[Book-1]novelထဲဝင်သွားပြီးနော...
By thiriWoonie
676K 79.7K 1.4K
Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More
Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
3[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
7[Z&U]
8[Z&U]
9[Z&U]
10[Z&U]
11[Z&U]
12[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
49[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
61[U&Z]
62[U&Z]
63[U&Z]
64[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
74[U&Z]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
81[U&Z]
82[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
108[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
119[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
141[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
163[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️
37[U&Z]
4.5K 564 0
By thiriWoonie
[Unicode]
ကုမ္ပဏီ ရောက်သည်နှင့် တပြိုင်နက် CEOရုံးခန်းထဲသို့ နင်မုန့်တန်းဝင်သွားလိုက်သည်။ ရုံးခန်းထဲ ခြေချလိုက်တယ် ဆိုရင်ပဲ ချောင်ရွှယ်ဟွာက နင်ဝမ့်ထောင်ကို တစ်စုံတစ်ခု တင်ပြနေလေ၏။
"ထျန်းထျန်းက အခု အရမ်းနာမည်ကြီးနေပြီ! သူမ ဆိုလိုက်တဲ့ သီချင်းက သူမကို နောက်တစ်ဆင့် တက်လှမ်းနိုင်လောက်အောင်ထိကို တွန်းတင်ပလိုက်တာ! လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မက ထျန်းထျန်းကို ရှင့်ကုမ္ပဏီမှာ လုပ်စေချင်တုန်းက ရှင့်ဘက်က ငြင်းခဲ့တယ်မလား။ ဘယ်လိုလဲ အခု နောင်တ‌ရနေပြီ မလား။ ရှင့် ကုမ္ပဏီကို ပြန်ကြည့်ကြည့်ပါဦး အရည်အချင်းရှိတဲ့ ကြယ်ပွင့်‌တွေအကုန် မရှိတော့ဘူး! အခုဆို ရှင့်ကုမ္ပဏီမှာ အနိမ့်တန်း အနုပညာရှင်တွေလောက်ပဲ ကျန်တော့တယ်..."
ချောင်ရွှယ်ဟွာက နင်မုန့်နှင့် စုထျန်းထျန်းကို နှိုင်းယှဉ်ပြနေချိန်မှာ နင်ဝမ့်ထောင်ကတော့ တည်ကြည်လေးနက်သည့်ပုံနှင့် ထိုင်နေလေသည်။ သူ့ပုံစံက တဖြည်းဖြည်းနဲ့ သီးမခံတော့သည့်ပုံလည်း ပေါ်နေ၏။
"အစတည်းက နင်မုန့်က သူ့ကိုမှ လုံးဝသဘောမကျတာလေ! ကိုယ်က ဘယ်လိုလုပ်ပြီး ထျန်းထျန်းကို ကုမ္ပဏီထဲ သွင်းလို့ဖြစ်မှာလဲ"
"ရှင် ဘာပြောလိုက်တယ်ဆိုတာရော သိရဲ့လား။ ရှင် အခု နောင်တ မရဘူးလား။အခု ထျန်းထျန်းရဲ့ ပုံရိပ်နဲ့သာဆိုရင် ကြိုက်တဲ့ စီးပွားရေး၊ ဇာတ်ညွှန်း ပစ္စည်းတွေကို ကြေငြာဖို့ လက်မှတ်ထိုးလို့ ရတဲ့ အခြေအနေပဲနော်"
"ဟုတ်လား" နင်မုန့် မေးလိုက်သည်။
နင်မုန့် အထဲသို့ ဝင်လာလိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ဆိုဖာပေါ်သို့ ထိုင်ချလိုက်ပြီးနောက်
"စုထျန်ထျန်းက အခု နာမည်ကြီး‌နေတယ်ဆိုတာ အမှန်ပါပဲ ဒါပေမယ့် ‌သူမရဲ့ အောင်မြင်မှုကို အောင်ပွဲခံဖို့က အရမ်းစောသေးတယ်လို့ ထင်တယ်နော်။ ပြီးတော့ ရှေးရိုးစကားတောင် ရှိသေးတယ်လေ။ အမြင့်ကို ပို‌ရောက်လေ အကျပိုနာလေဆိုတာ!" နင်မုန့် ဟန်လုပ်ပြုံးပြရင်း ချောင်ရွှယ်ဟွာကို ပြောလိုက်၏။
"မုန့်မုန့် နင့်အနေနဲ့ ထျန်းထျန်းကို အမြဲတမ်း အမြင်မကြည်ဘူးဆိုတာ ငါသိတယ် ဒါပေမယ့် အခု သူမရဲ့ ရင်းနှီးမှုတွေအားလုံးက ကိုယ်တိုင် ကြိုးစားခဲ့တယ်ဆိုတာတော့ နင်ငြင်းလို့ မရပါဘူး။ နောက်ဆုံးတော့ အောင်မြင်မှုရဲ့ အသီးအပွင့်ကို ခံစားနေရပြီလေ!"
"ဘယ်လောက်ပဲ အောင်မြင်ပါစေ အမှိုက်ဆိုတာက အမြဲတမ်း အမှိုက် ဖြစ်နေဦးမှာပဲ!"
"မုန့်မုန့် သမီးရဲ့ စွမ်းရည်တွေက တနေ့ထက် တနေ့ တိုးတက်လာပါလား!"
နင်ဝမ့်ထောင်ကတော့ ချောင်ရွှယ်ဟွာရဲ့ ပုပ်သိုးနေသော မျက်နှာကို မသိချင်ယောင် ဆောင်ရင်းသာ သူ၏ သမီးဖြစ်သူဆီသို့ အာရုံ အလုံးစုံကို ပို့ထားလိုက်၏။
အရင်တုန်းက သူမရဲ့ စကားတွေဆိုသည်မှာ အဓိပ္ပာယ်မရှိ လျှောက်ပြောနေပြီး စကားပြောလည်း မသွက်ပေ။ အခုအခါမှာတော့ သူမရဲ့ ချေပချက်တွေက အရောင်စုံ တက်ကြွလာသည့်နှယ်။ သူ၏ သမီးဖြစ်သူက နောက်ဆုံးတော့ အရွယ်ရောက်လာပြီးဆိုတာ နင်ဝမ့်ထောင် ခံစားလိုက်ရ၏။
ချောင်ရွှယ်ဟွာက သူမရဲ့ စကားကြောင့် မကြိတ်မခဲနိုင် ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ နင်မုန့် စိတ်ကျေနပ်သွား၏။
"အဖေတို့ပဲ ပြောစရာရှိတာ ဆက်ပြောကြပါ။ အသံသွင်းထားတဲ့ သမီးသီချင်းကို သွားစစ်ဆေးလိုက်ဦးမယ်" နင်မုန့် ပြောလိုက်၏။
"ဒီမှာလည်း ဘာမှပြောစရာ မကျန်တော့ပါဘူး။ အဖေလည်း သမီးနဲ့ အတူလိုက်ခဲ့မယ်" နင်ဝမ့်ထောင် ပြောလိုက်သည်။
ချောင်ရွှယ်ဟွာကတော့ သူမတို့ရဲ့ လုပ်ရက်တွေကိုကြည့်ရင်း ကြောင်အမ်းလို့ နေသည်။ သူမ လုပ်နိုင်သည့်အရာကား သူတို့နောက်မှ ပုပ်သိုးသိုး မျက်နှာဖြင့် လိုက်သွားယုံသာ ဖြစ်သည်။ အစောက နင်မုန့်သည် လင်းချင်ပေ့ သီချင်းကို အင်တာနက်ပေါ် ပြန်တင်ပေးနိုင်မည့် လူတွေကို ရှာဖို့ စီစဉ်နေတာဖြစ်သည်။ လင်းချင်ပေ့အနေနဲ့ အဆိုတော်သစ်တစ်ယောက် ဖြစ်လေတာမို့ သူ့ကိုfollowထားသော fanအများကြီး မရှိပေ။ ဒီအရာတွေကပဲ သူ့ရဲ့ သီချင်းကို shareပေးနိုင်မည့် ပရိတ်သတ်အရေအတွက်ကို ပြနေတာ ဖြစ်၏။
မကြာခင်မှာပဲ သူ့သီချင်းက နာမည်ကြီးလာလိမ့်မယ်။ သို့ပေမယ့်လည်း နာမည်ကြီး ပုံရိပ်ဖြစ်လာဖို့ အနုပညာရှင် တစ်ယောက်အတွက်ဈေးကွက်နဲ့ promotionကလည်း အရေးကြီး နေရာမှ ပါဝင်နေသည်မို့ ထိုအရာတွေအတွက် ရင်းနှီးဖို့‌လိုသေး၏။
"လင်းချင်ပေ့ သီချင်းကို promoteဖို့အတွက် adsတွေ ဝယ်ခဲ့သေးရဲ့လား။ ဘာလို့ ငါအခုထိ မတွေ့ရသေးတာလဲ!" နင်မုန့် မေးလိုက်သည်။
"ကျွန်တော် လုပ်ခဲ့ပါတယ် ဒါပေမယ့် ဘော့စ်ချောင်က သဘောမတူလို့ပါ" ဝန်ထမ်းက ပြန်ဖြေလိုက်၏။
ငွေကြေးဌာနကို စီမံခွင့်ရထားသည့် ချောင်ရွှယ်ဟွာအား နင်မုန့် စူးရဲစွာ စိုက်ကြည့်လိုက်သည်။
"မုန့်မုန့် နင်လုပ်တဲ့‌နည်းလမ်းက ထိပ်ပိုင်း အနုပညာရှင်တွေအတွက်ပဲ အသုံးပြုပေးတဲ့ နည်းလမ်းတွေလေ! သူက အခုမှ လူသစ်လေးပဲ ရှိသေးတာ! ငါ့အတွက်တော့ သူ့လို အဆင့်လောက်က ကြေငြာပေးဖို့ မတန်ဘူးလို့ ထင်တယ်။ နင့်အနေနဲ့ ထျန်းထျန်းရဲ့ သီချင်းကို music chartတွေကနေ ဖယ်ချင်တယ် ဆိုတာ ငါသိပေမယ့် သူ့သီချင်းက ရွက်ကြမ်းရေကျို သာသာပဲ ရှိတယ်။ အဲ့လိုဟာအတွက် ပိုက်ဆံကို မဖြုန်းကြ‌ရအောင်ပါ...." ချောင်ရွှယ်ဟွာ ပြောလိုက်လေသည်။
နင်မုန့်ကတော့ သူမကို ဂရုမစိုက်စွာပဲ နင်ဝမ့်ထောင်ကို စိုက်ကြည့်လိုက်ပြီး
"အခုပဲ adsအတွက် ငွေချေပေး!" နင်မုန့် အော်လိုက်လေတော့၏။
[၁ရက် ၂ပိုင်း ပုံမှန်တင်တဲ့ paid gpကို ဝင်ချင်ရင် လာပြောလို့ ရပါပြီ။ စာစဉ်၁ခုမှာ ၂၅ပိုင်း ပါဝင်မှာဖြစ်ပြီး ၅၀၀ကျပ် ကျသင့်မှာပဲဖြစ်ပါတယ်။ လောလောဆယ် ပြီးသွားတဲ့ စာစဉ်တွေက စာစဉ်၁ [EP-1 to 39]၊ စာစဉ်၂ [EP-40 to 64]၊ စာစဉ်၃ [EP-65 to 89၊ စာစဉ်၄ [EP-90 to 114]တို့ပါ။ တခါတည်း ဖတ်ချင်သူများက cbမှာ လာဝယ်လို့ရပါပြီနော်🥰။]
-------------------------
[Zawgyi]
Continue Reading
You'll Also Like
6.2M 377K 54
552K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
122K 15.7K 97
ဝမ်မိသားစု၏ ကလေးသတို့သမီးလောင်းဖြစ်သည့် ဆုဝန်သည် ခိုအီငါးလေး(koi )ဖြစ်သည်။ ဆုဝန်က ဝမ်မိသားစုသို့ ဝင်ရောက်ပြီးနောက် ခင်ပွန်းလောင်း ဝမ်လော့ရှန်းသည် ရွှ...
245K 4.9K 36
ဟန်ဆောင်မယ်ဆိုပြီးကြွေးကြော်ထားတဲ့ ဦးနေ တစ်ယောက်လိပ်ပြာကိုချစ်မိသွားတဲ့အချိန် ဘာဖြစ်လာမလဲ... အချေကိုယ်တော်ကြီးက သဝန်တိုတဲ့နေရာမှာလဲပထမ😑😑 ဟန်ဆောင်မယ...