[Book-1]novelထဲဝင်သွားပြီးနော...

By thiriWoonie

640K 78.6K 1.4K

Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More

Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
3[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
7[Z&U]
8[Z&U]
9[Z&U]
10[Z&U]
11[Z&U]
12[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
37[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
61[U&Z]
62[U&Z]
63[U&Z]
64[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
74[U&Z]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
81[U&Z]
82[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
108[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
119[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
141[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
163[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️

49[U&Z]

4K 534 14
By thiriWoonie

[Unicode]

ကုမ္ပဏီသို့ နင်မုန့် ရောက်သွားတဲ့အခါ အစည်းအဝေးခန်းထဲရှိ အငြင်းအခုံပွဲကြီး တစ်ပွဲကို မြင်လိုက်ရ၏။

"လင်းချင်ပေ့လို စတားတစ်ယောက်ကို ဒီလိုကြေငြာမှာသုံးလိုက်ရင် သူ့ အလုပ်ကို ဖျက်စီးလိုက်တာနဲ့ ဘာမှမကွာဘူး! ကျွန်တော် သဘောမတူနိုင်ဘူး! မန်နေဂျာ အကိုချောင်က ဒေါသတကြီး ပြောလိုက်လေ၏။

သူ့ရှေ့မှာ ထိုင်နေတဲ့ လူအနည်းစုက ပူးပေါင်းသူအမြင့်ပိုင်းမှ လူတွေနဲ့ ချောင်ရွှယ်ဟွာသာ ဖြစ်လေသည်။ နင်ဝမ့်ထောင်ကလည်း ဒီမှာရှိမနေတဲ့အခါ ကိစ္စအားလုံးက အုတ်အော်သောင်းနင်း ဖြစ်ကုန်တာ ဖြစ်၏။

"သူ့အတွက် ငါတို့က သန်းနဲ့ချီပြီး သုံးထားခဲ့တာလေ! ဒီလိုကြေငြာလေးတောင် မရိုက်နိုင်ဘူးလား။ ဒါဆိုလည်း ငါ့ပြောလေ ဘာလဲ ကုမ္ပဏီအတွက် ငွေရှာနိုင်ချိန်မှလား" ချောင်ရွှယ်ဟွာ အေးစက်စက် ပြုံးရင်း ပြောလိုက်၏။

"အခုအခြေအနေအရ သူက နာမည်ကြီးနေတယ်ဆိုပေမယ့် ဘယ်အချိန်မှာ နာမည်ကျမလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူးလေ။ ရနေတဲ့အချိန်မှာ ဒီအခွင့်အရေးကို အသုံးချပြီး ရနိုင်သမျှ ပိုက်ဆံရှာထားရမှာပဲ!" ပူးပေါင်းသူအမြင့်ပိုင်းမှ လူတစ်ယောက်က ပြောလိုက်သည်။

"ကျွန်တော်က သူ့ကို ဆန့်ကျင်နေတာမဟုတ်ဘူး။ ဒီလိုမျိုး ကုန်ပစ္စည်းကိုပဲ ဆန့်ကျင်နေတာ!" မန်နေဂျာက ပြောလိုက်လေ၏။

"ဒီပစ္စည်းက ဘာဖြစ်နေလို့လဲ။ ပထမ အဆင့်ဝင် မင်းသမီးနဲ့တောင် အတူတူ‌ရိုက်ရဦးမှာလေ! သူမတောင်မှ ဒီကြေငြာနဲ့ပတ်သက်ပြီး အရှက်ရတယ်လို့ မခံစားရဘူး! ပြီးတော့ လင်းချင်ပေ့တောင် အဆင်ပြေတယ်လို့ သူကိုယ်တိုင် ပြောနေတာပဲ" ချောင်ရွှယ်ဟွာ ပြောလိုက်၏။

မန်နေဂျာကတော့ ဘာစကားမှ မပြောနိုင်တော့ပေ။

ထိုစကားတွေကို ကြားနေရသည့် နင်မုန့် ကိုယ်တိုင်ကလည်း စိတ်ညစ်ညူးလာလေ၏။ ချက်ချင်းဆိုသလို အခန်းတံခါးမခေါက်တော့ပဲ အစည်းအဝေးခန်းမထဲသို့ နင်မုန့် ဝင်သွားလိုက်သည်။ လူတိုင်းရဲ့ အာရုံစိုက်မှုက ချက်ချင်းပဲ သူမဆီသို့ ရောက်ရှိလို့လာလေ၏။

ကယ်တင်ရှင် နင်မုန့်ကို တွေ့လိုက်တဲ့အခါမှ မန်နေဂျာကိုယ်တိုင် စိတ်သက်သာရာ ရသွားလေသည်။ သူမ ပထမဆုံး လုပ်လိုက်တာက စားပွဲပေါ်ရှိ ထောက်ခံချက်စာရွက်စာတမ်းကို ကြည့်လိုက်တာ ဖြစ်လေ၏။ လင်းချင်ပေ့ကို ကမ်းလှမ်းထားတဲ့ ကုန်ပစ္စည်းမှာ မိန်းကလေး လစဉ်သုံးပစ္စည်း ဖြစ်နေလေသည်။

"..."

ဒီပစ္စည်းက အမျိုးသမီးအတွက် ရည်ရွယ်တာမို့ ထိပ်တန်းမင်းသမီးက အဆင်ပြေတာ ဖြစ်လေသည်။ လင်းချင်ပေ့ ပါရမယ်ဆိုတဲ့ အပိုင်းကတော့ လုံးဝကို အဓိပ္ပာယ်ရှိမနေပေ။

"ဒီတော့ ရှင်သဘောတူတယ်ပေါ့" နင်မုန့် မေးလိုက်သည်။

အစည်းအဝေးခန်းမထဲသို့ နင်မုန့် ‌လျှောက်လာသည့် ခနအတွင်းမှာပဲ လင်းချင်ပေ့က စိတ်လှုပ်ရှားစွာ မော့ကြည့်လာပြီး ခေါင်းညိမ့် တုံ့ပြန်ပြလေ၏။

"ရှင်က ဘာရာသီခွင်လဲ။ သခွာသီးလား ဝက်အူလှည့်လား"

"ဘာ"

"ရှင့်ကို ကျွန်မ ရိုက်ပေးရမလား ရစ်ပေးရမလား"

"....."

"အရင်က ကျွန်မပြောခဲ့တာကို ရှင်နားရော ထောင်ရဲ့လား။ ကျွန်မ ပြောခဲ့တာက ရှင်လုပ်စရာဆိုလို့ သီချင်းအပေါ် အာရုံစိုက်ရုံပဲလို့ တခြားအရာတွေ အကုန် ဘာမှဂရုစိုက်စရာ မလိုဘူး! ဒီလိုပစ္စည်းမျိုးအတွက် ရှင်က ဘယ်လိုလုပ်ပြီး ဟုတ်ကဲ့လို့ ပြောနိုင်ရတာလဲ။ ဒီကြေငြာက ရှင် ပိုပြီး နာမည်ကြီးလာတဲ့ တနေ့ကျရင် အိမ်မက်ဆိုးလို လိုက်ပြီး ‌ခြောက်လှန့်နေလိမ့်မယ်!" နင်မုန့် ပြောလိုက်သည်။

"ကုမ္ပဏီက ငါ့အတွက် အများကြီး ရင်းနှီးမြှုပ်နှံထားတာလို့ ဘော့စ်ချောင်က ပြောတယ်။ သူမ မေးလာတဲ့အရာကို မလုပ်ပေးလိုက်ရရင် ငါ မကောင်းဘူးလို့ ခံစားရလို့" လင်းချင်ပေ့ ပြန်ဖြေလိုက်သည်။

ချောင်ရွှယ်ဟွာက လင်းချင်ပေ့ကို ဖျက်စီးချင်နေတယ်ဆိုတာ နင်မုန့် သဘောပေါက်လိုက်၏။

"သူမ ပြောတာကို ရှင်တကယ်ယုံတယ်လား။ သူမက ကောင်းကင်ပေါ်က ဆိုတာရော ရှင် မသိဘူးလား"

"???"

နင်မုန့်ရဲ့ စာကြောင်းကြောင့် လူတိုင်းက ရှုပ်ထွေးလို့ သွားလေ၏။

"သူမက ကောင်းကင်ကနေ ပြုတ်ကျလာခဲ့တဲ့ ချီးထုပ်ကြီးလေ!"

"!!!"

"လင်းချင်ပေ့ ရှင်သူနဲ့ ဝေးနိုင်သမျှ ဝေးဝေးမှာ နေဖို့ ကျွန်မမှာချင်တယ်! ဒီအလုပ်ကို လက်မခံနဲ့! နားလည်ရဲ့လား!" စားပွဲကို ခေါက်ရင်း နင်မုန့် ပြောလိုက်သည်။

နင်မုန့်ရဲ့ မျက်နှာက လင်းချင်ပေ့ မျက်နှာနားသို့ အမှန်တကယ် နီးကပ်နေလေ၏။ သူ့ကို စကားပြောလိုက်တိုင်း သူမ မျက်ဝန်းတို့က ကျယ်ကျယ်သွားသည်။ အနည်းငယ် ကွေးနေတဲ့ သူမရဲ့ မျက်လုံး‌ထောင့်တွေက ဒေါသထွက်နေတဲ့ ပုံရိပ်ကို ပြနေသလို တချိန်တည်းမှာလဲ ဆွဲဆောင်မှုရှိလွန်းသည့် အရှိန်အဝါကို ထုတ်လွှင့်လို့နေသည်။ ထိုအရာက သူမကို ချစ်ဖို့ကောင်းစေသည်ဆိုတာ လင်းချင်ပေ့ သိလိုက်ရသည်။ သူ့မျက်နှာက တဖြေးဖြေးရဲလာတာမို့ လင်းချင်ပေ့ သူမနှင့် အကြည့်လွှဲလိုက်လေ၏။

"နားလည်ပါတယ်" လင်းချင်ပေ့ ပြောလိုက်သည်။

"မုန့်မုန့် နင် ဘာကိုဆိုလိုတာလဲ!" ချောင်ရွှယ်ဟွာ အော်လိုက်လေ၏။

"တကယ် အားနာလိုက်တာ။ အခုလေးတင် ကျွန်မက လူစကားပြောလိုက်တာဆိုတော့ ရှင် နားမလည်တာ မဆန်းပါဘူး" ခပ်မတ်မတ် ရပ်လိုက်ရင်း နင်မုန့် ထေ့ငေါ့ ပြုံးကာ ပြောလိုက်‌လ၏။

"!!!"

လင်ပါသမီးရဲ့ တနေ့တခြား အာသွက်လျှာသွက် ဖြစ်လာတဲ့ စွမ်းရည်ကို ချောင်ရွှယ်ဟွာ အံ့ဩလို့ နေလေပြီ။

"လင်းချင်ပေ့က အခုနာမည်ကြီးနေတယ်ဆိုပေမယ့် ဒီထပ်ပိုပြီး နာမည်ကြီးအောင် လုပ်နိုင်သေးတယ်လို့ ကျွန်မ ခံစားနေရတယ်! ကျွန်မ ရလာတဲ့ ကြေငြာကသာ သူ့အတွက် အကောင်းဆုံးပဲ! ဒီအလုပ်ကို လက်မခံဘူးဆိုရင်တောင် သူက ကျွန်မတို့ ကုမ္ပဏီအတွက် နေ့တိုင်း သီချင်းဆိုပေးနေမယ်လို့များ ထင်နေလား။ ဒီကလူတွေ အကုန်လုံးလည်း သဘောတူမှာ မဟုတ်ဘူးဆိုတာ ကျွန်မယုံကြည်တယ်!" ချောင်ရွှယ်ဟွာ ‌ဒေါသဖြင့် ပြောလိုက်လေ၏။

လူတိုင်းက သူတို့ခေါင်းတွေ ငြိမ့်လာကြသည်။ သူတို့ အကုန်လုံးအနေနဲ့ တတ်နိုင်သမျှ ကုမ္ပဏီအတွက် ပိုက်ဆံများများရအောင် ရှာချင်သည်လေ။

လူတိုင်းကို သူမဘက်သို့ ရောက်အောင် ချောင်ရွှယ်ဟွာ သွေးဆောင်ပြီးသည့်အခါမှာပဲ နင်မုန့်ရဲ့ အသံကို ထပ်ကြားလိုက်ရ၏။

"ဒီထပ်ကောင်းတဲ့ ကြေငြာမစ္စည်း မရှိဘူးလို့ ဘယ်သူပြောလဲ"

[ ၂၅ပိုင်းစီပါတဲ့ စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ ဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၂ [EP-40 to 64]၊ စာစဉ်၃ [EP-65 to 89၊ စာစဉ်၄ [EP-90 to 114]၊ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]တို့ပါ။ တခါတည်း ဖတ်ချင်သူများက cbမှာ လာဝယ်လို့ရပါပြီနော်🥰။]

--------------------------

[Zawgyi]

ကုမၸဏီသို႔ နင္မုန႔္ ေရာက္သြားတဲ့အခါ အစည္းအေဝးခန္းထဲရွိ အျငင္းအခုံပြဲႀကီး တစ္ပြဲကို ျမင္လိုက္ရ၏။

"လင္းခ်င္ေပ့လို စတားတစ္ေယာက္ကို ဒီလိုေၾကျငာမွာသုံးလိုက္ရင္ သူ႔ အလုပ္ကို ဖ်က္စီးလိုက္တာနဲ႔ ဘာမွမကြာဘူး! ကြၽန္ေတာ္ သေဘာမတူႏိုင္ဘူး! မန္ေနဂ်ာ အကိုေခ်ာင္က ေဒါသတႀကီး ေျပာလိုက္ေလ၏။

သူ႔ေရွ႕မွာ ထိုင္ေနတဲ့ လူအနည္းစုက ပူးေပါင္းသူအျမင့္ပိုင္းမွ လူေတြနဲ႔ ေခ်ာင္႐ႊယ္ဟြာသာ ျဖစ္ေလသည္။ နင္၀မ့္ေထာင္ကလည္း ဒီမွာရွိမေနတဲ့အခါ ကိစၥအားလုံးက အုတ္ေအာ္ေသာင္းနင္း ျဖစ္ကုန္တာ ျဖစ္၏။

"သူ႔အတြက္ ငါတို႔က သန္းနဲ႔ခ်ီၿပီး သုံးထားခဲ့တာေလ! ဒီလိုေၾကျငာေလးေတာင္ မ႐ိုက္ႏိုင္ဘူးလား။ ဒါဆိုလည္း ငါ့ေျပာေလ ဘာလဲ ကုမၸဏီအတြက္ ေငြရွာႏိုင္ခ်ိန္မွလား" ေခ်ာင္႐ႊယ္ဟြာ ေအးစက္စက္ ၿပဳံးရင္း ေျပာလိုက္၏။

"အခုအေျခအေနအရ သူက နာမည္ႀကီးေနတယ္ဆိုေပမယ့္ ဘယ္အခ်ိန္မွာ နာမည္က်မလဲဆိုတာေတာ့ ဘယ္သူမွ မသိႏိုင္ဘူးေလ။ ရေနတဲ့အခ်ိန္မွာ ဒီအခြင့္အေရးကို အသုံးခ်ၿပီး ရႏိုင္သမွ် ပိုက္ဆံရွာထားရမွာပဲ!" ပူးေပါင္းသူအျမင့္ပိုင္းမွ လူတစ္ေယာက္က ေျပာလိုက္သည္။

"ကြၽန္ေတာ္က သူ႔ကို ဆန႔္က်င္ေနတာမဟုတ္ဘူး။ ဒီလိုမ်ိဳး ကုန္ပစၥည္းကိုပဲ ဆန႔္က်င္ေနတာ!" မန္ေနဂ်ာက ေျပာလိုက္ေလ၏။

"ဒီပစၥည္းက ဘာျဖစ္ေနလို႔လဲ။ ပထမ အဆင့္၀င္ မင္းသမီးနဲ႔ေတာင္ အတူတူ‌႐ိုက္ရဦးမွာေလ! သူမေတာင္မွ ဒီေၾကျငာနဲ႔ပတ္သက္ၿပီး အရွက္ရတယ္လို႔ မခံစားရဘူး! ၿပီးေတာ့ လင္းခ်င္ေပ့ေတာင္ အဆင္ေျပတယ္လို႔ သူကိုယ္တိုင္ ေျပာေနတာပဲ" ေခ်ာင္႐ႊယ္ဟြာ ေျပာလိုက္၏။

မန္ေနဂ်ာကေတာ့ ဘာစကားမွ မေျပာႏိုင္ေတာ့ေပ။

ထိုစကားေတြကို ၾကားေနရသည့္ နင္မုန႔္ ကိုယ္တိုင္ကလည္း စိတ္ညစ္ညဴးလာေလ၏။ ခ်က္ခ်င္းဆိုသလို အခန္းတံခါးမေခါက္ေတာ့ပဲ အစည္းအေဝးခန္းမထဲသို႔ နင္မုန႔္ ၀င္သြားလိုက္သည္။ လူတိုင္းရဲ႕ အာ႐ုံစိုက္မႈက ခ်က္ခ်င္းပဲ သူမဆီသို႔ ေရာက္ရွိလို႔လာေလ၏။

ကယ္တင္ရွင္ နင္မုန႔္ကို ေတြ႕လိုက္တဲ့အခါမွ မန္ေနဂ်ာကိုယ္တိုင္ စိတ္သက္သာရာ ရသြားေလသည္။ သူမ ပထမဆုံး လုပ္လိုက္တာက စားပြဲေပၚရွိ ေထာက္ခံခ်က္စာ႐ြက္စာတမ္းကို ၾကည့္လိုက္တာ ျဖစ္ေလ၏။ လင္းခ်င္ေပ့ကို ကမ္းလွမ္းထားတဲ့ ကုန္ပစၥည္းမွာ မိန္းကေလး လစဥ္သုံးပစၥည္း ျဖစ္ေနေလသည္။

"..."

ဒီပစၥည္းက အမ်ိဳးသမီးအတြက္ ရည္႐ြယ္တာမို႔ ထိပ္တန္းမင္းသမီးက အဆင္ေျပတာ ျဖစ္ေလသည္။ လင္းခ်င္ေပ့ ပါရမယ္ဆိုတဲ့ အပိုင္းကေတာ့ လုံး၀ကို အဓိပၸာယ္ရွိမေနေပ။

"ဒီေတာ့ ရွင္သေဘာတူတယ္ေပါ့" နင္မုန႔္ ေမးလိုက္သည္။

အစည္းအေဝးခန္းမထဲသို႔ နင္မုန႔္ ‌ေလွ်ာက္လာသည့္ ခနအတြင္းမွာပဲ လင္းခ်င္ေပ့က စိတ္လႈပ္ရွားစြာ ေမာ့ၾကည့္လာၿပီး ေခါင္းညိမ့္ တုံ႔ျပန္ျပေလ၏။

"ရွင္က ဘာရာသီခြင္လဲ။ သခြာသီးလား ၀က္အူလွည့္လား"

"ဘာ"

"ရွင့္ကို ကြၽန္မ ႐ိုက္ေပးရမလား ရစ္ေပးရမလား"

"....."

"အရင္က ကြၽန္မေျပာခဲ့တာကို ရွင္နားေရာ ေထာင္ရဲ႕လား။ ကြၽန္မ ေျပာခဲ့တာက ရွင္လုပ္စရာဆိုလို႔ သီခ်င္းအေပၚ အာ႐ုံစိုက္႐ုံပဲလို႔ တျခားအရာေတြ အကုန္ ဘာမွဂ႐ုစိုက္စရာ မလိုဘူး! ဒီလိုပစၥည္းမ်ိဳးအတြက္ ရွင္က ဘယ္လိုလုပ္ၿပီး ဟုတ္ကဲ့လို႔ ေျပာႏိုင္ရတာလဲ။ ဒီေၾကျငာက ရွင္ ပိုၿပီး နာမည္ႀကီးလာတဲ့ တေန႔က်ရင္ အိမ္မက္ဆိုးလို လိုက္ၿပီး ‌ေျခာက္လွန႔္ေနလိမ့္မယ္!" နင္မုန႔္ ေျပာလိုက္သည္။

"ကုမၸဏီက ငါ့အတြက္ အမ်ားႀကီး ရင္းႏွီးျမႇဳပ္ႏွံထားတာလို႔ ေဘာ့စ္ေခ်ာင္က ေျပာတယ္။ သူမ ေမးလာတဲ့အရာကို မလုပ္ေပးလိုက္ရရင္ ငါ မေကာင္းဘူးလို႔ ခံစားရလို႔" လင္းခ်င္ေပ့ ျပန္ေျဖလိုက္သည္။

ေခ်ာင္႐ႊယ္ဟြာက လင္းခ်င္ေပ့ကို ဖ်က္စီးခ်င္ေနတယ္ဆိုတာ နင္မုန႔္ သေဘာေပါက္လိုက္၏။

"သူမ ေျပာတာကို ရွင္တကယ္ယုံတယ္လား။ သူမက ေကာင္းကင္ေပၚက ဆိုတာေရာ ရွင္ မသိဘူးလား"

"???"

နင္မုန႔္ရဲ႕ စာေၾကာင္းေၾကာင့္ လူတိုင္းက ရႈပ္ေထြးလို႔ သြားေလ၏။

"သူမက ေကာင္းကင္ကေန ျပဳတ္က်လာခဲ့တဲ့ ခ်ီးထုပ္ႀကီးေလ!"

"!!!"

"လင္းခ်င္ေပ့ ရွင္သူနဲ႔ ေဝးႏိုင္သမွ် ေဝးေဝးမွာ ေနဖို႔ ကြၽန္မမွာခ်င္တယ္! ဒီအလုပ္ကို လက္မခံနဲ႔! နားလည္ရဲ႕လား!" စားပြဲကို ေခါက္ရင္း နင္မုန႔္ ေျပာလိုက္သည္။

နင္မုန႔္ရဲ႕ မ်က္ႏွာက လင္းခ်င္ေပ့ မ်က္ႏွာနားသို႔ အမွန္တကယ္ နီးကပ္ေနေလ၏။ သူ႔ကို စကားေျပာလိုက္တိုင္း သူမ မ်က္၀န္းတို႔က က်ယ္က်ယ္သြားသည္။ အနည္းငယ္ ေကြးေနတဲ့ သူမရဲ႕ မ်က္လုံး‌ေထာင့္ေတြက ေဒါသထြက္ေနတဲ့ ပုံရိပ္ကို ျပေနသလို တခ်ိန္တည္းမွာလဲ ဆြဲေဆာင္မႈရွိလြန္းသည့္ အရွိန္အဝါကို ထုတ္လႊင့္လို႔ေနသည္။ ထိုအရာက သူမကို ခ်စ္ဖို႔ေကာင္းေစသည္ဆိုတာ လင္းခ်င္ေပ့ သိလိုက္ရသည္။ သူ႔မ်က္ႏွာက တေျဖးေျဖးရဲလာတာမို႔ လင္းခ်င္ေပ့ သူမႏွင့္ အၾကည့္လႊဲလိုက္ေလ၏။

"နားလည္ပါတယ္" လင္းခ်င္ေပ့ ေျပာလိုက္သည္။

"မုန႔္မုန႔္ နင္ ဘာကိုဆိုလိုတာလဲ!" ေခ်ာင္႐ႊယ္ဟြာ ေအာ္လိုက္ေလ၏။

"တကယ္ အားနာလိုက္တာ။ အခုေလးတင္ ကြၽန္မက လူစကားေျပာလိုက္တာဆိုေတာ့ ရွင္ နားမလည္တာ မဆန္းပါဘူး" ခပ္မတ္မတ္ ရပ္လိုက္ရင္း နင္မုန႔္ ေထ့ေငါ့ ၿပဳံးကာ ေျပာလိုက္‌လ၏။

"!!!"

လင္ပါသမီးရဲ႕ တေန႔တျခား အာသြက္လွ်ာသြက္ ျဖစ္လာတဲ့ စြမ္းရည္ကို ေခ်ာင္႐ႊယ္ဟြာ အံ့ဩလို႔ ေနေလၿပီ။

"လင္းခ်င္ေပ့က အခုနာမည္ႀကီးေနတယ္ဆိုေပမယ့္ ဒီထပ္ပိုၿပီး နာမည္ႀကီးေအာင္ လုပ္ႏိုင္ေသးတယ္လို႔ ကြၽန္မ ခံစားေနရတယ္! ကြၽန္မ ရလာတဲ့ ေၾကျငာကသာ သူ႔အတြက္ အေကာင္းဆုံးပဲ! ဒီအလုပ္ကို လက္မခံဘူးဆိုရင္ေတာင္ သူက ကြၽန္မတို႔ ကုမၸဏီအတြက္ ေန႔တိုင္း သီခ်င္းဆိုေပးေနမယ္လို႔မ်ား ထင္ေနလား။ ဒီကလူေတြ အကုန္လုံးလည္း သေဘာတူမွာ မဟုတ္ဘူးဆိုတာ ကြၽန္မယုံၾကည္တယ္!" ေခ်ာင္႐ႊယ္ဟြာ ‌ေဒါသျဖင့္ ေျပာလိုက္ေလ၏။

လူတိုင္းက သူတို႔ေခါင္းေတြ ၿငိမ့္လာၾကသည္။ သူတို႔ အကုန္လုံးအေနနဲ႔ တတ္ႏိုင္သမွ် ကုမၸဏီအတြက္ ပိုက္ဆံမ်ားမ်ားရေအာင္ ရွာခ်င္သည္ေလ။

လူတိုင္းကို သူမဘက္သို႔ ေရာက္ေအာင္ ေခ်ာင္႐ႊယ္ဟြာ ေသြးေဆာင္ၿပီးသည့္အခါမွာပဲ နင္မုန႔္ရဲ႕ အသံကို ထပ္ၾကားလိုက္ရ၏။

"ဒီထပ္ေကာင္းတဲ့ ေၾကျငာမစၥည္း မရွ္ိဘူးလို႔ ဘယ္သူေျပာလဲ"

[ ၂၅ပိုင္းစီပါတဲ့ စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ ၀ယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၂ [EP-40 to 64]၊ စာစဥ္၃ [EP-65 to 89၊ စာစဥ္၄ [EP-90 to 114]၊ စာစဥ္၅ [EP-115 to 139]၊ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]တို႔ပါ။ တခါတည္း ဖတ္ခ်င္သူမ်ားက cbမွာ လာဝယ္လို႔ရပါၿပီေနာ္🥰။]

Continue Reading

You'll Also Like

43.6K 7.6K 110
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
268K 25.6K 76
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
3.6M 361K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
716K 100K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~