Zawgyi
အပိုင္း (၂၉၃) – အႏၱရာယ္မ်ားေသာ ေရာင္ဝါ
"ဆရာ စီနီယာအစ္ကို ဘာလို႔ကၽြန္ေတာ့္ကို အဲလိုၾကည့္ေနရတာလဲ" သူမသည္ သူတို႔အား ၾကည့္ကာ မူးေဝေသာေၾကာင့္ သူမ ေခါင္းအားပြတ္ေနေလသည္။
"အခု မင္းဘာျမင္လိုက္တာလဲ" အဘိုးနတ္ဆိုး ေျပာလိုက္သည္။
"အရိုးေခါင္းနဲ႔ မိန္းမလွေလးတစ္ေယာက္ကို ေတြ႕လိုက္တယ္" ရွီမာယူယူ ေျပာလိုက္သည္ "ေၾသာ္ ဟုတ္သားပဲ အခု ကၽြန္ေတာ္ အရမ္းထူးဆန္းတဲ့ေနရာ ေရာက္သြားတယ္ ဆရာတို႔ႏွစ္ေယာက္ ျမင္လုိက္လား"
"မင္း အရိုးေခါင္းနဲ႔ မိန္းမလွေလးကို ျမင္လုိက္တယ္ဟုတ္လား" သူတုိ႔ႏွစ္ေယာက္သည္ သူမျမင္လိုက္သည္ကို ၾကားေသာအခါ ေၾကာက္ရြံ႕မႈေၾကာင့္ ျဖဴေဖ်ာ့သြားေလသည္။
"ဟုတ္တယ္ ၾကည့္ ျမင့္ျမတ္တဲ့ေလာကက အရိုးေခါင္းနဲ႔ မိန္းမလွေလး" သူမသည္ သူမ လက္မအား ညႊန္ျပလို္က္သည္။ သို႔ေသာ္ သူမ လက္မအတုိင္းပင္ သူတို႔သည္ ေသးသြားသည္ကို သတိထားမိလိုက္သည္။ "ဒါ က်ံဳ႕သြားတာပဲ"
"ဒါဆို မင္းကို အသိအမွတ္ျပဳလုိက္တဲ့သေဘာပဲ" အဘိုးနတ္ဆိုးရွင္းျပသည္။
"ဒါဆို အခုဘာျဖစ္သြားလဲ" သူဆိုလုိသည္ကို ရွီမာယူယူ သတိထားမိသည္၊ သူမသည္ လက္ရွိလက္စြပ္အား ၾကည့္ျပီး ေျပာလိုက္သည္ "ဒီလက္စြပ္က တျခားလက္စြပ္ေတြနဲ႔ မတူဘူးလို႔ ဘာလို႔ခံစားမိတာလဲ"
"အဲလိုပဲျဖစ္ရမွာေပါ့ အဲဒါ အံ့ဖြယ္နတ္ဆိုးေတာင္ၾကားရဲ႕ ဆက္ခံသူလက္စြပ္ပဲ" ဝူလင္းယူ ေျပာလုိက္သည္။
အစပိုင္းတြင္ ထိုလက္စြပ္သည္ သူ႔အားေရြးခ်ယ္ခဲ့ေသာ္လည္း သူသည္ အဘိုးနတ္ဆိုး၏ အသိအမွတ္ျပဳျခင္းကို ပယ္ဖ်က္ကာ လက္စြပ္အား ခၽြတ္ရန္ ေရြးခ်ယ္ခဲ့သည္။
အရင္က သူ႔ကို အသိအမွတ္ျပဳခဲ့ေသာေၾကာင့္ ရွီမာယူယူ အသိအမွတ္ျပဳခံရသည္ကို အလြန္မအံ့ၾသေတာ့ေပ။
ခုဏကပင္ ထိုေနရာသည္ ေသြးနံ႔မ်ား ျပည့္ႏွက္ေနခဲ့သည္။ အဘိုးနတ္ဆိုးသည္ ထိုအနံ႔ေပ်ာက္ေအာင္ မျပဳလုပ္ခဲ့ပါက မိစာၦတစ္ေသာင္းေတာင္တြင္ ရုတ္ရုတ္သဲသဲျဖစ္ေနမည္ျဖစ္သည္။
"ဆက္ခံသူ လက္စြပ္...." ရွီမာယူယူသည္ အဘိုးနတ္ဆိုးအား တိတ္တဆိတ္ စိုက္ၾကည့္ေနသည္။
"ဆရာ လက္စြပ္မ်ား မွားထုတ္လုိ္က္တာလား"
"မင္းက ငါ့ကို ေရွးအဘိုးၾကီးလို႔ထင္ေနတာလား" အဘိုးနတ္ဆိုးသည္ သူမအားစုိက္ၾကည့္လိုက္သည္။
"ဆရာက ကၽြန္ေတာ့္ကို အံ့ဖြယ္နတ္ဆိုးေတာင္ၾကားရဲ႕ ဆက္ခံသူျဖစ္ေစခ်င္တာလား" ရွီမာယူယူသည္ အဘိုးနတ္ဆိုးအား အံ့အားသင့္စြာၾကည့္ေလသည္။
"ဒါေပါ့" အဘိုးနတ္ဆိုးေျပာလုိက္သည္ "ဘာမေက်နပ္စရာရွိလဲ"
"အဲလိုေတာ့မဟုတ္ပါဘူး" ရွီမာယူယူ မေပ်ာ္ရႊင္စြာ ေျပာေသလည္ "ကၽြန္ေတာ္ ျပန္ေပးလို႔မရဘူးလား"
"မင္းက ငါ့ဆက္ခံသူမျဖစ္ခ်င္ဘူးလား"
"ဟုတ္ မျဖစ္ခ်င္ဘူး" သူမသည္ တည့္တိုးပင္ ေျဖလိုက္သည္။
"ဘာလို႔လဲ" အဘိိုးနတ္ဆိုး မ်က္ႏွာမည္းသြားသည္။ ဝူလင္းယူသည္ သူ႔ဆက္ခံသူမလုပ္ခ်င္ရင္ေတာင္ ထားေတာ့ အခု သူမသည္လည္း ဆက္ခံသူမလုပ္ခ်င္ေပ။ သတင္းသာ ပ်ံ႕သြားပါက သူေတာ့ ေလွာင္စရာျဖစ္ေတာ့မည္။
"ကၽြန္ေတာ္ ဒီအတိုင္းပဲ မၾကိဳက္တာ" ရွီမာယူယူ ေျပာလိုက္သည္။
"ဟားဟား" ဝူလင္းယူ ရယ္ကြဲေတာ့သည္။ သူ႔အေၾကာင္းျပခ်က္မွာလည္း သူမအတုိင္းပင္...ဒါေၾကာင့္ပဲ သူကို ၾကိဳက္တာပဲမလား။
ႏွစ္ေပါင္းမ်ားစြာၾကာမွပင္ သူ သူမကို ၾကိဳက္သည္မွာ ေသခ်ာသြားသည္ကို သိလိုက္ရသည္။ သူ႔ခံစားခ်က္အတုိင္း လုိက္သည္ႏွင့္ သူတို႔ဆီမွမေရွာင္ရွားရန္ ဆံုးျဖတ္ထားသည္။ သုိ႔ေသာ္ သူမအား သူ႔အပိုင္ျဖစ္ရန္ ၾကိဳးစားရမည္။
"မင္းမၾကိဳက္ဘူးဆိုေတာ့ ေရြးစရာမရွိဘူးေပါ့" အဘိုးနတ္ဆိုးေျပာလိုက္သည္ "အခု ေသြးလက္စြပ္က မင္းကို အသိအမွတ္ျပဳတယ္ ျပီးေတာ့ အဆင့္အျမင့္ဆံုးေတြေတာင္မွ မင္းကိုအသိအမွတ္ျပဳတယ္၊ မင္း ၾကိဳက္ၾကိဳက္ မၾကိဳက္ၾကိဳက္ ဆက္ခံသူျဖစ္မွာပဲ မင္းအစ္ကိုရဲ႕ ေျခရာနင္းရဲတယ္ဆိုရင္ေတာ့ မင္းေျခေထာက္ကို ခ်ိဳးပစ္မယ္"
"အစ္ကိုလည္း အသိအမွတ္ျပဳခံရတာလား၊ ဒါဆိုသူ႔က် ျငင္းလုိ႔ရျပီး ကၽြန္ေတာ္က ဘာလို႔မရတာလဲ" ရွီမာယူူယူ စိတ္တုိစြာ ေျပာလုိက္သည္။
"သူျငင္းလိုက္လို႔ မင္းျငင္းလုိ႔မရတာေပါ့" အဘိုးနတ္ဆိုးေျပာလုိက္သည္ "ေနာက္တစ္ခါ ထပ္ျငင္းရင္ ေသြးလက္စြပ္က ေဒါသထြက္ေတာ့မယ္ အရင္တုန္းက ေနာက္တစ္ခါ အျငင္းခံရေတာ့ ေနာက္လူ ေသသြားတယ္"
"အဲလိုျဖစ္ခဲ့တာလား" ရွီမာယူယူ မ်က္လံုးျပဴးသြားသည္။
"ငါ စာအုပ္မွာ တစ္ခါဖတ္ဖူးတယ္" ဝူလင္းယူေုျပာလိုက္သည္။
ရွီမာယူယူသည္ အရိုးေခါင္းႏွင့္ မိန္းမလွေလးဆီမွ အဆံုးမရွိေသာစြမ္းအင္ခံစားရသည္ကို ေတြးမိသည္။
"ေကာင္းျပီ" သူမ ေခါင္းေဆာင္ေနရာအတြက္ ေသြးမထြက္ ေသဆံုးျခင္းေရာ မျဖစ္ခ်င္ေသာေၾကာင့္ မျငင္းပဲ မဆိုင္းမတြပင္ သေဘာတူလုိက္သည္။
"လူအမ်ားၾကီး အံ့ဖြယ္နတ္ဆိုးေတာင္ၾကားကို ဝင္ခ်င္ေနၾကတာ ဒါေပမယ့္ သူတို႔မဝင္ရဘူး မင္းက ေခါင္းေဆာင္ ဆက္ခံသူေနရာကို ကမ္းလွမ္းခံရတာ ဒါေပမယ့္ မင္းက ျငင္းပစ္တယ္ဟုတ္လား" အဘိုးနတ္ဆိုးသည္ ေဒါသျဖင့္ ေျပာေလသည္။
ထိုအခ်က္တြင္ ေခါင္းေဆာင္ဆက္ခံသူေနရာအား လက္ခံျခင္းကို မေပ်ာ္ရႊင္ပဲ ေမးလုိက္သည္ "ဆရာ အံ့ဖြယ္နတ္ဆိုးေတာင္ၾကားမွာ ေခါင္းေဆာင္ဆက္ခံသူ ႏွစ္ေယာက္ရွိရမွာဆိုေတာ့ ေနာက္တစ္ေယာက္ လိုေနေသးတယ္ေပါ့"
"ဟုတ္တယ္ နတ္ဆိုးစြမ္းအားရွင္ပဲ" အဘိုးနတ္ဆိုး ေျပာလိုက္သည္ "ေနာက္ကို မင္းသူ႔ကို ေတြ႕ရင္ အလိုလို သိမွာပါ"
သူမ ၾကည့္လိုက္ရာ အဘိုးနတ္ဆိုးသည္ ထိုလူႏွင့္ ပတ္သတ္၍ မေျပာခ်င္သည့္ပံုျဖစ္ေန၍ ရွီမာယူယူသည္ သိခ်င္စိတ္ကို ျမိဳသိပ္ထားရေတာ့သည္။
သူမသည္ ေက်ာက္စိမ္းပုလင္းမ်ားထုတ္ကာ အဘိုးနတ္ဆိုးအား တစ္ခုေပးျပီး က်န္တစ္ခုအား ဝူလင္းယူအား ေပးကာ ေျပာလိုက္သည္ "အခု ကၽြန္ေတာ့္ စြမ္းအားနဲ႔ဆိုရင္ တစ္ေယာက္ကို ႏွစ္စက္ပဲေပးႏုိင္ေသးတယ္ ဆရာတို႔ သံုးလို႔ရပါတယ္"
"မ်ားတာပဲ" ရတနာကိုေတြ႕သည္ႏွင့္ အဘိုးနတ္ဆိုး၏ ေဒါသေျပသြားျပီး ပုလင္းဖြင့္ကာ အနံ႔ရႈၾကည့္လုိက္သည္ "ဒါဘာလဲ"
"ေျမနဂါးျခင္ဆီ အဆင့္၁ အထက္လို႔ မွတ္ထားလိုက္ပါ" ရွီမာယူယူ ေျပာလိုက္သည္။
သူမသည္ ရိုးရွင္းစြာေျပာေသာ္လည္း သူတို႔ႏွစ္ေယာက္မွာ အံ့ၾသသြားေလသည္။ သူတို႔သည္ အသံုးျပဳပံုကို နားလည္ျပီးျဖစ္ေလသည္။
"ကၽြန္ေတာ္ ေနလို႔မေကာင္းဘူး ျပန္ေတာ့မယ္ ဆရာတို႔ႏွစ္ေယာက္ကို ၾကည့္ေနရင္ ပိုအေျခအေန ဆိုးလာလိမ့္မယ္ ဟူး"
သူမ ေျပာျပီးသည္ႏွင့္ ငွက္ေလးအားေခၚကာ ေတာင္မွ ထြက္ခဲ့ေလသည္။
သူမသည္ အေလ်ာ္မရသည့္အျပင္ အံ့ဖြယ္နတ္ဆိုးေတာင္ၾကား၏ ေခါင္းေဆာင္ျဖစ္လာရမည္ကို သူမ မေပ်ာ္ႏိုင္ေပ။
သူမသည္ မရူးမိုက္ေပ။ ထိုေနရာသည္ သူမအား လူအမ်ားအားက်မည္၊ ထိုေနရာႏွင့္ဆိုလွ်င္ သူမ ျမင့္ျမတ္သည့္ ေလာကသြားမည္ဆိုလွ်င္ေတာင္ ေကာင္းေကာင္းေနရာရမည္။
သို႔ေသာ္ သူမသည္ ေတြးေခၚႏုိင္သည္။ ထိုေနရာ ရလာပါက တာဝန္ယူမႈႏွင့္ အာဏာကိုပါ တစ္ခ်ိန္တည္း ယူရမည္၊ သူမသည္ အနာဂတ္တြင္ အလုပ္မ်ားမည္ကို နားလည္ေလာက္ေအာင္ ဥာဏ္ေကာင္းသည္။ သူမသည္ အရိုးထဲထိ ပ်င္းရိကာ အနာဂတ္အေၾကာင္းစဥ္းစားမိလွ်င္ အံ့ဖြယ္နတ္ဆိုးေတာင္ၾကား၏ ကိစၥအဝဝကို ေျဖရွင္းမည္ဟု ေတြးလို္ကသည္ႏွင့္ မြမ္းၾကပ္လာသည္။
"သူမ တကယ္မေပ်ာ္တာပဲ" ဝူလင္းယူသည္ ရွီမာယူယူထြက္သြားသည္ကို ၾကည့္ရင္း အဘိုးနတ္ဆိုးကို ေျပာလိုက္သည္။
"သူမက ႏူးညံ့ပါတယ္ ေနာက္ရက္ နည္းနည္းေလာက္ဆို အဆင္ေျပသြားမွာပါ" အဘိုးနတ္ဆိုးသည္ လိပ္ျပာအရည္ေပၚတြင္ အာရံုေရာက္ကာ ရွီမာယူယူအား အနည္းငယ္ပင္ ဂရုမစိုက္ေပ။
ဝူလင္းယူသည္ ေက်ာက္စိမ္းပုလင္းအားၾကည့္ကာ ေျပာလိုက္သည္ "ကၽြန္ေတာ္ ပညာရွိစံအိမ္ေတာ္မွာ ရွိတုန္းက စာအုပ္ထဲမွာ လိပ္ျပာအရည္ကို ျမင္ဖူးတယ္၊ ဒါနဲ႔ေတာ္ေတာ္တူတယ္ ကၽြန္ေတာ္ျမင္တာေသခ်ာတယ္"
"ဒါဆို ဒါဘယ္လို အရည္မ်ိဳးလဲ"
"ရွားပါးတဲ့ ရတနာပဲ လိပ္ျပာအရည္" ဝူလင္းယူ ေျပာလိုက္သည္။
အဘိုးနတ္ဆိုးသည္ မွင္တက္စြာရပ္ကာ သူ႔လက္ထဲမွ ပုလင္းအား မ်က္လံုးျပဴးျဖင့္ ၾကည့္ေလသည္။ သူလည္း ထိုအေၾကာင္းအားၾကားဖူးသည္။ ရုတ္တရက္ သူ ရယ္ေမာေတာ့သည္ "သူကေတာ့ တကယ့္ကို ေျပာမျပႏုိင္ေအာင္ ကံေကာင္းတဲ့သူပဲ"
ရွီမာယူယူသည္ ကန္သို႔ျပန္လာကာ ေရကို ျဖတ္ခ်ထားေသာ ေက်ာက္တံုးမ်ားကို စိတ္တိုစြာ ျဖတ္ေလွ်ာက္ေလသည္။ သူသည္ ကိစၥအားလံုးအတြက္ မေပ်ာ္ေပ။
"ဘာျဖစ္လို႔လဲ" သူမ တစ္ခုခုျဖစ္လာသည္ကို သိေသာေၾကာင့္ သူမဆီသို႔လာကာ ေမးလုိက္သည္။
"ဘာမွမဟုတ္ပါဘူး" ရွီမာယူယူသည္ သူမကိုယ္သူမ စိတ္တိုကာ က်ယ္ေလာင္စြာေျပာလည္း မတတ္ႏုိင္သည္ကို သိသည္။ သူမသည္ သူမလက္တစ္ဖက္စာရွိေသာ အေဝးရွိေက်ာက္တံုးဆီသို႔ ေလွ်ာက္သြားေလသည္။ သူမ ဝိဥာဥ္စြမ္းအင္မ်ားစုစည္းကာ စိတ္တိုတိုျဖင့္ ကန္ထဲသို႔ ပစ္ထည့္လိုက္သည္။
"ဘုန္း ဘုန္း"
ေက်ာက္တံုးမ်ားကြဲကာ မ်က္ႏွာျပင္တြင္ ပူစီေပါင္းမ်ား ထလာေတာ့သည္။
ရုတ္ရက္ပင္ ကန္မွ ေအးစိမ့္လာျပီး အားလံုး တုန္ယင္သြားေလသည္။
"အႏၱရာယ္ပဲ ျပန္သြား တည္ေဆာက္မႈအတြင္းကို တပ္ဆုတ္ၾက" ရွီမာယူယူသည္ အလ်င္စလိုေအာ္ကာ သူမကိုယ္တုိင္လည္း ျပန္ေျပးေလသည္။
ရွီမာယူယူမေအာ္ခင္ပင္ အားလံုးသည္ တည္ေဆာက္မႈထဲသို႔ ေျပးႏွင့္ျပီးျဖစ္ေလသည္။
ထိုအခ်ိန္တြင္ ေရကန္သည္ နဂါးပြက္မ်ားကဲ့သို႔ ဆက္ပြက္ကာ ေရပူေပါင္းမ်ားသည္ မ်က္ႏွာျပင္တြင္ တက္လာကာ ေကာင္းကင္သို႔ စြမ္းအင္မ်ား ပစ္လႊတ္ေလသည္။ သို႔ေသာ္ ေကာင္းကင္သုိ႔ တက္ေသာ စြမ္းအင္မ်ားသည္ မျမင္ရေသာ ပိတ္ထားမႈေၾကာင့္ ကန္အတြင္းသို႔ ျပန္က်သြားေလသည္။
အျဖစ္အပ်က္မွာ ျမန္ဆန္လြန္းသျဖင့္ ႏွစ္စကၠန္႔မွ်ၾကာေသာ္လည္း ရွီမာယူယူႏွင့္ က်န္ေသာသူမ်ားအတြက္ေတာ့ ရာစုႏွစ္တစ္ခု ၾကာသြားသလိုပင္။ ထိုစြမ္းအင္ ကန္သို႔ျပန္က်ခ်ိန္ကို ေစာင့္ရသည္မွာ အလြန္ၾကာျမင့္၍ သူတုိ႔ ၾကမ္းျပင္သို႔က်သြားကာ အလြန္ေၾကာက္ရြ႔ံ႕ေနၾကသည္။
အခ်ိန္အေတာ္ၾကာေသာအခါ ရွီမာယူယူ သူမ အားအင္မ်ား စုစည္းကာ အားစိုက္ထုတ္ျပီး မတ္တပ္ရပ္ကာ ကန္အား စူးစမ္းလိုက္သည္။
Unicode
အပိုင်း (၂၉၃) – အန္တရာယ်များသော ရောင်ဝါ
"ဆရာ စီနီယာအစ်ကို ဘာလို့ကျွန်တော့်ကို အဲလိုကြည့်နေရတာလဲ" သူမသည် သူတို့အား ကြည့်ကာ မူးဝေသောကြောင့် သူမ ခေါင်းအားပွတ်နေလေသည်။
"အခု မင်းဘာမြင်လိုက်တာလဲ" အဘိုးနတ်ဆိုး ပြောလိုက်သည်။
"အရိုးခေါင်းနဲ့ မိန်းမလှလေးတစ်ယောက်ကို တွေ့လိုက်တယ်" ရှီမာယူယူ ပြောလိုက်သည် "သြော် ဟုတ်သားပဲ အခု ကျွန်တော် အရမ်းထူးဆန်းတဲ့နေရာ ရောက်သွားတယ် ဆရာတို့နှစ်ယောက် မြင်လိုက်လား"
"မင်း အရိုးခေါင်းနဲ့ မိန်းမလှလေးကို မြင်လိုက်တယ်ဟုတ်လား" သူတို့နှစ်ယောက်သည် သူမမြင်လိုက်သည်ကို ကြားသောအခါ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားလေသည်။
"ဟုတ်တယ် ကြည့် မြင့်မြတ်တဲ့လောကက အရိုးခေါင်းနဲ့ မိန်းမလှလေး" သူမသည် သူမ လက်မအား ညွှန်ပြလိုက်သည်။ သို့သော် သူမ လက်မအတိုင်းပင် သူတို့သည် သေးသွားသည်ကို သတိထားမိလိုက်သည်။ "ဒါ ကျုံ့သွားတာပဲ"
"ဒါဆို မင်းကို အသိအမှတ်ပြုလိုက်တဲ့သဘောပဲ" အဘိုးနတ်ဆိုးရှင်းပြသည်။
"ဒါဆို အခုဘာဖြစ်သွားလဲ" သူဆိုလိုသည်ကို ရှီမာယူယူ သတိထားမိသည်၊ သူမသည် လက်ရှိလက်စွပ်အား ကြည့်ပြီး ပြောလိုက်သည် "ဒီလက်စွပ်က တခြားလက်စွပ်တွေနဲ့ မတူဘူးလို့ ဘာလို့ခံစားမိတာလဲ"
"အဲလိုပဲဖြစ်ရမှာပေါ့ အဲဒါ အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ ဆက်ခံသူလက်စွပ်ပဲ" ဝူလင်းယူ ပြောလိုက်သည်။
အစပိုင်းတွင် ထိုလက်စွပ်သည် သူ့အားရွေးချယ်ခဲ့သော်လည်း သူသည် အဘိုးနတ်ဆိုး၏ အသိအမှတ်ပြုခြင်းကို ပယ်ဖျက်ကာ လက်စွပ်အား ချွတ်ရန် ရွေးချယ်ခဲ့သည်။
အရင်က သူ့ကို အသိအမှတ်ပြုခဲ့သောကြောင့် ရှီမာယူယူ အသိအမှတ်ပြုခံရသည်ကို အလွန်မအံ့သြတော့ပေ။
ခုဏကပင် ထိုနေရာသည် သွေးနံ့များ ပြည့်နှက်နေခဲ့သည်။ အဘိုးနတ်ဆိုးသည် ထိုအနံ့ပျောက်အောင် မပြုလုပ်ခဲ့ပါက မိစ္ဆာတစ်သောင်းတောင်တွင် ရုတ်ရုတ်သဲသဲဖြစ်နေမည်ဖြစ်သည်။
"ဆက်ခံသူ လက်စွပ်...." ရှီမာယူယူသည် အဘိုးနတ်ဆိုးအား တိတ်တဆိတ် စိုက်ကြည့်နေသည်။
"ဆရာ လက်စွပ်များ မှားထုတ်လိုက်တာလား"
"မင်းက ငါ့ကို ရှေးအဘိုးကြီးလို့ထင်နေတာလား" အဘိုးနတ်ဆိုးသည် သူမအားစိုက်ကြည့်လိုက်သည်။
"ဆရာက ကျွန်တော့်ကို အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ ဆက်ခံသူဖြစ်စေချင်တာလား" ရှီမာယူယူသည် အဘိုးနတ်ဆိုးအား အံ့အားသင့်စွာကြည့်လေသည်။
"ဒါပေါ့" အဘိုးနတ်ဆိုးပြောလိုက်သည် "ဘာမကျေနပ်စရာရှိလဲ"
"အဲလိုတော့မဟုတ်ပါဘူး" ရှီမာယူယူ မပျော်ရွှင်စွာ ပြောသေလည် "ကျွန်တော် ပြန်ပေးလို့မရဘူးလား"
"မင်းက ငါ့ဆက်ခံသူမဖြစ်ချင်ဘူးလား"
"ဟုတ် မဖြစ်ချင်ဘူး" သူမသည် တည့်တိုးပင် ဖြေလိုက်သည်။
"ဘာလို့လဲ" အဘိုးနတ်ဆိုး မျက်နှာမည်းသွားသည်။ ဝူလင်းယူသည် သူ့ဆက်ခံသူမလုပ်ချင်ရင်တောင် ထားတော့ အခု သူမသည်လည်း ဆက်ခံသူမလုပ်ချင်ပေ။ သတင်းသာ ပျံ့သွားပါက သူတော့ လှောင်စရာဖြစ်တော့မည်။
"ကျွန်တော် ဒီအတိုင်းပဲ မကြိုက်တာ" ရှီမာယူယူ ပြောလိုက်သည်။
"ဟားဟား" ဝူလင်းယူ ရယ်ကွဲတော့သည်။ သူ့အကြောင်းပြချက်မှာလည်း သူမအတိုင်းပင်...ဒါကြောင့်ပဲ သူကို ကြိုက်တာပဲမလား။
နှစ်ပေါင်းများစွာကြာမှပင် သူ သူမကို ကြိုက်သည်မှာ သေချာသွားသည်ကို သိလိုက်ရသည်။ သူ့ခံစားချက်အတိုင်း လိုက်သည်နှင့် သူတို့ဆီမှမရှောင်ရှားရန် ဆုံးဖြတ်ထားသည်။ သို့သော် သူမအား သူ့အပိုင်ဖြစ်ရန် ကြိုးစားရမည်။
"မင်းမကြိုက်ဘူးဆိုတော့ ရွေးစရာမရှိဘူးပေါ့" အဘိုးနတ်ဆိုးပြောလိုက်သည် "အခု သွေးလက်စွပ်က မင်းကို အသိအမှတ်ပြုတယ် ပြီးတော့ အဆင့်အမြင့်ဆုံးတွေတောင်မှ မင်းကိုအသိအမှတ်ပြုတယ်၊ မင်း ကြိုက်ကြိုက် မကြိုက်ကြိုက် ဆက်ခံသူဖြစ်မှာပဲ မင်းအစ်ကိုရဲ့ ခြေရာနင်းရဲတယ်ဆိုရင်တော့ မင်းခြေထောက်ကို ချိုးပစ်မယ်"
"အစ်ကိုလည်း အသိအမှတ်ပြုခံရတာလား၊ ဒါဆိုသူ့ကျ ငြင်းလို့ရပြီး ကျွန်တော်က ဘာလို့မရတာလဲ" ရှီမာယူူယူ စိတ်တိုစွာ ပြောလိုက်သည်။
"သူငြင်းလိုက်လို့ မင်းငြင်းလို့မရတာပေါ့" အဘိုးနတ်ဆိုးပြောလိုက်သည် "နောက်တစ်ခါ ထပ်ငြင်းရင် သွေးလက်စွပ်က ဒေါသထွက်တော့မယ် အရင်တုန်းက နောက်တစ်ခါ အငြင်းခံရတော့ နောက်လူ သေသွားတယ်"
"အဲလိုဖြစ်ခဲ့တာလား" ရှီမာယူယူ မျက်လုံးပြူးသွားသည်။
"ငါ စာအုပ်မှာ တစ်ခါဖတ်ဖူးတယ်" ဝူလင်းယူေုပြာလိုက်သည်။
ရှီမာယူယူသည် အရိုးခေါင်းနှင့် မိန်းမလှလေးဆီမှ အဆုံးမရှိသောစွမ်းအင်ခံစားရသည်ကို တွေးမိသည်။
"ကောင်းပြီ" သူမ ခေါင်းဆောင်နေရာအတွက် သွေးမထွက် သေဆုံးခြင်းရော မဖြစ်ချင်သောကြောင့် မငြင်းပဲ မဆိုင်းမတွပင် သဘောတူလိုက်သည်။
"လူအများကြီး အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ဝင်ချင်နေကြတာ ဒါပေမယ့် သူတို့မဝင်ရဘူး မင်းက ခေါင်းဆောင် ဆက်ခံသူနေရာကို ကမ်းလှမ်းခံရတာ ဒါပေမယ့် မင်းက ငြင်းပစ်တယ်ဟုတ်လား" အဘိုးနတ်ဆိုးသည် ဒေါသဖြင့် ပြောလေသည်။
ထိုအချက်တွင် ခေါင်းဆောင်ဆက်ခံသူနေရာအား လက်ခံခြင်းကို မပျော်ရွှင်ပဲ မေးလိုက်သည် "ဆရာ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ ခေါင်းဆောင်ဆက်ခံသူ နှစ်ယောက်ရှိရမှာဆိုတော့ နောက်တစ်ယောက် လိုနေသေးတယ်ပေါ့"
"ဟုတ်တယ် နတ်ဆိုးစွမ်းအားရှင်ပဲ" အဘိုးနတ်ဆိုး ပြောလိုက်သည် "နောက်ကို မင်းသူ့ကို တွေ့ရင် အလိုလို သိမှာပါ"
သူမ ကြည့်လိုက်ရာ အဘိုးနတ်ဆိုးသည် ထိုလူနှင့် ပတ်သတ်၍ မပြောချင်သည့်ပုံဖြစ်နေ၍ ရှီမာယူယူသည် သိချင်စိတ်ကို မြိုသိပ်ထားရတော့သည်။
သူမသည် ကျောက်စိမ်းပုလင်းများထုတ်ကာ အဘိုးနတ်ဆိုးအား တစ်ခုပေးပြီး ကျန်တစ်ခုအား ဝူလင်းယူအား ပေးကာ ပြောလိုက်သည် "အခု ကျွန်တော့် စွမ်းအားနဲ့ဆိုရင် တစ်ယောက်ကို နှစ်စက်ပဲပေးနိုင်သေးတယ် ဆရာတို့ သုံးလို့ရပါတယ်"
"များတာပဲ" ရတနာကိုတွေ့သည်နှင့် အဘိုးနတ်ဆိုး၏ ဒေါသပြေသွားပြီး ပုလင်းဖွင့်ကာ အနံ့ရှုကြည့်လိုက်သည် "ဒါဘာလဲ"
"မြေနဂါးခြင်ဆီ အဆင့်၁ အထက်လို့ မှတ်ထားလိုက်ပါ" ရှီမာယူယူ ပြောလိုက်သည်။
သူမသည် ရိုးရှင်းစွာပြောသော်လည်း သူတို့နှစ်ယောက်မှာ အံ့သြသွားလေသည်။ သူတို့သည် အသုံးပြုပုံကို နားလည်ပြီးဖြစ်လေသည်။
"ကျွန်တော် နေလို့မကောင်းဘူး ပြန်တော့မယ် ဆရာတို့နှစ်ယောက်ကို ကြည့်နေရင် ပိုအခြေအနေ ဆိုးလာလိမ့်မယ် ဟူး"
သူမ ပြောပြီးသည်နှင့် ငှက်လေးအားခေါ်ကာ တောင်မှ ထွက်ခဲ့လေသည်။
သူမသည် အလျော်မရသည့်အပြင် အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ ခေါင်းဆောင်ဖြစ်လာရမည်ကို သူမ မပျော်နိုင်ပေ။
သူမသည် မရူးမိုက်ပေ။ ထိုနေရာသည် သူမအား လူအများအားကျမည်၊ ထိုနေရာနှင့်ဆိုလျှင် သူမ မြင့်မြတ်သည့် လောကသွားမည်ဆိုလျှင်တောင် ကောင်းကောင်းနေရာရမည်။
သို့သော် သူမသည် တွေးခေါ်နိုင်သည်။ ထိုနေရာ ရလာပါက တာဝန်ယူမှုနှင့် အာဏာကိုပါ တစ်ချိန်တည်း ယူရမည်၊ သူမသည် အနာဂတ်တွင် အလုပ်များမည်ကို နားလည်လောက်အောင် ဉာဏ်ကောင်းသည်။ သူမသည် အရိုးထဲထိ ပျင်းရိကာ အနာဂတ်အကြောင်းစဉ်းစားမိလျှင် အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ ကိစ္စအဝဝကို ဖြေရှင်းမည်ဟု တွေးလိုကသည်နှင့် မွမ်းကြပ်လာသည်။
"သူမ တကယ်မပျော်တာပဲ" ဝူလင်းယူသည် ရှီမာယူယူထွက်သွားသည်ကို ကြည့်ရင်း အဘိုးနတ်ဆိုးကို ပြောလိုက်သည်။
"သူမက နူးညံ့ပါတယ် နောက်ရက် နည်းနည်းလောက်ဆို အဆင်ပြေသွားမှာပါ" အဘိုးနတ်ဆိုးသည် လိပ်ပြာအရည်ပေါ်တွင် အာရုံရောက်ကာ ရှီမာယူယူအား အနည်းငယ်ပင် ဂရုမစိုက်ပေ။
ဝူလင်းယူသည် ကျောက်စိမ်းပုလင်းအားကြည့်ကာ ပြောလိုက်သည် "ကျွန်တော် ပညာရှိစံအိမ်တော်မှာ ရှိတုန်းက စာအုပ်ထဲမှာ လိပ်ပြာအရည်ကို မြင်ဖူးတယ်၊ ဒါနဲ့တော်တော်တူတယ် ကျွန်တော်မြင်တာသေချာတယ်"
"ဒါဆို ဒါဘယ်လို အရည်မျိုးလဲ"
"ရှားပါးတဲ့ ရတနာပဲ လိပ်ပြာအရည်" ဝူလင်းယူ ပြောလိုက်သည်။
အဘိုးနတ်ဆိုးသည် မှင်တက်စွာရပ်ကာ သူ့လက်ထဲမှ ပုလင်းအား မျက်လုံးပြူးဖြင့် ကြည့်လေသည်။ သူလည်း ထိုအကြောင်းအားကြားဖူးသည်။ ရုတ်တရက် သူ ရယ်မောတော့သည် "သူကတော့ တကယ့်ကို ပြောမပြနိုင်အောင် ကံကောင်းတဲ့သူပဲ"
ရှီမာယူယူသည် ကန်သို့ပြန်လာကာ ရေကို ဖြတ်ချထားသော ကျောက်တုံးများကို စိတ်တိုစွာ ဖြတ်လျှောက်လေသည်။ သူသည် ကိစ္စအားလုံးအတွက် မပျော်ပေ။
"ဘာဖြစ်လို့လဲ" သူမ တစ်ခုခုဖြစ်လာသည်ကို သိသောကြောင့် သူမဆီသို့လာကာ မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး" ရှီမာယူယူသည် သူမကိုယ်သူမ စိတ်တိုကာ ကျယ်လောင်စွာပြောလည်း မတတ်နိုင်သည်ကို သိသည်။ သူမသည် သူမလက်တစ်ဖက်စာရှိသော အဝေးရှိကျောက်တုံးဆီသို့ လျှောက်သွားလေသည်။ သူမ ဝိဉာဉ်စွမ်းအင်များစုစည်းကာ စိတ်တိုတိုဖြင့် ကန်ထဲသို့ ပစ်ထည့်လိုက်သည်။
"ဘုန်း ဘုန်း"
ကျောက်တုံးများကွဲကာ မျက်နှာပြင်တွင် ပူစီပေါင်းများ ထလာတော့သည်။
ရုတ်ရက်ပင် ကန်မှ အေးစိမ့်လာပြီး အားလုံး တုန်ယင်သွားလေသည်။
"အန္တရာယ်ပဲ ပြန်သွား တည်ဆောက်မှုအတွင်းကို တပ်ဆုတ်ကြ" ရှီမာယူယူသည် အလျင်စလိုအော်ကာ သူမကိုယ်တိုင်လည်း ပြန်ပြေးလေသည်။
ရှီမာယူယူမအော်ခင်ပင် အားလုံးသည် တည်ဆောက်မှုထဲသို့ ပြေးနှင့်ပြီးဖြစ်လေသည်။
ထိုအချိန်တွင် ရေကန်သည် နဂါးပွက်များကဲ့သို့ ဆက်ပွက်ကာ ရေပူပေါင်းများသည် မျက်နှာပြင်တွင် တက်လာကာ ကောင်းကင်သို့ စွမ်းအင်များ ပစ်လွှတ်လေသည်။ သို့သော် ကောင်းကင်သို့ တက်သော စွမ်းအင်များသည် မမြင်ရသော ပိတ်ထားမှုကြောင့် ကန်အတွင်းသို့ ပြန်ကျသွားလေသည်။
အဖြစ်အပျက်မှာ မြန်ဆန်လွန်းသဖြင့် နှစ်စက္ကန့်မျှကြာသော်လည်း ရှီမာယူယူနှင့် ကျန်သောသူများအတွက်တော့ ရာစုနှစ်တစ်ခု ကြာသွားသလိုပင်။ ထိုစွမ်းအင် ကန်သို့ပြန်ကျချိန်ကို စောင့်ရသည်မှာ အလွန်ကြာမြင့်၍ သူတို့ ကြမ်းပြင်သို့ကျသွားကာ အလွန်ကြောက်ရွံ့နေကြသည်။
အချိန်အတော်ကြာသောအခါ ရှီမာယူယူ သူမ အားအင်များ စုစည်းကာ အားစိုက်ထုတ်ပြီး မတ်တပ်ရပ်ကာ ကန်အား စူးစမ်းလိုက်သည်။