To be a Heartthrob in a Horro...

By Kuro_Fuyu

419K 86.2K 4.6K

Original Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြ... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]

Chapter 20

4.6K 1K 66
By Kuro_Fuyu


Chapter 20: ရေချိုးခန်း

သူတို့ ကျွန်းနဲ့ နီးလာတာကြောင့် ဖြစ်နိုင်တယ် ... အန္တရာယ်အငွေ့အသက်က သူ့လှိုင်းမူးဒဏ်ကို လွှမ်းမိုးသွားကာ စုမင်တစ်ကိုယ်လုံး တောင့်တင်းနေ၏။

ချန်းရှင်းကျို့တစ်ယောက်ကတော့ အပျော်တပါးကြီး အနာဂတ်အစီစဉ်တွေချနေရဲ့ .."ဒီမှာဆယ်ရက်ဖြစ်ဖြစ် လဝက်ဖြစ်ဖြစ်နေပြီးရင် မင်ရာနဲ့ငါသေချာပေါက်ပြေလည်သွားလိမ့်မယ်"

စုမင် သူ့ကိုရိုက်သတ်ချင်စိတ်ပြင်းပြနေ၏။

အိမ်မက်မက်‌နေလိုက် ... သူတို့နှစ်ယောက်ပြန်မပေါင်းနိုင်ခင် သင်္ဘောပေါ်ကလူတွေအကုန်သေမှာပဲ သူစိုးရိမ်သည်။

ဒီတစ်ကြိမ် လူငါးယောက်လိုက်လာခဲ့တယ်။ ဇာတ်လိုက်ချန်းရှင်းကျို့နှင့် ဇာတ်လိုက်မင်းသမီးကျောက်မင်ရာကအပါအဝင် သူရယ် ... ကျောင်းယွင်းဟော်နဲ့ ချန်ယုချင်းဖြစ်သည်။

ကျောင်းယွင်းဟော်က သူတို့အခန်းဖော်ဖြစ်ပြီး ချန်ယုချင်းက ကျောင်းယွင်းဟော်၏ ချစ်သူမိန်းကလေးဖြစ်ကာ ကျောက်မင်ရာရဲ့အတန်းဖော်လည်းဖြစ်သည်။

သူတို့နှစ်ယောက်နဲ့ ချန်းရှင်းကျို့တို့က ဒီကျွန်းကိုလာရန် ဆုံးဖြတ်ခဲ့သည်။

စုမင်သက်ပြင်းချ၏။ သူ့စိတ်အတွင်းပိုင်းတွင်တော့ နောက်ပြန်လှည့်ဖို့ အလွန်နောက်ကျသွားပြီ ... horror ရုပ်ရှင်က ရှေ့ဆက်ဖို့လိုနေသေးတယ်။

နာရီဝက်ကြာပြီးနောက် သင်္ဘောကမ်းကပ်လာလေပြီ။

ကျွန်း၌ လူနေအိမ်သိပ်မရှိသော်လည်း အလှရှုမြင်ကွင်းသည် အတန်ငယ်ကောင်း၏။ ကမ်းခြေကနေ စိမ်းလန်းသောသစ်ပင်ကြီးများထူထပ်စွာ ကာရံထားသည်ကို မြင်နေရသည်။

ညနေခင်းရောက်ခံနီးပြီဖြစ်‌၍ နေဝင်ချိန်ကို မြင်နိုင်သည်။ အလွန်လှပ၍ မဂ္ဂဇင်းထဲက ဖြူလျော့လျော့ဓာတ်ပုံများနှင့် မယှဉ်နိုင်ပေ။

သူတို့သင်္ဘော်ပေါ်မှ ဆင်းပြီး စီစဉ်သူကိုရှာရန် ချန်းရှင်းကျို့ထွက်သွားတယ်။

မိနစ်အနည်းငယ်ကြာ သူပြန်ရောက်လာကာ .."အိုခေ တစ်ဖက်က ငါတို့ကိုလာကြိုလိမ့်မယ် ... ငါတို့နည်းနည်းဝင်သွားလိုက်ရုံပဲ။ ‌အိမ်ကတောင်ပေါ်မှာ"

ကျောက်မင်ရာ သိချင်စိတ်ဖြင့် ပြောတယ် .."ဆိပ်ကမ်းမှာ ဘယ်သူမှမရှ်ိပါလား"

ကျောင်းယွင်းဟော်က .."ဒီကျွန်းက လူသိနည်းတယ် ... ပြီးတော့ အရမ်းနာမည်မကြီးဘူးလေ ... လူတွေအများကြီးရှိလည်း ငါတို့ဘာလုပ်လို့ရမှာလဲ?"

စုမင် ဘာမှမပြောဘဲ သူတို့နောက်လိုက်လာတယ်။ သူတို့က စုမင်လှိုင်းမူးဒဏ်ကြောင့်လို့ပဲ တွေးထင်နေကြတယ်။

သူတို့ဆိပ်ကမ်းကနေ လျှောက်ခဲ့ပြီး မကြာခင် တောင်ခြေရောက်လာတယ်။ ထိုနေရာက လမ်းများသည် နည်းနည်းပိုရှုပ်ထွေး၏။

ချန်းရှင်းကျို့လမ်းဆုံ‌၌ မတ်တပ်ရပ်ပြီး သူတို့ကို တစ်ယောက်ယောက်လာကြိုသည်ကို စောင့်နေတယ်။

ထိုအခိုက်တန့် ချန်ယုချင်းရုတ်တရက်ထအော်၏ .."ဘာလို့ ဖားပြုပ်တွေအဲ့လောက်များရတာလဲ? လန့်လို့သေတော့မယ်"

ကြားတော့ ထိုလမ်းတွင် ခုန်ပေါက်နေ‌သော ဖားပြုပ်များစွာကို သူတို့သတိထားမိကြသည်။ မသိရင် ဖားပြုပ်သိုက်ကို သူတို့ရောက်နေသလိုပဲ။

တစ်ချက်ကြည့်တာနဲ့ လမ်းမှာ ဖားပြုပ်တွေနဲ့ ပြည့်နေတာမို့ မိန်းကလေးတွေက သွားဖို့ ငြင်းဆန်နေတယ်။

ထိုအရာကို စုမင်မကြောက်သော်လည်း လမ်းတစ်လျှောက်လုံး သူတို့တွေနဲ့ပြည့်နေတာက သူဦးရေခွံပင် ထုံထိုင်းသလိုခံစားလိုက်ရတယ် ... ဒီကျွန်းက တစ်ခုခုမှားနေပြီလို့ ပြောနိုင်တယ်။

ဒီတစ်ခါhorrorဇာတ်လမ်းက သည်းထိပ်ရင်ဖိုတက္ကသိုလ်ထပ်ဆိုင်ရင် ပိုစိတ်ရောဂါရစေနိုင်တယ်။ စုမင်အသံတစ်ခုကြားပြီး လှည့်လိုက်တော့ .."ဟိုမှာအဘွားတစ်ယောက်လာနေတယ်"

အဘွားသည် ဖြည်းဖြည်းလေးယက်ကန်ယက်ကန်ဖြင့် တုတ်ကိုအားပြုပြီး လျှောက်နေကာ မကြာမှီ သူတို့ရပ်နေရာဆီ ရောက်လာ၏။ ချန်းရှင်းကျို့တိုးတိုးလေးပြောတယ် .."သူမကြည့်ရတာ မျက်မမြင်ပုံပဲ"

စုမင်လည်း တစ်ခုခုမူမမှန်ဘူးဆိုတာ ပြောမလို့ပဲ မျက်မမြင်တဲ့ကိစ္စဆိုတာသတိထားမိလိုက်တယ်။ အဘွားသည် မျက်မမြင်တာဆိုရင် ဘာလို့သူတို့ကိုဒီလိုကြည့်နေရတာလဲ။

အဘွားမေးလာတယ် .."ဘာလို့ဒီကိုလာခဲ့တာလဲ?"

ချန်းရှင်းကျို့ရှေ့ထွက်ပြီး .."ကျွန်တော်တို့လာကစားကြတာပါ"

အဘွားချောင်းဆိုးသွားကာ .."ကစားတာ? ဒီမှာ ဘာမှပျော်စရာမရှိဘူး ... အမြန်ထွက်သွားကြတော့ ... ဒီနေရာကပျော်စရာမကောင်းဘူး ... ညည်းတို့ ခုမှမထွက်သွားရင် ပြန်သွားနိုင်မှာမဟုတ်တော့ဘူး........"

ချန်းရှင်းကျို့မျက်မှောင်ကျုံ့လိုက်ပြီး ဘာပြောရမှန်းမသိပေ။
သူတို့ သင်္ဘောလာရမယ့်ရက်ကို ကြိုတင်ဘိုကင်ပြီးပြီဖြစ်တဲ့အတွက် သူမစိုးရိမ်ဘူး။

အဘွားသည် ရေရွတ်နေဆဲဖြစ်ကာ .."ဒီကျွန်းမှာ ဘာမှမရှိဘူး ... တောင်ပေါ်တွေမှာလည်း ဘာမှမရှိဘူး ... ညည်းတို့နောက်ပြန်လှည့်သင့်တယ်………"

စုမင်နှလုံးသားတုန်ယင်သွားသည်။

horrorရုပ်ရှင်တွေထဲမှာ အဘိုးဖြစ်ဖြစ် အဘွားဖြစ်ဖြစ် နောက်ဆုံးအချိန်ထိအသက်ရှင်နေခဲ့ပြီး ဇာတ်လိုက်တွေကို သတိပေးတတ်သည်။ ဤအဘွားလည်း တစ်ယောက်ဖြစ်နိုင်တယ်။

သူတွေးတောပြီး တိုးတိုးလေးပြောတယ် .."အဘွား ဘာလို့ကျွန်တော်တို့ဒီမှာကစားလို့မရတာလဲ? တစ်ခုခုဖြစ်လို့လား?"

ဇာတ်လမ်းအစမှာ သူတို့ဒီအကြောင်းမေးခဲ့မယ်ဆိုရင် နောက်ပိုင်းခရီးလမ်းက နည်းနည်းလွယ်ကူသွားလိမ့်မယ်။

အဘွားတုံ့ပြန်မည့်အချိန် လူလတ်ပိုင်းအမျိုးသားတစ်ဦးရဲ့အသံသည် အနောက်မှ ခရီးလှမ်းလာ၏ .."စောနက ငါ့ကိုဆက်သွယ်ခဲ့တာ မင်းတို့တ‌တွေလား?"

မျက်မမြင်အဘွားအိုသည် တုတ်နဲ့ ယက်ကန်ယက်ကန်ဖြင့် နောက်လှည့်သွားသည်။
ချန်းရှင်းကျို့အမြန်ပြန်ဖြေတယ် .."ဟုတ်ပါတယ် ကျွန်တော်တို့ပါ"

သိပ်မကြည်သည့်အမူအရာဖြင့် လူလတ်ပိုင်းအမျိုးသားက .."လာမယ်ဆိုတာ ဘာလို့ဒီနေ့မှပြောရတာလဲကွ? ဘာမှမပြင်ဆင်ရသေးဘူး"

ချန်းရှင်းကျို့ခေါင်းကုတ်ပြီး .."ဒီနေ့လို့ ကျွန်တော်တို့ မတိုင်မီကသဘောတူပြီးသား"

လူလတ်ပိုင်းအမျိုးသားပျာယာမခတ်ဘဲ .."မင်းဆက်သွယ်ခဲ့တဲ့တစ်ယောက်က ငါ့ညီ ... သူကျွန်းက ထွက်သွားလို့ ငါမသိခဲ့ဘူး။ ငါ့ကို အန်ကယ်ဟဲ လို့ခေါ်နိုင်တယ်"

သူပြောမှတော့ ချန်းရှင်းကျို့လည်း ဆက်မမေးတော့ပေ။

သူ အမှန်တကယ်အခြားတစ်ယောက်ကို ဆက်သွယ်ခဲ့ပြီး အိမ်မှာနေထိုင်ကာ အချိန်ကျရင်ပြန်မယ်လို့ စီစဉ်ခဲ့တယ်။ ငွေပိုက်ဆံလည်း လွှဲပို့ပြီးနေပြီ။

အန်ကယ်ဟဲက ဦးဆောင်ကာ ဖားပြုပ်တွေပြည့်နေတဲ့လမ်းကိုကျော်ပြီး နောက်တစ်ဖက်ကနေ တောင်ပေါ်တက်ကြသည်။

စုမင်နောက်လှည့်ကြည့်တော့ မျက်မမြင်အဘွားအိုပျောက်သွားခဲ့ပြီး ဘယ်သွားလဲ သူမသိပေ။
ဆယ်မိနစ်ကြာပြီးနောက် ... နောက်ဆုံး သူတို့အိမ်ကို မြင်တွေ့ခဲ့သည်။

ထိုအဓိပ္ပာယ်က တနေ့လည်ခင်း သ‌င်္ဘောစီးလာတဲ့သူတွေ အနားယူလို့ရလေပြီ။

အန်ကယ်ဟဲတံခါးကို သော့ဖွင့်လိုက်တယ် ... ရိုးရိုးပုံမှန်တထပ်အိမ်လေးပင်။ အိပ်ယာတွေနဲ့ စားပွဲပဲရှိကာ အလင်းရောင်တောင် သာမန်မီးသီးဖြစ်ပြီး နံရံများက အဖြူရောင် ဆေးခြယ်ထားတယ်။

သူတို့အထဲ၌ အခြေကျပြီးနောက် အခန်းတွင်းစုမင်နောက်ဆုံးအိပ်မောကျသွားတယ်။ ရုပ်ရှင်ရုံကပေးခဲ့တဲ့ ဇာတ်ညွှန်းက သူရေချိုးနေစဉ်အတွင်းမှ အက်ဆီး‌ဒင့်ဖြစ်မယ်လို့ ဖော်ပြထားခဲ့တယ်။ ထိုမတိုင်ခင်ထိ လုံခြုံသေး၍ သူတစ်ရေးတစ်မောအိပ်လည်း ပြဿနာမရှိပေ။

နိုးလာတော့ နေလို့ထိုင်လို့ပိုကောင်းသွားကာ ထပြီး အပြင်ထွက်လေသည်။ ကောင်းကင်က မှောင်နေလေပြီ။ ချန်ယုချင်းသည် အပြင်ဘက်၌အသားကင်ရန် လိုအပ်သည့်ပစ္စည်းကိရိယာများကို သီချင်းအေးအေးလေးညည်းရင်း ပြင်ဆင်နေတယ်။

စုမင်အပြင်ထွက်ပြီး နည်းနည်းဟိုနားသည်နားသွားကြည့်သည်။ သူပြန်သွားမည့်အချိန် တစ်စုံတစ်ယောက် သူ့ကိုစိုက်ကြည့်နေတယ်လို့ ခံစားရသော်လည်း သူဘာမှမတွေ့ပေ။

ည၏ ပိန်းပိတ်အောင်မှောင်မိုက်နေတဲ့အတွင်း ... အမည်မသိမကောင်းဆိုးဝါးတစ်ကောင်ပုန်းလျှိုးစောင့်ကြည့်နေသလိုပင်။
စုမင် "မြူ" ဆိုသည့်ရုပ်ရှင်ဇာတ်ကားတစ်ကားကို သတိရသွားတယ်။

ထိုရုပ်ရှင်သည် မြူတွင်းထဲ၌ အမှောင်ထုဆုံးတွင် သဘာဝလွန်မကောင်းဆိုးဝါးတွေပုန်းလျှိုးနေတယ်။ ရုပ်ရှင်ရဲ့ ဇာတ်သိမ်းက အလွန်ထိတ်လန့်စရာပဲ ... ဒီဇာတ်လမ်းရဲ့ဇာတ်သိမ်းလည်း ကြောက်လန့်စရာကောင်းမယ်ထင်တယ်။

မထင်မှတ်ထားတဲ့အန္တရာယ်နဲ့ ကြုံလာရင် မင်းစိတ်နှလုံးသားကိုစစ်ဆေးလိမ့်မယ်။

စိုက်ကြည့်ခြင်းခံရသည့် ခံစားချက်ကပိုပိုကြီးစိုးလာကာ စုမင်ထပ်ပြီးမော့ကြည့်လိုက်တော့ ယောက်ျားလေးအချို့တောင်စောင်းကနေ သူတို့ကိုငုံ့ကြည့်နေကြသည်။

အမှောင်ထုကြောင့် သူတို့ပုံသဏ္ဍာန်ကို မမြင်ရပေ။ စုမင်ထိုနေရာကိုလှည့်ကြည့်လာတာမြင်တော့ လျင်မြန်စွာပင် ထိုလူတွေညအမှောင်ထုထဲတိုးဝင်ပျောက်ကွယ်သွားတယ်။

သူတို့က သရဲတွေမဟုတ်ဘဲ လူတွေဆိုတာ စုမင်သေချာသည်။ သူ့ရဲ့အလိုလိုသိစိတ်က တစ်ခုခုတော့မူမမှန်ဘူးဆိုတာ ပြောနေတာကြောင့် ထိုသူတွေနောက်မလိုက်ခဲ့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် horrorထဲတွင် ပထမဆုံးပျောက်ဆုံးမယ့်သူက အုပ်စုထဲကထွက်တဲ့သူပဲ။

ကျောင်းယွင်းဟော်လျှောက်လာကာ မေး၏ .."မင်းဘာကြည့်နေတာတုန်း?"

စုမင်ရိုးရိုးသားသားပြန်ဖြေတယ် .."စောနက လူအချို့ငါတို့ကိုကြည့်နေကြတယ် ... ပုံမှန်မဟုတ်သလိုပဲ"

ပြီးတော့ သူ သူတို့ကိုသတိထားမိတော့ ဖြစ်သွားသည့်သူတို့တုံ့ပြန်ပုံက သက်တောင့်သက်သာမဖြစ်ပေ။ ကျောင်းယွင်းဟော် မျက်မှောင်ကျုံ့ကာ ခန့်မှန်းတယ် .."ကျွန်းနေထိုင်သူတွေက ငါတို့လူအသစ်ဖြစ်လို့ လာစပ်စုတာဖြစ်လိမ့်မယ်"

စုမင်ပြောတယ် .."အဲ့လိုဖြစ်ပါစေ ငါမျှော်လင့်တယ်"

အိမ်ရှေ့က မြက်ခင်းပြင်ဆီသူတို့ပြန်လာတော့ အသားကင်ကိုပြင်ဆင်ပြီးနေပြီ ... မီးသွေးများအသက်ဝင်စွာလောင်ကျွမ်းနေကာ မီးခိုငွေ့များကိုထုတ်လွှင့်နေတယ်။

ထိုအ‌ချိန် ချန်းရှင်းကျို့နဲ့ ကျောက်မင်ရာတို့က ဆွဲပုံးသယ်ဆောင်ရင်းပြန်ရောက်လာတယ်။

ဇာတ်လိုက်အလွန်အမူအရာကောင်းစွာ ပေါ်လာတော့ စုမင်တပ်အပ်ပြောနိုင်တယ် ... သူ ဇာတ်လိုက်မင်းသမီးနဲ့ နှစ်ယောက်တည်းအတူရှိနေရလို့ဆိုတာ။

ချန်ယုချင်းက သူတို့ကိုကြိုဆိုတယ် .."နောက်ဆုံးစားစရာတွေရောက်လာပြီ ... ကောင်းလိုက်တာ!"

ချန်းရှင်းကျို့ အလယ်၌ ဆွဲပုံးကိုနေရာချပြီး .."ဒါကြီးလမ်းတစ်လျှောက်လုံးသယ်လာရလို့ ငါပင်ပန်းနေပြီ ... ဒီည ငါတို့ဒါစားကြမယ် ... ပင်လယ်စာအသားကင်"

အထူးသဖြင့် သူတို့နှစ်ယောက်က သစ်သီးသစ်ရွက်အချို့ဝယ်ခဲ့ပြီး အခြားပစ္စည်း‌တွေကို ကမ်းခြေကသွားကောက်တော့ ခံစားချက်တိုးပွားခဲ့တာဖြစ်မယ်။
ကျောင်းယွင်းဟော်အမြန်ပြေးလာခဲ့ပြီး ရောက်လာတာနဲ့အံ့အားသင့်သဖွယ်ပြောတယ်။

ဆွဲပုံးကို စုမင်ထံစောင်းငဲ့ပြ၍ .."ဒီခုံးကောင်တွေကို ကြည့်စမ်း ... လက်တစ်ဖဝါးစာလောက်ရှိတယ်ဟ ... တော်တော်လတ်ဆတ်မယ့်ပုံပဲ"

နောက်ပိုင်းမှာ အသားကင်စားသူတစ်ယောက်က သေဖို့ သွေးဆောင်ခံရလိမ့်မယ်။

စုမင်ကမ်းခြေမသွားခဲ့သလို ပင်လယ်စာလည်း သိပ်မစားဖြစ်ဘူး ... ဒါပေမယ့် ခုံးကောင်အကြောင်းတော့ကြား၏။ ကျွန်းငယ်ဘေးပတ်ပတ်လည်၌ ပင်လယ်ရေတွေဝန်းရံထားသဖြင့် ဒီက ပင်လယ်စာများသည် စတိုးဆိုင်ကထပ်ပိုကောင်းလေသည်။ သူမေးတယ် .."ငါကူညီဖို့လိုသေးလား?"

ချန်းရှင်းကျို့ငြင်းဆန်၏ .."မင်းက လူနာလေ ... သွား အိပ်ယာထဲလှဲနေ ... အဆင်သင့်ဖြစ်ရင် လာစားပေါ့"

စုမင်ဇွတ်မလုပ်ဘဲ ထွက်ခွာကာ ပုံမှန်မဟုတ်တဲ့အိမ်ပတ်ပတ်လည်လျှောက်ကြည့်သည်။

ထိုအိမ်တွင် ခြံဝင်းရှိကာ စုစုပေါင်းဘေးချင်းကပ်အခန်းသုံးခန်းရှိသည်။ အများသုံးအဆောက်အဦးတွေလို ဟောခန်း၌ သစ်သားတံခါးသုံးချပ်တည်ရှ်ိနေတာပင် ... ရေချိုးခန်းကို စုမင်မ‌တွေ့ရသေးပေ။

သူလှည့်ထွက်တော့မည့်အချိန် မျက်ဝန်းထောင့်မှ ပုံရိပ်တစ်ခုကိုမြင်တွေ့လိုက်ရတယ်။ အဲ့ဒါ ဟင်းသီးဟင်းရွက်နှင့် ပင်လယ်စာယူဆောင်လာပေးသော အန်ကယ်ဟဲဖြစ်သည်။ အန်ကယ်ဟဲက အပြုံးဖြင့် .."မင်းအတွက်စားစရာယူလာပေးတာ"

စုမင်ခေါင်းညိတ်ပြီး .."ကျေးဇူးတင်ပါတယ် ... အို့ ဟုတ်သားပဲ အန်ကယ်ဟဲ ရေချိုးခန်းဘယ်နားမှာလဲ? ကျွန်တော်ရှာမ‌တွေ့လို့"

အန်ကယ်ဟဲတန့်သွားပြီး ပြောတယ် .."ရှင်းပြဖို့နည်းနည်းခက်တယ် ... လိုက်ခဲ့"

စုမင် သူ့နောက်က လိုက်ပါသွားတယ်။ အန်ကယ်ဟဲသည် ထိပ်ပြောင်ကာ အတန်ငယ်အရပ်ရှည်ပြီး သိပ်မကြည့်ကောင်းသော်လည်း မကြာခဏပြုံးလေ့ရှိသည်။

မိနစ်ပိုင်းမကြာ လမ်းလျှောက်ပြီးနောက် အန်ကယ်ဟဲအရှေ့ကို ညွှန်ပြ၍ .."ဟိုမှာ ... အဲ့ဒါ့ရေချိုးခန်းပဲ။ ကျွန်းပေါ်မှာ အဆင်မပြေတော့ အခန်းတိုင်းက ရေချိုးခန်းအတူတူသုံးရတယ်လေ"

ညွှန်ပြသည့်နေရာကို စုမင်ကြည့်တော့ 'ရေချိုးခန်း' ဟု တောက်ပသောအနီရောင်စာသားဖြင့် တံခါးကိုတွေ့လိုက်ရတယ်။

စာသားသည် ဆေးနီနှင့် သုတ်ထားပုံရကာ တစ်စက်စက်စီးကျပြီး ‌အနီရောင်ဆေးစွန်းသွားသည်။ ထိတ်လန့်ဖွယ်ရုပ်ရှင်ကားပိုစကာလို သွေးစာသားကဲ့သို့ပင်။

ထိုအကြောင်းတွေးမိပြီး စုမင်ကျောရိုးစိမ့်သွားကာ လှည့်လိုက်တော့ အန်ကယ်ဟဲက သူ့ကိုကြည့်နေတာ တွေ့လိုက်ရသည်။ သူပြုံးပြီး .."အိုခေ နားလည်ပါပြီ"

အန်ကယ်ဟဲလည်း ပြုံးကာ .."ဒါဆို ကောင်းပြီလေ ... ကျုပ်အရင်သွားနှင့်မယ်"

သူထွက်သွားတော့ ... သူနဲ့ သိပ်မဝေးလှတဲ့ ရေချိုးခန်းကို လေးလေးနက်နက်စစ်ဆေးကြည့်သည်။

ထိုအနီ‌ရောင်စာလုံးတွေကို ကြည့်ပြီး ဒီနေ့ညသည်းခံနေပြီး နောက်တစ်နေ့မှပဲ ရေချိုးရန် ပိုလို့တောင်စိတ်ပိုင်းဖြတ်လိုက်သည်။

ရေချိုးသန့်ရှင်းခြင်းနဲ့ သူ့အသက်ကိုရွေးချယ်ခိုင်းမယ်ဆိုရင် သူ့အသက်က ပိုအရေးကြီးသည်။

ရုပ်ရှင်ရုံက သူ့ကိုဇာတ်ကောင်ဇာတ်ညွှန်းပေးတုန်းက သဲလွန်စမပေးခဲ့ဘူး ... ဒီညအသက်ရှင်ဖို့ လိုသေးတယ်လို့ စုမင်ခန့်မှန်းသည်။

အန်ကယ်ဟဲပေးခဲ့တဲ့ ပစ္စည်းတွေကို သယ်ဆောင်ကာ စုမင်အသားကင်ရှိသည့်နေရာဆီ ပြန်လာခဲ့သည်။

ချန်းရှင်းကျို့လက်ခံပြီး ပျော်ပျော်ရွှင်ရွှင်ပင်လယ်စာများကို သန့်ရှင်း၏ ... အန်ကယ်ဟဲ သူတို့ကိုပေးတဲ့ ငါးကိုဆွဲထုတ်လိုက်သည်။ ငါးသည် အလွန်ကြီးကာ ဝလည်းဝသည်။ ကျောင်းယွင်းဟော် ငါးကိုသတ်ရန် သတ္တိရှိရှိဆန္ဒပြု၏။

ငါးကြေးချွတ်နေစဉ် သူရေရွတ်တယ် .."ဒီတစ်ကောင်ပဲကင်တာ မလုံလောက်ဘူး ... ဒါပြီးရင် နောက်တစ်ကောင်ငါသတ်လိုက်မယ်"

ငါးယောက်စာအတွက် ငါးတစ်ကောင်တည်းက ဘယ်လိုလုပ်လောက်မှာလဲ? တစ်ယောက်တည်းနဲ့တင် တစ်ကောင်ကိုအပြတ်ရှင်းနိုင်တာ ... ဒါ့အပြင် ငါးစိမ်းအရသာက သိုလှောင်ထားသည့်အရသာထပ်ပိုကောင်းသည်လေ ...

သူ့ဘေးမှ စုမင်ဆောင့်ကြောင့်ထိုင်ကြည့်သည်။
ဒီက‌ ရေတွေသည် ရေချိုးခန်းပိုက်နဲ့ ဆက်သွယ်ထားသဖြင့် ညဘက်ရေချိုးရင် ရေလုံလောက်ရန် ဂရုတစိုက်ရေချွေတာရသည်။

ကြေးခွံ‌ဆေးချွတ်ကြောပြီး ကျောင်းယွင်းဟော်က ငါးဗိုက်ကို ဓားနဲ့လှီးလိုက်သည်။

သူလုပ်နေစဉ် သူ့ရဲ့ဗဟုသုတအချို့ကို ကြွားလိုက်သေးတယ် .."အမှန်တော့ ငါးဆီကနေ မင်းဘာမဆိုစားလို့ရတယ် ... မင်းငါးကိုင်တာ တော်တယ်ဆိုရင် ငါးဥတောင်အတော်စားလို့ကောင်းတယ် ... နောက်မှ ငါ့ရဲ့ ထူးခြားတဲ့စကေးကို ပြမယ်"

ကျောင်းယွင်းဟော်သည် အူ‌တွေကိုတူးထုတ်ပြီး ဘေးဘက်လွှင့်ပစ်လိုက်တယ်။

စုမင်မသိလိုက်ဘဲ ကြည့်လိုက်မိစဉ် သွေးတွေပေကျံနေတဲ့အင်္ဂါ‌တွေကို တွေ့တော့ သူအခြားဘက်လှည့်လိုက်ပေမယ့် အမြန်ထပ်လှည့်ကြည့်ပြန်တယ်။

မြေကြီးမှ သစ်ခတ်တစ်ခတ်ကိုကောက်ယူပြီး ထိုးကြည့်သည်။ အင်္ဂါအစိတ်အပိုင်းဖွင့်သွားပြီး စုမင်မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် ... သူ့စိတ်အတွင်း မကောင်းသည့်ခံစားချက်ရသည် .."ဒါဘာလဲ?"

"ဘာကိုလဲ?" ငါးသန့်ရှင်းနေတဲ့ ကျောင်း‌ယွင်းဟော်ရပ်‌ကာ လှည့်ကြည့်လာကာ သူ့လက်နဲ့ တိုက်ရိုက်လှန်လှောလိုက်သည်။

သေးငယ်တဲ့တစ်စုံတစ်ခု ပြုတ်ကျလာကာ စုမင်မျက်ခွံတွန့်သွား၏။

အမှောင်ကြောင့် သူတို့ထင်ထင်ရှားရှားမမြင်ရပေ ... ကျောင်းယွင်းဟော်ကောက်ယူကာ နီးနီးကပ်ကပ်စစ်ဆေးတယ် ... သူနည်းနည်းရင်းနှီးသလို ခံစားလိုက်ရတယ် .."ဒါကြည့်ရတာ………"

သူ့လက်ဘေး၌ ‌ထားပြီး နှိုင်းယှဉ်ကြည့်ကာ ရုတ်ခြည်းတစ်စုံတစ်ခုသတိထားမိကာ လျှပ်စစ်ဓာတ်လိုက်သကဲ့သို့ ရှော့ခ်ရပြီး လွှင့်ပစ်လိုက်သည်။

စုမင်တိုက်ရိုက်ဖြေလိုက်တယ် .."ငါမြင်တာမမှားဘူးဆိုရင် အဲ့ဒါလက်ချောင်းပဲ"
************""*************

Thank you all ♥️
August 15, 2021
----------------------------------------------------------------------------------------------------------------------------





Chapter 20: ေရခ်ိဳးခန္း

သူတို႔ ကြၽန္းနဲ႔ နီးလာတာေၾကာင့္ ျဖစ္ႏိုင္တယ္ ... အႏၲရာယ္အေငြ႕အသက္က သူ႕လိႈင္းမူးဒဏ္ကို လႊမ္းမိုးသြားကာ စုမင္တစ္ကိုယ္လုံး ေတာင့္တင္းေန၏။

ခ်န္း႐ွင္းက်ိဳ႕တစ္ေယာက္ကေတာ့ အေပ်ာ္တပါးႀကီး အနာဂတ္အစီစဥ္ေတြခ်ေနရဲ႕ .."ဒီမွာဆယ္ရက္ျဖစ္ျဖစ္ လဝက္ျဖစ္ျဖစ္ေနၿပီးရင္ မင္ရာနဲ႔ငါေသခ်ာေပါက္ေျပလည္သြားလိမ့္မယ္"

စုမင္ သူ႕ကို႐ိုက္သတ္ခ်င္စိတ္ျပင္းျပေန၏။

အိမ္မက္မက္‌ေနလိုက္ ... သူတို႔ႏွစ္ေယာက္ျပန္မေပါင္းႏိုင္ခင္ သေဘၤာေပၚကလူေတြအကုန္ေသမွာပဲ သူစိုးရိမ္သည္။

ဒီတစ္ႀကိမ္ လူငါးေယာက္လိုက္လာခဲ့တယ္။ ဇာတ္လိုက္ခ်န္း႐ွင္းက်ိဳ႕ႏွင့္ ဇာတ္လိုက္မင္းသမီးေက်ာက္မင္ရာကအပါအဝင္ သူရယ္ ... ေက်ာင္းယြင္းေဟာ္နဲ႔ ခ်န္ယုခ်င္းျဖစ္သည္။

ေက်ာင္းယြင္းေဟာ္က သူတို႔အခန္းေဖာ္ျဖစ္ၿပီး ခ်န္ယုခ်င္းက ေက်ာင္းယြင္းေဟာ္၏ ခ်စ္သူမိန္းကေလးျဖစ္ကာ ေက်ာက္မင္ရာရဲ႕အတန္းေဖာ္လည္းျဖစ္သည္။

သူတို႔ႏွစ္ေယာက္နဲ႔ ခ်န္း႐ွင္းက်ိဳ႕တို႔က ဒီကြၽန္းကိုလာရန္ ဆုံးျဖတ္ခဲ့သည္။

စုမင္သက္ျပင္းခ်၏။ သူ႕စိတ္အတြင္းပိုင္းတြင္ေတာ့ ေနာက္ျပန္လွည့္ဖို႔ အလြန္ေနာက္က်သြားၿပီ ... horror ႐ုပ္႐ွင္က ေ႐ွ႕ဆက္ဖို႔လိုေနေသးတယ္။

နာရီဝက္ၾကာၿပီးေနာက္ သေဘၤာကမ္းကပ္လာေလၿပီ။

ကြၽန္း၌ လူေနအိမ္သိပ္မ႐ွိေသာ္လည္း အလွ႐ႈျမင္ကြင္းသည္ အတန္ငယ္ေကာင္း၏။ ကမ္းေျခကေန စိမ္းလန္းေသာသစ္ပင္ႀကီးမ်ားထူထပ္စြာ ကာရံထားသည္ကို ျမင္ေနရသည္။

ညေနခင္းေရာက္ခံနီးၿပီျဖစ္‌၍ ေနဝင္ခ်ိန္ကို ျမင္ႏိုင္သည္။ အလြန္လွပ၍ မဂၢဇင္းထဲက ျဖဴေလ်ာ့ေလ်ာ့ဓာတ္ပုံမ်ားႏွင့္ မယွဥ္ႏိုင္ေပ။

သူတို႔သေဘၤာ္ေပၚမွ ဆင္းၿပီး စီစဥ္သူကို႐ွာရန္ ခ်န္း႐ွင္းက်ိဳ႕ထြက္သြားတယ္။

မိနစ္အနည္းငယ္ၾကာ သူျပန္ေရာက္လာကာ .."အိုေခ တစ္ဖက္က ငါတို႔ကိုလာႀကိဳလိမ့္မယ္ ... ငါတို႔နည္းနည္းဝင္သြားလိုက္႐ုံပဲ။ ‌အိမ္ကေတာင္ေပၚမွာ"

ေက်ာက္မင္ရာ သိခ်င္စိတ္ျဖင့္ ေျပာတယ္ .."ဆိပ္ကမ္းမွာ ဘယ္သူမွမ႐ွ္ိပါလား"

ေက်ာင္းယြင္းေဟာ္က .."ဒီကြၽန္းက လူသိနည္းတယ္ ... ၿပီးေတာ့ အရမ္းနာမည္မႀကီးဘူးေလ ... လူေတြအမ်ားႀကီး႐ွိလည္း ငါတို႔ဘာလုပ္လို႔ရမွာလဲ?"

စုမင္ ဘာမွမေျပာဘဲ သူတို႔ေနာက္လိုက္လာတယ္။ သူတို႔က စုမင္လိႈင္းမူးဒဏ္ေၾကာင့္လို႔ပဲ ေတြးထင္ေနၾကတယ္။

သူတို႔ဆိပ္ကမ္းကေန ေလွ်ာက္ခဲ့ၿပီး မၾကာခင္ ေတာင္ေျခေရာက္လာတယ္။ ထိုေနရာက လမ္းမ်ားသည္ နည္းနည္းပို႐ႈပ္ေထြး၏။

ခ်န္း႐ွင္းက်ိဳ႕လမ္းဆုံ‌၌ မတ္တပ္ရပ္ၿပီး သူတို႔ကို တစ္ေယာက္ေယာက္လာႀကိဳသည္ကို ေစာင့္ေနတယ္။

ထိုအခိုက္တန္႔ ခ်န္ယုခ်င္း႐ုတ္တရက္ထေအာ္၏ .."ဘာလို႔ ဖားျပဳပ္ေတြအဲ့ေလာက္မ်ားရတာလဲ? လန္႔လို႔ေသေတာ့မယ္"

ၾကားေတာ့ ထိုလမ္းတြင္ ခုန္ေပါက္ေန‌ေသာ ဖားျပဳပ္မ်ားစြာကို သူတို႔သတိထားမိၾကသည္။ မသိရင္ ဖားျပဳပ္သိုက္ကို သူတို႔ေရာက္ေနသလိုပဲ။

တစ္ခ်က္ၾကည့္တာနဲ႔ လမ္းမွာ ဖားျပဳပ္ေတြနဲ႔ ျပည့္ေနတာမို႔ မိန္းကေလးေတြက သြားဖို႔ ျငင္းဆန္ေနတယ္။

ထိုအရာကို စုမင္မေၾကာက္ေသာ္လည္း လမ္းတစ္ေလွ်ာက္လုံး သူတို႔ေတြနဲ႔ျပည့္ေနတာက သူဦးေရခြံပင္ ထုံထိုင္းသလိုခံစားလိုက္ရတယ္ ... ဒီကြၽန္းက တစ္ခုခုမွားေနၿပီလို႔ ေျပာႏိုင္တယ္။

ဒီတစ္ခါhorrorဇာတ္လမ္းက သည္းထိပ္ရင္ဖိုတကၠသိုလ္ထပ္ဆိုင္ရင္ ပိုစိတ္ေရာဂါရေစႏိုင္တယ္။ စုမင္အသံတစ္ခုၾကားၿပီး လွည့္လိုက္ေတာ့ .."ဟိုမွာအဘြားတစ္ေယာက္လာေနတယ္"

အဘြားသည္ ျဖည္းျဖည္းေလးယက္ကန္ယက္ကန္ျဖင့္ တုတ္ကိုအားျပဳၿပီး ေလွ်ာက္ေနကာ မၾကာမွီ သူတို႔ရပ္ေနရာဆီ ေရာက္လာ၏။ ခ်န္း႐ွင္းက်ိဳ႕တိုးတိုးေလးေျပာတယ္ .."သူမၾကည့္ရတာ မ်က္မျမင္ပုံပဲ"

စုမင္လည္း တစ္ခုခုမူမမွန္ဘူးဆိုတာ ေျပာမလို႔ပဲ မ်က္မျမင္တဲ့ကိစၥဆိုတာသတိထားမိလိုက္တယ္။ အဘြားသည္ မ်က္မျမင္တာဆိုရင္ ဘာလို႔သူတို႔ကိုဒီလိုၾကည့္ေနရတာလဲ။

အဘြားေမးလာတယ္ .."ဘာလို႔ဒီကိုလာခဲ့တာလဲ?"

ခ်န္း႐ွင္းက်ိဳ႕ေ႐ွ႕ထြက္ၿပီး .."ကြၽန္ေတာ္တို႔လာကစားၾကတာပါ"

အဘြားေခ်ာင္းဆိုးသြားကာ .."ကစားတာ? ဒီမွာ ဘာမွေပ်ာ္စရာမ႐ွိဘူး ... အျမန္ထြက္သြားၾကေတာ့ ... ဒီေနရာကေပ်ာ္စရာမေကာင္းဘူး ... ညည္းတို႔ ခုမွမထြက္သြားရင္ ျပန္သြားႏိုင္မွာမဟုတ္ေတာ့ဘူး........"

ခ်န္း႐ွင္းက်ိဳ႕မ်က္ေမွာင္က်ံဳ႕လိုက္ၿပီး ဘာေျပာရမွန္းမသိေပ။
သူတို႔ သေဘၤာလာရမယ့္ရက္ကို ႀကိဳတင္ဘိုကင္ၿပီးၿပီျဖစ္တဲ့အတြက္ သူမစိုးရိမ္ဘူး။

အဘြားသည္ ေရ႐ြတ္ေနဆဲျဖစ္ကာ .."ဒီကြၽန္းမွာ ဘာမွမ႐ွိဘူး ... ေတာင္ေပၚေတြမွာလည္း ဘာမွမ႐ွိဘူး ... ညည္းတို႔ေနာက္ျပန္လွည့္သင့္တယ္………"

စုမင္ႏွလုံးသားတုန္ယင္သြားသည္။

horror႐ုပ္႐ွင္ေတြထဲမွာ အဘိုးျဖစ္ျဖစ္ အဘြားျဖစ္ျဖစ္ ေနာက္ဆုံးအခ်ိန္ထိအသက္႐ွင္ေနခဲ့ၿပီး ဇာတ္လိုက္ေတြကို သတိေပးတတ္သည္။ ဤအဘြားလည္း တစ္ေယာက္ျဖစ္ႏိုင္တယ္။

သူေတြးေတာၿပီး တိုးတိုးေလးေျပာတယ္ .."အဘြား ဘာလို႔ကြၽန္ေတာ္တို႔ဒီမွာကစားလို႔မရတာလဲ? တစ္ခုခုျဖစ္လို႔လား?"

ဇာတ္လမ္းအစမွာ သူတို႔ဒီအေၾကာင္းေမးခဲ့မယ္ဆိုရင္ ေနာက္ပိုင္းခရီးလမ္းက နည္းနည္းလြယ္ကူသြားလိမ့္မယ္။

အဘြားတုံ႔ျပန္မည့္အခ်ိန္ လူလတ္ပိုင္းအမ်ိဳးသားတစ္ဦးရဲ႕အသံသည္ အေနာက္မွ ခရီးလွမ္းလာ၏ .."ေစာနက ငါ့ကိုဆက္သြယ္ခဲ့တာ မင္းတို႔တ‌ေတြလား?"

မ်က္မျမင္အဘြားအိုသည္ တုတ္နဲ႔ ယက္ကန္ယက္ကန္ျဖင့္ ေနာက္လွည့္သြားသည္။
ခ်န္း႐ွင္းက်ိဳ႕အျမန္ျပန္ေျဖတယ္ .."ဟုတ္ပါတယ္ ကြၽန္ေတာ္တို႔ပါ"

သိပ္မၾကည္သည့္အမူအရာျဖင့္ လူလတ္ပိုင္းအမ်ိဳးသားက .."လာမယ္ဆိုတာ ဘာလို႔ဒီေန႔မွေျပာရတာလဲကြ? ဘာမွမျပင္ဆင္ရေသးဘူး"

ခ်န္း႐ွင္းက်ိဳ႕ေခါင္းကုတ္ၿပီး .."ဒီေန႔လို႔ ကြၽန္ေတာ္တို႔ မတိုင္မီကသေဘာတူၿပီးသား"

လူလတ္ပိုင္းအမ်ိဳးသားပ်ာယာမခတ္ဘဲ .."မင္းဆက္သြယ္ခဲ့တဲ့တစ္ေယာက္က ငါ့ညီ ... သူကြၽန္းက ထြက္သြားလို႔ ငါမသိခဲ့ဘူး။ ငါ့ကို အန္ကယ္ဟဲ လို႔ေခၚႏိုင္တယ္"

သူေျပာမွေတာ့ ခ်န္း႐ွင္းက်ိဳ႕လည္း ဆက္မေမးေတာ့ေပ။

သူ အမွန္တကယ္အျခားတစ္ေယာက္ကို ဆက္သြယ္ခဲ့ၿပီး အိမ္မွာေနထိုင္ကာ အခ်ိန္က်ရင္ျပန္မယ္လို႔ စီစဥ္ခဲ့တယ္။ ေငြပိုက္ဆံလည္း လႊဲပို႔ၿပီးေနၿပီ။

အန္ကယ္ဟဲက ဦးေဆာင္ကာ ဖားျပဳပ္ေတြျပည့္ေနတဲ့လမ္းကိုေက်ာ္ၿပီး ေနာက္တစ္ဖက္ကေန ေတာင္ေပၚတက္ၾကသည္။

စုမင္ေနာက္လွည့္ၾကည့္ေတာ့ မ်က္မျမင္အဘြားအိုေပ်ာက္သြားခဲ့ၿပီး ဘယ္သြားလဲ သူမသိေပ။
ဆယ္မိနစ္ၾကာၿပီးေနာက္ ... ေနာက္ဆုံး သူတို႔အိမ္ကို ျမင္ေတြ႕ခဲ့သည္။

ထိုအဓိပၸာယ္က တေန႔လည္ခင္း သ‌ေဘၤာစီးလာတဲ့သူေတြ အနားယူလို႔ရေလၿပီ။

အန္ကယ္ဟဲတံခါးကို ေသာ့ဖြင့္လိုက္တယ္ ... ႐ိုး႐ိုးပုံမွန္တထပ္အိမ္ေလးပင္။ အိပ္ယာေတြနဲ႔ စားပြဲပဲ႐ွိကာ အလင္းေရာင္ေတာင္ သာမန္မီးသီးျဖစ္ၿပီး နံရံမ်ားက အျဖဴေရာင္ ေဆးျခယ္ထားတယ္။

သူတို႔အထဲ၌ အေျခက်ၿပီးေနာက္ အခန္းတြင္းစုမင္ေနာက္ဆုံးအိပ္ေမာက်သြားတယ္။ ႐ုပ္႐ွင္႐ုံကေပးခဲ့တဲ့ ဇာတ္ၫႊန္းက သူေရခ်ိဳးေနစဥ္အတြင္းမွ အက္ဆီး‌ဒင့္ျဖစ္မယ္လို႔ ေဖာ္ျပထားခဲ့တယ္။ ထိုမတိုင္ခင္ထိ လုံျခဳံေသး၍ သူတစ္ေရးတစ္ေမာအိပ္လည္း ျပႆနာမ႐ွိေပ။

ႏိုးလာေတာ့ ေနလို႔ထိုင္လို႔ပိုေကာင္းသြားကာ ထၿပီး အျပင္ထြက္ေလသည္။ ေကာင္းကင္က ေမွာင္ေနေလၿပီ။ ခ်န္ယုခ်င္းသည္ အျပင္ဘက္၌အသားကင္ရန္ လိုအပ္သည့္ပစၥည္းကိရိယာမ်ားကို သီခ်င္းေအးေအးေလးညည္းရင္း ျပင္ဆင္ေနတယ္။

စုမင္အျပင္ထြက္ၿပီး နည္းနည္းဟိုနားသည္နားသြားၾကည့္သည္။ သူျပန္သြားမည့္အခ်ိန္ တစ္စုံတစ္ေယာက္ သူ႕ကိုစိုက္ၾကည့္ေနတယ္လို႔ ခံစားရေသာ္လည္း သူဘာမွမေတြ႕ေပ။

ည၏ ပိန္းပိတ္ေအာင္ေမွာင္မိုက္ေနတဲ့အတြင္း ... အမည္မသိမေကာင္းဆိုးဝါးတစ္ေကာင္ပုန္းလွ်ိဳးေစာင့္ၾကည့္ေနသလိုပင္။
စုမင္ "ျမဴ" ဆိုသည့္႐ုပ္႐ွင္ဇာတ္ကားတစ္ကားကို သတိရသြားတယ္။

ထို႐ုပ္႐ွင္သည္ ျမဴတြင္းထဲ၌ အေမွာင္ထုဆုံးတြင္ သဘာဝလြန္မေကာင္းဆိုးဝါးေတြပုန္းလွ်ိဳးေနတယ္။ ႐ုပ္႐ွင္ရဲ႕ ဇာတ္သိမ္းက အလြန္ထိတ္လန္႔စရာပဲ ... ဒီဇာတ္လမ္းရဲ႕ဇာတ္သိမ္းလည္း ေၾကာက္လန္႔စရာေကာင္းမယ္ထင္တယ္။

မထင္မွတ္ထားတဲ့အႏၲရာယ္နဲ႔ ၾကဳံလာရင္ မင္းစိတ္ႏွလုံးသားကိုစစ္ေဆးလိမ့္မယ္။

စိုက္ၾကည့္ျခင္းခံရသည့္ ခံစားခ်က္ကပိုပိုႀကီးစိုးလာကာ စုမင္ထပ္ၿပီးေမာ့ၾကည့္လိုက္ေတာ့ ေယာက်္ားေလးအခ်ိဳ႕ေတာင္ေစာင္းကေန သူတို႔ကိုငုံ႔ၾကည့္ေနၾကသည္။

အေမွာင္ထုေၾကာင့္ သူတို႔ပုံသ႑ာန္ကို မျမင္ရေပ။ စုမင္ထိုေနရာကိုလွည့္ၾကည့္လာတာျမင္ေတာ့ လ်င္ျမန္စြာပင္ ထိုလူေတြညအေမွာင္ထုထဲတိုးဝင္ေပ်ာက္ကြယ္သြားတယ္။

သူတို႔က သရဲေတြမဟုတ္ဘဲ လူေတြဆိုတာ စုမင္ေသခ်ာသည္။ သူ႕ရဲ႕အလိုလိုသိစိတ္က တစ္ခုခုေတာ့မူမမွန္ဘူးဆိုတာ ေျပာေနတာေၾကာင့္ ထိုသူေတြေနာက္မလိုက္ခဲ့ေပ။ ဘယ္လိုပဲျဖစ္ျဖစ္ horrorထဲတြင္ ပထမဆုံးေပ်ာက္ဆုံးမယ့္သူက အုပ္စုထဲကထြက္တဲ့သူပဲ။

ေက်ာင္းယြင္းေဟာ္ေလွ်ာက္လာကာ ေမး၏ .."မင္းဘာၾကည့္ေနတာတုန္း?"

စုမင္႐ိုး႐ိုးသားသားျပန္ေျဖတယ္ .."ေစာနက လူအခ်ိဳ႕ငါတို႔ကိုၾကည့္ေနၾကတယ္ ... ပုံမွန္မဟုတ္သလိုပဲ"

ၿပီးေတာ့ သူ သူတို႔ကိုသတိထားမိေတာ့ ျဖစ္သြားသည့္သူတို႔တုံ႔ျပန္ပုံက သက္ေတာင့္သက္သာမျဖစ္ေပ။ ေက်ာင္းယြင္းေဟာ္ မ်က္ေမွာင္က်ံဳ႕ကာ ခန္႔မွန္းတယ္ .."ကြၽန္းေနထိုင္သူေတြက ငါတို႔လူအသစ္ျဖစ္လို႔ လာစပ္စုတာျဖစ္လိမ့္မယ္"

စုမင္ေျပာတယ္ .."အဲ့လိုျဖစ္ပါေစ ငါေမွ်ာ္လင့္တယ္"

အိမ္ေ႐ွ႕က ျမက္ခင္းျပင္ဆီသူတို႔ျပန္လာေတာ့ အသားကင္ကိုျပင္ဆင္ၿပီးေနၿပီ ... မီးေသြးမ်ားအသက္ဝင္စြာေလာင္ကြၽမ္းေနကာ မီးခိုေငြ႕မ်ားကိုထုတ္လႊင့္ေနတယ္။

ထိုအ‌ခ်ိန္ ခ်န္း႐ွင္းက်ိဳ႕နဲ႔ ေက်ာက္မင္ရာတို႔က ဆြဲပုံးသယ္ေဆာင္ရင္းျပန္ေရာက္လာတယ္။

ဇာတ္လိုက္အလြန္အမူအရာေကာင္းစြာ ေပၚလာေတာ့ စုမင္တပ္အပ္ေျပာႏိုင္တယ္ ... သူ ဇာတ္လိုက္မင္းသမီးနဲ႔ ႏွစ္ေယာက္တည္းအတူ႐ွိေနရလို႔ဆိုတာ။

ခ်န္ယုခ်င္းက သူတို႔ကိုႀကိဳဆိုတယ္ .."ေနာက္ဆုံးစားစရာေတြေရာက္လာၿပီ ... ေကာင္းလိုက္တာ!"

ခ်န္း႐ွင္းက်ိဳ႕ အလယ္၌ ဆြဲပုံးကိုေနရာခ်ၿပီး .."ဒါႀကီးလမ္းတစ္ေလွ်ာက္လုံးသယ္လာရလို႔ ငါပင္ပန္းေနၿပီ ... ဒီည ငါတို႔ဒါစားၾကမယ္ ... ပင္လယ္စာအသားကင္"

အထူးသျဖင့္ သူတို႔ႏွစ္ေယာက္က သစ္သီးသစ္႐ြက္အခ်ိဳ႕ဝယ္ခဲ့ၿပီး အျခားပစၥည္း‌ေတြကို ကမ္းေျခကသြားေကာက္ေတာ့ ခံစားခ်က္တိုးပြားခဲ့တာျဖစ္မယ္။
ေက်ာင္းယြင္းေဟာ္အျမန္ေျပးလာခဲ့ၿပီး ေရာက္လာတာနဲ႔အံ့အားသင့္သဖြယ္ေျပာတယ္။

ဆြဲပုံးကို စုမင္ထံေစာင္းငဲ့ျပ၍ .."ဒီခုံးေကာင္ေတြကို ၾကည့္စမ္း ... လက္တစ္ဖဝါးစာေလာက္႐ွိတယ္ဟ ... ေတာ္ေတာ္လတ္ဆတ္မယ့္ပုံပဲ"

ေနာက္ပိုင္းမွာ အသားကင္စားသူတစ္ေယာက္က ေသဖို႔ ေသြးေဆာင္ခံရလိမ့္မယ္။

စုမင္ကမ္းေျခမသြားခဲ့သလို ပင္လယ္စာလည္း သိပ္မစားျဖစ္ဘူး ... ဒါေပမယ့္ ခုံးေကာင္အေၾကာင္းေတာ့ၾကား၏။ ကြၽန္းငယ္ေဘးပတ္ပတ္လည္၌ ပင္လယ္ေရေတြဝန္းရံထားသျဖင့္ ဒီက ပင္လယ္စာမ်ားသည္ စတိုးဆိုင္ကထပ္ပိုေကာင္းေလသည္။ သူေမးတယ္ .."ငါကူညီဖို႔လိုေသးလား?"

ခ်န္း႐ွင္းက်ိဳ႕ျငင္းဆန္၏ .."မင္းက လူနာေလ ... သြား အိပ္ယာထဲလွဲေန ... အဆင္သင့္ျဖစ္ရင္ လာစားေပါ့"

စုမင္ဇြတ္မလုပ္ဘဲ ထြက္ခြာကာ ပုံမွန္မဟုတ္တဲ့အိမ္ပတ္ပတ္လည္ေလွ်ာက္ၾကည့္သည္။

ထိုအိမ္တြင္ ျခံဝင္း႐ွိကာ စုစုေပါင္းေဘးခ်င္းကပ္အခန္းသုံးခန္း႐ွိသည္။ အမ်ားသုံးအေဆာက္အဦးေတြလို ေဟာခန္း၌ သစ္သားတံခါးသုံးခ်ပ္တည္႐ွ္ိေနတာပင္ ... ေရခ်ိဳးခန္းကို စုမင္မ‌ေတြ႕ရေသးေပ။

သူလွည့္ထြက္ေတာ့မည့္အခ်ိန္ မ်က္ဝန္းေထာင့္မွ ပုံရိပ္တစ္ခုကိုျမင္ေတြ႕လိုက္ရတယ္။ အဲ့ဒါ ဟင္းသီးဟင္း႐ြက္ႏွင့္ ပင္လယ္စာယူေဆာင္လာေပးေသာ အန္ကယ္ဟဲျဖစ္သည္။ အန္ကယ္ဟဲက အျပဳံးျဖင့္ .."မင္းအတြက္စားစရာယူလာေပးတာ"

စုမင္ေခါင္းညိတ္ၿပီး .."ေက်းဇူးတင္ပါတယ္ ... အို႔ ဟုတ္သားပဲ အန္ကယ္ဟဲ ေရခ်ိဳးခန္းဘယ္နားမွာလဲ? ကြၽန္ေတာ္႐ွာမ‌ေတြ႕လို႔"

အန္ကယ္ဟဲတန္႔သြားၿပီး ေျပာတယ္ .."႐ွင္းျပဖို႔နည္းနည္းခက္တယ္ ... လိုက္ခဲ့"

စုမင္ သူ႕ေနာက္က လိုက္ပါသြားတယ္။ အန္ကယ္ဟဲသည္ ထိပ္ေျပာင္ကာ အတန္ငယ္အရပ္႐ွည္ၿပီး သိပ္မၾကည့္ေကာင္းေသာ္လည္း မၾကာခဏျပဳံးေလ့႐ွိသည္။

မိနစ္ပိုင္းမၾကာ လမ္းေလွ်ာက္ၿပီးေနာက္ အန္ကယ္ဟဲအေ႐ွ႕ကို ၫႊန္ျပ၍ .."ဟိုမွာ ... အဲ့ဒါ့ေရခ်ိဳးခန္းပဲ။ ကြၽန္းေပၚမွာ အဆင္မေျပေတာ့ အခန္းတိုင္းက ေရခ်ိဳးခန္းအတူတူသုံးရတယ္ေလ"

ၫႊန္ျပသည့္ေနရာကို စုမင္ၾကည့္ေတာ့ 'ေရခ်ိဳးခန္း' ဟု ေတာက္ပေသာအနီေရာင္စာသားျဖင့္ တံခါးကိုေတြ႕လိုက္ရတယ္။

စာသားသည္ ေဆးနီႏွင့္ သုတ္ထားပုံရကာ တစ္စက္စက္စီးက်ၿပီး ‌အနီေရာင္ေဆးစြန္းသြားသည္။ ထိတ္လန္႔ဖြယ္႐ုပ္႐ွင္ကားပိုစကာလို ေသြးစာသားကဲ့သို႔ပင္။

ထိုအေၾကာင္းေတြးမိၿပီး စုမင္ေက်ာ႐ိုးစိမ့္သြားကာ လွည့္လိုက္ေတာ့ အန္ကယ္ဟဲက သူ႕ကိုၾကည့္ေနတာ ေတြ႕လိုက္ရသည္။ သူျပဳံးၿပီး .."အိုေခ နားလည္ပါၿပီ"

အန္ကယ္ဟဲလည္း ျပဳံးကာ .."ဒါဆို ေကာင္းၿပီေလ ... က်ဳပ္အရင္သြားႏွင့္မယ္"

သူထြက္သြားေတာ့ ... သူနဲ႔ သိပ္မေဝးလွတဲ့ ေရခ်ိဳးခန္းကို ေလးေလးနက္နက္စစ္ေဆးၾကည့္သည္။

ထိုအနီ‌ေရာင္စာလုံးေတြကို ၾကည့္ၿပီး ဒီေန႔ညသည္းခံေနၿပီး ေနာက္တစ္ေန႔မွပဲ ေရခ်ိဳးရန္ ပိုလို႔ေတာင္စိတ္ပိုင္းျဖတ္လိုက္သည္။

ေရခ်ိဳးသန္႔႐ွင္းျခင္းနဲ႔ သူ႕အသက္ကိုေ႐ြးခ်ယ္ခိုင္းမယ္ဆိုရင္ သူ႕အသက္က ပိုအေရးႀကီးသည္။

႐ုပ္႐ွင္႐ုံက သူ႕ကိုဇာတ္ေကာင္ဇာတ္ၫႊန္းေပးတုန္းက သဲလြန္စမေပးခဲ့ဘူး ... ဒီညအသက္႐ွင္ဖို႔ လိုေသးတယ္လို႔ စုမင္ခန္႔မွန္းသည္။

အန္ကယ္ဟဲေပးခဲ့တဲ့ ပစၥည္းေတြကို သယ္ေဆာင္ကာ စုမင္အသားကင္႐ွိသည့္ေနရာဆီ ျပန္လာခဲ့သည္။

ခ်န္း႐ွင္းက်ိဳ႕လက္ခံၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပင္လယ္စာမ်ားကို သန္႔႐ွင္း၏ ... အန္ကယ္ဟဲ သူတို႔ကိုေပးတဲ့ ငါးကိုဆြဲထုတ္လိုက္သည္။ ငါးသည္ အလြန္ႀကီးကာ ဝလည္းဝသည္။ ေက်ာင္းယြင္းေဟာ္ ငါးကိုသတ္ရန္ သတၱိ႐ွိ႐ွိဆႏၵျပဳ၏။

ငါးေၾကးခြၽတ္ေနစဥ္ သူေရ႐ြတ္တယ္ .."ဒီတစ္ေကာင္ပဲကင္တာ မလုံေလာက္ဘူး ... ဒါၿပီးရင္ ေနာက္တစ္ေကာင္ငါသတ္လိုက္မယ္"

ငါးေယာက္စာအတြက္ ငါးတစ္ေကာင္တည္းက ဘယ္လိုလုပ္ေလာက္မွာလဲ? တစ္ေယာက္တည္းနဲ႔တင္ တစ္ေကာင္ကိုအျပတ္႐ွင္းႏိုင္တာ ... ဒါ့အျပင္ ငါးစိမ္းအရသာက သိုေလွာင္ထားသည့္အရသာထပ္ပိုေကာင္းသည္ေလ ...

သူ႕ေဘးမွ စုမင္ေဆာင့္ေၾကာင့္ထိုင္ၾကည့္သည္။
ဒီက‌ ေရေတြသည္ ေရခ်ိဳးခန္းပိုက္နဲ႔ ဆက္သြယ္ထားသျဖင့္ ညဘက္ေရခ်ိဳးရင္ ေရလုံေလာက္ရန္ ဂ႐ုတစိုက္ေရေခြၽတာရသည္။

ေၾကးခြံ‌ေဆးခြၽတ္ေၾကာၿပီး ေက်ာင္းယြင္းေဟာ္က ငါးဗိုက္ကို ဓားနဲ႔လွီးလိုက္သည္။

သူလုပ္ေနစဥ္ သူ႕ရဲ႕ဗဟုသုတအခ်ိဳ႕ကို ႂကြားလိုက္ေသးတယ္ .."အမွန္ေတာ့ ငါးဆီကေန မင္းဘာမဆိုစားလို႔ရတယ္ ... မင္းငါးကိုင္တာ ေတာ္တယ္ဆိုရင္ ငါးဥေတာင္အေတာ္စားလို႔ေကာင္းတယ္ ... ေနာက္မွ ငါ့ရဲ႕ ထူးျခားတဲ့စေကးကို ျပမယ္"

ေက်ာင္းယြင္းေဟာ္သည္ အူ‌ေတြကိုတူးထုတ္ၿပီး ေဘးဘက္လႊင့္ပစ္လိုက္တယ္။

စုမင္မသိလိုက္ဘဲ ၾကည့္လိုက္မိစဥ္ ေသြးေတြေပက်ံေနတဲ့အဂၤါ‌ေတြကို ေတြ႕ေတာ့ သူအျခားဘက္လွည့္လိုက္ေပမယ့္ အျမန္ထပ္လွည့္ၾကည့္ျပန္တယ္။

ေျမႀကီးမွ သစ္ခတ္တစ္ခတ္ကိုေကာက္ယူၿပီး ထိုးၾကည့္သည္။ အဂၤါအစိတ္အပိုင္းဖြင့္သြားၿပီး စုမင္မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ႏွင့္ ... သူ႕စိတ္အတြင္း မေကာင္းသည့္ခံစားခ်က္ရသည္ .."ဒါဘာလဲ?"

"ဘာကိုလဲ?" ငါးသန္႔႐ွင္းေနတဲ့ ေက်ာင္း‌ယြင္းေဟာ္ရပ္‌ကာ လွည့္ၾကည့္လာကာ သူ႕လက္နဲ႔ တိုက္႐ိုက္လွန္ေလွာလိုက္သည္။

ေသးငယ္တဲ့တစ္စုံတစ္ခု ျပဳတ္က်လာကာ စုမင္မ်က္ခြံတြန္႔သြား၏။

အေမွာင္ေၾကာင့္ သူတို႔ထင္ထင္႐ွား႐ွားမျမင္ရေပ ... ေက်ာင္းယြင္းေဟာ္ေကာက္ယူကာ နီးနီးကပ္ကပ္စစ္ေဆးတယ္ ... သူနည္းနည္းရင္းႏွီးသလို ခံစားလိုက္ရတယ္ .."ဒါၾကည့္ရတာ………"

သူ႕လက္ေဘး၌ ‌ထားၿပီး ႏိႈင္းယွဥ္ၾကည့္ကာ ႐ုတ္ျခည္းတစ္စုံတစ္ခုသတိထားမိကာ လွ်ပ္စစ္ဓာတ္လိုက္သကဲ့သို႔ ေ႐ွာ့ခ္ရၿပီး လႊင့္ပစ္လိုက္သည္။

စုမင္တိုက္႐ိုက္ေျဖလိုက္တယ္ .."ငါျမင္တာမမွားဘူးဆိုရင္ အဲ့ဒါလက္ေခ်ာင္းပဲ"
************""*************

Thank you all ♥️
August 15, 2021
-----------------------------------------------------------------------------------------------------------

Continue Reading

You'll Also Like

102K 23.3K 88
Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်...
6.3K 232 4
This is a what if scenario that I took interest in and this is a whole lot different reaction with an AU of course....... Ayanokoji Kiyotaka had enr...
83.4K 3.2K 54
After his first year at the Advanced Nurturing High School, Fukazawa Yato is about to start his second year as a student. With a better understanding...
12K 2K 28
مــن نــەم زانـیـبـوو ئـەو پـیـس تـریـن و گـەورەتـریـن مـافـیـای سـەر ئـاسـتـی ئـاسـیـایـە.... "دووبارە ھەوڵی ڕاکردن لەم ماڵە بدەیت ھەڵبژاردن لەنێوان...