ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员ap...

By MinervaDarkling

1M 231K 27.3K

MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထ... More

Arc 2 အပိုင်း {၂၄} (U)
Arc 2 အပိုင်း {၂၄}(Z)
Arc 2 အပိုင်း {၂၅}(U)
Arc 2 အပိုင်း {၂၅} (Z)
Arc 2 အပိုင်း {၂၆} (U)
Arc 2 အပိုင်း {၂၆} (Z)
Arc 2 အပိုင်း {၂၇} (U)
Arc 2 အပိုင်း {၂၇} (Z)
Arc 2 အပိုင်း {၂၈}
အပိုင်း {၂၉} (Z+U)
Arc 2 အပိုင်း {၃၀} (Z+U)
Arc 2 အပိုင်း {၃၁} (Z+U)
Arc 2 အပိုင်း {၃၂} (Z+U)
Arc 2 အပိုင်း {၃၃} (Z+U)
Arc 2 အပိုင်း {၃၄} (Z+U)
Arc 2 အပိုင်း {၃၅} (Z+U)
Arc 2 အပိုင်း {၃၆}(Z+U)
Arc 2 အပိုင်း {၃၇}(Z+U)
Arc 2 အပိုင်း {၃၈} (Z+U)
Arc 2 အပိုင်း {၃၉}(Z+U)
Arc 2 အပိုင်း {၄၀}(Z+U)
Arc 2 အပိုင်း {၄၁} (Z+U)
Arc 2 အပိုင်း {၄၂} (Z+U) One
Arc 2 အပိုင်း {၄၂} (Z+U) Two
Arc 2 အပိုင်း {၄၃} (Z+U)
အပိုင်း {၄၄} (Z+U)
အပိုင်း {၄၅} (Z+U)
Arc 3 အပိုင်း {၄၆} (Z+U) One
Arc 3 အပိုင်း {၄၆} (Z+U) Two
Arc 3 အပိုင်း {၄၇} (Z+U)
Arc 3 အပိုင်း {၄၈} (Z+U)
Arc 3 အပိုင်း {၄၉} (Z+U)
Arc 3 အပိုင်း {၅၀} (Z+U)
Arc 3 အပိုင်း {၅၁} (Z+U)
Arc 3 အပိုင်း {၅၃} (Z+U)
Arc 3 အပိုင်း {၅၄} (Z+U)
Arc 3 အပိုင်း {၅၅} (Z+U)
Arc 3 အပိုင်း {၅၆} (Z+U)
Arc 3 အပိုင်း {၅၇} (Z+U)
Arc 3 အပိုင်း {၅၈} (Z+U) One
Arc 3 အပိုင်း {၅၈}(Z+U) Two
Arc 3 အပိုင်း {၅၉} (Z+U)
Arc 3 အပိုင်း {၆၀} (Z+U)
Arc 3 အပိုင်း {၆၁} (Z+U)
Arc 3 အပိုင်း {၆၂} (Z+U) One
Arc 3 အပိုင်း {၆၂} (Z+U) Two
Arc 3 အပိုင်း {၆၃} (Z+U)
Arc 3 အပိုင်း {၆၄} (Z+U)
Arc 3 အပိုင်း {၆၅} (Z+U)
အပိုင်း {၆၆} (Z+U)
အပိုင်း {၆၇} (Z+U)
အပိုင်း {၆၈} (Z+U)
Arc 4 အပိုင်း {၆၉} (Z+U)
Arc 4 အပိုင်း {၇၀} (Z+U)
Arc 4 အပိုင်း {၇၁} (Z+U)
Arc 4 အပိုင်း {၇၂} (Z+U)
Arc 4 အပိုင်း {၇၃} (Z+U)
Arc 4 အပိုင်း {၇၄} (Z+U)
Arc 4 အပိုင်း {၇၅} (Z+U)
Arc 4 အပိုင်း {၇၆} (Z+U)
Arc 4 အပိုင်း {၇၇} (Z+U)
Arc 4 အပိုင်း {၇၈} (Z+U)
Arc 4 အပိုင်း {၇၉} (Z+U)
Arc 4 အပိုင်း {၈၀} (Z+U)
Arc 4 အပိုင်း {၈၁} (Z+U)
Arc 4 အပိုင်း {၈၂} (Z+U)
Arc 4 အပိုင်း {၈၃} (Z+U)
Arc 4 အပိုင်း {၈၄} (Z+U)
Arc 4 အပိုင်း {၈၅} (Z+U)
Arc 4 အပိုင်း {၈၆} (Z+U)
Arc 4 အပိုင်း {၈၇} (Z+U)
Arc 4 အပိုင်း {၈၈} (Z+U)
Arc 4 အပိုင်း {၈၉} (Z+U)
Arc 4 အပိုင်း {၉၀} (Z+U) One
Arc 4 အပိုင်း {၉၀} (Z+U) Two
Arc 4 အပိုင်း {၉၁} (Z+U)
Arc 4 အပိုင်း {၉၂} (Z+U)
Arc 4 အပိုင်း {၉၃} (Z+U)
Arc 4 အပိုင်း {၉၄} (Z+U)
Arc 4 အပိုင်း {၉၅} (Z+U)
Arc 4 အပိုင်း {၉၆} (Z+U)
အပိုင်း {၉၇} (Z+U)
အပိုင်း {၉၈} (Z+U)
Arc 5 အပိုင်း {၉၉} (Z+U)
Arc 5 အပိုင်း {၁၀၀} (Z+U)
Arc 5 အပိုင်း {၁၀၁} (Z+U)
Arc 5 အပိုင်း {၁၀၂} (Z+U)
Arc 5 အပိုင်း {၁၀၃} (Z+U)
Arc 5 အပိုင်း {၁၀၄} (Z+U)
Arc 5 အပိုင်း {၁၀၅} (Z+U) One
Arc 5 အပိုင်း {၁၀၅} (Z+U) Two
Arc 5 အပိုင်း {၁၀၆} (Z+U)
Arc 5 အပိုင်း {၁၀၇} (Z+U)
Arc 5 အပိုင်း {၁၀၈} (Z+U)
Arc 5 အပိုင်း {၁၀၉} (Z+U)
Arc 5 အပိုင်း (၁၁၀) (Z+U)
Arc 5 အပိုင်း {၁၁၁} (Z+U)
Arc 5 အပိုင်း {၁၁၂} (Z+U)
Arc 5 အပိုင်း {၁၁၃} (Z+U)
Arc 5 အပိုင်း {၁၁၄} (Z+U)
Arc 5 အပိုင်း {၁၁၅} (Z+U)
အပိုင်း {၁၁၆} (Z+U)
အပိုင်း {၁၁၇} (Z+U)
အပိုင်း {၁၁၈} (Z+U)
အပိုင်း {၁၁၉} (Z+U)
Arc 6 အပိုင်း {၁၂၀} (Z+U)
Arc 6 အပိုင်း {၁၂၁} (Z+U)
Arc 6 အပိုင်း {၁၂၂} (Z+U)
Arc 6 အပိုင်း {၁၂၃} (Z+U)
Arc 6 အပိုင်း {၁၂၄} (Z+U)
Arc 6 အပိုင်း {၁၂၅} (Z+U)
Arc 6 အပိုင်း {၁၂၆} (Z+U)
Arc 6 အပိုင်း {၁၂၇} (Z+U)
Arc 6 အပိုင်း {၁၂၈} (Z+U)
Arc 6 အပိုင်း {၁၂၉} (Z+U)
Arc 6 အပိုင်း {၁၃၀}(Z+U)
Arc 6 အပိုင်း {၁၃၁}(Z+U)
Arc 6 အပိုင်း {၁၃၂} (Z+U)
Arc 6 အပိုင်း {၁၃၃} (Z+U)
Arc 6 အပိုင်း {၁၃၄} (Z+U)
Arc 6 အပိုင်း {၁၃၅} (Z+U)
Arc 6 အပိုင်း {၁၃၆} (Z+U)
Arc 6 အပိုင်း {၁၃၇} (Z+U)
Arc 6 အပိုင်း {၁၃၈} (Z+U)
Arc 6 အပိုင်း {၁၃၉} (Z+U)
Arc 6 အပိုင်း {၁၄၀} (Z+U)
Arc 6 အပိုင်း {၁၄၁} (Z+U)
Arc 6 အပိုင်း {၁၄၂} (Z+U)
Arc 6 အပိုင်း {၁၄၃} (Z+U)
Arc 6 အပိုင်း {၁၄၄} (Z+U)
အပိုင်း {၁၄၅} (Z+U)
အပိုင်း {၁၄၆} (Z+U)
အပိုင်း {၁၄၇} (Z+U)
အပိုင်း {၁၄၈} (Z+U)
အပိုင်း {၁၄၉} (Z+U)
အပိုင်း {၁၅၀} (Z+U)
Arc 7 အပိုင်း {၁၅၁} (Z+U)
Arc 7 အပိုင်း {၁၅၂} One (Z+U)
Arc 7 အပိုင်း {၁၅၂} Two (Z+U)
Arc 7 အပိုင်း {၁၅၃} (Z+U)
Arc 7 အပိုင်း {၁၅၄} (Z+U)
Arc 7 အပိုင်း {၁၅၅} (Z+U)
Arc 7 အပိုင်း {၁၅၆} (Z+U)
Arc 7 အပိုင်း {၁၅၇} (Z+U)
Arc 7 အပိုင်း {၁၅၈} (Z+U)
Arc 7 အပိုင်း {၁၅၉} (Z+U)
Arc 7 အပိုင်း {၁၆၀} (Z+U)
Arc 7 အပိုင်း {၁၆၁} (Z+U)
Arc 7 အပိုင်း {၁၆၂} (Z+U)
Arc 7 အပိုင်း {၁၆၃} (Z+U)
Arc 7 အပိုင်း {၁၆၄} (Z+U)
Arc 7 အပိုင်း {၁၆၅} (Z+U)
Arc 7 အပိုင်း {၁၆၆} (Z+U)
Arc 7 အပိုင်း {၁၆၇} (Z+U)
Arc 7 အပိုင်း {၁၆၈} (Z+U)
Arc 7 အပိုင်း {၁၆၉} (Z+U)
Arc 7 အပိုင်း {၁၇၀} (Z+U)
Arc 7 အပိုင်း {၁၇၁} (Z+U)
Arc 7 အပိုင်း {၁၇၂} (Z+U)
Arc 7 အပိုင်း {၁၇၃} (Z+U)
Arc 7 အပိုင်း {၁၇၄} (Z+U)
အပိုင်း {၁၇၅} (Z+U)
အပိုင်း {၁၇၆} (Z+U)
အပိုင်း {၁၇၇} (Z+U)
အပိုင်း {၁၇၈} (Z+U)
အပိုင်း {၁၇၉}ဇာတ်သိမ်းပိုင်း(Z+U)
အချပ်ပို {တစ်}

Arc 3 အပိုင်း {၅၂} (Z+U)

7.7K 1.6K 178
By MinervaDarkling

ခြောက်ခြားဖွယ်ရာ အစုံအလင် (၇)


UNICODE

'လက်ချောင်းပြတ်' ဇာတ်လမ်းထဲမှ ယိုကျင်တစ်ယောက် နူးညံ့ချောမောသော မျက်နှာအောက်တွင် ဖုံးကွယ်ထားသော ကျေနပ်အားရမှုအပြည့်နှင့် ထွက်လာခဲ့သည်။

ဘယ်လောက်ပဲ သူ့အမေက သူ့အတွင်းစိတ်ကို မပြမိစေရန်၊ အထက်တန်းစားလူ​ဖြစ်နေစေရန်၊ ကောက်ရိုးမီးလိုလူများနှင့် ရန်ဖက်မဖြစ်ရန်  သတိပေးစေကာမူ သူသည် အသက်နှစ်ဆယ် စွန်းစွန်းသာ ရှိသေးသည့် လူငယ်လေးဖြစ်သည်။ အောင်မြင်မှုနှင့် အတူကပ်ပါလာသော လက်ခုပ်သံတို့ကို နှစ်သက်လေသည်။

သူ့အမေက သူ့အား ခြောက်ခြားဖွယ်ရာ အစုံအလင် တွင် ဝင်မပြိုင်စေချင်ခဲ့။ အကြောင်းမှာ သူ့အတွက်ကား ရှိုးတွင် ပါဝင်ရခြင်းသည် သိပ်မတန်လှပေ။ ဇာတ်ကားရိုက်ဖို့အတွက် သူ့အမေက သူ့ကို ခေါ်သွားပေး၍ရပြီး ဒီ့ထက် အမှတ်ပို ရှာနိုင်သည်။ ထို့အပြင် အိုင်တမ်အသစ်များလည်း ရနိုင်သည်။ ထိုအမှန်တရားကို နားလည်သည့်တိုင် ပရိသတ်များစွာ သူလိုချင်ပြီး လူတွေ၏ အကိုးကွယ်ကို ခံချင်သေးသည်။ ခြောက်ခြားဖွယ်ရာ အစုံအလင်က အကောင်းဆုံး အခွင့်အရေးပင်။

ပစ္စည်းများရွေးချယ်ရသည့်အခန်းထဲသို့ ယိုကျင် နောက်တစ်ခေါက်ပြန်ရောက်သွားပြီး သူ့မျက်နှာထက်က ကျေနပ်အားရနေသော အပြုံးမှာ ရုတ်တရက် တောင့်သွားသည်။

မီးရောင်မှိန်မှိန်အခန်းထဲတွင် စန္ဒယားကီးတစ်ခုက လေထဲဝဲပျံနေသည်။ ဖြည်းဖြည်းချင်း လည်ပတ်နေကာ တောက်ပသော အရောင်မှိတ်တုတ်စွာ လင်းနေသည်။

ယိုကျင်၏ မျက်နှာတွင် မယုံကြည်နိုင်မှုများပြည့်သွားပြီး ချက်ချင်းပန် အခန်းကို ဝှေ့ကြည့်လိုက်သည်။ အရင်က လက်ချောင်းပြတ်၏ ပုံစံမှာ လုံးဝ မှိန်ကျနေပြီး ယခုတွင်မူ မသိသာတော့သော ပစ္စည်းအပုံထဲတွင် ရှိနေသည်။ ရှင်းပြီးသွားသည့်ပုံပေါ်သည်။

တစ်ခြားတစ်ယောက်က အရင်ဆုံးရောက်လာတာပေါ့?!

ယိုကျင် တစ်ခုခုကို သဘောပေါက်သွားပြီး ဖုန်းကိုခေါင်းငုံ့ကာ ကြည့်လိုက်သည်။ ဤအချိန်တွင် App ၌ မျက်နှာစာတစ်ခုရှိနေသည်။ မျက်နှာစာပေါ်ရှိ 'လက်ချောင်းပြတ်' ဇာတ်လမ်း၏ စာတန်းအောက်တွင် 'သရဲမ၏ ကကြိုး' ဆိုသော စာတန်းအသစ်တစ်ခု ရှိနေပြီဖြစ်သည်။

[ဒုတိယအဆင့် 'သရဲမ၏ ကကြိုး' ပွင့်သွားပါပြီ။ ရိုက်ကွင်းသို့ ပြကွက်သို့ ချက်ချင်း ဝင်ပါမည်လား။]

ထိုစာကြောင်းပေါ်လာသောအခါ ယိုကျင်၏ သွေးများ အေးခဲသွားသည်။ သူ့ထက်ပိုမြန်နေတဲ့သူ ရှိနေတယ်တဲ့လား။

ယွမ့်ဇျဲလား။ မဖြစ်နိုင်ဘူး။ အဲ့ကောင်က ထူးထူးခြားခြားဝှက်ဖဲတွေရှိလောက်ပေမဲ့ အားနည်းပြီး သိပ်မမြန်နိုင်ဘူး။

အဲ့ဒါဆိုရင်...ရှဲ့ချီလား။

တူညီသော ညင်သာသည့် မျက်နှာတစ်ခု ယိုကျင်၏ စိတ်ထဲတွင် ရုတ်ချည်းပေါ်လာသည်။

ယိုကျင် အသက်ရှူရခက်သွားပြီး App နှင့် မချိတ်ဆက်ရခင် အချိန်ကို ပြန်တွေးမိသွားသည်။ အထက်တန်းကျောင်းက အရေးကြီးသော စာမေးပွဲတစ်ခုတွင်ဖြစ်သည်။ သူက အတန်းထဲတွင် အမြဲပထမရသောကြောင့် သူ့အမေက အရမ်းကျေနပ်ခဲ့သည်။ ထို့နောက် ထိုစာမေးပွဲတွင် ခန္ဓာကိုယ်ချို့ယွင်းမှုတစ်ခုကြောင့် ကောင်းကောင်းမဖြေနိုင်ခဲ့ဘဲ အတန်းထဲတွင် ဒုတိယဖြစ်သွားသည်။ ထိုနေ့ည သူအိမ်ပြန်လာသောအခါ သူ့အမေက သူ့အား ရိုက်နှက်ကာ ဆူပူခဲ့သည်။ ညစာမကျွေးဘဲ တစ်ညလုံး အိမ်တံခါးဝတွင် မတ်တပ်ရပ်ခိုင်းခဲ့သည်။

မဖြစ်ဘူး။ သူ ဒုတိယဖြစ်လို့မရဘူး။

ယိုကျင်၏ မျက်လုံးထဲ ကြောက်ရွံ့မှုက ဖြတ်ပြေးသွားသည်။

ထိုသူက ဇာတ်ကောင် အစပျိုးခြင်းကို လက်လျှော့ပြီး အချိန်ပိုယူလိုက်တာပဲ ဖြစ်ရမည်။ ယိုကျင် အတင်းကိုယ့်စိတ်ကိုယ် ထိန်းလိုက်သည်။ ခြောက်ခြားဖွယ်ရာ အစုံအလင်တွင် အမှတ်မြင့်မှာ အလျင်ပေါ်တွင် မဟုတ်ဘဲ အချို့ လုပ်ဆောင်မှုများနှင့် လုပ်နိုင်စွမ်းပေါ်တွင် မူတည်ခြင်းဖြစ်သည်။

လုံးဝ စိတ်သက်သာရာရသွားကာ ယိုကျင် နှာခေါင်းရှုံ့လိုက်သည်။ ယခုဆိုလျှင် သူလည်း စည်းမျဥ်းတွေနှင့် အသားကျသွားပြီး ပထမအဆင့်ကို ရှင်းနိုင်လိုက်သောသူက သူ့ထက် နည်းနည်းလေးသာ ပိုမြန်သွားခြင်းဖြစ်သည်။ ဒါက ဘာကိုပြသလဲ။ နောက်မှာ အဆင့်တွေ အများကြီး ကျန်နေသေးတယ်။

ယိုကျင် ဆက်ပြီး အချိန်မဆွဲတော့ဘဲ ဒုတိယအဆင့်ကို စိန်ခေါ်လိုက်သည်။

[အမှန်တိုင်းပြောရရင် နတ်ဘုရားကျင်ကို ငါ နည်းနည်းစိတ်ပျက်သွားတယ်။ ဒီအဆင့်ကို နိုင်သွားပေမယ့်...သာမန်ပဲပြောရမလား။ ကြောက်ကလည်း ကြောက်သေး။ နတ်ဘုရားဆိုတဲ့ စကားလုံးနဲ့ မထိုက်တန်ဘူး။]

[ဒါက ယှဥ်ပြိုင်ရတဲ့ ရသစုံရှိုးလေ။ ဒုတိယနေရာဆိုတာ ဘာမှမဟုတ်ဘူး။ ]

[ဒါ အစပဲရှိပါသေးတယ်။ စွတ်ပြောမနေနဲ့။ နောက်မှ မျက်ခွက်ဖြတ်ရိုက်ခံရမှာ မကြောက်ဘူးလား။]

[နတ်ဘုရား ကျင်တဲ့လား။ အိုင်တမ်လူသားလေ။ သူ့မေမေဘေးက ခွာလိုက်တာနဲ့ ခွန်အားတွေလည်း ချက်ချင်းကို ကျသွားတာပဲ။]

******

ရှဲ့ချီ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ မျက်နှာကြက်နှင့် နီးသော ခုတင်တစ်ခုပေါ်တွင် အိပ်နေသည်ကို တွေ့လိုက်ရသည်။

ရှဲ့ချီ ထထိုင်လိုက်သည်။

အသံတစ်ခုထွက်လာကာ ​မှောင်နေသည့်အခန်းထဲတွင် စားပွဲတင်မီးအိမ်မှ မီးလင်းသွားသည်။ ထပ်ဆင့်ခုတင်များရှိသော ကျောင်းအဆောင်ထဲတွင် သူရောက်နေသည်ကို ရှဲ့ချီ သဘောပေါက်လိုက်သည်။ စားပွဲတင်မီးအိမ်က အခန်းထဲရှိ မြင်ကွင်းကို လင်းပေးနေသည်။ ကောင်လေး လေးယောက်နေသော လေးယောက်အဆောင်ခန်းဖြစ်သည်။ သူ့အပြင် နောက်ထပ်ကောင်လေး သုံးယောက်ရှိသည်။ မီးအိမ်၏ မီးရောင်မှိန်မှိန်အောက်တွင် ကောင်လေး သုံးယောက်၏ မျက်နှာများမှာ မှောင် မည်းနေသည်။

ရှဲ့ချီ သူ့ခန္ဓာကိုယ်သူ ငုံ့ကြည့်လိုက်သည်။ အိပ်ရာပေါ်တွင် လှဲအိပ်နေသော်လည်း ကောင်းကောင်းဝတ်စားထားသည်။ အပြာနှင့်အဖြူရောင်စပ်သော လက်တိုရှပ်အင်္ကျီနှင့် အပြာရောက် ဘောင်းဘီကို ဝတ်ထားသည်။

ကျောင်းဝတ်စုံဖြစ်ပုံပေါ်သည်။ ဒီတစ်ခါတော့ သူ၏ ဇာတ်ကောင်မှာ ကျောင်းသားဖြစ်သည်။ ရှဲ့ချီ ဖုန်းကိုကိုင်ကာ စခရင်န်ကို ဖွင့်လိုက်ပြီး ဖုန်းမှန်မှ မီးနှင့် သူ၏ ရင်ဘတ်ကို ဓာတ်ပုံရိုက်လိုက်သည်။ "ပေလု အထက်တန်းကျောင်း" ဟု ကျောင်းတံဆိပ်အောက်တွင် ရေးထားသည်။

သူက အထက်တန်းကျောင်းသားပဲ။ အိပ်ရာပေါ်တွင်လည်း နာမည်ကတ်တစ်ခုရှိသည်။ ရှဲ့ချီ၊ အခန်း ခြောက်၊ ဒုတိယနှစ်။

ဒုတိယနှစ်ပဲ။

ရှဲဲ့ချီ စဥ်းစားနေသည့်အချိန်တွင် လိမ္မော်သီးနှင့် အပေါက်ခံလိုက်ရသည်

"ချီ၊ အောက်ဆင်းလာခဲ့တော့။ စုန်းမကြီး ထွက်သွားပြီ။ ခုတင်တွေကို စစ်ဖို့ ပြန်မလာလောက်တော့ဘူး။ သရဲအကြောင်းတွေ ဆက်ပြောရအောင်။" လိမ္မော်သီးပစ်လိုက်သော ကောင်လေးက ထပ်တိုးတိုး ပြောလာသည်။ သူ၏ စိတ်လှုပ်ရှားနေသော မျက်လုံးများက ညအချိန်တွင် ထူးထူးခြားခြားကို တောက်ပနေသည်။

ရှဲ့ချီ လိမ္မော်သီးကို ကိုင်ကာ စောင်ထဲမှ ထွက်လိုက်သည်။ လှေကားကိုကိုင်ကာ အသာခုန်ဆင်းလိုက်ပြီး ကြမ်းပြင်ပေါ်ရောက်သွားသည်။ ဘေးတစ်ဖက်မှ နောက်မှီပါသည့် ထိုင်ခံကို ဆွဲယူကာ ခြေချိတ်ထိုင်ပြီး နောက်မှီပေါ် မေးတင်ကာ သရဲအကြောင်း နားထောင်ရန် စောင့်နေလိုက်သည်။

အဆောင်ခန်းထဲရှိ နောက်ကောင်လေးနှစ်ယောက်လည်း ခိုးလုပ်ရသည့် စိတ်လှုပ်ရှားမှု မျက်နှာထက်တွင် အပြည့်နှင့် အမြန်ရောက်လာသည်။ အားလုံး အလွန်ငယ်ရွယ်သော မျက်နှာလေးတွေ ရှိကြသည်။

"အကုန်လုံး ငယ်နုနေတာပဲ။" ရှဲ့ချီ စောင့်နေရင်း သက်ပြင်းချလိုက်သည်။ "ကျွန်တော် ပထမနှစ်တုန်းက သူတို့ထက် ပိုငယ်ပြီးနုတယ်ထင်တာပဲ။"

"......" ရှဲရှင်းလန် တည်ငြိမ်စွာပြောလိုက်သည်။ "ဘယ်တစ်ယောက်လဲမသိပါဘူး။ အသက် ၁၂ နှစ်ပဲ ရှိသေးပြီးတော့ ကလေးသွားလေးတွေနဲ့ နုငယ်နေတာပဲ​လေ။ အရပ်က ​လေးပေခွဲအောက်။ အိမ်မှာ အဲ့တစ်ယောက်ရဲ့ အရပ်ကို တိုင်းထားတဲ့ အမှတ်အသားတွေ အခုထိရှိသေးတယ်။"

ရှဲ့ချီ နင်သွားပြီး ချက်ချင်းပင် စကားလွှဲလိုက်သည်။ "....ဒီကျောင်းရဲ့ အခြေအနေက တော်တော်ကောင်းတာပဲ။ လေးယောက် အိပ်နေတာ တစ်ယောက်မှ အောက်အဆင့်မှာ မနေရတဲ့အပြင် လေအေးပေးစက်လည်းရှိသေးတယ်။"

ရှဲ့ရှင်းလန် ရယ်လိုက်သည်။

ရှဲ့ချီမှာ ထိုရယ်သံထဲရှိ လှောင်သံကိုကြားလိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ "ကျွန်တော် အရွယ်ရောက်လာတာကို ကြည့်ရတာ ကောင်းတယ်လေ။ ညဥ့်ဧကရာဇ်ကြီးရဲ့ အောက်ဖဲတွေကို ကျွန်တော်လှန်ပေးရဦးမလား၊ ဟင်။"

ဒီတစ်ခါတော့ ရှဲ့ရှင်းလန် ချောင်းအတော်ဟန့်လိုက်ရသည်။

"ဂိမ်းစလိုက်ရတာ ပျော်တယ်မလား။" ရှဲ့ချီ သူ၏ မျက်ခုံးများကို အသာပင့်လိုက်သည်။ "ကိုကို့ရဲ့ ညီညီလေး ရှောင်ချီက အခုဆို ရုပ်ကလည်းချောပြီး ခြေတံလည်းရှည်တယ်။ မိန်းကလေးတွေ သန်း ၉၀၀ လောက်ရဲ့ အိပ်မက်ထဲကချစ်သူလေးပါနော်။ "

ရှဲ့ရှင်းလန် ပျင်းရိစွာပြောလိုက်သည်။ "မိန်းကလေးတွေ သန်း ၉၀၀ လောက်ရဲ့ အိပ်မက်ထဲက ချစ်သူလေးကို ခုတင်ပေါ်မှာ အနိုင်ကျင့်မှာက ကိုယ်လေ။"

"......" ရှဲ့ချီ ပါးစပ်ပိတ်သွားပြီး သေချင်ယောင်သာ ဆောင်လိုက်တော့သည်။

လိမ္မော်သီးပစ်လိုက်သော ကောင်လေးမှာ လူစုံသွားသည်ကိုတွေ့ပြီး အာရုံစိုက်ခံရရန် ချောင်းနှစ်ချက်ဟန့်လိုက်သည်။ "ငါအခု စပြောတော့မှာမို့ ဖြတ်မ​ပြောကြနဲ့။ မဟုတ်ရင် သရဲမက လိုက်ခြောက်လိမ့်မယ် ဟီးဟီးဟီး။"

ကောင်လေးက ခပ်ပေါပေါရယ်လိုက်သောအခါ ကျန်လူများလည်း ချက်ချင်းလိုက်ရယ်ကြပြီး ဝိုင်းပြီး မေတ္တာပို့လိုက်သည်။ ထို့နောက် ရှဲ့ချီ၏ ဖုန်းက မြည်လာသည်။

[ဤဇာတ်လမ်းအတွက် App မှ ညွှန်ကြားချက်အတိုင်း လိုက်နာပါ။]

[သင်သည် ပေလုအထက်တန်းကျောင်းတွင် ဒုတိယနှစ်ကျောင်းသားဖြစ်သည်။]

[ဤဇာတ်လမ်ထဲတွင် ဇာတ်ကောင်၏ စရိုက်ပုံစံမှာ အရေးမကြီးပါ။ လွတ်လပ်စွာ လုပ်ကိုင်နိုင်သည်။ သတိထားရန်နှင့် မဖြစ်မနေလုပ်ဆောင်မှကို ဖြစ်မည့်အရာမှာ - သင်သည် မိန်းကလေးတစ်ယောက်အား လွန်စွာ ချစ်ခင်နှစ်သက်နေသည်။]

[ဇာတ်လမ်းက လိုအပ်သည်မှာ:အသက်ရှင်ရန်]

[အခန်း (၁) သရဲမ၏ မူလအစ။ နောက်တစ်ခန်းသို့ မသွားမီ သင့်အခန်းဖော် ပြောပြနေသော ဇာတ်လမ်းအား သရုပ်ဆောင်သည် ဆိတ်ငြိမ်စွာ နားထောင်နေရပါမည်။]

[ပထမအခန်း တရားဝင် စတင်ပါပြီ။]

*******

ကောင်လေးက အသံကို တိုးလိုက်သည်။ "ငါတို့ကျောင်းဟောင်းကြီးရဲ့ ပြဇာတ်ရုံကြီးကို ဘာလို့ ပိတ်ထားကြတာလဲ မင်းတို့ မသိချင်ဘူးလား။ ဘွဲ့ရသွားတဲ့ ငါ့အသိ စီနီယာတစ်ယောက်က သူ ပထမနှစ်တုန်းက ဖြစ်သွားခဲ့တာကို ပြောပြဖူးတယ်။"

မီးအိမ်အောက်တွင် ကောင်လေး၏ မျက်နှာမှာ ထူးဆန်းနေသည်။ "အဲ့အကြောင်းမပြောကြဖို့ ကျောင်းမှာ ကျောင်းသားတွေကို တားမြစ်ထားတာ။ ကြားလို့ရှိရင် ကျောင်းသားခေါင်းဆောင်တွေက အပြစ်လာပေးလိမ့်မယ်။ အဲ့ဒါကြောင့် အမှန်တရားကို သိခွင့်ပေးတဲ့ ငါလေးကို မင်းတို့ ကျေးဇူးတင်သင့်တယ်။"

နားထောင်နေသော သုံးယောက်မှာ စိတ်မရှည်တော့။

ကောင်လေးမှာ ဇာတ်လမ်းအကြောင်း ကောင်းကောင်းဆွဲဆောင်ပြီးပြီမို့ ရယ်လိုက်သည်။ နောက်ဆုံးတော့ အဓိက အချက်ကို တန်းပြောတော့သည်။ "ဒီကိစ္စက လွန်ခဲ့တဲ့ နှစ်နှစ် ကျောင်းဆင်းကပွဲမှာ စခဲ့တာကွ။"

********

ပေလု အထက်တန်းကျောင်းသည် အချက်ချာကျသည့် အထက်တန်းကျောင်းဖြစ်သော်ငြား စာချည်း ပိတ်သင်သည့်စနစ်ကို မသုံးပေ။ ကျောင်းသားများ၏ အလုံးစုံတိုးတက်မှုနှင့် သဘာဝအတိုင်း လွတ်လပ်မှုအပေါ် အဓိကထားသည်။ ထို့ကြောင့် ပေလု အထက်တန်း ကျောင်းတွင် ကျောင်းတွင်းလှုပ်ရှားမှုပေါင်းစုံ ရှိလေသည်။ နှစ်စဥ်ကျောင်းဆင်းကပွဲမှာ အထူးခမ်းနားပြီး မရေမတွက်နိုင်သော အတန်းငယ်ကျောင်းသားများ အလိုချင်ကြဆုံးလည်း ဖြစ်သည်။ ရှည်လျားပျင်းရိဖွယ်ကောင်းသော အထက်တန်းကျောင်းသားဘဝကို ခုန်ကျော်ပစ်လိုက်ပြီး ဘဝ၏ နောက်တစ်ဆင့်သို့ မတက်လှမ်းကြခင်တွင် အိပ်မက်ထဲက ကပွဲကို တက်ခွင့်ရရန် စိတ်အားထက်သန်ကြလေသည်။

ဇာတ်လမ်း၏ ဇာတ်လိုက်မှာ ကျန်ဝေဟု အမည်ရသည်။ ကျောင်း၏ အလှဆုံးမိန်းကလေးဖြစ်ပြီး အတော်ဆုံးကျောင်းသူလည်း ဟုတ်သည်။ အဆင့်များကောင်းပြီး၊ ဖြူစင်သည့် ရုပ်ရည်၊ ချမ်းသာသောမိသားစုနှင့် ဘက်စုံတော်သည်။ ပြီးပြည့်စုံလုနီးပါးဟုပင် ပြော၍ရသည်။ မင်းသမီးလေးတစ်ပါးဖြစ်လာရန် ပြည့်စုံသော်လည်း မောက်မာခြင်းမရှိသောကြောင့် နာမည်ကြီးလေသည်။

ကျန်ဝေသည် အကတွင် အထူးချွန်ဆုံးဖြစ်ပြီး သူမ၏ အိပ်မက်မှာ ကချေသည်ဖြစ်လာရန်ဖြစ်သည်။

ကျန်ဝေတွင် သူမလိုပင် ထူးချွန်ပြီး ကျောင်း၏ အချောဆုံးဖြစ်သော ချစ်သူကောင်လေးရှိသည်။ သူက စန္ဒယားတီးတတ်ပြီး ကျန်ဝေက ကနိုင်သည်။ နေဝင်သွားသောအခါ ကျောင်းသားများသည် အကခန်းမ သို့မဟုတ် စန္ဒယားခန်းမဆီမှ ချိုမြိန်ပြီး ချစ်ဖွယ်ရာကောင်းသည့် စန္ဒယားသံကို ကြားရလေ့ရှိပြီး ကျော့ရှင်းစွာ ကနေသော ကျန်ဝေကို တွေ့နိုင်လေသည်။

သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ အများသူငှာအကုန် အားကျမနာလိုစရာပင်။ ဘယ်နေရာမှကြည့်ကြည့် ကျန်ဝေသည် ဘဝတွင် အနိုင်ရသူတစ်ယောက်ပင်။ အနည်းဆုံးတော့ မီးမလောင်ခင်ကအထိပေါ့...

အိမ်ဖော်၏ သတိလက်မဲ့ဖြစ်မှုကြောင့် အိမ်တွင် မီးအကြီးအကျယ်လောင်ခဲ့သည်။ ထိုအချိန်တွင် ကျန်ဝေတစ်ယောက်တည်းသာ အိမ်တွင် ရှိနေခဲ့သည်။ ကံကောင်းထောက်မစွာနှင့် ကျန်ဝေသည် မီးထဲမှ လွတ်ခဲ့သော်လည်း မျက်နှာမှာ လုံးဝ ပျက်စီးသွားခဲ့သည်။ လက်ရှိ ဆေးပညာမှာ အပြင်းအထန် မီးလောင်ဒဏ်ရာရထားသော ကျန်ဝေအား ကုသမပေးနိုင်ခဲ့ပေ။ သူမတွင် ပိုက်ဆံမည်မျှရှိရှိ အခုချိန်မှစပြီး ကျန်ဝေမှာ ကြောက်မက်ဖွယ်ရာ မျက်နှာကြီးနှင့် နေရတော့မည်ဖြစ်သည်။

ဆေးရုံ၌ သူမ အသက်လုနေရသည့်အချိန်တွင် သူမ၏ ချစ်သူမှာ တစ်ကြိမ်သာလျှင် လာခဲ့သည်။ လက်ထဲတွင် ပန်းစည်းကို ကိုင်လာခဲ့သော်လည်း ကျန်ဝေ၏ မီးကျွမ်းထားသော မျက်နှာကို တွေ့သောအခါ၌ အံ့ဩသွားခဲ့သည်။ မတ်ရပ်လာခဲ့သော်လည်း လဲလျက်ပြန်ထုတ်သွားခဲ့ရသည်။

ထိုအချိန်မှစပြီး သူမ၏ကောင်လေးမှာ လုံးဝ ရောက်မလာခဲ့တော့။ ကျန်ဝေမှာ သူ့ကိုတွေ့ရန် ကျောင်းသို့ အမြန်ပြန်သွားချင်ခဲ့ပြီး သူမ၏ ရင်တွင်းခံစားချက်များကို သူ့အားထုတ်ပြောချင်မိခဲ့သည်။ ထိုအချိန်၌ သူမချစ်သူ၏ ချစ်ရိပ်ရွှန်းသော မျက်ဝန်းများနှင့် ရင်ထဲထိစေသော စကားလုံးများသာလျှင် နှလုံးကွဲကြေမတတ်ဖြစ်နေသော သူမအား နှစ်သိမ့်ပေးနိုင်မည်ဖြစ်သည်။

အကြိမ်ကြိမ်အခါခါ သေလုနီးပါးအခြေအနေတွင် ရုန်းကန်ခဲ့ရပြီးနောက် သေခြင်းမှ လွတ်သွားခဲ့သည်။ အမြန်ပင် ပြန်ကောင်းလာခဲ့သော်လည်း သူမ မျက်နှာပေါ်ရှိ ဒဏ်ရာများနှင့် နှလုံးသားမှာ ကုသရန် ခက်ခဲလှသည်။

ဆေးရုံရှိ ပြင်သစ်ပြတင်းပေါက်များရှေ့တွင် အမြဲတမ်း အနက်ရောင်ပုဝါစနှင့် မျက်နှာကို ဖုံးထားကာ ဇာပုဝါအောက်ရှိ ဝမ်းနည်းနေသော မျက်လုံးများနှင့် အောက်ကို ငုံ့ကြည့်နေလေ့ရှိသည်။ တစ်နေ့လယ်ခင်းလုံး ထိုအတိုင်းသာ မတ်တပ်ရပ်နေပြီး တောက်ပသောနေမင်းကြီး ဖြည်းဖြည်းချင်း ဆည်းဆာနေဖြစ်သွားသည်ကို ကြည့်နေခဲ့သည်။

သူမချစ်သူ၏ အလာကို စောင့်မျှော်နေမှန်း မိဘနှစ်ပါးကသိသည်။ နှစ်ယောက်လုံး ဘွဲ့ရကြတော့မည်ဖြစ်ပြီး နိုင်ငံခြားတွင် အတူတူစာသွားသင်ရန် သဘောတူထားခဲ့ကြသည်။ အနာဂတ်အတွက် နှစ်လိုမှုများအပြည့်ရှိခဲ့ကြသည်။ ကျန်ဝေသည် အမြဲတမ်း ဘာလို့ သူက လာမတွေ့ရတာလဲဟု တတွတ်တွတ်မေးနေတတ်သည်။

သူတို့၏ သမီးလေးသည် မှန်ကာအဆောက်အအုံထဲရှိ နုငယ်သောပန်းလေး၊ လောကဓံများနှင့် အဝေးဆုံးနေရာရှိ ဖန်ခဲလေးဖြစ်သည်ကို သူမ၏ မိဘများကသိသည်။ သူမက နုနယ်ပြီး လှပသည်။ ဤအချိန်တွင် ဘယ်လိုရိုက်ချက်ကိုမှ ခံနိုင်လိမ့်မည်မဟုတ်ပေ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြောင့် အရမ်းအလုပ်ရှုပ်နေ၍ ကောင်လေးမှာသူမကို လာတွေ့ရန်အချိန်မရှိ ဟူ၍ အကြိမ်ကြိမ် လိမ်ပြီးရင် လိမ်ထားဖို့ရာသာလျှင် သူတို့ ရွေးချယ်နိုင်သည်။

ကျန်ဝေ ကျောင်းသို့ပြန်သွားခဲ့သောနေ့မှာ ကျောင်းဆင်းကပွဲမတိုင်မီ ရက်အနည်းငယ်အလိုတွင် ဖြစ်သည်။ ကျောင်းက အလွန်နားလည်ပေးသည်။ ကျန်ဝေ၏ အခြေအနေကို ထည့်သွင်းစဥ်းစားပေးကာ ကျောင်းဆင်းကပွဲအား မျက်နှာဖုံးတပ်ကပွဲ အဖြစ် ပြောင်းပေးလိုက်သည်။ ဘွဲ့ရကျောင်းသားများအားလုံးသည် မျက်နှာဖုံးများ တပ်ကြပြီး မျက်လုံးများသာလျှင် ဖော်ထားကြမည်ဖြစ်သည်။

ဤသည်က ကျောင်း၏ စေတနာဖြစ်ပြီး ကျန်ဝေလည်း အရမ်းကျေးဇူးတင်မိလေသည်။ လူ့အဖွဲ့အစည်းထဲ တစ်ခါမှ မရောက်ဖူးသောကြောင့် လူတစ်ယောက်၏ ယုတ်ညံ့သော စိတ်နှလုံးကို မတွေ့ကြုံခဲ့ဖူးပေ။ လူတိုင်းသည် ကြင်နာပြီး ရိုးသားသည်ဟုသာ သူမ ယုံကြည်ခဲ့သည်။

သူမ၏ အတန်းသားများကို လအနည်းငယ်ကြာပြီးနောက် ပြန်တွေ့သည့်အခါမှသာလျှင် သူတို့ ပြောင်းလဲကုန်ကြသည်ကို သိလိုက်ရသည်။ သူတို့၏ အတင်းဖျင်းစကားများနှင့် သရော်နေသော မျက်လုံးများက သူမအား ပြိုလဲစေမတတ်ပင်။ ထူထဲသော အနက်ရောင် ခြုံထည်ပုဝါက ထိုသူတို့၏ ရက်စက်မှုအား မကာကွယ်ပေးနိုင်ခဲ့။

ကျန်ဝေသည် သူမ မိဘများထံ မရေမတွက်နိုင်အောင် ငိုခဲ့သည်။ ထိုသူတွေ တစ်ဦးတစ်ယောက်ကိုမှ သူမ ဒုက္ခမပေးခဲ့ဖူးသည့်အပြင် အများစုကို သူမ ကူညီခဲ့ဖူးသည်။ အဲ့ဒါတောင်မှ နောက်ဆုံးတွင် သူတို့ကပဲ ညှာတာမှုမရှိ သူမကို နာကျင်စေပြီး သူမ အနာကျင်ရဆုံး နေရာကို ထိုးနှက်ခဲ့ကြသည်။

သူမ၏ မိဘများသည်လည်း ကူကယ်ရာမဲ့ ဘဝကို ခံစားရပြီး ကျန်ဝေကို ပွေ့ဖက်ကာ နှစ်သိမ့်ပြီးရင်း နှစ်သိမ့်နေရုံသာ တတ်နိုင်သည်။ သို့သော် တိတ်တဆိတ်တော့ ငိုကျွေးကြလေသည်။ ညတွင်းချင်းပင် အိုမင်းသွားကြကာ သူတို့၏ ဆံပင်များတွင် ဆံပင်ဖြူများပေါ်လာသည်။

ကျန်ဝေမှာ ခါးသီးစွာသာ ငိုနေပြီး ဘာလို့လဲ ဟုသာ ဆက်တိုက်မေးနေသည်။ သူမ၏ မိဘများသည်လည်း ထူးချွန်ခြင်းက မှားသည်၊ ခြားနားခြင်းက မှားသည်ဟုသာ မျက်ရည်များနှင့် ပြောနိုင်ရှာသည်။ ဒဏ်ရာ၏ အရင်းမြစ်မှာ မနာလိုစိတ်ဖြစ်သည်။ ကျန်ဝေသည် သူမ၏ ချစ်သူကောင်လေးကို တွေ့မိသည့်အချိန်မတိုင်ခင်အထိ ထိုအကြောင်း နားမလည်ခဲ့ပေ။

သူမသည် သူမ၏မျက်နှာ၊ အတန်းသားများ၏ အားကျစိတ်နှင့် ကချေသည်တစ်ယောက်ဖြစ်လာရန် အိပ်မက်တို့ကို ဆုံးရှုံးလိုက်ရသည်။ ကျန်ဝေသည် သူမ၏ ချစ်သူအား လောကကြီးသည် ထိုက်တန်ပါသေးသည်ဟု သက်သေပြပေးမည့် နောက်ဆုံးကြိုးဖြစ်သည်ဟု ယုံကြည်ထားသည်။ သို့သော်လည်း သူမကို အမြဲငြင်းပယ်ကာ အလုပ်ရှုပ်နေသည်ဟု ပြောခဲ့သော ကောင်လေးကို သူမတွေ့လိုက်ရသည်။ သူက သူတို့ အရင်က ချစ်ကြည်နူးစွာစကားပြောခဲ့ကြဖူးသည့် စန္ဒယားခန်းထဲတွင် တစ်ခြားကောင်မလေးတစ်ယောက်အား နမ်းနေခဲ့သည်။

ကျန်ဝေတောင့်သွားကာ သူမတစ်ကိုယ်လုံးရှိ သွေးများ​အေးခဲသွားခဲ့သည်။ သူမ ဘယ်တော့မှ ပြန်တက်မလာနိုင်တော့မည့် အဆုံးမရှိသော အအေးခန်းထဲသို့ ပြုတ်ကျသွားသည်ဟု ခံစားလိုက်ရသည်။ သေမင်းနှင့် ယှဥ်တိုက်နေရသည့် ညပေါင်းများစွာတွင် သူမချစ်သူနှင့် ပြန်တွေ့ရမည့်ရက်ကို မျှော်လင့်နေခဲ့သည်။ ဤအတွက် အသက်ရှင်ခဲ့သော်ငြား ဒီလိုမျိုး အရွဲ့တိုက် လှောင်ပြောင်​​​​နေသည့်မြင်ကွင်းကို မြင်လိုက်ရသည်။

ဒီအချစ်က ထူးကဲပြီး သူမတစ်ယောက်တည်းအတွက်သာဟု တွေးမိခဲ့ဖူးသည်။ ဤအချိန်တွင်မှ သူမ၏ မူလအရည်အသွေးများကို ဆုံးရှုံးလိုက်ရပါက သူမကို စွန့်ပစ်သွားကြမည်ကို သဘောပေါက်သွားသည်။ အကြောင်းသည် သူမ၏ ချစ်သူ သဘောကျသည်က 'လှပ၊ ချမ်းသာ၊ ထက်မြက်ပြီး ဘက်စုံတော်သည့် ကျန်ဝေ' ကို ဖြစ်သည်။ 'ကျန်ဝေ' ကိုသာလျှင် မဟုတ်ခဲ့ပေ။

ထိုကောင်မလေးသည် ဆင်းရဲ၊ စာညံ့ပြီး ဘာထူးခြားမှုမှမရှိပေ။ သူမ၏ မျက်နှာ​သာလျှင် ပန်းပွင့်လေးအလား လှပလေသည်။ ဤသည်က ကျန်ဝေ၏ ကောင်လေးကို ထပ်ပြီး ချစ်သွားစေခဲ့ပြီး အရှက်မရှိစွာနှင့် ချစ်ကြည်နူးစွာ ထိုကောင်မလေးအား တစ်ခါက ကျန်ဝေကိုပြောခဲ့ဖူးသော အချစ်စကားများကို ပြောနေခဲ့သည်။

သူ၏ အချစ်က စျေးပေါသော်လည်း ကျန်ဝေသည် တစ်ခါက ထိုသည်ကို ရတနာဟု သတ်မှတ်ခဲ့ဖူးသည်။ သူများတွေ၏ ချစ်ခြင်းကို မျက်မြင်တွေ့နေရသော ဟာသမြောက် လူပြက်နှင့်ပင် တူနေသေးသည်။ မနာလိုမှုနှင့် ပက်သက်ပြီး သူမ၏ မိဘများပြောခဲ့ဖူးသည်ကို နောက်ဆုံးတော့ နားလည်သွားခဲ့သည်။ လက်စသတ်တော့ သူ့ကို မနာလိုနေကြတဲ့လူတွေက ဒီလိုမျိုး ဖြစ်နေခဲ့ကြတာကိုး။

မနာလိုရသည့် ခံစားချက်သည် အလွန်ချဥ်စူးပြီး ခါးသီးသည်။ သူမကို လွှမ်းမိုးကာ အထူးသဖြင့် ထိုလူဆိုးမက တမင် ရန်စသည့်အကြည့်နှင့် ကြည့်လာသောအခါ သူမကို သွက်သွက်ခါသွားစေသည်။ ရဲတင်းလိုက်တာ။ သူက ဘယ်လိုလုပ် ကျန်ဝေနဲ့ ယှဥ်နိုင်မှာလဲ။

မဟုတ်ဘူး။ ဝမ်းနည်းကြေကွဲနေသော ကျန်ဝေမှာ သူမ၏ လှပသောမျက်နှာကို ထာဝရဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း သတိရလိုက်သည်။ သူမက တကယ်ကို အဲ့ဒီချောမောတဲ့ ကောင်မလေးအောက် နိမ့်ကျပြီး သူမ၏ မာနကို နင်းချေခံလိုက်ရသည်။

ဘာလို့ သူက ဒီလိုတွေကြုံနေရတာလဲ။ သူ ဘာအမှားမှ မလုပ်ထားဘူးလေ။ ဘာလို့ အပြစ်ပေးခံရမှာလဲ။ ကျန်ဝေ၏ စိတ်ထဲတွင် မရေမတွက်နိုင်သော 'ဘာလို့လဲ' များ ရှိနေသည်။

သူမ ရူးသွားပြီး သူ့ကို မေးရန် ရှေ့သို့ အပြေးသွားလိုက်သည်။ သူမကောင်လေး၏ မျက်လုံးထဲရှိ ရွံရှာမှုနှင့် တစ်ခြားကောင်မလေးဘက်ပါပြီး ကာကွယ်ရန် မတုံ့ဆိုင်းသည့် ပုံမှာ သူမ၏ ကြင်နာမှုနှင့် မျှော်လင့်ချက်ကို အပြိီးတိုင် ရိုက်ချိုးသွားခဲ့သည်။

ထိုသည်က သူမကို ပြိုလဲစေသည့် နောက်ဆုံးကြိုးပင်။ ကျန်ဝေ၏ အပြုံးမှာ ဖြည်းဖြည်းချင်း ပုံပျက်လာသည်။ သူက မကောင်းလို့ ဘယ်သူမှ သူ့အတွက် မတွေးပေးကြ။ ဘာလို့ ကြင်နာမှုက မျက်နှာပုံပျက်စေခဲ့ပြီး သစ္စာဖောက်ခံလိုက်ရတဲ့အချိန် ယုတ်ညံ့တဲ့သူတွေက ရှေ့ဆက်ပြီး အသက်ရှင်နိုင်ကြတာလဲ။ သူမ တော်သင့်ပြီ။ ရုတ်တရက် လူသားတို့၏ ဗီဇက မကောင်းဟု သူမ ယုံကြည်သွားသည်။

ကျောင်းမှပြန်လာသောအခါ ကျန်ဝေ လုံးဝပြောင်းလဲသွားသည်ကို သူမ၏ မိဘများ တွေ့လိုက်ရသည်။ ငိုတာတွေ ညည်းတာတွေ ရပ်သွားသည်။ သူမ၏ မျက်လုံးများတွင် အေးစက်မှုနှင့် ထိုင်းမှိုင်းမှုတို့ ပြည့်နေသည်။ တစ်ခုခုကို စီစဥ်နေပုံရသည်။ သူမ၏ ကမ္ဘာပျက်စီးသွားမည့်အတိုင်း စကားလုံးဝမပြောပေ။ မကြာခဏဆိုသလိုပင် သူမ၏ မိဘများကို အကြီးအကျယ် ရန်လိုမှုများပင် ပြလေသည်။

သူမ မိဘများ၏ ကြောက်ရွံ့မှုမှာ သိပ်မကြာလိုက်ရ။ တောက်ပသည့် နံနက်ခင်းတစ်ခုတွင် ကျန်ဝေသည် ကျောင်းဆင်းကပွဲသို့ သွားခဲ့ပြီး လုံးဝပြန်မလာခဲ့တော့။

ထို့နေ့တွင် သူမသည် အနက်ရောင် ဂါဝန် နှင့် အနက်ရောင် ခြုံထည်ပုဝါကို ဝတ်ထားသည်။ သူမ၏ သေဆုံးသွားသောအနာဂတ်နှင့် ပြန်ဆယ်ယူ၍မရသော အချစ်ကို နှုတ်ဆက်နေသည့် အနက်ရောင်မုဆိုးမအလားပင်။ စိတ်လေးစရာကောင်းပြီး ထူးဆန်းသော မြင့်မြတ်မှုရှိနေလေသည်။ လူတွေသူမကို တွေ့ပြီး မထီမဲ့မြင်နှင့် လှောင်ပြောင်မှု အပြည့်ကို ရှောင်လွှဲမရခဲ့။

ညသန်းခေါင် ကပွဲရင်ပြင်တွင် သူမ၏ ချစ်သူနှင့် ထိုကောင်မလေးမှာ ကျော့ရှင်းစွာ ကနေကြသည်။ မနာလိုအားကျလောက်စရာပင်။ ကျန်ဝေသည် အသက်မဲ့သော မျက်လုံးများနှင့် တံခါးဝတွင် ရပ်နေပြီး အေးစက်ယုတ်မာသော အပြုံးက သူမ၏ မျက်နှာထက်တွင် ဖြည်းဖြည်းချင်း ပျံ့နှံ့လာသည်။ ငရဲမှတက်လာသည့် သရဲတစ်ကောင်နှင့်ပင် တူသေးသည်။

သူများကို ခံစားစေခဲ့သည့် နာကျင်မှုတန်ဖိုးကို သူတို့ ပြန်ပေးရမည့်အချိန်တန်ပြီ။ လောကမှာ အပြစ်တွေအများကြီးရှိပြီး ပြစ်မှုကျူးလွန်ကြသူများ အပြစ်မခံကြရပေ။ သို့သော် အပြစ်ပေးခံရဖို့ရာ ထိုက်တန်ကြလေသည်။

ကျန်ဝေကို သတ်ခဲ့သည်မှာ မီးမဟုတ်။ သူတို့ဖြစ်သည်။ ကျန်ဝေသည် သူတို့၏ သစ္စာဖောက်မှုနှင့် လှောင်ပြောင်မှုတို့ကြောင့် သေခဲ့ရသည်။ ထို့ကြောင့် သူမကို နာကျင်စေခဲ့သူများကို သူမ ပြန်ပြီး လက်စားသာချေနိုင်လေသည်။

ကြိုတင်ပြင်ဆင်ထားသည့် ဆီပုံးအနည်းငယ်ကို သယ်ကာ သူမ အပြင်ထွက်သွားခဲ့သည်။ ကပွဲကျင်းပနေသော ပြဇာတ်ရုံကြီးကို သူမ မီးလောင်တိုက်သွင်းခဲ့သည်။ သူမကိုယ်သူမ မီးရှို့ခဲ့ပြီး မီးနှင့် အတူပါလာသော သေခြင်းတရားအား အတိတ်ရှိအရာအားလုံးကို ဝါးမျိုစေလိုက်သည်။

ဒီလောကကြီးက မထိုက်တန်ပေ။

******====*****

စာရေးဆရာ ပြောစရာရှိသည်။

ရှင်းလန်: ဒီဇာတ်လမ်းကို ကြားပြီးတော့ ဘယ်လိုထင်လဲ။

ရှဲ့ချီ: ဒါက စရိုက်ခွဲနဲ့ ချစ်မိသွားတဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုပဲ။ ကိိုကို က ကျွန်တော့်ကို ရုပ်ဆိုးတယ်လို့မထင်ဘူး။ ကျွန်တော်က ကိုကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်လို့ မထင်ဘူး။

Bro က Uno Reverse ကတ်သုံးလိုက်တာ 🤣

ဘယ်လိုခံစားရလဲ ဘရိုး xD

................................

ေျခာက္ျခားဖြယ္ရာ အစုံအလင္ (၇)

ZAWGYI

'လက္ေခ်ာင္းျပတ္' ဇာတ္လမ္းထဲမွ ယိုက်င္တစ္ေယာက္ ႏူးညံ့ေခ်ာေမာေသာ မ်က္ႏွာေအာက္တြင္ ဖုံးကြယ္ထားေသာ ေက်နပ္အားရမႈအျပည့္ႏွင့္ ထြက္လာခဲ့သည္။

ဘယ္ေလာက္ပဲ သူ႕အေမက သူ႕အတြင္းစိတ္ကို မျပမိေစရန္၊ အထက္တန္းစားလူ​ျဖစ္ေနေစရန္၊ ေကာက္႐ိုးမီးလိုလူမ်ားႏွင့္ ရန္ဖက္မျဖစ္ရန္  သတိေပးေစကာမူ သူသည္ အသက္ႏွစ္ဆယ္ စြန္းစြန္းသာ ႐ွိေသးသည့္ လူငယ္ေလးျဖစ္သည္။ ေအာင္ျမင္မႈႏွင့္ အတူကပ္ပါလာေသာ လက္ခုပ္သံတို႔ကို ႏွစ္သက္ေလသည္။

သူ႕အေမက သူ႕အား ေျခာက္ျခားဖြယ္ရာ အစုံအလင္ တြင္ ဝင္မၿပိဳင္ေစခ်င္ခဲ့။ အေၾကာင္းမွာ သူ႕အတြက္ကား ႐ိႈးတြင္ ပါဝင္ရျခင္းသည္ သိပ္မတန္လွေပ။ ဇာတ္ကား႐ိုက္ဖို႔အတြက္ သူ႕အေမက သူ႕ကို ေခၚသြားေပး၍ရၿပီး ဒီ့ထက္ အမွတ္ပို ႐ွာႏိုင္သည္။ ထို႔အျပင္ အိုင္တမ္အသစ္မ်ားလည္း ရႏိုင္သည္။ ထိုအမွန္တရားကို နားလည္သည့္တိုင္ ပရိသတ္မ်ားစြာ သူလိုခ်င္ၿပီး လူေတြ၏ အကိုးကြယ္ကို ခံခ်င္ေသးသည္။ ေျခာက္ျခားဖြယ္ရာ အစုံအလင္က အေကာင္းဆုံး အခြင့္အေရးပင္။

ပစၥည္းမ်ားေ႐ြးခ်ယ္ရသည့္အခန္းထဲသို႔ ယိုက်င္ ေနာက္တစ္ေခါက္ျပန္ေရာက္သြားၿပီး သူ႕မ်က္ႏွာထက္က ေက်နပ္အားရေနေသာ အျပဳံးမွာ ႐ုတ္တရက္ ေတာင့္သြားသည္။

မီးေရာင္မွိန္မွိန္အခန္းထဲတြင္ စႏၵယားကီးတစ္ခုက ေလထဲဝဲပ်ံေနသည္။ ျဖည္းျဖည္းခ်င္း လည္ပတ္ေနကာ ေတာက္ပေသာ အေရာင္မွိတ္တုတ္စြာ လင္းေနသည္။

ယိုက်င္၏ မ်က္ႏွာတြင္ မယုံၾကည္ႏိုင္မႈမ်ားျပည့္သြားၿပီး ခ်က္ခ်င္းပန္ အခန္းကို ေဝွ႔ၾကည့္လိုက္သည္။ အရင္က လက္ေခ်ာင္းျပတ္၏ ပုံစံမွာ လုံးဝ မွိန္က်ေနၿပီး ယခုတြင္မူ မသိသာေတာ့ေသာ ပစၥည္းအပုံထဲတြင္ ႐ွိေနသည္။ ႐ွင္းၿပီးသြားသည့္ပုံေပၚသည္။

တစ္ျခားတစ္ေယာက္က အရင္ဆုံးေရာက္လာတာေပါ့?!

ယိုက်င္ တစ္ခုခုကို သေဘာေပါက္သြားၿပီး ဖုန္းကိုေခါင္းငုံ႔ကာ ၾကည့္လိုက္သည္။ ဤအခ်ိန္တြင္ App ၌ မ်က္ႏွာစာတစ္ခု႐ွိေနသည္။ မ်က္ႏွာစာေပၚ႐ွိ 'လက္ေခ်ာင္းျပတ္' ဇာတ္လမ္း၏ စာတန္းေအာက္တြင္ 'သရဲမ၏ ကႀကိဳး' ဆိုေသာ စာတန္းအသစ္တစ္ခု ႐ွိေနၿပီျဖစ္သည္။

[ဒုတိယအဆင့္ 'သရဲမ၏ ကႀကိဳး' ပြင့္သြားပါၿပီ။ ႐ိုက္ကြင္းသို႔ ျပကြက္သို႔ ခ်က္ခ်င္း ဝင္ပါမည္လား။]

ထိုစာေၾကာင္းေပၚလာေသာအခါ ယိုက်င္၏ ေသြးမ်ား ေအးခဲသြားသည္။ သူ႕ထက္ပိုျမန္ေနတဲ့သူ ႐ွိေနတယ္တဲ့လား။

ယြမ့္ဇ်ဲလား။ မျဖစ္ႏိုင္ဘူး။ အဲ့ေကာင္က ထူးထူးျခားျခားဝွက္ဖဲေတြ႐ွိေလာက္ေပမဲ့ အားနည္းၿပီး သိပ္မျမန္ႏိုင္ဘူး။

အဲ့ဒါဆိုရင္...႐ွဲ႕ခ်ီလား။

တူညီေသာ ညင္သာသည့္ မ်က္ႏွာတစ္ခု ယိုက်င္၏ စိတ္ထဲတြင္ ႐ုတ္ခ်ည္းေပၚလာသည္။

ယိုက်င္ အသက္႐ွဴရခက္သြားၿပီး App ႏွင့္ မခ်ိတ္ဆက္ရခင္ အခ်ိန္ကို ျပန္ေတြးမိသြားသည္။ အထက္တန္းေက်ာင္းက အေရးႀကီးေသာ စာေမးပြဲတစ္ခုတြင္ျဖစ္သည္။ သူက အတန္းထဲတြင္ အၿမဲပထမရေသာေၾကာင့္ သူ႕အေမက အရမ္းေက်နပ္ခဲ့သည္။ ထို႔ေနာက္ ထိုစာေမးပြဲတြင္ ခႏၶာကိုယ္ခ်ိဳ႕ယြင္းမႈတစ္ခုေၾကာင့္ ေကာင္းေကာင္းမေျဖႏိုင္ခဲ့ဘဲ အတန္းထဲတြင္ ဒုတိယျဖစ္သြားသည္။ ထိုေန႔ည သူအိမ္ျပန္လာေသာအခါ သူ႕အေမက သူ႕အား ႐ိုက္ႏွက္ကာ ဆူပူခဲ့သည္။ ညစာမေကြၽးဘဲ တစ္ညလုံး အိမ္တံခါးဝတြင္ မတ္တပ္ရပ္ခိုင္းခဲ့သည္။

မျဖစ္ဘူး။ သူ ဒုတိယျဖစ္လို႔မရဘူး။

ယိုက်င္၏ မ်က္လုံးထဲ ေၾကာက္႐ြံ႕မႈက ျဖတ္ေျပးသြားသည္။

ထိုသူက ဇာတ္ေကာင္ အစပ်ိဳးျခင္းကို လက္ေလွ်ာ့ၿပီး အခ်ိန္ပိုယူလိုက္တာပဲ ျဖစ္ရမည္။ ယိုက်င္ အတင္းကိုယ့္စိတ္ကိုယ္ ထိန္းလိုက္သည္။ ေျခာက္ျခားဖြယ္ရာ အစုံအလင္တြင္ အမွတ္ျမင့္မွာ အလ်င္ေပၚတြင္ မဟုတ္ဘဲ အခ်ိဳ႕ လုပ္ေဆာင္မႈမ်ားႏွင့္ လုပ္ႏိုင္စြမ္းေပၚတြင္ မူတည္ျခင္းျဖစ္သည္။

လုံးဝ စိတ္သက္သာရာရသြားကာ ယိုက်င္ ႏွာေခါင္း႐ႈံ႕လိုက္သည္။ ယခုဆိုလွ်င္ သူလည္း စည္းမ်ဥ္းေတြႏွင့္ အသားက်သြားၿပီး ပထမအဆင့္ကို ႐ွင္းႏိုင္လိုက္ေသာသူက သူ႕ထက္ နည္းနည္းေလးသာ ပိုျမန္သြားျခင္းျဖစ္သည္။ ဒါက ဘာကိုျပသလဲ။ ေနာက္မွာ အဆင့္ေတြ အမ်ားႀကီး က်န္ေနေသးတယ္။

ယိုက်င္ ဆက္ၿပီး အခ်ိန္မဆြဲေတာ့ဘဲ ဒုတိယအဆင့္ကို စိန္ေခၚလိုက္သည္။

[အမွန္တိုင္းေျပာရရင္ နတ္ဘုရားက်င္ကို ငါ နည္းနည္းစိတ္ပ်က္သြားတယ္။ ဒီအဆင့္ကို ႏိုင္သြားေပမယ့္...သာမန္ပဲေျပာရမလား။ ေၾကာက္ကလည္း ေၾကာက္ေသး။ နတ္ဘုရားဆိုတဲ့ စကားလုံးနဲ႔ မထိုက္တန္ဘူး။]

[ဒါက ယွဥ္ၿပိဳင္ရတဲ့ ရသစုံ႐ိႈးေလ။ ဒုတိယေနရာဆိုတာ ဘာမွမဟုတ္ဘူး။ ]

[ဒါ အစပဲ႐ွိပါေသးတယ္။ စြတ္ေျပာမေနနဲ႔။ ေနာက္မွ မ်က္ခြက္ျဖတ္႐ိုက္ခံရမွာ မေၾကာက္ဘူးလား။]

[နတ္ဘုရား က်င္တဲ့လား။ အိုင္တမ္လူသားေလ။ သူ႕ေမေမေဘးက ခြာလိုက္တာနဲ႔ ခြန္အားေတြလည္း ခ်က္ခ်င္းကို က်သြားတာပဲ။]

******

႐ွဲ႕ခ်ီ မ်က္လုံးမ်ားကို ျပန္ဖြင့္လိုက္ေသာအခါ မ်က္ႏွာၾကက္ႏွင့္ နီးေသာ ခုတင္တစ္ခုေပၚတြင္ အိပ္ေနသည္ကို ေတြ႕လိုက္ရသည္။

႐ွဲ႕ခ်ီ ထထိုင္လိုက္သည္။

အသံတစ္ခုထြက္လာကာ ​ေမွာင္ေနသည့္အခန္းထဲတြင္ စားပြဲတင္မီးအိမ္မွ မီးလင္းသြားသည္။ ထပ္ဆင့္ခုတင္မ်ား႐ွိေသာ ေက်ာင္းအေဆာင္ထဲတြင္ သူေရာက္ေနသည္ကို ႐ွဲ႕ခ်ီ သေဘာေပါက္လိုက္သည္။ စားပြဲတင္မီးအိမ္က အခန္းထဲ႐ွိ ျမင္ကြင္းကို လင္းေပးေနသည္။ ေကာင္ေလး ေလးေယာက္ေနေသာ ေလးေယာက္အေဆာင္ခန္းျဖစ္သည္။ သူ႕အျပင္ ေနာက္ထပ္ေကာင္ေလး သုံးေယာက္႐ွိသည္။ မီးအိမ္၏ မီးေရာင္မွိန္မွိန္ေအာက္တြင္ ေကာင္ေလး သုံးေယာက္၏ မ်က္ႏွာမ်ားမွာ ေမွာင္ မည္းေနသည္။

႐ွဲ႕ခ်ီ သူ႕ခႏၶာကိုယ္သူ ငုံ႔ၾကည့္လိုက္သည္။ အိပ္ရာေပၚတြင္ လွဲအိပ္ေနေသာ္လည္း ေကာင္းေကာင္းဝတ္စားထားသည္။ အျပာႏွင့္အျဖဴေရာင္စပ္ေသာ လက္တို႐ွပ္အက်ႌႏွင့္ အျပာေရာက္ ေဘာင္းဘီကို ဝတ္ထားသည္။

ေက်ာင္းဝတ္စုံျဖစ္ပုံေပၚသည္။ ဒီတစ္ခါေတာ့ သူ၏ ဇာတ္ေကာင္မွာ ေက်ာင္းသားျဖစ္သည္။ ႐ွဲ႕ခ်ီ ဖုန္းကိုကိုင္ကာ စခရင္န္ကို ဖြင့္လိုက္ၿပီး ဖုန္းမွန္မွ မီးႏွင့္ သူ၏ ရင္ဘတ္ကို ဓာတ္ပုံ႐ိုက္လိုက္သည္။ "ေပလု အထက္တန္းေက်ာင္း" ဟု ေက်ာင္းတံဆိပ္ေအာက္တြင္ ေရးထားသည္။

သူက အထက္တန္းေက်ာင္းသားပဲ။ အိပ္ရာေပၚတြင္လည္း နာမည္ကတ္တစ္ခု႐ွိသည္။ ႐ွဲ႕ခ်ီ၊ အခန္း ေျခာက္၊ ဒုတိယႏွစ္။

ဒုတိယႏွစ္ပဲ။

႐ွဲဲ႕ခ်ီ စဥ္းစားေနသည့္အခ်ိန္တြင္ လိေမၼာ္သီးႏွင့္ အေပါက္ခံလိုက္ရသည္

"ခ်ီ၊ ေအာက္ဆင္းလာခဲ့ေတာ့။ စုန္းမႀကီး ထြက္သြားၿပီ။ ခုတင္ေတြကို စစ္ဖို႔ ျပန္မလာေလာက္ေတာ့ဘူး။ သရဲအေၾကာင္းေတြ ဆက္ေျပာရေအာင္။" လိေမၼာ္သီးပစ္လိုက္ေသာ ေကာင္ေလးက ထပ္တိုးတိုး ေျပာလာသည္။ သူ၏ စိတ္လႈပ္႐ွားေနေသာ မ်က္လုံးမ်ားက ညအခ်ိန္တြင္ ထူးထူးျခားျခားကို ေတာက္ပေနသည္။

႐ွဲ႕ခ်ီ လိေမၼာ္သီးကို ကိုင္ကာ ေစာင္ထဲမွ ထြက္လိုက္သည္။ ေလွကားကိုကိုင္ကာ အသာခုန္ဆင္းလိုက္ၿပီး ၾကမ္းျပင္ေပၚေရာက္သြားသည္။ ေဘးတစ္ဖက္မွ ေနာက္မွီပါသည့္ ထိုင္ခံကို ဆြဲယူကာ ေျခခ်ိတ္ထိုင္ၿပီး ေနာက္မွီေပၚ ေမးတင္ကာ သရဲအေၾကာင္း နားေထာင္ရန္ ေစာင့္ေနလိုက္သည္။

အေဆာင္ခန္းထဲ႐ွိ ေနာက္ေကာင္ေလးႏွစ္ေယာက္လည္း ခိုးလုပ္ရသည့္ စိတ္လႈပ္႐ွားမႈ မ်က္ႏွာထက္တြင္ အျပည့္ႏွင့္ အျမန္ေရာက္လာသည္။ အားလုံး အလြန္ငယ္႐ြယ္ေသာ မ်က္ႏွာေလးေတြ ႐ွိၾကသည္။

"အကုန္လုံး ငယ္ႏုေနတာပဲ။" ႐ွဲ႕ခ်ီ ေစာင့္ေနရင္း သက္ျပင္းခ်လိုက္သည္။ "ကြၽန္ေတာ္ ပထမႏွစ္တုန္းက သူတို႔ထက္ ပိုငယ္ၿပီးႏုတယ္ထင္တာပဲ။"

"......" ႐ွဲ႐ွင္းလန္ တည္ၿငိမ္စြာေျပာလိုက္သည္။ "ဘယ္တစ္ေယာက္လဲမသိပါဘူး။ အသက္ ၁၂ ႏွစ္ပဲ ႐ွိေသးၿပီးေတာ့ ကေလးသြားေလးေတြနဲ႔ ႏုငယ္ေနတာပဲ​ေလ။ အရပ္က ​ေလးေပခြဲေအာက္။ အိမ္မွာ အဲ့တစ္ေယာက္ရဲ႕ အရပ္ကို တိုင္းထားတဲ့ အမွတ္အသားေတြ အခုထိ႐ွိေသးတယ္။"

႐ွဲ႕ခ်ီ နင္သြားၿပီး ခ်က္ခ်င္းပင္ စကားလႊဲလိုက္သည္။ "....ဒီေက်ာင္းရဲ႕ အေျခအေနက ေတာ္ေတာ္ေကာင္းတာပဲ။ ေလးေယာက္ အိပ္ေနတာ တစ္ေယာက္မွ ေအာက္အဆင့္မွာ မေနရတဲ့အျပင္ ေလေအးေပးစက္လည္း႐ွိေသးတယ္။"

႐ွဲ႕႐ွင္းလန္ ရယ္လိုက္သည္။

႐ွဲ႕ခ်ီမွာ ထိုရယ္သံထဲ႐ွိ ေလွာင္သံကိုၾကားလိုက္ၿပီး ႏွာေခါင္း႐ႈံ႕လိုက္သည္။ "ကြၽန္ေတာ္ အ႐ြယ္ေရာက္လာတာကို ၾကည့္ရတာ ေကာင္းတယ္ေလ။ ညဥ့္ဧကရာဇ္ႀကီးရဲ႕ ေအာက္ဖဲေတြကို ကြၽန္ေတာ္လွန္ေပးရဦးမလား၊ ဟင္။"

ဒီတစ္ခါေတာ့ ႐ွဲ႕႐ွင္းလန္ ေခ်ာင္းအေတာ္ဟန္႔လိုက္ရသည္။

"ဂိမ္းစလိုက္ရတာ ေပ်ာ္တယ္မလား။" ႐ွဲ႕ခ်ီ သူ၏ မ်က္ခုံးမ်ားကို အသာပင့္လိုက္သည္။ "ကိုကို႔ရဲ႕ ညီညီေလး ေ႐ွာင္ခ်ီက အခုဆို ႐ုပ္ကလည္းေခ်ာၿပီး ေျခတံလည္း႐ွည္တယ္။ မိန္းကေလးေတြ သန္း ၉၀၀ ေလာက္ရဲ႕ အိပ္မက္ထဲကခ်စ္သူေလးပါေနာ္။ "

႐ွဲ႕႐ွင္းလန္ ပ်င္းရိစြာေျပာလိုက္သည္။ "မိန္းကေလးေတြ သန္း ၉၀၀ ေလာက္ရဲ႕ အိပ္မက္ထဲက ခ်စ္သူေလးကို ခုတင္ေပၚမွာ အႏိုင္က်င့္မွာက ကိုယ္ေလ။"

"......" ႐ွဲ႕ခ်ီ ပါးစပ္ပိတ္သြားၿပီး ေသခ်င္ေယာင္သာ ေဆာင္လိုက္ေတာ့သည္။

လိေမၼာ္သီးပစ္လိုက္ေသာ ေကာင္ေလးမွာ လူစုံသြားသည္ကိုေတြ႕ၿပီး အာ႐ုံစိုက္ခံရရန္ ေခ်ာင္းႏွစ္ခ်က္ဟန္႔လိုက္သည္။ "ငါအခု စေျပာေတာ့မွာမို႔ ျဖတ္မ​ေျပာၾကနဲ႔။ မဟုတ္ရင္ သရဲမက လိုက္ေျခာက္လိမ့္မယ္ ဟီးဟီးဟီး။"

ေကာင္ေလးက ခပ္ေပါေပါရယ္လိုက္ေသာအခါ က်န္လူမ်ားလည္း ခ်က္ခ်င္းလိုက္ရယ္ၾကၿပီး ဝိုင္းၿပီး ေမတၱာပို႔လိုက္သည္။ ထို႔ေနာက္ ႐ွဲ႕ခ်ီ၏ ဖုန္းက ျမည္လာသည္။

[ဤဇာတ္လမ္းအတြက္ App မွ ၫႊန္ၾကားခ်က္အတိုင္း လိုက္နာပါ။]

[သင္သည္ ေပလုအထက္တန္းေက်ာင္းတြင္ ဒုတိယႏွစ္ေက်ာင္းသားျဖစ္သည္။]

[ဤဇာတ္လမ္ထဲတြင္ ဇာတ္ေကာင္၏ စ႐ိုက္ပုံစံမွာ အေရးမႀကီးပါ။ လြတ္လပ္စြာ လုပ္ကိုင္ႏိုင္သည္။ သတိထားရန္ႏွင့္ မျဖစ္မေနလုပ္ေဆာင္မွကို ျဖစ္မည့္အရာမွာ - သင္သည္ မိန္းကေလးတစ္ေယာက္အား လြန္စြာ ခ်စ္ခင္ႏွစ္သက္ေနသည္။]

[ဇာတ္လမ္းက လိုအပ္သည္မွာ:အသက္႐ွင္ရန္]

[အခန္း (၁) သရဲမ၏ မူလအစ။ ေနာက္တစ္ခန္းသို႔ မသြားမီ သင့္အခန္းေဖာ္ ေျပာျပေနေသာ ဇာတ္လမ္းအား သ႐ုပ္ေဆာင္သည္ ဆိတ္ၿငိမ္စြာ နားေထာင္ေနရပါမည္။]

[ပထမအခန္း တရားဝင္ စတင္ပါၿပီ။]

*******

ေကာင္ေလးက အသံကို တိုးလိုက္သည္။ "ငါတို႔ေက်ာင္းေဟာင္းႀကီးရဲ႕ ျပဇာတ္႐ုံႀကီးကို ဘာလို႔ ပိတ္ထားၾကတာလဲ မင္းတို႔ မသိခ်င္ဘူးလား။ ဘြဲ႕ရသြားတဲ့ ငါ့အသိ စီနီယာတစ္ေယာက္က သူ ပထမႏွစ္တုန္းက ျဖစ္သြားခဲ့တာကို ေျပာျပဖူးတယ္။"

မီးအိမ္ေအာက္တြင္ ေကာင္ေလး၏ မ်က္ႏွာမွာ ထူးဆန္းေနသည္။ "အဲ့အေၾကာင္းမေျပာၾကဖို႔ ေက်ာင္းမွာ ေက်ာင္းသားေတြကို တားျမစ္ထားတာ။ ၾကားလို႔႐ွိရင္ ေက်ာင္းသားေခါင္းေဆာင္ေတြက အျပစ္လာေပးလိမ့္မယ္။ အဲ့ဒါေၾကာင့္ အမွန္တရားကို သိခြင့္ေပးတဲ့ ငါေလးကို မင္းတို႔ ေက်းဇူးတင္သင့္တယ္။"

နားေထာင္ေနေသာ သုံးေယာက္မွာ စိတ္မ႐ွည္ေတာ့။

ေကာင္ေလးမွာ ဇာတ္လမ္းအေၾကာင္း ေကာင္းေကာင္းဆြဲေဆာင္ၿပီးၿပီမို႔ ရယ္လိုက္သည္။ ေနာက္ဆုံးေတာ့ အဓိက အခ်က္ကို တန္းေျပာေတာ့သည္။ "ဒီကိစၥက လြန္ခဲ့တဲ့ ႏွစ္ႏွစ္ ေက်ာင္းဆင္းကပြဲမွာ စခဲ့တာကြ။"

********

ေပလု အထက္တန္းေက်ာင္းသည္ အခ်က္ခ်ာက်သည့္ အထက္တန္းေက်ာင္းျဖစ္ေသာ္ျငား စာခ်ည္း ပိတ္သင္သည့္စနစ္ကို မသုံးေပ။ ေက်ာင္းသားမ်ား၏ အလုံးစုံတိုးတက္မႈႏွင့္ သဘာဝအတိုင္း လြတ္လပ္မႈအေပၚ အဓိကထားသည္။ ထို႔ေၾကာင့္ ေပလု အထက္တန္း ေက်ာင္းတြင္ ေက်ာင္းတြင္းလႈပ္႐ွားမႈေပါင္းစုံ ႐ွိေလသည္။ ႏွစ္စဥ္ေက်ာင္းဆင္းကပြဲမွာ အထူးခမ္းနားၿပီး မေရမတြက္ႏိုင္ေသာ အတန္းငယ္ေက်ာင္းသားမ်ား အလိုခ်င္ၾကဆုံးလည္း ျဖစ္သည္။ ႐ွည္လ်ားပ်င္းရိဖြယ္ေကာင္းေသာ အထက္တန္းေက်ာင္းသားဘဝကို ခုန္ေက်ာ္ပစ္လိုက္ၿပီး ဘဝ၏ ေနာက္တစ္ဆင့္သို႔ မတက္လွမ္းၾကခင္တြင္ အိပ္မက္ထဲက ကပြဲကို တက္ခြင့္ရရန္ စိတ္အားထက္သန္ၾကေလသည္။

ဇာတ္လမ္း၏ ဇာတ္လိုက္မွာ က်န္ေဝဟု အမည္ရသည္။ ေက်ာင္း၏ အလွဆုံးမိန္းကေလးျဖစ္ၿပီး အေတာ္ဆုံးေက်ာင္းသူလည္း ဟုတ္သည္။ အဆင့္မ်ားေကာင္းၿပီး၊ ျဖဴစင္သည့္ ႐ုပ္ရည္၊ ခ်မ္းသာေသာမိသားစုႏွင့္ ဘက္စုံေတာ္သည္။ ၿပီးျပည့္စုံလုနီးပါးဟုပင္ ေျပာ၍ရသည္။ မင္းသမီးေလးတစ္ပါးျဖစ္လာရန္ ျပည့္စုံေသာ္လည္း ေမာက္မာျခင္းမ႐ွိေသာေၾကာင့္ နာမည္ႀကီးေလသည္။

က်န္ေဝသည္ အကတြင္ အထူးခြၽန္ဆုံးျဖစ္ၿပီး သူမ၏ အိပ္မက္မွာ ကေခ်သည္ျဖစ္လာရန္ျဖစ္သည္။

က်န္ေဝတြင္ သူမလိုပင္ ထူးခြၽန္ၿပီး ေက်ာင္း၏ အေခ်ာဆုံးျဖစ္ေသာ ခ်စ္သူေကာင္ေလး႐ွိသည္။ သူက စႏၵယားတီးတတ္ၿပီး က်န္ေဝက ကႏိုင္သည္။ ေနဝင္သြားေသာအခါ ေက်ာင္းသားမ်ားသည္ အကခန္းမ သို႔မဟုတ္ စႏၵယားခန္းမဆီမွ ခ်ိဳၿမိန္ၿပီး ခ်စ္ဖြယ္ရာေကာင္းသည့္ စႏၵယားသံကို ၾကားရေလ့႐ွိၿပီး ေက်ာ့႐ွင္းစြာ ကေနေသာ က်န္ေဝကို ေတြ႕ႏိုင္ေလသည္။

သူတို႔ႏွစ္ေယာက္၏ ဆက္ဆံေရးမွာ အမ်ားသူငွာအကုန္ အားက်မနာလိုစရာပင္။ ဘယ္ေနရာမွၾကည့္ၾကည့္ က်န္ေဝသည္ ဘဝတြင္ အႏိုင္ရသူတစ္ေယာက္ပင္။ အနည္းဆုံးေတာ့ မီးမေလာင္ခင္ကအထိေပါ့...

အိမ္ေဖာ္၏ သတိလက္မဲ့ျဖစ္မႈေၾကာင့္ အိမ္တြင္ မီးအႀကီးအက်ယ္ေလာင္ခဲ့သည္။ ထိုအခ်ိန္တြင္ က်န္ေဝတစ္ေယာက္တည္းသာ အိမ္တြင္ ႐ွိေနခဲ့သည္။ ကံေကာင္းေထာက္မစြာႏွင့္ က်န္ေဝသည္ မီးထဲမွ လြတ္ခဲ့ေသာ္လည္း မ်က္ႏွာမွာ လုံးဝ ပ်က္စီးသြားခဲ့သည္။ လက္႐ွိ ေဆးပညာမွာ အျပင္းအထန္ မီးေလာင္ဒဏ္ရာရထားေသာ က်န္ေဝအား ကုသမေပးႏိုင္ခဲ့ေပ။ သူမတြင္ ပိုက္ဆံမည္မွ်႐ွိ႐ွိ အခုခ်ိန္မွစၿပီး က်န္ေဝမွာ ေၾကာက္မက္ဖြယ္ရာ မ်က္ႏွာႀကီးႏွင့္ ေနရေတာ့မည္ျဖစ္သည္။

ေဆး႐ုံ၌ သူမ အသက္လုေနရသည့္အခ်ိန္တြင္ သူမ၏ ခ်စ္သူမွာ တစ္ႀကိမ္သာလွ်င္ လာခဲ့သည္။ လက္ထဲတြင္ ပန္းစည္းကို ကိုင္လာခဲ့ေသာ္လည္း က်န္ေဝ၏ မီးကြၽမ္းထားေသာ မ်က္ႏွာကို ေတြ႕ေသာအခါ၌ အံ့ဩသြားခဲ့သည္။ မတ္ရပ္လာခဲ့ေသာ္လည္း လဲလ်က္ျပန္ထုတ္သြားခဲ့ရသည္။

ထိုအခ်ိန္မွစၿပီး သူမ၏ေကာင္ေလးမွာ လုံးဝ ေရာက္မလာခဲ့ေတာ့။ က်န္ေဝမွာ သူ႕ကိုေတြ႕ရန္ ေက်ာင္းသို႔ အျမန္ျပန္သြားခ်င္ခဲ့ၿပီး သူမ၏ ရင္တြင္းခံစားခ်က္မ်ားကို သူ႕အားထုတ္ေျပာခ်င္မိခဲ့သည္။ ထိုအခ်ိန္၌ သူမခ်စ္သူ၏ ခ်စ္ရိပ္႐ႊန္းေသာ မ်က္ဝန္းမ်ားႏွင့္ ရင္ထဲထိေစေသာ စကားလုံးမ်ားသာလွ်င္ ႏွလုံးကြဲေၾကမတတ္ျဖစ္ေနေသာ သူမအား ႏွစ္သိမ့္ေပးႏိုင္မည္ျဖစ္သည္။

အႀကိမ္ႀကိမ္အခါခါ ေသလုနီးပါးအေျခအေနတြင္ ႐ုန္းကန္ခဲ့ရၿပီးေနာက္ ေသျခင္းမွ လြတ္သြားခဲ့သည္။ အျမန္ပင္ ျပန္ေကာင္းလာခဲ့ေသာ္လည္း သူမ မ်က္ႏွာေပၚ႐ွိ ဒဏ္ရာမ်ားႏွင့္ ႏွလုံးသားမွာ ကုသရန္ ခက္ခဲလွသည္။

ေဆး႐ုံ႐ွိ ျပင္သစ္ျပတင္းေပါက္မ်ားေ႐ွ႕တြင္ အၿမဲတမ္း အနက္ေရာင္ပုဝါစႏွင့္ မ်က္ႏွာကို ဖုံးထားကာ ဇာပုဝါေအာက္႐ွိ ဝမ္းနည္းေနေသာ မ်က္လုံးမ်ားႏွင့္ ေအာက္ကို ငုံ႔ၾကည့္ေနေလ့႐ွိသည္။ တစ္ေန႔လယ္ခင္းလုံး ထိုအတိုင္းသာ မတ္တပ္ရပ္ေနၿပီး ေတာက္ပေသာေနမင္းႀကီး ျဖည္းျဖည္းခ်င္း ဆည္းဆာေနျဖစ္သြားသည္ကို ၾကည့္ေနခဲ့သည္။

သူမခ်စ္သူ၏ အလာကို ေစာင့္ေမွ်ာ္ေနမွန္း မိဘႏွစ္ပါးကသိသည္။ ႏွစ္ေယာက္လုံး ဘြဲ႕ရၾကေတာ့မည္ျဖစ္ၿပီး ႏိုင္ငံျခားတြင္ အတူတူစာသြားသင္ရန္ သေဘာတူထားခဲ့ၾကသည္။ အနာဂတ္အတြက္ ႏွစ္လိုမႈမ်ားအျပည့္႐ွိခဲ့ၾကသည္။ က်န္ေဝသည္ အၿမဲတမ္း ဘာလို႔ သူက လာမေတြ႕ရတာလဲဟု တတြတ္တြတ္ေမးေနတတ္သည္။

သူတို႔၏ သမီးေလးသည္ မွန္ကာအေဆာက္အအုံထဲ႐ွိ ႏုငယ္ေသာပန္းေလး၊ ေလာကဓံမ်ားႏွင့္ အေဝးဆုံးေနရာ႐ွိ ဖန္ခဲေလးျဖစ္သည္ကို သူမ၏ မိဘမ်ားကသိသည္။ သူမက ႏုနယ္ၿပီး လွပသည္။ ဤအခ်ိန္တြင္ ဘယ္လို႐ိုက္ခ်က္ကိုမွ ခံႏိုင္လိမ့္မည္မဟုတ္ေပ။ တကၠသိုလ္ဝင္ခြင့္စာေမးပြဲေၾကာင့္ အရမ္းအလုပ္႐ႈပ္ေန၍ ေကာင္ေလးမွာသူမကို လာေတြ႕ရန္အခ်ိန္မ႐ွိ ဟူ၍ အႀကိမ္ႀကိမ္ လိမ္ၿပီးရင္ လိမ္ထားဖို႔ရာသာလွ်င္ သူတို႔ ေ႐ြးခ်ယ္ႏိုင္သည္။

က်န္ေဝ ေက်ာင္းသို႔ျပန္သြားခဲ့ေသာေန႔မွာ ေက်ာင္းဆင္းကပြဲမတိုင္မီ ရက္အနည္းငယ္အလိုတြင္ ျဖစ္သည္။ ေက်ာင္းက အလြန္နားလည္ေပးသည္။ က်န္ေဝ၏ အေျခအေနကို ထည့္သြင္းစဥ္းစားေပးကာ ေက်ာင္းဆင္းကပြဲအား မ်က္ႏွာဖုံးတပ္ကပြဲ အျဖစ္ ေျပာင္းေပးလိုက္သည္။ ဘြဲ႕ရေက်ာင္းသားမ်ားအားလုံးသည္ မ်က္ႏွာဖုံးမ်ား တပ္ၾကၿပီး မ်က္လုံးမ်ားသာလွ်င္ ေဖာ္ထားၾကမည္ျဖစ္သည္။

ဤသည္က ေက်ာင္း၏ ေစတနာျဖစ္ၿပီး က်န္ေဝလည္း အရမ္းေက်းဇူးတင္မိေလသည္။ လူ႕အဖြဲ႕အစည္းထဲ တစ္ခါမွ မေရာက္ဖူးေသာေၾကာင့္ လူတစ္ေယာက္၏ ယုတ္ညံ့ေသာ စိတ္ႏွလုံးကို မေတြ႕ၾကဳံခဲ့ဖူးေပ။ လူတိုင္းသည္ ၾကင္နာၿပီး ႐ိုးသားသည္ဟုသာ သူမ ယုံၾကည္ခဲ့သည္။

သူမ၏ အတန္းသားမ်ားကို လအနည္းငယ္ၾကာၿပီးေနာက္ ျပန္ေတြ႕သည့္အခါမွသာလွ်င္ သူတို႔ ေျပာင္းလဲကုန္ၾကသည္ကို သိလိုက္ရသည္။ သူတို႔၏ အတင္းဖ်င္းစကားမ်ားႏွင့္ သေရာ္ေနေသာ မ်က္လုံးမ်ားက သူမအား ၿပိဳလဲေစမတတ္ပင္။ ထူထဲေသာ အနက္ေရာင္ ျခဳံထည္ပုဝါက ထိုသူတို႔၏ ရက္စက္မႈအား မကာကြယ္ေပးႏိုင္ခဲ့။

က်န္ေဝသည္ သူမ မိဘမ်ားထံ မေရမတြက္ႏိုင္ေအာင္ ငိုခဲ့သည္။ ထိုသူေတြ တစ္ဦးတစ္ေယာက္ကိုမွ သူမ ဒုကၡမေပးခဲ့ဖူးသည့္အျပင္ အမ်ားစုကို သူမ ကူညီခဲ့ဖူးသည္။ အဲ့ဒါေတာင္မွ ေနာက္ဆုံးတြင္ သူတို႔ကပဲ ညႇာတာမႈမ႐ွိ သူမကို နာက်င္ေစၿပီး သူမ အနာက်င္ရဆုံး ေနရာကို ထိုးႏွက္ခဲ့ၾကသည္။

သူမ၏ မိဘမ်ားသည္လည္း ကူကယ္ရာမဲ့ ဘဝကို ခံစားရၿပီး က်န္ေဝကို ေပြ႕ဖက္ကာ ႏွစ္သိမ့္ၿပီးရင္း ႏွစ္သိမ့္ေန႐ုံသာ တတ္ႏိုင္သည္။ သို႔ေသာ္ တိတ္တဆိတ္ေတာ့ ငိုေကြၽးၾကေလသည္။ ညတြင္းခ်င္းပင္ အိုမင္းသြားၾကကာ သူတို႔၏ ဆံပင္မ်ားတြင္ ဆံပင္ျဖဴမ်ားေပၚလာသည္။

က်န္ေဝမွာ ခါးသီးစြာသာ ငိုေနၿပီး ဘာလို႔လဲ ဟုသာ ဆက္တိုက္ေမးေနသည္။ သူမ၏ မိဘမ်ားသည္လည္း ထူးခြၽန္ျခင္းက မွားသည္၊ ျခားနားျခင္းက မွားသည္ဟုသာ မ်က္ရည္မ်ားႏွင့္ ေျပာႏိုင္႐ွာသည္။ ဒဏ္ရာ၏ အရင္းျမစ္မွာ မနာလိုစိတ္ျဖစ္သည္။ က်န္ေဝသည္ သူမ၏ ခ်စ္သူေကာင္ေလးကို ေတြ႕မိသည့္အခ်ိန္မတိုင္ခင္အထိ ထိုအေၾကာင္း နားမလည္ခဲ့ေပ။

သူမသည္ သူမ၏မ်က္ႏွာ၊ အတန္းသားမ်ား၏ အားက်စိတ္ႏွင့္ ကေခ်သည္တစ္ေယာက္ျဖစ္လာရန္ အိပ္မက္တို႔ကို ဆုံး႐ႈံးလိုက္ရသည္။ က်န္ေဝသည္ သူမ၏ ခ်စ္သူအား ေလာကႀကီးသည္ ထိုက္တန္ပါေသးသည္ဟု သက္ေသျပေပးမည့္ ေနာက္ဆုံးႀကိဳးျဖစ္သည္ဟု ယုံၾကည္ထားသည္။ သို႔ေသာ္လည္း သူမကို အၿမဲျငင္းပယ္ကာ အလုပ္႐ႈပ္ေနသည္ဟု ေျပာခဲ့ေသာ ေကာင္ေလးကို သူမေတြ႕လိုက္ရသည္။ သူက သူတို႔ အရင္က ခ်စ္ၾကည္ႏူးစြာစကားေျပာခဲ့ၾကဖူးသည့္ စႏၵယားခန္းထဲတြင္ တစ္ျခားေကာင္မေလးတစ္ေယာက္အား နမ္းေနခဲ့သည္။

က်န္ေဝေတာင့္သြားကာ သူမတစ္ကိုယ္လုံး႐ွိ ေသြးမ်ား​ေအးခဲသြားခဲ့သည္။ သူမ ဘယ္ေတာ့မွ ျပန္တက္မလာႏိုင္ေတာ့မည့္ အဆုံးမ႐ွိေသာ အေအးခန္းထဲသို႔ ျပဳတ္က်သြားသည္ဟု ခံစားလိုက္ရသည္။ ေသမင္းႏွင့္ ယွဥ္တိုက္ေနရသည့္ ညေပါင္းမ်ားစြာတြင္ သူမခ်စ္သူႏွင့္ ျပန္ေတြ႕ရမည့္ရက္ကို ေမွ်ာ္လင့္ေနခဲ့သည္။ ဤအတြက္ အသက္႐ွင္ခဲ့ေသာ္ျငား ဒီလိုမ်ိဳး အ႐ြဲ႕တိုက္ ေလွာင္ေျပာင္​​​​ေနသည့္ျမင္ကြင္းကို ျမင္လိုက္ရသည္။

ဒီအခ်စ္က ထူးကဲၿပီး သူမတစ္ေယာက္တည္းအတြက္သာဟု ေတြးမိခဲ့ဖူးသည္။ ဤအခ်ိန္တြင္မွ သူမ၏ မူလအရည္အေသြးမ်ားကို ဆုံး႐ႈံးလိုက္ရပါက သူမကို စြန္႔ပစ္သြားၾကမည္ကို သေဘာေပါက္သြားသည္။ အေၾကာင္းသည္ သူမ၏ ခ်စ္သူ သေဘာက်သည္က 'လွပ၊ ခ်မ္းသာ၊ ထက္ျမက္ၿပီး ဘက္စုံေတာ္သည့္ က်န္ေဝ' ကို ျဖစ္သည္။ 'က်န္ေဝ' ကိုသာလွ်င္ မဟုတ္ခဲ့ေပ။

ထိုေကာင္မေလးသည္ ဆင္းရဲ၊ စာညံ့ၿပီး ဘာထူးျခားမႈမွမ႐ွိေပ။ သူမ၏ မ်က္ႏွာ​သာလွ်င္ ပန္းပြင့္ေလးအလား လွပေလသည္။ ဤသည္က က်န္ေဝ၏ ေကာင္ေလးကို ထပ္ၿပီး ခ်စ္သြားေစခဲ့ၿပီး အ႐ွက္မ႐ွိစြာႏွင့္ ခ်စ္ၾကည္ႏူးစြာ ထိုေကာင္မေလးအား တစ္ခါက က်န္ေဝကိုေျပာခဲ့ဖူးေသာ အခ်စ္စကားမ်ားကို ေျပာေနခဲ့သည္။

သူ၏ အခ်စ္က ေစ်းေပါေသာ္လည္း က်န္ေဝသည္ တစ္ခါက ထိုသည္ကို ရတနာဟု သတ္မွတ္ခဲ့ဖူးသည္။ သူမ်ားေတြ၏ ခ်စ္ျခင္းကို မ်က္ျမင္ေတြ႕ေနရေသာ ဟာသေျမာက္ လူျပက္ႏွင့္ပင္ တူေနေသးသည္။ မနာလိုမႈႏွင့္ ပက္သက္ၿပီး သူမ၏ မိဘမ်ားေျပာခဲ့ဖူးသည္ကို ေနာက္ဆုံးေတာ့ နားလည္သြားခဲ့သည္။ လက္စသတ္ေတာ့ သူ႕ကို မနာလိုေနၾကတဲ့လူေတြက ဒီလိုမ်ိဳး ျဖစ္ေနခဲ့ၾကတာကိုး။

မနာလိုရသည့္ ခံစားခ်က္သည္ အလြန္ခ်ဥ္စူးၿပီး ခါးသီးသည္။ သူမကို လႊမ္းမိုးကာ အထူးသျဖင့္ ထိုလူဆိုးမက တမင္ ရန္စသည့္အၾကည့္ႏွင့္ ၾကည့္လာေသာအခါ သူမကို သြက္သြက္ခါသြားေစသည္။ ရဲတင္းလိုက္တာ။ သူက ဘယ္လိုလုပ္ က်န္ေဝနဲ႔ ယွဥ္ႏိုင္မွာလဲ။

မဟုတ္ဘူး။ ဝမ္းနည္းေၾကကြဲေနေသာ က်န္ေဝမွာ သူမ၏ လွပေသာမ်က္ႏွာကို ထာဝရဆုံး႐ႈံးလိုက္ရၿပီျဖစ္ေၾကာင္း သတိရလိုက္သည္။ သူမက တကယ္ကို အဲ့ဒီေခ်ာေမာတဲ့ ေကာင္မေလးေအာက္ နိမ့္က်ၿပီး သူမ၏ မာနကို နင္းေခ်ခံလိုက္ရသည္။

ဘာလို႔ သူက ဒီလိုေတြၾကဳံေနရတာလဲ။ သူ ဘာအမွားမွ မလုပ္ထားဘူးေလ။ ဘာလို႔ အျပစ္ေပးခံရမွာလဲ။ က်န္ေဝ၏ စိတ္ထဲတြင္ မေရမတြက္ႏိုင္ေသာ 'ဘာလို႔လဲ' မ်ား ႐ွိေနသည္။

သူမ ႐ူးသြားၿပီး သူ႕ကို ေမးရန္ ေ႐ွ႕သို႔ အေျပးသြားလိုက္သည္။ သူမေကာင္ေလး၏ မ်က္လုံးထဲ႐ွိ ႐ြံ႐ွာမႈႏွင့္ တစ္ျခားေကာင္မေလးဘက္ပါၿပီး ကာကြယ္ရန္ မတုံ႔ဆိုင္းသည့္ ပုံမွာ သူမ၏ ၾကင္နာမႈႏွင့္ ေမွ်ာ္လင့္ခ်က္ကို အၿပိီးတိုင္ ႐ိုက္ခ်ိဳးသြားခဲ့သည္။

ထိုသည္က သူမကို ၿပိဳလဲေစသည့္ ေနာက္ဆုံးႀကိဳးပင္။ က်န္ေဝ၏ အျပဳံးမွာ ျဖည္းျဖည္းခ်င္း ပုံပ်က္လာသည္။ သူက မေကာင္းလို႔ ဘယ္သူမွ သူ႕အတြက္ မေတြးေပးၾက။ ဘာလို႔ ၾကင္နာမႈက မ်က္ႏွာပုံပ်က္ေစခဲ့ၿပီး သစၥာေဖာက္ခံလိုက္ရတဲ့အခ်ိန္ ယုတ္ညံ့တဲ့သူေတြက ေ႐ွ႕ဆက္ၿပီး အသက္႐ွင္ႏိုင္ၾကတာလဲ။ သူမ ေတာ္သင့္ၿပီ။ ႐ုတ္တရက္ လူသားတို႔၏ ဗီဇက မေကာင္းဟု သူမ ယုံၾကည္သြားသည္။

ေက်ာင္းမွျပန္လာေသာအခါ က်န္ေဝ လုံးဝေျပာင္းလဲသြားသည္ကို သူမ၏ မိဘမ်ား ေတြ႕လိုက္ရသည္။ ငိုတာေတြ ညည္းတာေတြ ရပ္သြားသည္။ သူမ၏ မ်က္လုံးမ်ားတြင္ ေအးစက္မႈႏွင့္ ထိုင္းမိႈင္းမႈတို႔ ျပည့္ေနသည္။ တစ္ခုခုကို စီစဥ္ေနပုံရသည္။ သူမ၏ ကမ႓ာပ်က္စီးသြားမည့္အတိုင္း စကားလုံးဝမေျပာေပ။ မၾကာခဏဆိုသလိုပင္ သူမ၏ မိဘမ်ားကို အႀကီးအက်ယ္ ရန္လိုမႈမ်ားပင္ ျပေလသည္။

သူမ မိဘမ်ား၏ ေၾကာက္႐ြံ႕မႈမွာ သိပ္မၾကာလိုက္ရ။ ေတာက္ပသည့္ နံနက္ခင္းတစ္ခုတြင္ က်န္ေဝသည္ ေက်ာင္းဆင္းကပြဲသို႔ သြားခဲ့ၿပီး လုံးဝျပန္မလာခဲ့ေတာ့။

ထို႔ေန႔တြင္ သူမသည္ အနက္ေရာင္ ဂါဝန္ ႏွင့္ အနက္ေရာင္ ျခဳံထည္ပုဝါကို ဝတ္ထားသည္။ သူမ၏ ေသဆုံးသြားေသာအနာဂတ္ႏွင့္ ျပန္ဆယ္ယူ၍မရေသာ အခ်စ္ကို ႏႈတ္ဆက္ေနသည့္ အနက္ေရာင္မုဆိုးမအလားပင္။ စိတ္ေလးစရာေကာင္းၿပီး ထူးဆန္းေသာ ျမင့္ျမတ္မႈ႐ွိေနေလသည္။ လူေတြသူမကို ေတြ႕ၿပီး မထီမဲ့ျမင္ႏွင့္ ေလွာင္ေျပာင္မႈ အျပည့္ကို ေ႐ွာင္လႊဲမရခဲ့။

ညသန္းေခါင္ ကပြဲရင္ျပင္တြင္ သူမ၏ ခ်စ္သူႏွင့္ ထိုေကာင္မေလးမွာ ေက်ာ့႐ွင္းစြာ ကေနၾကသည္။ မနာလိုအားက်ေလာက္စရာပင္။ က်န္ေဝသည္ အသက္မဲ့ေသာ မ်က္လုံးမ်ားႏွင့္ တံခါးဝတြင္ ရပ္ေနၿပီး ေအးစက္ယုတ္မာေသာ အျပဳံးက သူမ၏ မ်က္ႏွာထက္တြင္ ျဖည္းျဖည္းခ်င္း ပ်ံ႕ႏွံ႔လာသည္။ ငရဲမွတက္လာသည့္ သရဲတစ္ေကာင္ႏွင့္ပင္ တူေသးသည္။

သူမ်ားကို ခံစားေစခဲ့သည့္ နာက်င္မႈတန္ဖိုးကို သူတို႔ ျပန္ေပးရမည့္အခ်ိန္တန္ၿပီ။ ေလာကမွာ အျပစ္ေတြအမ်ားႀကီး႐ွိၿပီး ျပစ္မႈက်ဴးလြန္ၾကသူမ်ား အျပစ္မခံၾကရေပ။ သို႔ေသာ္ အျပစ္ေပးခံရဖို႔ရာ ထိုက္တန္ၾကေလသည္။

က်န္ေဝကို သတ္ခဲ့သည္မွာ မီးမဟုတ္။ သူတို႔ျဖစ္သည္။ က်န္ေဝသည္ သူတို႔၏ သစၥာေဖာက္မႈႏွင့္ ေလွာင္ေျပာင္မႈတို႔ေၾကာင့္ ေသခဲ့ရသည္။ ထို႔ေၾကာင့္ သူမကို နာက်င္ေစခဲ့သူမ်ားကို သူမ ျပန္ၿပီး လက္စားသာေခ်ႏိုင္ေလသည္။

ႀကိဳတင္ျပင္ဆင္ထားသည့္ ဆီပုံးအနည္းငယ္ကို သယ္ကာ သူမ အျပင္ထြက္သြားခဲ့သည္။ ကပြဲက်င္းပေနေသာ ျပဇာတ္႐ုံႀကီးကို သူမ မီးေလာင္တိုက္သြင္းခဲ့သည္။ သူမကိုယ္သူမ မီး႐ိႈ႕ခဲ့ၿပီး မီးႏွင့္ အတူပါလာေသာ ေသျခင္းတရားအား အတိတ္႐ွိအရာအားလုံးကို ဝါးမ်ိဳေစလိုက္သည္။

ဒီေလာကႀကီးက မထိုက္တန္ေပ။

******====*****

စာေရးဆရာ ေျပာစရာ႐ွိသည္။

႐ွင္းလန္: ဒီဇာတ္လမ္းကို ၾကားၿပီးေတာ့ ဘယ္လိုထင္လဲ။

႐ွဲ႕ခ်ီ: ဒါက စ႐ိုက္ခြဲနဲ႔ ခ်စ္မိသြားတဲ့ အက်ိဳးေက်း ဇူးေတြထဲက တစ္ခုပဲ။ ကိိဳကို က ကြၽန္ေတာ္႕ကို ႐ုပ္ဆိုးတယ္လို႔မထင္ဘူး။ ကြၽန္ေတာ္က ကိုကို ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတယ္လို႔ မထင္ဘူး။

******====******

Bro က Uno Reverse ကတ္သုံးလိုက္တာ🤣

ဘယ္လိုခံစားရလဲ ဘရိုး xD

Continue Reading

You'll Also Like

22.4K 1.8K 56
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...
115K 12.9K 143
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...
444K 69.3K 185
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...
159K 7.7K 6
ဒါက main story မဟုတ္ပါဘူး... extra ေလးပါ! Extra ဆုိတဲ့အတုိင္းပဲ Main story ကို ဖတ္ထားမွ နားလည္မွာေလးေတြ ရွိပါတယ္! Main story ကို မဖတ္ရေသးရင္ေတာ့ 🚨...