အပိုင်း (၃၀၈) - လောကအသေးအကြောင်းများ

2.7K 268 0
                                    

Zawgyi


"ငါ ပြဿနာဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်"

ရှီမာယူယူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကို အဘိုးနတ်ဆိုးသိပြီးနောက် စကားပြောရာမှ ခေတ္တမျှ တိတ်ဆိတ်သွားသည်။

သူ လုံ့လရှိသည်ကို မြင်သည်နှင့် ရှီမာယူယူ ခံစားသွားရသည်။

"ဆရာ မစိုးရိမ်ပါနဲ့ မိုရှားက သူ့ခန္ဓာကိုယ်ကလည်း ကျွန်တော့်လိုမျိုးအခြေအနေကို အရင် ဖြစ်ဖူးတယ်လို့ ပြောတယ်၊ သူအခုထိ အသက်ရှင်နေတာပဲ" ရှီမာယူယူသည် သူ့အား နှစ်သိမ့်ရန် ကြိုးစားလိုက်သည် "သူ့မှာအဖြေရှိမယ်လို့ထင်တယ်"

"သူကလည်း အလင်းနတ်ဆိုးခန္ဓာကိုယ်လား" အဘိုးနတ်ဆိုးသည် အံ့သြစွာ မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိမ့်ကာ ပြောလိုက်သည် "မိုရှားက အရင်က အလင်းနတ်ဆိုး ခန္ဓာကိုယ်ရှိတဲ့ လူသားပဲတဲ့၊ နောက်မှ နတ်ဆိုးမျိုးနွယ်ဝင်ဖြစ်သွားတာ"

"အပြင်ကလူတွေက နတ်ဆိုးဘုရင်အကြောင်း အများကြီးမသိကြပေမယ့် ဒီလို လျှို့ဝှက်ချက်ကြီးကို ဖုံးထားပေးမယ်မထင်ဘူး" အဘိုးနတ်ဆိုး သက်ပြင်းချလိုက်သည် "အခု မင်းတို့နှစ်ယောက်က စာချုပ်ချုပ်ပြီးသွားပြီဆိုတော့ မင်းကို သူထိခိုက်အောင် လုပ်မှာမဟုတ်ဘူး၊ မင်း ခုဏကပြောတဲ့ နည်းလမ်းက အလုပ်ဖြစ်နိုင်တယ်"

"ဟုတ် ဖြစ်နိုင်လောက်တယ်" ရှီမာယူယူသည် မသေချာစွာ ပြောလေသည် "အခုတော့ ကျွန်တော့်မှာ စွမ်းအင်အလုံအလောက်မရှိသေးလို့ နည်းလမ်းကို မပြောပြသေးဘူးတဲ့"

"......." အဘိုးနတ်ဆိုးသည် ရှီမာယူယူအား ခေတ္တမျှ တိတ်တဆိတ်ကြည့်ကာ ပြောလိုက်သည် "အဲ နည်းလမ်းရှာဖို့ မင်းကို ကူညီပေးမယ်၊ ငါ ရှာတွေ့ရင် မင်းကို ပြောမယ်၊ တစ်ခုခုလိုတာရှိရင် ငါ့ကိုပြော၊ မင်းရဲ့ စီနီယာအစ်ကိုနဲ့ ငါက တွေ့ဆုံပွဲပြီးရင် ပြန်တော့မှာ၊ မင်း အချိန်ယူပြီး လေ့ကျင့်ပြီး ရနိုင်သလောက် မြန်မြန်အဆင့်တက်"

"ဟုတ်ကဲ့ပါ" ရှီမာယူယူ ပြောလိုက်သည်။

"မင်းရဲ့ နှေးတဲ့ ကျင့်ကြံမှုအရှိန်နဲ့ဆိုရင် ဘယ်တော့မှ အဆင့်တက်နိုင်မှာလဲ" ဝူလင်းယူသည် ရုတ်တရက် တံခါးပေါက်မှ ထွက်လာကာ သူမ၏ လက်ရှိ စွမ်းအားအဆင့်ကို အားမရပေ။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 2Where stories live. Discover now