[Unicode]
ဆူညံသံတွေကို တံခါးအပြင်မှ ကြားနေရသည်။ အနက်ရောင် ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားတစ်ယောက်သည် ရုံးခန်းထဲသို့ ခပ်မှန်မှန်ဖြင့် လမ်းလျှောက်လာလေသည်။ သူ့မှာ စူးရှတဲ့ မျက်ဝန်းတို့ရှိနေပြီး ဩဇာကြီးပြီး တည်ကြည်သော မျက်နှာသွင်ပြင်ရှိလေသည်။ စီးပွားရေး လုပ်ငန်းရှင် မဖြစ်ခင်က လီရိချန်သည် စစ်သားဖြစ်ခဲ့၏။ အသွင်အပြင်ချင်း ယှဉ်မယ်ဆိုရင်တော့ ဟော်ပေ့ချန်က ပိုသာတယ်ဆိုသော်ငြား သူ့ဆီတွင်လည်း ဟော်ပေ့ချန်ကဲ့သို့ အရှိန်အဝါရှိနေသည်။
သူတို့ နှစ်ယောက်လုံး မျက်လုံးချင်း ဆုံလိုက်သည့်အခါ အားကောင်းလှသည့် အရှိန်အဝါတို့ တိုက်မိလေသည်။ ထိုအရာက နင်မုန့်ကို အနောက်သို့ ဆုတ်မိသည်အထိ အားကောင်းလွန်းလှ၏။ အခန်းထဲတွင် သာလွန်သော ဖိအားတို့ ရှိနေပြီး နင်မုန့်ကိုယ်တိုင်တောင် ပုံမှန်အသက်ရှူဖို့ မနည်းကြိုးစားနေရသည်။
"မဖိတ်ပဲ ရောက်လာမိတဲ့အတွက် အားနာပါတယ် CEOဟော်" လီရိချန် ပြောလိုက်သည်။
ဟော်ပေ့ချန်ကတော့ 'ငါ့လက်အောက်မှာ အရာအားလုံး ထိန်းချုပ်ထားတယ်' ဆိုသော အကြည့်တို့ရှိနေသည်။ ထို့နောက် ချီရှန်ကို အမိန့် ပေးလိုက်လေ၏ "သူမကို ဒီခေါ်လာခဲ့"
"ဟုတ်ကဲ့ပါ ဘော့စ်!"
မကြာခင်မှာပဲ စုထျန်းထျန်းကို ရုံးခန်းထဲသို့ ဆွဲခေါ်လာလေ၏။ ဒူးခေါင်းတွေက နာကျင်လွန်းလှတာမို့ သူမလမ်းလျှောက်ပုံက ဒယိမ်းဒယိုင် ဖြစ်နေလေသည်။ သူမ ပါးစပ်မှာ ပိတ်ထားတဲ့ တိပ်ကို အကြမ်းပတမ်း ဆွဲခွာလိုက်တဲ့အခါ နှုတ်ခမ်းတို့ ပေါက်ပြဲကာသွေးထွက်လာလေသည်။
"ဘယ်လိုနေသေးလဲ" သူမကို သေချာမတ်တပ်ရပ်နိုင်အောင် ကူညီရင်း လီရိချန် ဒေါသတို့ဖြင့် မေးလိုက်သည်။
"ဒါအကုန်လုံး အထင်လွဲနေတာ!"
စုထျန်းထျန်းက အဓိကဇာတ်ဆောင် ဖြစ်လေတာမို့ အပြင်းအထန် ဒဏ်ရာရနေသည့်တိုင် မေးခွန်းကို ပြန်ဖြေဖို့ရာ ခွန်အားတို့ ရှိနေသေးလေသည်။
"မုန့်မုန့် နင်ငါ့ကို မုန်းနေတယ်ဆိုတာ သိပါတယ် ဒါပေမယ့် ငါတို့က မိသားစုတွေပဲလေ! ဒါက မတော်တဆ တစ်ခုလေး သာသာပါ တမင် လုပ်ခဲ့တာ မဟုတ်ပါဘူး! နင် ငါ့အပေါ် ဘယ်လိုတောင် လုပ်ရက်နိုင်ရတာလဲ" စုထျန်းထျန်းသည် အံကိုကြိတ်ထားရင်း ကစားပွဲကို ငြီးငွေ့နေပြီး နာကျင်မှုကို အံတုထားသော မျက်ရည်စတို့ဖြင့် ကြိမ်းမောင်းလိုက်လေ၏။
"???"
ယနေ့ မတော်တဆမှုဖြစ်ပြီးတည်းက သူမတို့ နှစ်ယောက်စလုံးသည် ဘာတွေပဲဖြစ်လာဖြစ်လာ လုံး၀ ခွင့်လွှတ်မှာမဟုတ်ပေ။
"စုထျန်းထျန်း နင်က မတောင်းပန်တဲ့အပြင် ငါ့တောင် လာအပြစ်တင်နေသေးတယ်။ တခြားလူတစ်ယောက်ကို အပြစ်မတင်ခင် ကိုယ့်ကိုကိုယ် အရင်ပြန်ကြည့်ရမယ်လို့ နင့်အမေက မသင်ပေးထားဘူးလား! နင်က နင်မှားတာတောင် လူတိုင်းကို အပြစ်နေတာပဲ! ကမ္ဘာပေါ်က တခြားအရာအားလုံး တန်ဖိုးမြင့်နေချိန်မှာ နင့်တန်ဖိုးက ဘာလို့ တိုးမလာလဲဆိုတာ ငါသဘောပေါက်သွားပြီ!"
"ဘာလို့လဲ" ချီရှန် မေးလိုက်လေသည်။
"ဘာလို့ဆို စောက်ရှက်မရှိတဲ့ မိန်းမဖြစ်နေလို့လေ။ စောက်ရှက်မရှိတဲ့ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးက ဘယ်တော့မှ မြင့်လာမှာ မဟုတ်ဘူး!"
"...….."
ချီရှန် နှုတ်ခမ်း လှုပ်မိသွားသည်။ ဒီမိန်းမရဲ့ တခြားလူတွေကို အပြစ်တင်နိုင်တဲ့ စွမ်းရည်က ပြိုင်ဘက်ကင်းပဲ။ ဘယ်လိုဖြစ်ဖြစ် နင်မုန့်ရဲ့ တခြားလူတွေကို ကြိမ်းမောင်းတာ နားထောင်ကြည့်လိုက်သည့်အခါ စိတ်ကျေနပ်စရာတော့ ကောင်းသည်။
"နင်…"
နင်မုန့်ရဲ့ သူမအပေါ် မှတ်ချက်တွေကြောင့် စုထျန်းထျန်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာလေ၏။
"နင့်အနေနဲ့ ငါ့ကို ဘာမှလာပြောနေစရာ မလိုဘူး! ငါက မပြည့်စုံဘူးဆိုတာ သိတယ် ဒါပေမယ့် အနည်းဆုံးတော့ ငါ့အနေနဲ့ ရိုးသားတယ်! နင့်ကိုယ့်နင် ကြည့်ကြည့်စမ်း! ကိုယ့်အမှားကိုယ်တောင် ဝန်ခံဖို့ သတ္တိ မရှိဘူး! အရေးကြီးဆုံးက နင်ငါ့ကို နာကျင်အောင် မလုပ်ခဲ့ပေမယ့် ငါ့အဖိုးတန် ယောက်ျားကို နာကျင်အောင် လုပ်ခဲ့တယ်! သူ့ကို နာကျင်အောင်လုပ်တာက ငါ့ကိုနာကျင်အောင် လုပ်တာနဲ့ အတူတူပဲ! အနာရွတ်သာ ငါ့ယောက်ျား လက်မောင်းပေါ် ကျန်ခဲ့ရင် နင်ဘယ်လိုလုပ်မလဲ!"
စုထျန်းထျန်းကို ကြိမ်းမောင်းပြီးသည့်နောက် နင်မုန့်သည် ဟော်ပေ့ချန်ကို ပြုံးပြလိုက်၏။
"...."
ဟော်ပေ့ချန်ကတော့ သူမကို ဘာမှ ပြန်မတုံ့ပြန်ပေ။
"ငါ…"
စုထျန်းထျန်း သူမကိုယ်သူမ ကာကွယ်ဖို့ ဆက်ပြောရန် ကြံလိုက်ပေမယ့် အပြင်းအထန် တားဆီးခံလိုက်ရသည်။
"ပါးစပ် ပိတ်ထား!" လီရိချန် အော်လိုက်လေသည်။
သူမသည် ထိတ်လန့်စွာဖြင့်သာ လီရိချန်ကို လှည့်ကြည့်လိုက်မိ၏။ လီရိချန်သည် သူလိုချင်သည့်အရာ ရှိမလားဟု ပတ်ဝန်းကျင်ကို လှည့်ပတ်ရှာလိုက်သည်။ ပြီးနောက်တွင်တော့ အိုးတစ်အိုးရှိရာဆီသို့ လျှောက်သွားပြီး သူ့လက်မောင်းပေါ်သို့ ဆူပွက်နေသည့် ရေကို လောင်းချလိုက်လေတော့သည်။ နင်မုန့်ကတော့ ထိတ်လန့်သွားသလို သေချာတောင် မကြည့်ရဲပေ။
လီရိချန်သည် နှဖူးပါ်မှ ချွေးအေးတို့ ကျလာသည့်တိုင် ညည်းညူသံတစ်သံတောင် ထွက်မလာပေ။
"CEOဟော် အခုကျေနပ်ပြီလား" ဟော်ပေ့ချန်ကို ကြည့်ရင်းမှ လီရိချန်သည် အက်ရှသော အသံဖြင့် မေးလိုက်လေတော့၏။
[၁ရက် ၂ပိုင်း ပုံမှန်တင်တဲ့ paid gpကို ဝင်ချင်ရင် လာပြောလို့ ရပါပြီ။ စာစဉ်၁ခုမှာ ၂၅ပိုင်း ပါဝင်မှာဖြစ်ပြီး ၅၀၀ကျပ် ကျသင့်မှာပဲဖြစ်ပါတယ်။ လောလောဆယ် ပြီးသွားတဲ့ စာစဉ်တွေက စာစဉ်၁ [EP-1 to 39]၊ စာစဉ်၂ [EP-40 to 64]၊ စာစဉ်၃ [EP-65 to 89]တို့ပါ။ တခါတည်း ဖတ်ချင်သူများက cbမှာ လာဝယ်လို့ရပါပြီနော်🥰]
------------------------
[Zawgyi]
ဆူညံသံေတြကို တံခါးအျပင္မွ ၾကားေနရသည္။ အနက္ေရာင္ ၀တ္စုံျပည့္၀တ္ထားသည့္ အမ်ိဳးသားတစ္ေယာက္သည္ ႐ုံးခန္းထဲသို႔ ခပ္မွန္မွန္ျဖင့္ လမ္းေလွ်ာက္လာေလသည္။ သူ႔မွာ စူးရွတဲ့ မ်က္၀န္းတို႔ရွိေနၿပီး ဩဇာႀကီးၿပီး တည္ၾကည္ေသာ မ်က္ႏွာသြင္ျပင္ရွိေလသည္။ စီးပြားေရး လုပ္ငန္းရွင္ မျဖစ္ခင္က လီရိခ်န္သည္ စစ္သားျဖစ္ခဲ့၏။ အသြင္အျပင္ခ်င္း ယွဥ္မယ္ဆိုရင္ေတာ့ ေဟာ္ေပ့ခ်န္က ပိုသာတယ္ဆိုေသာ္ျငား သူ႔ဆီတြင္လည္း ေဟာ္ေပ့ခ်န္ကဲ့သို႔ အရွိန္အဝါရွိေနသည္။
သူတို႔ ႏွစ္ေယာက္လုံး မ်က္လုံးခ်င္း ဆုံလိုက္သည့္အခါ အားေကာင္းလွသည့္ အရွိန္အဝါတို႔ တိုက္မိေလသည္။ ထိုအရာက နင္မုန႔္ကို အေနာက္သို႔ ဆုတ္မိသည္အထိ အားေကာင္းလြန္းလွ၏။ အခန္းထဲတြင္ သာလြန္ေသာ ဖိအားတို႔ ရွိေနၿပီး နင္မုန႔္ကိုယ္တိုင္ေတာင္ ပုံမွန္အသက္ရွဴဖို႔ မနည္းႀကိဳးစားေနရသည္။
"မဖိတ္ပဲ ေရာက္လာမိတဲ့အတြက္ အားနာပါတယ္ CEOေဟာ္" လီရိခ်န္ ေျပာလိုက္သည္။
ေဟာ္ေပ့ခ်န္ကေတာ့ 'ငါ့လက္ေအာက္မွာ အရာအားလုံး ထိန္းခ်ဳပ္ထားတယ္' ဆိုေသာ အၾကည့္တို႔ရွိေနသည္။ ထို႔ေနာက္ ခ်ီရွန္ကို အမိန႔္ ေပးလိုက္ေလ၏ "သူမကို ဒီေခၚလာခဲ့"
"ဟုတ္ကဲ့ပါ ေဘာ့စ္!"
မၾကာခင္မွာပဲ စုထ်န္းထ်န္းကို ႐ုံးခန္းထဲသို႔ ဆြဲေခၚလာေလ၏။ ဒူးေခါင္းေတြက နာက်င္လြန္းလွတာမို႔ သူမလမ္းေလွ်ာက္ပုံက ဒယိမ္းဒယိုင္ ျဖစ္ေနေလသည္။ သူမ ပါးစပ္မွာ ပိတ္ထားတဲ့ တိပ္ကို အၾကမ္းပတမ္း ဆြဲခြာလိုက္တဲ့အခါ ႏႈတ္ခမ္းတို႔ ေပါက္ၿပဲကာေသြးထြက္လာေလသည္။
"ဘယ္လိုေနေသးလဲ" သူမကို ေသခ်ာမတ္တပ္ရပ္ႏိုင္ေအာင္ ကူညီရင္း လီရိခ်န္ ေဒါသတို႔ျဖင့္ ေမးလိုက္သည္။
"ဒါအကုန္လုံး အထင္လြဲေနတာ!"
စုထ်န္းထ်န္းက အဓိကဇာတ္ေဆာင္ ျဖစ္ေလတာမို႔ အျပင္းအထန္ ဒဏ္ရာရေနသည့္တိုင္ ေမးခြန္းကို ျပန္ေျဖဖို႔ရာ ခြန္အားတို႔ ရွိေနေသးေလသည္။
"မုန႔္မုန႔္ နင္ငါ့ကို မုန္းေနတယ္ဆိုတာ သိပါတယ္ ဒါေပမယ့္ ငါတို႔က မိသားစုေတြပဲေလ! ဒါက မေတာ္တဆ တစ္ခုေလး သာသာပါ တမင္ လုပ္ခဲ့တာ မဟုတ္ပါဘူး! နင္ ငါ့အေပၚ ဘယ္လိုေတာင္ လုပ္ရက္ႏိုင္ရတာလဲ" စုထ်န္းထ်န္းသည္ အံကိုႀကိတ္ထားရင္း ကစားပြဲကို ၿငီးေငြ႕ေနၿပီး နာက်င္မႈကို အံတုထားေသာ မ်က္ရည္စတို႔ျဖင့္ ႀကိမ္းေမာင္းလိုက္ေလ၏။
"???"
ယေန႔ မေတာ္တဆမႈျဖစ္ၿပီးတည္းက သူမတို႔ ႏွစ္ေယာက္စလုံးသည္ ဘာေတြပဲျဖစ္လာျဖစ္လာ လုံး၀ ခြင့္လႊတ္မွာမဟုတ္ေပ။
"စုထ်န္းထ်န္း နင္က မေတာင္းပန္တဲ့အျပင္ ငါ့ေတာင္ လာအျပစ္တင္ေနေသးတယ္။ တျခားလူတစ္ေယာက္ကို အျပစ္မတင္ခင္ ကိုယ့္ကိုကိုယ္ အရင္ျပန္ၾကည့္ရမယ္လို႔ နင့္အေမက မသင္ေပးထားဘူးလား! နင္က နင္မွားတာေတာင္ လူတိုင္းကို အျပစ္ေနတာပဲ! ကမာၻေပၚက တျခားအရာအားလုံး တန္ဖိုးျမင့္ေနခ်ိန္မွာ နင့္တန္ဖိုးက ဘာလို႔ တိုးမလာလဲဆိုတာ ငါသေဘာေပါက္သြားၿပီ!"
"ဘာလို႔လဲ" ခ်ီရွန္ ေမးလိုက္ေလသည္။
"ဘာလို႔ဆို ေစာက္ရွက္မရွိတဲ့ မိန္းမျဖစ္ေနလို႔ေလ။ ေစာက္ရွက္မရွ္ိတဲ့ မိန္းမတစ္ေယာက္ရဲ႕ တန္ဖိုးက ဘယ္ေတာ့မွ ျမင့္လာမွာ မဟုတ္ဘူး!"
"...….."
ခ်ီရွန္ ႏႈတ္ခမ္း လႈပ္မိသြားသည္။ ဒီမိန္းမရဲ႕ တျခားလူေတြကို အျပစ္တင္ႏိုင္တဲ့ စြမ္းရည္က ၿပိဳင္ဘက္ကင္းပဲ။ ဘယ္လိုျဖစ္ျဖစ္ နင္မုန္႔ရဲ႕ တျခားလူေတြကို ႀကိမ္းေမာင္းတာ နားေထာင္ၾကည့္လိုက္သည့္အခါ စိတ္ေက်နပ္စရာေတာ့ ေကာင္းသည္။
"နင္…"
နင္မုန႔္ရဲ႕ သူမအေပၚ မွတ္ခ်က္ေတြေၾကာင့္ စုထ်န္းထ်န္း ခႏၶာကိုယ္တစ္ခုလုံး တုန္ယင္လာေလ၏။
"နင့္အေနနဲ႔ ငါ့ကို ဘာမွလာေျပာေနစရာ မလိုဘူး! ငါက မျပည့္စုံဘူးဆိုတာ သိတယ္ ဒါေပမယ့္ အနည္းဆုံးေတာ့ ငါ့အေနနဲ႔ ႐ိုးသားတယ္! နင့္ကိုယ့္နင္ ၾကည့္ၾကည့္စမ္း! ကိုယ့္အမွားကိုယ္ေတာင္ ၀န္ခံဖို႔ သတၱိ မရွိဘူး! အေရးႀကီးဆုံးက နင္ငါ့ကို နာက်င္ေအာင္ မလုပ္ခဲ့ေပမယ့္ ငါ့အဖိုးတန္ ေယာက္်ားကို နာက်င္ေအာင္ လုပ္ခဲ့တယ္! သူ႔ကို နာက်င္ေအာင္လုပ္တာက ငါ့ကိုနာက်င္ေအာင္ လုပ္တာနဲ႔ အတူတူပဲ! အနာ႐ြတ္သာ ငါ့ေယာက္်ား လက္ေမာင္းေပၚ က်န္ခဲ့ရင္ နင္ဘယ္လိုလုပ္မလဲ!"
စုထ်န္းထ်န္းကို ႀကိမ္းေမာင္းၿပီးသည့္ေနာက္ နင္မုန႔္သည္ ေဟာ္ေပ့ခ်န္ကို ၿပဳံးျပလိုက္၏။
"...."
ေဟာ္ေပ့ခ်န္ကေတာ့ သူမကို ဘာမွ ျပန္မတုံ႔ျပန္ေပ။
"ငါ…"
စုထ်န္းထ်န္း သူမကိုယ္သူမ ကာကြယ္ဖို႔ ဆက္ေျပာရန္ ႀကံလိုက္ေပမယ့္ အျပင္းအထန္ တားဆီးခံလိုက္ရသည္။
"ပါးစပ္ ပိတ္ထား!" လီရိခ်န္ ေအာ္လိုက္ေလသည္။
သူမသည္ ထိတ္လန႔္စြာျဖင့္သာ လီရိခ်န္ကို လွည့္ၾကည့္လိုက္မိ၏။ လီရိခ်န္သည္ သူလိုခ်င္သည့္အရာ ရွိမလားဟု ပတ္၀န္းက်င္ကို လွည့္ပတ္ရွာလိုက္သည္။ ၿပီးေနာက္တြင္ေတာ့ အိုးတစ္အိုးရွိရာဆီသို႔ ေလွ်ာက္သြားၿပီး သူ႔လက္ေမာင္းေပၚသို႔ ဆူပြက္ေနသည့္ ေရကို ေလာင္းခ်လိုက္ေလေတာ့သည္။ နင္မုန႔္ကေတာ့ ထိတ္လန႔္သြားသလို ေသခ်ာေတာင္ မၾကည့္ရဲေပ။
လီရိခ်န္သည္ ႏွဖူးပၚမွ ေခြၽးေအးတို႔ က်လာသည့္တိုင္ ညည္းညဴသံတစ္သံေတာင္ ထြက္မလာေပ။
"CEOေဟာ္ အခုေက်နပ္ၿပီလား" ေဟာ္ေပ့ခ်န္ကို ၾကည့္ရင္းမွ လီရိခ်န္သည္ အက္ရွေသာ အသံျဖင့္ ေမးလိုက္ေလေတာ့၏။
[၁ရက္ ၂ပိုင္း ပုံမွန္တင္တဲ့ paid gpကို ဝင္ခ်င္ရင္ လာေျပာလို႔ ရပါၿပီ။ စာစဥ္၁ခုမွာ ၂၅ပိုင္း ပါဝင္မွာျဖစ္ၿပီး ၅၀၀က်ပ္ က်သင့္မွာပဲျဖစ္ပါတယ္။ ေလာေလာဆယ္ ၿပီးသြားတဲ့ စာစဥ္ေတြက စာစဥ္၁ [EP-1 to 39]၊ စာစဥ္၂ [EP-40 to 64]၊ စာစဥ္၃ [EP-65 to 89]တို႔ပါ။ တခါတည္း ဖတ္ခ်င္သူမ်ားက cbမွာ လာဝယ္လို႔ရပါၿပီေနာ္🥰]