အပိုင်း (၃၁၃) - ဆန်းချောင်လီ

2.6K 273 0
                                    

Zawgyi


ရှီမာယူယူ ပြောပြီးနောက်တွင် သဘောမတူသည့် အမူအရာဖြစ်နေသော ဟာစွန်အားကြည့်လိုက်သည်။

"အိုခေ ငါ မသွားပါဘူး" သူမ လက်ရမ်းကာ "မင်းက ဒီလောက်အားကောင်းတာကိုမှ အဲမှာ သေလုနီးပါးဖြစ်သွားတာ ငါက ဘာလို့အသက်ကို လောင်းကစားလုပ်ရမှာလဲ၊ ငါလဲ ငါ့အသက်ကို တန်ဖိုးထားပါတယ်"

"ဒါပေမဲ့ အဲတုန်းက မင်း ငါ့ကိုကယ်ဖို့ ကိုယ့်ကိုယ်ကို လျစ်လျူရှုထားခဲ့တယ်လေ" ဟာစွန် ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ အဲတုန်းက မင်းက ငါ့ ကာကွယ်သူလေ၊ မင်းသေသွားရင် မင်းလို အားကောင်းတဲ့သူ ကို ငါဘယ်သွားရှာရမလဲ" ရှီမာယူယူ ပြောလိုက်သည် "ကမ္ဘာဦးနယ်မြေတွေမှာတောင် မင်းက အထွတ်အထိတ် ဝိဥာဉ်မိစ္ဆာအဖြစ် အဆင့်တက်ခဲ့တယ်၊ အဲဒီလိုဆိုရင် အဲဒီမယ်က စည်းကမ်းတွေတောင် မင်းကို မထိန်းချုပ်နိုင် ဘူးလို့ပြောတာပဲ၊ တခြားသူတွေနဲ့ ငါ့ဆရာတောင် သူတို့စွမ်းအား အမြင့်ဆုံးကိုပဲပြနိုင်တယ်၊ မင်းက သူတို့တွေထက် အများကြီးအားကောင်းတယ်"

ဟာစွန် ပြုံးပြီး ခေါင်းရမ်းလိုက်သည်။ သူမ စိတ်ကူးကို သူ နားမလည်ပဲနေမလား။ သူမ ဘာမှ မပြောသော်လည်း သူမ စိတ်ကို သူနားလည်သည်။

"ဒါပေမဲ့ င့ါအင်အားကောင်းလာတဲ့အချိန်မှာ ငါကိုယ်တိုင် အဲသတ္တဝါကို သွားကြည့်ဖို့ ပြန်လာ ဖို့လည်း ဖြစ်သွားနိုင်တယ် ပြီးတော့ သူ့ကိုယ်ရောင်က ငါနဲ့ဘာလို့တူနေရတာလဲ" ရှီမာယူယူ မတ်တပ်ရပ်ကာ ပြောလိုက်သည် "ကောင်းပြီ ပြန်သွားရအောင်"

"ဒီနေရာက မဆိုးဘူး ငါဒီမှာ လေ့ကျင့်ချင်တယ်" ဟာစွန် ပြောလိုက်သည်။

"ကောင်းပြီ အဲဒါဆိုလည်း ငါသွားမယ်" ရှီမာယူယူ ပြောကာ ဝိဥာဉ်စေတီမှထွက်သွားလေသည်။

နောက်နေ့တွင် သူမသည် ရှီမာမိသားစုနှင့်အတူ စင်မြင့်ရှိသော ပြိုင်ပွဲမြေပြင်သို့ သွားလိုက်သည်။ စင်တွင် အကာအကွယ်ရှိသည်ကို ကြည့်ရခြင်းအားဖြင့် ထိုနေရာသည် သူတို့အရည်အချင်းများ အတွက် လေ့ကျင့်ရန် ကောင်းသော နေရာတစ်ခုပင်ဖြစ်သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 2Where stories live. Discover now