အပိုင်း (၃၁၁) - ဟာစွန်ပြန်လာခြင်း

2.6K 283 0
                                    

Zawgyi


နာလန်လန်သည် ရှီမာယူယူ ထိုမေးခွန်းမေးလိမ့်မည်ဟု ထင်မထားပေ။ သူမ မျက်နှာပျက် သွားသော်လည်း ချက်ချင်းပင် ပြုံးကာ ပြောလိုက်သည် "သူနဲ့ မပတ်သတ်တော့တာ ကြာပြီ၊ မင်း ဒီအခြေအနေကို သိချင်ရင် အင်ပါယာမြို့တော်ကို ပြန်ကြည့်ပါလား"

"ထားလိုက်ပါ၊ ငါ ပြန်သွားရင် အရိုက်ခံရလို့ သေမှာကြောက်တယ်" ရှီမာယူယူ ပခုံးတွန့်လိုက်သည် "ပြောလက်စနဲ့ မင်းငါ့ကို ကျေးဇူးတင်ရမယ်မဟုတ်ဘူးလား၊ ငါသာ အဲဒါကို မပြောခဲ့ရင် မင်းကတော့ အမှောင်ထဲမှာပဲနေနေဦးမှာပဲ"

"ဟုတ်တယ် ငါ မင်းကို ကျေးဇူးတင်ရမယ်၊ မင်းသာမဟုတ်ရင် ဒီကိုလာပြီး အတွေ့အကြုံကောင်းတွေ ယူဖို့ ဆုံးဖြတ်မိမှာမဟုတ်ဘူး" နာလန်လန် ပြောလိုက်သည် "ဒီမှာရောက်တော့ အရင်က ကြုံခဲ့တာတွေက ဘ်ာမှ မဟုတ်ဘူးဆိုတာကို သိလာတယ်၊ ငါ့ဘဝက အခုမှစတာပဲ၊ အဲတော့ ငါမင်းကို ကျေးဇူးတင်ရမှာပဲ"

"စကားပြောကောင်းတယ်" ရှီမာယူယူသည် ရှက်ပြုံး ပြုံးလိုက်သည်။

"မင်း အားအရမ်းကောင်းလာတယ်လို့ ကြားတယ်၊ အစတုန်းက မင်းနဲ့ နှစ်ယောက်ချင်းတိုက်ချင်တာ၊ အခုတော့ မင်းက မတိုက်နိုင်ဘူးဖြစ်နေတယ် နှမြောဖို့ကောင်းလိုက်တာ" နာလန်လန်သည် နှမြောသည့် အမူအရာဖြင့် ပြောလေသည်။

"တစ်ခါတစ်လေ နှမြောတာက လှပတဲ့အရာဖြစ်သွားတတ်တာပဲ၊ မဟုတ်လို့ နောက်ကျသွားတဲ့ အခါကျရင် နောင်တရလွန်းလို့ ငိုချင်တဲ့အထိဖြစ်လိမ့်မယ်" ရှီမာယူယူ ပြောလိုက်သည်။

"ဟုတ်မှာပါ" နာလန်လန် ပြောလိုက်သည် "ငါ လုပ်စရာရှိသေးလို့သွားတော့မယ် အရင်အကြောင်းတွေ ပြန်မပြောပဲနေကြအောင်"

ထို့နောက်တွင် သူမသည် ရှီမာယူယူအား ဖြတ်လျှောက်ကာ အဆောက်အဦးထဲသို့ ဝင်သွားလေသည်။

ဘေဂုံထန်သည် ရှီမာယူယူနောက်လိုက်ကာ သူတို့နှစ်ယောက်ပြောစကားများကို နားထောင်ရင်း နာလန်လန်သွားသည်နှင့် ရောက်လာကာ မေးလိုက်သည် "နာလန်လန် အရင်ကနဲ့ မတူတော့ဘူးလို့ မထင်ဘူးလား"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 2Where stories live. Discover now