[Unicode]
ခြောက်နှစ်စာချုပ်ကို ဟော်ပေ့ချန် မေ့လုနီးပါး ဖြစ်နေတာ ဖြစ်သည်။ လွန်ခဲ့တဲ့ ခြောက်နှစ်က သူဘာလို့ အဲ့စာချုပ်မှာ လက်မှတ်ထိုးခဲ့တာလဲဆိုတော့.....
အကြောင်းပြချက်ကို သူထပ် မတွေးရဲတော့။ အရင်တုန်းက ဖြစ်ခဲ့တဲ့ အရာတွေက အခုချိန် သူ့အတွက် ပြဿနာ မရှိတော့ပေ။ နင်မုန့် နဲ့ နင်ဝမ့်ထောင်ရဲ့ စကားတွေကို နားထောင်ရင်း သူ့လက်က လေထဲမှာတင် ရပ်တံ့လို့ နေ၏။
အခန်းထဲတွင် ဖြစ်သည်။
နင်မုန့် စကားတို့ ပျောက်ရှသွားသည်။ ဟော်ပေ့ချန်က အမှန်တကယ်ကို ကြောက်ဖို့ကောင်းတာလည်း အမှန်တရားပင် ဖြစ်သည်။ အခုချိန်ထိ သူက ဘာလို့ သူမကို လက်ထပ်ခဲ့တာလဲဆိုသည့် အကြောင်းပြချက်ကိုလည်း မသိနိုင်သေးပေ။ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုခုတော့ ရှိရမည်ပေ ။ တခုသေချာတာကတော့ နင်မုန့်အနေနဲ့ ဟော်ပေ့ချန်ကို ကွာရှင်းချင်မှာ မဟုတ်ပေ ဒါ့အပြင် သူဆိုတာက တကယ်ကို အင်အားအာဏာရှိတဲ့ လူတစ်ယောက်ပေလေ။ ဟော်ပေ့ချန်ရဲ့ ဖိနပ်ကိုလျက်(ချီးမြှောက်ဂုဏ်ဖော်)နေသ၍ သူမ လိုချင်တာ အရာအားလုံး ရနိုင်နေမှာ ဖြစ်သည်မို့ပင်။
"မကွာရှင်းပါဘူး!" နင်မုန့် ပြောလိုက်သည်။
ထိုသို့ကြားလိုက်တဲ့အခါ ဟော်ပေ့ချန် စိတ်သက်သာရာရသွားလေ၏။
"ဘာလို့လဲ? ဟော်ပေ့ချန်က စိတ်ငြိမ်တာ မဟုတ်ဘူး။ ရိုင်းစိုင်းပြီး အကြင်နာတရားလည်း ကင်းမဲ့တယ်! သူ့ကောင်းတဲ့နေရာဆိုလို့ တစ်ခုတောင် အဖေ့အနေနဲ့ ရှာမတွေ့ဘူး!" ကြောက်ရွံချောက်ခြားစွာဖြင့် နင်ဝမ့်ထောင် ပြောလိုက်၏။
"အင်း...သမီးတော့ အဲ့လို မထင်ပါဘူး။ အနည်းဆုံးတော့ သူက အရမ်းခန့်ညားပြီးချောတယ်လေ"
"...."
နင်ဝမ့်ထောင်ကတော့ ဘာစကားမှ မပြောနိုင်တော့ပေ။ ဟော်ပေ့ချန်ကို အခုလို ချီးမွမ်းကြတဲ့ လူက နည်းတာမဟုတ်တာမို့ နင်မုန့်ရဲ့ ချီးမွမ်းနေသည့် မျက်နှာကိုပါ ပုံဖော်လို့ ရနေနိုင်သည်။ ထိုချိုမြိန်သော စကားတွေနဲ့တင် ဟော်ပေ့ချန်ရဲ့ ရိုင်းစိုင်းကြမ်းတမ်းမှုတွေက အလုံးစုံ ကွယ်ပျောက်သွားသည့်နှယ် ဖြစ်သွားလေ၏။
"သူ့ချောတော့ရော ဘာဖြစ်လဲ။ အဲ့ရုပ်ချောတာက သမီးကို ထမင်းကျွေးလို့လား"
"ဘာပဲဖြစ်ဖြစ် သမီး သူ့ကို မကွာရှင်းဘူး။ သူက သမီးအပေါ် ကောင်းပါတယ်။ စိတ်မပူပါနဲ့"
"အဲ့ကောင်းတယ်ဆိုတာရဲ့ အဓိပ္ပာယ်လေး အဖေ့ကို ရှင်းပြစမ်းပါဦး"
"အနာဂတ်မှာ သမီးအပေါ်ကောင်းကောင်း ဆက်ဆံပါ့မယ်လို့ သူကြိမ်တယ်... ဒီနေ့ကစပြီး သမီးတစ်ယောက်တည်းပဲ ရှိပါ့မယ်လို့ သူပြောတယ်။ သူဘယ်တော့မှ မလိမ်ဘူးလို့တောင် ပြောသေးတယ်။ သူ့ပါးစပ်က အမှန်တရားကိုပဲ ထွက်ပါ့မယ်တဲ့။ သူက သမီးကို အနိုင်လည်းမကျင့် ဆူလည်းဆူမှာ မဟုတ်တဲ့အပြင် သမီးအနိုင်ကျင့်ခံရရင်တောင် ကာကွယ်ပေးမယ်တဲ့! သမီး ပျော်နေတဲ့ အချိန်ဆို သူလည်းပျော်ပြီး သမီးဝမ်းနည်းတဲ့အချိန်ဆို သမီးပျော်အောင် သူက နည်းလမ်းရှာပေးဦးမှာ။ ပြီးတော့ သမီးက သူတွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ အလှဆုံးလို့တောင် သူပြောသေးတာ...သူ့ အိမ်မက်ထဲက အမျိုးသမီးကလည်း သမီးပဲတဲ့!"
"...."
နင်ဝမ့်ထောင်ကတော့ အလုံးစုံ ကြောင်အမ်းသွားရလေပြီ။
"???"
တခြားတဖက်မှ ဟော်ပေ့ချန်လည်း ရှုပ်ထွေးသွားလေသည်။
"ဒါတွေ သူပြောခဲ့တာလား။ ယုံတောင် မယုံနိုင်ဘူး။ ထားလိုက်ပါ သမီးမှာ ကွာရှင်းဖို့ စာရွက်ရှိ..." နင်ဝမ့်ထောင် ပြောလိုက်သည်။
စာကြောင်းတောင် ဆုံးအောင် မပြောလိုက်နိုင်ခင်မှာ တံခါးပွင့်လာလေ၏။ အခန်းထဲသို့ ဝင်လာသည့် ဟော်ပေ့ချန်ကို မြင်လိုက်ရတဲ့အခါ နင်ဝမ့်ထောင် ချက်ချင်းပဲ မတ်တပ်ရပ်မိသား ဖြစ်သွား၏။
"ငါ့သားမက်လေးက အရမ်း နားလည်တတ်တဲ့လူပဲ။ သူက အလုပ်များတဲ့လူဆိုတော့ သူ့အတွက် သေချာလေး ဂရုစိုက်ပေးလိုက်" သမီးဖြစ်သူကို ညွှန်ကြားလိုက်သည်။
ပြီးနောက်မှာတော့ နင်ဝမ့်ထောင်က သူ့ဝတ်စုံကို ပြန်ပြင်လိုက်ပြီးနောက် ဖုန်းထုတ်ကာ နားနားကပ်လိုက်ပြီး
"ဘာ? အိုကေ အိုကေ ငါသိပြီ။ အခုပဲပြန်လာခဲ့မယ်! ငါ့သားမက်လေးနဲ့ မုန့်မုန့် အိမ်မှာ လုပ်စရာကိစ္စလေးပေါ်လာလို့ အဖေသွားတော့မယ်နော်။ သူတို့ တကယ် အဖေ့ကို လိုအပ်နေတာ။ ကြည့်ရတာ အဖေ့ရဲ့ တည်ရှိမှုက သူတို့အတွက် အရမ်းအရေးကြီးနေတဲ့ပုံပဲ..."
ဖုန်းကို ပြောင်းပြန်ကိုင်ထားသည့် နင့်ဝမ့်ထောင်ကို ကြည့်လိုက်ရင်း နင်မုန့် ပါးစပ်တို့ လှုပ်ရှားသွား၏။ သူမက ထူးဆန်းတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ကြည့်ရတာ သူမရဲ့ အဖေက ပိုပြီး ထူးဆန်းတဲ့ပုံပေါ်နေတယ်။
အခုတော့ သူမနဲ့ ဟော်ပေ့ချန်သာ အခန်းထဲ ကျန်ခဲ့တော့သည်။
"ယောက်ျား ဘာဖြစ်လို့လဲ"
ဟော်ပေ့ချန်ကတော့ စကားတစ်ခွန်းတောင် မပြောလာပေ။ သူလုပ်လိုက်တာက သူမကို စိုက်ကြည့်ပြီးနောက် ဗန်းကိုယူပြီး အခန်းထဲက ထွက်သွားရုံဖြစ်လေ၏။ ခြေလှမ်း အနည်းငယ်လောက် လှမ်းပြီးနောက်မှာ ဟော်ပေ့ချန် ရပ်လိုက်သည်။
"အခန်းထဲမှာ ထပ်ပြီး လှောင်ပိတ်နေစရာ မလိုတော့ဘူး" ဟော်ပေ့ချန် ပြောလိုက်လေ၏။
.....
သူမ ထပ်ပြီး အပိတ်မခံရတော့သော်ငြား နင်မုန့် အိမ်မှာပဲ ရက်အနည်းငယ်လောက် ဆက်နေလိုက်သည်။ သာမန်အားဖြင့် ဟော်ပေ့ချန်က စောစော အိမ်ထဲမှ ထွက်ပြီး နောက်ကျမှ အိမ်ပြန်လာတတ်သည်။ တခြားစကားဖြင့် ပြောရပါက တစ်အိမ်ထဲမှာ နေနေတဲ့ သူတို့နှစ်ယောက်အနေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက် မြင်ရဖို့ ရှားလေသည်။ ထို့ကြောင့်လည်း သူမအနေနဲ့ အေးချမ်းစရာ အချိန်တွေ ပိုင်ဆိုင်လို့နေသည်။
အိမ်ထဲမှာလည်း ဘာမှ လုပ်စရာမရှိတာမို့ ဘဝဖူးပွင့်ချိန်ရဲ့ ဒုတိယတွဲကို ဆက်ဆွဲရန် နင်မုန့် ဆုံးဖြတ်လိုက်သည်။
သူမ ပန်းချီဆွဲနေချိန်မှာပဲ ဖုန်းကမြည်လာလေ၏။
"မိန်းကလေး နင်မုန့် ကုမ္ပဏီမှာ တစ်ခုခုဖြစ်နေပြီ!"
[ ၂၅ပိုင်းစီပါတဲ့ စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ ဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၂ [EP-40 to 64]၊ စာစဉ်၃ [EP-65 to 89၊ စာစဉ်၄ [EP-90 to 114]၊ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]တို့ပါ။ တခါတည်း ဖတ်ချင်သူများက cbမှာ လာဝယ်လို့ရပါပြီနော်🥰။]
---------------------------
[Zawgyi]
ေျခာက္ႏွစ္စာခ်ဳပ္ကို ေဟာ္ေပ့ခ်န္ ေမ့လုနီးပါး ျဖစ္ေနတာ ျဖစ္သည္။ လြန္ခဲ့တဲ့ ေျခာက္ႏွစ္က သူဘာလို႔ အဲ့စာခ်ဳပ္မွာ လက္မွတ္ထိုးခဲ့တာလဲဆိုေတာ့.....
အေၾကာင္းျပခ်က္ကို သူထပ္ မေတြးရဲေတာ့။ အရင္တုန္းက ျဖစ္ခဲ့တဲ့ အရာေတြက အခုခ်ိန္ သူ႔အတြက္ ျပႆနာ မရွိေတာ့ေပ။ နင္မုန႔္ နဲ႔ နင္ဝမ့္ေထာင္ရဲ႕ စကားေတြကို နားေထာင္ရင္း သူ႔လက္က ေလထဲမွာတင္ ရပ္တံ့လို႔ ေန၏။
အခန္းထဲတြင္ ျဖစ္သည္။
နင္မုန႔္ စကားတို႔ ေပ်ာက္ရွသြားသည္။ ေဟာ္ေပ့ခ်န္က အမွန္တကယ္ကို ေၾကာက္ဖို႔ေကာင္းတာလည္း အမွန္တရားပင္ ျဖစ္သည္။ အခုခ်ိန္ထိ သူက ဘာလို႔ သူမကို လက္ထပ္ခဲ့တာလဲဆိုသည့္ အေၾကာင္းျပခ်က္ကိုလည္း မသိႏိုင္ေသးေပ။ ေနာက္ကြယ္မွာ ဖုံးကြယ္ထားတဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခုခုေတာ့ ရွိရမည္ေပ ။ တခုေသခ်ာတာကေတာ့ နင္မုန႔္အေနနဲ႔ ေဟာ္ေပ့ခ်န္ကို ကြာရွင္းခ်င္မွာ မဟုတ္ေပ ဒါ့အျပင္ သူဆိုတာက တကယ္ကို အင္အားအာဏာရွိတဲ့ လူတစ္ေယာက္ေပေလ။ ေဟာ္ေပ့ခ်န္ရဲ႕ ဖိနပ္ကိုလ်က္(ခ်ီးေျမႇာက္ဂုဏ္ေဖာ္)ေနသ၍ သူမ လိုခ်င္တာ အရာအားလုံး ရႏိုင္ေနမွာ ျဖစ္သည္မို႔ပင္။
"မကြာရွင္းပါဘူး!" နင္မုန႔္ ေျပာလိုက္သည္။
ထိုသို႔ၾကားလိုက္တဲ့အခါ ေဟာ္ေပ့ခ်န္ စိတ္သက္သာရာရသြားေလ၏။
"ဘာလို႔လဲ? ေဟာ္ေပ့ခ်န္က စိတ္ၿငိမ္တာ မဟုတ္ဘူး။ ႐ိုင္းစိုင္းၿပီး အၾကင္နာတရားလည္း ကင္းမဲ့တယ္! သူ႔ေကာင္းတဲ့ေနရာဆိုလို႔ တစ္ခုေတာင္ အေဖ့အေနနဲ႔ ရွာမေတြ႕ဘူး!" ေၾကာက္႐ြံေခ်ာက္ျခားစြာျဖင့္ နင္ဝမ့္ေထာင္ ေျပာလိုက္၏။
"အင္း...သမီးေတာ့ အဲ့လို မထင္ပါဘူး။ အနည္းဆုံးေတာ့ သူက အရမ္းခန႔္ညားၿပီးေခ်ာတယ္ေလ"
"...."
နင္ဝမ့္ေထာင္ကေတာ့ ဘာစကားမွ မေျပာႏိုင္ေတာ့ေပ။ ေဟာ္ေပ့ခ်န္ကို အခုလို ခ်ီးမြမ္းၾကတဲ့ လူက နည္းတာမဟုတ္တာမို႔ နင္မုန႔္ရဲ႕ ခ်ီးမြမ္းေနသည့္ မ်က္ႏွာကိုပါ ပုံေဖာ္လို႔ ရေနႏိုင္သည္။ ထိုခ်ိဳၿမိန္ေသာ စကားေတြနဲ႔တင္ ေဟာ္ေပ့ခ်န္ရဲ႕ ႐ိုင္းစိုင္းၾကမ္းတမ္းမႈေတြက အလုံးစုံ ကြယ္ေပ်ာက္သြားသည့္ႏွယ္ ျဖစ္သြားေလ၏။
"သူ႔ေခ်ာေတာ့ေရာ ဘာျဖစ္လဲ။ အဲ့႐ုပ္ေခ်ာတာက သမီးကို ထမင္းေကြၽးလို႔လား"
"ဘာပဲျဖစ္ျဖစ္ သမီး သူ႔ကို မကြာရွင္းဘူး။ သူက သမီးအေပၚ ေကာင္းပါတယ္။ စိတ္မပူပါနဲ႔"
"အဲ့ေကာင္းတယ္ဆိုတာရဲ႕ အဓိပၸာယ္ေလး အေဖ့ကို ရွင္းျပစမ္းပါဦး"
"အနာဂတ္မွာ သမီးအေပၚေကာင္းေကာင္း ဆက္ဆံပါ့မယ္လို႔ သူႀကိမ္တယ္... ဒီေန႔ကစၿပီး သမီးတစ္ေယာက္တည္းပဲ ရွိပါ့မယ္လို႔ သူေျပာတယ္။ သူဘယ္ေတာ့မွ မလိမ္ဘူးလို႔ေတာင္ ေျပာေသးတယ္။ သူ႔ပါးစပ္က အမွန္တရားကိုပဲ ထြက္ပါ့မယ္တဲ့။ သူက သမီးကို အႏိုင္လည္းမက်င့္ ဆူလည္းဆူမွာ မဟုတ္တဲ့အျပင္ သမီးအႏိုင္က်င့္ခံရရင္ေတာင္ ကာကြယ္ေပးမယ္တဲ့! သမီး ေပ်ာ္ေနတဲ့ အခ်ိန္ဆို သူလည္းေပ်ာ္ၿပီး သမီးဝမ္းနည္းတဲ့အခ်ိန္ဆို သမီးေပ်ာ္ေအာင္ သူက နည္းလမ္းရွာေပးဦးမွာ။ ၿပီးေတာ့ သမီးက သူေတြ႕ဖူးသမွ် မိန္းကေလးေတြထဲမွာ အလွဆုံးလို႔ေတာင္ သူေျပာေသးတာ...သူ႔ အိမ္မက္ထဲက အမ်ိဳးသမီးကလည္း သမီးပဲတဲ့!"
"...."
နင္ဝမ့္ေထာင္ကေတာ့ အလုံးစုံ ေၾကာင္အမ္းသြားရေလၿပီ။
"???"
တျခားတဖက္မွ ေဟာ္ေပ့ခ်န္လည္း ရႈပ္ေထြးသြားေလသည္။
"ဒါေတြ သူေျပာခဲ့တာလား။ ယုံေတာင္ မယုံႏိုင္ဘူး။ ထားလိုက္ပါ သမီးမွာ ကြာရွင္းဖို႔ စာ႐ြက္ရွိ..." နင္ဝမ့္ေထာင္ ေျပာလိုက္သည္။
စာေၾကာင္းေတာင္ ဆုံးေအာင္ မေျပာလိုက္ႏိုင္ခင္မွာ တံခါးပြင့္လာေလ၏။ အခန္းထဲသို႔ ဝင္လာသည့္ ေဟာ္ေပ့ခ်န္ကို ျမင္လိုက္ရတဲ့အခါ နင္ဝမ့္ေထာင္ ခ်က္ခ်င္းပဲ မတ္တပ္ရပ္မိသား ျဖစ္သြား၏။
"ငါ့သားမက္ေလးက အရမ္း နားလည္တတ္တဲ့လူပဲ။ သူက အလုပ္မ်ားတဲ့လူဆိုေတာ့ သူ႔အတြက္ ေသခ်ာေလး ဂ႐ုစိုက္ေပးလိုက္" သမီးျဖစ္သူကို ၫႊန္ၾကားလိုက္သည္။
ၿပီးေနာက္မွာေတာ့ နင္ဝမ့္ေထာင္က သူ႔ဝတ္စုံကို ျပန္ျပင္လိုက္ၿပီးေနာက္ ဖုန္းထုတ္ကာ နားနားကပ္လိုက္ၿပီး
"ဘာ? အိုေက အိုေက ငါသိၿပီ။ အခုပဲျပန္လာခဲ့မယ္! ငါ့သားမက္ေလးနဲ႔ မုန႔္မုန႔္ အိမ္မွာ လုပ္စရာကိစၥေလးေပၚလာလို႔ အေဖသြားေတာ့မယ္ေနာ္။ သူတို႔ တကယ္ အေဖ့ကို လိုအပ္ေနတာ။ ၾကည့္ရတာ အေဖ့ရဲ႕ တည္ရွိမႈက သူတို႔အတြက္ အရမ္းအေရးႀကီးေနတဲ့ပုံပဲ..."
ဖုန္းကို ေျပာင္းျပန္ကိုင္ထားသည့္ နင့္ဝမ့္ေထာင္ကို ၾကည့္လိုက္ရင္း နင္မုန႔္ ပါးစပ္တို႔ လႈပ္ရွားသြား၏။ သူမက ထူးဆန္းတယ္ဆိုတာ လက္ခံပါတယ္။ ဒါေပမယ့္ ၾကည့္ရတာ သူမရဲ႕ အေဖက ပိုၿပီး ထူးဆန္းတဲ့ပုံေပၚေနတယ္။
အခုေတာ့ သူမနဲ႔ ေဟာ္ေပ့ခ်န္သာ အခန္းထဲ က်န္ခဲ့ေတာ့သည္။
"ေယာက္်ား ဘာျဖစ္လို႔လဲ"
ေဟာ္ေပ့ခ်န္ကေတာ့ စကားတစ္ခြန္းေတာင္ မေျပာလာေပ။ သူလုပ္လိုက္တာက သူမကို စိုက္ၾကည့္ၿပီးေနာက္ ဗန္းကိုယူၿပီး အခန္းထဲက ထြက္သြား႐ုံျဖစ္ေလ၏။ ေျခလွမ္း အနည္းငယ္ေလာက္ လွမ္းၿပီးေနာက္မွာ ေဟာ္ေပ့ခ်န္ ရပ္လိုက္သည္။
"အခန္းထဲမွာ ထပ္ၿပီး ေလွာင္ပိတ္ေနစရာ မလိုေတာ့ဘူး" ေဟာ္ေပ့ခ်န္ ေျပာလိုက္ေလ၏။
.....
သူမ ထပ္ၿပီး အပိတ္မခံရေတာ့ေသာ္ျငား နင္မုန႔္ အိမ္မွာပဲ ရက္အနည္းငယ္ေလာက္ ဆက္ေနလိုက္သည္။ သာမန္အားျဖင့္ ေဟာ္ေပ့ခ်န္က ေစာေစာ အိမ္ထဲမွ ထြက္ၿပီး ေနာက္က်မွ အိမ္ျပန္လာတတ္သည္။ တျခားစကားျဖင့္ ေျပာရပါက တစ္အိမ္ထဲမွာ ေနေနတဲ့ သူတို႔ႏွစ္ေယာက္အေနနဲ႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ျမင္ရဖို႔ ရွားေလသည္။ ထို႔ေၾကာင့္လည္း သူမအေနနဲ႔ ေအးခ်မ္းစရာ အခ်ိန္ေတြ ပိုင္ဆိုင္လို႔ေနသည္။
အိမ္ထဲမွာလည္း ဘာမွ လုပ္စရာမရွိတာမို႔ ဘဝဖူးပြင့္ခ်ိန္ရဲ႕ ဒုတိယတြဲကို ဆက္ဆြဲရန္ နင္မုန႔္ ဆုံးျဖတ္လိုက္သည္။
သူမ ပန္းခ်ီဆြဲေနခ်ိန္မွာပဲ ဖုန္းကျမည္လာေလ၏။
"မိန္းကေလး နင္မုန႔္ ကုမၸဏီမွာ တစ္ခုခုျဖစ္ေနၿပီ!"
[ ၂၅ပိုင္းစီပါတဲ့ စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ ဝယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၂ [EP-40 to 64]၊ စာစဥ္၃ [EP-65 to 89၊ စာစဥ္၄ [EP-90 to 114]၊ စာစဥ္၅ [EP-115 to 139]၊ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]တို႔ပါ။ တခါတည္း ဖတ္ခ်င္သူမ်ားက cbမွာ လာဝယ္လို႔ရပါၿပီေနာ္🥰။]