အပိုင်း (၃၂၂) - ရှီမာယူလင်းနှင့် နာလန်ဂျီ တိုက်ခိုက်ခြင်း

4.6K 338 6
                                    

Zawgyi


ရှီမာယူလင်းသည် သန်မာသည်။ ထိုအချက်သည် ရှီမာယူယူအတွက် သံသယဝင်စရာမရှိပေ။ သို့သော် သူမသည် နာလန်ဂျီနှင့် ရှီမာယူလင်းတို့ တိုက်ပွဲကို မြင်တွေ့ခဲ့သည်။ ၂နှစ်အတွင်းတွင် သူ ကြောက်စရာ ကောင်းလောက်အောင် တိုးတက်လာသည်ကို သူမ အံ့သြတုန်းပင်ဖြစ်သည်။ စင်ပေါ်တွင် ရှီမာယူလင်း၏ ဝိဥာဉ်စွမ်းအင်ကြောင် နာလန်ဂျီသည် လုံးဝပင် အရိုက်ခံရကာ ပြေးနေရသည်။ ထို့ကြောင့် သူ၏ ဝိဥာဉ်စွမ်းအင် ထုတ်ရန် အာရုံ မစိုက်နိုင်တော့ပ။ သို့သော် ရှီမာယူလင်းသည် အေးအေးဆေးဆေးဖြင့် သူ့ ဝိဥာဉ် စွမ်းအင်ကို ကြီးမားသော ဓားအသွင်ပြောင်းကာ နာလန်ဂျီအား ခုတ်ရန် လုပ်လိုက်သည်။

"လေပွေ ထွက်ခဲ့တော့" နာလန်ဂျီ အော်လိုက်သည်။

စံတင်ဝိဥာဉ်အဆင့်ရှိသော အံ့ဖွယ်မိစ္ဆာသည် သူ့ဘေးတွင် ပေါ်လာကာ ရှီမာယူလင်းအား ချက်ချင်းပင် စတင် တိုက်ခိုက်လေသည်။

ရှီမာယူလင်းသည် လျင်မြန်စွာပင် သူ့ဓားရှည်ဖြင့် ကျွမ်းကျင်စွာ ကာကွယ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ ဝိဥာဉ်မိစ္ဆာကို ခေါ်ထုတ်လိုက်သည်။

"နောက်ထပ် စံတင်ဝိဥာဉ်အဆင့် အံ့ဖွယ်မိစ္ဆာပဲ" အားလုံးသည် စင်အား အံ့သြစွာ ကြည့်ကာ ပြောလိုက်သည်။

"သူတို့နှစ်ယောက်လုံးမှာ အံ့ဖွယ်မိစ္ဆာ သုံးကောင်စီရှိကြတာ မမိုက်ဘူးလား သူတို့ စွမ်းအားကတော့ တကယ်ကောင်းတာပဲ"

သူတို့နှစ်ယောက်၏ ဝိဥာဉ်မိစ္ဆာများ ရှုံးနိမ့်သွားသော်လည်း နာလန်မိသားစုမှာ ထိုမျှလောက် အားကောင်းမည်ဟု ရှီမာယူယူ ထင်မထားပေ။ နာလန်ဂျီနှင့် ရှီမာယူလင်းတို့၏ ပြိုင်ပွဲမှာ ပြီးဆုံးရန် အချိန်ကြာဦး မည့်ပုံပင်။

လူငယ်မျိုးဆက်များ ပြိုင်ရာတွင် တစ်ပွဲလျှင် တစ်နာရီအတွင်းပြီးသည်။ သို့သော် သူတို့နှစ်ယောက်၏ တိုက်ပွဲမှာ နှစ်နာရီလုံး ကြာသည်။ သို့သော် ရှီမာယူလင်းသည် ဝိဥာဉ်စွမ်းအင် အနည်းငယ်ပို သာသဖြင့် ခက်ခဲစွာ အနိုင်ရလိုကသည်။

You've reached the end of published parts.

⏰ Last updated: Sep 11, 2021 ⏰

Add this story to your Library to get notified about new parts!

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 2Where stories live. Discover now