အပိုင်း (၂၈၆) - ပေါများသော နီရဲပျားရည်များ

2.7K 311 10
                                    

Zawgyi


နာမည်အတိုင်းပင် စိတ်ပြန်ကုသဆေးသည် စိတ်ကို ကုသပေးသောဆေးဖြစ်သည်။ အဆင့်သည် မမြင့်သော်လည်း ပါဝင်ပစ္စည်းများမှာ ရရန်ခက်သောကြောင့် ရှားပါးခြင်းဖြစ်သည်။ အဓိကပါဝင်ပစ္စည်းထဲတွင် အရှားဆုံးမှာ မြေနဂါးခြင်ဆီဖြစ်သည်။

သို့သော် သူမတွင် မြေနဂါးခြင်ဆီမရှိသော်လည်း အာနိသင်တူသော ညဝိဥာဉ်အရည်ရှိသောကြောင့် ရှီမာယူယူအတွက် မခက်ခဲခဲ့ပေ။ မြေနဂါးခြင်ဆီနေရာတွင် အစားထိုးသုံးလျှင်လည်း ပြဿနာမရှိပေ။

"ဆရာ ကျွန်တော် ဒီနေ့ကို ၇ခါရှိပြီ မအောင်မြင်တာ ဘေဂုံထန်လာပြီးကူညီတော့မှ အောင်မြင်သွားတာ၊ ဘယ်လိုလဲ ဆရာ့ရဲ့ သတ်မှတ်အဆင့်မှီလား" ရှီမာယူယူသည် ကျေနပ်စွာအံ့သြနေသော အဘိုးနတ်ဆိုး၏ မျက်နှာကိုကြည့်လိုက်သည်။

အဘိုးနတ်ဆိုးသည် ဆေးကိုသိမ်းကာ ပြောလိုက်သည် "ငါ့ကို ဘာလို့ဒီဆေးပေးဖို့ စဉ်းစားမိတာလဲ"

"ဆရာအရင်က စိတ်ကိုထိခိုက်ဖူးတယ်ဆိုပြီး ဘေဂုံပြောလို့...အဲလိုစိတ်ထိထားလို့ ဆရာ့ရဲ့အဂ္ဂိရတ် ပညာ အဆင့်တက်ဖို့ကို မတက်နိုင်လို့ ဒီနေ့လိုမျိုးအဘိုးကြီးဖြစ်သွားတာမလား၊ အဲဒါကြောင့် ဆရာ့အတွက် ဒီဆေးဖော်ဖို့ စဉ်းစားမိတာ၊ ဒါပေမယ့် ကျွန်တော့်မှာလည်း ဝိဥာဉ်ရွှီလိုနေသေးတော့ အဆင့်၆ ဆေးဖော်ဖို့ အားမလုံလောက်သေးဘူး၊ အဲဒါကြောင့် ကျွန်တော်ဆေးဖော်တိုင်းမှာ တွန်းအားလိုနေသေးတာ၊ ဘေဂုံနဲ့ ကျွန်တော်နဲ့အတွဲညီလို့ ဒီဆေးကို အတူတူဖော်တော့ အောင်မြင်သွားတာ"

သူမသည် အဂ္ဂိရတ်ပညာတွင် အဆင့်၆ ရောက်ပြီးဖြစ်သော်လည်း အဆင့် ၆ဆေးဖော်ရန် အားမလုံလောက်သေးပေ။ ထိုစိတ်ပြန်ကုသဆေးဖော်ရန် စိတ်စွမ်းအင်များ အတော်အသင့်သုံးလိုက်ရသည်။

"မင်းက မြင်တတ်တာပဲ" အဘိုးနတ်ဆိုးပြောလိုက်ပြီးနောက် ဘေဂုံထန်အားကြည့်ကာ "မင်းက မြင့်မြတ်တဲ့ လောက ကလာတာလား"

"ဟုတ်ပါတယ် အဘိုးနတ်ဆိုး" ဘေဂုံထန် ခေါင်းညိမ့်လိုက်သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 2Where stories live. Discover now