[Unicode]
နင်မုန့် သူမလက်တွေဖြင့် မျက်နှာကို အုပ်လိုက်ရင်း သက်ပျင်းဖျော့ဖျော့ချလိုက်၏။ ဒါပေမယ့်လည်း သေချာပေါက်တော့ လက်အပေါက်လေးတွေက ချောင်းကြည့်နေမိလေသည်။ ဟော်ပေ့ချန်က အ၀တ်အစားတို့ ၀တ်ထားချိန် ပိန်ပါးသယောင် ရှိနေသော်ငြား ယခု အ၀တ်အစားတွေ မရှိသည့်အခါ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေပေါ်မှ ပြီးပြည့်စုံလှသည့် ကြွက်သားတွေကို တစ်လက်မ မကျန် နင်မုန့် ကြည့်နေမိ၏။
နင်မုန့်ရဲ့ အကြည့်တွေက အောက်သို့လျှောကျသွားသည့်အခါ မရှင်းပြနိုင်သော တွန်းအားက သူမရဲ့ အကြည့်တွေကို မကြည့်အပ်သည့် နေရာသို့ တွန်းပို့လိုက်လေသည်။ ချက်ချင်းပဲ ဟော်ပေ့ချန်က သဘက်ဖြင့် ကာလိုက်သည့်အခါ နင်မုန့် စိတ်ပျက်သွားရတော့၏။
"မင်း ဘာကြည့်နေတာလဲ" ရှက်စိတ်ဖြင့် နင်မုန့်ကို မေးလိုက်သည်။
"ရှင့်ခန္ဓာကိုယ်ပေါ်မှာ တစ်ခုခုရှိနေလို့!"
"ဘာ"
"ခန့်ညားမှုတွေကို ရှင်ကိုယ်ပေါ်မှာ ရှာတွေ့လိုက်လို့!"
"....."
ဟော်ပေ့ချန်က ခေါင်းငုံ့ကာ နင်မုန့်ကို ကြည့်လိုက်သည်။ သူမ အသားအရည်က ဖြူဖွေးနေတာမို့ နားရွက်တွေ ရှက်သွေးဖြာနေပြီး နှုတ်ခမ်းပါးတစ်စုံ နီရဲနေတာကို အထင်အရှား တွေ့ေနရ၏။ မျက်ခုံးအောက်မှ မျက်တောင်တွေ နှင့် စွဲမက်ဖွယ် မျက်၀န်းတစ်စုံကိုလည်း ထင်းထင်းလင်းလင်း မြင်နေရလေသည်။
နင်မုန့် လှမ်းကြည့်နေသည့် နေရာမှ ပူနွေးမှုကို ရုတ်တရက်ပင် ဟော်ပေ့ချန် ခံစားလိုက်ရသည်။
"အပြင်ထွက်သွား!" ဟော်ပေ့ချန် အလောတကြီး အော်လိုက်လေ၏။
"အိုကေ"
နင်မုန့် အပြင်သို့ ထွက်လိုက်ပြီးနောက် တံခါးပိတ်လိုက်သည်။ ဟော်ပေ့ချန် ရေချိုးဖို့ရာ သဘက်ကို ဖယ်ရန်လုပ်မည့်ချိန်မှာ နောက်တကြိမ် တံခါးပွင့်လာပြီး နင်မုန့် ခေါင်း အထဲသို့ ပြူလာလေ၏။
"ယောက်ျား ရှင်မစားရသေးဘူး မလား။ ခရမ်းချဉ်သီး ကြက်ဥခေါက်ဆွဲကို ကျွန်မ ချက်ပေးလို့ရတယ် ဒါပေမယ့် ရှင့်ဒဏ်ရာကို အရင်ဆေးထည့်ခွင့် ပေးရမယ်"
ဟော်ပေ့ချန်ကတော့ သူမကို စိုက်ကြည့်နေသလို တစ်ခွန်းမှ မပြောလာပေ။
"တစ်ပတ်လုံး ချက်ပေးမယ်ဆိုရင်ရော"
"တစ်လ"
"..."
တစ်လက နည်းနည်းတော့ ကြာတယ်!
ဟော်ပေ့ချန် လက်မောင်းပေါ်မှ ပတ်တီးကို မြင်လိုက်ရသည့်အခါ နင်မုန့် နှလုံးသားလေးက တစ်ဖန် နူးညံ့သွား၏။
"သဘောတူတယ်!"
ဆယ်မိနစ် ကြာပြီးနောက်မှာတော့ နင်မုန့် ချက်ပြုတ်လို့ ပြီးသွားလေသလို ဟော်ပေ့ချန်လည်း ရေချိုး ပြီးသွားလေ၏။ ခါးတွင် သဘက် ပတ်ထားသလို သူ၏ ခေါင်းမှ ရေတို့ စီးကျနေလေသည်။ ဒဏ်ရာကို ရေမ၀င်စေဖို့ သူအကောင်းဆုံး ကြိုးစား ချိုးခဲ့ပေမယ့် ပတ်တီးကတော့ စိုနေတုန်းပင်။
သို့ပေမယ့်လည်း သူ့ပုံစံက လုံး၀ ဂရုမစိုက်သည့်ပုံသာ။ စားပွဲပေါ်မှ ခေါက်ဆွဲပန်းကန်လုံးကို တွေ့သည့်အခါ ဘယ်လက်ဖြင့် တူကို ကိုင်ပြီး ဆရာကျစွာ စားနေလေ၏။
နင်မုန့် အခွင့်အရေးရသည်နှင့် သူ့ညာဘက်နားသို့ ဆေးဗူးနှင့် အတူ သွားထိုင်လိုက်သည်။
"ရှင်က စားစရာရှိတာစား။ ကျွန်မ ရှင့်ဒဏ်ရာကို ဆေးထည့်ပေးမယ်"
ဒီတကြိမ်မှာတော့ နင်မုန့် အဆိုပြုချက်ကို ဟော်ပေ့ချန် မငြင်းတော့ပေ။
သူမ လက်တွေကို သူ့လက်မောင်းဆီသို့ ထိရန် ကမ်းလိုက်စဉ်မှာပဲ တစ်၀က်တပျက်မှာတင် ရပ်တန့်လိုက်ကာ
"ယောက်ျား ရှင်က ယောက်ျားလေးပဲဆိုတော့... ကျွန်မ ... ရှင့်ကို ထိလို့ရမလား"
"....."
"ဟဟ....စတာ!"
ဟော်ပေ့ချန်က သူမကို စိုက်ကြည့်နေဆဲဆိုတာ ရုတ်တရက်ပင် နင်မုန့် သဘောပေါက်လိုက်သည်မို့ သူမစကားကို ပြန်ရုပ်သိမ်းလိုက်သည်။
"ဒီဟာသက ရယ်လည်းမရယ်ရဘူးနော်!"
ပတ်တီး ဖြည်လိုက်သည့်အခါ ကြောက်စရာမြင်ကွင်းက သူမကို ဆီးကြိုလို့နေသည်။ ဒဏ်ရာတို့ ပေါက်ပြဲကုန်ကာ အသားထဲမှ သွေးတို့ စိမ့်ထွက်နေလေသည်။ ပထမဆုံး နင်မုန့်သည် ဒဏ်ရာကို ဆားရေနှင့် ဆေးလိုက်သည် ပြီးနောက် ဆေးထည့်ကာ ပတ်တီးအသစ်ဖြင့် စည်းနှောင်လိုက်သည်။
ဟော်ပေ့ချန် မျက်၀န်းတွေက လိပ်ပြာပုံ ချည်နှောင်ထားသည့် ပတ်တီးအစတွေဆီသို့ ရောက်သွားလေ၏။ သူ၏ ကြမ်းတမ်းတဲ့ သွင်ပြင်တို့ ပျောက်ရှကုန်ကာ အထီးကျန်မှုက အစားထိုးလာလေ၏။
"ရှင် မကြိုက်လို့လား။ ကျွန်မ ပြန်စည်းပေးမယ်လေ"
နင်မုန့် မထိနိုင်ခင်မှာပဲ ဟော်ပေ့ချန် မတ်တပ်ရပ်လိုက်သည်။ သူ့မျက်၀န်းတွေကတော့ အဆုံးမရှိ ပင်လယ်ထဲက ကြယ်တွေလို တောက်ပနေ၏။ ခနအကြာမှာပဲ လက်မောင်းမှ လိပ်ပြာသဏ္ဍာန် ချည်ထားသော ပတ်တီးနှင့်အတူ အပေါ်ထပ်သို့ တက်သွားလေတော့သည်။ သူ့ကျောပြင်ကို နင်မုန့်ကြည့်နေရင်းမှ ၀မ်းနည်းသလို ခံစားရလာလေ၏။
...
ခုနစ်ရက် ကြာပြီးနောက်
ဟော်ပေ့ချန် ပုခုံးက ပြန်ကောင်းလုနီးပါး ဖြစ်နေပြီမို့ ပတ်တီးဖြည်ဖို့ အချိန် ရောက်လို့လာလေသည်။
ထိုအချိန်မှာပဲ အရေးပါသော အရာတစ်ခုက ဖျော်ဖြေရေးလောကတွင် ဖြစ်ပေါ်လာခဲ့သည်။ စုထျန်းထျန်းရဲ့ သီချင်းအသစ်က music chartsေတွရဲ့ ထိပ်ဆုံးရောက်နေတာပင်!
[၁ရက် ၂ပိုင်း ပုံမှန်တင်တဲ့ paid gpကို ဝင်ချင်ရင် လာပြောလို့ ရပါပြီ။ စာစဉ်၁ခုမှာ ၂၅ပိုင်း ပါဝင်မှာဖြစ်ပြီး ၅၀၀ကျပ် ကျသင့်မှာပဲဖြစ်ပါတယ်။ လောလောဆယ် ပြီးသွားတဲ့ စာစဉ်တွေက စာစဉ်၁ [EP-1 to 39]၊ စာစဉ်၂ [EP-40 to 64]၊ စာစဉ်၃ [EP-65 to 89၊ စာစဉ်၄ [EP-90 to 114]တို့ပါ။ တခါတည်း ဖတ်ချင်သူများက cbမှာ လာဝယ်လို့ရပါပြီနော်🥰]
-------------------------
[Zawgyi]
နင္မုန႔္ သူမလက္ေတြျဖင့္ မ်က္ႏွာကို အုပ္လိုက္ရင္း သက္ပ်င္းေဖ်ာ့ေဖ်ာ့ခ်လိုက္၏။ ဒါေပမယ့္လည္း ေသခ်ာေပါက္ေတာ့ လက္အေပါက္ေလးေတြက ေခ်ာင္းၾကည့္ေနမိေလသည္။ ေဟာ္ေပ့ခ်န္က အ၀တ္အစားတို႔ ၀တ္ထားခ်ိန္ ပိန္ပါးသေယာင္ ရွိေနေသာ္ျငား ယခု အ၀တ္အစားေတြ မရွိသည့္အခါ သူ႔ခႏၶာကိုယ္ အစိတ္အပိုင္းေတြေပၚမွ ၿပီးျပည့္စုံလွသည့္ ႂကြက္သားေတြကို တစ္လက္မ မက်န္ နင္မုန႔္ ၾကည့္ေနမိ၏။
နင္မုန႔္ရဲ႕ အၾကည့္ေတြက ေအာက္သို႔ေလွ်ာက်သြားသည့္အခါ မရွင္းျပႏိုင္ေသာ တြန္းအားက သူမရဲ႕ အၾကည့္ေတြကို မၾကည့္အပ္သည့္ ေနရာသို႔ တြန္းပို႔လိုက္ေလသည္။ ခ်က္ခ်င္းပဲ ေဟာ္ေပ့ခ်န္က သဘက္ျဖင့္ ကာလိုက္သည့္အခါ နင္မုန႔္ စိတ္ပ်က္သြားရေတာ့၏။
"မင္း ဘာၾကည့္ေနတာလဲ" ရွက္စိတ္ျဖင့္ နင္မုန႔္ကို ေမးလိုက္သည္။
"ရွင့္ခႏၶာကိုယ္ေပၚမွာ တစ္ခုခုရွိေနလို႔!"
"ဘာ"
"ခန႔္ညားမႈေတြကို ရွင္ကိုယ္ေပၚမွာ ရွာေတြ႕လိုက္လို႔!"
"....."
ေဟာ္ေပ့ခ်န္က ေခါင္းငုံ႔ကာ နင္မုန႔္ကို ၾကည့္လိုက္သည္။ သူမ အသားအရည္က ျဖဴေဖြးေနတာမို႔ နား႐ြက္ေတြ ရွက္ေသြးျဖာေနၿပီး ႏႈတ္ခမ္းပါးတစ္စုံ နီရဲေနတာကို အထင္အရွား ေတြ႕ေနရ၏။ မ်က္ခုံးေအာက္မွ မ်က္ေတာင္ေတြ ႏွင့္ စြဲမက္ဖြယ္ မ်က္၀န္းတစ္စုံကိုလည္း ထင္းထင္းလင္းလင္း ျမင္ေနရေလသည္။
နင္မုန႔္ လွမ္းၾကည့္ေနသည့္ ေနရာမွ ပူေႏြးမႈကို ႐ုတ္တရက္ပင္ ေဟာ္ေပ့ခ်န္ ခံစားလိုက္ရသည္။
"အျပင္ထြက္သြား!" ေဟာ္ေပ့ခ်န္ အေလာတႀကီး ေအာ္လိုက္ေလ၏။
"အိုေက"
နင္မုန႔္ အျပင္သို႔ ထြက္လိုက္ၿပီးေနာက္ တံခါးပိတ္လိုက္သည္။ ေဟာ္ေပ့ခ်န္ ေရခ်ိဳးဖို႔ရာ သဘက္ကို ဖယ္ရန္လုပ္မည့္ခ်ိန္မွာ ေနာက္တႀကိမ္ တံခါးပြင့္လာၿပီး နင္မုန႔္ ေခါင္း အထဲသို႔ ျပဴလာေလ၏။
"ေယာက္်ား ရွင္မစားရေသးဘူး မလား။ ခရမ္းခ်ဥ္သီး ၾကက္ဥေခါက္ဆြဲကို ကြၽန္မ ခ်က္ေပးလို႔ရတယ္ ဒါေပမယ့္ ရွင့္ဒဏ္ရာကို အရင္ေဆးထည့္ခြင့္ ေပးရမယ္"
ေဟာ္ေပ့ခ်န္ကေတာ့ သူမကို စိုက္ၾကည့္ေနသလို တစ္ခြန္းမွ မေျပာလာေပ။
"တစ္ပတ္လုံး ခ်က္ေပးမယ္ဆိုရင္ေရာ"
"တစ္လ"
"..."
တစ္လက နည္းနည္းေတာ့ ၾကာတယ္!
ေဟာ္ေပ့ခ်န္ လက္ေမာင္းေပၚမွ ပတ္တီးကို ျမင္လိုက္ရသည့္အခါ နင္မုန႔္ ႏွလုံးသားေလးက တစ္ဖန္ ႏူးညံ့သြား၏။
"သေဘာတူတယ္!"
ဆယ္မိနစ္ ၾကာၿပီးေနာက္မွာေတာ့ နင္မုန႔္ ခ်က္ျပဳတ္လို႔ ၿပီးသြားေလသလို ေဟာ္ေပ့ခ်န္လည္း ေရခ်ိဳး ၿပီးသြားေလ၏။ ခါးတြင္ သဘက္ ပတ္ထားသလို သူ၏ ေခါင္းမွ ေရတို႔ စီးက်ေနေလသည္။ ဒဏ္ရာကို ေရမ၀င္ေစဖို႔ သူအေကာင္းဆုံး ႀကိဳးစား ခ်ိဳးခဲ့ေပမယ့္ ပတ္တီးကေတာ့ စိုေနတုန္းပင္။
သို႔ေပမယ့္လည္း သူ႔ပုံစံက လုံး၀ ဂ႐ုမစိုက္သည့္ပုံသာ။ စားပြဲေပၚမွ ေခါက္ဆြဲပန္းကန္လုံးကို ေတြ႕သည့္အခါ ဘယ္လက္ျဖင့္ တူကို ကိုင္ၿပီး ဆရာက်စြာ စားေနေလ၏။
နင္မုန႔္ အခြင့္အေရးရသည္ႏွင့္ သူ႔ညာဘက္နားသို႔ ေဆးဗူးႏွင့္ အတူ သြားထိုင္လိုက္သည္။
"ရွင္က စားစရာရွိတာစား။ ကြၽန္မ ရွင့္ဒဏ္ရာကို ေဆးထည့္ေပးမယ္"
ဒီတႀကိမ္မွာေတာ့ နင္မုန႔္ အဆိုျပဳခ်က္ကို ေဟာ္ေပ့ခ်န္ မျငင္းေတာ့ေပ။
သူမ လက္ေတြကို သူ႔လက္ေမာင္းဆီသို႔ ထိရန္ ကမ္းလိုက္စဥ္မွာပဲ တစ္၀က္တပ်က္မွာတင္ ရပ္တန႔္လိုက္ကာ
"ေယာက္်ား ရွင္က ေယာက္်ားေလးပဲဆိုေတာ့... ကြၽန္မ ... ရွင့္ကို ထိလို႔ရမလား"
"....."
"ဟဟ....စတာ!"
ေဟာ္ေပ့ခ်န္က သူမကို စိုက္ၾကည့္ေနဆဲဆိုတာ ႐ုတ္တရက္ပင္ နင္မုန႔္ သေဘာေပါက္လိုက္သည္မို႔ သူမစကားကို ျပန္႐ုပ္သိမ္းလိုက္သည္။
"ဒီဟာသက ရယ္လည္းမရယ္ရဘူးေနာ္!"
ပတ္တီး ျဖည္လိုက္သည့္အခါ ေၾကာက္စရာျမင္ကြင္းက သူမကို ဆီးႀကိဳလို႔ေနသည္။ ဒဏ္ရာတို႔ ေပါက္ၿပဲကုန္ကာ အသားထဲမွ ေသြးတို႔ စိမ့္ထြက္ေနေလသည္။ ပထမဆုံး နင္မုန႔္သည္ ဒဏ္ရာကို ဆားေရႏွင့္ ေဆးလိုက္သည္ ၿပီးေနာက္ ေဆးထည့္ကာ ပတ္တီးအသစ္ျဖင့္ စည္းေႏွာင္လိုက္သည္။
ေဟာ္ေပ့ခ်န္ မ်က္၀န္းေတြက လိပ္ျပာပုံ ခ်ည္ေႏွာင္ထားသည့္ ပတ္တီးအစေတြဆီသို႔ ေရာက္သြားေလ၏။ သူ၏ ၾကမ္းတမ္းတဲ့ သြင္ျပင္တို႔ ေပ်ာက္ရွကုန္ကာ အထီးက်န္မႈက အစားထိုးလာေလ၏။
"ရွင္ မႀကိဳက္လို႔လား။ ကြၽန္မ ျပန္စည္းေပးမယ္ေလ"
နင္မုန႔္ မထိႏိုင္ခင္မွာပဲ ေဟာ္ေပ့ခ်န္ မတ္တပ္ရပ္လိုက္သည္။ သူ႔မ်က္၀န္းေတြကေတာ့ အဆုံးမရွိ ပင္လယ္ထဲက ၾကယ္ေတြလို ေတာက္ပေန၏။ ခနအၾကာမွာပဲ လက္ေမာင္းမွ လိပ္ျပာသ႑ာန္ ခ်ည္ထားေသာ ပတ္တီးႏွင့္အတူ အေပၚထပ္သို႔ တက္သြားေလေတာ့သည္။ သူ႔ေက်ာျပင္ကို နင္မုန႔္ၾကည့္ေနရင္းမွ ၀မ္းနည္းသလို ခံစားရလာေလ၏။
...
ခုနစ္ရက္ ၾကာၿပီးေနာက္
ေဟာ္ေပ့ခ်န္ ပုခုံးက ျပန္ေကာင္းလုနီးပါး ျဖစ္ေနၿပီမို႔ ပတ္တီးျဖည္ဖို႔ အခ်ိန္ ေရာက္လို႔လာေလသည္။
ထိုအခ်ိန္မွာပဲ အေရးပါေသာ အရာတစ္ခုက ေဖ်ာ္ေျဖေရးေလာကတြင္ ျဖစ္ေပၚလာခဲ့သည္။ စုထ်န္းထ်န္းရဲ႕ သီခ်င္းအသစ္က music chartsေတြရဲ႕ ထိပ္ဆုံးေရာက္ေနတာပင္!
[၁ရက္ ၂ပိုင္း ပုံမွန္တင္တဲ့ paid gpကို ဝင္ခ်င္ရင္ လာေျပာလို႔ ရပါၿပီ။ စာစဥ္၁ခုမွာ ၂၅ပိုင္း ပါဝင္မွာျဖစ္ၿပီး ၅၀၀က်ပ္ က်သင့္မွာပဲျဖစ္ပါတယ္။ ေလာေလာဆယ္ ၿပီးသြားတဲ့ စာစဥ္ေတြက စာစဥ္၁ [EP-1 to 39]၊ စာစဥ္၂ [EP-40 to 64]၊ စာစဥ္၃ [EP-65 to 89၊ စာစဥ္၄ [EP-90 to 114]တို႔ပါ။ တခါတည္း ဖတ္ခ်င္သူမ်ားက cbမွာ လာဝယ္လို႔ရပါၿပီေနာ္🥰]