အေလာင္းကိုယ္ခႏၶာကထုတ္ၿပီးေလာက္ၿပီမလား?"

"႐ွင္ေတြ႕ရင္ သိမွာေပါ့" ခ်န္ယုခ်င္းေျပာလိုက္တယ္။

ေက်ာက္မင္ရာသူမကိုယ္သူမၫႊန္ျပလိုက္ၿပီး .."ကြၽန္မအၾကံရၿပီ။ ကြၽန္မတို႔ အဲ့ထဲတစ္ခုခုျပဳတ္က်သြားတယ္ေျပာႏိုင္တာပဲ ... မေန႔ညက ေရတြင္းနားလာခဲ့တာမဟုတ္လား? ယုတၱိလည္း႐ွိတယ္"

အန္ကယ္ဟဲလည္း ယခုခ်ိန္အိမ္မွာ႐ွိမေနေပ။

ေနာက္ပိတ္ဆုံး အျခားအေၾကာင္းကိစၥမစဥ္းစားႏိုင္၍ ထိုအၾကံအစည္ကိုသုံးရန္စိတ္ပိုင္းျဖတ္လိုက္ၾကသည္။

အန္ကယ္ဟဲျပန္လာရင္ ျပႆနာမ႐ွိေအာင္ သူတို႔က အသုံးအႏႈန္းေတြ၊ အမူအရာေတြကို ေလ့က်င့္ၿပီးေတာ့အန္ကယ္ရဲ႕ျခံထဲကို ခပ္ျမန္ျမန္သြားၾကတယ္။ ျခံထဲသို႔ ဦးတည္သည့္တံခါးမ႐ွိေပ။

ေရတြင္းကို ဖုံးထားသည့္ေက်ာက္သင္ပုန္းအုတ္ႂကြပ္သည္ အလြန္ႀကီး၍ ေက်ာင္းယြင္းေဟာ္နဲ႔ခ်န္း႐ွင္းက်ိဳ႕တို႔ သူတို႔၏ခြန္အားကိုသုံးရန္စိတ္ပါပါဆႏၵျပဳေလသည္။

သူတို႔ပင့္မလိုက္တာနဲ႔ အထဲကိုငုံ႔ၾကည့္ရန္ အဆင္သင့္ စုမင္ေဘးဘက္တြင္ရပ္ေစာင့္ေနသည္။

သင္ပုန္းအုတ္ႂကြပ္အနည္းငယ္ မ တင္သြားၿပီး ႏွစ္အနည္းငယ္ၾကာမျမင္ႏိုင္ေသာ အလင္းတန္းသည္အထဲ႐ွိအေမွာင္ထုကိုၿဖိဳခြင္းသြားသည္။

စုမင္သည္ေရတြင္းထိပ္အစြန္း၌ အဖြားအို၏ဦးေခါင္း ႐ုတ္ခနဲေပၚလာသည္ကိုေတြ႕လိုက္ရသည္။

သူမမ်က္ႏွာသည္ အေရးအေၾကာင္းမ်ားဖုံးလႊမ္းေနၿပီး သူမ၏မ်က္ႏွာ၌ ျပဳံးၿဖဲၿဖဲရယ္ေနျခင္းက ေၾကာက္စရာေကာင္းလွသည္။ ႐ုတ္တရက္အေျပာင္းအလဲေၾကာင့္ စုမင္ထိတ္လန္႔ကာ ေျခတစ္လွမ္းဆုတ္မိသည္။

ခ်န္း႐ွင္းက်ိဳ႕နဲ႔ ေက်ာင္းယြင္းေဟာ္ အုတ္ႂကြပ္ကိုအလ်င္အျမန္လႊတ္ခ်လိုက္သည္။

သူတို႔ေမးမည့္အခိုက္တန္႔ ဘယ္ကမွန္းမသိ အန္ကယ္ဟဲ႐ုတ္တရက္ေပၚလာကာ ေအာ္ေျပာေတာ့တယ္ .."မင္းတို႔ဘာလုပ္ေနၾကတာလဲ?"

သူ႕ျခံကိုေက်ာ္ျဖတ္လာၿပီး မ်က္ႏွာအေနအထားမွာ ေဒါသထြက္ေနပုံရသည္။ ဒါကိုျမင္တဲ့လူတိုင္ူ သူတို႔ရဲ႕ႏွလုံးသားအတြင္းထဲကို ထိုးက်သြားသလိုခံစားမိသည္။

ေက်ာက္မင္ရာခ်က္ခ်င္းငိုေတာ့မည့္ဆဲဆဲ အမူအရာေျပာင္းလိုက္သည္။

သူမ ငိုယိုလ်က္ .."အန္ကယ္ဟဲ……ကြၽန္မဂ႐ုမစိုက္မိလို႔ လည္ဆြဲက်သြားတာ ... မေန႔ညကျဖစ္မယ္ "

မေန႔ညတုန္းက ေရတြင္းႏွင့္ အနီးဆုံးလူမွာသူမျဖစ္သည္။

သူမအမူအရာကို အန္ကယ္ဟဲေသခ်ာအကဲခတ္ၿပီး သူမလိမ္ေနတယ္လို႔ မထင္ဘဲ .."အထဲမွာ အရမ္းနက္တယ္။ မင္း႐ွာေတြ႕မွာမဟုတ္ဘူး"

ေက်ာက္မင္ရာၾကားၿပီး ေၾကာက္လန္႔သြားသည္။

စုမင္ .."အန္ကယ္ဟဲေျပာမွေတာ့ ထားလိုက္ေတာ့ ... မင္ရာ ငါတို႔ျပန္ေရာက္ရင္ မင္းအတြက္အသစ္ဝယ္ေပးမယ္"

"ကြၽန္မရဲ႕ ေစ့စပ္ထားသူကြယ္လြန္သြားၿပီး အဲဒါကြၽန္မအတြက္ခ်န္ခဲ့တဲ့အရာတစ္ခုဘဲ။ အဲဒါသာမ႐ွိရင္ ကြၽန္မသူ႕ပိုင္ဆိုင္မႈေတြကို အေမြဆက္မခံႏိုင္ေတာ့ဘူး ... "

ဒါကိုၾကားၿပီး စုမင္ဆြံ႕အသြားသည္။

သူ႕အေၾကာင္းဒီလိုေျပာဖို႔ ခ်န္း႐ွင္းက်ိဳ႕က ေက်ာက္မင္ရာကိုသူဘာလုပ္ခဲ့တာလဲ?

ခ်န္ယုခ်င္းပခုံး၌ မွီျမန္းလ်က္ ေက်ာက္မင္ရာမ်က္ႏွာအုပ္၍ ႐ိႈက္ႀကီးတငင္ငိုေနကာ ခ်န္ယုခ်င္းအလြန္စိတ္ဖိစီးေသာကေရာက္ေနဟန္ေဆာင္ေလသည္။ သူမတို႔အခ်င္းခ်င္း အလြန္ေကာင္းမြန္စြာပူးေပါင္းေဆာင္႐ြတ္ေနၾကသည္။

အမွန္တကယ္ေတာ့ ထိုလည္ဆြဲက ႏွစ္ယြမ္သာေပးရသည့္ ဆိုင္မွ ေက်ာက္မင္ရာဝယ္ခဲ့သည္ပင္။

အန္ကယ္ဟဲက သူ႕မ်က္ခုံးေတြကိုတင္းၾကပ္စြာတြန္႔ခ်ိဳးထားၿပီး ငို႐ိႈက္သံကိုစိတ္အေႏွာက္အယွက္ျဖစ္ေနပုံရတယ္။

သူဂ႐ုတစိုက္ေရတြင္းေပၚက အုပ္ႂကြတ္မေ႐ြ႕လ်ားသည္ကို စစ္ေဆးၾကည့္လိုက္သည္။ သူတို႔ထပ္ၿပီးအခ်ိန္မဆြဲေတာ့ဘဲ ထြက္ခြာဖို႔ဆႏၵ႐ွိသည့္ဟန္ျပင္ၾကသည္။

ေက်ာက္မင္ရာဆက္ၿပီး ႐ိႈက္ငိုေနတုန္းပဲ။

ကုန္းေစာင္းေပၚတက္ၿပီးေနာက္ ေရတြင္းႏွင့္ ေသခ်ာသည့္အကြာအေဝးေရာက္ေတာ့မွ ခ်ံဳပုတ္ေတြကိုအကာကြယ္အေနနဲ႔အသုံးခ်ၿပီး ေနာက္လွည့္ၾကည့္သည္။

အန္ကယ္ဟဲသည္ ေရတြင္းနား၌ ရပ္ေနလ်က္ သူတို႔ထြက္သြားသည့္ဦးတည္ရာထံၾကည့္ေနခဲ့သည္။ စုမင္ႏွလုံးသားခ်မ္းစိမ့္သြား၏။ ကုန္းေစာင္းမွ အျမန္ထြက္သြားၾကၿပီး သူတို႔ေနထိုင္သည့္အနီးနား႐ွိ ကုန္းေစာင္းေလွ်ာထံေရာက္သည့္အခါ စိတ္တင္းမာမႈမ်ားေလွ်ာ့ခ်လိုက္ေတာ့သည္။

ေစာေစာကေရတြင္းနားမွာ ျဖစ္ခဲ့တဲ့အျဖစ္အပ်က္ကအရမ္းေၾကာက္စရာေကာင္းတယ္။ သူတို႔ဓားဖ်ားေပၚမွာလမ္းေလွ်ာက္ေနသလိုပဲ။ သူတို႔သတိမထားလွ်င္ မေတာ္တဆအသက္ဆုံး႐ႈံးလိမ့္မည္။

"စုမင္ မင္းတစ္ခုခုမ်ားေတြ႕ခဲ့လား?" ခ်န္း႐ွင္းက်ိဳ႕ မေနႏိုင္ေတာ့ဘဲ ေမးလိုက္သည္။

သူနဲ႔ ေက်ာင္းယြင္းေဟာ္ ေက်ာက္အုတ္ႂကြပ္ကိုပင့္မလိုက္ခ်ိန္ ေရတြင္းနံရံသာျမင္ခဲ့ရၿပီး အန္ကယ္ဟဲေရာက္လာခဲ့သည္။

"ငါျမင္ခဲ့တယ္။ တကယ္အဲ့ထဲမွာလူတစ္ေယာက္ေသဆုံးခဲ့တာ" စုမင္ေျပာ၏။

ေက်ာက္မင္ရာမ်က္ႏွာပြတ္လိုက္ၿပီး နားမလည္ေပ .."ဒါဆို သတို႔သမီးက တကယ္ပဲေရတြင္းထဲခုန္ခ်ခဲ့တာေပါ့ ... ဘာလို႔သူတို႔ အေလာင္းကို မ႐ွင္းထုတ္တာလဲ? ညဘက္မေၾကာက္ၾကဘူးလား မသိဘူး"

စုမင္ေခါင္းခါလိုက္ကာ .."သူမက မလၤာဝတ္စုံမဝတ္ထားဘူး"

ဤေနရာသည္ ကမ႓ာျခားေနေသာ္လည္း မဂၤလာပြဲက အလြန္အေရးပါေသာပြဲႀကီးပြဲေကာင္းျဖစ္ကာ မဂၤလာဝတ္စုံမဝတ္ဘဲ သူတို႔ဘယ္လိုမဂၤလာပြဲကိုက်င္းပၾကလဲ?

ေရတြင္းထဲ၌ အမ်ိဳးသမီးသရဲကိုထင္ထင္႐ွား႐ွားျမင္ခဲ့ပါေသာ္လည္း အန္ကယ္ဟဲေျပာသလို သတို႔သမီးမဟုတ္ေပ။

စုမင္ထပ္ေျပာ၏ .."အထဲမွာ အမ်ိဳးသမီးတေစၧ႐ွိတယ္ ... အဖြားအိုနဲ႔တူတယ္ ... အနည္းဆုံး အသက္ငါးဆယ္အ႐ြယ္ေလာက္ ႐ွိႏိုင္တယ္"

ခ်န္း႐ွင္းက်ိဳ႕မ်က္ခုံးက်ဥ္းေျမာင္းကာ .."ဒါဆို အန္ကယ္ဟဲလိမ္ေျပာခဲ့တာေပါ့?"

ေက်ာက္မင္ရာျဖစ္ႏိုင္ေခ်ကို ႐ုတ္ျခည္းေတြးမိကာ မယုံၾကည္မႈျဖင့္ေျပာတယ္ .."သူ႕အေမရင္းကို သတ္လိုက္တယ္လို႔ေတာ့ မေျပာနဲ႔ေနာ္?"

အေတြးနဲ႔တင္ စက္ဆုပ္ဖြယ္ေကာင္းလွ၏။

အန္ကယ္ဟဲေျပာတဲ့အတိုင္းသာဆို သူ႕ညီေရာ သူ႕ညီမိန္းမေရာ ေသခဲ့ၿပီး အခုသူ႕အေမပင္ ေသသြားခဲ့ၿပီ…..

"ဒါေတြ အားလုံးထင္ေၾကးသက္သက္ႀကီးပဲ ... မေကာင္းတာေတြ မခန္႔မွန္းနဲ႔"

အန္ကယ္ဟဲရဲ႕စကားေတြကိုအေျခခံၿပီးခန္႔မွန္းလို႔မရဘူး။ အဲ့ဒါကို မင္းခန္႔မွန္းျခင္းအားျဖင့္ အဆုံးသတ္ကိုလြယ္လြယ္ကူကူနဲ႔ေရာက္သြားႏိုင္တယ္။   ၎သည္ အတိအက်မလိုအပ္ပါ။

သူတို႔ဒီအထိေသခ်ာတယ္ဆိုလို႔ ပင္လယ္ထဲမွ လူေသေတြ၊ တြင္းထဲကလူေသေတြ၊ နံရံထဲကလူေသ‌ေတြ အခု ေရတြင္းထဲကလူေသေတြ႐ွိတာဆိုတာပဲ။

သူတို႔ထဲက တစ္ေယာက္မွမေသတာပဲ စုမင္ဝမ္းသာလွသည္။

ေနာက္ဆုံး 'လူသတ္ကြၽန္း' ဆိုတဲ့သူ႕ရဲ႕ကနဦးခန္႔မွန္းခ်က္က အသက္႐ွင္က်န္ရစ္သူမ႐ွိတဲ့ကံဆိုးမိုးေမွာင္က်တဲ့အဆုံးသတ္တစ္ခု ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။

တိုက္ခတ္သြားေသာပင္လယ္ေလက ျမက္ခင္းမ်ားႏွင့္ ေတာအုပ္မ်ား၏ရနံ႔မ်ားကို သယ္ေဆာင္လာတယ္။

ေက်ာင္းယြင္းေဟာ္႐ုတ္တရက္ ခ်န္း႐ွင္းက်ိဳ႕ကို တံေတာင္ျဖင့္တြက္လိုက္ၿပီး စပ္စပ္စုစုေမး၏ .."မင္းမ်က္လုံးေတြအရမ္းေကာင္းတာပဲ ဟိုမွာ႐ွိေနတာ အန္ကယ္ဟဲလား?"

"အဲ့ဒါအန္ကယ္ဟဲပဲ" ခ်န္း႐ွင္းက်ိဳ႕‌လွမ္းၾကည့္ၿပီး ေခါင္းၿငိမ့္၏။

သူတို႔သည္ ကုန္းေစာင္း၌မတ္တပ္ရပ္ေနၿပီး သစ္ပင္မ်ားက သူတို႔ကိုကာဆီးထားတာမို႔ အန္ကယ္ဟဲ‌ေသေသခ်ာခ်ာမၾကည့္လွ်င္ မျမင္ႏိုင္ေပ။

ထိုေနရာတြင္ မိနစ္ဝက္ၾကာ အန္ကယ္ဟဲရပ္ေနၿပီး ေျခလွမ္းအနည္းငယ္ေလွ်ာက္ၿပီးေနာက္ ျပန္လွည့္သြားသည္။ သူေအာက္ထပ္ၾကည့္ၿပီး ေနာက္ဦးတည္ရာဆီ လွည့္ျပန္ေလွ်ာက္သည္။

ခ်န္ယုခ်င္းစူးစမ္းမိ၏ .."ဘာလို႔သူတစ္ဝက္ေလာက္ေတာင္ေလွ်ာက္သြားၿပီး ျပန္လွည့္တာလဲ?"

ေက်ာင္းယြင္းေဟာ္ ေရတြင္းကိစၥေတြးေနတုန္းျဖစ္၍ ေမးခြန္းၾကားသည့္အခါ သာမန္ကာလွ်ံကာေျဖလိုက္တယ္ .."သူလမ္းမွားသြားလို႔ေနမွာေပါ့"

သူ႕ကို ခ်န္ယုခ်င္းမ်က္လုံးေဝ့ၾကည့္ၿပီး ျပန္ပတ္ေျပာ၏ .."ဒီကြၽန္းမွာ ဘယ္ေလာက္သူေနလာတာၾကာၿပီလဲ ဒါေတာင္ သူလမ္းမွားသြားတယ္လား?"

ေက်ာင္းယြင္းေဟာ္ .."ငါဒီတိုင္းေျပာမိတာပါ"

တကယ္ပဲ သူ႕ၾကည့္ရတာလမ္းေပ်ာက္ၿပီး လမ္းမွားသြားေနပုံေပၚသည္။

ဒါေပမယ့္ အန္ကယ္ဟဲသည္ ဦးတည္ရာကိုစိန္ေခၚပုံမေပၚပါဘူး။  သူကအသက္ ၄၀ ေတာင္႐ွိေသးတာမို႔ သူကြၽန္းပတ္လမ္း‌ကို ဘယ္လိုလုပ္မသိႏိုင္မွာလဲ?

*****************************************

Sorry for misspelling

Thank u all❤️
September 27, 2021
-------------------------------------------------------------------------------------

Continue Reading

You'll Also Like

87.4K 2.8K 37
A teenage introverted is what Y/N was who prefers to have her space and to be left alone. She likes to music while being in her room, and it was grea...
1.3M 28.2K 96
"Ian like these other niggas shawty, ion think you can handle a nigga like me". "This ain't no Fairytale love story shawty, everything don't just fa...
31.6K 812 7
مافيا - حب - قسوه - غيره renad231_5
140K 3.7K 21
Reign and Rose twins who were separate at the age of 7 because of reign being accused of trying to kill Rose and was sent to a private school for tro...