အပိုင်း (၃၁၀) - မိတ်ဆွေဟောင်း

2.6K 280 1
                                    

Zawgyi


"ငါတို့လား ဘာမှသိပ်မရှိပါဘူး လျှောက်သွားနေကြတာပဲ တွေ့ဆုံပွဲကလည်း စတော့မှာဆိုတော့ လူတွေ အများကြီးရောက်လာကြတယ်၊ မြို့က လူတွေနဲ့ပြည့်နေတာပဲ"

"သစ္စာမရှိတဲ့ကောင်တွေ ငါက ဒီမှာ ကုသနေတာကို မင်းတို့က အပြင်ထွက်ပြီး လည်နေကြတယ်" ရှီမာယူယူ ညည်းညူလိုက်သည်။

ဘေဂုံထန်သည် ရှီမာယူယူ ထိုကဲ့သို့ ပြောမည်ကို သိသဖြင့် ရယ်မောလိုက်သည်။ သူမသည် စိတ်ထကြ မပါတာကိုပဲ။

"သြော် ဟုတ်သားပဲ ဝူရန်က မနက်ဖြန်ရောက်မယ်လို့ ကြားတယ်"

"တကယ်လား ဒါဆို တွေ့ဆုံပွဲစတော့မှာပေါ့"

"သုံးရက်လိုသေးတယ်၊ နင် လွတ်တော့မယ် ထင်နေတာ" ဘေဂုံထန် ပြောလိုက်သည်။

"မလွတ်ဘူး" ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

သူမ ခန္ဓာကိုယ်ထဲမှ အခြေအနေကို သူမသိသည်။ ဒီတစ်ခေါက်တွင် ဒဏ်ရာပြင်းထန်သော်လည်း သူမသည် အလင်းနတ်ဆိုး ခန္ဓာကိုယ်ဖြစ်သဖြင့် ပြန်ကောင်းနှုန်းမှာ မြန်ဆန်သည်။ ထို့ကြောင့် ဆေးများနှင့် လိပ်ပြာအရည်တို့နှင့် ကုသလိုသောအခါ လျင်မြန်စွာ ပြန်ကောင်းလေသည်။ သူမသည် အခုချိန်တွင် ပြန်ကောင်းနေသော်လည်း သူမ ခန္ဓာကိုယ်အား ဂရုစိုက်သည့်အနေနှင့် နောက်ထပ်နှစ်ရက်နားနေရန် ဆုံးဖြတ်လိုက်သည်။

"ဟုတ်သားပဲ ဟာစွန်နဲ့ သက်တန့်လေး ဘယ်မှာလဲဆိုတာ နင်သိလား၊ အဲကောင် ငါ နိုးလာကတည်းက မတွေ့ရသေးဘူး"

"နင့်ဆရာကက သက်တန့်လေးကို သူမမျိုးနွယ်ဆီခေါ်သွားမယ်လို့ ကြားတာပဲ" ဘေဂုံထန် ပြောလိုက်သည် "သူမကို ဘယ်ခေါ်သွားလဲတော့ ငါလည်း သေချာမသိဘူး"

"သူမ မျိုးနွယ်ဆီကို ဟုတ်လား" ရှီမာယူယူ နင်သွားသည် "သက်တန့်လေးရဲ့ မျိုးနွယ်က ဘယ်မှာလဲ၊ သူတို့သွားတာကြာပြီ ပြန်မလာသေးဘူးလား"

"ယိလင်းတိုင်းပြည်မှာ ဖီးနစ်မျိုးနွယ်မရှိဘူး၊ သူတို့ မြင့်မြတ်တဲ့လောကကို သွားတာနေမှာ" ဘေဂုံထန် ခန့်မှန်းသည် "ငါ အမြင့်လောကမှာတုန်းက အဲမှာ ဖီးနစ်မျိုးနွယ်ရှိတယ်လို့ ကြားဖူးတယ်"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 2Where stories live. Discover now