အပိုင်း(၂၆၉)-တောင်နေကြတ်တိုင်းပြည်မှ ဂယက်များ (၅)

2.5K 302 4
                                    

Zawgyi


ရှီမာယူယူနှင့် တခြားသူများ တည်းခိုဆောင်သို့ရောက်ကာ နားပြီး တစ်ခဏအကြာတွင် ဘေဂုံထန်နှင့် တခြားသူများ ပြန်လာသည်။

"ဘယ်လိုလဲ" ရှီမာယူယူသည် လက်ဖက်ရည်ငှဲ့ရင်း မေးလိုက်သည်။

ဝေကျိရွှီလျှောက်လာကာ ထိုင်ပြီး မပြောခင်ကို လက်ဖက်ရည် တစ်ကျိုက်သောက်ပြီးမှ "ဝူရန်နန်းတော်ကို ပြန်ရသွားပြီ အစက ငါတို့ကို ပြန်လိုက်ပို့ချင်နေတာ ဒါပေမယ့် ငါတို့ကျင့်သားမရလို့ ကိုယ့်ဘာသာပဲပြန်ခဲ့လိုက်တယ်"

ရှီမာယူယူ စားပွဲပေါ်ကို မှီကာ ပြောလိုက်သည် "အဲကောင်ဝူရန်က တောင်နေကြတ်တိုင်းပြည်ရဲ့ ဘုရင်ဖြစ်လာတော့မှာပေါ့"

"ဟုတ်တယ်၊ ငါတို့ထွက်လာတော့ သူ ထီးနန်းဆက်ခံမယ့်အကြောင်းကို လူတွေပြောနေတာကြား ခဲ့တယ်" ဖက်တီးကျူပြောလိုက်သည်။

"နောက်ဆိုရင် ငါတို့တောင်နေကြတ်တိုင်းပြည်မှာ အေးဆေးလျှောက်သွားလို့ရပြီပေါ့ ဟား ဟား ဟား" ရှီမာယူယူ ဟားတိုက်ရယ်မောလေသည်။

သူတို့သည် သူမအား အကဲဖြတ်သလိုနှင့်ကြည့်ကာ ပြောလိုက်သည် "မေ့လိုက်ပါ၊ သူ့ကြောင့် မဟုတ်တောင် မင်း အေးဆေးလျှောက်သွားလို့ရနေတာပဲ"

"အစုတ်ပလုတ် ငါအဲလောက်အားနည်းတာ ဘယ်လိုလုပ် ရဲရဲလျှောက်ရဲမှာလဲ" ရှီမာယူယူ ပြောလေသည် "ဒါပေမယ့် နောက်ရက်ပိုင်းကို ဝူရန်အရမ်းအလုပ်များလောက်တယ်၊ ငါတို့ကို ဂရုစိုက်ဖို့ အချိန်ရှိမှာမဟုတ်ဘူး ငါတို့်အပြင်ထွက်ရင် သတိထားဖို့လိုမယ်"

"အပြင်မှာအားလုံးက အံ့ဖွယ်မိစ္ဆာစီးပြီးရောက်လာတဲ့ အဖွဲ့အကြောင်းပြောနေကြတယ် အားလုံးက မင်းတို့အားလုံးအကြောင်းကို သိချင်နေကြတယ်"

ဝေကျိရွှီလည်း ပြောလိုက်သည် "မင်းတို့အားလုံး မျက်နှာဖုံးတပ်ထားတာကံကောင်းတယ် မဟုတ်ရင် တပ်အုပ်စု တစ်ခုလုံးနဲ့ဆိုရင် သတင်းက မျိုးနွယ်ကြီးတွေထိရောက်မှာ အသေချာပဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 2Where stories live. Discover now