To be a Heartthrob in a Horro...

By Kuro_Fuyu

433K 87.8K 4.7K

Original Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgy... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119

Chapter 28

4.2K 1K 63
By Kuro_Fuyu


Chapter 28: အရေပြား

တကယ်တမ်း ထိုလူဘာစားနေလဲဆိုတာ စုမင်ရေးရေးမျှသာ ခန့်မှန်းနိုင်တယ်။ လူသေအလောင်းဖြစ်ဖို့များ၏။ သူတို့ဘယ်ကလာလဲ စုမင်မသိသော်လည်း ဒီကျွန်းက လူသေအလောင်းမပြတ်လပ်ပုံပေါက်သည်။

"ငါတို့အလောင်းတူးမိမယ်နဲ့တူတယ်?" ချန်းရှင်းကျို့ပြောတယ်။

စုမင်ရိုးရိုးသားသားတုန့်ပြန်၏ .."ဟုတ်မယ်"

မြေကြီးတူးဆွနေရင်း ချန်းရှင်းကျို့ထင်ကြေးပေးတယ် .."ဒီကျွန်းက လူတွေကနည်းနည်းတစ်မျိုးကြီးပဲ ... ဒီကိုလာတဲ့အပြင်လူတွေကိုသတ်ပြီး စားကြတာလား?"

ဒါမှမဟုတ် သူတို့မစားချင်တော့ရင် ငါးကိုအစာကျွေးနိုင်တယ်။

ထိုအတွေးသည် ယုတ္တိရှိပေမဲ့ နည်းနည်းရိုးရှင်းနေသလိုပဲ။

အစောတုန်းက တွေးမိတဲ့ကိစ္စကို စုမင်ပြောဆိုသည် .."ရေတွင်းအကြောင်း အန်ကယ်ဟဲပြောပြတဲ့ပုံပြင်က သေချာပေါက်အမှန်မဟုတ်ဘူး ... သတို့သမီးက ငါတို့နေတဲ့နေရာမှာပဲ နေသင့်တာ ... အန်ကယ်ဟဲရဲ့ရေတွင်းထဲမှာ သူမကိုယ်သူမ နစ်မသေသင့်ဘူး"

အန်ကယ်ဟဲနဲ့ သတို့သမီးကြားအကြောင်းတစ်ခုခုရှိခဲ့ရင်တစ်မျိုးပေါ့။
ချန်းရှင်းကျို့တခဏတောင့်ခဲသွားပြီး ရှော့ခ်ရစွာပြော၏ .."ဒါဆို တစ်ကယ့်သတို့သမီးက နံရံထဲကဖြစ်နိုင်လား?"

စုမင်ခေါင်းအသာငြိမ့်ပြီး .."ဖြစ်နိုင်တယ်"

သူတစ်ခါမှ မထင်ခဲ့ပေ ... အန်ကယ်ဟဲပြောတဲ့ လူသာတကယ်ရှိခဲ့တယ်ဆိုရင် ... သူပြောတဲ့အကြောင်းသာတစ်ကယ်ဖြစ်ခဲ့တယ်ဆိုရင် ... နံရံအတွင်းရှိလူသည် သတို့သမီးဖြစ်လောက်တယ်။

အန်ကယ်ဟဲရဲ့ရေတွင်းကိုချိတ်ပိတ်ထားသည့်အကြောင်းရင်းကလည်း စဉ်းစားဖွယ်ရာပင်။ အကယ်၍ ထိုစကားတစ်ဝက်ကသာ အမှန်ဖြစ်မယ်ဆိုလျှင် ဘယ်ဟာအမှန် အမှားလည်းဆိုတာ သူသေချာမသိဘူး။ မှန်းဆနိုင်ရုံသာ ...

ချန်းရှင်းကျို့တိုးတိုးလေးဖြင့် .."ငါတို့အရင်ပြန်ရောက်မှ ဒီအကြောင်းပြောရအောင် ... ဒီမှာပြောရတာ စိတ်မချရဘူး"

သူတို့ကြားမိသွားရင် သတ်ခံရမှာကျိန်းသေပဲ။

မူလက အလွန်နက်နဲစွာတူးရမည်ဟု နှစ်ယောက်လုံးထင်ခဲ့ကြပေမယ့် နှစ်မိနစ်မကြာ ... အောက်က ပုန်းလျှိုးနေသည့်အရာ ပေါ်လာသည်။
ပင်လယ်နှင့်နီးစပ်ပြီး လမင်း၏အလင်းရောင်ပြန်ဟပ်နေလျက် မလင်းထိန်သော်လည်း ရေးရေးမျှမြင်နိုင်သေးသည်။

‌အရေပြားလိုလို အရေခွံသည် မြေကြီးထဲ သွေးများနှင့်ရောထွေးစွာမြှုပ်နှံထားသည်။ အမည်မသိတိရစ္ဆာန်၏ခြေလက်အင်္ဂါလည်း မြေကြီး၌ပေါ်လာတယ်။ ထိုကဲ့သို့ ဖုံးထားရာမှ‌လှစ်ဟာသွားသောကြောင့် သွေးညှီနံ့များပေါ်ထွက်လာသည်။

ချန်းရှင်းကျို့ပျို့အန်လုနီးပါး .."ဒါဘာကြီးလဲဟ?"

အစက အလောင်းကိုတူးဖော်မိမယ်လို့ ထင်ခဲ့ပေမယ့် ဘာမှန်းမသိ ရွံစရာကောင်းလှသောအရာကိုတူးခဲ့မိသည်။

စုမင်နှာခေါင်းကို ဖိညှစ်လိုက်ပြီး ဆောင့်ကြောင့်ထိုင်၍ သစ်ကိုင်းနဲ့ တွတ်ထိုးကြည့်ကာ .."ဖား ဒါမှမဟုတ် တစ်ခုခုနဲ့တူတယ်"

သူသည်အွန်လိုင်းတွင်ဖားများနှင့် bullfrogs ပုံများကိုမြင်ဖူးပြီး ၎င်းသည်ဤကဲ့သို့ဖြစ်တယ်။  တစ်ခုတည်းသောခြားနားချက်မှာ ယခုသည်အသားကိုဝါးစားခံရခြင်းဖြစ်သည်။

ချန်းရှင်းကျို့နှာခေါင်းပိတ်ပြီး ဆောင့်ကြောင့်ထိုင်၍ .."ဖားတွေကို အစိမ်းလိုက်စားတယ်?"

တစ်ခုခုမဟုတ်သလို သူခံစားရတယ်။ ဒါ့အပြင် သူတို့အတွက် အစိမ်းလိုက်စားတာက ... အရမ်းမယုံကြည်နိုင်စရာကောင်းလောက်အောင် အံ့ဩဖို့ကောင်းပြီး အလွန်စက်ဆုပ်ရွံရှာဖွယ်ရာလည်းကောင်း၏။

စုမင်ခေါင်းခါပြီးပြောတယ် .."မဟုတ်ဘူး ... ဖားပြုပ်ဖြစ်နိုင်တယ်"

အရေခွံကိုကောက်ယူကာ လေထဲ၌တွဲလောင်းကျစေလျက် ... လ၏အလင်းရောင်ဖြင့်ငှားကြည့်လိုက်တော့ သူတို့နေ့အချိန်က တွေ့ခဲ့သည့်ဖားပြုပ်အရောင်နှင့် ကွက်တိဖြစ်နေတာကို သူမြင်လိုက်ရသည်။

ချန်းရှင်းကျို့ထပ်ပြီး ပျို့အန်ချင်စိတ်က နှိုးဆော်လာပြန်သည်။ ဖားပြုပ်တွေက အဆိပ်ရှိသည်ဟု သိထားကြတယ်။ ဒါဆို ဘယ်လိုလုပ်အဲ့လူအစိမ်းလိုက်စားရဲရတာလဲ? ထိုလူ အဆိပ်တတ်မှာ မကြောက်ဘူးလားမသိဘူး?

စုမင်လည်း မခံနိုင်တော့ဘဲ .."တူးတာရပ်လိုက်ကြစို့ ... ပြန်ကြမယ်"

ချန်းရှင်းကျို့ ဒါ့ထက်ပို၍ သဘောမတူနိုင်ပါ။

သူတို့နှစ်ယောက်တဖန်မြေပြန်မြှုပ်လိုက်ကြသည်။ အဲဒီမှာအစိမ်းလိုက်စားနေခဲ့တဲ့ လူတစ်ယောက်ရဲ့မြင်ကွင်းကို သူတို့ပြန်သတိရတဲ့အခါ အော်ဂလီဆန်‌တော့မလို ခံစားမိတယ်။

လုံးလုံးမြေမြှုပ်ပြီးသွားတော့ ချန်းရှင်းကျို့အသက်တစ်ချက်တစ်ချက်လုရှူကာ .."ငါသည်းမခံနိုင်တော့ဘူး ... ငါမရဘူး ...စုမင် အမြန်ပြန်ရအောင်……"

စုမင် .."အိုခေ"

သူတို့လာခဲ့သည့်အတိုင်း ပြန်တတ်ကာ ကံကောင်းစွာပင် သူတို့သုံးနိုင်တဲ့နွယ်ပင်များစွာရှိ၍ အခြားလမ်းရှာစရာမလိုတော့ဘူး။

အမှန်အကန်သေချာသည့်လမ်းတွေဆီ ရောက်တော့မှ သူတို့စိတ်အေးသွားသည်။

စုမင်သည် ယနေ့ညတွင်ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်ဆင်ခြင်သုံးသပ်ပြီး ဤဖားပြုပ်များသည် တစ်ချိန်ချိန်တုန်းက လူသေအလောင်းများနှင့်အဆက်အသွယ်ရှိခဲ့သည်ဟု သံသယဖြစ်ခဲ့သည်။

ထိုလူ၌ ပုံမှန်မဟုတ်သည့်အစားအစာများကို ငမ်းငမ်းတက်စားသောက်ချင်တဲ့ရောဂါ*ရှိနိုင်တယ်။ (allotriophagy disorder)

အဆိပ်ကြောင့် မသေခဲ့တာက သူသည် များစွာစားသုံးပြီးနောက် ခုခံအားမြင့်တက်ခြင်း သို့မဟုတ် အဆိပ်မပါသောအစိတ်အပိုင်းများကိုစားခြင်းကြောင့်ဖြစ်နိုင်သည်။

အဆိပ်ရှ်ိတဲ့မြွေသားကို စားပြီးတာတောင် ဘာမှမဖြစ်သည့်လူတွေ ရှိတယ်။ ထို့ကြောင့် horrorရုပ်ရှင်ထဲမှာတွေ့ရတာလည်း အံ့ဩစရာမရှိပေ။

ဒီတိုင်း 'လူသတ်ကျွန်း'ရဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာတို့က အလွန်ကြောက်စရာကောင်းသည်ဟု စုမင်ခံစားမိသည်။ ဒီလိုဇာတ်ကြောင်းကို သူတို့ဘယ်လိုတောင်စဉ်းစားနိုင်ပါလိမ့်?

သူတို့နှစ်ယောက်လုံး ချွေးတွေစိုရွဲနေကာ အလွန်စိတ်စောနေကြသည်။

ကျွန်းသူကျွန်းသားတွေ နေတဲ့နေရာနှင့် သူတို့ကသိပ်အလှမ်းမဝေးပေ။ စောနက သူတို့ကိုတွေ့သွားမှာကြောက်ပြီး အခုကျတော့ သူတို့နောက်မှ ရုတ်တရက်ပေါ်လာမှာ စိုးရိမ်သောကရောက်နေရသည်။

သူတို့နှစ်ယောက်လုံး မနေနိုင်ဘဲ ခြေလှမ်းအရှိန်မြင့်လေသည်။ မိနစ်အနည်းငယ်ကြာတော့ စုမင်ပုံမှန်မဟုတ်တာ ခံစားမိ၏။

နောက်လိုက်ခံရခြင်းခံစားချက်သည်ပြင်းထန်လွန်းသည်။  နောက်ပြန်လှည့်မည့်အစား သူက ချန်းရှင်းကျို့ကို .."ငါတို့‌နောက်ကို တစ်ယောက်ယောက်လိုက်နေတယ်လို့ မင်းခံစားနေရလား?"

ချန်းရှင်းကျို့စဉ်းစားပြီး .."ငါမသိဘူး"

သူ့၌ အလိုလိုသိနေစိတ်ရှိသူမဟုတ် ... သို့သော် စုမင်မှန်ကောင်းမှန်နိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက အလွန်ကြောက်စရာကောင်းလှသည်။
နောက်လှည့်ကြည့်တာနဲ့ ဘာဖြစ်မလဲဆိုတာ စုမင်သိနိုင်တာမို့ သူနောက်လှည့်မကြည့်ချင်ဘူး။

"ငါတို့ဘာမှမဖြစ်သလို နေကြမယ်" ချန်းရှင်းကျို့ သတိပေးလိုက်သည်။

စုမင်ခေါင်းယဲ့ယဲ့‌လေးခါပြီး .."ငါသိချင်တာက ညသန်းခေါင်ကြီးငါတို့နောက်လိုက်လာတာ ဘာလဲဆိုတာပဲ"

သူ့ကို ချန်းရှင်းကျို့အခိုင်မာမယုံကြည်နိုင်ပါ။ သူက အလွန်ရဲရင့်သတ္တိရှိသူမဟုတ်တော့ တစ်ခုခုဖြစ်လာရင် စုမင်ကိုဆွဲပြီး ထွက်ပြေးမယ်။
စုမင်အသင့်ပြင်ဆင်၍ လျင်မြန်စွာနောက်လှည့်ကြည့်လိုက်တယ်။

သူထင်ထားသည်နဲ့ ကွဲလွဲသည်မှာ လူပုံစံအသွင်အပြင်သည် ရုတ်တရက်ကုန်းစောင်းမှ ပြေးဆင်းခဲ့သည်။ ထိုအရာက ခန္ဓာကိုယ်တစ်ခုလုံးရဲရဲနီနေပြီး အမှောင်ထု၌ သေသေချာချာမမြင်နိုင်ဘူး။ တစ်ဖက်လူက လမ်းလျှောက်နေတာမဟုတ် ... ပြေးလာနေတယ်။

သူတို့ထံ တစ်ဟုန်ထိုးပြေးလာနေပြီး နီးကပ်လာသည်နှင့် လုံးလုံးနီရဲနေသည်ကို သူတို့အထင်းသားမြင်လိုက်ရသည်။

စုမင် .."ကြွက်သား‌နဲ့တူတယ်"

ဖတ်စာအုပ်ထဲက ကြွက်သားပုံစံကားချပ်လိုမျိုး ထို'လူ'၏ တစ်ကိုယ်လုံးသည် အနီရောင်တွေဖြင့်ဖုံးလွှမ်းနေကာ အပေါ်ယံအသားအရေပြားခွာခံခဲ့ရသည့်အတိုင်းပင်။

သူ့စကားကြောင့် ချန်းရှင်းကျို့တုန်လှုပ်သွားပြီး .."ဘာပြောတယ်?"

ထိုအခိုက်တန့် ၎င်း'လူ'က အရှိန်ထိုးပြေးလာနေပြီဖြစ်ကာ စုမင်လျင်မြန်စွာတုန့်ပြန်၍ ချန်းရှင်းကျို့ကိုဘေးဘက် ဆွဲလိုက်သည်။

အားကောင်းသောလေပြင်းတစ်ချက်တိုက်ခတ်သွားခဲ့၏။

ထို'လူ'ဖြတ်ပြေးသွားစဉ် ညအချိန်ဖြစ်သော်လည်း စုမင် ၎င်း၏အသားအရေကိုမြင်နိုင်ခဲ့တယ်။ သို့ပေမဲ့ အသားအရေလို့မခေါ်နိုင်ပေ။
အစောတုန်းက သူခန့်မှန်းခဲ့သည့်အတိုင်းပဲ။

စုမင်နှလုံးခုန်သွား၏။ ထိတ်လန့်စရာကောင်းတဲ့လျှို့ဝှက်ချက်ကို သူရှာတွေ့မိပုံပင် ... သို့သော်လည်း ထိုလျှို့ဝှက်ချက်က အလွန်ဆိုးရွားလှသည်။

သူတို့အကြည့်အောက်မှာပင် ထို'လူ'ပျောက်ကွယ်သွားခဲ့သည်။

ချန်းရှင်းကျို့သည် စုမင်၏မျက်နှာ၌ မနှစ်မြို့ဖွယ်အမူအရာကို မြင်၍မေးသည်။
"စုမင် ... တစ်နေရာရာမသက်မသာဖြစ်လို့လား?"

သူကိုယ်တိုင်က ဘာမှမတွေ့ခဲ့ရပေ ...ထို'လူ' ပြေးထွက်သွားတာ အရမ်းမြန်ဆန်သည်။

စုမင်ဒူးကိုအထောက်အကူပြု၍ သူ့လက်များတင်လိုက်သည်။ ခဏကြာအနားယူပြီးတော့ လေထဲ၌ ထူးထူးဆန်းဆန်းသွေးညှီနံ့တစ်ဖြည်းဖြည်းပျောက်ကွယ်သွားကာ ... သူ့ကိုနည်းနည်းသက်သာစေတယ်။

သူမတ်တပ်ရပ်ပြီး လက်ဝှေ့ယမ်းကာ .."အရင်ပြန်ကြရအောင်"

ဒီညရှာ‌ဖွေတွေ့ရှိမှုက သူ့ကိုအရမ်းအံ့သြသွားစေပြီး လက်မခံနိုင်ပေ။ သူ၏လောကအမြင်များသည် ဆိုးဆိုးရွားရွားထိခိုက်မှုကိုခံစားခဲ့ရပြီး ၎င်းသည်တစ္ဆေများကိုမြင်ရသည်ထက် ပိုကြောက်စရာကောင်းခဲ့သည်။

ချန်းရှင်းကျို့ ..“Okay”

သူတို့သည်တောင်စောင်းသို့ ရောက်နေပြီဖြစ်ကာ နည်းနည်းပိုလမ်းလျှောက်ပြီးသွားရင် သူတို့နေတဲ့နေရာကို တွေ့လိမ့်မယ်။ နံရံ၌တစ်စုံတစ်ခုရှိသော်လည်း အပြင်မှာရှိနေခြင်းထက်ပိုလုံခြုံသေးသည်။

ကျောက်မင်ရာက သူတို့ဆီမက်ဆေ့ခ်ျတစ်စောင်ပို့ခဲ့ပြီး သူတို့လုံခြုံစွာပြန်လာမည်ဟု သူမအား အာမခံကြောင်း တုံ့ပြန်ခဲ့သည်။

မယုံနိုင်လောက်အောင်တစ်ခုခုကိုတွေ့ကြုံပြီးနောက် သူတို့နှစ်ယောက်စကားမပြောချင်ကြတော့ပေ။ သူတို့သည်လျင်မြန်စွာပြန်သွားပြီး ဖြစ်နိုင်ရင် ချက်ချင်းတယ်လီပို့ဖြင့် ပြန်လိုက်ချင်သည်။

သို့သော် ယခုအချိန်တွင်သူတို့၏နောက်မှ တစ်စုံတစ်ရာထပ်မံထွက်ပေါ်လာပြန်သည်။ စုမင်သည် တစ္ဆေသဏ္ဌာန်နှင့်အတူလိုက်ပါလာသောလေအေးကို အလွန်သတိထားသည်။

ချန်းရှင်းကျို့ကို တံထောင်ဖြင့်တွတ်ပြီး သတိပေးလိုက်၏ .."အနောက်မှာတစ်ခုခုရှိတယ် ... သတိထား"

ချန်းရှင်းကျို့လန့်ဖျပ်သွားပြီး .."အိုခေ ... နားလည်ပြီ"

ဒီတစ်ခါ သူတို့နှစ်ယောက်လုံးပြန်လှည့်လာပြီး သူတို့နောက်ကွယ်ကအရာသည် သူတို့အရင်မြင်ခဲ့ဖူးတဲ့အရာတစ်ခုဆိုတာကို ချက်ချင်းသိလိုက်တယ်။

ချန်းရှင်းကျို့မျက်လုံးပြူးကျယ်သွားကာ အသိစိတ်ပြန်ဝင်လာပြီး အသံနိမ့်၍ .."ဒါ……ဒါငါတို့မြင်ခဲ့တဲ့မီးအိမ်ဂါဝန်မဟုတ်ဘူးလား "

ဤညနေခင်းစောစောပိုင်းတွင် မီးအိမ်ဂါဝန်၀တ်ထားသောမိန်းကလေးကို
သူအလွန်အထင်အမြင်ကြီးစေခဲ့တာမို့ သူမအားချက်ချင်းမှတ်မိခဲ့သည်။
အထူးသဖြင့် သူတို့သည် ထိုတစ်ဦးတစ်ယောက်၏ပုံပန်းသဏ္ဌာန်ကို မှန်မှန်ကန်ကန်မမြင်နိုင်သောကြောင့်ဖြစ်သည်။

စုမင်လည်းမြင်၏။ တခဏချင်းတိုက်ခတ်လာသောလေအေးသည် သူ့ကို နှင်းတောတစ်ခုအလယ်၌ရှိနေသကဲ့သို့ခံစားမိပြီး မီးအိမ်၀တ်စုံပျံနေသည်ကိုသာ သူမြင်သာမြင်လိုက်ရသည်။ ချန်းရှင်းကျို့ သူ့ကိုတွန်းထုတ်လိုက်သည်။

စုမင်နေရာ၌ တောင့်ခဲသွားပြီး သူ့ဘေးနား ချန်စုရုတ်တရက်ပေါ်လာသည်အထိ ဤပုံစံအတိုင်းရှိနေခဲ့ကာ ထိုမီးအိမ်ဂါဝန်သည် မောင်းထုတ်ခံလိုက်ရသလို ပြန်လွင့်သွားသည်။

မီးအိမ်ဂါဝန်ကြည့်ရတာ ကြောက်ရွံ့သည့်အလား ... ကုန်းစောင်းဆီ သူမပြေးထွက်သွားသည်။

စုမင်သည် အခြားလူ၏အသွင်အပြင်ကို မထုတ်နိုင်သေးဘဲမီးရောင်သန်းနေသောမီးအိမ်၀တ်စုံကိုသာမြင်ခဲ့ရသည်။

ချန်စုပြော၏ .."ညဘက်လျှောက်မသွားနဲ့"

စုမင်နှာထိပ်လေးကို ထိတွေ့လိုက်စဥ် စုမင်လေအေးအေးရနံ့ကိုရှူမိသည်။

စုမင်စကားပြောချင်တဲ့အခါ သူထွက်သွားနှင့်နေပြီ။ သူ၏ထိတ်လန့်မှုမှပြန်လည်သက်သာလာချိန်တွင် ချန်စု၌အထူးစွမ်းရည်ရှိမရှိကို သူတွေးမိသည်။

သူ့ဘေးမှ ချန်းရှင်းကျို့ကတော့ ကြောင်တောင်တောင်ဖြစ်နေ၏။ မီးအိမ်ဂါဝန်တဟုန်ထိုးပြေးလာခဲ့စဉ်က သူ စုမင်ကိုတွန်းလိုက်ချင်ပေမယ့် သူလှုပ်ရှားလို့မရခဲ့ဘူး။

ချန်းရှင်းကျို့ရေရွတ်၏ .."မီးအိမ်ဂါဝန်ဒီကိုအလောတကြီးပြေးလာတုန်းက ဂါဝန်ဝတ်ထဲမှာ မိန်းကလေးမရှိသလို ငါဘာလို့ခံစားမိပါလိမ့်?"

အစကနေအဆုံးထိ သူတို့ မိန်းကလေးဆိုတာကို မတွေ့ခဲ့ရပေ။

ဂါဝန်မပျောက်ကွယ်သွားခင် စုမင်သည် ဂါဝန်၏အစွန်းအဖျားလေးသာ မြင်ခဲ့ရသည်။ မီးပုံးပျံကဲ့သို့လေထဲတွင်ပျံဝဲသွားမည့်အတိုင်းဖြစ်သည်။

သူတို့သရဲတစ္ဆေအဖြစ်ပြောင်းလဲသွားရင် အရမ်းအေးစက်သွားရောလား?

ဒီညနေတုန်းက ကျောက်မင်ရာထိမိခဲ့ကာ ကုစားဖို့အချိန်ကြာကြာယူလိုက်ရသည်။ မူလက သရဲဖြစ်မယ်လို့ သူတွေးခဲ့ပေမယ့် ဒီညသူလည်း ထိမိတော့မလို့ပင် ... အလွန်ထူးဆန်းသည်။

ထိုမီးအိမ်ဂါဝန်ကြည့်ရတာ သူ့ဆီလာတာနဲ့တူသည်။
သူ့ကို ဝင်ပူးချင်လို့လား? ဒါဆို အဲ့ဒါဝင်ပူးပြီး ဘာလုပ်မှာလဲ?

စုမင်ဖြစ်နိုင်ချေများကို ဆင်ခြင်တွေးတောကာ တစ်ခုစီတိုင်း ဖြစ်နိုင်ချေရှိသည်ဟု ထင်ရသော်လည်း အနည်းငယ်ထူးဆန်းသည်ဟုလည်း ခံစားခဲ့ရသည်။
လေမှုတ်ထုတ်လိုက်ပြီး ထပ်မတွေးကြည့်ချင်တော့ပေ။

သူတို့အပြန် ကျန်လမ်းခရီး၌ ဘာမှထပ်မဖြစ်တော့ဘူး။ ချန်းရှင်းကျို့အခန်းထဲဝင်ပြီး တံခါးကိုဆောင့်ပိတ်လိုက်သည်။

"ဘာဖြစ်ခဲ့တာလဲ?" ကျောင်းယွင်းဟော်မေး၏။

ချန်းရှင်းကျို့ကုတင်ပေါ်ထိုင်ကာ .."မင်းတို့အပြန် ထူးထူးဆန်းဆန်းဟာတွေ ကြုံခဲ့ရလား?"

"နိုး" ကျောင်းယွင်းဟော်ခေါင်းကုတ်၍ ရှက်တတ်တတ်ပြောတယ် .."ငါတို့အပြန် ပြေးသွားကြတာ ... လမ်းမှာသရဲတွေနဲ့တွေ့မှာစိုးလို့"

ဘယ်လိုပဲဖြစ်ပါစေ ... သုံးယောက်အနက် သူတစ်ယောက်တည်း ယောက်ျားလေးဖြစ်သည်လေ။

ချန်းရှင်းကျို့နည်းနည်းမနာလိုဖြစ်မိသည်။ ဘာလို့ သူတို့ပြန်လာခဲ့တုန်းလမ်းမှာ ဘာကိုမှမကြုံခဲ့ရဘဲနဲ့ ... သူနဲ့စုမင်ကျတော့ နှစ်ကြိမ်တောင် ကြုံခဲ့ရပါလိမ့်။

သူတို့အပြန်လမ်း၌ ဖြစ်ခဲ့သမျှကို ပြောပြသည် .."……အဲ့မီးအိမ်ဂါဝန်ထဲမှာ ဘယ်သူမှမရှိဘူးလို့ ငါခံစားရတယ်"

ချန်းရှင်းကျို့သည် ဤကဲ့သို့သော အလိုလိုသိနေစိတ်ကို ပထမဆုံးအကြိမ်ရခဲ့တာ‌ကြောင့် တည်ကြည်နေရမည်။

ကျောင်းယွင်းဟော် မသိမသာပြောမိ၏ .."ဘယ်သူမှမရှိဘူးဆိုရင် ဂါဝန်ကသူ့ဘာသူလျှောက်ပြေးနေတာလဲ?"

သူထိုစကားပြောအပြီး အဓိပ္ပာယ်မရှိဘူးဆိုတာ ခံစားမိသည်။ လူသေအလောင်းတောင် နံရံခေါက်နိုင်သေးတာပဲ ... ဆိုတော့ ဂါဝန်တစ်ထည် သူ့ဘာသူလျှောက်ပြေးနိုင်တာ မဆန်းပေ။

ချန်းရှင်းကျို့ .."ဟုတ်လိမ့်တယ်"

စုမင်မျက်နှာသစ်ပြီး စိတ်ကြည်သွားကာ အခန်းထဲပြန်ရောက်လာ၍ ကုတင်၌ထိုင်ပြီး မျက်နှာသုတ်နေသည်။

ကျောင်းယွင်းဟော် .."ငါအရင်ဆုံး မင်ရာနဲ့ ယုချင်းကိုအိပ်ခိုင်းလိုက်မယ်"

သူထံ ပို့ခဲ့သည့် ကျောက်မင်ရာမတ်ဆေ့ခ်ျကို ချန်းရှင်းကျို့တွေးမိတော့ မိုက်မဲစွာရယ်လေသည်။ သူတို့နှစ်ဦးကြားမှ စစ်အေးပြဿနာပြေလည်တော့မည်ဟု သူခံစားသိသည်။

ထို့နောက် အက်ဆီးဒင့်နဲ့ပတ်သတ်သည့် ဖားပြုပ်အကြောင်းလေသံတိုးတိုးဖြင့်ပြောပြခဲ့သည်။

ကျောင်းယွင်းဟော်မီးများပိတ်လိုက်တယ်။ ချန်းရှင်းကျို့နဲ့ ကျောင်းယွင်းဟော်တို့က တစ်အိပ်ယာထဲအိပ်တာကြောင့် တီးတိုးပြောရင်တောင်ကြားနေရသည်။

သူပြောတာ နားထောင်ပြီး ကျောင်းယွင်းဟော်ပျို့တတ်လာသည်။

ပြန်ကောင်းရန် အချိန်အတော်ကြာသွားခဲ့ပြီး .."သူတို့ ဘာလို့ ဘာမဆိုစားနိုင်ရတာလဲ? ဖားပြုပ်လိုမျိုး ဒီလောက်စက်ဆုပ်စရာကြီးကို မြိုချနိုင်တယ်လား?"

ဒါ့အပြင် အစိမ်းလိုက်ပါစားတယ်တဲ့ ... အနည်းဆုံးတော့ အပူပေးဖုတ်စားသင့်တယ်။

ဒီကျွန်းက လူတွေတကယ့်ကိုပြဿနာရှိနေတာပဲ။ အန်ကယ်ဟဲသည် တစ်နေ့လုံး ခိုးကြောင်ခိုးဝှက်လုပ်ဆောင်နေပြီး ယခုတွင် ပင်ကိုစရိုက်တမူထူးခြားသောလူတွေလည်းရှိသည်။

ချန်းရှင်းကျို့က .."အဲ့လူ နေကောင်း မကောင်း ငါဘယ်လိုလုပ်သိမှာလဲ? ငါတို့ပထမဆုံးလာတုန်းက ဖားပြုပ်အအုံလိုက်ကြီးကို မှတ်မိလား? အဲ့ဒါသူ့အစာဖြစ်နိုင်……"

ကျောင်းယွင်းဟော်စကားဖြတ်လိုက်၏ .."မပြောနဲ့တော့ ငါအန်မိလိမ့်မယ်"

သူတို့ မြို့မှာနေထိုင်တာမို့ ပုံမှန်အားဖြင့် ဖားပြုပ်တွေကိုမတွေ့ဖူးပေ။ သူတို့စရောက်တာနဲ့ ရွံစရာကောင်းသည့်အရာတွေကို မြင်တွေ့ခဲ့ရသည်။
ချန်းရှင်းကျို့ပြောခဲ့သော်လည်း သူ့ရင်ထဲပူပန်နေသည်။

မီးများမှိတ်ပြီး၍ အခန်းတွင်း၌မှောင်မည်းနေလေပြီ။ ဘာမှမမြင်ရသည့်အခိုက် နံရံထဲမှ နံရံခေါက်သံစကြားရပြန်တော့သည်။

"အသံက မသိရင် သစ်တောက်ငှက်က တီကောင်ဖမ်းဖို့ကြိုးစားနေတဲ့အသံအတိုင်းပဲ။ ဘယ်လိုဖြစ်လို့ အလောင်းကောင်ကဒီလောက်စိတ်ရှည်နိုင်ပါလိမ့်?" ကျောင်းယွင်းဟော်သည်းမခံနိုင်စွာ ညည်းတွားလိုက်တယ်။

မနေ့ညကဲ့သို့ နံရံခေါက်သံသည် ရပ်လိုက် ပြန်ခေါက်လိုက်နှင့်ပင်။

"စုမင် မင်းပိုနေ‌လို့ကောင်းသွားပြီလား?" ချန်းရှင်းကျို့မေးသည်။

သူတို့အပြန်လမ်းတစ်လျှောက် စုမင်ပုံစံသည် မသက်မသာဖြစ်နေသည်က သိသာသော်လည်း နောက်မှပြန်ကောင်းလာပုံပဲ။

စုမင်တစ်စုံတစ်ခုပြောတော့မည့်အချိန် ရုတ်ခြည်းသူ့ဘေးနား၌ တစ္ဆေ‌တစ်ကောင်လဲလှောင်းလိုက်သည်ကို ခံစားလိုက်မိ၏။

************************************************

🤢

Thank u all❤️
September 26, 2021
--------------------------------------------------------------------------------------------------








Chapter 28: အေရျပား

တကယ္တမ္း ထိုလူဘာစားေနလဲဆိုတာ စုမင္ေရးေရးမွ်သာ ခန္႔မွန္းႏိုင္တယ္။ လူေသအေလာင္းျဖစ္ဖို႔မ်ား၏။ သူတို႔ဘယ္ကလာလဲ စုမင္မသိေသာ္လည္း ဒီကြၽန္းက လူေသအေလာင္းမျပတ္လပ္ပုံေပါက္သည္။

"ငါတို႔အေလာင္းတူးမိမယ္နဲ႔တူတယ္?" ခ်န္း႐ွင္းက်ိဳ႕ေျပာတယ္။

စုမင္႐ိုး႐ိုးသားသားတုန္႔ျပန္၏ .."ဟုတ္မယ္"

ေျမႀကီးတူးဆြေနရင္း ခ်န္း႐ွင္းက်ိဳ႕ထင္ေၾကးေပးတယ္ .."ဒီကြၽန္းက လူေတြကနည္းနည္းတစ္မ်ိဳးႀကီးပဲ ... ဒီကိုလာတဲ့အျပင္လူေတြကိုသတ္ၿပီး စားၾကတာလား?"

ဒါမွမဟုတ္ သူတို႔မစားခ်င္ေတာ့ရင္ ငါးကိုအစာေကြၽးႏိုင္တယ္။

ထိုအေတြးသည္ ယုတၱိ႐ွိေပမဲ့ နည္းနည္း႐ိုး႐ွင္းေနသလိုပဲ။

အေစာတုန္းက ေတြးမိတဲ့ကိစၥကို စုမင္ေျပာဆိုသည္ .."ေရတြင္းအေၾကာင္း အန္ကယ္ဟဲေျပာျပတဲ့ပုံျပင္က ေသခ်ာေပါက္အမွန္မဟုတ္ဘူး ... သတို႔သမီးက ငါတို႔ေနတဲ့ေနရာမွာပဲ ေနသင့္တာ ... အန္ကယ္ဟဲရဲ႕ေရတြင္းထဲမွာ သူမကိုယ္သူမ နစ္မေသသင့္ဘူး"

အန္ကယ္ဟဲနဲ႔ သတို႔သမီးၾကားအေၾကာင္းတစ္ခုခု႐ွိခဲ့ရင္တစ္မ်ိဳးေပါ့။
ခ်န္း႐ွင္းက်ိဳ႕တခဏေတာင့္ခဲသြားၿပီး ေ႐ွာ့ခ္ရစြာေျပာ၏ .."ဒါဆို တစ္ကယ့္သတို႔သမီးက နံရံထဲကျဖစ္ႏိုင္လား?"

စုမင္ေခါင္းအသာၿငိမ့္ၿပီး .."ျဖစ္ႏိုင္တယ္"

သူတစ္ခါမွ မထင္ခဲ့ေပ ... အန္ကယ္ဟဲေျပာတဲ့ လူသာတကယ္႐ွိခဲ့တယ္ဆိုရင္ ... သူေျပာတဲ့အေၾကာင္းသာတစ္ကယ္ျဖစ္ခဲ့တယ္ဆိုရင္ ... နံရံအတြင္း႐ွိလူသည္ သတို႔သမီးျဖစ္ေလာက္တယ္။

အန္ကယ္ဟဲရဲ႕ေရတြင္းကိုခ်ိတ္ပိတ္ထားသည့္အေၾကာင္းရင္းကလည္း စဥ္းစားဖြယ္ရာပင္။ အကယ္၍ ထိုစကားတစ္ဝက္ကသာ အမွန္ျဖစ္မယ္ဆိုလွ်င္ ဘယ္ဟာအမွန္ အမွားလည္းဆိုတာ သူေသခ်ာမသိဘူး။ မွန္းဆႏိုင္႐ုံသာ ...

ခ်န္း႐ွင္းက်ိဳ႕တိုးတိုးေလးျဖင့္ .."ငါတို႔အရင္ျပန္ေရာက္မွ ဒီအေၾကာင္းေျပာရေအာင္ ... ဒီမွာေျပာရတာ စိတ္မခ်ရဘူး"

သူတို႔ၾကားမိသြားရင္ သတ္ခံရမွာက်ိန္းေသပဲ။

မူလက အလြန္နက္နဲစြာတူးရမည္ဟု ႏွစ္ေယာက္လုံးထင္ခဲ့ၾကေပမယ့္ ႏွစ္မိနစ္မၾကာ ... ေအာက္က ပုန္းလွ်ိဳးေနသည့္အရာ ေပၚလာသည္။
ပင္လယ္ႏွင့္နီးစပ္ၿပီး လမင္း၏အလင္းေရာင္ျပန္ဟပ္ေနလ်က္ မလင္းထိန္ေသာ္လည္း ေရးေရးမွ်ျမင္ႏိုင္ေသးသည္။

‌အေရျပားလိုလို အေရခြံသည္ ေျမႀကီးထဲ ေသြးမ်ားႏွင့္ေရာေထြးစြာျမႇဳပ္ႏွံထားသည္။ အမည္မသိတိရစၧာန္၏ေျခလက္အဂၤါလည္း ေျမႀကီး၌ေပၚလာတယ္။ ထိုကဲ့သို႔ ဖုံးထားရာမွ‌လွစ္ဟာသြားေသာေၾကာင့္ ေသြးညႇီနံ႔မ်ားေပၚထြက္လာသည္။

ခ်န္း႐ွင္းက်ိဳ႕ပ်ိဳ႕အန္လုနီးပါး .."ဒါဘာႀကီးလဲဟ?"

အစက အေလာင္းကိုတူးေဖာ္မိမယ္လို႔ ထင္ခဲ့ေပမယ့္ ဘာမွန္းမသိ ႐ြံစရာေကာင္းလွေသာအရာကိုတူးခဲ့မိသည္။

စုမင္ႏွာေခါင္းကို ဖိညႇစ္လိုက္ၿပီး ေဆာင့္ေၾကာင့္ထိုင္၍ သစ္ကိုင္းနဲ႔ တြတ္ထိုးၾကည့္ကာ .."ဖား ဒါမွမဟုတ္ တစ္ခုခုနဲ႔တူတယ္"

သူသည္အြန္လိုင္းတြင္ဖားမ်ားႏွင့္ bullfrogs ပုံမ်ားကိုျမင္ဖူးၿပီး ၎သည္ဤကဲ့သို႔ျဖစ္တယ္။  တစ္ခုတည္းေသာျခားနားခ်က္မွာ ယခုသည္အသားကိုဝါးစားခံရျခင္းျဖစ္သည္။

ခ်န္း႐ွင္းက်ိဳ႕ႏွာေခါင္းပိတ္ၿပီး ေဆာင့္ေၾကာင့္ထိုင္၍ .."ဖားေတြကို အစိမ္းလိုက္စားတယ္?"

တစ္ခုခုမဟုတ္သလို သူခံစားရတယ္။ ဒါ့အျပင္ သူတို႔အတြက္ အစိမ္းလိုက္စားတာက ... အရမ္းမယုံၾကည္ႏိုင္စရာေကာင္းေလာက္ေအာင္ အံ့ဩဖို႔ေကာင္းၿပီး အလြန္စက္ဆုပ္႐ြံ႐ွာဖြယ္ရာလည္းေကာင္း၏။

စုမင္ေခါင္းခါၿပီးေျပာတယ္ .."မဟုတ္ဘူး ... ဖားျပဳပ္ျဖစ္ႏိုင္တယ္"

အေရခြံကိုေကာက္ယူကာ ေလထဲ၌တြဲေလာင္းက်ေစလ်က္ ... လ၏အလင္းေရာင္ျဖင့္ငွားၾကည့္လိုက္ေတာ့ သူတို႔ေန႔အခ်ိန္က ေတြ႕ခဲ့သည့္ဖားျပဳပ္အေရာင္ႏွင့္ ကြက္တိျဖစ္ေနတာကို သူျမင္လိုက္ရသည္။

ခ်န္း႐ွင္းက်ိဳ႕ထပ္ၿပီး ပ်ိဳ႕အန္ခ်င္စိတ္က ႏိႈးေဆာ္လာျပန္သည္။ ဖားျပဳပ္ေတြက အဆိပ္႐ွိသည္ဟု သိထားၾကတယ္။ ဒါဆို ဘယ္လိုလုပ္အဲ့လူအစိမ္းလိုက္စားရဲရတာလဲ? ထိုလူ အဆိပ္တတ္မွာ မေၾကာက္ဘူးလားမသိဘူး?

စုမင္လည္း မခံႏိုင္ေတာ့ဘဲ .."တူးတာရပ္လိုက္ၾကစို႔ ... ျပန္ၾကမယ္"

ခ်န္း႐ွင္းက်ိဳ႕ ဒါ့ထက္ပို၍ သေဘာမတူႏိုင္ပါ။

သူတို႔ႏွစ္ေယာက္တဖန္ေျမျပန္ျမႇဳပ္လိုက္ၾကသည္။ အဲဒီမွာအစိမ္းလိုက္စားေနခဲ့တဲ့ လူတစ္ေယာက္ရဲ႕ျမင္ကြင္းကို သူတို႔ျပန္သတိရတဲ့အခါ ေအာ္ဂလီဆန္‌ေတာ့မလို ခံစားမိတယ္။

လုံးလုံးေျမျမႇဳပ္ၿပီးသြားေတာ့ ခ်န္း႐ွင္းက်ိဳ႕အသက္တစ္ခ်က္တစ္ခ်က္လု႐ွဴကာ .."ငါသည္းမခံႏိုင္ေတာ့ဘူး ... ငါမရဘူး ...စုမင္ အျမန္ျပန္ရေအာင္……"

စုမင္ .."အိုေခ"

သူတို႔လာခဲ့သည့္အတိုင္း ျပန္တတ္ကာ ကံေကာင္းစြာပင္ သူတို႔သုံးႏိုင္တဲ့ႏြယ္ပင္မ်ားစြာ႐ွိ၍ အျခားလမ္း႐ွာစရာမလိုေတာ့ဘူး။

အမွန္အကန္ေသခ်ာသည့္လမ္းေတြဆီ ေရာက္ေတာ့မွ သူတို႔စိတ္ေအးသြားသည္။

စုမင္သည္ ယေန႔ညတြင္ျဖစ္ပ်က္ခဲ့သည့္အရာမ်ားကို ျပန္ဆင္ျခင္သုံးသပ္ၿပီး ဤဖားျပဳပ္မ်ားသည္ တစ္ခ်ိန္ခ်ိန္တုန္းက လူေသအေလာင္းမ်ားႏွင့္အဆက္အသြယ္႐ွိခဲ့သည္ဟု သံသယျဖစ္ခဲ့သည္။

ထိုလူ၌ ပုံမွန္မဟုတ္သည့္အစားအစာမ်ားကို ငမ္းငမ္းတက္စားေသာက္ခ်င္တဲ့ေရာဂါ*႐ွိႏိုင္တယ္။ (allotriophagy disorder)

အဆိပ္ေၾကာင့္ မေသခဲ့တာက သူသည္ မ်ားစြာစားသုံးၿပီးေနာက္ ခုခံအားျမင့္တက္ျခင္း သို႔မဟုတ္ အဆိပ္မပါေသာအစိတ္အပိုင္းမ်ားကိုစားျခင္းေၾကာင့္ျဖစ္ႏိုင္သည္။

အဆိပ္႐ွ္ိတဲ့ေႁမြသားကို စားၿပီးတာေတာင္ ဘာမွမျဖစ္သည့္လူေတြ ႐ွိတယ္။ ထို႔ေၾကာင့္ horror႐ုပ္႐ွင္ထဲမွာေတြ႕ရတာလည္း အံ့ဩစရာမ႐ွိေပ။

ဒီတိုင္း 'လူသတ္ကြၽန္း'ရဲ႕ ဒါ႐ိုက္တာနဲ႔ ဇာတ္ၫႊန္းေရးဆရာတို႔က အလြန္ေၾကာက္စရာေကာင္းသည္ဟု စုမင္ခံစားမိသည္။ ဒီလိုဇာတ္ေၾကာင္းကို သူတို႔ဘယ္လိုေတာင္စဥ္းစားႏိုင္ပါလိမ့္?

သူတို႔ႏွစ္ေယာက္လုံး ေခြၽးေတြစို႐ြဲေနကာ အလြန္စိတ္ေစာေနၾကသည္။

ကြၽန္းသူကြၽန္းသားေတြ ေနတဲ့ေနရာႏွင့္ သူတို႔ကသိပ္အလွမ္းမေဝးေပ။ ေစာနက သူတို႔ကိုေတြ႕သြားမွာေၾကာက္ၿပီး အခုက်ေတာ့ သူတို႔ေနာက္မွ ႐ုတ္တရက္ေပၚလာမွာ စိုးရိမ္ေသာကေရာက္ေနရသည္။

သူတို႔ႏွစ္ေယာက္လုံး မေနႏိုင္ဘဲ ေျခလွမ္းအ႐ွိန္ျမင့္ေလသည္။ မိနစ္အနည္းငယ္ၾကာေတာ့ စုမင္ပုံမွန္မဟုတ္တာ ခံစားမိ၏။

ေနာက္လိုက္ခံရျခင္းခံစားခ်က္သည္ျပင္းထန္လြန္းသည္။  ေနာက္ျပန္လွည့္မည့္အစား သူက ခ်န္း႐ွင္းက်ိဳ႕ကို .."ငါတို႔‌ေနာက္ကို တစ္ေယာက္ေယာက္လိုက္ေနတယ္လို႔ မင္းခံစားေနရလား?"

ခ်န္း႐ွင္းက်ိဳ႕စဥ္းစားၿပီး .."ငါမသိဘူး"

သူ႕၌ အလိုလိုသိေနစိတ္႐ွိသူမဟုတ္ ... သို႔ေသာ္ စုမင္မွန္ေကာင္းမွန္ႏိုင္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီေနရာက အလြန္ေၾကာက္စရာေကာင္းလွသည္။
ေနာက္လွည့္ၾကည့္တာနဲ႔ ဘာျဖစ္မလဲဆိုတာ စုမင္သိႏိုင္တာမို႔ သူေနာက္လွည့္မၾကည့္ခ်င္ဘူး။

"ငါတို႔ဘာမွမျဖစ္သလို ေနၾကမယ္" ခ်န္း႐ွင္းက်ိဳ႕ သတိေပးလိုက္သည္။

စုမင္ေခါင္းယဲ့ယဲ့‌ေလးခါၿပီး .."ငါသိခ်င္တာက ညသန္းေခါင္ႀကီးငါတို႔ေနာက္လိုက္လာတာ ဘာလဲဆိုတာပဲ"

သူ႕ကို ခ်န္း႐ွင္းက်ိဳ႕အခိုင္မာမယုံၾကည္ႏိုင္ပါ။ သူက အလြန္ရဲရင့္သတၱိ႐ွိသူမဟုတ္ေတာ့ တစ္ခုခုျဖစ္လာရင္ စုမင္ကိုဆြဲၿပီး ထြက္ေျပးမယ္။
စုမင္အသင့္ျပင္ဆင္၍ လ်င္ျမန္စြာေနာက္လွည့္ၾကည့္လိုက္တယ္။

သူထင္ထားသည္နဲ႔ ကြဲလြဲသည္မွာ လူပုံစံအသြင္အျပင္သည္ ႐ုတ္တရက္ကုန္းေစာင္းမွ ေျပးဆင္းခဲ့သည္။ ထိုအရာက ခႏၶာကိုယ္တစ္ခုလုံးရဲရဲနီေနၿပီး အေမွာင္ထု၌ ေသေသခ်ာခ်ာမျမင္ႏိုင္ဘူး။ တစ္ဖက္လူက လမ္းေလွ်ာက္ေနတာမဟုတ္ ... ေျပးလာေနတယ္။

သူတို႔ထံ တစ္ဟုန္ထိုးေျပးလာေနၿပီး နီးကပ္လာသည္ႏွင့္ လုံးလုံးနီရဲေနသည္ကို သူတို႔အထင္းသားျမင္လိုက္ရသည္။

စုမင္ .."ႂကြက္သား‌နဲ႔တူတယ္"

ဖတ္စာအုပ္ထဲက ႂကြက္သားပုံစံကားခ်ပ္လိုမ်ိဳး ထို'လူ'၏ တစ္ကိုယ္လုံးသည္ အနီေရာင္ေတြျဖင့္ဖုံးလႊမ္းေနကာ အေပၚယံအသားအေရျပားခြာခံခဲ့ရသည့္အတိုင္းပင္။

သူ႕စကားေၾကာင့္ ခ်န္း႐ွင္းက်ိဳ႕တုန္လႈပ္သြားၿပီး .."ဘာေျပာတယ္?"

ထိုအခိုက္တန္႔ ၎'လူ'က အ႐ွိန္ထိုးေျပးလာေနၿပီျဖစ္ကာ စုမင္လ်င္ျမန္စြာတုန္႔ျပန္၍ ခ်န္း႐ွင္းက်ိဳ႕ကိုေဘးဘက္ ဆြဲလိုက္သည္။

အားေကာင္းေသာေလျပင္းတစ္ခ်က္တိုက္ခတ္သြားခဲ့၏။

ထို'လူ'ျဖတ္ေျပးသြားစဥ္ ညအခ်ိန္ျဖစ္ေသာ္လည္း စုမင္ ၎၏အသားအေရကိုျမင္ႏိုင္ခဲ့တယ္။ သို႔ေပမဲ့ အသားအေရလို႔မေခၚႏိုင္ေပ။
အေစာတုန္းက သူခန္႔မွန္းခဲ့သည့္အတိုင္းပဲ။

စုမင္ႏွလုံးခုန္သြား၏။ ထိတ္လန္႔စရာေကာင္းတဲ့လွ်ိဳ႕ဝွက္ခ်က္ကို သူ႐ွာေတြ႕မိပုံပင္ ... သို႔ေသာ္လည္း ထိုလွ်ိဳ႕ဝွက္ခ်က္က အလြန္ဆိုး႐ြားလွသည္။

သူတို႔အၾကည့္ေအာက္မွာပင္ ထို'လူ'ေပ်ာက္ကြယ္သြားခဲ့သည္။

ခ်န္း႐ွင္းက်ိဳ႕သည္ စုမင္၏မ်က္ႏွာ၌ မႏွစ္ၿမိဳ႕ဖြယ္အမူအရာကို ျမင္၍ေမးသည္။
"စုမင္ ... တစ္ေနရာရာမသက္မသာျဖစ္လို႔လား?"

သူကိုယ္တိုင္က ဘာမွမေတြ႕ခဲ့ရေပ ...ထို'လူ' ေျပးထြက္သြားတာ အရမ္းျမန္ဆန္သည္။

စုမင္ဒူးကိုအေထာက္အကူျပဳ၍ သူ႕လက္မ်ားတင္လိုက္သည္။ ခဏၾကာအနားယူၿပီးေတာ့ ေလထဲ၌ ထူးထူးဆန္းဆန္းေသြးညႇီနံ႔တစ္ျဖည္းျဖည္းေပ်ာက္ကြယ္သြားကာ ... သူ႕ကိုနည္းနည္းသက္သာေစတယ္။

သူမတ္တပ္ရပ္ၿပီး လက္ေဝွ႔ယမ္းကာ .."အရင္ျပန္ၾကရေအာင္"

ဒီည႐ွာ‌ေဖြေတြ႕႐ွိမႈက သူ႕ကိုအရမ္းအံ့ၾသသြားေစၿပီး လက္မခံႏိုင္ေပ။ သူ၏ေလာကအျမင္မ်ားသည္ ဆိုးဆိုး႐ြား႐ြားထိခိုက္မႈကိုခံစားခဲ့ရၿပီး ၎သည္တေစၧမ်ားကိုျမင္ရသည္ထက္ ပိုေၾကာက္စရာေကာင္းခဲ့သည္။

ခ်န္း႐ွင္းက်ိဳ႕ ..“Okay”

သူတို႔သည္ေတာင္ေစာင္းသို႔ ေရာက္ေနၿပီျဖစ္ကာ နည္းနည္းပိုလမ္းေလွ်ာက္ၿပီးသြားရင္ သူတို႔ေနတဲ့ေနရာကို ေတြ႕လိမ့္မယ္။ နံရံ၌တစ္စုံတစ္ခု႐ွိေသာ္လည္း အျပင္မွာ႐ွိေနျခင္းထက္ပိုလုံျခဳံေသးသည္။

ေက်ာက္မင္ရာက သူတို႔ဆီမက္ေဆ့ခ်္တစ္ေစာင္ပို႔ခဲ့ၿပီး သူတို႔လုံျခဳံစြာျပန္လာမည္ဟု သူမအား အာမခံေၾကာင္း တုံ႔ျပန္ခဲ့သည္။

မယုံႏိုင္ေလာက္ေအာင္တစ္ခုခုကိုေတြ႕ၾကဳံၿပီးေနာက္ သူတို႔ႏွစ္ေယာက္စကားမေျပာခ်င္ၾကေတာ့ေပ။ သူတို႔သည္လ်င္ျမန္စြာျပန္သြားၿပီး ျဖစ္ႏိုင္ရင္ ခ်က္ခ်င္းတယ္လီပို႔ျဖင့္ ျပန္လိုက္ခ်င္သည္။

သို႔ေသာ္ ယခုအခ်ိန္တြင္သူတို႔၏ေနာက္မွ တစ္စုံတစ္ရာထပ္မံထြက္ေပၚလာျပန္သည္။ စုမင္သည္ တေစၧသဏၭာန္ႏွင့္အတူလိုက္ပါလာေသာေလေအးကို အလြန္သတိထားသည္။

ခ်န္း႐ွင္းက်ိဳ႕ကို တံေထာင္ျဖင့္တြတ္ၿပီး သတိေပးလိုက္၏ .."အေနာက္မွာတစ္ခုခု႐ွိတယ္ ... သတိထား"

ခ်န္း႐ွင္းက်ိဳ႕လန္႔ဖ်ပ္သြားၿပီး .."အိုေခ ... နားလည္ၿပီ"

ဒီတစ္ခါ သူတို႔ႏွစ္ေယာက္လုံးျပန္လွည့္လာၿပီး သူတို႔ေနာက္ကြယ္ကအရာသည္ သူတို႔အရင္ျမင္ခဲ့ဖူးတဲ့အရာတစ္ခုဆိုတာကို ခ်က္ခ်င္းသိလိုက္တယ္။

ခ်န္း႐ွင္းက်ိဳ႕မ်က္လုံးျပဴးက်ယ္သြားကာ အသိစိတ္ျပန္ဝင္လာၿပီး အသံနိမ့္၍ .."ဒါ……ဒါငါတို႔ျမင္ခဲ့တဲ့မီးအိမ္ဂါဝန္မဟုတ္ဘူးလား "

ဤညေနခင္းေစာေစာပိုင္းတြင္ မီးအိမ္ဂါဝန္၀တ္ထားေသာမိန္းကေလးကို
သူအလြန္အထင္အျမင္ႀကီးေစခဲ့တာမို႔ သူမအားခ်က္ခ်င္းမွတ္မိခဲ့သည္။
အထူးသျဖင့္ သူတို႔သည္ ထိုတစ္ဦးတစ္ေယာက္၏ပုံပန္းသဏၭာန္ကို မွန္မွန္ကန္ကန္မျမင္ႏိုင္ေသာေၾကာင့္ျဖစ္သည္။

စုမင္လည္းျမင္၏။ တခဏခ်င္းတိုက္ခတ္လာေသာေလေအးသည္ သူ႕ကို ႏွင္းေတာတစ္ခုအလယ္၌႐ွိေနသကဲ့သို႔ခံစားမိၿပီး မီးအိမ္၀တ္စုံပ်ံေနသည္ကိုသာ သူျမင္သာျမင္လိုက္ရသည္။ ခ်န္း႐ွင္းက်ိဳ႕ သူ႕ကိုတြန္းထုတ္လိုက္သည္။

စုမင္ေနရာ၌ ေတာင့္ခဲသြားၿပီး သူ႕ေဘးနား ခ်န္စု႐ုတ္တရက္ေပၚလာသည္အထိ ဤပုံစံအတိုင္း႐ွိေနခဲ့ကာ ထိုမီးအိမ္ဂါဝန္သည္ ေမာင္းထုတ္ခံလိုက္ရသလို ျပန္လြင့္သြားသည္။

မီးအိမ္ဂါဝန္ၾကည့္ရတာ ေၾကာက္႐ြံ႕သည့္အလား ... ကုန္းေစာင္းဆီ သူမေျပးထြက္သြားသည္။

စုမင္သည္ အျခားလူ၏အသြင္အျပင္ကို မထုတ္ႏိုင္ေသးဘဲမီးေရာင္သန္းေနေသာမီးအိမ္၀တ္စုံကိုသာျမင္ခဲ့ရသည္။

ခ်န္စုေျပာ၏ .."ညဘက္ေလွ်ာက္မသြားနဲ႔"

စုမင္ႏွာထိပ္ေလးကို ထိေတြ႕လိုက္စဥ္ စုမင္ေလေအးေအးရနံ႔ကို႐ွဴမိသည္။

စုမင္စကားေျပာခ်င္တဲ့အခါ သူထြက္သြားႏွင့္ေနၿပီ။ သူ၏ထိတ္လန္႔မႈမွျပန္လည္သက္သာလာခ်ိန္တြင္ ခ်န္စု၌အထူးစြမ္းရည္႐ွိမ႐ွိကို သူေတြးမိသည္။

သူ႕ေဘးမွ ခ်န္း႐ွင္းက်ိဳ႕ကေတာ့ ေၾကာင္ေတာင္ေတာင္ျဖစ္ေန၏။ မီးအိမ္ဂါဝန္တဟုန္ထိုးေျပးလာခဲ့စဥ္က သူ စုမင္ကိုတြန္းလိုက္ခ်င္ေပမယ့္ သူလႈပ္႐ွားလို႔မရခဲ့ဘူး။

ခ်န္း႐ွင္းက်ိဳ႕ေရ႐ြတ္၏ .."မီးအိမ္ဂါဝန္ဒီကိုအေလာတႀကီးေျပးလာတုန္းက ဂါဝန္ဝတ္ထဲမွာ မိန္းကေလးမ႐ွိသလို ငါဘာလို႔ခံစားမိပါလိမ့္?"

အစကေနအဆုံးထိ သူတို႔ မိန္းကေလးဆိုတာကို မေတြ႕ခဲ့ရေပ။

ဂါဝန္မေပ်ာက္ကြယ္သြားခင္ စုမင္သည္ ဂါဝန္၏အစြန္းအဖ်ားေလးသာ ျမင္ခဲ့ရသည္။ မီးပုံးပ်ံကဲ့သို႔ေလထဲတြင္ပ်ံဝဲသြားမည့္အတိုင္းျဖစ္သည္။

သူတို႔သရဲတေစၧအျဖစ္ေျပာင္းလဲသြားရင္ အရမ္းေအးစက္သြားေရာလား?

ဒီညေနတုန္းက ေက်ာက္မင္ရာထိမိခဲ့ကာ ကုစားဖို႔အခ်ိန္ၾကာၾကာယူလိုက္ရသည္။ မူလက သရဲျဖစ္မယ္လို႔ သူေတြးခဲ့ေပမယ့္ ဒီညသူလည္း ထိမိေတာ့မလို႔ပင္ ... အလြန္ထူးဆန္းသည္။

ထိုမီးအိမ္ဂါဝန္ၾကည့္ရတာ သူ႕ဆီလာတာနဲ႔တူသည္။
သူ႕ကို ဝင္ပူးခ်င္လို႔လား? ဒါဆို အဲ့ဒါဝင္ပူးၿပီး ဘာလုပ္မွာလဲ?

စုမင္ျဖစ္ႏိုင္ေခ်မ်ားကို ဆင္ျခင္ေတြးေတာကာ တစ္ခုစီတိုင္း ျဖစ္ႏိုင္ေခ်႐ွိသည္ဟု ထင္ရေသာ္လည္း အနည္းငယ္ထူးဆန္းသည္ဟုလည္း ခံစားခဲ့ရသည္။
ေလမႈတ္ထုတ္လိုက္ၿပီး ထပ္မေတြးၾကည့္ခ်င္ေတာ့ေပ။

သူတို႔အျပန္ က်န္လမ္းခရီး၌ ဘာမွထပ္မျဖစ္ေတာ့ဘူး။ ခ်န္း႐ွင္းက်ိဳ႕အခန္းထဲဝင္ၿပီး တံခါးကိုေဆာင့္ပိတ္လိုက္သည္။

"ဘာျဖစ္ခဲ့တာလဲ?" ေက်ာင္းယြင္းေဟာ္ေမး၏။

ခ်န္း႐ွင္းက်ိဳ႕ကုတင္ေပၚထိုင္ကာ .."မင္းတို႔အျပန္ ထူးထူးဆန္းဆန္းဟာေတြ ၾကဳံခဲ့ရလား?"

"ႏိုး" ေက်ာင္းယြင္းေဟာ္ေခါင္းကုတ္၍ ႐ွက္တတ္တတ္ေျပာတယ္ .."ငါတို႔အျပန္ ေျပးသြားၾကတာ ... လမ္းမွာသရဲေတြနဲ႔ေတြ႕မွာစိုးလို႔"

ဘယ္လိုပဲျဖစ္ပါေစ ... သုံးေယာက္အနက္ သူတစ္ေယာက္တည္း ေယာက်္ားေလးျဖစ္သည္ေလ။

ခ်န္း႐ွင္းက်ိဳ႕နည္းနည္းမနာလိုျဖစ္မိသည္။ ဘာလို႔ သူတို႔ျပန္လာခဲ့တုန္းလမ္းမွာ ဘာကိုမွမၾကဳံခဲ့ရဘဲနဲ႔ ... သူနဲ႔စုမင္က်ေတာ့ ႏွစ္ႀကိမ္ေတာင္ ၾကဳံခဲ့ရပါလိမ့္။

သူတို႔အျပန္လမ္း၌ ျဖစ္ခဲ့သမွ်ကို ေျပာျပသည္ .."……အဲ့မီးအိမ္ဂါဝန္ထဲမွာ ဘယ္သူမွမ႐ွိဘူးလို႔ ငါခံစားရတယ္"

ခ်န္း႐ွင္းက်ိဳ႕သည္ ဤကဲ့သို႔ေသာ အလိုလိုသိေနစိတ္ကို ပထမဆုံးအႀကိမ္ရခဲ့တာ‌ေၾကာင့္ တည္ၾကည္ေနရမည္။

ေက်ာင္းယြင္းေဟာ္ မသိမသာေျပာမိ၏ .."ဘယ္သူမွမ႐ွိဘူးဆိုရင္ ဂါဝန္ကသူ႕ဘာသူေလွ်ာက္ေျပးေနတာလဲ?"

သူထိုစကားေျပာအၿပီး အဓိပၸာယ္မ႐ွိဘူးဆိုတာ ခံစားမိသည္။ လူေသအေလာင္းေတာင္ နံရံေခါက္ႏိုင္ေသးတာပဲ ... ဆိုေတာ့ ဂါဝန္တစ္ထည္ သူ႕ဘာသူေလွ်ာက္ေျပးႏိုင္တာ မဆန္းေပ။

ခ်န္း႐ွင္းက်ိဳ႕ .."ဟုတ္လိမ့္တယ္"

စုမင္မ်က္ႏွာသစ္ၿပီး စိတ္ၾကည္သြားကာ အခန္းထဲျပန္ေရာက္လာ၍ ကုတင္၌ထိုင္ၿပီး မ်က္ႏွာသုတ္ေနသည္။

ေက်ာင္းယြင္းေဟာ္ .."ငါအရင္ဆုံး မင္ရာနဲ႔ ယုခ်င္းကိုအိပ္ခိုင္းလိုက္မယ္"

သူထံ ပို႔ခဲ့သည့္ ေက်ာက္မင္ရာမတ္ေဆ့ခ်္ကို ခ်န္း႐ွင္းက်ိဳ႕ေတြးမိေတာ့ မိုက္မဲစြာရယ္ေလသည္။ သူတို႔ႏွစ္ဦးၾကားမွ စစ္ေအးျပႆနာေျပလည္ေတာ့မည္ဟု သူခံစားသိသည္။

ထို႔ေနာက္ အက္ဆီးဒင့္နဲ႔ပတ္သတ္သည့္ ဖားျပဳပ္အေၾကာင္းေလသံတိုးတိုးျဖင့္ေျပာျပခဲ့သည္။

ေက်ာင္းယြင္းေဟာ္မီးမ်ားပိတ္လိုက္တယ္။ ခ်န္း႐ွင္းက်ိဳ႕နဲ႔ ေက်ာင္းယြင္းေဟာ္တို႔က တစ္အိပ္ယာထဲအိပ္တာေၾကာင့္ တီးတိုးေျပာရင္ေတာင္ၾကားေနရသည္။

သူေျပာတာ နားေထာင္ၿပီး ေက်ာင္းယြင္းေဟာ္ပ်ိဳ႕တတ္လာသည္။

ျပန္ေကာင္းရန္ အခ်ိန္အေတာ္ၾကာသြားခဲ့ၿပီး .."သူတို႔ ဘာလို႔ ဘာမဆိုစားႏိုင္ရတာလဲ? ဖားျပဳပ္လိုမ်ိဳး ဒီေလာက္စက္ဆုပ္စရာႀကီးကို ၿမိဳခ်ႏိုင္တယ္လား?"

ဒါ့အျပင္ အစိမ္းလိုက္ပါစားတယ္တဲ့ ... အနည္းဆုံးေတာ့ အပူေပးဖုတ္စားသင့္တယ္။

ဒီကြၽန္းက လူေတြတကယ့္ကိုျပႆနာ႐ွိေနတာပဲ။ အန္ကယ္ဟဲသည္ တစ္ေန႔လုံး ခိုးေၾကာင္ခိုးဝွက္လုပ္ေဆာင္ေနၿပီး ယခုတြင္ ပင္ကိုစ႐ိုက္တမူထူးျခားေသာလူေတြလည္း႐ွိသည္။

ခ်န္း႐ွင္းက်ိဳ႕က .."အဲ့လူ ေနေကာင္း မေကာင္း ငါဘယ္လိုလုပ္သိမွာလဲ? ငါတို႔ပထမဆုံးလာတုန္းက ဖားျပဳပ္အအုံလိုက္ႀကီးကို မွတ္မိလား? အဲ့ဒါသူ႕အစာျဖစ္ႏိုင္……"

ေက်ာင္းယြင္းေဟာ္စကားျဖတ္လိုက္၏ .."မေျပာနဲ႔ေတာ့ ငါအန္မိလိမ့္မယ္"

သူတို႔ ၿမိဳ႕မွာေနထိုင္တာမို႔ ပုံမွန္အားျဖင့္ ဖားျပဳပ္ေတြကိုမေတြ႕ဖူးေပ။ သူတို႔စေရာက္တာနဲ႔ ႐ြံစရာေကာင္းသည့္အရာေတြကို ျမင္ေတြ႕ခဲ့ရသည္။
ခ်န္း႐ွင္းက်ိဳ႕ေျပာခဲ့ေသာ္လည္း သူ႕ရင္ထဲပူပန္ေနသည္။

မီးမ်ားမွိတ္ၿပီး၍ အခန္းတြင္း၌ေမွာင္မည္းေနေလၿပီ။ ဘာမွမျမင္ရသည့္အခိုက္ နံရံထဲမွ နံရံေခါက္သံစၾကားရျပန္ေတာ့သည္။

"အသံက မသိရင္ သစ္ေတာက္ငွက္က တီေကာင္ဖမ္းဖို႔ႀကိဳးစားေနတဲ့အသံအတိုင္းပဲ။ ဘယ္လိုျဖစ္လို႔ အေလာင္းေကာင္ကဒီေလာက္စိတ္႐ွည္ႏိုင္ပါလိမ့္?" ေက်ာင္းယြင္းေဟာ္သည္းမခံႏိုင္စြာ ညည္းတြားလိုက္တယ္။

မေန႔ညကဲ့သို႔ နံရံေခါက္သံသည္ ရပ္လိုက္ ျပန္ေခါက္လိုက္ႏွင့္ပင္။

"စုမင္ မင္းပိုေန‌လို႔ေကာင္းသြားၿပီလား?" ခ်န္း႐ွင္းက်ိဳ႕ေမးသည္။

သူတို႔အျပန္လမ္းတစ္ေလွ်ာက္ စုမင္ပုံစံသည္ မသက္မသာျဖစ္ေနသည္က သိသာေသာ္လည္း ေနာက္မွျပန္ေကာင္းလာပုံပဲ။

စုမင္တစ္စုံတစ္ခုေျပာေတာ့မည့္အခ်ိန္ ႐ုတ္ျခည္းသူ႕ေဘးနား၌ တေစၧ‌တစ္ေကာင္လဲေလွာင္းလိုက္သည္ကို ခံစားလိုက္မိ၏။

************************************************

🤢

Thank u all❤️
September 26, 2021
------------------------------------------------------------------------------------------------

Continue Reading

You'll Also Like

1.5K 215 9
🍁🍁🍁 Jungkook leaned his back on the wall, sitting on the cold floor of the balcony. He closed his eyes letting all his tears to stream down his pa...
211K 9.7K 30
A few years after the Battle Of Hogwarts and Harry is getting married. To Ginny Weasley. He hasn't dated anyone else so why would he marry anyone el...
141K 21K 108
This story is just a fan translation. Crd to the original owner.
62.6K 6.7K 37
Start date _ 15/3/2023 End date - I don't own this novel and cover art. Just a fan translation. All credit to original author & artist.