အပိုင်း (၃၁၈) - အရိုးထဲမှ တုန်လှုပ်ခြင်း

2.5K 302 0
                                    

Zawgyi


ဒိုင်လူကြီးသည် စင်ပေါ်မှ ပြိုင်ပွဲဝင်၂ယောက်အား ကြည့်ပြီး ကြေညာလိုက်သည် "ပထမပွဲ အနိုင်ရသူ ရှီမာမိသားစု"

ဆန်းမိသားစုဝင်သည် ဝိဥာဉ်မိစ္ဆာကို ပြန်သိမ်းကာ ရှီမာယူရှင်းအား ခေါင်းညိမ့်ပြပြီး စင်ပေါ်မှ ဆင်းသွားလေသည်။

သူတို့ ဒီလိုပဲ နိုင်သွားတာလား။

"အဆင့် ၆ မိစ္ဆာလေ၊ ငါ့ ဘဝမှာ အဲလောက် အဆင့်မြင့်တဲ့ ဝိဥာဉ်မိစ္ဆာကို မမြင်ဖူးဘူး"

"ပြီးတော့ အဲလောက်အဆင့်မြင့်တဲ့ ဝိဥာဉ်မိစ္ဆာက ဒီမိန်းမငယ်လေးရဲ့ အကောင်ပဲ... အံ့သြဖို့ ကောင်းလိုက်တာ"

"ပြီးတော့ စွမ်းအားကောင်းတဲ့ ထိန်းချုပ်သူမို့လို့ပဲ ဒီလောက်အဆင့်မြင့်တဲ့ ဝိဥာဉ်မိစ္ဆာကို အလွယ်တကူ ခေါ်ထုတ်နိုင်တာ"

"ပြီးတော့ ၂ကောင်တာင်မှ"

"ဒီပြိုင်ပွဲက ခက်တယ်၊ ငါတို့တောင်မှ ဝိဥာဉ်မိစ္ဆာ တစ်ကောင်ရဖို့မလွယ်ဘူး၊ ဒါပေမဲ့ သူတို့မှာ ၂ကောင်ရှိနေတယ်"

"ငါ အခုချိန်ကစပြီး ရှီမာမိသားစု ကိုယ်စားပြုတွေကို မျှော်လင့်နေမိပြီ"

ဆန်းမိသားစု ကိုယ်စားပြုသည် အရှုံးကို စောစီးစွာ ဝန်ခံလိုက်သဖြင့် လူကြီးများ၏ ဆူပူမှုကို ခံရလေသည်။ သူတို့အရည်အချင်းသည် ထိုနေရာတွင် ပြသခွင့်ရှိကာ ပြိုင်ဘက်သည် အရှုံးမပေးမချင်း သူတို့ တိုက်ခိုက်ရန် လိုသည်။

လီမိသားစုဝင်နှင့် နာလန်မိသားစုဝင်များသည် ရွှေပြား ၈၀၀ ရှုံးသွားသည့် သူများထက်ပင် မပျော်မရွှင် ဖြစ်နေကြသည်။

"ဘယ်လိုလုပ် ရှီမာမိသားစုမှာ အဲလို ဝိဥာဉ်မိစ္ဆာရှိနေရတာလဲ" နာလန်မိသားစုဝင်သည် သူ့ဘေးမှ တခြားသော သက်ကြီးပုဂ္ဂိုလ်ကို ဒေါသဖြင့် လှည့်ပြောလေသည် "ရှီမာမိသားစုရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့် ပါလို့ မပြောဘူးလား သူတို့ အံ့ဖွယ်မိစ္ဆာအများကြီးရသွားတာကို ကျွန်တော်တို့ ဘာလို့မသိရတာလဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 2Where stories live. Discover now