To be a Heartthrob in a Horro...

By Kuro_Fuyu

422K 86.6K 4.7K

Original Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြ... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119

Chapter 17

5.1K 1.1K 104
By Kuro_Fuyu


Chapter 17: ဆွေးနွေးသံများ

စုမင် ရာစုသစ်နှစ်တစ်ရာရုပ်ရှင်ရုံ၏official websiteထဲ ဝင်လိုက်သည်။

ရှေ့စာမျက်နှာ၌ပြသသော သတင်းအချို့ ၊  လူထုဝန်ဆောင်မှုလုပ်ငန်းများနှင့် holographic ကြည့်နည်းပညာ၏ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလတ်အနည်းငယ် ရှိသည်။

အဲ့တာတွေကို ကျော်ပြီး စုမင် 'ရုပ်ရှင်ဇာတ်လမ်း' ဆီသွားကာ သူဖြန့်ချိသောအချိန်နှင့်အညီ စီစဉ်ပေးသောနောက်ဆုံးပေါ်ရုပ်ရှင်များကို သူမြင်သည်။

လာမည့်ထုတ်လွှင့်အစီအစဉ်တွင် နှစ်မျိုးရှိတယ် ... တစ်ခုက ပုံမှန်မူရင်းရုပ်ရှင်ကို ရည်စူးပြီ ကျန်တစ်ခုက ထပ်မံထုတ်လွှင့်မည့်ရုပ်ရှင်ကို ရည်ညွှန်းတယ်။

ထပ်မံထုတ်လွှင့်မည့် ပထမဆုံးရုပ်ရှင်ဇာတ်လမ်းမှာ 'သည်းထိပ်ရင်ဖိုတက္ကသိုလ်' ဖြစ်ကာ သရုပ်ဆောင်များက တူညီပေမယ့် ဒီတစ်ကြိမ် 'ပရိသတ်ပါဝင်သရုပ်ဆောင်သည်' ဆိုသောစာတမ်းလေးပါသည်။ ထိုစာတမ်း၏အပေါ်၌ သူ့နာမည်ဖြစ်၏။

ရုပ်ရှင်အဖုံး၏ ညာဘက်တွင် ရိုးရှင်းသောရုပ်ရှင်ရဲ့အကျဉ်းချုပ်တစ်ခုရှိခဲ့သည်။

ထုတ်လွှင့်မည့်အချိန် အခုကနေ နှစ်ရက်မြောက်နေ့ပင် ... ထိုနေ့က ကျောင်းသားများ ကျောင်းဆင်းချိန်နှင့် ရုံးဝန်ထမ်းများ အလုပ်ဆင်းချိန်ဖြစ်သည်။

စုမင် နည်းနည်းတော့စိတ်အနှောင့်အယှက်ဖြစ်မိတယ်။

ရုပ်ရှင်ပိုစတာအသစ်တွင် သူရယ် လင်းယိကျီနှင့်လင်းရှောင်ယန်တို့ ခုနှစ်လွှာတွင်ရှိနေတာကို ပြသထားသည်။ သူတို့က တံခါးအပြင်ဘက်မှာရှိပြီး အထဲကကော်ရစ်ဒါကို ချောင်းကြည့်နေကြတယ်။

ရာစုသစ်ရုပ်ရှင်ရုံဆီ စုမင်အိမ်လိပ်စာကိုဖြည့်စွတ်လိုက်သည်။

ညနေခင်းကိုယ်ပိုင်စာလေ့လာပြီးနောက် နောက်မတ်ဆေ့ခ်ျတစ်စောင်ပို့လာခဲ့သည်။ သူ့အိုင်ဒီကို အသုံးပြုပြီး ကောင့်တာ၌ ရုပ်ရှင်သစ်လက်မှတ် ဘယ်လိုယူနိုင်ကြောင်း ရှင်းပြထားတယ်။

ထပ်မံထုတ်လွှင့်မည့် 'သည်းထိပ်ရင်ဖိုတက္ကသိုလ်' ကို ဘယ်လိုတုန့်ပြန်ကြမလဲ ကြည့်ချင်၍ အွန်လိုင်းတတ်သည်။

ရာစုသစ်ရုပ်ရှင်ရုံ၏ ပရိုမိုရှင်းနှင့် အရောင်းမြှင့်တင်ရေးကြောင့် ထိုခေါင်းစဥ်အကြောင်း အွန်လိုင်းဆွေးနွေးမှု မနည်းပေ။

'ထိတ်လန့်စရာရုပ်ရှင်ကို တွေ့ကြုံခံစားသည့် ပထမဆုံးကြည့်ရှုသူသည်နိဂုံးချုပ်အထိအောင်မြင်စွာ အသက်ရှင်နေထိုင်ပြီးဇာတ်ကြောင်းကို ပြောင်းပြန်လှန်ခဲ့သည်' ဒီထွင်စကားလုံးတွေက အတန်ငယ်ဆွဲဆောင်မှုရှိ၏။

အချစ်ဇာတ်ကားများနှင့်နှိုင်းယှဉ်ပါက ၎င်းတွင်ပါ၀င်သည့် အန္တရာယ်များကြောင့်မည်သူမျှ ထိတ်လန့်သောရုပ်ရှင်များကိုစိတ်မဝင်စားခဲ့ပေ။

အခု တစ်စုံတစ်ယောက်က အတွေ့ကြုံရယူခဲ့သည်မက အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည်။

ဤကဲ့သို့လူသိရှင်ကြားမှုနှင့်အတူ လူများစွာက 'သည်းထိပ်ရင်ဖိုတက္ကသိုလ်'၏ ပြန်လည်ဖြန့်ချိမှုကို အာရုံစိုက်ခဲ့ကြပြီးလွန်ခဲ့သောနှစ်ရက်က box office ၌ရုပ်ရှင်၏ရိုက်ခတ်မှုကိုရရှိခဲ့သည်။

ဘာပဲဖြစ်ဖြစ် မူရင်းကိုအရင်ကြည့်ပြီးနောက်မှ ထပ်မံပြန်လည်ထုတ်လွှင့်တာကြည့်တာပိုကောင်းတယ်။

အချို့လူများက 'စုမင်' ဘယ်သူလဲမေးကြပေမယ့် နာမည်တူလူအများအပြားရှိတာကြောင့် သူလို့ ဘယ်သူမှသံသယမရှိကြဘူး။

ထို့ကြောင့် စုမင်စိတ်သက်သာရာရသွားသည်။

စနေနေ့ည၌ စုမင် ရုပ်ရှင်ရုံသို့သွားခဲ့သည်။

အားလပ်ရက်ဖြစ်တာကြောင့်ရော ရုပ်ရှင်ရုံ၏ပရိုမိုးရှင်းကြောင့်ပါ လွန်ခဲ့သောငါးရက်ကထက် လူတွေပိုမိုများပြားနေသည်။ လူတိုင်းလိုလိုက horrorဇာတ်ကား၏ လက်မှတ်များကို ဝယ်ယူခဲ့ကြသည်။

လီဝမ်ရှင်းမနေနိုင်ဘဲ ပြောလာတယ် .."မင်းတော့သွားပြီ ... နာမည်ကျော်တော့မယ်"

ဝမ်ဒီက သူ့လိုလေသံဖြင့် အတုယူလျက် .."စုမင် ... ဒါပြီး‌ရင် မင်းတော့ ရုပ်ရှင်ပြဒါန်းမှာ ရာဇဝင်တွင်မယ့်လူသားဖြစ်လာတော့မယ်"

စုမင် “…”

ဘယ်သူက 'ရာဇဝင်တွင်မယ့်လူသား' ဖြစ်ရမှာလဲ?

စုမင်ထံသို့ ရုပ်ရှင်ရုံက လက်မှတ်သုံးစောင်ပေးပို့ခဲ့သောကြောင့် သူ လီဝမ်ရှင်းနှင့် ဝမ်ဒီကိုလက်မှတ်ပေးခဲ့သည်။

စုမင် အမှန်တကယ်တစ်ယောက်တည်း သွားချင်သော်လည်း သူ မဖိတ်ခေါ်ဘူးဆိုရင်တောင် သူတို့လာဦးမယ်ဆိုတာ သူသိသည်။ သူ မတားနိုင်မှတော့ အတူတူသွားတာပဲ ကောင်းတယ်။

ရုပ်ရှင်ပိုစတာအသစ်တွင် လူသုံးယောက်၏ ကျောဘက်ပဲပြသထားသဖြင့် စုမင်မျက်နှာကို ဘယ်သူမှ မသိကြပေ။

တစ်ခုခုလိုလာလျှင် စုမင်မျက်နှာဖုံးတပ်နေရလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်ပြီးရင်တော့ လူတွေက ဘယ်သူက ဘယ်သူဆိုတာ မြင်ကြလိမ့်မည်။

ရုပ်ရှင်ရုံ၏ ပရိုမိုးရှင်းက အကျိုးသက်ရောက်သည်။ ဇာတ်လမ်းစဖို့ရန် သုံးမိနစ်လိုသေးပေမယ့် ခုံနေရာ၏ ၈၀ရာခိုင်နှုန်းက ပြည့်နေလေပြီ။

စုမင်ရဲ့ ညာဘက်တွင် စုံတွဲဖြစ်သည်။

သုံးမိနစ်ကြာပြီးနောက် ပြဇာတ်ရုံမှောင်လာကာ ရုပ်ရှင်ခေါင်းစဉ်စတင်ပြသလာလေသည်။ တစ်ခဏအကြာ ... မှန်သားပြင်တွင် မဲမှောင်နေသော ရေချိုးခန်းပေါ်လာပြီး ပထမဆုံးအခန်း ကျေးဇူးပြု၍ဂျင်းရှင်းဖြစ်သည်။

စုမင် စိတ်ဝိညာဉ်ကိုချက်ချင်းပြင်ဆင်လိုက်မိသည်။

ကျောင်းသားလေးတစ်ယောက် အထင်သေးဟန်ဖြင့် .."ဒီပုံစံအတိုင်း အစကတည်းကလာရင်တော့ ပြောစရာတောင်မလို ... သေချာပေါက် သူ မိနစ်ပိုင်းတောင်မကြာဘူး သေမှာ"

စုမင် သူ့ကိုတစ်ချက်ကြည့်လိုက်၏။

'မိနစ်ပိုင်းတောင်မကြာ သေမှာ'? မိနစ်ပိုင်းလောက်ကြာရင်တော့ မင်းမျက်နှာပူလောင်လာလိမ့်မယ်။

နောက်တစ်ခန်းတွင် ... စုမင်လက်ထဲမှ ပန်းသီးခွံစုတ်ပြဲသွား၏။ ပရိသတ်ရှုထောင့်ကနေ ... မထင်မရှားအမည်းရောင် အရိပ်တစ်ခု မှန်ထဲ၌ပေါ်လာတာကိုမြင်နိုင်သည်။

အခုထိ တစ်ဖက်လူရဲ့ ပုံသဏ္ဍာန်ကို စုမင်မမြင်ရပေ။

သူ့ဘေးမှ လူတစ်ယောက်က ပြောတယ် .."သူတကယ်အသက်ရှင်နိုင်ခဲ့တယ် ... ဒါပေမယ့် သူရေချိုးခန်းထဲက ထွက်သွားတုန်းကအမူအရာဘာဖြစ်တာလဲ?"

တစ်ယောက်ပြန်ဖြေ၏ .."သူကြောက်လို့များလား?"

"မင်းကြောက်တဲ့အခါ ကြီးကြီးမားမားအနစ်နာခံခဲ့တဲ့ သူရဲကောင်းတစ်ယောက်နဲ့တူနေတာမျိုးလည်းရလား”

စုမင်အသက်မပါဘဲ သူ့အခန်းဖော်နှစ်ယောက်၏စိုက်ကြည့်မှုကို ခံယူလိုက်တယ် ... ဘာဖြစ်ခဲ့လဲပြောမယ့်အစား သူအသေတာခံနိုင်တယ်။

နောက်အပိုင်းအချို့သည် ပုံမှန်လိုပင် ... ထို့နောက် လျှိုလီလီသေဆုံးခဲ့သည်။

မှန်သားပြင်တွင် လင်းရှောင်ယန်ရေချိုးခန်းထဲဝင်တော့ ဆွဲခံရတာပြသပြီး ပြဇာတ်ရုံတွင် အာမေဋိတ်အသံအချို့ပြုကြသည်။

ခဏအကြာ ... လင်းယိကျီနှင့် ညအိပ်ဂါဝန်ဝတ်ဆင်ထားသောစုမင်သည် ကင်မရာမြင်ကွင်းထဲဝင်လာတယ်။

သူ့ဘေးမှ စုံတွဲထဲက မိန်းကလေးသည် .."ဒီကောင်လေး စကတ်နဲ့တော်တော်ကြည့်ကောင်းတာပဲ။ ယောက်ျားလေးက မိန်းကလေးဝတ်စုံနဲ့ ကြည့်ရမဆိုးဘူး"

ရုပ်ရှင်ထဲ၌ စုမင်ရေချိုးခန်းထဲဝင်ခဲ့သည်။

လျှိုလီလီ၏ရုပ်အလောင်းသည်ရုတ်တရက် ဟန်အမူအရာဖြင့်လှည့်ကြည့်လိုက်ပြီးသူ့ကိုပြုံးပြလိုက်သည်။ ထိုမြင်ကွင်းကိုကြည့်ပြီး ပရိတ်သတ်များရယ်မိသည်။

ထို့နောက် ချက်ချင်းပင် ... စုမင်ပခုံးသိုင်းကြိုးက သူ့ဘာသူအပေါ်တက်သွားပြီး ရင်ဘတ်မှ အင်္ကျီအဝတ်လည်း အပေါ်မြင့်တက်သွားတာ ပရိသတ်များမြင်လိုက်ရတယ်။

"နင်တွေ့လိုက်လား?"

"‌အင်း တွေ့လိုက်တယ်"

"နေပါဦး ... မှန်ကိုကြည့်လိုက် ... အဲ့အရိပ်က ကျေးဇူးပြု၍ဂျင်းရှင်းအပိုင်းထဲကနဲ့ အတူတူပဲ"

"ငါ ဘာလို့ရုတ်တရက် သူ့ကိုမထွက်သွားစေချင်မိပါလိမ့်?"

"နင်ပြောတာ ယုတ္တိရှိတယ် ... ငါရောပဲ"

လီဝမ်ရှင်း တိုးတိုးပြောသံတွေကို နားစွန်းနားဖျားကြားပြီး မေးတယ် .."စုမင် ... မင်းဒီဟာ‌ရှင်းပြချင်လား? အဲ့မှာသရဲရှိလား?"

စုမင် .."....မင်းဘာမင်းရုပ်ရှင်ကြည့်"

သူ့အခန်းဖော်တွေကို ရှင်းလို့ပြီးသွားချိန် ဘေးက ကောင်လေးက သူ့ချစ်သူကောင်မလေးကို ပြောတယ် .."ကြည့် ... သူလုံးလုံးဒီတိုင်းမတ်တပ်ရပ်နေတယ် ... စကားဟမပြောနိုင်တဲ့အရာတစ်ခုဖြစ်နေတယ်လို့ မင်းထင်သလား?"

စုမင် သူ့ကိုရိုက်ပလိုက်ချင်သည်။

ကံကောင်းစွာ ကင်မရာအမြန်လှည့်သွားပေလို့ ... ဇာတ်လိုက်မင်းသမီးက အပိုင်းတော်တော်များများပါတာကြောင့် နောက်တစ်ပိုင်းသည် စခရင်တွင် ‌လင်းရှောင်ယန်ကိုပြသသည်။

ဓာတ်လှေကားထဲ၌ ထိတ်လန့်ဖွယ်ဖြစ်ခဲ့တာအပါအဝင် ကျောင်းဟွမ်ပျောက်ဆုံးခြင်း ၊ လင်းရှောင်ယန်ရှုထောင့်မြင်ကွင်းကနေ သူတို့ကွိုင့်ရှင်းကစားခဲ့တာလည်းပါသည်။

ကွိုင့်ရှင်းသည် အဆောက်အဦးပေါ်ကပြုတ်ကျခဲ့သည့် စုရာဖြစ်နေမှန်း စုမင်သိလိုက်ရသည်။

ထို့အကြာ ... ရုံးဌာနအဆောက်အဦးတွင် လူသုံးယောက်သား ကျောင်းဟွမ်ကိုရှာခဲ့ကြသည်။

စုမင်ခြေထောက်မှ အရိပ်သည် အသည်းပုံသဏ္ဍာန်ပြောင်းသွားသည်။

ဤသည်ကိုမြင်ပြီး ပရိသတ်များ ရှော့ခ်ရသွား၏။

ဒီစုမင်ကပဲ တ‌စ္ဆေ‌တွေရဲ့အသည်းစွဲလား တစ်ခုခုလား? စောနက အလောင်းက သူ့ကိုပြုံးပြတယ် အခုတော့ သူ့အောက်က အရိပ်က အသည်းပုံလိုကွေးသွားတယ်။

အခန်းကဏ္ဏတွေကျော်လွှားပြီး ယခုသူတို့သန့်စင်ခန်းထဲ၌ မတ်တပ်ရပ်နေကြတယ်။
ဒီအပိုင်းကို ရှူထောင့်နှစ်နေရာကနေ ရိုက်ပြထား၏ ... တစ်နေရာက အိမ်သာခန်းငယ်အတွင်းထဲဖြစ်ပြီး နောက်တစ်နေရာသည် အပြင်ကသရဲရပ်နေရာဖြစ်သည်။

စုမင်စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဒီတစ်ကြိမ် ကင်မရာက လင်းရှောင်ယန်ကို မူတည်နေ၏။

ပြဇာတ်ရုံထဲတွင် လူတိုင်းပေါက်ပေါက်ဆုပ်စားနေသည့်အသံသာမက အသက်ရှူပြင်းပြင်းသံပါကြားရပေမည်။

အချိန်ကျော်လွန်ပြီးနောက် လူသုံးယောက် ခြောက်လွှာမြောက်တွင်ရှိပြီး သရဲလှည့်ကွက်ထဲပိတ်မိနေတာကို စုမင်တွေ့ရသည်။

ထို့နောင် ဂျင်းရှင်းပေါ်လာခဲ့တယ်။

အရင်လိုပဲ ကင်မရာက သူ့ပုံရိပ်ကိုမထင်ဟပ်စေပေ။

ဘယ်လိုပဲဖြစ်ဖြစ် ... စုမင်ရှေ့၌ သရဲတစ်ကောင်ရှိတယ်ဆိုတာ လူတိုင်းသိသည်။ ထိုမြင်ကွင်း၌ သူ့လက်ရှေ့ထုတ်ထားသော်လည်း စမ်းတိစမ်းတမ်းမလုပ်နေဘူးဆိုတာ သိသာသည်။

သူ ဦးဆောင်ခံနေရတာ။

သူ့နောက်မှ ကောင်လေးနှစ်ယောက်ဆွေးနွေးသံကို စုမင်ကြားနိုင်တယ် .."သူ သရဲခေါ်ဆောင်ခံနေရတာလား? အဲ့သရဲ တိကျတဲ့အခိုက်တန့်မှ အမြဲပေါ်ပေါ်လာတယ်ဟ"

"ငါ ရုပ်ရှင်ကြည့်နေတာတောင် ခွေးစာစားနေရပါလား..."

"နောက်ဆုံးတော့ ငါတို့ သရဲကားထဲမှာ ကောင်းမွန်တဲ့ခံစားချက်အပိုင်းလေးကြည့်ခဲ့ရပြီ။ အပြင်ထွက်တဲ့အခါ စုမင်ကို အကောင်းဘက်အကဲဖြတ်ရမယ် ... ကြယ်ငါးပွင့်"

အခုချိန် စုမင်မျက်နှာဖုံးကာချင်တာကလွဲပြီး ဘာမှမလုပ်ချင်တော့ပေ။

လှေကားထစ်အပိုင်းပြီးနောက် ရုပ်ရှင်သည် နေ့ပိုင်းအခန်း‌တွေ ဆက်လတ်ပြသနေတာမို့ သူဖုန်းထုတ်ကာ Weiboကိုကြည့်လိုက်သည်။

Weibo၌ လူကြိုက်အများဆုံးပိုစ့်တွင် လူစုနေကြသည်။

【မင်းသာ စင်ဂယ်ဆိုရင် ထပ်မံထုတ်လွှင့်တဲ့ 'သည်းထိပ်ရင်ဖိုတက္ကသိုလ်' ကိုသွားမကြည့်ဖို့ ငါအကြုံပြုချင်ပါတယ်။ ဒါရိုက်တာက ဂျင်းထည့်ထားတာ ... အဲ့တာ horrorရုပ်ရှင်မဟုတ်ဘူး ... အချစ်ဇာတ်လမ်းကြီး! ငါနဲ့အခုလိုက်ပြော ... အ-ချစ်-ဇာတ်-လမ်း ... ငါစိတ်လှုပ်ရှားရင်တုန်စရာတွေလိုချင်တာလေ။ ဒါပေမယ့် ဘာလို့ သရဲကားထဲမှာ သရဲနဲ့ချစ်ကြိုက်တဲ့အပိုင်း‌တွေကပါနေရတာလဲ? ဒါရိုက်တာ ရိုမန့်ရုပ်ရှင်ရိုက်လို့ မဝသေးလို့လား?!】

စုမင် ကွန်မန့်တွေဖတ်ဖို့ ဆွဲချလိုက်သည်။

"ဟားဟားဟား ... ငါလည်း ငါ့ကောင်‌မလေးနဲ့ သွားကြည့်တာ အဲ့လိုသရဲကားဖြစ်မယ်မထင်ထားဘူး။ ငါ့ကောင်မလေးကို ပြန်ပေးဆွဲပြီး ငါနဲ့အတူ သရဲကားအတွေ့ကြုံခံစားချင်လိုက်တာ"

"ဒီရုပ်ရှင်ထဲက ပျော်ပျော်ကြီးသကြားလုံးတွေစားရတဲ့ခံစားချက်ကို နင်နားမလည်ပါဘူး!"

"ဒီလိုသရဲကားထဲမှာ ဒရမ်မာတွေကြည့်ရတာလောက်ပျော်စရာကောင်းတာ နင်နားမလည်ပါဘူး!"

"......နင်နားမလည်ဘူး!"

စုမင် သူတို့ရဲ့စိတ်လှုပ်ရှားတက်ကြွနေသည်ကို ကြည့်ပြီး မတုံ့မဆိုင်းWeiboကို ပိတ်လိုက်သည်။

အဆောင်ခန်းအပိုင်းရောက်လာသည့်အချိန် မယုံကြည်နိုင်သည့်အသက်ရှူသံတွေ ပရိသတ်ထံမှ ထွက်လာကြသည်။

စုမင် စခရင်ကိုကြည့်ဖို့ရာ လက်လျှော့လိုက်လေပြီ။

သူအထဲမှာ ရှိတုန်းကဘာမှမှားတယ်လို့ မခံစားခဲ့ရပါဘူး ... ဘာလို့အခု သူကြည့်မှ ဒီလိုတွေဖြစ်ကုန်တာလဲ?

အထူးသဖြင့် အဆောင်ဟောင်းအပိုင်းပေါ့။

ကင်မရာရိုက်ကွက်က စုမင်ကိုမဟုတ်ပေမယ့် ထောင့်တစ်နေရာက သူ့အပြုအမူတွေက သိသာထင်ရှားသည်။

စုမင်နားရွက်ဖျားတွေ ပူလာကာ ... သူ့ပတ်ပတ်လည်၌ ထူးထူးဆန်းဆန်းဆွေးနွေးနေကြသည်က ပေါက်ကွဲမတတ်ရှက်ဖွယ်ကောင်း‌လှသည်။

၎င်းရှက်စရာခံစားချက်ကို နောက်ဆုံးခန်းအထိ သည်းခံထားတယ်။

သူတို့ ခုနှစ်ထပ်မှ လွတ်မြောက်ပြီးနောက် ရိုက်ကွက်က စုမင်လှေကားထစ်၌ ထိုင်နေရင်း ဘေးဘက်မှတစ်စုံတစ်ယောက်နှင့် စကားပြောနေဟန်တွင် အဆုံးသတ်သွားခဲ့သည်။

သေချာတာပေါ့ ... သူ ဘယ်သူနဲ့စကားပြောနေလဲ ပရိသတ်အားလုံးသိပြီးနေပြီ။

ရုပ်ရှင်ပြီးဆုံးသွားသည့်အခါ မီးများပွင့်လာသည်။

စိတ်တည်ငြိမ်အောင်နေပြီး စုမင်ခုံနေရာမှ မတ်တပ်ရပ်ကာ သူ့အခန်းဖော်တွေနဲ့ ထွက်ခွာသွားခဲ့သည်။

ပရိသတ်များကလည်း တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာကြကာ သူတို့လမ်းလျှောက်နေတုန်း ဇာတ်လမ်းအကြောင်းဆွေးနွေးကြတော့ စုမင်တစ်ယောက် သူတို့ပြောဆိုသံကြားပြီး နားရွက်ဖျားတွေ ပူလောင်လာပြန်သည်။

မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ လီဝမ်ရှင်းနှင့်ဝမ်ဒီတို့ သူ့ကိုဘာမှ မမေးမြန်းခဲ့ကြပေ။ မဟုတ်ဘူး ... သူတို့က အွန်လိုင်းကွန်မန့်တွေကို စုမင်ကိုပြရန် သဲသဲမဲမဲစခရင်ရှော့နေကြသည်။

ထိုအခိုက်အတန့် ... 'သည်းထိပ်ရင်ဖိုတက္ကသိုလ်' ရုပ်ရှင်အသစ်ကို အခုလေးတင် ကြည့်ပြီးတဲ့ လူတစ်စုတစ်စည်းက စတင်ပြီး Weiboတွင်လှိုင်းတက်လာတော့သည်။

"ကောင်းလိုက်တဲ့horrorရုပ်ရှင်လို့ နင်တို့ပြောရင် ဒါရိုက်တာနားလည်မှုလွဲသွားလိမ့်မယ်! ကောင်းတဲ့သရဲကားတွေက လူတွေကို ကြောက်လန့်စေတာ ... ငါကြောက်စရာကောင်းတဲ့သရဲကားကြည့်ဖို့လာခဲ့တာ ... အချစ်ဒရမ်မာမဟုတ်ဘူး!"

"ဒါရိုက်တာက ငါတို့လို စင်ဂယ်‌တွေကို အထင်သေးတာပဲ!"

ဟုတ်တာပေါ့ ... ဒီရုပ်ရှင်ကို လေးလေးနက်နက်ကြည့်ရှုတဲ့ လူ‌အချို့လည်းရှိကြသေးတယ်။

"ကောင်းလိုက်တဲ့ရုပ်ရှင် ... ဇာတ်ကွက်တွေက အိုင်ကြိုက်တဲ့ စိတ်ထိခိုက်စရာလေးတွေပါတယ်။ ကြယ်ငါးပွင့် ... နောက်တစ်ခါလည်း ဒီလို ရုပ်ရှင်ကောင်းကောင်းလေးကြည့်ချင်ပါတယ်"

သို့သော် ဤကဲ့သို့သော မှတ်ချက်အချို့သာရှိခဲ့သည်။ ကျန်တာကတော့ စွပ်စွဲချက်များနှင့် မစဉ်းစားဘဲထင်မြင်ယူဆချက်အမျိုးမျိုး ဖြစ်သည်။

"လေးစားမှုပြတဲ့အနမ်း"

"ဒီhorrorဇာတ်လမ်းကောင်းလွန်းလို့ ... ငါ့ကိုထပ်ချစ်လာအောင် လုပ်ပေးတာပဲ"

"သရဲဆွဲဆောင်ခံရတာ တော်တော်ရှားတယ်ဆိုတာ သိကြလား? ဂျင်းရှင်းဘယ်လိုပုံလဲ ငါမသိဘူး ... ဒါပေမယ့် ငါဒီလောက်တောင် စိတ်ရှုးနေပြီ!"

"ငါရုပ်ရှင်ဝေဖန်ချက်အရှည်ကြီးရေးမလို့ ပြင်ဆင်ပြီးသွားသလို နာမည်လည်းဆုံးဖြတ်ပြီးပြီ။ အဲ့ဒါက ... ခြယ်လှယ်နိုင်လွန်းသောတစ္ဆေ၏ အလိုလိုက်ခံရသောဇနီး ... အားလုံးဖတ်ရှုဖို့ကြိုဆိုပါတယ် ဟားဟားဟားဟားဟား"

"ဂျင်းရှင်းနဲ့ စုမင်အတူတူ တစ်သက်လုံးလော့ပိတ်ထားကြောင်း ငါကြေညာပါတယ်။ သော့က လျှိုလီလီပါးစပ်ထဲပစ်ထည့်လိုက်ပြီး ဘယ်သူမှဖွင့်လို့မရဘူး!"

စာရေးသူမှာ ပြောစရာရှိတယ်:

လျှိုလီလီ: ဟားဟားဟားဟားဟားဟားဟား ... အလောင်းတွေကတော့ သော့အန်ထုတ်ဖို့ မဖြစ်နိုင်ဘူးနော် ဟားဟားဟားဟား

**********************************
Take care
Sorry for mistakes

Thank you all♥️
Aug 3, 2021
-----------------------------------------------------------------------------------------------




Chapter 17: ေဆြးေႏြးသံမ်ား

စုမင္ ရာစုသစ္ႏွစ္တစ္ရာ႐ုပ္႐ွင္႐ုံ၏official websiteထဲ ဝင္လိုက္သည္။

ေ႐ွ႕စာမ်က္ႏွာ၌ျပသေသာ သတင္းအခ်ိဳ႕ ၊  လူထုဝန္ေဆာင္မႈလုပ္ငန္းမ်ားႏွင့္ holographic ၾကည့္နည္းပညာ၏ အက်ိဳးသက္ေရာက္မႈမ်ားႏွင့္ ပတ္သက္၍ သတင္းအခ်က္အလတ္အနည္းငယ္ ႐ွိသည္။

အဲ့တာေတြကို ေက်ာ္ၿပီး စုမင္ '႐ုပ္႐ွင္ဇာတ္လမ္း' ဆီသြားကာ သူျဖန္႔ခ်ိေသာအခ်ိန္ႏွင့္အညီ စီစဥ္ေပးေသာေနာက္ဆုံးေပၚ႐ုပ္႐ွင္မ်ားကို သူျမင္သည္။

လာမည့္ထုတ္လႊင့္အစီအစဥ္တြင္ ႏွစ္မ်ိဳး႐ွိတယ္ ... တစ္ခုက ပုံမွန္မူရင္း႐ုပ္႐ွင္ကို ရည္စူးၿပီ က်န္တစ္ခုက ထပ္မံထုတ္လႊင့္မည့္႐ုပ္႐ွင္ကို ရည္ၫႊန္းတယ္။

ထပ္မံထုတ္လႊင့္မည့္ ပထမဆုံး႐ုပ္႐ွင္ဇာတ္လမ္းမွာ 'သည္းထိပ္ရင္ဖိုတကၠသိုလ္' ျဖစ္ကာ သ႐ုပ္ေဆာင္မ်ားက တူညီေပမယ့္ ဒီတစ္ႀကိမ္ 'ပရိသတ္ပါဝင္သ႐ုပ္ေဆာင္သည္' ဆိုေသာစာတမ္းေလးပါသည္။ ထိုစာတမ္း၏အေပၚ၌ သူ႕နာမည္ျဖစ္၏။

႐ုပ္႐ွင္အဖုံး၏ ညာဘက္တြင္ ႐ိုး႐ွင္းေသာ႐ုပ္႐ွင္ရဲ႕အက်ဥ္းခ်ဳပ္တစ္ခု႐ွိခဲ့သည္။

ထုတ္လႊင့္မည့္အခ်ိန္ အခုကေန ႏွစ္ရက္ေျမာက္ေန႔ပင္ ... ထိုေန႔က ေက်ာင္းသားမ်ား ေက်ာင္းဆင္းခ်ိန္ႏွင့္ ႐ုံးဝန္ထမ္းမ်ား အလုပ္ဆင္းခ်ိန္ျဖစ္သည္။

စုမင္ နည္းနည္းေတာ့စိတ္အေႏွာင့္အယွက္ျဖစ္မိတယ္။

႐ုပ္႐ွင္ပိုစတာအသစ္တြင္ သူရယ္ လင္းယိက်ီႏွင့္လင္းေ႐ွာင္ယန္တို႔ ခုႏွစ္လႊာတြင္႐ွိေနတာကို ျပသထားသည္။ သူတို႔က တံခါးအျပင္ဘက္မွာ႐ွိၿပီး အထဲကေကာ္ရစ္ဒါကို ေခ်ာင္းၾကည့္ေနၾကတယ္။

ရာစုသစ္႐ုပ္႐ွင္႐ုံဆီ စုမင္အိမ္လိပ္စာကိုျဖည့္စြတ္လိုက္သည္။

ညေနခင္းကိုယ္ပိုင္စာေလ့လာၿပီးေနာက္ ေနာက္မတ္ေဆ့ခ်္တစ္ေစာင္ပို႔လာခဲ့သည္။ သူ႕အိုင္ဒီကို အသုံးျပဳၿပီး ေကာင့္တာ၌ ႐ုပ္႐ွင္သစ္လက္မွတ္ ဘယ္လိုယူႏိုင္ေၾကာင္း ႐ွင္းျပထားတယ္။

ထပ္မံထုတ္လႊင့္မည့္ 'သည္းထိပ္ရင္ဖိုတကၠသိုလ္' ကို ဘယ္လိုတုန္႔ျပန္ၾကမလဲ ၾကည့္ခ်င္၍ အြန္လိုင္းတတ္သည္။

ရာစုသစ္႐ုပ္႐ွင္႐ုံ၏ ပ႐ိုမို႐ွင္းႏွင့္ အေရာင္းျမႇင့္တင္ေရးေၾကာင့္ ထိုေခါင္းစဥ္အေၾကာင္း အြန္လိုင္းေဆြးေႏြးမႈ မနည္းေပ။

'ထိတ္လန္႔စရာ႐ုပ္႐ွင္ကို ေတြ႕ၾကဳံခံစားသည့္ ပထမဆုံးၾကည့္႐ႈသူသည္နိဂုံးခ်ဳပ္အထိေအာင္ျမင္စြာ အသက္႐ွင္ေနထိုင္ၿပီးဇာတ္ေၾကာင္းကို ေျပာင္းျပန္လွန္ခဲ့သည္' ဒီထြင္စကားလုံးေတြက အတန္ငယ္ဆြဲေဆာင္မႈ႐ွိ၏။

အခ်စ္ဇာတ္ကားမ်ားႏွင့္ႏိႈင္းယွဥ္ပါက ၎တြင္ပါ၀င္သည့္ အႏၲရာယ္မ်ားေၾကာင့္မည္သူမွ် ထိတ္လန္႔ေသာ႐ုပ္႐ွင္မ်ားကိုစိတ္မဝင္စားခဲ့ေပ။

အခု တစ္စုံတစ္ေယာက္က အေတြ႕ၾကဳံရယူခဲ့သည္မက ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့သည္။

ဤကဲ့သို႔လူသိ႐ွင္ၾကားမႈႏွင့္အတူ လူမ်ားစြာက 'သည္းထိပ္ရင္ဖိုတကၠသိုလ္'၏ ျပန္လည္ျဖန္႔ခ်ိမႈကို အာ႐ုံစိုက္ခဲ့ၾကၿပီးလြန္ခဲ့ေသာႏွစ္ရက္က box office ၌႐ုပ္႐ွင္၏႐ိုက္ခတ္မႈကိုရ႐ွိခဲ့သည္။

ဘာပဲျဖစ္ျဖစ္ မူရင္းကိုအရင္ၾကည့္ၿပီးေနာက္မွ ထပ္မံျပန္လည္ထုတ္လႊင့္တာၾကည့္တာပိုေကာင္းတယ္။

အခ်ိဳ႕လူမ်ားက 'စုမင္' ဘယ္သူလဲေမးၾကေပမယ့္ နာမည္တူလူအမ်ားအျပား႐ွိတာေၾကာင့္ သူလို႔ ဘယ္သူမွသံသယမ႐ွိၾကဘူး။

ထို႔ေၾကာင့္ စုမင္စိတ္သက္သာရာရသြားသည္။

စေနေန႔ည၌ စုမင္ ႐ုပ္႐ွင္႐ုံသို႔သြားခဲ့သည္။

အားလပ္ရက္ျဖစ္တာေၾကာင့္ေရာ ႐ုပ္႐ွင္႐ုံ၏ပ႐ိုမိုး႐ွင္းေၾကာင့္ပါ လြန္ခဲ့ေသာငါးရက္ကထက္ လူေတြပိုမိုမ်ားျပားေနသည္။ လူတိုင္းလိုလိုက horrorဇာတ္ကား၏ လက္မွတ္မ်ားကို ဝယ္ယူခဲ့ၾကသည္။

လီဝမ္႐ွင္းမေနႏိုင္ဘဲ ေျပာလာတယ္ .."မင္းေတာ့သြားၿပီ ... နာမည္ေက်ာ္ေတာ့မယ္"

ဝမ္ဒီက သူ႕လိုေလသံျဖင့္ အတုယူလ်က္ .."စုမင္ ... ဒါၿပီး‌ရင္ မင္းေတာ့ ႐ုပ္႐ွင္ျပဒါန္းမွာ ရာဇဝင္တြင္မယ့္လူသားျဖစ္လာေတာ့မယ္"

စုမင္ “…”

ဘယ္သူက 'ရာဇဝင္တြင္မယ့္လူသား' ျဖစ္ရမွာလဲ?

စုမင္ထံသို႔ ႐ုပ္႐ွင္႐ုံက လက္မွတ္သုံးေစာင္ေပးပို႔ခဲ့ေသာေၾကာင့္ သူ လီဝမ္႐ွင္းႏွင့္ ဝမ္ဒီကိုလက္မွတ္ေပးခဲ့သည္။

စုမင္ အမွန္တကယ္တစ္ေယာက္တည္း သြားခ်င္ေသာ္လည္း သူ မဖိတ္ေခၚဘူးဆိုရင္ေတာင္ သူတို႔လာဦးမယ္ဆိုတာ သူသိသည္။ သူ မတားႏိုင္မွေတာ့ အတူတူသြားတာပဲ ေကာင္းတယ္။

႐ုပ္႐ွင္ပိုစတာအသစ္တြင္ လူသုံးေယာက္၏ ေက်ာဘက္ပဲျပသထားသျဖင့္ စုမင္မ်က္ႏွာကို ဘယ္သူမွ မသိၾကေပ။

တစ္ခုခုလိုလာလွ်င္ စုမင္မ်က္ႏွာဖုံးတပ္ေနရလိမ့္မယ္။

ဘာပဲျဖစ္ျဖစ္ ဒီ႐ုပ္႐ွင္ၿပီးရင္ေတာ့ လူေတြက ဘယ္သူက ဘယ္သူဆိုတာ ျမင္ၾကလိမ့္မည္။

႐ုပ္႐ွင္႐ုံ၏ ပ႐ိုမိုး႐ွင္းက အက်ိဳးသက္ေရာက္သည္။ ဇာတ္လမ္းစဖို႔ရန္ သုံးမိနစ္လိုေသးေပမယ့္ ခုံေနရာ၏ ၈၀ရာခိုင္ႏႈန္းက ျပည့္ေနေလၿပီ။

စုမင္ရဲ႕ ညာဘက္တြင္ စုံတြဲျဖစ္သည္။

သုံးမိနစ္ၾကာၿပီးေနာက္ ျပဇာတ္႐ုံေမွာင္လာကာ ႐ုပ္႐ွင္ေခါင္းစဥ္စတင္ျပသလာေလသည္။ တစ္ခဏအၾကာ ... မွန္သားျပင္တြင္ မဲေမွာင္ေနေသာ ေရခ်ိဳးခန္းေပၚလာၿပီး ပထမဆုံးအခန္း ေက်းဇူးျပဳ၍ဂ်င္း႐ွင္းျဖစ္သည္။

စုမင္ စိတ္ဝိညာဥ္ကိုခ်က္ခ်င္းျပင္ဆင္လိုက္မိသည္။

ေက်ာင္းသားေလးတစ္ေယာက္ အထင္ေသးဟန္ျဖင့္ .."ဒီပုံစံအတိုင္း အစကတည္းကလာရင္ေတာ့ ေျပာစရာေတာင္မလို ... ေသခ်ာေပါက္ သူ မိနစ္ပိုင္းေတာင္မၾကာဘူး ေသမွာ"

စုမင္ သူ႕ကိုတစ္ခ်က္ၾကည့္လိုက္၏။

'မိနစ္ပိုင္းေတာင္မၾကာ ေသမွာ'? မိနစ္ပိုင္းေလာက္ၾကာရင္ေတာ့ မင္းမ်က္ႏွာပူေလာင္လာလိမ့္မယ္။

ေနာက္တစ္ခန္းတြင္ ... စုမင္လက္ထဲမွ ပန္းသီးခြံစုတ္ၿပဲသြား၏။ ပရိသတ္႐ႈေထာင့္ကေန ... မထင္မ႐ွားအမည္းေရာင္ အရိပ္တစ္ခု မွန္ထဲ၌ေပၚလာတာကိုျမင္ႏိုင္သည္။

အခုထိ တစ္ဖက္လူရဲ႕ ပုံသ႑ာန္ကို စုမင္မျမင္ရေပ။

သူ႕ေဘးမွ လူတစ္ေယာက္က ေျပာတယ္ .."သူတကယ္အသက္႐ွင္ႏိုင္ခဲ့တယ္ ... ဒါေပမယ့္ သူေရခ်ိဳးခန္းထဲက ထြက္သြားတုန္းကအမူအရာဘာျဖစ္တာလဲ?"

တစ္ေယာက္ျပန္ေျဖ၏ .."သူေၾကာက္လို႔မ်ားလား?"

"မင္းေၾကာက္တဲ့အခါ ႀကီးႀကီးမားမားအနစ္နာခံခဲ့တဲ့ သူရဲေကာင္းတစ္ေယာက္နဲ႔တူေနတာမ်ိဳးလည္းရလား”

စုမင္အသက္မပါဘဲ သူ႕အခန္းေဖာ္ႏွစ္ေယာက္၏စိုက္ၾကည့္မႈကို ခံယူလိုက္တယ္ ... ဘာျဖစ္ခဲ့လဲေျပာမယ့္အစား သူအေသတာခံႏိုင္တယ္။

ေနာက္အပိုင္းအခ်ိဳ႕သည္ ပုံမွန္လိုပင္ ... ထို႔ေနာက္ လွ်ိဳလီလီေသဆုံးခဲ့သည္။

မွန္သားျပင္တြင္ လင္းေ႐ွာင္ယန္ေရခ်ိဳးခန္းထဲဝင္ေတာ့ ဆြဲခံရတာျပသၿပီး ျပဇာတ္႐ုံတြင္ အာေမဋိတ္အသံအခ်ိဳ႕ျပဳၾကသည္။

ခဏအၾကာ ... လင္းယိက်ီႏွင့္ ညအိပ္ဂါဝန္ဝတ္ဆင္ထားေသာစုမင္သည္ ကင္မရာျမင္ကြင္းထဲဝင္လာတယ္။

သူ႕ေဘးမွ စုံတြဲထဲက မိန္းကေလးသည္ .."ဒီေကာင္ေလး စကတ္နဲ႔ေတာ္ေတာ္ၾကည့္ေကာင္းတာပဲ။ ေယာက်္ားေလးက မိန္းကေလးဝတ္စုံနဲ႔ ၾကည့္ရမဆိုးဘူး"

႐ုပ္႐ွင္ထဲ၌ စုမင္ေရခ်ိဳးခန္းထဲဝင္ခဲ့သည္။

လွ်ိဳလီလီ၏႐ုပ္အေလာင္းသည္႐ုတ္တရက္ ဟန္အမူအရာျဖင့္လွည့္ၾကည့္လိုက္ၿပီးသူ႕ကိုျပဳံးျပလိုက္သည္။ ထိုျမင္ကြင္းကိုၾကည့္ၿပီး ပရိတ္သတ္မ်ားရယ္မိသည္။

ထို႔ေနာက္ ခ်က္ခ်င္းပင္ ... စုမင္ပခုံးသိုင္းႀကိဳးက သူ႕ဘာသူအေပၚတက္သြားၿပီး ရင္ဘတ္မွ အက်ႌအဝတ္လည္း အေပၚျမင့္တက္သြားတာ ပရိသတ္မ်ားျမင္လိုက္ရတယ္။

"နင္ေတြ႕လိုက္လား?"

"‌အင္း ေတြ႕လိုက္တယ္"

"ေနပါဦး ... မွန္ကိုၾကည့္လိုက္ ... အဲ့အရိပ္က ေက်းဇူးျပဳ၍ဂ်င္း႐ွင္းအပိုင္းထဲကနဲ႔ အတူတူပဲ"

"ငါ ဘာလို႔႐ုတ္တရက္ သူ႕ကိုမထြက္သြားေစခ်င္မိပါလိမ့္?"

"နင္ေျပာတာ ယုတၱိ႐ွိတယ္ ... ငါေရာပဲ"

လီဝမ္႐ွင္း တိုးတိုးေျပာသံေတြကို နားစြန္းနားဖ်ားၾကားၿပီး ေမးတယ္ .."စုမင္ ... မင္းဒီဟာ‌႐ွင္းျပခ်င္လား? အဲ့မွာသရဲ႐ွိလား?"

စုမင္ .."....မင္းဘာမင္း႐ုပ္႐ွင္ၾကည့္"

သူ႕အခန္းေဖာ္ေတြကို ႐ွင္းလို႔ၿပီးသြားခ်ိန္ ေဘးက ေကာင္ေလးက သူ႕ခ်စ္သူေကာင္မေလးကို ေျပာတယ္ .."ၾကည့္ ... သူလုံးလုံးဒီတိုင္းမတ္တပ္ရပ္ေနတယ္ ... စကားဟမေျပာႏိုင္တဲ့အရာတစ္ခုျဖစ္ေနတယ္လို႔ မင္းထင္သလား?"

စုမင္ သူ႕ကို႐ိုက္ပလိုက္ခ်င္သည္။

ကံေကာင္းစြာ ကင္မရာအျမန္လွည့္သြားေပလို႔ ... ဇာတ္လိုက္မင္းသမီးက အပိုင္းေတာ္ေတာ္မ်ားမ်ားပါတာေၾကာင့္ ေနာက္တစ္ပိုင္းသည္ စခရင္တြင္ ‌လင္းေ႐ွာင္ယန္ကိုျပသသည္။

ဓာတ္ေလွကားထဲ၌ ထိတ္လန္႔ဖြယ္ျဖစ္ခဲ့တာအပါအဝင္ ေက်ာင္းဟြမ္ေပ်ာက္ဆုံးျခင္း ၊ လင္းေ႐ွာင္ယန္႐ႈေထာင့္ျမင္ကြင္းကေန သူတို႔ကြိဳင့္႐ွင္းကစားခဲ့တာလည္းပါသည္။

ကြိဳင့္႐ွင္းသည္ အေဆာက္အဦးေပၚကျပဳတ္က်ခဲ့သည့္ စုရာျဖစ္ေနမွန္း စုမင္သိလိုက္ရသည္။

ထို႔အၾကာ ... ႐ုံးဌာနအေဆာက္အဦးတြင္ လူသုံးေယာက္သား ေက်ာင္းဟြမ္ကို႐ွာခဲ့ၾကသည္။

စုမင္ေျခေထာက္မွ အရိပ္သည္ အသည္းပုံသ႑ာန္ေျပာင္းသြားသည္။

ဤသည္ကိုျမင္ၿပီး ပရိသတ္မ်ား ေ႐ွာ့ခ္ရသြား၏။

ဒီစုမင္ကပဲ တ‌ေစၧ‌ေတြရဲ႕အသည္းစြဲလား တစ္ခုခုလား? ေစာနက အေလာင္းက သူ႕ကိုျပဳံးျပတယ္ အခုေတာ့ သူ႕ေအာက္က အရိပ္က အသည္းပုံလိုေကြးသြားတယ္။

အခန္းကဏၰေတြေက်ာ္လႊားၿပီး ယခုသူတို႔သန္႔စင္ခန္းထဲ၌ မတ္တပ္ရပ္ေနၾကတယ္။
ဒီအပိုင္းကို ႐ွဴေထာင့္ႏွစ္ေနရာကေန ႐ိုက္ျပထား၏ ... တစ္ေနရာက အိမ္သာခန္းငယ္အတြင္းထဲျဖစ္ၿပီး ေနာက္တစ္ေနရာသည္ အျပင္ကသရဲရပ္ေနရာျဖစ္သည္။

စုမင္စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္သည္။ ဒီတစ္ႀကိမ္ ကင္မရာက လင္းေ႐ွာင္ယန္ကို မူတည္ေန၏။

ျပဇာတ္႐ုံထဲတြင္ လူတိုင္းေပါက္ေပါက္ဆုပ္စားေနသည့္အသံသာမက အသက္႐ွဴျပင္းျပင္းသံပါၾကားရေပမည္။

အခ်ိန္ေက်ာ္လြန္ၿပီးေနာက္ လူသုံးေယာက္ ေျခာက္လႊာေျမာက္တြင္႐ွိၿပီး သရဲလွည့္ကြက္ထဲပိတ္မိေနတာကို စုမင္ေတြ႕ရသည္။

ထို႔ေနာင္ ဂ်င္း႐ွင္းေပၚလာခဲ့တယ္။

အရင္လိုပဲ ကင္မရာက သူ႕ပုံရိပ္ကိုမထင္ဟပ္ေစေပ။

ဘယ္လိုပဲျဖစ္ျဖစ္ ... စုမင္ေ႐ွ႕၌ သရဲတစ္ေကာင္႐ွိတယ္ဆိုတာ လူတိုင္းသိသည္။ ထိုျမင္ကြင္း၌ သူ႕လက္ေ႐ွ႕ထုတ္ထားေသာ္လည္း စမ္းတိစမ္းတမ္းမလုပ္ေနဘူးဆိုတာ သိသာသည္။

သူ ဦးေဆာင္ခံေနရတာ။

သူ႕ေနာက္မွ ေကာင္ေလးႏွစ္ေယာက္ေဆြးေႏြးသံကို စုမင္ၾကားႏိုင္တယ္ .."သူ သရဲေခၚေဆာင္ခံေနရတာလား? အဲ့သရဲ တိက်တဲ့အခိုက္တန္႔မွ အၿမဲေပၚေပၚလာတယ္ဟ"

"ငါ ႐ုပ္႐ွင္ၾကည့္ေနတာေတာင္ ေခြးစာစားေနရပါလား..."

"ေနာက္ဆုံးေတာ့ ငါတို႔ သရဲကားထဲမွာ ေကာင္းမြန္တဲ့ခံစားခ်က္အပိုင္းေလးၾကည့္ခဲ့ရၿပီ။ အျပင္ထြက္တဲ့အခါ စုမင္ကို အေကာင္းဘက္အကဲျဖတ္ရမယ္ ... ၾကယ္ငါးပြင့္"

အခုခ်ိန္ စုမင္မ်က္ႏွာဖုံးကာခ်င္တာကလြဲၿပီး ဘာမွမလုပ္ခ်င္ေတာ့ေပ။

ေလွကားထစ္အပိုင္းၿပီးေနာက္ ႐ုပ္႐ွင္သည္ ေန႔ပိုင္းအခန္း‌ေတြ ဆက္လတ္ျပသေနတာမို႔ သူဖုန္းထုတ္ကာ Weiboကိုၾကည့္လိုက္သည္။

Weibo၌ လူႀကိဳက္အမ်ားဆုံးပိုစ့္တြင္ လူစုေနၾကသည္။

【မင္းသာ စင္ဂယ္ဆိုရင္ ထပ္မံထုတ္လႊင့္တဲ့ 'သည္းထိပ္ရင္ဖိုတကၠသိုလ္' ကိုသြားမၾကည့္ဖို႔ ငါအၾကဳံျပဳခ်င္ပါတယ္။ ဒါ႐ိုက္တာက ဂ်င္းထည့္ထားတာ ... အဲ့တာ horror႐ုပ္႐ွင္မဟုတ္ဘူး ... အခ်စ္ဇာတ္လမ္းႀကီး! ငါနဲ႔အခုလိုက္ေျပာ ... အ-ခ်စ္-ဇာတ္-လမ္း ... ငါစိတ္လႈပ္႐ွားရင္တုန္စရာေတြလိုခ်င္တာေလ။ ဒါေပမယ့္ ဘာလို႔ သရဲကားထဲမွာ သရဲနဲ႔ခ်စ္ႀကိဳက္တဲ့အပိုင္း‌ေတြကပါေနရတာလဲ? ဒါ႐ိုက္တာ ႐ိုမန္႔႐ုပ္႐ွင္႐ိုက္လို႔ မဝေသးလို႔လား?!】

စုမင္ ကြန္မန္႔ေတြဖတ္ဖို႔ ဆြဲခ်လိုက္သည္။

"ဟားဟားဟား ... ငါလည္း ငါ့ေကာင္‌မေလးနဲ႔ သြားၾကည့္တာ အဲ့လိုသရဲကားျဖစ္မယ္မထင္ထားဘူး။ ငါ့ေကာင္မေလးကို ျပန္ေပးဆြဲၿပီး ငါနဲ႔အတူ သရဲကားအေတြ႕ၾကဳံခံစားခ်င္လိုက္တာ"

"ဒီ႐ုပ္႐ွင္ထဲက ေပ်ာ္ေပ်ာ္ႀကီးသၾကားလုံးေတြစားရတဲ့ခံစားခ်က္ကို နင္နားမလည္ပါဘူး!"

"ဒီလိုသရဲကားထဲမွာ ဒရမ္မာေတြၾကည့္ရတာေလာက္ေပ်ာ္စရာေကာင္းတာ နင္နားမလည္ပါဘူး!"

"......နင္နားမလည္ဘူး!"

စုမင္ သူတို႔ရဲ႕စိတ္လႈပ္႐ွားတက္ႂကြေနသည္ကို ၾကည့္ၿပီး မတုံ႔မဆိုင္းWeiboကို ပိတ္လိုက္သည္။

အေဆာင္ခန္းအပိုင္းေရာက္လာသည့္အခ်ိန္ မယုံၾကည္ႏိုင္သည့္အသက္႐ွဴသံေတြ ပရိသတ္ထံမွ ထြက္လာၾကသည္။

စုမင္ စခရင္ကိုၾကည့္ဖို႔ရာ လက္ေလွ်ာ့လိုက္ေလၿပီ။

သူအထဲမွာ ႐ွိတုန္းကဘာမွမွားတယ္လို႔ မခံစားခဲ့ရပါဘူး ... ဘာလို႔အခု သူၾကည့္မွ ဒီလိုေတြျဖစ္ကုန္တာလဲ?

အထူးသျဖင့္ အေဆာင္ေဟာင္းအပိုင္းေပါ့။

ကင္မရာ႐ိုက္ကြက္က စုမင္ကိုမဟုတ္ေပမယ့္ ေထာင့္တစ္ေနရာက သူ႕အျပဳအမူေတြက သိသာထင္႐ွားသည္။

စုမင္နား႐ြက္ဖ်ားေတြ ပူလာကာ ... သူ႕ပတ္ပတ္လည္၌ ထူးထူးဆန္းဆန္းေဆြးေႏြးေနၾကသည္က ေပါက္ကြဲမတတ္႐ွက္ဖြယ္ေကာင္း‌လွသည္။

၎႐ွက္စရာခံစားခ်က္ကို ေနာက္ဆုံးခန္းအထိ သည္းခံထားတယ္။

သူတို႔ ခုႏွစ္ထပ္မွ လြတ္ေျမာက္ၿပီးေနာက္ ႐ိုက္ကြက္က စုမင္ေလွကားထစ္၌ ထိုင္ေနရင္း ေဘးဘက္မွတစ္စုံတစ္ေယာက္ႏွင့္ စကားေျပာေနဟန္တြင္ အဆုံးသတ္သြားခဲ့သည္။

ေသခ်ာတာေပါ့ ... သူ ဘယ္သူနဲ႔စကားေျပာေနလဲ ပရိသတ္အားလုံးသိၿပီးေနၿပီ။

႐ုပ္႐ွင္ၿပီးဆုံးသြားသည့္အခါ မီးမ်ားပြင့္လာသည္။

စိတ္တည္ၿငိမ္ေအာင္ေနၿပီး စုမင္ခုံေနရာမွ မတ္တပ္ရပ္ကာ သူ႕အခန္းေဖာ္ေတြနဲ႔ ထြက္ခြာသြားခဲ့သည္။

ပရိသတ္မ်ားကလည္း တစ္ေယာက္ၿပီးတစ္ေယာက္ထြက္ခြာၾကကာ သူတို႔လမ္းေလွ်ာက္ေနတုန္း ဇာတ္လမ္းအေၾကာင္းေဆြးေႏြးၾကေတာ့ စုမင္တစ္ေယာက္ သူတို႔ေျပာဆိုသံၾကားၿပီး နား႐ြက္ဖ်ားေတြ ပူေလာင္လာျပန္သည္။

ေမွ်ာ္လင့္ထားသည္ႏွင့္ ဆန္႔က်င္ဘက္ျဖစ္စြာ လီဝမ္႐ွင္းႏွင့္ဝမ္ဒီတို႔ သူ႕ကိုဘာမွ မေမးျမန္းခဲ့ၾကေပ။ မဟုတ္ဘူး ... သူတို႔က အြန္လိုင္းကြန္မန္႔ေတြကို စုမင္ကိုျပရန္ သဲသဲမဲမဲစခရင္ေ႐ွာ့ေနၾကသည္။

ထိုအခိုက္အတန္႔ ... 'သည္းထိပ္ရင္ဖိုတကၠသိုလ္' ႐ုပ္႐ွင္အသစ္ကို အခုေလးတင္ ၾကည့္ၿပီးတဲ့ လူတစ္စုတစ္စည္းက စတင္ၿပီး Weiboတြင္လိႈင္းတက္လာေတာ့သည္။

"ေကာင္းလိုက္တဲ့horror႐ုပ္႐ွင္လို႔ နင္တို႔ေျပာရင္ ဒါ႐ိုက္တာနားလည္မႈလြဲသြားလိမ့္မယ္! ေကာင္းတဲ့သရဲကားေတြက လူေတြကို ေၾကာက္လန္႔ေစတာ ... ငါေၾကာက္စရာေကာင္းတဲ့သရဲကားၾကည့္ဖို႔လာခဲ့တာ ... အခ်စ္ဒရမ္မာမဟုတ္ဘူး!"

"ဒါ႐ိုက္တာက ငါတို႔လို စင္ဂယ္‌ေတြကို အထင္ေသးတာပဲ!"

ဟုတ္တာေပါ့ ... ဒီ႐ုပ္႐ွင္ကို ေလးေလးနက္နက္ၾကည့္႐ႈတဲ့ လူ‌အခ်ိဳ႕လည္း႐ွိၾကေသးတယ္။

"ေကာင္းလိုက္တဲ့႐ုပ္႐ွင္ ... ဇာတ္ကြက္ေတြက အိုင္ႀကိဳက္တဲ့ စိတ္ထိခိုက္စရာေလးေတြပါတယ္။ ၾကယ္ငါးပြင့္ ... ေနာက္တစ္ခါလည္း ဒီလို ႐ုပ္႐ွင္ေကာင္းေကာင္းေလးၾကည့္ခ်င္ပါတယ္"

သို႔ေသာ္ ဤကဲ့သို႔ေသာ မွတ္ခ်က္အခ်ိဳ႕သာ႐ွိခဲ့သည္။ က်န္တာကေတာ့ စြပ္စြဲခ်က္မ်ားႏွင့္ မစဥ္းစားဘဲထင္ျမင္ယူဆခ်က္အမ်ိဳးမ်ိဳး ျဖစ္သည္။

"ေလးစားမႈျပတဲ့အနမ္း"

"ဒီhorrorဇာတ္လမ္းေကာင္းလြန္းလို႔ ... ငါ့ကိုထပ္ခ်စ္လာေအာင္ လုပ္ေပးတာပဲ"

"သရဲဆြဲေဆာင္ခံရတာ ေတာ္ေတာ္႐ွားတယ္ဆိုတာ သိၾကလား? ဂ်င္း႐ွင္းဘယ္လိုပုံလဲ ငါမသိဘူး ... ဒါေပမယ့္ ငါဒီေလာက္ေတာင္ စိတ္႐ႈးေနၿပီ!"

"ငါ႐ုပ္႐ွင္ေဝဖန္ခ်က္အ႐ွည္ႀကီးေရးမလို႔ ျပင္ဆင္ၿပီးသြားသလို နာမည္လည္းဆုံးျဖတ္ၿပီးၿပီ။ အဲ့ဒါက ... ျခယ္လွယ္ႏိုင္လြန္းေသာတေစၧ၏ အလိုလိုက္ခံရေသာဇနီး ... အားလုံးဖတ္႐ႈဖို႔ႀကိဳဆိုပါတယ္ ဟားဟားဟားဟားဟား"

"ဂ်င္း႐ွင္းနဲ႔ စုမင္အတူတူ တစ္သက္လုံးေလာ့ပိတ္ထားေၾကာင္း ငါေၾကညာပါတယ္။ ေသာ့က လွ်ိဳလီလီပါးစပ္ထဲပစ္ထည့္လိုက္ၿပီး ဘယ္သူမွဖြင့္လို႔မရဘူး!"

စာေရးသူမွာ ေျပာစရာ႐ွိတယ္:

လွ်ိဳလီလီ: ဟားဟားဟားဟားဟားဟားဟား ... အေလာင္းေတြကေတာ့ ေသာ့အန္ထုတ္ဖို႔ မျဖစ္ႏိုင္ဘူးေနာ္ ဟားဟားဟားဟား

**********************************
Take care
Sorry for mistakes

Thank you all♥️
Aug 3, 2021
-----------------------------------------------------------------------------------------------

Continue Reading

You'll Also Like

11.1K 826 28
The transfer student couldn't me anything more special.But part of me want to help her.Why? Sooha thought to herself, she decided to help the new st...
46.7K 6K 61
"Se refiere a la belleza de corta duración de la flor de cerezo" ╰──➢ Advertencias ✧ ⁞ ❏. Omegaverse < SLOW BURN ⁞ ❏. Todoroki Bottom! ⁞ ❏. Smu...
422K 86.6K 121
Original Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရ...
7.5K 311 30
A young girl named Onika is trying to live a normal but finds herself trying to escape 3 psychos