အပိုင်း (၂၈၁) - ငါ့ကို ဆရာလို့သာခေါ်တော့

2.7K 310 0
                                    

Zawgyi


ရှီမာယူယူသည် လီမူကိုအနိုင်ရသောကြောင့် ထိုအခြေအနေသည် နဂါးတန်ပြန်မြို့တော်၏ တုန့်ပြန်မှုမှာ ရူးမတက်ဖြစ်နေကြသည်။ အကြောင်းမှာ အားလုံးသည် လောင်းကြေးအတွက် ပိုက်ဆံဆုံးရှုံးလိုက်ခြင်းကြောင့် မဟုတ်ပဲ အသက်၂၂နှစ်အရွယ် အဂ္ဂိရတ်ပညာရှင်သည် အဆင့် ၄ ရှိသော လီမူထက် အဆင့်မြင့်နေသောကြောင့် ပင်။ ကောင်းကင်မှပေးသော အရည်အချင်းတစ်ခုပင်။

ရှီမာမျိုးနွယ်သည် သူ့အား ထိုနှစ်တွေမှာ ဘာကြောင့် ဖွက်ထားသလဲဆိုသည်ကို အားလုံး ခန့်မှန်းနေကြသည်။ မဟုတ်ရင် သူတို့ ဘယ်လိုလုပ် ဒီလူအကြောင်းကို မသိစရာ အကြောင်းမရှိဘူးလေ။

သူတို့ ဇစ်မြစ်လိုက်လေလေ ရှီမာယူယူ၏ အကြောင်းမှာ ပေါ်လေဖြစ်သည်။

"ဘာ.. သူက လွန်ခဲ့တဲ့ ၂နှစ်က ရှီမာမျိုးနွယ်တစ်ခုလုံးကို ပြောင်းလဲပေးလိုက်တဲ့ ကလေးဟုတ်လား"

"သူက ဒုံချန်းတိုင်းပြည်က ဟုတ်လား"

"ဘုရားရေ လွန်ခဲ့တဲ့ ၂နှစ်က သူက ၁၉နှစ်ပဲရှိသေးတာ၊ သူ ဆိုဖီယာတောင်တန်းကိုတောင် ဖြတ်ရဲတယ်"

သူတို့အဖွဲ့ကလူတွေက အဂ္ဂိရတ်ပညာရှင်တင်မဟုတ်ပဲ လက်နက်ပညာရှင်ရော၊ မိစ္ဆာထိန်းကျောင်းသူ သခင်ရော ပါတယ်ဆိုပဲ၊ ဒီစုပေါင်းမှုကတော့ တကယ်ကြောက်ဖို့ကောင်းတယ်"

"ဟူး ယှဉ်လိုက်ရင်တော့ သေလောက်တယ်"

"အခုချိန်မှာ စိတ်ဓာတ်ကျနေတဲ့သူကတော့ လီမူပဲ သူ့ကိုတွေ့တိုင်း အစ်ကိုကြီးလို့ခေါ်ရတော့မယ်၊ ဟားဟား ကောင်းလိုက်တာ"

"အမှန်ပဲ သူက အမြဲဘဝင်မြင့်နေတာ၊ ဒီတစ်ခါတော့ မြေကြီးပေါ်ရောက်တာပဲ"

"တကယ် နေရထိုင်ရတာ ကောင်းသွားတာပဲ"

ရှီမာယူယူသည် နဂါးတန်ပြန်မြို့တွင် ဂယက်များ ဖန်တီးခဲ့သော်လည်း သူမသည် ထိုအကြောင်းများကို လုံးဝစိတ်မဝင်စားပေ။ သူမသည် စခန်းချရာနေရာသို့ ရှီမာမျိုးနွယ်ဝင်များနှင့် လာပြီး ဗိုက်ဖြည့်နေလေသည်။ စားရန်အချိန်ရောက်ပြီလေ။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 2Where stories live. Discover now