အပိုင်း (၂၈၈) - သူက နောက်တစ်ခြမ်းပဲ

2.7K 294 1
                                    

Zawgyi


အဘိုးနတ်ဆိုး၏ စကားများကြောင့် ရှီမာယူယူ အလွန်တုန်လှုပ်သွားသည်။

သူသည် တောင်တစ်ခုလုံးရှိမိစ္ဆာများအားလုံးကို မွန်မြတ်သည့်မြို့တော်အားဖျက်ဆီးရန် အမိန့်ပေးနိုင်ခြင်းမှာ အလွန် အားကောင်းသောကြောင့်ဖြစ်ပေမည်။

"ကျွန်တော် မွန်မြတ်တဲ့မြို့တော်မှာရှိတုန်းက အဲဒီမိစ္ဆာတွေက မကြာသေးခင်ကပဲ ပိုပြီး တော်လှန်လာပြီး သူတို့ တိုက်ပွဲတွေ ကလည်းပိုကြာလာတယ်လို့ နန်းတော်သခင်ပြောတာ ကြားလိုက်တယ်၊ သူတို့နောက်က သတ္တဝါက အရမ်းအားကောင်းနေတယ်ဆိုရင် အဆုံးသတ်တော့မှာ မကြာတော့ဘူး၊ တောင်အောက်က သတ္တဝါက ဘာလဲ ဆိုတာ ကျွန်တော် တကယ်သိချင်နေပြီ"

"မွန်မြတ်တဲ့မြို့တော်က အဲဒီသတ္တဝါကိုနှိမ်နှင်းဖို့ တည်ထောင်ထားတာဆိုရင်တော့ အဲဒါကြီးက ရှိနေတာ ကြာပြီဆိုတဲ့သဘောပဲ၊ အဲလောက်ကြာအောင် နေနိုင်တယ်ဆိုရင် ဘယ်လောက်တောင် အားကောင်း လိုက်မလဲ..." ရှီမာယူယူသည် စဉ်းစားမိသည့်အခါ ကြောက်ရွံ့မိသည်။

အဘိုးနတ်ဆိုးသည် ခိုင်မာစွာပြောလေသည် "အဲအကောင်က မြင့်မြတ်တဲ့လောကက အရာတွေ ထက်အောင် အားကောင်းနိုင်တယ်၊ အဲလိုဆိုရင် ရှေးဟောင်းမျိုးနွယ်တွေနဲ့တောင် ယှဉ်နိုင်တဲ့အားရှိမှာပဲ"

"မိစ္ဆာတစ်သောင်းတောင်၊ သမုဒ္ဒရာကမ်းရိုးနဲ့ ယိလင်းပြည်မကြီးကတော့ ဂယက်တွေထ ကြတော့မှာလား" ရှီမာယူယူသည် စိုးရိမ်မှုများမြင့်တက်ကာ ရေရွတ်လိုက်သည်။ ထိုမြေပေါ်တွင် အဘိုးသာ နေထိုင်ပါက အန္တရာယ် ကျရောက်မည်မှာ အနှေးနှင့်အမြန်ဖြစ်သည်။

"သမုဒ္ဒရာကမ်းရိုးဟုတ်လား အဲမှာ တစ်ခုခုရှိနေတာလား" အဘိုးနတ်ဆိုးသည် အလွန်တုန်လှုပ်သွားသည်။ တိုင်းပြည်တွင် မသိနိုင်သောရှိနေပါက ဖြေရှင်းမရသော ကိစ္စဖြစ်ကာ နှစ်ခုဆိုပါက ဂယက်ကြီးဖြစ်လေသည်။

ရှီမာယူယူသည် သူမတို့ ဝေဒနာမေ့ပျောက်ခြင်းကျွန်းတွေ ဆေးဖက်ဝင်ပစ္စည်းများရှာရင်းနှင့် တွေ့ကြုံခဲ့ရပုံများ နှင့် ထိုနေရာတွင် သူမ နီရဲပျားဘုရင်မကို တွေ့ခဲ့ရကြောင်း ပြောပြလေသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 2Where stories live. Discover now