အပိုင်း(၂၅၂)-ရှင်းလင်းခြင်း

2.7K 339 25
                                    

Zawgyi


ရှီမာယူယူ ပြန်ကောင်းလာသည့်အချိန်တွင် အားလုံးသည် စာချုပ်ချုပ်ခြင်း ပြီးဆုံး၍ သူမအားစောင့်နေကြသည်။

"ယူယူ အားပြန်ပြည့်သွားပြီလား" ရှီမာယူယန်သည် သူမဘေးထိုင်ကာ သူမ နိုးလာသည်ကိုကြည့်ပြီး အားရပါးရပြုံးပြကာ မေးလိုက်သည်။

ရှီမာယူယူလန့်သွားပြီး ပြန်ဖြေလိုက်သည် "အဲယုတ်မာတဲ့အပြုံးကဘာလဲ ဘာတွေ မကောင်းကြံနေတာလဲ"

"ဘာလို့ မကောင်းဖြစ်ရမှာလဲ၊ အဲဒီမြေခွေးတွေအကြောင်းမေးချင်လို့..."

ရှီမာယူယန် ပြောလို့မပြီးသေးခင်မှာပင် ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ သူ့ပါးစပ်အားပိတ်ပြီး ပြောလိုက်သည် "အဲဒါတွေက ဟိန်းသံထောင်ချီရဲ့ မျိုးနွယ်ဝင်တွေ၊ သူတို့ကို ထိဖို့ မစဉ်းစားနဲ့"

ရှီမာယူယန်သည် သူမ လက်အားဖယ်ပြီး ပြောလိုက်သည် "သူတို့ကို ငါဘာမှ မစဉ်းစားပါဘူး၊ ငါ မေးရုံပဲမေးတာပါ... အဲအချိန်တုန်းက မင်း မြေခွေးဟင်းလုပ်တုန်းက သူတို့ကို ချက်လိုက်တာလား"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အဲဒါတွေက တောင်ပေါ်မှာ တိုက်တုန်းက ရလာတဲ့ဟာတွေ" ရှီမာယူယူ လက်ပြန်ရုတ်ကာ မတ်တပ်ရပ်ပြီး ပြောလိုက်သည် "အားလုံးပြီးသွားပြီဆိုရင် ဒီကနေသွားရအောင် ချိပ်ကို အရင်သိမ်းလိုက်ဦးမယ်"

သူမ ကုန်ကြမ်းများကို သိမ်းလိုက်သည်။ ထိုကုန်ကြမ်းများသည် ရရန်ခက်ခဲသည်။ အလဟသ မဖြစ်လိုပါ။

"သွားရအောင် အမွေတွေကို ဆက်ရှာကြမယ်" သူမသည် လင်းတငှက်နှင့် သိမ်းငှက်အားကြည့်လိုက်သည်။ သူတို့က အမွေတွေဖြစ်မလားလို့ သူမ ဘာလို့ခံစားရနေတာလဲ။

အားလုံးသည် ပျံနိုင်သည့် မိစ္ဆာများရထားသော်လည်း ငှက်လေးကျောတွင် ထိုင်လိုက်ကြသည်။ သူ့အတွင် အမြန်ဆုံးဆိုသည့် ဂုဏ်ပုဒ်ရှိသေးသည်လေ။

ငှက်လေးသည် သူတို့အား လယ်ပြင်ဖြတ်ကာ တောင်များကိုကျော်ပြီးခေါ်သွားလေသည်။ လမ်းတစ်လျှောက်တွင် သူတို့မျိုးနွယ်ဝင်များကို မြင်ခဲ့ကြသည်။ ထို့နောက်တွင် သူတောင်တစ်တောင်၏ တောင်ခြေတွင် ဆင်းသက်လိုက်သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 2Where stories live. Discover now