အပိုင်း(၂၆၅)-တောင်နေကြတ်တိုင်းပြည်မှ ဂယက်များ (၁)

2.5K 288 9
                                    

Zawgyi


ရှီမာယူရန်သည် ဒေါသထွက်နေသော ရှီမာယူယန်အား တည်ငြိမ်စွာကြည့်ကာ ပြောလိုက်သည် "ဘာတွေစိတ်ပူနေတာလဲ၊ အဲပစ္စည်းက ဖက်တီးကျူပြောသလို ကောင်းလားဆိုတာကြည့်ချင်တယ်၊ ဒီလောက် စွမ်းအားအဆင့်က မင်းကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး"

"အာ..."

အိမ်ထဲရှိလူများသည် သူတို့နှစ်ယောက်အားကြည့်ပြီး ရယ်မောကြသည်

"သွားကြမယ်" အစပိုင်းတွင် ဝူရန်ဖေ၏ စိတ်သည် ပူပန်နေရာမှ သူတို့နှစ်ယောက် စနောက်နေသည်ကို တွေ့ပြီး အနည်းငယ် စိတ်အေးသွားလေသည်။

"အင်း ငါတို့လည်း သွားကြမယ်" ရှီမာယူလင်း ပြောလိုက်သည် "မင်း ကိုယ့်ဘာသာသွားရင် နာလန်မျိုးနွယ်က လူတွေရဲ့ တိုက်ခိုက်တာကို ခံရနိုင်တယ်"

"အမှန်ပဲ" ရှီမာယူယန် ခေါင်းညိမ့်သည်။

သည်လိုနှင့် သူတို့အဖွဲ့သည် တည်းခိုဆောင်မှ ဝံ့ကြွားစွာထွက်သွားကာ ကွက်မျက်သည့်ရင်ပြင်သို့ ဦးတည်ကြလေသည်။

ရှီမာယူယူသည် ဆန်းမျိုးနွယ်ဝင်များ ခေါ်ထုတ်ပြီးမကြာခင်တွင်ပင် သူမတို့အား လူတစ်စုကတား လိုက်လေသည်။

"သခင်မ... သခင်ကြီးက သခင်မတို့ကို ခေါ်ဖို့ပြောလိုက်တယ်" ခေါင်းဆောင် ပြောလိုက်သည်။

"သခင်ကြီးက ဘယ်မှာလဲ"

"သခင်ကြီးက လီမျိုးနွယ်ကို သွားနှင့်လိုက်ပြီ၊ သူက လီမျိုးနွယ်ကို လမ်းတစ်ဝက်ကနေတား ချင်နေတယ်" ခေါင်းဆောင်ပြောလေသည်။

"ကွက်မျက်မယ့် ရင်ပြင်မှာ လူတွေဘယ်လောက်ရှိလဲ"

"မျိုးနွယ်တော်တော်များများ အဲရောက်နေကြတယ်၊ အခုဆိုရင် လူတစ်ထောင်လောက်ရှိနေပြီ"

"ဖီလေးရော အဲဒီကိုသွားတာလား" သူမ သားဖြစ်နေသည့်အတွက် စိတ်အပူဆုံးမှာ ဆန်းမူယုပင်ဖြစ်သည်။

"မင်းသားလေးက အဲနေရာကို သွားလိုက်ပါပြီ"

"ငါ့ သူငယ်ချင်းတွေရော" ရှီမာယူယူမေးလိုက်သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 2Where stories live. Discover now