အပိုင်း (၃၁၄) - တည်ဆောက်ခြင်းသခင်များ၏ တိုက်ခိုက်မှုစွမ်းရည်များ

2.6K 268 0
                                    

Zawgyi


ရှီမာယူယူနှင့် တခြားသူများ ပြိုင်ပွဲမြေပြင်သို့ရောက်ပြီး မကြာမီတွင် ပညာရှိစံအိမ်တော်မှ လူများ၊ အဂ္ဂိရတ်ပညာရှင်အသင်း၊ လက်နက်ပညာရှင်အသင်း၊ မိစ္ဆာထိန်းကျောင်းသူသခင်များ အသင်းနှင့် တည်ဆောက်မှုသခင်အသင်းတို့ မြေပြင်သို့ ဝင်ရောက်လာကြသည်။

ပညာရှိစံအိမ်တော်မှ တစ်ယောက်၊ တခြား အသင်းများမှ ၂ယောက်စီနှင့် အားလုံးပေါင်း ကိုးယောက် ဖြစ်သည်။ ပညာရှိစံအိမ်တော်၏ အိမ်တော်သခင်နှင့် မြင့်မြတ်သောသမီးတော်သည် ဝူလင်းယူနှင့် အတူလိုက်ပါကာ နောက်တွင် အသင်းများ၏ သက်ကြီးပုဂ္ဂိုလ်များလိုက်ပါကာ ကြည့်ရှုသူများသည် သူတို့ကို လမ်းရှင်း ပေးထားကြသည်။ ပွဲစီစဉ်သူထဲမှ တစ်ယောက်သည် အရှေ့သို့လာကာ ကြေညာလေသည် "အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်က ဒီနေ့ရဲ့ ပွဲကြေညာသူပါ ဒီနေ့က ဒီပြိုင်ပွဲတွေရဲ့ ပထမဆုံးနေ့လည်းဖြစ်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ အဆင့်တွေ စဉ်ပြီးတဲ့ နှစ်၂၀အတွင်းမှာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်၊ ပြီးတော့ ပညာရှိ စံအိမ်တော်က သခင်ကြီးက ဒီပွဲကို လာကြည့်ပေးတဲ့အတွက် အလွန်ပင် ဝမ်းမြောက်မိပါတယ်၊ ဒီတစ်ခါ ကျွန်တော်တို့ ဖိတ်ကြားမှာတော့....."

ရှီမာယူယူ အချိန်ဆွဲနေသော ပွဲကြေညာသူကို ကြည့်လိုက်ပြီး အဓိပ္ပာယ်မရှိသည့် စကားလုံးများ သူ့ ပါးစပ်မှထွက်လာခြင်းကို အားလုံး၏ အချိန်ကို အချိန်ဖြုန်းပြီးစောင့်စေသည့် အရည်အချင်းကို ချီးကျူးမိသည်။

အချိန်အတော်ကြာသောအခါ ပွဲကြေညာသူ ကြေညာလိုက်သည် "ကျွန်တော်တို့ ဒီနေ့ ပြိုင်ပွဲကို တရားဝင် စတင်ပါပြီ၊ မတူညီတဲ့ စင် ၃စင်မှာ သုံးပွဲ တပြိုင်နက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်၊ မစခင်ကို ပွဲစည်းကမ်းတွေ ကို အရင်ပြောပါမယ်၊ မျိုးနွယ်တွေကနေ မိသားစု ၅စုရှိပါမယ်၊ အကြီးပိုင်းက ပြိုင်ပွဲဝင် ၄ယောက်၊ အလယ် အလတ်အရွယ်က ၈ယောက်နဲ့ အငယ်ဆုံးက ၁၆ယောက် ယှဉ်ပြိုင်ပါမယ်၊ သူတို့က သက်ဆိုင်ရာ ခေါင်းစဉ်နဲ့ ယှဉ်ပြိုင်ရမှာပါ၊ အနိုင်ရတဲ့သူတက်သွားတာနဲ့ ရှုံးတဲ့သူက ပြိုင်ပွဲ ဒုတိယအသုတ်ကို ပြိုင်ရမှာပါ၊ ကောင်းပါပြီ ဒီတစ်ခါတော့ အကြီးပိုင်မျိုးဆက်တွေက စပါမယ်၊ မျိုးနွယ်တစ်ခုစီက ကိုယ်စားပြု ၂ယောက်စီကို စင်ပေါ်ကို လွှတ်ပေးပါ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 2Where stories live. Discover now