(Unicode)
ခန့်ညီလိုကျားတစ်ကောင်ကိုသူမကထိုင်ထိုင်စွနေသည့် သမင်ပျိုလေးလိုပါဘဲ။ ခန့်ညီ တစ်ယောက်အရာရာကိုကန့်သတ်ချုပ်ချယ်ခဲ့ဖူးတယ်။ မိန်းကလေးတွေကိုကိုယ်ကိုတိုင်ကစပြီးအရောတ၀င်မနေဖို့၊ မကာကွယ်ဖို့ နဲ့သံယောဇဉ်မထားမိဖို့ သူဆုံးဖြတ်ထားခဲ့ဖူး သည်။ သို့သော် မေမီဇော်ကသာထိုအရာတွေအားလုံးကိုပြောင်း ပြန်ဖြစ်အောင်လုပ်နိုင်ခဲ့သည်။ အရာအားလုံးကိုသူ့ဘက်ကနေကသာစတင်လာခဲ့ရသည်။
"ကဲ...ဘာလဲအိမ်ထိလိုက်လာလို့ ထိုင်တောင်မထိုင်ခိုင်းတော့ဘူးလား။"
သူ့ရှေ့မေမီမျက်မှောင်လေးကြုတ်ကာမေးလိုက်တော့ ခန့်ညီကမေမီ့လက်ကောက်၀တ်လေးကိုဆွဲကိုင်ကာလှေကားဆီသို့ခေါ်သွားသည်။
"ဒါဘယ်သွားမလို့လဲ။"
"အခန်းထဲသွားမယ်လေ။ဒါမှ မောင်တို့နှစ်ယောက်ထဲအတူရှိလို့ရမှာ။"
"ဟင်...ဒီ..ဒီမှာဘဲနေရအောင်လေ။"
"ဟား...ဟား"
မေမီဖြစ်သွားသည့်ထိုပုံလေးကိုခန့်ညီတစ်ယောက်ရယ်နေတာများမြင်လို့မကောင်းပါ။
"မောင့် မေမီဇော်ရယ်၊မောင်ကမင်းကိုပိုင်စိုး ပိုင်နင်းမလုပ်ရပါဘူး။အဲ့ကြောင့်လာ..လိုက်ခဲ့"
ခန့်ညီရဲ့ရှင်းပြပြောဆိုပုံအရ အပေါ်တစ်ထပ်လုံးကိုသူ့စိတ်ကြိုက်ဒီဇိုင်းဖြင့်သာဖန်တီးထားခြင်းဖြစ်သည်။ သားအဖနှစ်ယောက်ထဲနေတာမို့ သူ့ဒယ်ဒီကထွေထွေထူးထူးမပြောပေ။ အပြင်အဆင်ကလည်း သူနဲ့လိုက်ဖက်တဲ့အခန်းအသွင်အပြင်မျိုးဖြစ်သည်။
"ဘာစားချင်လဲ။"
"ငါကရတယ် ခန့်ညီအဆင်ပြေတာ"
ခန့်ညီကလူတစ်ယောက်ဆီသို့ဖုန်းခေါ်လိုက် ကာ ဒီနေ့အတွက် Menu အပြင်နောက်ထပ်အရသာရှိတာတွေကိုပါထပ်ပြီးပြုလုပ်ပေးဖို့မှာနေသည်။
"မောင့်မေမီဇော်လေးက ဘယ်လိုစိတ်နဲ့အိမ်ထိလာခဲ့တာတုန်း။"
"မသိဘူး...ငါလာချင်တဲ့စိတ်ဖြစ်လာလို့။"
ခန့်ညီက မေမီ့ကိုသူ့ကုတင်ပေါ်ထိုင်စေကာ
သူပါမေမီဘေးနားတွင်၀င်ထိုက်လာသည်။
ကုတင်ကြီးပျော့၀င်ကာ ထိုင်လိုက်တာနဲ့အိကနဲဖြစ်သွားသည်။ မေမီလည်း မာမီကိုကုတင်လဲပေးဖို့ပူဆာရမည်။
"မောင်...မင်းကိုဘယ်လောက်တောင်လွမ်းနေရလဲဆိုတာ မင်းသိလား။"
"မယုံဘူးသိလား။ ငါ့ကိုဖုန်းလေးတစ်ချက်တောင်မဆက်တာ၊ ငါဆက်တော့လည်းမကိုင်ဘူးလေ။"
"မဟုတ်ရပါဘူးကွာ။မင်းကမောင်နဲ့ပတ်သတ်ပြီးအရေးစိုက်မှုရှိရဲ့လားသိချင်ယုံပါ။ မောင်အတင်းသိမ်းမပိုက်ထားချင်ဘူးမေမီဇော်... မောင်တို့နှစ်ယောက်လုံးပင်ပန်ရလိမ့်မယ်။"
"အခုရော၊ ဘယ်လိုလဲပျော်ပြီလားဟင်..."
"ဒါပေါ့။ ပျော်တာပေါ့ မင်းကမောင့်ဆီကိုလိုက်လာတာကို၊ မောင်ဘယ်လောက်ထိပျော်နေလဲဆိုတာ မင်းမသိဘူး မေမီဇော်။"
"ဒါနဲ့လေ Matteo Alcântara ဆိုတဲ့နာမည်ကမေမီလည်းမသိရပါလား။"
"အင်း။ အဲ့တာကမောင့်အဖိုးပေးထားခဲ့တာလေ။မောင့်အဖိုးက Spain လူမျိုးလေ။ မောင်ရဲ့ဒယ်ဒီက Latin America သွေး
နှော။"
"ဒါဆို!...ခန့်ညီက ကပြားလေးပေါ့နော်။"
"အင်း။"
"Woo!...ဒါမို့ခန့်ညီ ရဲ့မျက်နှာပုံစံ၊အထားအသိုကအစ အဲ့ဘက်နည်းနည်းရောက်နေတာကို ဒါနဲ့ ခန့်ညီဒယ်ဒီကော"
"ခရီးထွက်နေတာ။အထူးသဖြင့် ဒယ်ဒီက Madrid မှာဘဲအချေချတာများတယ်။သုံးလတစ်ခါလောက်မှသာအိမ်ပြန်လာဖြစ်တာ။"
"ခန့်ညီ ပျင်းနေတော့မှာပေါ့။"
"အရင်ကတော့ပျင်းတာပေါ့ ခြောက်ကပ်ကပ်နဲ့လေ။ ခုတော့ မောင့်ဘေးမင်းရှိပြီလေ။"
မေမီတို့ စကားပြောနေတုန်းခန့်ညီရဲ့ဖုန်း၀င်လာတော့သည်။ ကြည့်လိုက်တော့သူ့သူငယ် ချင်း ကောင်းမြတ်စံဖြစ်နေသည်။
"ခဏနော်။ မောင်ဖုန်းပြောလိုက်ဦးမယ်"
"အင်း။"
ခန့်ညီသူမကိုပြောပြီးသည်နှင့်ကောင်းမြတ်စံနဲ့ဖုန်းပြောဖြစ်သည်။
"အေး..ကောင်းမြတ်စံပြော"
"ဟဲ့ရောင်!...ငါတို့ကိုတော့လေပြင်းတွေတိုက်ဖို့လာနေတယ်။"
"မင်းကဘာစကားကြီးလဲကွ။ ရှင်းရှင်လင်းလင်းပြောစမ်းပါ။"
"ငါတို့ကိုဟိုဘက်ကျောင်းကကောင်တွေ
မကျပ်နပ်ဘူးလို့ကြားလို့၊အထူးသဖြင့် ဟိုကောင် ကောင်းမင်းထက်တို့ပေါ့ကွာ"
"အဲ့တော့ ငါကဘာလုပ်ရမှာလဲ။"
"မင်းလည်းဂရုစိုက်နေလို့ရအောင် ဒီကောင်တွေကငါတို့လိုချိန်းချတာမဟုတ်ဘူး။အ
နောက်ကနေမိန်းမလိုမိန်းမရလုပ်တာ အဲ့တာကြောင့်သတိထားလို့"
"အေးပါကွာ။"
မေမီ မောင့်အခန်းရဲ့မီးခိုးရောင်လိုက်ကာတွေကိုဆွဲဖွင့်ကြည့်လိုက်တော့မြင်လိုက်ရသည့်ရှူခင်းကရူးချင်စရာဖြစ်သည်။စိမ်းစိမ်းစိုစိုသဘာ၀ကြားက အညိုရောင်တိုက်တွေကအသက်ဖြစ်သည်။ဒီရပ်၀န်းကတော်တော်သန့်သည်။
"မေမီ ဒီမှာစားစရာတွေရောက်ပြီ။"
မေမီ ခန့်ညီပြောတာကိုလှည့်မကြည့်မိပါ။ အကြည့်တို့က ထိုပန်းချီးကားလိုလှနေသည့်ရှူခင်းတွင်သာရှိနေသည်။
နားကတော့ သူမေမီ့အနားကိုလျှောက်လာနေသည့်ခြေလှမ်းတို့ကိုတစ်စွန်းတစ်စကြားမိလိုက်သည်။ ထို့နောက်မေမီ့အနောက်မှာရပ်ကာ၊သူဟာမေမီ့ခါးသွယ်သွယ်တို့ကိုအနောက်မှသိုင်းဖက်ထားပြီးမေမီ့ပခုံးသား ပေါ်မေးလေးတင်လို့ထားသည်။
"ဘာတွေငေးနေတာလဲ။"
"ဒီနေရာလေးကတော်တော်လှတယ်နော်"
"ဟုတ်လား!...ဒါပေမယ့်မောင်ကတော့ဒီနေရာ လေးကိုဘဲကြိုက်တာ။"
မေမီ့လည်တိုင်နဲ့ပခုံးသားကြားနေရာလေးကိုသူ့နှာတံလေးနဲ့တိုး၀င်နေသည်။
"ဟီး..ယားတယ်။ ဟာ!...ကျစ် ခန့်ညီရေငါယားတယ်လို့။"
"အဲ့ဆိုမောင်လို့ခေါ်..ခေါ်ရင်ရပ်ပေးမယ်"
"အာ့..ဟား ဟား။ ဟုတ်ပါပီ မောင်ရယ်။တော်ပါတော့..."
သူကျေနပ်သွားသည်ထိရစ်ပြီးမှမေမီ့ကို
စတာရပ်တော့သည်။ မောင်ကသိပ်ဆိုးတာဘဲ။
မေမီ တစ်နေ့လုံးသူကျွေးသမျှစားနေရသည်မို့ ဗိုက်ဟာတော်တော်လေးတင်းနေပြီ။ ဒါ ကြောင့်လမ်းလျှောက်ပြီး အိမ်ပြန်ဖို့ကိုသာ
မေမီရွေးချယ်လိုက်သည်။မောင်နဲ့အတူလမ်း လျှောက်ရတိုင်းနှလုံးသားလေးကကဆုန် ပေါက်လာနေသည်။
******
ခန့်ညီသော်တစ်ယောက်ဒီနေ့စိတ်လှုပ်ရှား ၍နေသည်။ အကြောင်းကသူ့မာမီဒေါ်ဒေစီခိုင် ဟာပြည်ပမှပြန်လာမည်ဖြစ်သော ကြောင့်ဖြစ်သည်။ သူ့မာမီ ဒီကိုပြန်လာတိုင်းခန့်ညီကိုတစ်ခါမျှပင် လက်ခံတွေ့ဆုံခဲ့ခြင်း
မရှိပါ။ ခန့်ညီသော်ဆိုသည့်ထိုကလေးငယ်ကို သူ့သွေးသားအဖြစ်အသိအမှတ်မပြုခဲ့ပေ။ သူကသာ ဒေါ်ဒေစီခိုင် ပြန်လာတိုင်းအဝေးကနေခိုး၍သွားကြည့်ခဲ့ရခြင်းဖြစ် သည်။သူ မာမီကိုအဝေးကနေငေးကြည့်ခွင့်ရနေရင်ကို ခန့်ညီသော် ဟာပျော်ရွှင်နေရသည်။
မာမီ ဒယ်ဒီနဲ့ကွာရှင်းပြီးထဲကပြည်ပမှာ
ဘဲသူ့ငယ်ချစ်နဲ့ လက်ထပ်ခဲ့သည်ဆိုသည့်အကြောင်းခန့်ညီကြားသိခဲ့ရသည်။ မာမီရဲ့ငယ်ချစ်ကအခြားသူတော့မဟုတ်ပါ။
ကောင်းမင်းထက်ရဲ့အဖေသာဖြစ်သည်။ဒါကလည်း သူကောင်းမင်းထက်ကိုကြည့်မရတဲ့အချက်ဖြစ်သည်။ သူဟာပိုင်ရှင်မဟုတ်လား။
ပိုင်ရှင်ဖြစ်တဲ့သူကတော့မထိရက်၊မကိုင်ရက်အဝေးကနေငေးကြည့်ခဲ့တဲ့ ထိုဒေစီပန်းလေးကို သွေးမတော်သားမဆက်သည့် ကောင်းမင်းထက်က ပိုင်ဆိုးပိုင်နင်းနဲ့ မာမီခေါ်ခွင့်ရှိနေခဲ့သည်။
ခန့်ညီ တစ်ယောက်သူ့အခန်းရဲ့သူမလေး အကြိုက်ဆုံးသောမှန်တွေကာရံထားသည့်နေရာလေးမှာဆေးလိပ်တို့ရဲ့အငွေ့အရသာကိုရှူရှိက်နေမိသည်။
"သခင်လေး Matteo ။သခင်ကြီးကဒီရက်ထဲကျောင်းကနေဒီပြင့်နေရာခြေမလှမ်းပါနဲ့တဲ့"
"ဘာ!!...ဒါဘယ်လိုအခြေနေမျိုးကြီးလဲ။"
"အဲ့ဒါကသခင်ကြီးအမိန့်ပါ။ တကယ်လို့
မလိုက်နာခဲ့ရင် သခင်လေးစပိန်ကိုလိုက်လာရမယ်တဲ့။"
"ငါ့ကိုအဲ့လိုများဘယ်တုန်းကတင်းကျပ်လို့ရခဲ့လို့လည်း။ ဒယ်ဒီကလေကုန်ရအောင်လို့။"
ခန့်ညီ တကယ်ဒေါသထွက်သွားရသည်။
ဒီတစ်ခါတော့ ဒယ်ဒီဟာသူ့ကိုစိတ်အထိ အခိုက်မခံခိုင်းဘူးနဲ့တူပါရဲ့။ မာမီဆီသွားမယ့်အပယ်ခံသူ့ကိုကာကွယ်နေလေရဲ့။
"အောက်မှာသခင်လေး Matteo အတွက် Suprise တွေရောက်နေပါတယ်။"
Matteo တစ်ယောက်ရဲ့အနက်ရောင်မျက်ခုံးတန်းတို့ကအလည်တစ်နေရာ၌စုဆုံသွားသည်။ သောက်လက်စဆေးလိပ်ကို ခွက်ထဲသို့ဖိချေကာ Suprise ဆိုသည့်အရာရှိရာဆီသို့ဆင်းလာခဲ့လိုက်သည်။
ထို Suprise ကိုမြင်ပြီးနောက် Matteo တစ်ယောက် သူ့ဖခင်အားချက်ချင်းပင်ဖုန်းခေါ်ခဲ့သည်။
"Hello Dad!...ဒါဘာသဘောလဲဗျာ"
"For you!...ကျွန်တော် မင်းကိုတစ်ခုပြောမယ် မင်းသူ့ကိုလုံး၀သွားမရှာနဲ့။"
"ဟာ!...ဒယ်ဒီကလည်း ကျွန်တော် ဒေစီပန်းလေးကိုဘယ်လောက်လွမ်းနေခဲ့ရလဲ။"
"No...အကယ်လို့များအဲ့သွေးရိုင်းဒေစီလေး
ကမင်းကိုလျစ်လျှူရှူပြီး ပစ်ထားနေအုန်းမယ်ဆို ကျွန်တော်ဒီတစ်ခါမင်းကိုလာခေါ်သွားရလိမ့်မယ်။ မင်းခံစားနိုင်ပေမယ့် မင်းခံစားနေရတာကိုကျွန်တော်မကြည့်ရက်နိုင်ဘူး။"
"ဟုတ်ပါပီ။ ဒါပေမယ့်ဒီSupriseကြီးကိုတော့ပြန်ယူသွားပါ။"
"မင်းကဒေစီပန်းလေးလိုဘဲ ခေါင်းသိပ်မာတယ်။ ကျွန်တော့်လိုဘဲသွေးဆိုးတယ်အကြံကြီးတယ်။ ဒါကြောင့် ဒီSuprise ကမင်းအနားရှိသင့်တယ်။ အထူးသဖြင့် ဒေစီပန်းလေးသူ့နေရပ်မပြန်ခင်အထိ"
ခန့်ညီသူ့မာမီကိုသွားချောင်းကြည့်ဖို့ ဒယ်ဒီကရနိုင်သမျှပိတ်ပင်နေသည်။ဒါကြောင့်
ခန့်ညီ အကြံကြီးကြီးထားမှရတော့မည်။
Daddy ရဲ့ကျွန်တော်ဆိုသည့်အသုံးနှုန်းလေးကတော့သူ့ရင်ကိုနွေးစေသည်။ Daddy ကနိုင်ငံခြားမှာသာကြီးပြင်းခဲ့သူပီပီ ကျွန်တော်နဲ့ငါဆိုသည့်နာမ်စားတို့ကိုမသိပ်ကွဲသေးပါ။ ခန့်ညီ တစ်ယောက် ဘယ်လောက်ရှင်းပြရှင်းပြသူဟာဒီနာမ်စားလေးကိုနှစ်သက်သည်တဲ့လေ။ ကျွန်တော်ဆိုသည့်နာမ်စားကိုလည်းခန့်ညီနဲ့ဒေါ်ဒေစီခိုင် နှစ်ယောက်ရှေ့တွင်သာသီးသန့်သုံးသည်။
******
ကျောင်းရဲ့ညပိုင်း SC အချိန်တွင်ဖြစ်သည်။
ခန့်ညီသော်ဟာ ဟိုဘက်အခန်းတွင်ရှိသည်။ မေမီကတော့ဒီဘက်အခန်း၌စာတို့နှင့်နပန်း လုံးနေရသည်။ မြတ်ဇင်နဲ့ အတူထိုင်သည်ဖြစ်တာကြောင့်သူ့နည်းတူနားခွင့်တောင်မရပါ။
"ဒီမှာ.."
ခုံကိုခေါက်ကာခေါ်သည်မို့မေမီမော့ကြည့်
မိလိုက်သည်။
"ယွန်းမြတ်နိုးပါလား...ဘာလဲဟင်"
"ငါနဲ့ခဏလောက်လိုက်ခဲ့ပါလား။ ငါဗိုက် အရမ်းဆာလို့မုန့်ထုပ်လေးဆင်းယူချင်လို့"
နားချိန် မဟုတ်သည့်အတွက်ကြောင့်ကန်တင်းမှာမုန့်ထွက်၀ယ်ရင်ကျိန်းသေအဆူခံရမည်ဖြစ်သည်။
"ဟို...နောက်နာရီ၀က်လောက်နေမှသွားပါလား။ အခုချိန်သွားရင်ဆူခံထိလိမ့်မယ်။"
"ရွှေရည်ထက်ကလည်း ဟိုဘက်ခန်းရောက်နေလို့ ငါဗိုက်လည်းဆာနေပြီ။ ခဏလေးပါနော် ဆရာမရုံးခန်းသွားနေတုန်းလေး"
ယွန်းမြတ်နိုးကြည့်ရသည်မှာလည်းတကယ်ဗိုက်ဆာနေပုံရသည်။မေမီဇော်ဒီတစ်ခါတော့သူမကိုကူညီရမည်။ သူမက မေမီကြောင့်
အရင်နေ့က လက်အပူလောင်သွားခဲ့သည်
မဟုတ်လား။
"အင်းလေ။ ဒါဆိုလည်းမြန်မြန်တော့သွားတာပေါ့။"
ဒီကျောင်းဆောင်အတွင်း Special Class
နှစ်ခန်းနဲ့ စင်္ကြံလမ်းသာမီးတို့လင်းထိန်နေ သည်။ ကျန်တဲ့အခန်းတို့ကတော့ဗလာနတ္ထိ။ စားသောက်ဆောင်ကဟိုဖက်အဆောင်မှာမို့နည်းနည်းမြန်မြန်တော့သွားရသည်။ သူတို့
အခန်းထဲပြန်မရောက်ခင် ဆရာမရောက်နေလျှင် ပြသာနာတက်လိမ့်မည်။
"အန်တီ သမီးအပ်ထားတဲ့မုန့်ထုပ်လေး။"
"အော်...သမီးဒီမှာ။"
ယွန်းမြတ်နိုး အပ်ထားသည့်မုန့်ထုပ်ကိုယူပြီး သည်နဲ့ မေမီတို့ SC ခန်းရှိရာနှစ်ထပ်ဆောင်ဘက်သို့ပြန်ကူးလာလိုက်သည်။မေမီ ပထမထပ်ကိုရောက်ပြီမို့ စိတ်တို့နည်းနည်းလျော့ ကျသွားရသည်။ထိုအချိန် လမ်းလျှောက်နေတုန်း ယွန်းမြတ်နိုးက ခြေလှမ်းတို့ကိုရုတ်တ ရက် ရပ်တန့်လိုက်ပြန်သည်။
"ယွန်းမြတ်နိုး ဘာဖြစ်လို့လဲဟင်။"
"ငါ...ငါ Toiletသွားချင်လာလို့။ နင်ဒီနားမှာ
ဒါလေးကိုင်ပြီးခဏစောင့်ပေးပါလား"
"ဟင်...ယွန်းမြတ်နိုး"
"ခဏလေး ခဏလေးပါ...မေမီဇော်ရယ်"
မေမီဇော် သန့်စင်ခန်းရှေ့မှာစောင့်နေရသည်။
*ကျစ်!...ကြာလိုက်တာသေတော့မှာဘဲ*
မေမီရပ်နေတုန်းလူနှစ်ယောက်မေမီတို့အနားသို့လျှောက်လာနေသည်ကိုလှမ်းမြင်လိုက်ရသည်။ တဖြည်းဖြည်းနီးလာ၍ကြည့်လိုက်တော့မှ ဆရာမနှစ်ယောက်ဖြစ်နေသည်။
မေမီတို့အတန်းပိုင်တော့မဟုတ်ပါ။အခြားခန်းမှဆရာမဖြစ်သည်။
"မေမီဇော်...သမီးဒီမှာဘာလုပ်နေတာလဲ"
မေမီဇော်ကိုင်ထားသည့်အထုပ်လေးကိုလက် နောက်သို့ပို့လိုက်မိသည်။
"သမီး လက်ထဲကဘာလဲ။ ဒီမှာတစ်ယောက်ထဲဘာလုပ်နေတာလဲ။"
"ဟို...ဟို ယွန်းမြတ်နိုးကToiletလာချင်တယ် ဆိုလို့ ခဏလိုက်လာတာပါ"
"ဒါဆိုလက်ထဲကအထုပ်ကဘာလဲ"
"ဆရာမ သန့်စင်ခန်းထဲကိုတစ်ချက်လောက်သွားကြည့်လိုက်ပါ" ပါလာသည့်ဆရာမကိုထိုဆရာမမှပြောလိုက်သည်။
"ဒါ Pad ထုပ်ပါဆရာမ"
မေမီယောင်မှားမှားနှင့်လျှောက်ပြောနေ သည်။ ဒီချိန်မုန့်သွားယူတယ်ဆိုကျိန်းသေမေမီတို့အဆူခံရမည်ဖြစ်သည်။
"အဲ့ဆို ဆရာမကိုပြပါမေမီဇော် ဆရာမအပိုတွေထပ်မပြောချင်ဘူး။"
မေမီဇော် လက်ထဲထိုအထုပ်ကိုကိုင်ထားမိတုန်းဖြစ်သည်။ မေမီဇော်ကြောင့်ယွန်းမြတ် နိုးကိုဒုက္ခထပ်မရောက်စေချင်ပါ။
"ဆရာမဒီကိုလာတယ်ဆိုတာ ဒီမှာကျောင်း သူတစ်ယောက်ဆေးလိပ်ခိုးသောက်နေတယ်လို့တိုင်ကြားခံရလို့လာတာ။ အဲ့အတွက် ဆရာမကိုပြပါ။"
မေမီဇော်ဟာမုန့်ထုပ်ကိုသာကိုင်ထားခြင်းဖြစ်သည့်အတွက် နားမလည်ပါ။စိတ်တို့လေးလံသွားရသည်။ အမှားမရှိတဲ့အတွက်အထုပ်ကိုဆရာမဆီသို့ မေမီထိုးပေးလိုက်သည်။
ဆရာမက ထိုအထုပ်ကိုဖွင့်ကြည့်နေသည်
ထိုအခိုက်အတန့်ဟာမေမီကိုနှလုံးတို့ရပ်သွားစေနိုင်သည်။
"မေမီဇော်...သမီးဒါဘာတွေလဲ။"
ဆရာမလက်ထဲက ဆေးလိပ်ဘူးနဲ့မီးခြစ်တို့ဟာ မေမီ့ရင်၀ကိုစောင့်ကန်လိုက်သလိုခံစားလိုက်ရသည်။ထိန်းလာခဲ့ရတဲ့ မေမီဇော်ရဲ့ကျင့်၀တ်တို့ဟာ ဒီနားလေးတွေပင်ကျဆုံးသွားခဲ့ရသည်။
"ဆရာမ...ဒါသမီးဟာမဟုတ်ဘူး။ဒါ ယွန်းမြတ်နိုးရဲ့မုန့်ထုပ်ပါ။ သူမုန့်သွားယူမယ်ဆိုလို့လိုက်ပေးတာ သမီးတကယ်ဘာမှမသိတာပါ။"
ထိုအချိန်သန့်စင်ခန်းဘက်မှ ဆရာမတစ်ယောက်နဲ့အတူယွန်းမြတ်နိုးနဲ့ရွှေရည်ထက်တို့ထွက်လာခဲ့သည်။
"ဆရာမ ဒီကျောင်းသူနှစ်ယောက်ကအပေါ်ကသန့်စင်ခန်းရေမလာလို့၊ သူတို့ဘာသာသူတို့ ဒီသန့်စင်ခန်းကိုလာတာတဲ့။"
"ဟင်....ဘယ်လို ခုနကဘဲနင် ငါနဲ့စားသောက်
ဆောင်ဘက်ကပြန်လာတာလေ ယွန်းမြတ်နိုးရဲ့။"
"ဟယ်!...မေမီဇော်ရယ်ပေါက်ကရတွေငါတို့
ခုမှအပေါ်ထပ်ကဆင်းလာတာ။"
ယွန်းမြတ်နိုးဟာဗြောင်ငြင်းနေသည်။
"ကဲ...မေမီဇော် ဘာငြင်းအုန်းမလဲ။ နင်က ဆရာမကို Padလို့တောင်လိမ်လိုက်သေးတာ ဆရာမကတော့နင့်ကိုချီးကျူးလိုက်ရတာ။
နင်ကတော့နောက်ကွယ်မှာ ဆေးလိပ်ခိုးသောက်နေတယ်ပေါ့။ ဒါအပြင့်သူများကိုပါအမှုထဲဆွဲထည့်နေသေးတယ်။"
"မဟုတ်ဘူး ဆရာမ...သမီးရှင်းပြပါရစေ။"
"တော်ပြီ...မကြားချင်ဘူးရုံးခန်းလိုက်ခဲ့။"
မေမီတွေ့လိုက်ပါသည်။ ယွန်းမြတ်နိုးနဲ့ရွှေရည်ထက်တို့ရဲ့အပြုံးကိုမေမီဟာလူကြောက်ခဲ့သူမို့ လူတွေရဲ့အကြောင်းမသိခဲ့ရတာပါ။
ဒါဟာ မေမီ့အားနည်းချက်ဖြစ်လာစေခဲ့သည်။ဒီမုန့်ထုပ်လေးဟာ မေမီကိုလူတွေ
ဒီလိုထင်စေနိုင်ခဲ့သည်။
မေမီဇော် အပြင်၊ ရွှေရည်ထက်နဲ့ယွန်းမြတ်နိုးတို့ပါ ရုံးခန်းတွင်ရှိနေသည်။ ဆရာမကမေမီဇော်ကိုဒေါသပုန်ထနေသောအကြည့် တို့နဲ့ကြည့်နေသည်။ မေမီဇော်ဆေးလိပ်သောက်သည်ဆိုသည့်အကြောင်းကိုလည်း ကျိန်းသေကလေးတွေလည်းသိသွားလောက်ပြီ။
"မင်း!...အထက်တန်းကျောင်းသူတစ်ယောက် ဘဲရှိသေးတာကို ဒီလိုကျောင်းမှာတောင်ဆေးလိပ်သောက်ရဲတယ်ဆိုတော့ မင်းကိုငါတို့ဘယ်လိုလုပ်ရမလဲ။ သာမန်မိသားစုကလာတဲ့ စာတော်တဲ့ကျောင်းသူမို့ဒီလိုပိုက်ဆံကျောင်းမှာမျက်နှာသာပေးထားတာကို မင်းကရောင့်တက်တာလား"
"...."
"ဒီလိုကျောင်းမှာအဆင့်အတန်းရှိတဲ့မိသားစုကသူတွေဘဲရှိသင့်တာ။ ခုတော့ကျောင်းညစ်ပက်ရပြီ မိဘခေါ်မယ်။ ဘယ်လိုမိဘကဒီလိုလွှတ်ထားလဲကြည့်အုန်းမယ်။"
အမှန်တော့ မေမီဇော်ဟာမိဘတွေ့ရဲ့အရှိန် အဝါကိုအရှိကိုအရှိတိုင်းထုတ်မပြခဲ့သူမို့ သည်လိုထင်ခံရခြင်းဖြစ်သည်။ မေမီဟန် ဆောင်အပြုံးဖွဖွလေးတော့ပြုံးမိလိုက်သည်။
လူတွေဟာ ငွေမျက်နှာဘဲကြည့်သည်။
ခဏတာတိတ်ဆိတ်သွားပြီးဖြစ်သည်။
*ဒုန်း!!...*
တံခါးကိုစောင့်တွန်းကာ၀င်လာသူမှာ ခန့်ညီ သော်ဖြစ်သည်။ နီရဲနေသောမျက်လုံးတို့နဲ့သူဟာ နတ်ဆိုးတစ်ကောင်အလားရှိနေသည်။
"ဘာမိဘမှခေါ်စရာမလိုဘူးထင်တယ်။ ဘာလို့လဲဆိုတော့ကျွန်တော်ကသူ့လက်ထဲ အဲ့အ ထုပ်ထည့်ခဲ့တာ။ အဲ့တော့ ဆရာမခေါ်ချင်ရင်ကျွန်တော့်မိဘကိုခေါ်နိုင်ပါတယ်"
မေမီဇော်အတွက်အရင်ကနားထောင်ဖို့ကောင်းသည့် အသံဩဩလေးကဒီတစ်ခါမှာကြောက်ဖို့ကောင်းသည့်အရှိန်အဝါတို့ကိုသယ်ဆောင်လာသည်။
"ဘယ်လို....ခန့်ညီသော်"
"ဟုတ်တယ်။ ကျွန်တော်အိတ်ထဲစီးကရက် ဘူးပါလာလို့ သူ့ကိုအိမ်သာထဲသွားလွှင့်ပစ်ခိုင်းတာ။ ဘာလို့လဲဆို မေမီဇော်က ဆရာမပြောတဲ့အတိုင်း သာမာန်မိသားစုက အရုပ်လေးမလား သူကနှုတ်လုံတယ်လေ။"
မျက်နှာပျက်နေသူမှာ ယွန်းမြတ်နိုးတို့နှစ်ယောက်သာဖြစ်သွားရသည်။ သမင်ပျိုလေးကိုသွားစတာကြောင့် ခြင်္သေ့မင်းကဟိန်းလာခြင်းသာဖြစ်သည်။
#ဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီးတိုင်းကိုကျေးဇူးပါ 💛။
🍁🍁🍁🍁🍁🍁
(Zawgyi)
ခန႔္ညီလိုက်ားတစ္ေကာင္ကိုသူမကထိုင္ထိုင္စြေနသည့္ သမင္ပ်ိဳေလးလိုပါဘဲ။ ခန႔္ညီ တစ္ေယာက္အရာရာကိုကန႔္သတ္ခ်ဳပ္ခ်ယ္ခဲ့ဖူးတယ္။ မိန္းကေလးေတြကိုကိုယ္ကိုတိုင္ကစၿပီးအေရာတ၀င္မေနဖို႔၊ မကာကြယ္ဖို႔ နဲ႕သံေယာဇဥ္မထားမိဖို႔ သူဆုံးျဖတ္ထားခဲ့ဖူး သည္။ သို႔ေသာ္ ေမမီေဇာ္ကသာထိုအရာေတြအားလုံးကိုေျပာင္း ျပန္ျဖစ္ေအာင္လုပ္နိုင္ခဲ့သည္။ အရာအားလုံးကိုသူ႕ဘက္ကေနကသာစတင္လာခဲ့ရသည္။
"ကဲ...ဘာလဲအိမ္ထိလိုက္လာလို႔ ထိုင္ေတာင္မထိုင္ခိုင္းေတာ့ဘူးလား။"
သူ႕ေရွ႕ေမမီမ်က္ေမွာင္ေလးၾကဳတ္ကာေမးလိုက္ေတာ့ ခန႔္ညီကေမမီ့လက္ေကာက္၀တ္ေလးကိုဆြဲကိုင္ကာေလွကားဆီသို႔ေခၚသြားသည္။
"ဒါဘယ္သြားမလို႔လဲ။"
"အခန္းထဲသြားမယ္ေလ။ဒါမွ ေမာင္တို႔ႏွစ္ေယာက္ထဲအတူရွိလို႔ရမွာ။"
"ဟင္...ဒီ..ဒီမွာဘဲေနရေအာင္ေလ။"
"ဟား...ဟား"
ေမမီျဖစ္သြားသည့္ထိုပုံေလးကိုခန႔္ညီတစ္ေယာက္ရယ္ေနတာမ်ားျမင္လို႔မေကာင္းပါ။
"ေမာင့္ ေမမီေဇာ္ရယ္၊ေမာင္ကမင္းကိုပိုင္စိုး ပိုင္နင္းမလုပ္ရပါဘူး။အဲ့ေၾကာင့္လာ..လိုက္ခဲ့"
ခန႔္ညီရဲ႕ရွင္းျပေျပာဆိုပုံအရ အေပၚတစ္ထပ္လုံးကိုသူ႕စိတ္ႀကိဳက္ဒီဇိုင္းျဖင့္သာဖန္တီးထားျခင္းျဖစ္သည္။ သားအဖႏွစ္ေယာက္ထဲေနတာမို႔ သူ႕ဒယ္ဒီကေထြေထြထူးထူးမေျပာေပ။ အျပင္အဆင္ကလည္း သူနဲ႕လိုက္ဖက္တဲ့အခန္းအသြင္အျပင္မ်ိဳးျဖစ္သည္။
"ဘာစားခ်င္လဲ။"
"ငါကရတယ္ ခန႔္ညီအဆင္ေျပတာ"
ခန႔္ညီကလူတစ္ေယာက္ဆီသို႔ဖုန္းေခၚလိုက္ ကာ ဒီေန႕အတြက္ Menu အျပင္ေနာက္ထပ္အရသာရွိတာေတြကိုပါထပ္ၿပီးျပဳလုပ္ေပးဖို႔မွာေနသည္။
"ေမာင့္ေမမီေဇာ္ေလးက ဘယ္လိုစိတ္နဲ႕အိမ္ထိလာခဲ့တာတုန္း။"
"မသိဘူး...ငါလာခ်င္တဲ့စိတ္ျဖစ္လာလို႔။"
ခန႔္ညီက ေမမီ့ကိုသူ႕ကုတင္ေပၚထိုင္ေစကာ
သူပါေမမီေဘးနားတြင္၀င္ထိုက္လာသည္။
ကုတင္ႀကီးေပ်ာ့၀င္ကာ ထိုင္လိုက္တာနဲ႕အိကနဲျဖစ္သြားသည္။ ေမမီလည္း မာမီကိုကုတင္လဲေပးဖို႔ပူဆာရမည္။
"ေမာင္...မင္းကိုဘယ္ေလာက္ေတာင္လြမ္းေနရလဲဆိုတာ မင္းသိလား။"
"မယုံဘူးသိလား။ ငါ့ကိုဖုန္းေလးတစ္ခ်က္ေတာင္မဆက္တာ၊ ငါဆက္ေတာ့လည္းမကိုင္ဘူးေလ။"
"မဟုတ္ရပါဘူးကြာ။မင္းကေမာင္နဲ႕ပတ္သတ္ၿပီးအေရးစိုက္မႈရွိရဲ႕လားသိခ်င္ယုံပါ။ ေမာင္အတင္းသိမ္းမပိုက္ထားခ်င္ဘူးေမမီေဇာ္... ေမာင္တို႔ႏွစ္ေယာက္လုံးပင္ပန္ရလိမ့္မယ္။"
"အခုေရာ၊ ဘယ္လိုလဲေပ်ာ္ၿပီလားဟင္..."
"ဒါေပါ့။ ေပ်ာ္တာေပါ့ မင္းကေမာင့္ဆီကိုလိုက္လာတာကို၊ ေမာင္ဘယ္ေလာက္ထိေပ်ာ္ေနလဲဆိုတာ မင္းမသိဘူး ေမမီေဇာ္။"
"ဒါနဲ႕ေလ Matteo Alcântara ဆိုတဲ့နာမည္ကေမမီလည္းမသိရပါလား။"
"အင္း။ အဲ့တာကေမာင့္အဖိုးေပးထားခဲ့တာေလ။ေမာင့္အဖိုးက Spain လူမ်ိဳးေလ။ ေမာင္ရဲ႕ဒယ္ဒီက Latin America ေသြး
ေႏွာ။"
"ဒါဆို!...ခန႔္ညီက ကျပားေလးေပါ့ေနာ္။"
"အင္း။"
"Woo!...ဒါမို႔ခန့္ညီ ရဲ႕မ်က္ႏွာပုံစံ၊အထားအသိုကအစ အဲ့ဘက္နည္းနည္းေရာက္ေနတာကို ဒါနဲ႕ ခန့္ညီဒယ္ဒီေကာ"
"ခရီးထြက္ေနတာ။အထူးသျဖင့္ ဒယ္ဒီက Madrid မွာဘဲအေခ်ခ်တာမ်ားတယ္။သုံးလတစ္ခါေလာက္မွသာအိမ္ျပန္လာျဖစ္တာ။"
"ခန႔္ညီ ပ်င္းေနေတာ့မွာေပါ့။"
"အရင္ကေတာ့ပ်င္းတာေပါ့ ေျခာက္ကပ္ကပ္နဲ႕ေလ။ ခုေတာ့ ေမာင့္ေဘးမင္းရွိၿပီေလ။"
ေမမီတို႔ စကားေျပာေနတုန္းခန႔္ညီရဲ႕ဖုန္း၀င္လာေတာ့သည္။ ၾကည့္လိုက္ေတာ့သူ႕သူငယ္ ခ်င္း ေကာင္းျမတ္စံျဖစ္ေနသည္။
"ခဏေနာ္။ ေမာင္ဖုန္းေျပာလိုက္ဦးမယ္"
"အင္း။"
ခန႔္ညီသူမကိုေျပာၿပီးသည္ႏွင့္ေကာင္းျမတ္စံနဲ႕ဖုန္းေျပာျဖစ္သည္။
"ေအး..ေကာင္းျမတ္စံေျပာ"
"ဟဲ့ေရာင္!...ငါတို႔ကိုေတာ့ေလျပင္းေတြတိုက္ဖို႔လာေနတယ္။"
"မင္းကဘာစကားႀကီးလဲကြ။ ရွင္းရွင္လင္းလင္းေျပာစမ္းပါ။"
"ငါတို႔ကိုဟိုဘက္ေက်ာင္းကေကာင္ေတြ
မက်ပ္နပ္ဘူးလို႔ၾကားလို႔၊အထူးသျဖင့္ ဟိုေကာင္ ေကာင္းမင္းထက္တို႔ေပါ့ကြာ"
"အဲ့ေတာ့ ငါကဘာလုပ္ရမွာလဲ။"
"မင္းလည္းဂ႐ုစိုက္ေနလို႔ရေအာင္ ဒီေကာင္ေတြကငါတို႔လိုခ်ိန္းခ်တာမဟုတ္ဘူး။အ
ေနာက္ကေနမိန္းမလိုမိန္းမရလုပ္တာ အဲ့တာေၾကာင့္သတိထားလို႔"
"ေအးပါကြာ။"
ေမမီ ေမာင့္အခန္းရဲ႕မီးခိုးေရာင္လိုက္ကာေတြကိုဆြဲဖြင့္ၾကည့္လိုက္ေတာ့ျမင္လိုက္ရသည့္ရႉခင္းက႐ူးခ်င္စရာျဖစ္သည္။စိမ္းစိမ္းစိုစိုသဘာ၀ၾကားက အညိုေရာင္တိုက္ေတြကအသက္ျဖစ္သည္။ဒီရပ္၀န္းကေတာ္ေတာ္သန႔္သည္။
"ေမမီ ဒီမွာစားစရာေတြေရာက္ၿပီ။"
ေမမီ ခန႔္ညီေျပာတာကိုလွည့္မၾကည့္မိပါ။ အၾကည့္တို႔က ထိုပန္းခ်ီးကားလိုလွေနသည့္ရႉခင္းတြင္သာရွိေနသည္။
နားကေတာ့ သူေမမီ့အနားကိုေလွ်ာက္လာေနသည့္ေျခလွမ္းတို႔ကိုတစ္စြန္းတစ္စၾကားမိလိုက္သည္။ ထို႔ေနာက္ေမမီ့အေနာက္မွာရပ္ကာ၊သူဟာေမမီ့ခါးသြယ္သြယ္တို႔ကိုအေနာက္မွသိုင္းဖက္ထားၿပီးေမမီ့ပခုံးသား ေပၚေမးေလးတင္လို႔ထားသည္။
"ဘာေတြေငးေနတာလဲ။"
"ဒီေနရာေလးကေတာ္ေတာ္လွတယ္ေနာ္"
"ဟုတ္လား!...ဒါေပမယ့္ေမာင္ကေတာ့ဒီေနရာ ေလးကိုဘဲႀကိဳက္တာ။"
ေမမီ့လည္တိုင္နဲ႕ပခုံးသားၾကားေနရာေလးကိုသူ႕ႏွာတံေလးနဲ႕တိုး၀င္ေနသည္။
"ဟီး..ယားတယ္။ ဟာ!...က်စ္ ခန႔္ညီေရငါယားတယ္လို႔။"
"အဲ့ဆိုေမာင္လို႔ေခၚ..ေခၚရင္ရပ္ေပးမယ္"
"အာ့..ဟား ဟား။ ဟုတ္ပါပီ ေမာင္ရယ္။ေတာ္ပါေတာ့..."
သူေက်နပ္သြားသည္ထိရစ္ၿပီးမွေမမီ့ကို
စတာရပ္ေတာ့သည္။ ေမာင္ကသိပ္ဆိုးတာဘဲ။
ေမမီ တစ္ေန႕လုံးသူေကြၽးသမွ်စားေနရသည္မို႔ ဗိုက္ဟာေတာ္ေတာ္ေလးတင္းေနၿပီ။ ဒါ ေၾကာင့္လမ္းေလွ်ာက္ၿပီး အိမ္ျပန္ဖို႔ကိုသာ
ေမမီေ႐ြးခ်ယ္လိုက္သည္။ေမာင္နဲ႕အတူလမ္း ေလွ်ာက္ရတိုင္းႏွလုံးသားေလးကကဆုန္ ေပါက္လာေနသည္။
******
ခန႔္ညီေသာ္တစ္ေယာက္ဒီေန႕စိတ္လႈပ္ရွား ၍ေနသည္။ အေၾကာင္းကသူ႕မာမီေဒၚေဒစီခိုင္ ဟာျပည္ပမွျပန္လာမည္ျဖစ္ေသာ ေၾကာင့္ျဖစ္သည္။ သူ႕မာမီ ဒီကိုျပန္လာတိုင္းခန႔္ညီကိုတစ္ခါမွ်ပင္ လက္ခံေတြ႕ဆုံခဲ့ျခင္း
မရွိပါ။ ခန႔္ညီေသာ္ဆိုသည့္ထိုကေလးငယ္ကို သူ႕ေသြးသားအျဖစ္အသိအမွတ္မျပဳခဲ့ေပ။ သူကသာ ေဒၚေဒစီခိုင္ ျပန္လာတိုင္းအေဝးကေနခိုး၍သြားၾကည့္ခဲ့ရျခင္းျဖစ္ သည္။သူ မာမီကိုအေဝးကေနေငးၾကည့္ခြင့္ရေနရင္ကို ခန႔္ညီေသာ္ ဟာေပ်ာ္႐ႊင္ေနရသည္။
မာမီ ဒယ္ဒီနဲ႕ကြာရွင္းၿပီးထဲကျပည္ပမွာ
ဘဲသူ႕ငယ္ခ်စ္နဲ႕ လက္ထပ္ခဲ့သည္ဆိုသည့္အေၾကာင္းခန့္ညီၾကားသိခဲ့ရသည္။ မာမီရဲ႕ငယ္ခ်စ္ကအျခားသူေတာ့မဟုတ္ပါ။
ေကာင္းမင္းထက္ရဲ႕အေဖသာျဖစ္သည္။ဒါကလည္း သူေကာင္းမင္းထက္ကိုၾကည့္မရတဲ့အခ်က္ျဖစ္သည္။ သူဟာပိုင္ရွင္မဟုတ္လား။
ပိုင္ရွင္ျဖစ္တဲ့သူကေတာ့မထိရက္၊မကိုင္ရက္အေဝးကေနေငးၾကည့္ခဲ့တဲ့ ထိုေဒစီပန္းေလးကို ေသြးမေတာ္သားမဆက္သည့္ ေကာင္းမင္းထက္က ပိုင္ဆိုးပိုင္နင္းနဲ႕ မာမီေခၚခြင့္ရွိေနခဲ့သည္။
ခန႔္ညီ တစ္ေယာက္သူ႕အခန္းရဲ႕သူမေလး အႀကိဳက္ဆုံးေသာမွန္ေတြကာရံထားသည့္ေနရာေလးမွာေဆးလိပ္တို႔ရဲ႕အေငြ႕အရသာကိုရႉရွိက္ေနမိသည္။
"သခင္ေလး Matteo ။သခင္ႀကီးကဒီရက္ထဲေက်ာင္းကေနဒီျပင့္ေနရာေျခမလွမ္းပါနဲ႕တဲ့"
"ဘာ!!...ဒါဘယ္လိုအေျခေနမ်ိဳးႀကီးလဲ။"
"အဲ့ဒါကသခင္ႀကီးအမိန႔္ပါ။ တကယ္လို႔
မလိုက္နာခဲ့ရင္ သခင္ေလးစပိန္ကိုလိုက္လာရမယ္တဲ့။"
"ငါ့ကိုအဲ့လိုမ်ားဘယ္တုန္းကတင္းက်ပ္လို႔ရခဲ့လို႔လည္း။ ဒယ္ဒီကေလကုန္ရေအာင္လို႔။"
ခန႔္ညီ တကယ္ေဒါသထြက္သြားရသည္။
ဒီတစ္ခါေတာ့ ဒယ္ဒီဟာသူ႕ကိုစိတ္အထိ အခိုက္မခံခိုင္းဘူးနဲ႕တူပါရဲ႕။ မာမီဆီသြားမယ့္အပယ္ခံသူ႕ကိုကာကြယ္ေနေလရဲ႕။
"ေအာက္မွာသခင္ေလး Matteo အတြက္ Suprise ေတြေရာက္ေနပါတယ္။"
Matteo တစ္ေယာက္ရဲ႕အနက္ေရာင္မ်က္ခုံးတန္းတို႔ကအလည္တစ္ေနရာ၌စုဆုံသြားသည္။ ေသာက္လက္စေဆးလိပ္ကို ခြက္ထဲသို႔ဖိေခ်ကာ Suprise ဆိုသည့္အရာရွိရာဆီသို႔ဆင္းလာခဲ့လိုက္သည္။
ထို Suprise ကိုျမင္ၿပီးေနာက္ Matteo တစ္ေယာက္ သူ႕ဖခင္အားခ်က္ခ်င္းပင္ဖုန္းေခၚခဲ့သည္။
"Hello Dad!...ဒါဘာသေဘာလဲဗ်ာ"
"For you!...ကြၽန္ေတာ္ မင္းကိုတစ္ခုေျပာမယ္ မင္းသူ႕ကိုလုံး၀သြားမရွာနဲ႕။"
"ဟာ!...ဒယ္ဒီကလည္း ကြၽန္ေတာ္ ေဒစီပန္းေလးကိုဘယ္ေလာက္လြမ္းေနခဲ့ရလဲ။"
"No...အကယ္လို႔မ်ားအဲ့ေသြးရိုင္းေဒစီေလး
ကမင္းကိုလ်စ္လ်ႉရႉၿပီး ပစ္ထားေနအုန္းမယ္ဆို ကြၽန္ေတာ္ဒီတစ္ခါမင္းကိုလာေခၚသြားရလိမ့္မယ္။ မင္းခံစားနိုင္ေပမယ့္ မင္းခံစားေနရတာကိုကြၽန္ေတာ္မၾကည့္ရက္နိုင္ဘူး။"
"ဟုတ္ပါပီ။ ဒါေပမယ့္ဒီSupriseႀကီးကိုေတာ့ျပန္ယူသြားပါ။"
"မင္းကေဒစီပန္းေလးလိုဘဲ ေခါင္းသိပ္မာတယ္။ ကြၽန္ေတာ့္လိုဘဲေသြးဆိုးတယ္အႀကံႀကီးတယ္။ ဒါေၾကာင့္ ဒီSuprise ကမင္းအနားရွိသင့္တယ္။ အထူးသျဖင့္ ေဒစီပန္းေလးသူ႕ေနရပ္မျပန္ခင္အထိ"
ခန႔္ညီသူ႕မာမီကိုသြားေခ်ာင္းၾကည့္ဖို႔ ဒယ္ဒီကရနိုင္သမွ်ပိတ္ပင္ေနသည္။ဒါေၾကာင့္
ခန႔္ညီ အႀကံႀကီးႀကီးထားမွရေတာ့မည္။
Daddy ရဲ႕ကြၽန္ေတာ္ဆိုသည့္အသုံးႏႈန္းေလးကေတာ့သူ႕ရင္ကိုေႏြးေစသည္။ Daddy ကနိုင္ငံျခားမွာသာႀကီးျပင္းခဲ့သူပီပီ ကြၽန္ေတာ္နဲ႕ငါဆိုသည့္နာမ္စားတို႔ကိုမသိပ္ကြဲေသးပါ။ ခန႔္ညီ တစ္ေယာက္ ဘယ္ေလာက္ရွင္းျပရွင္းျပသူဟာဒီနာမ္စားေလးကိုႏွစ္သက္သည္တဲ့ေလ။ ကြၽန္ေတာ္ဆိုသည့္နာမ္စားကိုလည္းခန႔္ညီနဲ႕ေဒၚေဒစီခိုင္ ႏွစ္ေယာက္ေရွ႕တြင္သာသီးသန႔္သုံးသည္။
******
ေက်ာင္းရဲ႕ညပိုင္း SC အခ်ိန္တြင္ျဖစ္သည္။
ခန႔္ညီေသာ္ဟာ ဟိုဘက္အခန္းတြင္ရွိသည္။ ေမမီကေတာ့ဒီဘက္အခန္း၌စာတို႔ႏွင့္နပန္း လုံးေနရသည္။ ျမတ္ဇင္နဲ႕ အတူထိုင္သည္ျဖစ္တာေၾကာင့္သူ႕နည္းတူနားခြင့္ေတာင္မရပါ။
"ဒီမွာ.."
ခုံကိုေခါက္ကာေခၚသည္မို႔ေမမီေမာ့ၾကည့္
မိလိုက္သည္။
"ယြန္းျမတ္နိုးပါလား...ဘာလဲဟင္"
"ငါနဲ႕ခဏေလာက္လိုက္ခဲ့ပါလား။ ငါဗိုက္ အရမ္းဆာလို႔မုန့္ထုပ္ေလးဆင္းယူခ်င္လို႔"
နားခ်ိန္ မဟုတ္သည့္အတြက္ေၾကာင့္ကန္တင္းမွာမုန႔္ထြက္၀ယ္ရင္က်ိန္းေသအဆူခံရမည္ျဖစ္သည္။
"ဟို...ေနာက္နာရီ၀က္ေလာက္ေနမွသြားပါလား။ အခုခ်ိန္သြားရင္ဆူခံထိလိမ့္မယ္။"
"ေ႐ႊရည္ထက္ကလည္း ဟိုဘက္ခန္းေရာက္ေနလို႔ ငါဗိုက္လည္းဆာေနၿပီ။ ခဏေလးပါေနာ္ ဆရာမ႐ုံးခန္းသြားေနတုန္းေလး"
ယြန္းျမတ္နိုးၾကည့္ရသည္မွာလည္းတကယ္ဗိုက္ဆာေနပုံရသည္။ေမမီေဇာ္ဒီတစ္ခါေတာ့သူမကိုကူညီရမည္။ သူမက ေမမီေၾကာင့္
အရင္ေန႕က လက္အပူေလာင္သြားခဲ့သည္
မဟုတ္လား။
"အင္းေလ။ ဒါဆိုလည္းျမန္ျမန္ေတာ့သြားတာေပါ့။"
ဒီေက်ာင္းေဆာင္အတြင္း Special Class
ႏွစ္ခန္းနဲ႕ စၾကၤံလမ္းသာမီးတို႔လင္းထိန္ေန သည္။ က်န္တဲ့အခန္းတို႔ကေတာ့ဗလာနတၳိ။ စားေသာက္ေဆာင္ကဟိုဖက္အေဆာင္မွာမို႔နည္းနည္းျမန္ျမန္ေတာ့သြားရသည္။ သူတို႔
အခန္းထဲျပန္မေရာက္ခင္ ဆရာမေရာက္ေနလွ်င္ ျပသာနာတက္လိမ့္မည္။
"အန္တီ သမီးအပ္ထားတဲ့မုန႔္ထုပ္ေလး။"
"ေအာ္...သမီးဒီမွာ။"
ယြန္းျမတ္နိုး အပ္ထားသည့္မုန႔္ထုပ္ကိုယူၿပီး သည္နဲ႕ ေမမီတို႔ SC ခန္းရွိရာႏွစ္ထပ္ေဆာင္ဘက္သို႔ျပန္ကူးလာလိုက္သည္။ေမမီ ပထမထပ္ကိုေရာက္ၿပီမို႔ စိတ္တို႔နည္းနည္းေလ်ာ့ က်သြားရသည္။ထိုအခ်ိန္ လမ္းေလွ်ာက္ေနတုန္း ယြန္းျမတ္နိုးက ေျခလွမ္းတို႔ကို႐ုတ္တ ရက္ ရပ္တန႔္လိုက္ျပန္သည္။
"ယြန္းျမတ္နိုး ဘာျဖစ္လို႔လဲဟင္။"
"ငါ...ငါ Toiletသြားခ်င္လာလို႔။ နင္ဒီနားမွာ
ဒါေလးကိုင္ၿပီးခဏေစာင့္ေပးပါလား"
"ဟင္...ယြန္းျမတ္နိုး"
"ခဏေလး ခဏေလးပါ...ေမမီေဇာ္ရယ္"
ေမမီေဇာ္ သန႔္စင္ခန္းေရွ႕မွာေစာင့္ေနရသည္။
*က်စ္!...ၾကာလိုက္တာေသေတာ့မွာဘဲ*
ေမမီရပ္ေနတုန္းလူႏွစ္ေယာက္ေမမီတို႔အနားသို႔ေလွ်ာက္လာေနသည္ကိုလွမ္းျမင္လိုက္ရသည္။ တျဖည္းျဖည္းနီးလာ၍ၾကည့္လိုက္ေတာ့မွ ဆရာမႏွစ္ေယာက္ျဖစ္ေနသည္။
ေမမီတို႔အတန္းပိုင္ေတာ့မဟုတ္ပါ။အျခားခန္းမွဆရာမျဖစ္သည္။
"ေမမီေဇာ္...သမီးဒီမွာဘာလုပ္ေနတာလဲ"
ေမမီေဇာ္ကိုင္ထားသည့္အထုပ္ေလးကိုလက္ ေနာက္သို႔ပို႔လိုက္မိသည္။
"သမီး လက္ထဲကဘာလဲ။ ဒီမွာတစ္ေယာက္ထဲဘာလုပ္ေနတာလဲ။"
"ဟို...ဟို ယြန္းျမတ္နိုးကToiletလာခ်င္တယ္ ဆိုလို႔ ခဏလိုက္လာတာပါ"
"ဒါဆိုလက္ထဲကအထုပ္ကဘာလဲ"
"ဆရာမ သန႔္စင္ခန္းထဲကိုတစ္ခ်က္ေလာက္သြားၾကည့္လိုက္ပါ" ပါလာသည့္ဆရာမကိုထိုဆရာမမွေျပာလိုက္သည္။
"ဒါ Pad ထုပ္ပါဆရာမ"
ေမမီေယာင္မွားမွားႏွင့္ေလွ်ာက္ေျပာေန သည္။ ဒီခ်ိန္မုန႔္သြားယူတယ္ဆိုက်ိန္းေသေမမီတို႔အဆူခံရမည္ျဖစ္သည္။
"အဲ့ဆို ဆရာမကိုျပပါေမမီေဇာ္ ဆရာမအပိုေတြထပ္မေျပာခ်င္ဘူး။"
ေမမီေဇာ္ လက္ထဲထိုအထုပ္ကိုကိုင္ထားမိတုန္းျဖစ္သည္။ ေမမီေဇာ္ေၾကာင့္ယြန္းျမတ္ နိုးကိုဒုကၡထပ္မေရာက္ေစခ်င္ပါ။
"ဆရာမဒီကိုလာတယ္ဆိုတာ ဒီမွာေက်ာင္း သူတစ္ေယာက္ေဆးလိပ္ခိုးေသာက္ေနတယ္လို႔တိုင္ၾကားခံရလို႔လာတာ။ အဲ့အတြက္ ဆရာမကိုျပပါ။"
ေမမီေဇာ္ဟာမုန႔္ထုပ္ကိုသာကိုင္ထားျခင္းျဖစ္သည့္အတြက္ နားမလည္ပါ။စိတ္တို႔ေလးလံသြားရသည္။ အမွားမရွိတဲ့အတြက္အထုပ္ကိုဆရာမဆီသို႔ ေမမီထိုးေပးလိုက္သည္။
ဆရာမက ထိုအထုပ္ကိုဖြင့္ၾကည့္ေနသည္
ထိုအခိုက္အတန႔္ဟာေမမီကိုႏွလုံးတို႔ရပ္သြားေစနိုင္သည္။
"ေမမီေဇာ္...သမီးဒါဘာေတြလဲ။"
ဆရာမလက္ထဲက ေဆးလိပ္ဘူးနဲ႕မီးျခစ္တို႔ဟာ ေမမီ့ရင္၀ကိုေစာင့္ကန္လိုက္သလိုခံစားလိုက္ရသည္။ထိန္းလာခဲ့ရတဲ့ ေမမီေဇာ္ရဲ႕က်င့္၀တ္တို႔ဟာ ဒီနားေလးေတြပင္က်ဆဳံးသြားခဲ့ရသည္။
"ဆရာမ...ဒါသမီးဟာမဟုတ္ဘူး။ဒါ ယြန္းျမတ္နိုးရဲ႕မုန႔္ထုပ္ပါ။ သူမုန႔္သြားယူမယ္ဆိုလို႔လိုက္ေပးတာ သမီးတကယ္ဘာမွမသိတာပါ။"
ထိုအခ်ိန္သန႔္စင္ခန္းဘက္မွ ဆရာမတစ္ေယာက္နဲ႕အတူယြန္းျမတ္နိုးနဲ႕ေ႐ႊရည္ထက္တို႔ထြက္လာခဲ့သည္။
"ဆရာမ ဒီေက်ာင္းသူႏွစ္ေယာက္ကအေပၚကသန႔္စင္ခန္းေရမလာလို႔၊ သူတို႔ဘာသာသူတို႔ ဒီသန႔္စင္ခန္းကိုလာတာတဲ့။"
"ဟင္....ဘယ္လို ခုနကဘဲနင္ ငါနဲ႕စားေသာက္
ေဆာင္ဘက္ကျပန္လာတာေလ ယြန္းျမတ္နိုးရဲ႕။"
"ဟယ္!...ေမမီေဇာ္ရယ္ေပါက္ကရေတြငါတို႔
ခုမွအေပၚထပ္ကဆင္းလာတာ။"
ယြန္းျမတ္နိုးဟာေျဗာင္ျငင္းေနသည္။
"ကဲ...ေမမီေဇာ္ ဘာျငင္းအုန္းမလဲ။ နင္က ဆရာမကို Padလို႔ေတာင္လိမ္လိုက္ေသးတာ ဆရာမကေတာ့နင့္ကိုခ်ီးက်ဴးလိုက္ရတာ။
နင္ကေတာ့ေနာက္ကြယ္မွာ ေဆးလိပ္ခိုးေသာက္ေနတယ္ေပါ့။ ဒါအျပင့္သူမ်ားကိုပါအမႈထဲဆြဲထည့္ေနေသးတယ္။"
"မဟုတ္ဘူး ဆရာမ...သမီးရွင္းျပပါရေစ။"
"ေတာ္ၿပီ...မၾကားခ်င္ဘူး႐ုံးခန္းလိုက္ခဲ့။"
ေမမီေတြ႕လိုက္ပါသည္။ ယြန္းျမတ္နိုးနဲ႕ေ႐ႊရည္ထက္တို႔ရဲ႕အၿပဳံးကိုေမမီဟာလူေၾကာက္ခဲ့သူမို႔ လူေတြရဲ႕အေၾကာင္းမသိခဲ့ရတာပါ။
ဒါဟာ ေမမီ့အားနည္းခ်က္ျဖစ္လာေစခဲ့သည္။ဒီမုန႔္ထုပ္ေလးဟာ ေမမီကိုလူေတြ
ဒီလိုထင္ေစနိုင္ခဲ့သည္။
ေမမီေဇာ္ အျပင္၊ ေ႐ႊရည္ထက္နဲ႕ယြန္းျမတ္နိုးတို႔ပါ ႐ုံးခန္းတြင္ရွိေနသည္။ ဆရာမကေမမီေဇာ္ကိုေဒါသပုန္ထေနေသာအၾကည့္ တို႔နဲ႕ၾကည့္ေနသည္။ ေမမီေဇာ္ေဆးလိပ္ေသာက္သည္ဆိုသည့္အေၾကာင္းကိုလည္း က်ိန္းေသကေလးေတြလည္းသိသြားေလာက္ၿပီ။
"မင္း!...အထက္တန္းေက်ာင္းသူတစ္ေယာက္ ဘဲရွိေသးတာကို ဒီလိုေက်ာင္းမွာေတာင္ေဆးလိပ္ေသာက္ရဲတယ္ဆိုေတာ့ မင္းကိုငါတို႔ဘယ္လိုလုပ္ရမလဲ။ သာမန္မိသားစုကလာတဲ့ စာေတာ္တဲ့ေက်ာင္းသူမို႔ဒီလိုပိုက္ဆံေက်ာင္းမွာမ်က္ႏွာသာေပးထားတာကို မင္းကေရာင့္တက္တာလား"
"...."
"ဒီလိုေက်ာင္းမွာအဆင့္အတန္းရွိတဲ့မိသားစုကသူေတြဘဲရွိသင့္တာ။ ခုေတာ့ေက်ာင္းညစ္ပက္ရၿပီ မိဘေခၚမယ္။ ဘယ္လိုမိဘကဒီလိုလႊတ္ထားလဲၾကည့္အုန္းမယ္။"
အမွန္ေတာ့ ေမမီေဇာ္ဟာမိဘေတြ႕ရဲ႕အရွိန္ အဝါကိုအရွိကိုအရွိတိုင္းထုတ္မျပခဲ့သူမို႔ သည္လိုထင္ခံရျခင္းျဖစ္သည္။ ေမမီဟန္ ေဆာင္အၿပဳံးဖြဖြေလးေတာ့ၿပဳံးမိလိုက္သည္။
လူေတြဟာ ေငြမ်က္ႏွာဘဲၾကည့္သည္။
ခဏတာတိတ္ဆိတ္သြားၿပီးျဖစ္သည္။
*ဒုန္း!!...*
တံခါးကိုေစာင့္တြန္းကာ၀င္လာသူမွာ ခန႔္ညီ ေသာ္ျဖစ္သည္။ နီရဲေနေသာမ်က္လုံးတို႔နဲ႕သူဟာ နတ္ဆိုးတစ္ေကာင္အလားရွိေနသည္။
"ဘာမိဘမွေခၚစရာမလိုဘူးထင္တယ္။ ဘာလို႔လဲဆိုေတာ့ကြၽန္ေတာ္ကသူ႕လက္ထဲ အဲ့အ ထုပ္ထည့္ခဲ့တာ။ အဲ့ေတာ့ ဆရာမေခၚခ်င္ရင္ကြၽန္ေတာ့္မိဘကိုေခၚနိုင္ပါတယ္"
ေမမီေဇာ္အတြက္အရင္ကနားေထာင္ဖို႔ေကာင္းသည့္ အသံဩဩေလးကဒီတစ္ခါမွာေၾကာက္ဖို႔ေကာင္းသည့္အရွိန္အဝါတို႔ကိုသယ္ေဆာင္လာသည္။
"ဘယ္လို....ခန႔္ညီေသာ္"
"ဟုတ္တယ္။ ကြၽန္ေတာ္အိတ္ထဲစီးကရက္ ဘူးပါလာလို႔ သူ႕ကိုအိမ္သာထဲသြားလႊင့္ပစ္ခိုင္းတာ။ ဘာလို႔လဲဆို ေမမီေဇာ္က ဆရာမေျပာတဲ့အတိုင္း သာမာန္မိသားစုက အ႐ုပ္ေလးမလား သူကႏႈတ္လုံတယ္ေလ။"
မ်က္ႏွာပ်က္ေနသူမွာ ယြန္းျမတ္နိုးတို႔ႏွစ္ေယာက္သာျဖစ္သြားရသည္။ သမင္ပ်ိဳေလးကိုသြားစတာေၾကာင့္ ျခေသၤ့မင္းကဟိန္းလာျခင္းသာျဖစ္သည္။
#ဖတ္ေပးၾကတဲ့တစ္ေယာက္ခ်င္းစီးတိုင္းကိုေက်းဇူးပါ 💛။
🍁🍁🍁🍁🍁🍁