အပိုင်း(၂၅၄)-မိုရှား၏ ဓားရှည်

2.6K 323 7
                                    

Zawgyi


မိုရှားထွက်လာသည်ကို မြင်သည်နင့် ရှီမာယူယူ သံသယဝင်သွားသည်။

ဝိဥာဉ်စေတီအဖြစ် အောင်မြင်စွာပြုပြင်ပြီးသည့်နောက်တွင် သူပေါ်လာခဲသည်။

"မိုရှား မင်းအပြင်ကိုဘာထွက်လုပ်တာလဲ"

မိုရှား သူမအားပြန်မဖြေပေ။ သူ ဓားရှည်ဓားရိုးကိုပင် တည့်တည့်စိုက်ကြည့်နေလေသည်။ သူရုတ်တရက် သူ့လက်အား အစိုင်အခဲအသွင်ပြောင်းကာ လက်ဖဝါးထဲသို့ ဓားရှည်ဓားရိုးကို ဆွဲလိုက်သည်။

"ဂရုစိုက်...."

သူမ စကားလုံးများမျိုချလိုက်ရသဖြင့် ပြီးအောင်တောင်မပြောလိုက်ရပေ။ အကြောင်းမှာ မိုရှား လက်ထဲတွင် ဓားရှည်ရောက်သွားပြီဖြစ်သောကြောင့်ဖြစ်သည်။ ကြောက်မက်ဖွယ်ရွှီသည် အခုတော ငြိမ်သက် သွားပြီဖြစ်သည်။

"ဒီဓားရှည်ဓားရိုးက မင်းဟာလား" ရှီမာယူယူ မေးရုံအပြင်မတတ်နိုင်ပေ။

မိုရှား သူမအားပြန်မဖြေပဲ ဓားရှည်ကိုသာ ကိုင်ကြည့်နေသည်။ သူ၏ နူးညံ့သော အထိမှာ သူမအား အနည်းငယ် လှုပ်ရှားသွားစေသည်။

"ဒါ သူ့အရင်ဘဝက ဝိဥာဉ်လက်နက်ဖြစ်မယ်" ရှီမာယူယူ တိတ်တိတ်လေး စဉ်းစားမိသည်။

ထို့နောက်တွင် မိုရှား သေတ္တာဘက်လှည့်ကာ အထဲရှိဝိဥာဉ်ကျမ်းစာအုပ်အားယူကာ လှန်ကြည့် လေသည်။ ထို့နောက်တွင် သေတ္တအားယူကာ ဓားရှည်ဓားရိုးအားထည့်ပြီး ပြောလိုက်သည် "သေချာသိမ်းထား၊ မင်း အင်အားမကြီးသေးခင်မှာ ဒီအကြောင်းကို ဘယ်သူမှ မသိစေနဲ့၊ ဘယ်သူမှနော်"

ရှီမာယူယူ သေတ္တာအားယူပြီး မိုရှားအားကြည့်ကာ ပြောလိုက်သည် "ငါအပြင်မှာရှိတုန်းက ဒါက ငါ့ကိုခေါ်တာမဟုတ်ဘူး၊ မင်း ဒီပစ္စည်းကို အာရုံခံမိလို့ ဟုတ်တယ်မလား"

"မင်းက အဲလောက် မတုံးဘူးပဲ" မိုရှားလက်သည် ပြန်လည်ကြည်လင်သွားကာ ပြောလိုက်သည် "ဒီဝိဥာဉ်လက်နက်က ငါအရင်ဘဝက သုံးခဲ့တာပဲ၊ တိုက်ပွဲမှာကျိုးသွားပြီးမှ ဒီလိုနှစ်ပေါင်း အများကြီးကြာမှ ပြန်တွေ့မယ်လို့ထင်မထားဘူး"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 2Where stories live. Discover now