ညံနေအောင်ချစ်မည် (loving you...

By AdderAries

69.9K 5.2K 610

Completed!! Age Gap (BoyxBoy) Marriage Life! Cover Art_ Adder Aries (Canvas) Started date_ Wed, Dec 8th, 2021 More

Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 10 (Adult Scene 🔞)
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39

Ep 1

10K 307 11
By AdderAries

နွေးထွေးသည့် အထိတွေ့တစ်ခုကို ခံစားသိရှိလိုက်ရသည်။ မျက်လုံးများကတော့ မဖွင့်ချင်သေးသော်ငြား ဘယ်ဘက်လက်မောင်းတစ်လျောက်၌ ထုံကျင်မှုကို ခံစားလာရသောကြောင့် လေးလံနေသော မျက်ခွံများကို ဖွင့်ကြည့်မိ၏။

"ဉာဏ်...ပြောရင် ဦးစက်နား မအိပ်ပါဘူးဆိုတာချည်း၊ ငါ့လက်မောင်းတွေတောင် ကျင်နေပြီဟ၊ ဟိုကောင်လေး ပြောတာကြားလား"

တုပ်တုပ်မလှုပ်သော ဉာဏ့်ကိုကြည့်ရင်း ဦးစက် သက်ပြင်းခပ်လေးလေးတစ်ချက်အား ကျယ်လောင်စွာချမိ၏။ သို့မှ "ဟင်...အင်း" ဆိုသည့်အသံနှင့်အတူ ရင်ခွင်ထဲ ပိုတိုးလာသော ဉာဏ်။

"ဟူး...."

မထိကောင်း မကိုင်ကောင်းသည့်အရာတစ်ခုလို ဉာဏ်၏နဖူးအား ကျန်နေသည့် လက်တစ်ဖက်ဖြင့် တွန်းထုတ်ကာ မိမိလက်ကိုဆွဲထုတ်ရင်း ခဏလောက် ငြိမ်နေရသည်။ ထုံပြီး တဆစ်ဆစ်ကျင်တက်နေသည့် လက်ကို အနားပေးထားရသည်။

ထို့နောက် ကုတင်ခြေရင်းရှိ တိုင်ကပ်နာရီအား လှမ်းကြည့်မိတော့ ခြောက်နာရီထိုးဖို့ ဆယ်မိနစ်လိုသေးသည်။ ထရတော့မည်ဖြစ်သဖြင့် တွန်းထုတ်ထားသည့်အတိုင်း အိပ်ပျော်နေသေးသည့် ဉာဏ့်ဘက်သို့ တစ်ချက်လှည့်ကာကြည့်မိ၏။

ဒီအချိန်မထတတ်တာ ဦးစက်သိတာမို့ ခြေရင်းသို့လျောဆင်းနေသော စောင်အား အသေအချာပြန်ခြုံပေးခဲ့ရင်း ကုတင်ပေါ်မှ အသာဆင်းလိုက်သည်။ အကြောပြေ ခြေဆန့်လက်ဆန့် လုပ်ပြီးသည့်နောက် စားပွဲပေါ်အသင့်တင်ထားသော ရေတစ်ခွက်အား သောက်ကာ အခန်းတွင်းမှ တိတ်တိတ်လေး ထွက်ခဲ့တော့သည်။

ဆောင်း၏အငွေ့သက်လေးဝင်ခါစဖြစ်နေသည့်အလျောက် "အိမ်သူ့စံအိမ်" ဝန်းကြီးအတွင်းတွင် မြေနီလမ်းတစ်လျှောက် ဘေးတစ်ဖက် တစ်ချက်စီ၌ စီတန်းစိုက်ပျိုးထားသော ထင်းရှူးပင်စိမ်းစိမ်းကြီးများအပေါ်၌ နှင်းစက်ကလေးများတင်နေသလိုပင်။ လှေကားပေါ်မှ မဆင်းခင် ပြတင်းပေါက်မှ လှမ်းကြည့်သည်နှင့် ဤမြင်ကွင်းကို မြင်ရသည်။ လန်းဆန်းစေသည့်မြင်ကွင်းဟု ပြောရမလားပင်။

လှေကားထစ်ပေါင်း နှစ်ဆယ်ရှိသည်နှင့်အညီ အတက်အဆင်းလုပ်ရသည်မှာလည်း မလွယ်လှ။ ထို့ကြောင့် စိတ်အေးလက်သာဖြစ်စေရန် အလုပ်ခန်းတောင် အောက်ထပ်မှာထားသည်။ နှစ်ပေါင်း၁၅၀ရှိပြီဖြစ်သော "အိမ်သူ့စံအိမ်"ကြီးကို ထိန်းသိမ်းရသည့် စရိတ်ကလည်းများသလို တစ်ခါတလေလည်း ပျင်းလွန်းလှသည်။ အင်း...မေ့လို၊ ဘယ်ကဘယ်လိုစပြောရမှန်းမသိသည့် ယောက်ျားတစ်ယောက်ရထားတော့ ပျင်းတယ်ဆိုတာထက် တစ်ခါတလေ ဘယ်လိုနေရမယ်မှန်းမသိ။ ယောက်ျားယူတာက မိန်းမယူတာထက် အတော်ကိုကွာသည်။ အလိုက်ကန်းဆိုးမသိတာကပိုဆိုးသေးသည်။

"သူ့အရှင်...ဘယ့်နှယ် ကော်ဖီတွေဖျော်နေတာတုန်း၊ ကျွန်မလုပ်ပေးမှာပေါ့"

ဦးစက်တွေးရင်း တွေးရင်း မီးဖိုချောင်သို့ဝင်ကာ ကော်ဖီဖျော်ရန်ပြင်နေသည်ကိုမြင်သွားသည့် အိမ်စိုးတို့ထဲမှ တစ်ယောက်ခမျာ ပျာယာခတ်သွား၏။ မိမိမှာ ဤစံအိမ်၏ ဆက်ခံသူဖြစ်သောကြောင့် အိမ်စိုးတို့မိသားစုက "သူ့အရှင်"ဟု သုံးနှုန်းခေါ်ဝေါ်ကြသည်။ ဆိုလိုသည်က အိမ်သူ့အရှင်သခင်ပေါ့လေ။

"ဪ...ရပါတယ်၊ ကျွန်တော် လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ အသင့်ဖြစ်အောင်ပါ၊ ကိုယ့်ဘာသာလုပ်စရာရှိတာလုပ်ပါ ရခိုင်မ"

ရခိုင်မဆိုသည့်အတိုင်း အိမ်စိုးတို့မိသားစုတစ်မျိုးလုံးသည် ရခိုင်မျိုးရိုးဖြစ်သဖြင့် နာမည်အထူးတလည်မှတ်ထားစရာမလို။ ဦးရခိုင်၊ ရခိုင်မ၊ အငယ်မနဲ့ အငယ်ကောင်ဟူ၍သာ ခေါ်လေ့ရှိသည်။

"ဒါဆိုလည်း လေ့ကျင့်ခန်းသာ ဖြောင့်ဖြောင့်လုပ်ပါ သူ့အရှင်ရယ်၊ ကျွန်မ စီစဉ်ထားပေးမယ်၊ သူ့အရှင် မနက်စာ ဘာစားချင်လဲ၊ သူ့အရှင် ခင်ပွန်းက ထောပတ်ဘိန်းမုန့်စားချင်တယ်ဆိုလို့ ကျွန်မ ဈေးထဲဆင်းမှာမို့လို့ပါ"

"ဘယ်တုန်းကလဲ"

"ရှင်...သူ့အရှင် ဘာကိုပြောတာလဲ"

"ဘယ်တုန်းက ဉာဏ် ဘိန်းမုန့်စားချင်တယ် ပြောလိုက်တာလဲလို့"

"ဪ...မနေ့ညက ဗိုက်ဆာတယ်ဆိုပြီး ရေခဲခန်းထဲ စားဖို့လာရှာတာ၊ ကျွန်မနဲ့တိုးလို့ ခေါက်ဆွဲပြုတ်လေးလုပ်ကျွေးလိုက်သေး၊ ကြက်ဥလေးပါ အဆစ်ထည့်ပေးလိုက်တယ်၊ အဲ့ဒါသူစားတာ ဘေးကနေစောင့်ပေးနေတာ၊ အဲ့မှာ သူပြောတာ သူ့အရှင်"

ရခိုင်မဆိုသည်မှာ တစ်ခုခုပြောရင် လိုရင်းရောက်ဖို့ စီကာပတ်ကုံးပြောပြတတ်တာ သူမအကျင့်မို့ ဦးစက် အံ့ဩမနေတော့။ ခေါင်းသာညိမ့်ပြခဲ့သည်။ ရေခဲသေတ္တာဟုပြောရန် ဘယ်လိုပြောပြပြ ရေခဲခန်းပဲပြောနေတာမို့ ထပ်လည်းမပြင်ပေးချင်တော့။ မသိရင် ကြက်သီးထစရာပင်။

မနက်တိုင်းပြေးနေကြမို့ ဦးရခိုင်က မနက်ခြောက်နာရီဆယ့်ငါးအတိဆို အိမ်ရှေ့၌ တိုက်ချွတ်ပြီးသားအသင့် ဝေါ့လ်ခ်ကင်းရှူးတစ်ရံ ချထားပေးသည်။ စံအိမ်ဝန်းကြီးတစ်ပတ် လိုက်ပြေးရတာ တစ်နာရီကျော်ကြာသည်။ တောအုပ်သေးသေးလေးလည်းရှိတာမို့ တစ်ခါတစ်ရံ ရှဉ့်လေးများစားဖို့ မြေပဲဆံလေးများ အိတ်ကပ်ထဲ ထည့်သွားရသည်။

ပြေးနေရင်း လမ်းခုလတ်တစ်နေရာသို့အရောက် ခေတ္တမျှရပ်ကာ အနားယူသည်။ သူသိပ်သဘောကျသည့် စိန်ပန်းပင်ကြီးနှစ်ပင်ကြား လမ်းခုလတ်နေရာလေး၌ဖြစ်သည်။ ကုန်းမြင့်လေးလိုဖြစ်နေသည့် ပြန့်ဖြူးနေသော ထိုနေရာ၌ ဖင်ပြားချထိုင်ကာ တစ်စွန်းတစ်စမြင်နေရသော စံအိမ်ကြီးထိပ်ဖျားကို ငေးကြည့်မိသည်။

သူ့လက်ထပ်ပြီးလို့ မျိုးဆက်မရှိတော့ရင် ဒီစံအိမ်ကြီးကို ရောင်းပစ်တာမျိုး ဂေဟာဆောက်တာမျိုး လုပ်သင့်တယ်ဟု မာမီ့စကားများကို နားထဲကြားယောင်လာသည်။ တကယ်တမ်း အဲ့သလို သူမလုပ်ချင်ပါ။ မျိုးဆက်လေးတော့ ဆက်လက်ရှိသွားစေချင်သည်။ သို့သော် သူ၏ ယခုအခြေနေက မဖြစ်နိုင်။ အိမ်ထောင်သုံးဆက်မြောက်၌ သိပ်ကိုသေချာသွားသည်။ မျိုးဆက်ရဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တော့တာ။

ပထမ၊ ဒုတိယအိမ်ထောင်တွေက သိပ်ကိုရိုးရှင်းပါလျက် ဉာဏ်နဲ့မှ ဘာလို့ရှုပ်ထွေးသွားတယ်ရယ်မသိ။ ဉာဏ့်အမေနဲ့လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် စီစဉ်တဲ့အတိုင်းမဖြစ်သွားခဲ့ပေ။

ယခုမှ လက်ထပ်ထားတာ တစ်ပတ်ပဲရှိသေးတာမို့ ဉာဏ့်အကြောင်းကို သူသိချင်သလောက်မသိရသေးသလို ဉာဏ်ဆိုတာကလည်း သူ့အကြိုက်ပုံစံတစ်စက်မှ ဟုတ်မနေ။ ဘယ်တော့ ဘာထဖြစ်ဦးမလဲမသိ။

တွေးချင်ရာတွေးပြီး စံအိမ်တစ်ပတ်ပတ်ပြီးနောက် ရနံ့သင်းသင်းဖြင့် ကြိုဆိုနေသော ကော်ဖီတစ်ခွက်ကို တွေ့မိသည်။

"ကော်ဖီဖျော်ထားတာလား၊ နည်းနည်းတိုက်"

ကော်ဖီနံ့ရလို လန်းဆန်းကာစရှိသေး အနောက်မှရောက်လာသူ ဆံပင်ဘုတ်သိုက်နှင့်တစ်ယောက်က အိပ်မှုန်စုန်ဝါးရုပ်ဖြင့် တောင်းသောက်သံကိုကြားလိုက်ရသည်။

"မျက်နှာမသစ်ရသေးဘူးမလား"

အသံဩဇာက ဟိန်းနေသည်ကတစ်ကြောင်း၊ အရပ်ရှည်နေသည်ကတစ်ကြောင်းမို့ ဉာဏ်တစ်ယောက် ညာဘက်မျက်လုံးကိုပွတ်ကာ မျက်ချေးနှိုက်နေရင်းမှ ခေါင်းညိမ့်ပြမိသည်။

"မျက်နှာအရင်သစ်ပြီးမှ စားချင်တာစားရမယ်လေ၊ ကိုယ်မနေ့ကလည်းပြောတယ်၊ မနေ့တစ်နေ့ကလည်း ပြောခဲ့တယ်"

"ဒါဆို ဒီနေ့လည်းထပ်ပြောတာပေါ့နော်"

မသိချင်ယောင်ဆောင်တာလား၊ ရွဲ့တာလား မသေချာသည့် အမုအယာရာပိုင်ရှင်က ဦးစက်ကိုကျော်ကာ ကော်ဖီခွက်ဆီ လက်လှမ်းနေလေပြီ။

"ဉာဏ်"

ခပ်ပြတ်ပြတ်ထပ်ခေါ်လာသောအသံကြောင့် ကော်ဖီခွက်ကိုင်ထားရင်း လှည့်ကြည့်မိသည်။

"အဲ့ဒါ ကိုယ့်ခွက်၊ ဉာဏ်သောက်ချင်ရင် မျက်နှာအရင်သွားသစ်၊ ထည့်ထားပေးမယ်"

ထိုသို့ပြောတော့ မီးဖိုခုံကို ပြန်လှည့်ကြည့်သည်။ ကော်ဖီခရားထဲ ရှိနေသေးသော နှပ်ထားပြီးအသင့်ကော်ဖီရည်ကိုမြင်သွားပြီးနောက် လက်ထဲမှ ကော်ဖီခွက်လေးချထားပြီး လှုပ်တုပ်တုပ်နှင့် ခွက်တစ်ခွက်ဆွဲယူကာ ကော်ဖီထည့်သည်။

"မင်း ကိုယ့်ကို ရွဲ့နေတာလား"

"ဟင်"

ခြေလှမ်းကျယ်ကြီးဖြင့် အနားသို့စွေ့ခနဲရောက်လာသော ဦးစက်ကြောင့် ဉာဏ်လန့်သွားသည်။

"ကိုယ်မျက်နှာသစ်လို့ပြောနေတာ ကြားလား၊ နားပါလား"

"မအော်ပါနဲ့ ဦးစက်ကလည်း....အိမ်မှာလည်း ဒီလိုပဲနေနေကြပါ၊ မာမီက ဘာမှမပြောတဲ့ဥစ္စာ"

"အဲ့ဒါ ဂျူး၊ ဒါက ကိုယ်၊ အခုချက်ချင်းမျက်နှာသွားသစ်"

ဉာဏ့်လက်ထဲမှ ကော်ဖီခွက်ကို ‌ဆွဲလုယူကာ သုန်မှုန်နေသည့်မျက်နှာထားပိုင်ရှင် ထိုကောင်လေးနှင့် အကြည့်ချင်းဆိုင်ဖြစ်နေကြသည်။

"ဦးစက်နော်၊ သားတို့က တကယ်ယူထားတာမဟုတ်ဘူး၊ မာမီတို့ကြောင့်ကို၊ ဘာလို့ သားကို အနိုင်ကျင့်နေတာလဲဗျ"

"မျက်နှာသစ်ခိုင်းတာ ကိုယ်က အနိုင်ကျင့်နေတာလား"

"ဦးစက်က လာအော်နေတာကိုး...."

"အေး နေဦး"

ဦးစက်တစ်ယောက် ဘာလုပ်လိုက်သည်ဟု ထင်ပါသနည်း။ ကော်ဖီတစ်ခွက်လုံးကို ဉာဏ်၏ခေါင်းပေါ်မှစ၍ လောင်းချပေးလိုက်ပါတော့သည်။

"အ အ ပူတယ်လေ၊ ဟာ....ရူးနေပြီလား ဦးစက်၊ ဦးစက်နေဟိန်း!"

"အခုမျက်နှာပါမက တစ်ကိုယ်လုံးရေချိုးလို့ရသွားပြီမလား၊ ဒါကမှ ကိုယ်တကယ်အနိုင်ကျင့်တာ၊ ခံလိုက်"

ထိုသို့ပြောပြီး ခွက်ကိုချကာ အေးအေးလူလူပင် သူ့ခွက်သူယူပြီး မီးဖိုခန်းမှ ထွက်သွားသော ဦးစက်ကိုကြည့်ရင်း ဉာဏ် ဒေါသဖြစ်ကာ ကျန်ခဲ့ရသည်။ တကယ်လည်း သူရေချိုးရတော့မည်။ တော်တော်ကို စိတ်ထားမကောင်းတဲ့ ဘိုးအေကြီးဟု စိတ်ထဲကျိန်ဆဲကာ အပေါ်ထပ်ရေချိုးခန်းသို့ ပြန်ပြေးရပါသော ဉာဏ်ရှင်စော။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

"ဉာဏ်....ကိုယ်နဲ့အပြင်လိုက်ချင်လား"

နေ့လယ်နေ့ခင်း ဆွေမျိုးမနီးမဝေးတို့ထံ သွားလည်ဦးမည်တွေးထားသောကြောင့် ဆိုဖာပေါ်အားယားမှောက်ကာ TVကြည့်နေသော ခင်ပွန်းလေးကို စကားခေါ်ကြည့်သည်။ မနက်တည်းက ရေချိုးလိုက်ရသောကြောင့် သန့်ပြန့်ပြီး လူရုပ်သူရုပ်လေးပေါက်နေချိန်မို့လည်း စက်နေဟိန်းခေါ်ခြင်းဖြစ်သည်။

"‌ဆိုင်ကယ်နဲ့သွားရမှာလား၊ ကားနဲ့လား"

"ရဟတ်ယာဉ်နဲ့လေ အိမ်ရှေ့တောင်ရောက်နေပြီ"

ဦးစက်နောက်နေပြီမှန်းသိလိုက်သောကြောင့် နှာခေါင်းရှုံ့ကာ ရယ်မိသွားသည့် ဉာဏ်။

"လိုက်မယ်၊ သားတော်တော်ပျင်းနေပြီ၊ ဟန်းနီးမွန်းလား ပျင်းနီးမွန်းလား မသဲကွဲတော့ဘူး"

ဆိုဖာပေါ်ကဆင်းတာကို ရိုးရိုးမဆင်း။ ကင်းမှီးကောက်ထောင်ဆင်းနေပါသော ဉာဏ့်ကိုကြည့်ရင်း စက်နေဟိန်းသက်ပြင်းချမိသည်။ ကြီးပေါဟုခေါ်ရအောင်လည်း အဲ့လိုပေါနေတာမဟုတ်။ အလုပ်အကိုင်က မားကတ်တင်းဝန်ထမ်း။ ကျပ်မပြည့်တာလို့ပဲ သတ်မှတ်လို့ရမည်။

"ဪ ဒါနဲ့ ဦးစက်....မနက်ကရေချိုးပြီး ရေမွှေးနည်းနည်းယူသုံးထားတယ်နော်၊ အရမ်း‌မွှေးနေတာနဲ့ မနေနိုင်တော့လို့"

"ဒါကြောင့် ရေမွှေးပုလင်းက တစ်ဝက်ကျိုးသွားတာကိုး"

"နှစ်စက်တည်းစွတ်တာပါ"

"ကဲ...လာ လာ"

ဒီကောင်လေးကို စက်နေဟိန်းသတိထားမိသည်က စိတ်ဆိုးတာမျိုး စိတ်ကောက်တာမျိုးသိပ်မရှိ။ မနက်ကလို အပြုအမူမျိုးရှိထားပါက စက်နေဟိန်းတို့ဆို တစ်သက်လုံးရန်သူတောင်ဖြစ်သွားနိုင်သည်။ ဉာဏ်ကတော့ ဘာမှမဖြစ်သည့်အပြင် မှတ်တောင်မှတ်မိတော့ရဲ့လားမသိ။ အေးပေါ့ သူ့လုပ်ပုံတွေက စက်နေဟိန်းမျက်လုံးထဲ ပြောချင်စရာတွေကြီးပင်။ တစ်ခါတလေ ကိုယ့်ကိုယ်ကို ဆုံးမထားရသည်။ ယောက်ျားယူထားတာ မိန်းမယူတာနဲ့ကွာတယ်ဟူ၍....။

"ဦးစက် မာမီက ဘယ်တော့မှ ရန်ကုန်ပြန်ရမယ်လို့ ပြောလဲဟင်"

"ပြန်ချင်နေပြီလား ဉာဏ်က"

"ပြန်ချင်တာပေါ့၊ အလုပ်လည်းဖျက်ထားရတာ၊ နောက် ဒီမှာက ပျင်းစရာကြီး၊ ဒီစံအိမ်ကြီးထဲနေရတာလည်း သားကြောက်တယ်"

ဉာဏ့်စကားကြောင့် အသံထွက်ကာ ရယ်မိသွားသည်။ ရန်ကုန်မှာတောင် အတူမအိပ်ဘူးလုပ်သေးတာ၊ ဒီလည်းရောက်ရော စံအိမ်ရဲ့အရှိန်အဝါတွေကိုလန့်ပြီး ဦးစက် အတူအိပ်မယ်ဖြစ်သွားတာပဲ။

"သားကလည်း ကြောက်တယ်ဆိုတာကြီးပဲနော်၊ သားလို့ မသုံးနဲ့ဆိုတာလည်း ဘယ်နှခါလောက်ရှိပြီလဲ၊ ဘာလဲ ကိုယ့်အဖေမတော်လိုက်ရလို့ နှမြောနေတာလား"

"ဟေ့ ဟေ့ အဲ့အကြောင်းပြန်မစနဲ့"

ဉာဏ်၏ ကိုက်စားမတတ်အော်သံကြီးကြောင့် စက်နေဟိန်း အားပါးတရရယ်ချတော့သည်။ ကြာတော့ ဉာဏ်လည်းအတူ လိုက်ရယ်လာတာပါပဲ။

"ကိုယ်တကယ်ပြောနေတာ၊ ကိုယ်တောင် အခေါ်ဝေါ်တွေပြောင်းသုံးနိုင်သေးတာပဲ၊ ဉာဏ်ကဘာလို့မပြောင်းနိုင်ရတာလဲ"

"ဦးစက်က တကယ်လည်း သားထက် အနှစ်နှစ်ဆယ်ကြီးနေတာလေ၊ မာမီကမှ ဦးစက်ထက် သုံးနှစ်ပဲကြီးတာကို၊ သားလို့မသုံးလို့ ဘယ်လိုသုံးရမှာလဲ"

"ကျွန်တော်လို့သုံးလည်းရပါတယ်ကွာ၊ အခုက နားထဲကန့်လန့်ကြီး၊ သားလို့ပြောတိုင်း အေး သားလေးပဲ ပြန်ပြောရတော့မလို ခံစားချက်ကြီး"

"ဟား ဟား ဟား"

"ဘာရယ်တာတုန်း"

ဘာတွေသဘောကျမှန်းမသိကျနေတဲ့ ဉာဏ်ပါ။ ကားပြတင်းပေါက်ဘက်ကို လှည့်ပြီး တအားကို အော်ရယ်နေတာ။

"အဟွတ် အဟွတ်၊ ဪ ဘယ်ကပိုးကောင်လဲ ပါးစပ်ထဲ ဝင်ကုန်ပြီ"

"ဝင်မှာပေါ့၊ အဲ့လောက်ပါးစပ်ဟထားမှတော့၊ ရော့ ရေသောက်ချလိုက်"

စက်နေဟိန်းပေးသည့် ရေဘူးအားယူကာ ချောင်းဆိုးလိုက် ရေသောက်လိုက်လုပ်နေသော ဉာဏ်။

"ဒါနဲ့ သားတို့ဘယ်သွားတာလဲ"

ရောင်းစားမယ်ဆိုရင်တောင် ရောင်းစားခံရနိုင်သည့် ဉာဏ်။ ဘာမှလည်းအရမ်းမတွေး၊ လုပ်ချင်တာလုပ်တတ်သည့်အကျင့်ရှိတာဖြစ်မည်ဟု စက်နေဟိန်းတွေးလျက် အဖြေပြန်မ‌ပေးဘဲ ဆွေမျိုးများရှိရာသို့....။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

"ဟယ်...."

ကားပေါ်မှ ဆင်းဆင်းချင်းထွက်လာသော ဉာဏ်၏အသံဖြစ်သည်။ ယောင်စရာစကားလုံးရှားလို့ "ဟယ်" တဲ့လား။ မလိုက်ဖက်ရန်ကောဟုတွေးရင်း စက်နေဟိန်းပါ ကားပေါ်ကဆင်းလိုက်သည်။

မြန်မာမှုအထူးပြုဆောက်ထားသော အိမ်ကြီးရခိုင်ဖြစ်သောကြောင့် ဉာဏ်အံ့ဩသွားခြင်းဖြစ်သည်။ ရေနံချေးသုတ်ထားသောကြောင့်လည်း အိမ်ကြီးက မဲမဲကြီးဖြစ်နေသည်မှာ နည်းနည်းလန့်ချင်စရာကောင်းသည်။

"ဦးစက် ဒါ ဘယ်နေရာကြီးလဲ"

အနားကို ချက်ချင်းရောက်လာကာ လက်ကိုမကိုင်ရုံတမယ် ကပ်နေသော ဉာဏ့်ကိုကြည့်ရင်း စက်နေဟိန်းပြုံးလျက်....

"ကိုယ်တို့အမျိုးတွေနေတဲ့အိမ်လေ"

"ဒီလိုနေရာကြီးမှာလား၊ အီး ကြည့်လိုက်တာနဲ့တင် ကြက်သီးထစရာကြီး"

"ကဲ...လာ၊ အိမ်ထဲရောက်ရင် လျှောက်မသွားရဘူး၊ ကိုယ့်အနားပဲနေနော်"

စက်နေဟိန်းသည် ဉာဏ့်လက်တစ်ဖက်ကိုဆွဲလေတော့....

"အယ် ဦးစက်ကလည်း လိုလို့လား"

"ကိုယ်တို့က ယူထားတာ မေ့မနေနဲ့ဦး"

"ဒါမယ့် တကယ်မှမဟုတ်တာလို့ ဦးစက်ပဲပြောပြီးတော့...."

"လျှာအရမ်းရှည်တာကတော့ ဉာဏ်ရှင်စောကို လိုက်မမီလောက်ဘူး၊ လာစမ်းကွာ"

ဉာဏ်ကသူ့ထက်တော်တော်ငယ်လို့သာ စက်နေဟိန်းသည်းခံနေရတာ။ မဟုတ်လျှင် သူ့စိတ်အတိုင်းသာဆို ဒီကောင်လေးအရိုးကြေနေလောက်ပြီ။

"ဟာ သူ့အရှင်ပါလား၊ လာ လာ ထိုင်ကြပါဦးခင်ဗျ၊ မေမေကြီးကို သွားခေါ်ပါဦးမယ်"

သန့်ရှင်းသပ်ရပ်လှသည့် အိမ်ကြီး၏ အတွင်းအပြင်အဆင်ကို သဘောကျစွာဖြင့် ဉာဏ်လိုက်ကြည့်နေမိသည်။ နံရံတွင် ချိတ်ဆွဲထားသည့် ဓားရှည်များနှင့် ဓာတ်ပုံများကိုကြည့်ခြင်းဖြင့် ဤအိမ်သည် ရှမ်းရိုးရာ အိမ်ကြီးတစ်အိမ်ဖြစ်မှန်း ဉာဏ်သဘောပေါက်လိုက်သည်။

"ဦးစက်အမျိုးတွေက ရှမ်းတွေလား"

ဘေး၌ ကျုံ့ကျုံ့လေးထိုင်ရင်း ရုတ်တရက်ကြီး လှည့်မေးလိုက်သောကြောင့် ဉာဏ့်မျက်နှာက စက်နေဟိန်းနှင့် တော်တော်နီးနီးကပ်ကပ်ရှိသွားသည်။

"အင်း"

တကယ်ယူထားထား မယူထားထား စက်နေဟိန်းစိတ်ထဲတော့ ဉာဏ်က ကိုယ့်အမျိုးသားဟုသတ်မှတ်ထားတာကြောင့် ရင်မခုန်ဘူးဟုပြောလျှင် ညာရာကျမည်။ ဉာဏ်ကတော့ မသိ။ ဟိုငေး သည်ငေးဖြင့် စပ်စုကောင်းတုန်း။

"မေမေကြီးလာပါပြီခင်ဗျ"

မေမေကြီးဆိုသည့်အတိုင်း ခမ်းနားထည်ဝါသောအသွင်အပြင်ရှိသည့် အမျိုးသမီးကြီးတစ်ဦးဖြစ်သည်။ ပိုးဖဲသား အင်္ကျီအစိမ်းပြောင်နှင့် ခြေမျက်စိဖုံးသည်အထိဝတ်ဆင်ထားသော ရှမ်းရိုးရာထမီက ဤအမျိုးသမီးသည် သူမရိုးရာကို မည်မျှထိန်းသိမ်းကြောင်းသိသာသည်။

"သူ့အရှင် မင်းက အကြောင်းမကြား ဘာမကြားပါလားကွဲ့"

"ဟုတ်တယ် မေမေကြီး၊ အိမ်သူ့စံအိမ်ရောက်နေတာ တစ်ပတ်လောက်ရှိပြီ၊ မေမေကြီးတို့ညီအစ်မတွေနဲ့မတွေ့ဖြစ်တာလည်းကြာတာနဲ့ ဆိုင်းမဆင့် ဘုံမဆင့်ရောက်လာတာပါ"

မေမေကြီးဆိုသူက ဉာဏ့်ကို စူးရှသည့်အကြည့်များဖြင့် ခေတ္တစိုက်ကြည့်ပြီးနောက်....

"မင်းလက်ထပ်ထားတယ်ဆို"

"ဟုတ်ကဲ့၊ ကျွန်တော့်အမျိုးသားပါ၊ ဉာဏ်ရှင်စောလို့ခေါ်ပါတယ်"

"မေရီက နိုင်ငံခြားရောက်ရုံတင်မကဘူး၊ သူ့အတွေးတွေကိုပါ တစ်ခါတည်း ချစားလာပစ်တာပဲ၊ သူ့အရှင် မင်းတော့ မေရီနဲ့ အခက်တွေ့ရပြီမလား"

စက်နေဟိန်းနှင့် ဉာဏ်တို့ လက်ထပ်ပွဲကို မေမေကြီးတို့တစ်အိမ်လုံး မလာခဲ့ကြသည်မှာ လိင်တူချင်းလက်ထပ်တာကို အားမပေးကြောင်း သိသာနေခဲ့သည်။ ယခုလည်း ဉာဏ့်ကိုကြည့်ပြီး နှိမ်နေပြီကို စက်နေဟိန်းသဘောပေါက်သည်။ ဉာဏ်ကတော့ နားလည်လား၊ နားမလည်လားတော့မသိ၊ စက်နေဟိန်းကတော့ ဉာဏ့်လက်ကို သေချာဆုပ်ကိုင်ပေးထားစမြဲ။

"မာမီကတော့ သူ့ပုံစံအတိုင်းလေးပါပဲ မေမေကြီး၊ ကျွန်တော်လည်းပဲ အဆင်ပြေပါတယ်ခင်ဗျ၊ ဉာဏ်....ဒါက ကိုယ့်မာမီရဲ့ အကြီးဆုံးအစ်မ မိုးလိပ်ပြာမယ်၊ မာမီ့မှာ ညီအစ်မ လေးယောက်ရှိတာ၊ မာမီက အငယ်ဆုံးပေါ့"

အကြည့်မလွှဲဘဲ နားထောင်နေသည့်ဉာဏ်ဟာ ခေါင်းညိမ့်ပြသည်။ ထို့နောက် မေမေကြီးဘက်သို့လှည့်ကာ....

"တွေ့ရတာဝမ်းသာပါတယ် ကြည်းကြည်း"

တွေ့လား၊ အလိုက်မသိဘူးဆိုတာ ဒီလိုတွေ၊ မေမေကြီးခေါ်နေရင် ‌မေမေကြီးလိုက်မခေါ်ဘူး။ ကြည်းကြည်းတဲ့။ စက်နေဟိန်းသည် ဉာဏ့်လက်ကို ညစ်လိုက်ကာ အသိပြန်ပေးမိသည်။ ထိုသို့ကျပြန်တော့လည်း....

"အ့ ဦးစက်ကလည်း လက်ကိုအရမ်းမညစ်နဲ့လေ၊ နာတယ်"

စက်နေဟိန်းတစ်ယောက် စိတ်ကိုထိန်းရင်းပင် ရယ်မောလိုက်ကာဖြင့်....

"မေမေလေးတို့၊ မေမေလတ်တို့ရော"

"ဒီနေ့ကိစ္စရှိလို့ လူတွေ့မခံဘူး"

"အာ....ဒါဆို ကျွန်တော် အိမ်ထဲပတ်ကြည့်ဦးမယ်လေ မေမေကြီး"

"ငါ့ဘုရားခန်းကိုတော့ တက်ကန်တော့စရာမလိုဘူး၊ ကန်တော့ချင်ရင် သူ့အရှင် မင်းပဲကန်တော့"

‌မေမေကြီးသည် ဉာဏ့်ကိုသဘောမကျတာ တော်တော်သိသာသည်။ မေမေကြီးဘုရားခန်းသည် နတ်ကြီးသည်ဟုပင်ပြောရပေမလား။ မေမေကြီးမကြိုက်သည့်သူ ဝင်ကန်တော့လျှင် တစ်ခုခုဖြစ်တတ်သည်။ ဤသည်ကို သိထားသော စက်နေဟိန်းကလည်း ဉာဏ့်ကို အဲ့လိုအဖြစ်ခံမှာတော့မဟုတ်။

"ဦးစက် ကြည်းကြည်းက အပေါက်ဆိုးမယ့်ပုံကြီးနော်"

လှေကားပေါ်ရောက်သည်နှင့် လက်မောင်းကိုလာကုပ်ကာ အတင်းကပြောတော့သည်။

"ဘယ်ကကြည်းကြည်းလဲ၊ မေမေကြီးလို့ခေါ်၊ နည်းနည်းအလိုက်သိပါကွ"

"သားက မာမီနဲ့ ဦးစက်မာမီကလွဲ ကျန်တဲ့သူကို မာမီလို့မသတ်မှတ်နိုင်ပါဘူးနော်"

"နေရာနဲ့ အချိန်အခါဆိုတာရှိတယ်လေ ဉာဏ်၊ ဒါကလည်း ကိုယ်တို့အခေါ်ဝေါ်လေ၊ ဟိုလို အမေသဘောမျိုးလည်းမဟုတ်ဘူး"

"ဦးစက်တို့က ဘာလို့ မေမေကြီးခေါ်တာလဲဟင်"

"ဒီအိမ်ကြီးကို သူ့ရဲ့သားသမီးလိုစောင့်ရှောက်ပြီး ဆွေစဉ်မျိုးဆက်မပျက်အောင် ထိန်းသိမ်းထားနိုင်လို့လေ၊ ဒါပေမယ့် ကိုယ့်မာမီကတော့ သူတို့အားလုံးနဲ့ ဆန့်ကျင်ဘက်တွေလုပ်ပြီး လားရာမတူခဲ့ဘူးဆိုပါတော့၊ အခု ကိုယ်တို့နှစ်ယောက်ယူထားတာပဲကြည့်လေ"

"သား မာမီမှာတော့ အဲ့လိုတွေမရှိတာတော်သေးတယ်၊ ဟီးဟီး မာမီကအမျိုးလည်းနည်းတော့ သားဆို အခုလိုစိတ်ရှုပ်စရာတွေမရှိဘူး"

"မသိရင် အမျိုးများတဲ့ ကိုယ်ကပဲ စိတ်ရှုပ်စရာကြီးလိုပဲနော်၊ ပြောတဲ့ပုံက"

"ဟာ အဲ့လိုပြောတာမဟုတ်ဘူး၊ ဦးစက်တို့ဆို ဟိုအမျိုးအိမ်သွားရင် ဟိုလိုနေ၊ ဒီအမျိုးအိမ်လာရင် ဒီလိုနေနဲ့ ရှုပ်နေတာကိုပြောတာပါ"

သူအခုမှ ပထမဆုံး စက်နေဟိန်းအမျိုးအိမ်ရောက်ဖူးတာကို၊ အများကြီးရောက်ဖူးတဲ့ပုံစံပြောနေပြန်ပြီ။ တကယ်ကို ဘယ်လိုဟာလေးမှန်းမသိတာ။

"အစ်..."

အပေါ်ထပ်သို့ ရောက်ရောက်ချင်း စက်နေဟိန်းအဘီဖြစ်သူ၏ ပုံတူသစ်သားပန်းပုရုပ်ကြီးကိုမြင်ပြီး လန့်သွားကာ ကျို့ထိုးသွားသော ဉာဏ်။

"ဒါ ကိုယ့်အဘီ ရာဇသက္ကရာဇ်၊ သူက ဘယ်လိုပြောမလဲ၊ ဟိုးတုန်းက နာမည်အရမ်းကြီးတဲ့ မှော်ဆရာလို့ မေမေကြီး ပြောဖူးတယ်"

"ကြောက်စရာကြီး၊ သားမကြည့်ရဲတော့ဘူး၊ မသိရင် သားကိုကြည့်နေတာကြနေတာပဲ"

"အေးပါကွာ၊ ဟက်...ထပ်မြင်ရဦးမှာ မပူနဲ့၊ လာ"

စက်နေဟိန်း လက်ဆွဲခေါ်ရာနောက်ပါသွားကာ နောက်ထပ် ဒီလိုအရုပ်ကြီးတွေရှိသေးတာလားဟုတွေးရင်း ကြက်သီးထလာမိသည်။

ထို့နောက် အခန်းတစ်ခန်းသို့ ရောက်လာခဲ့သည်။ ရှေးဟောင်း စန္ဒယားကြီးတစ်လုံးရှိပြီး ထိုဘေး၌ အမျိုးသမီးရုပ်ထုကြီး နောက်တစ်ရုပ်။

"ဒါ အစောကတွေ့လာတဲ့ အ‌ဘီရဲ့သမီးအကြီးဆုံး ဒေဝီထိပ်ထားစံ၊ သူက အနုပညာမှာ အရမ်းတော်တယ်လို့ မေမေကြီးကပြောပြတယ်၊ သူ့ကို လိုချင်ခဲ့တဲ့ ယောက်ျားသားတွေလည်းများတယ်၊ ဒါပေမယ့် သူက အိမ်ထောင်မပြုဘဲနေခဲ့ရင်း ပျောက်သွားခဲ့တယ်လို့ပြောတယ်"

"ဟမ်....ပျောက်သွားတယ်"

"အင်း၊ ပျောက်သွားတာ ဘယ်လိုမှ ရှာမရတော့ဘူးတဲ့၊ အရမ်းထူးဆန်းတဲ့ ကိစ္စကြီးပေါ့ ဉာဏ်ရယ်"

"တစ်နေရာရာမှာ သေတာမျိုးဖြစ်နိုင်မလား"

"အဲ့ဒါလည်း ဘယ်သူမှ မသိခဲ့ရဘူး၊ အဘီက အဲ့စိတ်နဲ့ ဆုံးပါးသွားခဲ့တယ်ပြောတယ်"

‌ဉာဏ်လည်း ကြက်သီးတဖြန်းဖြန်းထကာ နားထောင်နေရသည်။ စက်နေဟိန်းလက်မောင်းကိုလည်း သတိမထားမိစွာဘဲ ဖက်တွယ်ထားမိသည်။ ထိုအခန်း၌ပင် နောက်ထပ် ရုပ်ထုများအကြောင်းကို စက်နေဟိန်းက ထပ်ရှင်းပြသည်။ ဉာဏ်တွေးနေသည်က မသိလျှင် ဘုရားစေတီတွေမှာ တွေ့ရသည့် သိုက်နန်းရှင်လို ရုပ်ထုမျိုးတွေဟူ၍ပင်။

"ကိုယ်တို့သေရင်လည်း ကိုယ်တို့ရုပ်ထုတွေက ဒီအိမ်မှာ ထပ်တိုးလာမှာ"

"ဘယ်လိုကြီးလဲ"

"ဒါက ကိုယ်တို့ထုံးစံပဲလေ ဉာဏ်ရဲ့၊ မိသားစုသွေးသားရင်းဆို သေတာနဲ့ ရုပ်ထုတွေထုပြီး အိမ်မှာထားတာ၊ တစ်နည်းနည်းအားဖြင့် သူတို့က ဒီအိမ်ကြီးနဲ့ ဆက်စပ်နေသေးတယ်လို့ ခံစားရအောင်"

"ဦးစက် တော်ပြီ၊ သားနားထောင်ရတာကြောက်လာပြီ၊ ဘယ်လိုကြီးမှန်းလည်းမသိဘူး"

"လာ ဒါဆို၊ နောက် အခန်းတွေ လိုက်ပြမယ်"

"မကြည့်ချင်တော့ဘူး၊ အိမ်ပြန်မယ်"

ဉာဏ် ဒီလောက်ထိကြောက်သွားတာ စက်နေဟိန်းမမြင်ဖူးသေး။ သူ့ကြည့်တော့လည်း နဖူးတောင်ချွေးဆို့နေသည်။ ကိုယ့်ဆွေမျိုးတွေအိမ်ကပဲ အရမ်းကြောက်စရာကောင်းနေလားဟု စက်နေဟိန်းတွေးမိလာသည်။

"ဒါဆိုလည်း အောက်ပြန်ဆင်းတာပေါ့"

စက်နေဟိန်းဆုပ်ကိုင်ပေးထားသည့် ဉာဏ့်လက်ဖဝါးသည် ချွေးစေးများဖြင့် ရွှဲနေလေပြီ။ စက်နေဟိန်းတို့ အောက်ထပ်သို့ရောက်တော့ မေမေကြီးက ရေနွေးဗန်းတစ်ဗန်းနှင့်အတူ ခွက်သုံးခွက်ချကာ စောင့်နေသည်။

"ရေနွေးကြမ်းသောက်ပြီး နေကျမှ ပြန်ကြ"

"ဟုတ်ကဲ့ မေမေကြီး"

တစ်ကိုယ်လုံးချွေးများစိုရွှဲနေသော ဉာဏ့်ကို မေမေကြီးက တစ်ချက်လှမ်းကြည့်ရင်း....

"ဆိုင်တဲ့သူကိုပြမှ အဆင်ပြေမှာကို မဆိုင်တဲ့သူကို သူ့အရှင်တို့ မိသားစုတွေနဲ့ မိတ်ဆက်ပေးလိုက်တယ်ထင်တယ်"

မေမေကြီးပြောမှ ဉာဏ့်ကို နောက်တစ်ခေါက်အသေအချာထပ်ကြည့်မိသော စက်နေဟိန်း။

"ဉာဏ်၊ နေမကောင်းဘူးလား၊ တစ်ကိုယ်လုံးချွေးတွေရွှဲနေတာပဲ"

"သား အိမ်ပြန်ချင်တယ်"

ယူပြီးနေ့ကစပြီး ဘယ်သောအခါမှ မတွယ်ဖက်တတ်သူက စက်နေဟိန်းကို အတင်းမှီတွယ်လာသည်။ ပုခုံးပေါ်ကိုမှီလာကာ အရမ်းပင်ပန်းသည့်ပုံဖြစ်လာသောကြောင့် စက်နေဟိန်းမတတ်သာတော့။

"မေမေကြီး ကျွန်တော်တို့ပြန်ဦးမယ်၊ နောက်မှ လာလည်ပါဦးမယ်"

မည်သည့်စကားမျှမဆိုဘဲ ထသွားသော မေမေကြီးကို စက်နေဟိန်း ခဏကြည့်ပြီးသည်နှင့် ဉာဏ့်ကိုတွဲကာ အိမ်ထဲမှ ထွက်ခဲ့သည်။

"ဉာဏ် အဆင်ပြေလား၊ ဆေးခန်းဝင်လိုက်မယ်လေနော်"

ကားပေါ်သို့ တင်ပေးရင်း ချွေးများကိုလည်းသုတ်ချပေးကာ စက်နေဟိန်းတစ်ယောက် စိုးရိမ်စိတ်ကပိုဝင်လာသည်။

"အိမ်ပြန်မယ်"

"အင်း အင်း အိမ်ပြန်မယ်နော်"

ကားပေါ်သို့ ကမန်းကတမ်းဖြင့်တက်ကာ စက်အမြန်နှိုးပြီး ထိုခြံဝန်းကြီးထဲမှ ထွက်လာခဲ့သည်။ ဉာဏ်သည် ပြတင်းပေါက်ကို မှီထားသည်ဖြစ်ရာ ထိုအိမ်၏ အပေါ်ဆုံးပြတင်းပေါက်၌ ရှမ်းရိုးရာအဝတ်အစားဖြင့် ဖြူဖြူချောချောအမျိုးသမီးတစ်ယောက် မတ်တပ်ရပ်ကြည့်နေသည်ကို နောက်ဆုံးအနေဖြင့် မြင်ခဲ့ရသည်။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

"ဟယ်လို ဂျူးရေ"

"အင်း မောင်လေး၊ ဘာလဲ သားတော်မောင် ဆိုးလို့ လှမ်းတိုင်တာလား"

ဉာဏ်၏ မာမီဖြစ်သူက စက်နေဟိန်းထက် သုံးနှစ်သာကြီးသည်။ စက်နေဟိန်းက အသက်လေးဆယ်ပြည့်ခါနီးဖြစ်ပြီး ဉာဏ်၏မာမီ ဂျူးသစ္စာရှင်က ၄၃နှစ်ရှိပြီဖြစ်သည်။ ယခု ဉာဏ်နေမကောင်း၍ ဂျူးဆီ ဖုန်းဆက်ရခြင်းဖြစ်သည်။ တော်ကြာ သူ့သားငယ်လေးကို ယူထားပြီး နင်ဘာလုပ်လိုက်လဲ ရန်တွေ့မခံနိုင်။

"မဟုတ်ပါဘူးကွာ၊ ဉာဏ်ကလေ ဒီနေ့ ရုတ်တရက်ကြီး တစ်ကိုယ်လုံးဖျော့သွားပြီး နေမကောင်းဖြစ်သွားလို့ ဂျူး၊ ဆရာဝန်က အားနည်းသွားတာလို့ပြောတယ်၊ နှလုံးလေဟပ်သွားတာမျိုးတဲ့"

"သူက အဲ့လိုဖြစ်တတ်တယ်မောင်လေး၊ ဂျူးလည်း စိုးရိမ်ပြီး နှလုံးအထူးကုတွေပြကြည့်သေးတယ်၊ ဘာမှဖြစ်နေတာမဟုတ်ဘူးရယ်၊ သူကလန့်စရာတစ်ခုခုတွေ့တာတို့ စိတ်ထဲအခန့်မသင့်ဖြစ်သွားတဲ့ အချိန်တို့ဆို အရမ်းသိသာတယ်၊ ချွေးတွေထွက်လာပြီး အဲ့လိုလဲလဲသွားတာ"

"ဒီနေ့ ကိုယ်သူ့ကို အမျိုးတွေဆီခေါ်သွားတာလေ၊ အဲ့ကနေ နေမကောင်းဖြစ်လာတော့ ကိုယ်စိတ်မကောင်းဖြစ်သွားလို့၊ နောက် ကိုယ့်အမျိုးတွေက သိပ်သဘောကျတာမဟုတ်တော့....ဂျူးသဘောပေါက်ပါတယ်"

"အာ...သားလေးက အဲ့လိုမျိုးတွေ စိတ်ထဲမထားတတ်ဘူး၊ သူ့စိတ်ထဲ တစ်ခုခုတွေးလိုက်လို့ ဖြစ်ပါလိမ့်မယ်၊ မောင်လေးအမှားမဟုတ်ပါဘူး"

"သူဘာကြိုက်တတ်လဲ ဂျူး၊ နိုးလာရင် အသင့်စားလို့ရအောင်"

"ဟယ်....ယူထားတာ တစ်ပတ်ကြာပြီလေ၊ သူဘာကြိုက်တတ်လဲ မသိသေးဘူးလား"

ရယ်သံကြီးနဲ့ အားပါပါနောက်နေသော ဂျူးကြောင့် စက်နေဟိန်းပါ လိုက်ရယ်မိသွားသည်။

"ကိုယ်က လူပျိုကြီးနော်၊ မနောက်ပါနဲ့"

"ဟုတ်ပါပြီ အိမ်ထောင်သုံးဆက်နဲ့ လူပျိုကြီးရယ်၊ သူက ခေါက်ဆွဲပြုတ်တို့ အသားလုံးပြုတ်တွေကြိုက်တယ်၊ ရေညှိတွေဘာတွေလည်းစားတယ်"

"ဟုတ်ပြီ၊ ကျေးဇူး ဂျူး၊ ဒါနဲ့ ဂျူးသားက မေးနေတာ၊ ဘယ်နေ့ ရန်ကုန်ပြန်ရမှာလဲတဲ့"

"မပြန်ကြနဲ့ဦးလေ၊ ရှင့်မာမီအကြောင်းလည်းသိသားနဲ့၊ အခုဆို သူ ဘန်ကောက်သွားပြီး ရှင်တို့အတွက် surpriseတွေစီစဉ်နေပြီ"

"လုပ်ပြီ မာမီက...."

"ဟီး ဆက်ပြောနေရင် ပေါ်တော့မယ်၊ ဒါပဲဟေ့၊ ဂျူးသားလေးကို သေချာဂရုစိုက်ပေးနော်"

ဖုန်းချသွားသောဂျူးကြောင့် စက်နေဟိန်းပြုံးမိရင်း အိပ်ပျော်နေသော ဉာဏ့်ကိုပါ တစ်ဆက်တည်းကြည့်မိသည်။ ဒီကောင်လေး ဒီလိုဖြစ်သွားတာကြည့်ရင်း စက်နေဟိန်း စိတ်မကောင်းတာအမှန်။ ဘေးနားသို့သွားကာ အသာထိုင်ကြည့်နေရင်း ဉာဏ့်ဆံပင်လေးများကို ဘာရယ်မဟုတ် သပ်တင်ပေးနေမိသည်။ အိမ်ထောင်ရေးတွေ တစ်ခုမှ အဆင်မပြေခဲ့သောကြောင့် ထူးထူးဆန်းဆန်း ယောက်ျားချင်းလက်ထပ်ထားရသည့် ဉာဏ်နှင့် အိမ်ထောင်ကိုတော့ သူအဆင်ပြေချင်သည်ထက် ပိုသည်။

နှစ်ယောက်သားက ဂျူးပြောလည်း ပြောချင်စရာပင်။ စယူတည်းက ထိလည်းမထိ၊ ဘာဆိုဘာမှလည်းမရှိ။ အိပ်တာတောင် ဉာဏ်ကကြောက်လို့သာ အတူလာအိပ်၍ ဖက်မိတာမျိုးရှိခြင်းဖြစ်သည်။ သည့်အပြင် ဉာဏ်ကငယ်သေး၍ သူတို့လက်ထပ်ထားတယ်ဆိုသော်ငြား ဉာဏ်သဘောကျသည့် မိန်းကလေးမျိုးတွေ့လျှင် အသာတကြည်ကွာပေးမည်ဟု ပြောထားသောကြောင့် ဉာဏ့်စိတ်ထဲစွဲနေသည်က သူတို့အတည်ယူထားတာ မဟုတ်ဘူးဟူ၍။ သို့သော် စက်နေဟိန်းကတော့ ဒီအိမ်ထောင်လေးတည်မြဲစေချင်တာအမှန်။

"ဟင်း...."

အသက်ရှူသံဖျဖျထွက်လာသော ဉာဏ်က မျက်လုံးများပွင့်လာသည်။ သူ့ဘေးနား၌ထိုင်ကာ ကြည့်နေသည့် စက်နေဟိန်းကိုမြင်တော့ မလန့်သွားဘဲ မျက်မှောင်ကုပ်ကြည့်ကာ....

"ဦးစက် သား မူးလဲသွားတာလား"

"မဟုတ်ဘူး၊ ကိုယ် နားရင်းအုပ်လိုက်လို့ မေ့သွားတာ"

"ဟီး ဟီး....သား အိမ်ဝနားရောက်တော့ မူးလဲသွားတာလိုလို ဘာလိုလိုနဲ့ မမှတ်မိတော့လို့ပါ ဦးစက်ကလည်း"

"နောက်တစ်ခါ သားလို့ထပ်ပြောရင်တော့ တကယ်နားရင်းအုပ်တော့မှာ"

"ဒါနဲ့ ဦးစက်က ဘာထိုင်လုပ်နေတာလဲ"

"ဉာဏ် ကိုယ်ပူနေလား လာစမ်းကြည့်တာ"

ပြောပြောဆိုဆိုနှင့် ဉာဏ့်နဖူးပေါ်လက်လာတင်တော့ ဉာဏ့်ရင်ထဲ ထိတ်ခနဲ။

"ဘာစားချင်လဲ"

ကိုယ်ပူစမ်းနေရင်းတစ်လက်စတည်းမေးလာသူ စက်နေဟိန်းကို မော့ကြည့်မိသည်။ သူက ဉာဏ့်အပေါ်ကို အုပ်မိုးထားသောကြောင့် ဉာဏ့်စိတ်ထဲ တစ်မျိုးပင်။

"အသားလုံးစွပ်ပြုတ်သောက်ချင်တယ်"

"ဟုတ်ပြီ၊ ရခိုင်မကို လုပ်ခိုင်းလိုက်မယ်၊ ဉာဏ်ပြန်အိပ်ရင် အိပ်၊ ကိုယ်စားလို့ရရင် လာနှိုးမယ်"

"အင်း ဦးစက်"

စောင်အသေအချာခြုံပေးခဲ့ပြီး အခန်းထဲမှထွက်သွားသည်အထိ ဦးစက်ကို ဉာဏ်ကြည့်နေမိသည်။ ယူတော့ယူထားတာပဲ၊ ဒီလိုတွေမမြင်ဖူးသေး၍ ဉာဏ်တစ်မျိုးဖြစ်နေခြင်းပင်။

ဉာဏ်တစ်ခါမျှ မစဉ်းစားဖူးပါ။ အိမ်ထောင်ပြုမည်ဟုလည်း မတွေးဖူးသလို ကြိုက်သည့်သူလည်းမရှိ။ ဉာဏ်က မာမီ့လိုဖြစ်ချင်တာဖြစ်သည်။ မာမီက ဉာဏ့်ကို ယောက်ျားမရှိဘဲမွေးခဲ့တာ။ သုတ်ပိုးအလှူရှင်ရှာမွေးပြီး single momအဖြစ် ရပ်တည်ခဲ့တာဖြစ်သည်။ ထို့ကြောင့် မာမီသာ ဉာဏ့်ရဲ့အရာရာဖြစ်သည်နှင့်အညီ ဉာဏ်ကလည်း မာမီ့လို single fatherသာဖြစ်ချင်သည်။ ယခုလိုမျိုး ရုတ်တရက်အိမ်ထောင်ကျသွားရသည့် ခံစားချက်ကြီးက ဉာဏ့်အတွက် အထူးအဆန်းဖြစ်နေတုန်းပင်။

ဦးစက်က သူ့အတွက် အကြင်ခင်ပွန်းလို့ မြင်ပေးလို့မရ။ မာမီနှင့်လက်မထပ်လိုက်ရသည့်သူဟုသာ မြင်နေမိသည်။ အကယ်၍သာ မာမီနှင့်လက်ထပ်ရပါက ဦးစက်က သူ့အဖေဖြစ်လာမည်။ မာမီက ဉာဏ်ကောင်းသည်။ ဉာဏ့်ကို ဦးစက်လက်ထဲ ထိုးပေးလိုက်သည်။ အခုတော့ အဖေခေါ်ရနိုးနိုးမှ ယောက်ျားဟုပင်ခေါ်ရတော့မည်။

_____________________________Ep 1 End!

Adder Aries
လိုအပ်ချက်များ၊ အကြံပြုချင်တာများအတွက် ကြိုဆိုပါတယ်။

__________________________________________________
Zawgyi

ႏြေးေထြးသည့္ အထိေတြ႕တစ္ခုကို ခံစားသိရွိလိုက္ရသည္။ မ်က္လုံးမ်ားကေတာ့ မဖြင့္ခ်င္ေသးေသာ္ျငား ဘယ္ဘက္လက္ေမာင္းတစ္ေလ်ာက္၌ ထုံက်င္မႈကို ခံစားလာရေသာေၾကာင့္ ေလးလံေနေသာ မ်က္ခြံမ်ားကို ဖြင့္ၾကည့္မိ၏။

"ဉာဏ္...ေျပာရင္ ဦးစက္နား မအိပ္ပါဘူးဆိုတာခ်ည္း၊ ငါ့လက္ေမာင္းေတြေတာင္ က်င္ေနၿပီဟ၊ ဟိုေကာင္ေလး ေျပာတာၾကားလား"

တုပ္တုပ္မလႈပ္ေသာ ဉာဏ့္ကိုၾကည့္ရင္း ဦးစက္ သက္ျပင္းခပ္ေလးေလးတစ္ခ်က္အား က်ယ္ေလာင္စြာခ်မိ၏။ သို႔မွ "ဟင္...အင္း" ဆိုသည့္အသံႏွင့္အတူ ရင္ခြင္ထဲ ပိုတိုးလာေသာ ဉာဏ္။

"ဟူး...."

မထိေကာင္း မကိုင္ေကာင္းသည့္အရာတစ္ခုလို ဉာဏ္၏နဖူးအား က်န္ေနသည့္ လက္တစ္ဖက္ျဖင့္ တြန္းထုတ္ကာ မိမိလက္ကိုဆြဲထုတ္ရင္း ခဏေလာက္ ၿငိမ္ေနရသည္။ ထုံၿပီး တဆစ္ဆစ္က်င္တက္ေနသည့္ လက္ကို အနားေပးထားရသည္။

ထို႔ေနာက္ ကုတင္ေျခရင္းရွိ တိုင္ကပ္နာရီအား လွမ္းၾကည့္မိေတာ့ ေျခာက္နာရီထိုးဖို႔ ဆယ္မိနစ္လိုေသးသည္။ ထရေတာ့မည္ျဖစ္သျဖင့္ တြန္းထုတ္ထားသည့္အတိုင္း အိပ္ေပ်ာ္ေနေသးသည့္ ဉာဏ့္ဘက္သို႔ တစ္ခ်က္လွည့္ကာၾကည့္မိ၏။

ဒီအခ်ိန္မထတတ္တာ ဦးစက္သိတာမို႔ ေျခရင္းသို႔ေလ်ာဆင္းေနေသာ ေစာင္အား အေသအခ်ာျပန္ၿခဳံေပးခဲ့ရင္း ကုတင္ေပၚမွ အသာဆင္းလိုက္သည္။ အေၾကာေျပ ေျခဆန႔္လက္ဆန႔္ လုပ္ၿပီးသည့္ေနာက္ စားပြဲေပၚအသင့္တင္ထားေသာ ေရတစ္ခြက္အား ေသာက္ကာ အခန္းတြင္းမွ တိတ္တိတ္ေလး ထြက္ခဲ့ေတာ့သည္။

ေဆာင္း၏အေငြ႕သက္ေလးဝင္ခါစျဖစ္ေနသည့္အေလ်ာက္ "အိမ္သူ႕စံအိမ္" ဝန္းႀကီးအတြင္းတြင္ ေျမနီလမ္းတစ္ေလွ်ာက္ ေဘးတစ္ဖက္ တစ္ခ်က္စီ၌ စီတန္းစိုက္ပ်ိဳးထားေသာ ထင္းရႉးပင္စိမ္းစိမ္းႀကီးမ်ားအေပၚ၌ ႏွင္းစက္ကေလးမ်ားတင္ေနသလိုပင္။ ေလွကားေပၚမွ မဆင္းခင္ ျပတင္းေပါက္မွ လွမ္းၾကည့္သည္ႏွင့္ ဤျမင္ကြင္းကို ျမင္ရသည္။ လန္းဆန္းေစသည့္ျမင္ကြင္းဟု ေျပာရမလားပင္။

ေလွကားထစ္ေပါင္း ႏွစ္ဆယ္ရွိသည္ႏွင့္အညီ အတက္အဆင္းလုပ္ရသည္မွာလည္း မလြယ္လွ။ ထို႔ေၾကာင့္ စိတ္ေအးလက္သာျဖစ္ေစရန္ အလုပ္ခန္းေတာင္ ေအာက္ထပ္မွာထားသည္။ ႏွစ္ေပါင္း၁၅၀ရွိၿပီျဖစ္ေသာ "အိမ္သူ႕စံအိမ္"ႀကီးကို ထိန္းသိမ္းရသည့္ စရိတ္ကလည္းမ်ားသလို တစ္ခါတေလလည္း ပ်င္းလြန္းလွသည္။ အင္း...ေမ့လို၊ ဘယ္ကဘယ္လိုစေျပာရမွန္းမသိသည့္ ေယာက္်ားတစ္ေယာက္ရထားေတာ့ ပ်င္းတယ္ဆိုတာထက္ တစ္ခါတေလ ဘယ္လိုေနရမယ္မွန္းမသိ။ ေယာက္်ားယူတာက မိန္းမယူတာထက္ အေတာ္ကိုကြာသည္။ အလိုက္ကန္းဆိုးမသိတာကပိုဆိုးေသးသည္။

"သူ႕အရွင္...ဘယ့္ႏွယ္ ေကာ္ဖီေတြေဖ်ာ္ေနတာတုန္း၊ ကြၽန္မလုပ္ေပးမွာေပါ့"

ဦးစက္ေတြးရင္း ေတြးရင္း မီးဖိုေခ်ာင္သို႔ဝင္ကာ ေကာ္ဖီေဖ်ာ္ရန္ျပင္ေနသည္ကိုျမင္သြားသည့္ အိမ္စိုးတို႔ထဲမွ တစ္ေယာက္ခမ်ာ ပ်ာယာခတ္သြား၏။ မိမိမွာ ဤစံအိမ္၏ ဆက္ခံသူျဖစ္ေသာေၾကာင့္ အိမ္စိုးတို႔မိသားစုက "သူ႕အရွင္"ဟု သုံးႏႈန္းေခၚေဝၚၾကသည္။ ဆိုလိုသည္က အိမ္သူ႕အရွင္သခင္ေပါ့ေလ။

"ဪ...ရပါတယ္၊ ကြၽန္ေတာ္ ေလ့က်င့္ခန္းလုပ္ၿပီးတာနဲ႕ အသင့္ျဖစ္ေအာင္ပါ၊ ကိုယ့္ဘာသာလုပ္စရာရွိတာလုပ္ပါ ရခိုင္မ"

ရခိုင္မဆိုသည့္အတိုင္း အိမ္စိုးတို႔မိသားစုတစ္မ်ိဳးလုံးသည္ ရခိုင္မ်ိဳးရိုးျဖစ္သျဖင့္ နာမည္အထူးတလည္မွတ္ထားစရာမလို။ ဦးရခိုင္၊ ရခိုင္မ၊ အငယ္မနဲ႕ အငယ္ေကာင္ဟူ၍သာ ေခၚေလ့ရွိသည္။

"ဒါဆိုလည္း ေလ့က်င့္ခန္းသာ ေျဖာင့္ေျဖာင့္လုပ္ပါ သူ႕အရွင္ရယ္၊ ကြၽန္မ စီစဥ္ထားေပးမယ္၊ သူ႕အရွင္ မနက္စာ ဘာစားခ်င္လဲ၊ သူ႕အရွင္ ခင္ပြန္းက ေထာပတ္ဘိန္းမုန႔္စားခ်င္တယ္ဆိုလို႔ ကြၽန္မ ေဈးထဲဆင္းမွာမို႔လို႔ပါ"

"ဘယ္တုန္းကလဲ"

"ရွင္...သူ႕အရွင္ ဘာကိုေျပာတာလဲ"

"ဘယ္တုန္းက ဉာဏ္ ဘိန္းမုန႔္စားခ်င္တယ္ ေျပာလိုက္တာလဲလို႔"

"ဪ...မေန႕ညက ဗိုက္ဆာတယ္ဆိုၿပီး ေရခဲခန္းထဲ စားဖို႔လာရွာတာ၊ ကြၽန္မနဲ႕တိုးလို႔ ေခါက္ဆြဲျပဳတ္ေလးလုပ္ေကြၽးလိုက္ေသး၊ ၾကက္ဥေလးပါ အဆစ္ထည့္ေပးလိုက္တယ္၊ အဲ့ဒါသူစားတာ ေဘးကေနေစာင့္ေပးေနတာ၊ အဲ့မွာ သူေျပာတာ သူ႕အရွင္"

ရခိုင္မဆိုသည္မွာ တစ္ခုခုေျပာရင္ လိုရင္းေရာက္ဖို႔ စီကာပတ္ကုံးေျပာျပတတ္တာ သူမအက်င့္မို႔ ဦးစက္ အံ့ဩမေနေတာ့။ ေခါင္းသာညိမ့္ျပခဲ့သည္။ ေရခဲေသတၱာဟုေျပာရန္ ဘယ္လိုေျပာျပျပ ေရခဲခန္းပဲေျပာေနတာမို႔ ထပ္လည္းမျပင္ေပးခ်င္ေတာ့။ မသိရင္ ၾကက္သီးထစရာပင္။

မနက္တိုင္းေျပးေနၾကမို႔ ဦးရခိုင္က မနက္ေျခာက္နာရီဆယ့္ငါးအတိဆို အိမ္ေရွ႕၌ တိုက္ခြၽတ္ၿပီးသားအသင့္ ေဝါ့လ္ခ္ကင္းရႉးတစ္ရံ ခ်ထားေပးသည္။ စံအိမ္ဝန္းႀကီးတစ္ပတ္ လိုက္ေျပးရတာ တစ္နာရီေက်ာ္ၾကာသည္။ ေတာအုပ္ေသးေသးေလးလည္းရွိတာမို႔ တစ္ခါတစ္ရံ ရွဉ့္ေလးမ်ားစားဖို႔ ေျမပဲဆံေလးမ်ား အိတ္ကပ္ထဲ ထည့္သြားရသည္။

ေျပးေနရင္း လမ္းခုလတ္တစ္ေနရာသို႔အေရာက္ ေခတၱမွ်ရပ္ကာ အနားယူသည္။ သူသိပ္သေဘာက်သည့္ စိန္ပန္းပင္ႀကီးႏွစ္ပင္ၾကား လမ္းခုလတ္ေနရာေလး၌ျဖစ္သည္။ ကုန္းျမင့္ေလးလိုျဖစ္ေနသည့္ ျပန႔္ျဖဴးေနေသာ ထိုေနရာ၌ ဖင္ျပားခ်ထိဳင္ကာ တစ္စြန္းတစ္စျမင္ေနရေသာ စံအိမ္ႀကီးထိပ္ဖ်ားကို ေငးၾကည့္မိသည္။

သူ႕လက္ထပ္ၿပီးလို႔ မ်ိဳးဆက္မရွိေတာ့ရင္ ဒီစံအိမ္ႀကီးကို ေရာင္းပစ္တာမ်ိဳး ေဂဟာေဆာက္တာမ်ိဳး လုပ္သင့္တယ္ဟု မာမီ့စကားမ်ားကို နားထဲၾကားေယာင္လာသည္။ တကယ္တမ္း အဲ့သလို သူမလုပ္ခ်င္ပါ။ မ်ိဳးဆက္ေလးေတာ့ ဆက္လက္ရွိသြားေစခ်င္သည္။ သို႔ေသာ္ သူ၏ ယခုအေျခေနက မျဖစ္နိုင္။ အိမ္ေထာင္သုံးဆက္ေျမာက္၌ သိပ္ကိုေသခ်ာသြားသည္။ မ်ိဳးဆက္ရဖို႔ဆိုတာ လုံးဝကို မျဖစ္နိုင္ေတာ့တာ။

ပထမ၊ ဒုတိယအိမ္ေထာင္ေတြက သိပ္ကိုရိုးရွင္းပါလ်က္ ဉာဏ္နဲ႕မွ ဘာလို႔ရႈပ္ေထြးသြားတယ္ရယ္မသိ။ ဉာဏ့္အေမနဲ႕လက္ထပ္ဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္ စီစဥ္တဲ့အတိုင္းမျဖစ္သြားခဲ့ေပ။

ယခုမွ လက္ထပ္ထားတာ တစ္ပတ္ပဲရွိေသးတာမို႔ ဉာဏ့္အေၾကာင္းကို သူသိခ်င္သေလာက္မသိရေသးသလို ဉာဏ္ဆိုတာကလည္း သူ႕အႀကိဳက္ပုံစံတစ္စက္မွ ဟုတ္မေန။ ဘယ္ေတာ့ ဘာထျဖစ္ဦးမလဲမသိ။

ေတြးခ်င္ရာေတြးၿပီး စံအိမ္တစ္ပတ္ပတ္ၿပီးေနာက္ ရနံ႕သင္းသင္းျဖင့္ ႀကိဳဆိုေနေသာ ေကာ္ဖီတစ္ခြက္ကို ေတြ႕မိသည္။

"ေကာ္ဖီေဖ်ာ္ထားတာလား၊ နည္းနည္းတိုက္"

ေကာ္ဖီနံ႕ရလို လန္းဆန္းကာစရွိေသး အေနာက္မွေရာက္လာသူ ဆံပင္ဘုတ္သိုက္ႏွင့္တစ္ေယာက္က အိပ္မႈန္စုန္ဝါး႐ုပ္ျဖင့္ ေတာင္းေသာက္သံကိုၾကားလိုက္ရသည္။

"မ်က္ႏွာမသစ္ရေသးဘူးမလား"

အသံဩဇာက ဟိန္းေနသည္ကတစ္ေၾကာင္း၊ အရပ္ရွည္ေနသည္ကတစ္ေၾကာင္းမို႔ ဉာဏ္တစ္ေယာက္ ညာဘက္မ်က္လုံးကိုပြတ္ကာ မ်က္ေခ်းႏွိုက္ေနရင္းမွ ေခါင္းညိမ့္ျပမိသည္။

"မ်က္ႏွာအရင္သစ္ၿပီးမွ စားခ်င္တာစားရမယ္ေလ၊ ကိုယ္မေန႕ကလည္းေျပာတယ္၊ မေန႕တစ္ေန႕ကလည္း ေျပာခဲ့တယ္"

"ဒါဆို ဒီေန႕လည္းထပ္ေျပာတာေပါ့ေနာ္"

မသိခ်င္ေယာင္ေဆာင္တာလား၊ ႐ြဲ႕တာလား မေသခ်ာသည့္ အမုအယာရာပိုင္ရွင္က ဦးစက္ကိုေက်ာ္ကာ ေကာ္ဖီခြက္ဆီ လက္လွမ္းေနေလၿပီ။

"ဉာဏ္"

ခပ္ျပတ္ျပတ္ထပ္ေခၚလာေသာအသံေၾကာင့္ ေကာ္ဖီခြက္ကိုင္ထားရင္း လွည့္ၾကည့္မိသည္။

"အဲ့ဒါ ကိုယ့္ခြက္၊ ဉာဏ္ေသာက္ခ်င္ရင္ မ်က္ႏွာအရင္သြားသစ္၊ ထည့္ထားေပးမယ္"

ထိုသို႔ေျပာေတာ့ မီးဖိုခုံကို ျပန္လွည့္ၾကည့္သည္။ ေကာ္ဖီခရားထဲ ရွိေနေသးေသာ ႏွပ္ထားၿပီးအသင့္ေကာ္ဖီရည္ကိုျမင္သြားၿပီးေနာက္ လက္ထဲမွ ေကာ္ဖီခြက္ေလးခ်ထားၿပီး လႈပ္တုပ္တုပ္ႏွင့္ ခြက္တစ္ခြက္ဆြဲယူကာ ေကာ္ဖီထည့္သည္။

"မင္း ကိုယ့္ကို ႐ြဲ႕ေနတာလား"

"ဟင္"

ေျခလွမ္းက်ယ္ႀကီးျဖင့္ အနားသို႔ေစြ႕ခနဲေရာက္လာေသာ ဦးစက္ေၾကာင့္ ဉာဏ္လန႔္သြားသည္။

"ကိုယ္မ်က္ႏွာသစ္လို႔ေျပာေနတာ ၾကားလား၊ နားပါလား"

"မေအာ္ပါနဲ႕ ဦးစက္ကလည္း....အိမ္မွာလည္း ဒီလိုပဲေနေနၾကပါ၊ မာမီက ဘာမွမေျပာတဲ့ဥစၥာ"

"အဲ့ဒါ ဂ်ဴး၊ ဒါက ကိုယ္၊ အခုခ်က္ခ်င္းမ်က္ႏွာသြားသစ္"

ဉာဏ့္လက္ထဲမွ ေကာ္ဖီခြက္ကို ‌ဆြဲလုယူကာ သုန္မႈန္ေနသည့္မ်က္ႏွာထားပိုင္ရွင္ ထိုေကာင္ေလးႏွင့္ အၾကည့္ခ်င္းဆိုင္ျဖစ္ေနၾကသည္။

"ဦးစက္ေနာ္၊ သားတို႔က တကယ္ယူထားတာမဟုတ္ဘူး၊ မာမီတို႔ေၾကာင့္ကို၊ ဘာလို႔ သားကို အနိုင္က်င့္ေနတာလဲဗ်"

"မ်က္ႏွာသစ္ခိုင္းတာ ကိုယ္က အနိုင္က်င့္ေနတာလား"

"ဦးစက္က လာေအာ္ေနတာကိုး...."

"ေအး ေနဦး"

ဦးစက္တစ္ေယာက္ ဘာလုပ္လိုက္သည္ဟု ထင္ပါသနည္း။ ေကာ္ဖီတစ္ခြက္လုံးကို ဉာဏ္၏ေခါင္းေပၚမွစ၍ ေလာင္းခ်ေပးလိုက္ပါေတာ့သည္။

"အ အ ပူတယ္ေလ၊ ဟာ....႐ူးေနၿပီလား ဦးစက္၊ ဦးစက္ေနဟိန္း!"

"အခုမ်က္ႏွာပါမက တစ္ကိုယ္လုံးေရခ်ိဳးလို႔ရသြားၿပီမလား၊ ဒါကမွ ကိုယ္တကယ္အနိုင္က်င့္တာ၊ ခံလိုက္"

ထိုသို႔ေျပာၿပီး ခြက္ကိုခ်ကာ ေအးေအးလူလူပင္ သူ႕ခြက္သူယူၿပီး မီးဖိုခန္းမွ ထြက္သြားေသာ ဦးစက္ကိုၾကည့္ရင္း ဉာဏ္ ေဒါသျဖစ္ကာ က်န္ခဲ့ရသည္။ တကယ္လည္း သူေရခ်ိဳးရေတာ့မည္။ ေတာ္ေတာ္ကို စိတ္ထားမေကာင္းတဲ့ ဘိုးေအႀကီးဟု စိတ္ထဲက်ိန္ဆဲကာ အေပၚထပ္ေရခ်ိဳးခန္းသို႔ ျပန္ေျပးရပါေသာ ဉာဏ္ရွင္ေစာ။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

"ဉာဏ္....ကိုယ္နဲ႕အျပင္လိုက္ခ်င္လား"

ေန႕လယ္ေန႕ခင္း ေဆြမ်ိဳးမနီးမေဝးတို႔ထံ သြားလည္ဦးမည္ေတြးထားေသာေၾကာင့္ ဆိုဖာေပၚအားယားေမွာက္ကာ TVၾကည့္ေနေသာ ခင္ပြန္းေလးကို စကားေခၚၾကည့္သည္။ မနက္တည္းက ေရခ်ိဳးလိုက္ရေသာေၾကာင့္ သန႔္ျပန႔္ၿပီး လူ႐ုပ္သူ႐ုပ္ေလးေပါက္ေနခ်ိန္မို႔လည္း စက္ေနဟိန္းေခၚျခင္းျဖစ္သည္။

"‌ဆိုင္ကယ္နဲ႕သြားရမွာလား၊ ကားနဲ႕လား"

"ရဟတ္ယာဥ္နဲ႕ေလ အိမ္ေရွ႕ေတာင္ေရာက္ေနၿပီ"

ဦးစက္ေနာက္ေနၿပီမွန္းသိလိုက္ေသာေၾကာင့္ ႏွာေခါင္းရႈံ႕ကာ ရယ္မိသြားသည့္ ဉာဏ္။

"လိုက္မယ္၊ သားေတာ္ေတာ္ပ်င္းေနၿပီ၊ ဟန္းနီးမြန္းလား ပ်င္းနီးမြန္းလား မသဲကြဲေတာ့ဘူး"

ဆိုဖာေပၚကဆင္းတာကို ရိုးရိုးမဆင္း။ ကင္းမွီးေကာက္ေထာင္ဆင္းေနပါေသာ ဉာဏ့္ကိုၾကည့္ရင္း စက္ေနဟိန္းသက္ျပင္းခ်မိသည္။ ႀကီးေပါဟုေခၚရေအာင္လည္း အဲ့လိုေပါေနတာမဟုတ္။ အလုပ္အကိုင္က မားကတ္တင္းဝန္ထမ္း။ က်ပ္မျပည့္တာလို႔ပဲ သတ္မွတ္လို႔ရမည္။

"ဪ ဒါနဲ႕ ဦးစက္....မနက္ကေရခ်ိဳးၿပီး ေရေမႊးနည္းနည္းယူသုံးထားတယ္ေနာ္၊ အရမ္း‌ေမႊးေနတာနဲ႕ မေနနိုင္ေတာ့လို႔"

"ဒါေၾကာင့္ ေရေမႊးပုလင္းက တစ္ဝက္က်ိဳးသြားတာကိုး"

"ႏွစ္စက္တည္းစြတ္တာပါ"

"ကဲ...လာ လာ"

ဒီေကာင္ေလးကို စက္ေနဟိန္းသတိထားမိသည္က စိတ္ဆိုးတာမ်ိဳး စိတ္ေကာက္တာမ်ိဳးသိပ္မရွိ။ မနက္ကလို အျပဳအမူမ်ိဳးရွိထားပါက စက္ေနဟိန္းတို႔ဆို တစ္သက္လုံးရန္သူေတာင္ျဖစ္သြားနိုင္သည္။ ဉာဏ္ကေတာ့ ဘာမွမျဖစ္သည့္အျပင္ မွတ္ေတာင္မွတ္မိေတာ့ရဲ႕လားမသိ။ ေအးေပါ့ သူ႕လုပ္ပုံေတြက စက္ေနဟိန္းမ်က္လုံးထဲ ေျပာခ်င္စရာေတြႀကီးပင္။ တစ္ခါတေလ ကိုယ့္ကိုယ္ကို ဆုံးမထားရသည္။ ေယာက္်ားယူထားတာ မိန္းမယူတာနဲ႕ကြာတယ္ဟူ၍....။

"ဦးစက္ မာမီက ဘယ္ေတာ့မွ ရန္ကုန္ျပန္ရမယ္လို႔ ေျပာလဲဟင္"

"ျပန္ခ်င္ေနၿပီလား ဉာဏ္က"

"ျပန္ခ်င္တာေပါ့၊ အလုပ္လည္းဖ်က္ထားရတာ၊ ေနာက္ ဒီမွာက ပ်င္းစရာႀကီး၊ ဒီစံအိမ္ႀကီးထဲေနရတာလည္း သားေၾကာက္တယ္"

ဉာဏ့္စကားေၾကာင့္ အသံထြက္ကာ ရယ္မိသြားသည္။ ရန္ကုန္မွာေတာင္ အတူမအိပ္ဘူးလုပ္ေသးတာ၊ ဒီလည္းေရာက္ေရာ စံအိမ္ရဲ႕အရွိန္အဝါေတြကိုလန႔္ၿပီး ဦးစက္ အတူအိပ္မယ္ျဖစ္သြားတာပဲ။

"သားကလည္း ေၾကာက္တယ္ဆိုတာႀကီးပဲေနာ္၊ သားလို႔ မသုံးနဲ႕ဆိုတာလည္း ဘယ္ႏွခါေလာက္ရွိၿပီလဲ၊ ဘာလဲ ကိုယ့္အေဖမေတာ္လိုက္ရလို႔ ႏွေျမာေနတာလား"

"ေဟ့ ေဟ့ အဲ့အေၾကာင္းျပန္မစနဲ႕"

ဉာဏ္၏ ကိုက္စားမတတ္ေအာ္သံႀကီးေၾကာင့္ စက္ေနဟိန္း အားပါးတရရယ္ခ်ေတာ့သည္။ ၾကာေတာ့ ဉာဏ္လည္းအတူ လိုက္ရယ္လာတာပါပဲ။

"ကိုယ္တကယ္ေျပာေနတာ၊ ကိုယ္ေတာင္ အေခၚေဝၚေတြေျပာင္းသုံးနိုင္ေသးတာပဲ၊ ဉာဏ္ကဘာလို႔မေျပာင္းနိုင္ရတာလဲ"

"ဦးစက္က တကယ္လည္း သားထက္ အႏွစ္ႏွစ္ဆယ္ႀကီးေနတာေလ၊ မာမီကမွ ဦးစက္ထက္ သုံးႏွစ္ပဲႀကီးတာကို၊ သားလို႔မသုံးလို႔ ဘယ္လိုသုံးရမွာလဲ"

"ကြၽန္ေတာ္လို႔သုံးလည္းရပါတယ္ကြာ၊ အခုက နားထဲကန႔္လန႔္ႀကီး၊ သားလို႔ေျပာတိုင္း ေအး သားေလးပဲ ျပန္ေျပာရေတာ့မလို ခံစားခ်က္ႀကီး"

"ဟား ဟား ဟား"

"ဘာရယ္တာတုန္း"

ဘာေတြသေဘာက်မွန္းမသိက်ေနတဲ့ ဉာဏ္ပါ။ ကားျပတင္းေပါက္ဘက္ကို လွည့္ၿပီး တအားကို ေအာ္ရယ္ေနတာ။

"အဟြတ္ အဟြတ္၊ ဪ ဘယ္ကပိုးေကာင္လဲ ပါးစပ္ထဲ ဝင္ကုန္ၿပီ"

"ဝင္မွာေပါ့၊ အဲ့ေလာက္ပါးစပ္ဟထားမွေတာ့၊ ေရာ့ ေရေသာက္ခ်လိဳက္"

စက္ေနဟိန္းေပးသည့္ ေရဘူးအားယူကာ ေခ်ာင္းဆိုးလိုက္ ေရေသာက္လိုက္လုပ္ေနေသာ ဉာဏ္။

"ဒါနဲ႕ သားတို႔ဘယ္သြားတာလဲ"

ေရာင္းစားမယ္ဆိုရင္ေတာင္ ေရာင္းစားခံရနိုင္သည့္ ဉာဏ္။ ဘာမွလည္းအရမ္းမေတြး၊ လုပ္ခ်င္တာလုပ္တတ္သည့္အက်င့္ရွိတာျဖစ္မည္ဟု စက္ေနဟိန္းေတြးလ်က္ အေျဖျပန္မ‌ေပးဘဲ ေဆြမ်ိဳးမ်ားရွိရာသို႔....။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

"ဟယ္...."

ကားေပၚမွ ဆင္းဆင္းခ်င္းထြက္လာေသာ ဉာဏ္၏အသံျဖစ္သည္။ ေယာင္စရာစကားလုံးရွားလို႔ "ဟယ္" တဲ့လား။ မလိုက္ဖက္ရန္ေကာဟုေတြးရင္း စက္ေနဟိန္းပါ ကားေပၚကဆင္းလိုက္သည္။

ျမန္မာမႈအထူးျပဳေဆာက္ထားေသာ အိမ္ႀကီးရခိုင္ျဖစ္ေသာေၾကာင့္ ဉာဏ္အံ့ဩသြားျခင္းျဖစ္သည္။ ေရနံေခ်းသုတ္ထားေသာေၾကာင့္လည္း အိမ္ႀကီးက မဲမဲႀကီးျဖစ္ေနသည္မွာ နည္းနည္းလန႔္ခ်င္စရာေကာင္းသည္။

"ဦးစက္ ဒါ ဘယ္ေနရာႀကီးလဲ"

အနားကို ခ်က္ခ်င္းေရာက္လာကာ လက္ကိုမကိုင္႐ုံတမယ္ ကပ္ေနေသာ ဉာဏ့္ကိုၾကည့္ရင္း စက္ေနဟိန္းၿပဳံးလ်က္....

"ကိုယ္တို႔အမ်ိဳးေတြေနတဲ့အိမ္ေလ"

"ဒီလိုေနရာႀကီးမွာလား၊ အီး ၾကည့္လိုက္တာနဲ႕တင္ ၾကက္သီးထစရာႀကီး"

"ကဲ...လာ၊ အိမ္ထဲေရာက္ရင္ ေလွ်ာက္မသြားရဘူး၊ ကိုယ့္အနားပဲေနေနာ္"

စက္ေနဟိန္းသည္ ဉာဏ့္လက္တစ္ဖက္ကိုဆြဲေလေတာ့....

"အယ္ ဦးစက္ကလည္း လိုလို႔လား"

"ကိုယ္တို႔က ယူထားတာ ေမ့မေနနဲ႕ဦး"

"ဒါမယ့္ တကယ္မွမဟုတ္တာလို႔ ဦးစက္ပဲေျပာၿပီးေတာ့...."

"လွ်ာအရမ္းရွည္တာကေတာ့ ဉာဏ္ရွင္ေစာကို လိုက္မမီေလာက္ဘူး၊ လာစမ္းကြာ"

ဉာဏ္ကသူ႕ထက္ေတာ္ေတာ္ငယ္လို႔သာ စက္ေနဟိန္းသည္းခံေနရတာ။ မဟုတ္လွ်င္ သူ႕စိတ္အတိုင္းသာဆို ဒီေကာင္ေလးအရိုးေၾကေနေလာက္ၿပီ။

"ဟာ သူ႕အရွင္ပါလား၊ လာ လာ ထိုင္ၾကပါဦးခင္ဗ်၊ ေမေမႀကီးကို သြားေခၚပါဦးမယ္"

သန႔္ရွင္းသပ္ရပ္လွသည့္ အိမ္ႀကီး၏ အတြင္းအျပင္အဆင္ကို သေဘာက်စြာျဖင့္ ဉာဏ္လိုက္ၾကည့္ေနမိသည္။ နံရံတြင္ ခ်ိတ္ဆြဲထားသည့္ ဓားရွည္မ်ားႏွင့္ ဓာတ္ပုံမ်ားကိုၾကည့္ျခင္းျဖင့္ ဤအိမ္သည္ ရွမ္းရိုးရာ အိမ္ႀကီးတစ္အိမ္ျဖစ္မွန္း ဉာဏ္သေဘာေပါက္လိုက္သည္။

"ဦးစက္အမ်ိဳးေတြက ရွမ္းေတြလား"

ေဘး၌ က်ဳံ႕က်ဳံ႕ေလးထိုင္ရင္း ႐ုတ္တရက္ႀကီး လွည့္ေမးလိုက္ေသာေၾကာင့္ ဉာဏ့္မ်က္ႏွာက စက္ေနဟိန္းႏွင့္ ေတာ္ေတာ္နီးနီးကပ္ကပ္ရွိသြားသည္။

"အင္း"

တကယ္ယူထားထား မယူထားထား စက္ေနဟိန္းစိတ္ထဲေတာ့ ဉာဏ္က ကိုယ့္အမ်ိဳးသားဟုသတ္မွတ္ထားတာေၾကာင့္ ရင္မခုန္ဘူးဟုေျပာလွ်င္ ညာရာက်မည္။ ဉာဏ္ကေတာ့ မသိ။ ဟိုေငး သည္ေငးျဖင့္ စပ္စုေကာင္းတုန္း။

"ေမေမႀကီးလာပါၿပီခင္ဗ်"

ေမေမႀကီးဆိုသည့္အတိုင္း ခမ္းနားထည္ဝါေသာအသြင္အျပင္ရွိသည့္ အမ်ိဳးသမီးႀကီးတစ္ဦးျဖစ္သည္။ ပိုးဖဲသား အကၤ်ီအစိမ္းေျပာင္ႏွင့္ ေျခမ်က္စိဖုံးသည္အထိဝတ္ဆင္ထားေသာ ရွမ္းရိုးရာထမီက ဤအမ်ိဳးသမီးသည္ သူမရိုးရာကို မည္မွ်ထိန္းသိမ္းေၾကာင္းသိသာသည္။

"သူ႕အရွင္ မင္းက အေၾကာင္းမၾကား ဘာမၾကားပါလားကြဲ႕"

"ဟုတ္တယ္ ေမေမႀကီး၊ အိမ္သူ႕စံအိမ္ေရာက္ေနတာ တစ္ပတ္ေလာက္ရွိၿပီ၊ ေမေမႀကီးတို႔ညီအစ္မေတြနဲ႕မေတြ႕ျဖစ္တာလည္းၾကာတာနဲ႕ ဆိုင္းမဆင့္ ဘုံမဆင့္ေရာက္လာတာပါ"

ေမေမႀကီးဆိုသူက ဉာဏ့္ကို စူးရွသည့္အၾကည့္မ်ားျဖင့္ ေခတၱစိုက္ၾကည့္ၿပီးေနာက္....

"မင္းလက္ထပ္ထားတယ္ဆို"

"ဟုတ္ကဲ့၊ ကြၽန္ေတာ့္အမ်ိဳးသားပါ၊ ဉာဏ္ရွင္ေစာလို႔ေခၚပါတယ္"

"ေမရီက နိုင္ငံျခားေရာက္႐ုံတင္မကဘူး၊ သူ႕အေတြးေတြကိုပါ တစ္ခါတည္း ခ်စားလာပစ္တာပဲ၊ သူ႕အရွင္ မင္းေတာ့ ေမရီနဲ႕ အခက္ေတြ႕ရၿပီမလား"

စက္ေနဟိန္းႏွင့္ ဉာဏ္တို႔ လက္ထပ္ပြဲကို ေမေမႀကီးတို႔တစ္အိမ္လုံး မလာခဲ့ၾကသည္မွာ လိင္တူခ်င္းလက္ထပ္တာကို အားမေပးေၾကာင္း သိသာေနခဲ့သည္။ ယခုလည္း ဉာဏ့္ကိုၾကည့္ၿပီး ႏွိမ္ေနၿပီကို စက္ေနဟိန္းသေဘာေပါက္သည္။ ဉာဏ္ကေတာ့ နားလည္လား၊ နားမလည္လားေတာ့မသိ၊ စက္ေနဟိန္းကေတာ့ ဉာဏ့္လက္ကို ေသခ်ာဆုပ္ကိုင္ေပးထားစၿမဲ။

"မာမီကေတာ့ သူ႕ပုံစံအတိုင္းေလးပါပဲ ေမေမႀကီး၊ ကြၽန္ေတာ္လည္းပဲ အဆင္ေျပပါတယ္ခင္ဗ်၊ ဉာဏ္....ဒါက ကိုယ့္မာမီရဲ႕ အႀကီးဆုံးအစ္မ မိုးလိပ္ျပာမယ္၊ မာမီ့မွာ ညီအစ္မ ေလးေယာက္ရွိတာ၊ မာမီက အငယ္ဆုံးေပါ့"

အၾကည့္မလႊဲဘဲ နားေထာင္ေနသည့္ဉာဏ္ဟာ ေခါင္းညိမ့္ျပသည္။ ထို႔ေနာက္ ေမေမႀကီးဘက္သို႔လွည့္ကာ....

"ေတြ႕ရတာဝမ္းသာပါတယ္ ၾကည္းၾကည္း"

ေတြ႕လား၊ အလိုက္မသိဘူးဆိုတာ ဒီလိုေတြ၊ ေမေမႀကီးေခၚေနရင္ ‌ေမေမႀကီးလိုက္မေခၚဘူး။ ၾကည္းၾကည္းတဲ့။ စက္ေနဟိန္းသည္ ဉာဏ့္လက္ကို ညစ္လိုက္ကာ အသိျပန္ေပးမိသည္။ ထိုသို႔က်ျပန္ေတာ့လည္း....

"အ့ ဦးစက္ကလည္း လက္ကိုအရမ္းမညစ္နဲ႕ေလ၊ နာတယ္"

စက္ေနဟိန္းတစ္ေယာက္ စိတ္ကိုထိန္းရင္းပင္ ရယ္ေမာလိုက္ကာျဖင့္....

"ေမေမေလးတို႔၊ ေမေမလတ္တို႔ေရာ"

"ဒီေန႕ကိစၥရွိလို႔ လူေတြ႕မခံဘူး"

"အာ....ဒါဆို ကြၽန္ေတာ္ အိမ္ထဲပတ္ၾကည့္ဦးမယ္ေလ ေမေမႀကီး"

"ငါ့ဘုရားခန္းကိုေတာ့ တက္ကန္ေတာ့စရာမလိုဘူး၊ ကန္ေတာ့ခ်င္ရင္ သူ႕အရွင္ မင္းပဲကန္ေတာ့"

‌ေမေမႀကီးသည္ ဉာဏ့္ကိုသေဘာမက်တာ ေတာ္ေတာ္သိသာသည္။ ေမေမႀကီးဘုရားခန္းသည္ နတ္ႀကီးသည္ဟုပင္ေျပာရေပမလား။ ေမေမႀကီးမႀကိဳက္သည့္သူ ဝင္ကန္ေတာ့လွ်င္ တစ္ခုခုျဖစ္တတ္သည္။ ဤသည္ကို သိထားေသာ စက္ေနဟိန္းကလည္း ဉာဏ့္ကို အဲ့လိုအျဖစ္ခံမွာေတာ့မဟုတ္။

"ဦးစက္ ၾကည္းၾကည္းက အေပါက္ဆိုးမယ့္ပုံႀကီးေနာ္"

ေလွကားေပၚေရာက္သည္ႏွင့္ လက္ေမာင္းကိုလာကုပ္ကာ အတင္းကေျပာေတာ့သည္။

"ဘယ္ကၾကည္းၾကည္းလဲ၊ ေမေမႀကီးလို႔ေခၚ၊ နည္းနည္းအလိုက္သိပါကြ"

"သားက မာမီနဲ႕ ဦးစက္မာမီကလြဲ က်န္တဲ့သူကို မာမီလို႔မသတ္မွတ္နိုင္ပါဘူးေနာ္"

"ေနရာနဲ႕ အခ်ိန္အခါဆိုတာရွိတယ္ေလ ဉာဏ္၊ ဒါကလည္း ကိုယ္တို႔အေခၚေဝၚေလ၊ ဟိုလို အေမသေဘာမ်ိဳးလည္းမဟုတ္ဘူး"

"ဦးစက္တို႔က ဘာလို႔ ေမေမႀကီးေခၚတာလဲဟင္"

"ဒီအိမ္ႀကီးကို သူ႕ရဲ႕သားသမီးလိုေစာင့္ေရွာက္ၿပီး ေဆြစဥ္မ်ိဳးဆက္မပ်က္ေအာင္ ထိန္းသိမ္းထားနိုင္လို႔ေလ၊ ဒါေပမယ့္ ကိုယ့္မာမီကေတာ့ သူတို႔အားလုံးနဲ႕ ဆန႔္က်င္ဘက္ေတြလုပ္ၿပီး လားရာမတူခဲ့ဘူးဆိုပါေတာ့၊ အခု ကိုယ္တို႔ႏွစ္ေယာက္ယူထားတာပဲၾကည့္ေလ"

"သား မာမီမွာေတာ့ အဲ့လိုေတြမရွိတာေတာ္ေသးတယ္၊ ဟီးဟီး မာမီကအမ်ိဳးလည္းနည္းေတာ့ သားဆို အခုလိုစိတ္ရႈပ္စရာေတြမရွိဘူး"

"မသိရင္ အမ်ိဳးမ်ားတဲ့ ကိုယ္ကပဲ စိတ္ရႈပ္စရာႀကီးလိုပဲေနာ္၊ ေျပာတဲ့ပုံက"

"ဟာ အဲ့လိုေျပာတာမဟုတ္ဘူး၊ ဦးစက္တို႔ဆို ဟိုအမ်ိဳးအိမ္သြားရင္ ဟိုလိုေန၊ ဒီအမ်ိဳးအိမ္လာရင္ ဒီလိုေနနဲ႕ ရႈပ္ေနတာကိုေျပာတာပါ"

သူအခုမွ ပထမဆုံး စက္ေနဟိန္းအမ်ိဳးအိမ္ေရာက္ဖူးတာကို၊ အမ်ားႀကီးေရာက္ဖူးတဲ့ပုံစံေျပာေနျပန္ၿပီ။ တကယ္ကို ဘယ္လိုဟာေလးမွန္းမသိတာ။

"အစ္..."

အေပၚထပ္သို႔ ေရာက္ေရာက္ခ်င္း စက္ေနဟိန္းအဘီျဖစ္သူ၏ ပုံတူသစ္သားပန္းပု႐ုပ္ႀကီးကိုျမင္ၿပီး လန႔္သြားကာ က်ိဳ႕ထိုးသြားေသာ ဉာဏ္။

"ဒါ ကိုယ့္အဘီ ရာဇသကၠရာဇ္၊ သူက ဘယ္လိုေျပာမလဲ၊ ဟိုးတုန္းက နာမည္အရမ္းႀကီးတဲ့ ေမွာ္ဆရာလို႔ ေမေမႀကီး ေျပာဖူးတယ္"

"ေၾကာက္စရာႀကီး၊ သားမၾကည့္ရဲေတာ့ဘူး၊ မသိရင္ သားကိုၾကည့္ေနတာၾကေနတာပဲ"

"ေအးပါကြာ၊ ဟက္...ထပ္ျမင္ရဦးမွာ မပူနဲ႕၊ လာ"

စက္ေနဟိန္း လက္ဆြဲေခၚရာေနာက္ပါသြားကာ ေနာက္ထပ္ ဒီလိုအ႐ုပ္ႀကီးေတြရွိေသးတာလားဟုေတြးရင္း ၾကက္သီးထလာမိသည္။

ထို႔ေနာက္ အခန္းတစ္ခန္းသို႔ ေရာက္လာခဲ့သည္။ ေရွးေဟာင္း စႏၵယားႀကီးတစ္လုံးရွိၿပီး ထိုေဘး၌ အမ်ိဳးသမီး႐ုပ္ထုႀကီး ေနာက္တစ္႐ုပ္။

"ဒါ အေစာကေတြ႕လာတဲ့ အ‌ဘီရဲ႕သမီးအႀကီးဆုံး ေဒဝီထိပ္ထားစံ၊ သူက အႏုပညာမွာ အရမ္းေတာ္တယ္လို႔ ေမေမႀကီးကေျပာျပတယ္၊ သူ႕ကို လိုခ်င္ခဲ့တဲ့ ေယာက္်ားသားေတြလည္းမ်ားတယ္၊ ဒါေပမယ့္ သူက အိမ္ေထာင္မျပဳဘဲေနခဲ့ရင္း ေပ်ာက္သြားခဲ့တယ္လို႔ေျပာတယ္"

"ဟမ္....ေပ်ာက္သြားတယ္"

"အင္း၊ ေပ်ာက္သြားတာ ဘယ္လိုမွ ရွာမရေတာ့ဘူးတဲ့၊ အရမ္းထူးဆန္းတဲ့ ကိစၥႀကီးေပါ့ ဉာဏ္ရယ္"

"တစ္ေနရာရာမွာ ေသတာမ်ိဳးျဖစ္နိုင္မလား"

"အဲ့ဒါလည္း ဘယ္သူမွ မသိခဲ့ရဘူး၊ အဘီက အဲ့စိတ္နဲ႕ ဆုံးပါးသြားခဲ့တယ္ေျပာတယ္"

‌ဉာဏ္လည္း ၾကက္သီးတျဖန္းျဖန္းထကာ နားေထာင္ေနရသည္။ စက္ေနဟိန္းလက္ေမာင္းကိုလည္း သတိမထားမိစြာဘဲ ဖက္တြယ္ထားမိသည္။ ထိုအခန္း၌ပင္ ေနာက္ထပ္ ႐ုပ္ထုမ်ားအေၾကာင္းကို စက္ေနဟိန္းက ထပ္ရွင္းျပသည္။ ဉာဏ္ေတြးေနသည္က မသိလွ်င္ ဘုရားေစတီေတြမွာ ေတြ႕ရသည့္ သိုက္နန္းရွင္လို ႐ုပ္ထုမ်ိဳးေတြဟူ၍ပင္။

"ကိုယ္တို႔ေသရင္လည္း ကိုယ္တို႔႐ုပ္ထုေတြက ဒီအိမ္မွာ ထပ္တိုးလာမွာ"

"ဘယ္လိုႀကီးလဲ"

"ဒါက ကိုယ္တို႔ထုံးစံပဲေလ ဉာဏ္ရဲ႕၊ မိသားစုေသြးသားရင္းဆို ေသတာနဲ႕ ႐ုပ္ထုေတြထုၿပီး အိမ္မွာထားတာ၊ တစ္နည္းနည္းအားျဖင့္ သူတို႔က ဒီအိမ္ႀကီးနဲ႕ ဆက္စပ္ေနေသးတယ္လို႔ ခံစားရေအာင္"

"ဦးစက္ ေတာ္ၿပီ၊ သားနားေထာင္ရတာေၾကာက္လာၿပီ၊ ဘယ္လိုႀကီးမွန္းလည္းမသိဘူး"

"လာ ဒါဆို၊ ေနာက္ အခန္းေတြ လိုက္ျပမယ္"

"မၾကည့္ခ်င္ေတာ့ဘူး၊ အိမ္ျပန္မယ္"

ဉာဏ္ ဒီေလာက္ထိေၾကာက္သြားတာ စက္ေနဟိန္းမျမင္ဖူးေသး။ သူ႕ၾကည့္ေတာ့လည္း နဖူးေတာင္ေခြၽးဆို႔ေနသည္။ ကိုယ့္ေဆြမ်ိဳးေတြအိမ္ကပဲ အရမ္းေၾကာက္စရာေကာင္းေနလားဟု စက္ေနဟိန္းေတြးမိလာသည္။

"ဒါဆိုလည္း ေအာက္ျပန္ဆင္းတာေပါ့"

စက္ေနဟိန္းဆုပ္ကိုင္ေပးထားသည့္ ဉာဏ့္လက္ဖဝါးသည္ ေခြၽးေစးမ်ားျဖင့္ ႐ႊဲေနေလၿပီ။ စက္ေနဟိန္းတို႔ ေအာက္ထပ္သို႔ေရာက္ေတာ့ ေမေမႀကီးက ေရႏြေးဗန္းတစ္ဗန္းႏွင့္အတူ ခြက္သုံးခြက္ခ်ကာ ေစာင့္ေနသည္။

"ေရႏြေးၾကမ္းေသာက္ၿပီး ေနက်မွ ျပန္ၾက"

"ဟုတ္ကဲ့ ေမေမႀကီး"

တစ္ကိုယ္လုံးေခြၽးမ်ားစို႐ႊဲေနေသာ ဉာဏ့္ကို ေမေမႀကီးက တစ္ခ်က္လွမ္းၾကည့္ရင္း....

"ဆိုင္တဲ့သူကိုျပမွ အဆင္ေျပမွာကို မဆိုင္တဲ့သူကို သူ႕အရွင္တို႔ မိသားစုေတြနဲ႕ မိတ္ဆက္ေပးလိုက္တယ္ထင္တယ္"

ေမေမႀကီးေျပာမွ ဉာဏ့္ကို ေနာက္တစ္ေခါက္အေသအခ်ာထပ္ၾကည့္မိေသာ စက္ေနဟိန္း။

"ဉာဏ္၊ ေနမေကာင္းဘူးလား၊ တစ္ကိုယ္လုံးေခြၽးေတြ႐ႊဲေနတာပဲ"

"သား အိမ္ျပန္ခ်င္တယ္"

ယူၿပီးေန႕ကစၿပီး ဘယ္ေသာအခါမွ မတြယ္ဖက္တတ္သူက စက္ေနဟိန္းကို အတင္းမွီတြယ္လာသည္။ ပုခုံးေပၚကိုမွီလာကာ အရမ္းပင္ပန္းသည့္ပုံျဖစ္လာေသာေၾကာင့္ စက္ေနဟိန္းမတတ္သာေတာ့။

"ေမေမႀကီး ကြၽန္ေတာ္တို႔ျပန္ဦးမယ္၊ ေနာက္မွ လာလည္ပါဦးမယ္"

မည္သည့္စကားမွ်မဆိုဘဲ ထသြားေသာ ေမေမႀကီးကို စက္ေနဟိန္း ခဏၾကည့္ၿပီးသည္ႏွင့္ ဉာဏ့္ကိုတြဲကာ အိမ္ထဲမွ ထြက္ခဲ့သည္။

"ဉာဏ္ အဆင္ေျပလား၊ ေဆးခန္းဝင္လိုက္မယ္ေလေနာ္"

ကားေပၚသို႔ တင္ေပးရင္း ေခြၽးမ်ားကိုလည္းသုတ္ခ်ေပးကာ စက္ေနဟိန္းတစ္ေယာက္ စိုးရိမ္စိတ္ကပိုဝင္လာသည္။

"အိမ္ျပန္မယ္"

"အင္း အင္း အိမ္ျပန္မယ္ေနာ္"

ကားေပၚသို႔ ကမန္းကတမ္းျဖင့္တက္ကာ စက္အျမန္ႏွိုးၿပီး ထိုၿခံဝန္းႀကီးထဲမွ ထြက္လာခဲ့သည္။ ဉာဏ္သည္ ျပတင္းေပါက္ကို မွီထားသည္ျဖစ္ရာ ထိုအိမ္၏ အေပၚဆုံးျပတင္းေပါက္၌ ရွမ္းရိုးရာအဝတ္အစားျဖင့္ ျဖဴျဖဴေခ်ာေခ်ာအမ်ိဳးသမီးတစ္ေယာက္ မတ္တပ္ရပ္ၾကည့္ေနသည္ကို ေနာက္ဆုံးအေနျဖင့္ ျမင္ခဲ့ရသည္။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

"ဟယ္လို ဂ်ဴးေရ"

"အင္း ေမာင္ေလး၊ ဘာလဲ သားေတာ္ေမာင္ ဆိုးလို႔ လွမ္းတိုင္တာလား"

ဉာဏ္၏ မာမီျဖစ္သူက စက္ေနဟိန္းထက္ သုံးႏွစ္သာႀကီးသည္။ စက္ေနဟိန္းက အသက္ေလးဆယ္ျပည့္ခါနီးျဖစ္ၿပီး ဉာဏ္၏မာမီ ဂ်ဴးသစၥာရွင္က ၄၃ႏွစ္ရွိၿပီျဖစ္သည္။ ယခု ဉာဏ္ေနမေကာင္း၍ ဂ်ဴးဆီ ဖုန္းဆက္ရျခင္းျဖစ္သည္။ ေတာ္ၾကာ သူ႕သားငယ္ေလးကို ယူထားၿပီး နင္ဘာလုပ္လိုက္လဲ ရန္ေတြ႕မခံနိုင္။

"မဟုတ္ပါဘူးကြာ၊ ဉာဏ္ကေလ ဒီေန႕ ႐ုတ္တရက္ႀကီး တစ္ကိုယ္လုံးေဖ်ာ့သြားၿပီး ေနမေကာင္းျဖစ္သြားလို႔ ဂ်ဴး၊ ဆရာဝန္က အားနည္းသြားတာလို႔ေျပာတယ္၊ ႏွလုံးေလဟပ္သြားတာမ်ိဳးတဲ့"

"သူက အဲ့လိုျဖစ္တတ္တယ္ေမာင္ေလး၊ ဂ်ဴးလည္း စိုးရိမ္ၿပီး ႏွလုံးအထူးကုေတြျပၾကည့္ေသးတယ္၊ ဘာမွျဖစ္ေနတာမဟုတ္ဘူးရယ္၊ သူကလန႔္စရာတစ္ခုခုေတြ႕တာတို႔ စိတ္ထဲအခန႔္မသင့္ျဖစ္သြားတဲ့ အခ်ိန္တို႔ဆို အရမ္းသိသာတယ္၊ ေခြၽးေတြထြက္လာၿပီး အဲ့လိုလဲလဲသြားတာ"

"ဒီေန႕ ကိုယ္သူ႕ကို အမ်ိဳးေတြဆီေခၚသြားတာေလ၊ အဲ့ကေန ေနမေကာင္းျဖစ္လာေတာ့ ကိုယ္စိတ္မေကာင္းျဖစ္သြားလို႔၊ ေနာက္ ကိုယ့္အမ်ိဳးေတြက သိပ္သေဘာက်တာမဟုတ္ေတာ့....ဂ်ဴးသေဘာေပါက္ပါတယ္"

"အာ...သားေလးက အဲ့လိုမ်ိဳးေတြ စိတ္ထဲမထားတတ္ဘူး၊ သူ႕စိတ္ထဲ တစ္ခုခုေတြးလိုက္လို႔ ျဖစ္ပါလိမ့္မယ္၊ ေမာင္ေလးအမွားမဟုတ္ပါဘူး"

"သူဘာႀကိဳက္တတ္လဲ ဂ်ဴး၊ နိုးလာရင္ အသင့္စားလို႔ရေအာင္"

"ဟယ္....ယူထားတာ တစ္ပတ္ၾကာၿပီေလ၊ သူဘာႀကိဳက္တတ္လဲ မသိေသးဘူးလား"

ရယ္သံႀကီးနဲ႕ အားပါပါေနာက္ေနေသာ ဂ်ဴးေၾကာင့္ စက္ေနဟိန္းပါ လိုက္ရယ္မိသြားသည္။

"ကိုယ္က လူပ်ိဳႀကီးေနာ္၊ မေနာက္ပါနဲ႕"

"ဟုတ္ပါၿပီ အိမ္ေထာင္သုံးဆက္နဲ႕ လူပ်ိဳႀကီးရယ္၊ သူက ေခါက္ဆြဲျပဳတ္တို႔ အသားလုံးျပဳတ္ေတြႀကိဳက္တယ္၊ ေရညွိေတြဘာေတြလည္းစားတယ္"

"ဟုတ္ၿပီ၊ ေက်းဇူး ဂ်ဴး၊ ဒါနဲ႕ ဂ်ဴးသားက ေမးေနတာ၊ ဘယ္ေန႕ ရန္ကုန္ျပန္ရမွာလဲတဲ့"

"မျပန္ၾကနဲ႕ဦးေလ၊ ရွင့္မာမီအေၾကာင္းလည္းသိသားနဲ႕၊ အခုဆို သူ ဘန္ေကာက္သြားၿပီး ရွင္တို႔အတြက္ surpriseေတြစီစဥ္ေနၿပီ"

"လုပ္ၿပီ မာမီက...."

"ဟီး ဆက္ေျပာေနရင္ ေပၚေတာ့မယ္၊ ဒါပဲေဟ့၊ ဂ်ဴးသားေလးကို ေသခ်ာဂ႐ုစိုက္ေပးေနာ္"

ဖုန္းခ်သြားေသာဂ်ဴးေၾကာင့္ စက္ေနဟိန္းၿပဳံးမိရင္း အိပ္ေပ်ာ္ေနေသာ ဉာဏ့္ကိုပါ တစ္ဆက္တည္းၾကည့္မိသည္။ ဒီေကာင္ေလး ဒီလိုျဖစ္သြားတာၾကည့္ရင္း စက္ေနဟိန္း စိတ္မေကာင္းတာအမွန္။ ေဘးနားသို႔သြားကာ အသာထိုင္ၾကည့္ေနရင္း ဉာဏ့္ဆံပင္ေလးမ်ားကို ဘာရယ္မဟုတ္ သပ္တင္ေပးေနမိသည္။ အိမ္ေထာင္ေရးေတြ တစ္ခုမွ အဆင္မေျပခဲ့ေသာေၾကာင့္ ထူးထူးဆန္းဆန္း ေယာက္်ားခ်င္းလက္ထပ္ထားရသည့္ ဉာဏ္ႏွင့္ အိမ္ေထာင္ကိုေတာ့ သူအဆင္ေျပခ်င္သည္ထက္ ပိုသည္။

ႏွစ္ေယာက္သားက ဂ်ဴးေျပာလည္း ေျပာခ်င္စရာပင္။ စယူတည္းက ထိလည္းမထိ၊ ဘာဆိုဘာမွလည္းမရွိ။ အိပ္တာေတာင္ ဉာဏ္ကေၾကာက္လို႔သာ အတူလာအိပ္၍ ဖက္မိတာမ်ိဳးရွိျခင္းျဖစ္သည္။ သည့္အျပင္ ဉာဏ္ကငယ္ေသး၍ သူတို႔လက္ထပ္ထားတယ္ဆိုေသာ္ျငား ဉာဏ္သေဘာက်သည့္ မိန္းကေလးမ်ိဳးေတြ႕လွ်င္ အသာတၾကည္ကြာေပးမည္ဟု ေျပာထားေသာေၾကာင့္ ဉာဏ့္စိတ္ထဲစြဲေနသည္က သူတို႔အတည္ယူထားတာ မဟုတ္ဘူးဟူ၍။ သို႔ေသာ္ စက္ေနဟိန္းကေတာ့ ဒီအိမ္ေထာင္ေလးတည္ၿမဲေစခ်င္တာအမွန္။

"ဟင္း...."

အသက္ရႉသံဖ်ဖ်ထြက္လာေသာ ဉာဏ္က မ်က္လုံးမ်ားပြင့္လာသည္။ သူ႕ေဘးနား၌ထိုင္ကာ ၾကည့္ေနသည့္ စက္ေနဟိန္းကိုျမင္ေတာ့ မလန႔္သြားဘဲ မ်က္ေမွာင္ကုပ္ၾကည့္ကာ....

"ဦးစက္ သား မူးလဲသြားတာလား"

"မဟုတ္ဘူး၊ ကိုယ္ နားရင္းအုပ္လိုက္လို႔ ေမ့သြားတာ"

"ဟီး ဟီး....သား အိမ္ဝနားေရာက္ေတာ့ မူးလဲသြားတာလိုလို ဘာလိုလိုနဲ႕ မမွတ္မိေတာ့လို႔ပါ ဦးစက္ကလည္း"

"ေနာက္တစ္ခါ သားလို႔ထပ္ေျပာရင္ေတာ့ တကယ္နားရင္းအုပ္ေတာ့မွာ"

"ဒါနဲ႕ ဦးစက္က ဘာထိုင္လုပ္ေနတာလဲ"

"ဉာဏ္ ကိုယ္ပူေနလား လာစမ္းၾကည့္တာ"

ေျပာေျပာဆိုဆိုႏွင့္ ဉာဏ့္နဖူးေပၚလက္လာတင္ေတာ့ ဉာဏ့္ရင္ထဲ ထိတ္ခနဲ။

"ဘာစားခ်င္လဲ"

ကိုယ္ပူစမ္းေနရင္းတစ္လက္စတည္းေမးလာသူ စက္ေနဟိန္းကို ေမာ့ၾကည့္မိသည္။ သူက ဉာဏ့္အေပၚကို အုပ္မိုးထားေသာေၾကာင့္ ဉာဏ့္စိတ္ထဲ တစ္မ်ိဳးပင္။

"အသားလုံးစြပ္ျပဳတ္ေသာက္ခ်င္တယ္"

"ဟုတ္ၿပီ၊ ရခိုင္မကို လုပ္ခိုင္းလိုက္မယ္၊ ဉာဏ္ျပန္အိပ္ရင္ အိပ္၊ ကိုယ္စားလို႔ရရင္ လာႏွိုးမယ္"

"အင္း ဦးစက္"

ေစာင္အေသအခ်ာၿခဳံေပးခဲ့ၿပီး အခန္းထဲမွထြက္သြားသည္အထိ ဦးစက္ကို ဉာဏ္ၾကည့္ေနမိသည္။ ယူေတာ့ယူထားတာပဲ၊ ဒီလိုေတြမျမင္ဖူးေသး၍ ဉာဏ္တစ္မ်ိဳးျဖစ္ေနျခင္းပင္။

ဉာဏ္တစ္ခါမွ် မစဥ္းစားဖူးပါ။ အိမ္ေထာင္ျပဳမည္ဟုလည္း မေတြးဖူးသလို ႀကိဳက္သည့္သူလည္းမရွိ။ ဉာဏ္က မာမီ့လိုျဖစ္ခ်င္တာျဖစ္သည္။ မာမီက ဉာဏ့္ကို ေယာက္်ားမရွိဘဲေမြးခဲ့တာ။ သုတ္ပိုးအလႉရွင္ရွာေမြးၿပီး single momအျဖစ္ ရပ္တည္ခဲ့တာျဖစ္သည္။ ထို႔ေၾကာင့္ မာမီသာ ဉာဏ့္ရဲ႕အရာရာျဖစ္သည္ႏွင့္အညီ ဉာဏ္ကလည္း မာမီ့လို single fatherသာျဖစ္ခ်င္သည္။ ယခုလိုမ်ိဳး ႐ုတ္တရက္အိမ္ေထာင္က်သြားရသည့္ ခံစားခ်က္ႀကီးက ဉာဏ့္အတြက္ အထူးအဆန္းျဖစ္ေနတုန္းပင္။

ဦးစက္က သူ႕အတြက္ အၾကင္ခင္ပြန္းလို႔ ျမင္ေပးလို႔မရ။ မာမီႏွင့္လက္မထပ္လိုက္ရသည့္သူဟုသာ ျမင္ေနမိသည္။ အကယ္၍သာ မာမီႏွင့္လက္ထပ္ရပါက ဦးစက္က သူ႕အေဖျဖစ္လာမည္။ မာမီက ဉာဏ္ေကာင္းသည္။ ဉာဏ့္ကို ဦးစက္လက္ထဲ ထိုးေပးလိုက္သည္။ အခုေတာ့ အေဖေခၚရနိုးနိုးမွ ေယာက္်ားဟုပင္ေခၚရေတာ့မည္။

_____________________________Ep 1 End!

Adder Aries
လိုအပ္ခ်က္မ်ား၊ အႀကံျပဳခ်င္တာမ်ားအတြက္ ႀကိဳဆိုပါတယ္။

Continue Reading

You'll Also Like

121K 2.5K 40
အဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)
1.7M 123K 67
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
6.2M 377K 54
Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပါ။ ကန့္လန့္ဆန္ေသာအခ်စ္၏ Extra 2 ကိုအရင္ဖ...
1.9M 91.2K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...