Chapter 12: မွေးနေ့ပွဲ
သူက ဒီထောင့်ကနေ အဲ့တာရဲ့မျက်နှာက်ို မမြင်ရပေမယ့် သူ့ထံကြည့်သည်ကို အလိုလိုသိသည်။
လင်းယိကျီပြော၏ .."မင်းဘာလုပ်နေတာလဲ? နေ့တဝက်လောက်မင်း စကားမထစ်ဖူးပါဘူး"
သူ့ဘေး၌ ဂျင်းရှင်းရှိနေသေးတာ စုမင်ခံစားမိတာမို့ မျက်တောင်မခတ်ဘဲ လိမ်လိုက်တယ် .."ဒီပုံထဲက အချက်အလတ်ကိုရှာဖို့ အရမ်းအာရုံရောက်သွားလို့ ... မင်းပြောတာမကြားလိုက်ဘူး"
သူ့လက်ကို ဖျစ်ညှစ်လာ၏။ တုန့်ပြန်မှုအနေဖြင့် စုမင်သည် တစ္ဆေ၏လက်ကိုဆွဲဆိတ်ပြီး လေကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ သူဟာလမ်းကြောင်းမှန်ပေါ်ကို ကြည့်နေတယ်ဆိုရင်သူမသိဘူး ... ဒါပေမယ့်သူနည်းနည်း စိတ်ဆိုးတယ်။
ဂျင်းရှင်းလက်လွှတ်ပေးပြီးနောက် သူ့နားရွက်ထံ တိုးဝှေ့ပူးကပ်လာပြီး ညင်သာစွာ တိုးတိုးလေးဖြင့် .."မင်းစိတ်ဆိုးနေပုံလေးက တကယ်ချစ်ဖို့ကောင်းတယ်"
တစ္ဆေကို ရိုက်ဖို့နေနေသာသာ စုမင်မတွေ့မှတော့ ... ဂျင်းရှင်းကို လစ်လျူရှုလိုက်တော့သည်။ သူ့လက်များကို လုံခြုံသည့်အိတ်ကပ်ထဲထည့်ပြီး စုမင်ပြောတယ် .."မစောတော့ဘူး ငါတို့သဲလွန်စရှာတွေ့ပြီပဲ သွားကြရအောင်"
ဒီမှာ သူကြာကြာဆက်နေရင် သူ့ကိုယ်အဖြူထည်ကြီးစားခံရတော့မယ်။
ခုနကလို ... ထိုအရိပ်သည် မျက်နှာကျက်ပန်ကာအောက်တွင် ယိမ်းယိုင်နေတယ် ... အကယ်၍ စုမင် ချန်ခေါ့အလောင်းကိုတွေ့ချင်ရင် ထိုအရာကို မလွဲဧကန်ဖြတ်လျှောက်ရမည်ပင်။
ဒါပေမယ့် သူ ထိုအရိပ်၏မျက်နှာကိုလည်း မြင်ချင်သေးတယ်။
ထိုသရဲသည် အန္တရာယ်ရှိသည့်ပုံမပေါ်ပေ ... သူ့ကြည့်ရတာ ရိုးရိုးရှင်းရှင်း သာယာသည့်ရာသီဥတုအရုပ်ကဲ့သို့ တွဲလဲကျနေရုံသာ ...
သူမကြည့်ရတာ ဒီလှုပ်ရှားမှုကို နှစ်သက်သည်ထင် ... လွှဲယမ်းနေသည်မှာ အဝေ့အဝိုက်ပိုကြီးသထက်ကြီးလာတယ်။ တစ်ခါတလေ သူမခြေချောင်းထိပ်လေးတွေက လင်းယိကျီလည်ပင်းကို ထိသွားတတ်သည်။
လင်းယိကျီအလွန်ထိတ်လန့်သွားပြီး .."ဘာကြီးလဲ? ဘာကြီးလဲ?"
စုမင် မတွေ့သလို ဟန်ဆောင်ပြီး လင်းရှောင်ယန် မကြားသလိုဟန်ဆောင်ရင်း .."အမြန်သွားရအောင်"
ချန်ခေါ့ခန္ဓာကိုယ်ကတော့ သူတို့ငယ်ဆောင်သွားဖို့မဖြစ်နိုင်တာမို့ ထိုနေရာမှာပဲ ထားခဲ့သည်။ ဒီည သူမ ရုံးဌာနကိုပြေးသွားရင် သွားမှာပေါ့။
ထွက်မသွားခင် စုမင် အဆောင်ခန်းတံခါးပိတ်၏။
မျက်နှာကျက်ပန်ကာအောက်၌ နာရီချိန်သီးကဲ့သို့ လွှဲယမ်းနေသည့် သရဲသည် ပြုတ်ကျလုနီးနီးပင် ... သူမ ကြမ်းပြင်ပေါ်မှောက်လျက် မလဲကျနိုင်ဘူးလို့ စုမင်တွေးမိသည်။
သူလျင်မြန်စွာတံခါးပိတ်ပြီး အထဲကိုထပ်မကြည့်ရဲတော့ပေ။
ဤတစ်ကြိမ် မွေးနေ့ကတ် ၊ ဓာတ်ပုံနှင့် ဆရာချန် ဒီမတော်တဆမှုပတ်သတ်ခဲ့သည့်အကြောင်းတို့ကို သူရရှိခဲ့တယ်။
အခု မိန်းကလေးနှစ်ယောက်ရဲ့ နာမည်ကို သူသိခဲ့သောကြောင့် သူတို့အချက်အလတ်ကို တူးဖော်ရန် ပိုလွယ်ကူသည်။ မနက်ဖြန်ဆို အရာအားလုံးဖော်ထုတ်နိုင်လောက်မည်။ စုမင်သွားစုံစမ်းချင်သည်။
လင်းရှောင်ယန် .."မနက်ဖြန်ညနေ ငါ့ကိုစောင့်ကြည့်ပေးပါ"
လင်းယိကျီ .."ငါတို့ဘယ်လိုသွားမလဲ? ငါတို့အမျိုးသမီးအဆောင်ထဲထပ်ဝင်လို့ မရနိုင်ဘူး။ အကယ်၍ ဝင်ခဲ့ရင် အဆောင်ထိန်းအန်တီက ငါတို့ကိုမောင်းထုတ်မှာ ပြီးတာနဲ့ တစ်ကျောင်းလုံးကို သတင်းပေးလိမ့်မယ်"
သေချာပေါက် အဲ့အချိန် သူတို့ပြဿနာကြီးကြီးတက်နိုင်သည်။
စုမင်ဆွံ့အသွားတယ် .."မင်းဘာတွေပြောနေတာလဲ? ဒီကိစ္စက မကြာခင်ပေါက်ကြားတော့မှာပဲ။ အချိန်ကျလာရင် မင်းကိုစပြီး အပြစ်တင်ဖို့ အကြောင်းရှိမှာတောင်မဟုတ်ဘူး"
ဇာတ်လိုက်မင်းသမီးတွင် အပြုအမူဦးစားပေးခံရတုန်းပင်။
ဒီရုပ်ရှင်တွင် ဇာတ်လိုက်မင်းသားမရှိဘူး။ တကယ်လို့ ဇာတ်လိုက်မင်းသမီးသေဆုံးခဲ့လျှင် ဇာတ်သိမ်းက မီးတောက်သွားလိမ့်မယ်မလား? ဒီလိုရုပ်ရှင်က ထိုကဲ့သို့ဇာတ်သိမ်းမျိုးမရှိပေ။
စုမင်သည် အဆုံးထိအသက်ရှင်နေထိုင်ချင်ရုံသာ။
ထိုအခိုက်အတန့် လင်းယိကျီပတ်ပတ်လည်တစ်ချက်ဝေ့ကြည့်ပြီး ရင်တုန်စွာမေးသည်။ .."စုမင် မင်းသီချင်းဆိုသံကြားလား?"
စုမင် ဂရုတစိုက်နားထောင်ကြည့်ပြီး .."ကြားတယ်"
လင်းယိကျီ နည်းနည်းအနေခက်လျက် မေးတယ် .."ဘာလို့ သီချင်းသံက The Most Dazzling Folk Style*နဲ့ တူနေတာလဲ..."
လူသုံးယောက် လှေကားထစ်ပေါ်၌မတ်တပ်ရပ်နေရင်း နားထောင်ကြတယ်။ သီချင်းသံက အဆောင်၏သုံးလွှာကပင်။
သူတို့ သုံးလွှာကို မရောက်ဖူးဘူး။
လင်းရှောင်ယန်မေးတယ် .."နင်တို့ သွားကြည့်ချင်လား?"
စုမင် တခဏတွေးတောပြီး .."မေ့လိုက်တော့ ... ကြည့်ရတာ အောက်မှာ သူတို့ပါတီကျင်းပနေတာဖြစ်မယ်။ နောက်ခါကျမှ ငါတို့သွားကြည့်ကြမယ်"
သူ့အသက်သူ တန်ဖိုးထားသေးတယ်
ဤအဆောင်သည် တားမြစ်ပိတ်ပင်ထားတာ နှစ်အလွန်ကြာပြီ။ အထီးကျန်ဝိညာဉ်တွေ သရဲတွေကိုမြင်တွေ့ရတာ ပုံမှန်ပင်။ လျှိုလီလီအလောင်း လှုပ်ရှားတာကို သူတွေ့ပြီးကတည်းက ဒီလိုမျိုးက စိတ်ရှုပ်ထွေးစရာလို့ စုမင်မခံစားရတော့ဘူး။
သူတို့ သုံးလွှာကို ချည်းကပ်သည်နှင့် သီချင်းသံကပိုပီပြင်လာတယ်။
သူတို့ သုံးလွှာကိုကျော်ပြီး ဆက်ဆင်းသည့်အခါ ကောင်မလေးတစ်ယောက် အော်ဟစ်မြည်တမ်းသည့်အသံ စုမင်ကြားလိုက်ရသလိုပဲ ထင်မိသည်။
- မသိရင် ဘာလို့ သရဲတွေက ထိပ်ပြောင်ရတာလဲလို့ အော်ဟစ်ငိုကြွေးနေသလိုပဲ။
စုမင် တိတ်တဆိတ်သူ့ဆံပင်ကို ကိုင်စမ်းကြည့်သည်။
ကံကောင်းစွာ ထိပ်ပြောင်သည့်လက္ခဏာမရှိလို့ ... အကယ်၍ အသက်ငယ်ငယ်လေးနဲ့သာ သူထိပ်ပြောင်သွားရင် ဆံပင်တုဝတ်ရလိမ့်မယ် ... ပြီး လေနဲ့ မလွင့်သွားဖို့လည်း စိတ်ပူနေရလိမ့်မယ်။
အတွေးနဲ့တင် ကြောက်စရာကောင်းတယ်။
စုမင်တို့ အဆောင်ကထွက်လာတော့ သူမနေနိုင်ဘဲ နောက်လှည့်ကြည့်မိသည်။
သူတွေ့ခဲ့တာက သူ့ကျောကိုမတ်သွားစေပြီး လက်များမှ ကြက်သီးမွှေးများပင် ထလာစေသည်။
သူ့မျက်နှာချင်းဆိုင်တွင် အထပ်ခြောက်ထပ်ပါသော အဆောင်ဖြစ်ပြီး တစ်ခန်းစီတိုင်း လသာဆောင်ပြတင်းပေါက်များပါပြီး ပြတင်းကာများလည်းရှိသည်။
အလွန်တူညီလှသည့် လသာဆောင်များ၌ ပင်လယ်ကဲ့သို့ သရဲတစ္ဆေမြောက်မြားစွာပြည့်လျှမ်းနေသည်။ ဘယ်အချိန် အဘယ်ကြောင့် ဘယ်လိုသူတို့သေခဲ့လဲ မသိပေ။
အလောင်းတွေကို ကြီးကြီးမားမားထိခိုက်သည့်သရဲတွေမရှိပေ။ လက်မောင်း ၊ ခြေထောက်ပြတ်နေတာက မရေတွက်နိုင်လောက်အောင်ပေ။ သူတို့အားလုံးကျပ်သိပ်နေကာ လူသုံးယောက်ထွက်သွားသည်ကို ကြည့်နေကြ၏။
သရဲတစ်ကောင်က ပြတင်းကာအနောက်ကနေ လက်ဆန့်ထုတ်ပြီး သူ့ကို လက်ဝေ့ယမ်းပြတယ်။
ထိုလက်မောင်း ပြတင်းပေါက်ပေါ်က ပြုတ်ကျသွားသည်ကို စုမင်ကြည့်သည်။
စုမင်: “…”
တစ်ဖက်ကလည်း သတိထားမိပုံပဲ။ အရှေ့ကိုလှမ်းပေမယ့် လသာဆောင်ကနေပြုတ်ကျကာ ကံမကောင်းစွာ သရဲတစ်ကိုယ်လုံးပြုတ်ကျပြီး တစ်စစီပြန့်ကျဲသွားတယ်။
သူ့အကြည့်ရုတ်သိမ်းပြီး အမြန်ပဲ နောက်မလှည့်တော့ဘဲ ထွက်သွားလေသည်။
မနက်စောစောအချိန် စုမင်နိုးလာ၏။
အရင်လိုပဲ ရုပ်ရှင်ရုံဆီက သတိပေးမှုကို သူရရှိလေတယ် 【ဟယ်လို ပရိသတ်စုမင် ... အောင်မြင်စွာ နောက်တစ်နေ့မှာ အသက်ရှင်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်။ ရုပ်ရှင်ဇာတ်ကားအဆုံးသတ်ရောက်ဖို့ နှစ်ရက်လိုပါသေးတယ်။ ကျေးဇူးပြုပြီး အဲ့အထိ ဆက်လတ်ကြိုးစားပေးပါ။ ဒီနေ့သဲလွန်စ: ရုံးဌာနအဆောက်အဦး】
ရုံးဌာနဖြစ်နေတုန်းပဲ။
အားလုံးရဲ့အရင်းအမြစ်က ထိုနေရာကဆိုတာ စုမင်သေချာသည်။ မဟုတ်ရင် အဲ့နေရာမှာပဲ ဇာတ်ကွက်အများကြီးမရှိလောက်ဘူး။
အဓိကအရေးကြီးသည့်ကိစ္စမှာ ၎င်းအားစတင်ခဲ့သော အဖြစ်အပျက်ကို ဖော်ထုတ်ရန်ဖြစ်သည်။
စုရာနှင့် ကျောင်းဟွေ့တို့သည် ... တစ်ယောက်က အဆောက်အဦးပေါ်ကခုန်ချခဲ့ပြီး တစ်ယောက်က ကိုယ့်ကိုယ်ကိုဆွဲကြိုးချခဲ့သည်။ သူတို့နှစ်ယောက်ကြား၌ ဆက်စပ်မှုမရှိဘူးဆိုတာ မဖြစ်နိုင်ပေ။
ဘယ်သူက ဘာလုပ်ခဲ့လဲ သူမသိသောကြောင့် စုံစမ်းရှာဖွေရန်သာလုပ်နိုင်တယ်။
အဖြူအမည်းပုံများထဲမှ ကိုယ်ရေးကိုယ်တာအချက်အလတ်ရှိ ဖုန်းနံပါတ်စာရင်းကို စုမင်ခေါ်ဆိုလိုက်သည်။ သုံးဖုန်းက နံပါတ်ပြောင်းခဲ့ပြီး တစ်ခုက နံပါတ်မရှိတော့ပေ။
သူနှိပ်နိုင်ရုံသာ ... ကံကောင်းစွာပင် နောက်ဆုံးနံပါတ်က ခေါ်ဆိုမှုဝင်သွားခဲ့သည်။
ထိုအချက်အလတ်စာရင်းသည် စွမ်းချောင်ယောင်ဟုခေါ်သည့် ကျောင်းသားတစ်ဦးဖြစ်၏။ သူက သာမန်မိသားစုမှဖြစ်သော်လည်း အဆင့်အလွန်ကောင်းသည်ဟု ရေးသားထားတယ်။
အရွယ်အိုအိုအသံတစ်သံဖြေ၏ .."ဟယ်လို?"
စုမင်အမြန်ပြောတယ် .."ဟယ်လို ... စွမ်းချောင်ယောင်ရဲ့ မိဘလား?"
သူ့စကားဆုံးပြီးသော်လည်း တစ်ဖက်ဖုန်းလိုင်းမှ လူသည် တိတ်ဆိတ်နေ၏။ ရုတ်တရက် ဖုန်းခပ်ကြမ်းကြမ်းချလိုက်ကာ 'တီ' အသံထွက်လာတယ် ... ထိုသူသည် ကရုဏာမှုလေးတောင်မရှိဘဲ ဖုန်းချခဲ့တယ်။
စုမင်နှာခေါင်းထိပွတ်ပြီး ထိုနံပါတ်ကိုထပ်ဆက်သည်။
ဆန့်ကျင်ဘက်ဖုန်းလိုင်းမှ ... သက်ကြီးရွယ်အိုက အော်ပြောတယ် .."ကျုပ်မှာ ဘာမှပြောစရာမရှိဘူး ... ထပ်မဆက်နဲ့ မဟုတ်ရင် ကျုပ်ရဲခေါ်ရလိမ့်မယ်!"
စုမင်အသံ ညင်သာစွာဖြင့် .."ဟယ်လို ဒီနှစ်ကျောင်းဆင်းပွဲမှတ်တမ်းမှာ စွမ်းချောင်ယောင်ဖိုင် ကျွန်တော်ရှာတွေ့လို့ပါ။ အဲ့နှစ်က ဘာဖြစ်ခဲ့လဲ မေးစရာရှိလို့ ကျွန်တော်ခေါ်တာပါ။ ဘာလို့လဲဆိုတော့ ... အခုနောက်ပိုင်း ကျွန်တော် ထူးထူးဆန်းဆန်းတွေ ကြုံတွေ့နေရတယ်..."
သူအချို့ကိုရွေးပြီး ရှင်းပြတယ်။
ကျောင်းမှာ လူသေများကိုထုတ်ပြောလိုက်လို့လားမသိ ထိုသက်ကြီးရွယ်အိုရှော့ခ်ရသွားတယ် ... သူ ငါးမိနစ်မျှတိတ်ဆိတ်နေပြီး ပြောလာတယ် .."သေပြီးတာက သေပြီးတာပဲ ... ဘာမှထပ်ပြီးပြောစရာမရှိတော့ဘူး။ ကျုပ်အစောကြီးထဲက ကြိုသိခဲ့ရင် သူ့ကိုကျောင်းပြန်မပို့ခဲ့သင့်ဘူး"
ထိုစကားကို စုမင်နှလုံးသားထဲသိမ်းဆည်းပြီး မေးတယ် .."ကျွန်တော်သတ္တိရှိရှိမေးပါရစေ ... စွမ်းချောင်ယောင် ဘယ်လိုဆုံးခဲ့တာလဲ?"
တစ်ဖက်လူအသက်ရှူသံလေးလံလာပြီး .."မီးလောင်ခဲ့တာ!"
ထိုစကားထွက်ပေါ်ပြီးအကြာ ဖုန်းချလိုက်ကာ ခေါ်ဆိုမှုပြတ်တောက်သွား၏။ စုမင်ဘယ်နှကြိမ် ပြန်ခေါ်ပါစေ ပြန်မဖြေတော့ပေ။
စုမင်ရုတ်တရက်တစ်စုံတစ်ခုကို အမှတ်ရသွားတယ်။
ခုနှစ်လွှာမှာ ကျောင်းယွမ်ခန္ဓာကိုယ်တွေ့ခဲ့စဉ်က ... သူတံခါးကိုဖွင့်ဖို့ကြိုးစားပေမယ့် အမည်းရောင်အရာကို ပွတ်ထိမိခဲ့သည်။
ထိုအချိန်က သူရင်းနှီးပေမယ့် ဘာလည်းမသိပေ။ ဘာလို့လဲဆို နေ့အချိန်တံခါးကပုံမှန်ဖြစ်နေတာကြောင့် သူထပ်မတွေးမိတော့ပေ။
ထိုတံခါးက သစ်သားနဲ့ပြုလုပ်ထားတာကြောင့် ... မီးရှို့ခံရပြီးနောက် သစ်သားဝတ္ထုများ မီးလောင်ရာကျန်ခဲ့တယ် ... အမည်းရောင်အရာသည် သစ်သားမီးလောင်ရာဖြစ်လိမ့်မည်။
ရုံးဌာနအဆောက်အဦးပြန်လည်မွမ်းမံခြင်း၏ အကြောင်းရင်းနောက်ကွယ်သည် ခုနှစ်ထပ်မီးလောင်ခံရလို့ပင်။
ဒါဆို စွမ်းချောင်ယောင်က ရုံးအဆောက်အဦးမှာ သေဆုံးခဲ့တာပေါ့?
အပြင်ကနေ လင်းယိကျီပြေးဝင်လာပြီး အော်ပြောတယ် .."ဆရာချန်ဘယ်သူလဲ ငါရှာတွေ့ပြီ!"
စုမင်လှည့်ကာ .."ဘယ်သူလဲ?"
လင်းယိကျီရေတစ်ငုံသောက်လိုက်ပြီး .."သူက ပရော်ဖက်ရှင်နယ်ဆရာတစ်ယောက် ... ဒါကတော့သေချာတယ် ... သူ့ စာမေးပွဲကျနှုန်းတော်တော်မြင့်တယ် ငါကြားခဲ့တယ် ... ဒါပေမယ့် အရမ်းချောတယ်"
သူ့ဖုန်းထုတ်ပြီး စခရင်ရှော့ထုတ်ပြသည်။
"လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဒီကျောင်းမှာအလုပ်မလုပ်တော့ဘူး" လင်းယိကျီပြောတယ် .."အချို့ဂျူနီယာညီမလေးတွေက ဘာလို့သူအလုပ်ထွက်လိုက်လဲ ဖိုရမ်မှာမေးထားကြတယ်။ အဖြေက ... သူဆုံးသွားလို့"
စုမင်မသိလိုက်ဘဲ မျက်မှောင်ကျုံ့လိုက်တယ်။
ဘာလို့ သူတို့သေကုန်တာလဲ?
လင်းယိကျီပြောတယ် .."သေခြင်းရဲ့အကြောင်းကို လူသိရှင်ကြားမထုတ်ပြန်ထားဘူး။ ကျောင်းက ဖိနှိပ်ထားပုံရတယ်။ အဲ့နှစ်က စီနီယာကို ငါရှာတွေ့လို့ ... အချို့စုံစမ်းမေးမြန်းကြည့်မှ သူမီးလောင်သေသွားတယ်လို့ သူမပြောပြတာ ... ရုံးအဆောက်အဦးမှာ မီးလောင်ခဲ့တဲ့ပုံပဲ"
သူတို့ဘယ်လိုအတူတူသေဆုံးလဲ စုမင်ရုတ်တရက်သတိရလိုက်သည်။
သူခန့်မှန်းတာအမှန်ဆိုရင် ထိုဆရာချန်သည် မီးလောင်သည့်အချိန် ရုံးဌာနအဆောက်အဦးခုနှစ်လွှာရှိလောက်မည်။ နောက်ပိုင်းကျမှ ထိုအထပ်ကို စည်းတားပြီး ပြန်ပြုပြင်လိုက်ကာ ထိုမတော်မဆမှုကိုလည်း အများပြည်သူရှေ့မထုတ်ဖော်ခဲ့ပေ။
ဘာလို့ဖုံးကွယ်လဲ အကြောင်းပြချက်ကို ကျောင်းအုပ်ကြီးသာသိလိမ့်မည်။
ယူဆရသည်မှာ ပြဿနာတွေတစ်ခုပြီးတစ်ခုပေါ်လာပြီး ကျောင်းအုပ်လည်း စိုးရိမ်ပူပန်လာတယ်။
လင်းယိကျီထည့်ပေါင်းပြောတယ် .."ကျောင်းနေ့ရက်မှာ မတော်တဆဖြစ်ခဲ့တာမဟုတ်ဘူး ... အားလပ်ရက်အချို့မှာတဲ့ ... ကျောင်းမှာ လူအဲ့လောက်မကျန်တော့ သူမလည်းကျန်တာမသိတော့ဘူးတဲ့"
စုမင် မွေးနေ့ကတ်အစွန်းအဖျားကိုကိုင်ထားတယ်။
ခေတ်မမှီတော့သောကတ်၌ ဇူလိုင် ၁၆လို့ရေးသားထားတယ် ... ဆရာချန်မွေးနေ့ ...
စုမင်စဉ်းစားကြည့်ရင်း .."ဒီမွေးနေ့ကတ်က ဆရာချန်အတွက် ... သူတို့ သူ့မွေးနေ့ပွဲ သွားပြီး ကျင်းပပေးတာလား?"
ဒါဆို ဘာလို့တိုက်ပေါ်ကခုန်ချပြီး ဆွဲကြိုးချသတ်သေတာလဲ...?
သေချာပေါက် လူအများကြီးက ဆရာမွေးနေ့မှာ ကျင်းပပေးလိမ့်မဟုတ် ... အထူးသဖြင့် အကျနှုန်းမြင့်တဲ့သူပင် ... အကယ်၍ သူရုပ်ချောတယ်ဆိုရင်တောင် ကျောင်းသားများတွင် လူကြိုက်များတယ်ဆိုရင် ထူးဆန်းပေလိမ့်မည်။
အဲ့ဒီ့မှာ ကျောင်းသားတွေလား ဆရာတွေလား?
ဒီကိစ္စမရိုးရှင်းဘူးလို့ စုမင်တွေးမိသည်။
လင်းယိကျီခေါင်းစဉ်လွှဲလိုက်တယ် .."လင်းရှောင်ယန်ပြောတယ် ... သူမတစ်ယောက်တည်းမအိပ်ရဲသလို ကျောင်းလည်းမသွားရဲဘူးတဲ့ ... ဒီညငါတို့ဘယ်လိုလုပ်ကြမလဲ?"
စုမင် .."ငါတို့အဆောင်ကို သူမလာလို့မရဘူး"
လင်းယိကျီ .."ဒါပေမယ့် မင်းသူမဆီသွားနိုင်တယ်လေ"
စုမင်တုံ့ဆိုင်းစွာ .."ငါ ကျောင်းသူမိန်းကလေးမဟုတ်ဘူး။ ဘယ်လိုလုပ်ဝင်မှာလဲ? မင်းခေါင်းကို သရဲကန်တာတော်တော်ထိသွားတာလား?"
မနေ့ညက ... ဆွဲကြိုးချအမျိုးသမီးသရဲသည် လေထဲယိမ်းယိုင်လျက် ... လင်းယိကျီလည်ပင်းကို ဖွဖွလေးထိကန်ခဲ့သော်လည်း သူ့မှတ်ဉာဏ်ထဲစွဲကျန်ခဲ့သည်။
လင်းယိကျီယုံကြည်မှုအပြည့်ဖြင့် .."မင်း ဆံပင်တုနဲ့ စကတ်ဝတ်လိုက်ရင် အဆောင်ထိန်းအန်တီကို သေချာပေါက်အရူးလုပ်နိုင်မှာပါ"
စုမင်: "...နိုးထစမ်းပါကွာ ... အာရုဏ်တောင်တက်နေပြီ"
စာရေးသူမှာ ပြောစရာရှိတယ်:
ရုပ်ရှင်ပြီးသွားခဲ့ရင် တကယ့်ကမ္ဘာက အပိုင်းနည်းနည်းလေးတွေနဲ့ ရုပ်ရှင်ဇာတ်ကြောင်းလာပါလိမ့်မယ် QWQ
စုမင် သရဲမြင်သည့်အခါ: :oo
စုမင် ထိပ်ပြောင်တော့မယ်လို့တွေးသည့်အခါ: :OOOOO
****************************
*Googleမှာရှာကြည့်တော့ သီချင်းနာမည်ဖြစ်နေပါတယ်။ သိခဲ့ရင် ကိုယ့်ကိုပြောပြပါဦး
Sorry for mistakes
Thanks all<3
July 16, 2021
------------------------------------------------------------------------------------------------------------
Chapter 12: ေမြးေန႔ပြဲ
သူက ဒီေထာင့္ကေန အဲ့တာရဲ႕မ်က္ႏွာက္ိဳ မျမင္ရေပမယ့္ သူ႕ထံၾကည့္သည္ကို အလိုလိုသိသည္။
လင္းယိက်ီေျပာ၏ .."မင္းဘာလုပ္ေနတာလဲ? ေန႔တဝက္ေလာက္မင္း စကားမထစ္ဖူးပါဘူး"
သူ႕ေဘး၌ ဂ်င္း႐ွင္း႐ွိေနေသးတာ စုမင္ခံစားမိတာမို႔ မ်က္ေတာင္မခတ္ဘဲ လိမ္လိုက္တယ္ .."ဒီပုံထဲက အခ်က္အလတ္ကို႐ွာဖို႔ အရမ္းအာ႐ုံေရာက္သြားလို႔ ... မင္းေျပာတာမၾကားလိုက္ဘူး"
သူ႕လက္ကို ဖ်စ္ညႇစ္လာ၏။ တုန္႔ျပန္မႈအေနျဖင့္ စုမင္သည္ တေစၧ၏လက္ကိုဆြဲဆိတ္ၿပီး ေလကို စိန္းစိန္းဝါးဝါးၾကည့္လိုက္သည္။ သူဟာလမ္းေၾကာင္းမွန္ေပၚကို ၾကည့္ေနတယ္ဆိုရင္သူမသိဘူး ... ဒါေပမယ့္သူနည္းနည္း စိတ္ဆိုးတယ္။
ဂ်င္း႐ွင္းလက္လႊတ္ေပးၿပီးေနာက္ သူ႕နား႐ြက္ထံ တိုးေဝွ႔ပူးကပ္လာၿပီး ညင္သာစြာ တိုးတိုးေလးျဖင့္ .."မင္းစိတ္ဆိုးေနပုံေလးက တကယ္ခ်စ္ဖို႔ေကာင္းတယ္"
တေစၧကို ႐ိုက္ဖို႔ေနေနသာသာ စုမင္မေတြ႕မွေတာ့ ... ဂ်င္း႐ွင္းကို လစ္လ်ဴ႐ႈလိုက္ေတာ့သည္။ သူ႕လက္မ်ားကို လုံျခဳံသည့္အိတ္ကပ္ထဲထည့္ၿပီး စုမင္ေျပာတယ္ .."မေစာေတာ့ဘူး ငါတို႔သဲလြန္စ႐ွာေတြ႕ၿပီပဲ သြားၾကရေအာင္"
ဒီမွာ သူၾကာၾကာဆက္ေနရင္ သူ႕ကိုယ္အျဖဴထည္ႀကီးစားခံရေတာ့မယ္။
ခုနကလို ... ထိုအရိပ္သည္ မ်က္ႏွာက်က္ပန္ကာေအာက္တြင္ ယိမ္းယိုင္ေနတယ္ ... အကယ္၍ စုမင္ ခ်န္ေခါ့အေလာင္းကိုေတြ႕ခ်င္ရင္ ထိုအရာကို မလြဲဧကန္ျဖတ္ေလွ်ာက္ရမည္ပင္။
ဒါေပမယ့္ သူ ထိုအရိပ္၏မ်က္ႏွာကိုလည္း ျမင္ခ်င္ေသးတယ္။
ထိုသရဲသည္ အႏၲရာယ္႐ွိသည့္ပုံမေပၚေပ ... သူ႕ၾကည့္ရတာ ႐ိုး႐ိုး႐ွင္း႐ွင္း သာယာသည့္ရာသီဥတုအ႐ုပ္ကဲ့သို႔ တြဲလဲက်ေန႐ုံသာ ...
သူမၾကည့္ရတာ ဒီလႈပ္႐ွားမႈကို ႏွစ္သက္သည္ထင္ ... လႊဲယမ္းေနသည္မွာ အေဝ့အဝိုက္ပိုႀကီးသထက္ႀကီးလာတယ္။ တစ္ခါတေလ သူမေျခေခ်ာင္းထိပ္ေလးေတြက လင္းယိက်ီလည္ပင္းကို ထိသြားတတ္သည္။
လင္းယိက်ီအလြန္ထိတ္လန္႔သြားၿပီး .."ဘာႀကီးလဲ? ဘာႀကီးလဲ?"
စုမင္ မေတြ႕သလို ဟန္ေဆာင္ၿပီး လင္းေ႐ွာင္ယန္ မၾကားသလိုဟန္ေဆာင္ရင္း .."အျမန္သြားရေအာင္"
ခ်န္ေခါ့ခႏၶာကိုယ္ကေတာ့ သူတို႔ငယ္ေဆာင္သြားဖို႔မျဖစ္ႏိုင္တာမို႔ ထိုေနရာမွာပဲ ထားခဲ့သည္။ ဒီည သူမ ႐ုံးဌာနကိုေျပးသြားရင္ သြားမွာေပါ့။
ထြက္မသြားခင္ စုမင္ အေဆာင္ခန္းတံခါးပိတ္၏။
မ်က္ႏွာက်က္ပန္ကာေအာက္၌ နာရီခ်ိန္သီးကဲ့သို႔ လႊဲယမ္းေနသည့္ သရဲသည္ ျပဳတ္က်လုနီးနီးပင္ ... သူမ ၾကမ္းျပင္ေပၚေမွာက္လ်က္ မလဲက်ႏိုင္ဘူးလို႔ စုမင္ေတြးမိသည္။
သူလ်င္ျမန္စြာတံခါးပိတ္ၿပီး အထဲကိုထပ္မၾကည့္ရဲေတာ့ေပ။
ဤတစ္ႀကိမ္ ေမြးေန႔ကတ္ ၊ ဓာတ္ပုံႏွင့္ ဆရာခ်န္ ဒီမေတာ္တဆမႈပတ္သတ္ခဲ့သည့္အေၾကာင္းတို႔ကို သူရ႐ွိခဲ့တယ္။
အခု မိန္းကေလးႏွစ္ေယာက္ရဲ႕ နာမည္ကို သူသိခဲ့ေသာေၾကာင့္ သူတို႔အခ်က္အလတ္ကို တူးေဖာ္ရန္ ပိုလြယ္ကူသည္။ မနက္ျဖန္ဆို အရာအားလုံးေဖာ္ထုတ္ႏိုင္ေလာက္မည္။ စုမင္သြားစုံစမ္းခ်င္သည္။
လင္းေ႐ွာင္ယန္ .."မနက္ျဖန္ညေန ငါ့ကိုေစာင့္ၾကည့္ေပးပါ"
လင္းယိက်ီ .."ငါတို႔ဘယ္လိုသြားမလဲ? ငါတို႔အမ်ိဳးသမီးအေဆာင္ထဲထပ္ဝင္လို႔ မရႏိုင္ဘူး။ အကယ္၍ ဝင္ခဲ့ရင္ အေဆာင္ထိန္းအန္တီက ငါတို႔ကိုေမာင္းထုတ္မွာ ၿပီးတာနဲ႔ တစ္ေက်ာင္းလုံးကို သတင္းေပးလိမ့္မယ္"
ေသခ်ာေပါက္ အဲ့အခ်ိန္ သူတို႔ျပႆနာႀကီးႀကီးတက္ႏိုင္သည္။
စုမင္ဆြံ႕အသြားတယ္ .."မင္းဘာေတြေျပာေနတာလဲ? ဒီကိစၥက မၾကာခင္ေပါက္ၾကားေတာ့မွာပဲ။ အခ်ိန္က်လာရင္ မင္းကိုစၿပီး အျပစ္တင္ဖို႔ အေၾကာင္း႐ွိမွာေတာင္မဟုတ္ဘူး"
ဇာတ္လိုက္မင္းသမီးတြင္ အျပဳအမူဦးစားေပးခံရတုန္းပင္။
ဒီ႐ုပ္႐ွင္တြင္ ဇာတ္လိုက္မင္းသားမ႐ွိဘူး။ တကယ္လို႔ ဇာတ္လိုက္မင္းသမီးေသဆုံးခဲ့လွ်င္ ဇာတ္သိမ္းက မီးေတာက္သြားလိမ့္မယ္မလား? ဒီလို႐ုပ္႐ွင္က ထိုကဲ့သို႔ဇာတ္သိမ္းမ်ိဳးမ႐ွိေပ။
စုမင္သည္ အဆုံးထိအသက္႐ွင္ေနထိုင္ခ်င္႐ုံသာ။
ထိုအခိုက္အတန္႔ လင္းယိက်ီပတ္ပတ္လည္တစ္ခ်က္ေဝ့ၾကည့္ၿပီး ရင္တုန္စြာေမးသည္။ .."စုမင္ မင္းသီခ်င္းဆိုသံၾကားလား?"
စုမင္ ဂ႐ုတစိုက္နားေထာင္ၾကည့္ၿပီး .."ၾကားတယ္"
လင္းယိက်ီ နည္းနည္းအေနခက္လ်က္ ေမးတယ္ .."ဘာလို႔ သီခ်င္းသံက The Most Dazzling Folk Style*နဲ႔ တူေနတာလဲ..."
လူသုံးေယာက္ ေလွကားထစ္ေပၚ၌မတ္တပ္ရပ္ေနရင္း နားေထာင္ၾကတယ္။ သီခ်င္းသံက အေဆာင္၏သုံးလႊာကပင္။
သူတို႔ သုံးလႊာကို မေရာက္ဖူးဘူး။
လင္းေ႐ွာင္ယန္ေမးတယ္ .."နင္တို႔ သြားၾကည့္ခ်င္လား?"
စုမင္ တခဏေတြးေတာၿပီး .."ေမ့လိုက္ေတာ့ ... ၾကည့္ရတာ ေအာက္မွာ သူတို႔ပါတီက်င္းပေနတာျဖစ္မယ္။ ေနာက္ခါက်မွ ငါတို႔သြားၾကည့္ၾကမယ္"
သူ႕အသက္သူ တန္ဖိုးထားေသးတယ္
ဤအေဆာင္သည္ တားျမစ္ပိတ္ပင္ထားတာ ႏွစ္အလြန္ၾကာၿပီ။ အထီးက်န္ဝိညာဥ္ေတြ သရဲေတြကိုျမင္ေတြ႕ရတာ ပုံမွန္ပင္။ လွ်ိဳလီလီအေလာင္း လႈပ္႐ွားတာကို သူေတြ႕ၿပီးကတည္းက ဒီလိုမ်ိဳးက စိတ္႐ႈပ္ေထြးစရာလို႔ စုမင္မခံစားရေတာ့ဘူး။
သူတို႔ သုံးလႊာကို ခ်ည္းကပ္သည္ႏွင့္ သီခ်င္းသံကပိုပီျပင္လာတယ္။
သူတို႔ သုံးလႊာကိုေက်ာ္ၿပီး ဆက္ဆင္းသည့္အခါ ေကာင္မေလးတစ္ေယာက္ ေအာ္ဟစ္ျမည္တမ္းသည့္အသံ စုမင္ၾကားလိုက္ရသလိုပဲ ထင္မိသည္။
- မသိရင္ ဘာလို႔ သရဲေတြက ထိပ္ေျပာင္ရတာလဲလို႔ ေအာ္ဟစ္ငိုေႂကြးေနသလိုပဲ။
စုမင္ တိတ္တဆိတ္သူ႕ဆံပင္ကို ကိုင္စမ္းၾကည့္သည္။
ကံေကာင္းစြာ ထိပ္ေျပာင္သည့္လကၡဏာမ႐ွိလို႔ ... အကယ္၍ အသက္ငယ္ငယ္ေလးနဲ႔သာ သူထိပ္ေျပာင္သြားရင္ ဆံပင္တုဝတ္ရလိမ့္မယ္ ... ၿပီး ေလနဲ႔ မလြင့္သြားဖို႔လည္း စိတ္ပူေနရလိမ့္မယ္။
အေတြးနဲ႔တင္ ေၾကာက္စရာေကာင္းတယ္။
စုမင္တို႔ အေဆာင္ကထြက္လာေတာ့ သူမေနႏိုင္ဘဲ ေနာက္လွည့္ၾကည့္မိသည္။
သူေတြ႕ခဲ့တာက သူ႕ေက်ာကိုမတ္သြားေစၿပီး လက္မ်ားမွ ၾကက္သီးေမႊးမ်ားပင္ ထလာေစသည္။
သူ႕မ်က္ႏွာခ်င္းဆိုင္တြင္ အထပ္ေျခာက္ထပ္ပါေသာ အေဆာင္ျဖစ္ၿပီး တစ္ခန္းစီတိုင္း လသာေဆာင္ျပတင္းေပါက္မ်ားပါၿပီး ျပတင္းကာမ်ားလည္း႐ွိသည္။
အလြန္တူညီလွသည့္ လသာေဆာင္မ်ား၌ ပင္လယ္ကဲ့သို႔ သရဲတေစၧေျမာက္ျမားစြာျပည့္လွ်မ္းေနသည္။ ဘယ္အခ်ိန္ အဘယ္ေၾကာင့္ ဘယ္လိုသူတို႔ေသခဲ့လဲ မသိေပ။
အေလာင္းေတြကို ႀကီးႀကီးမားမားထိခိုက္သည့္သရဲေတြမ႐ွိေပ။ လက္ေမာင္း ၊ ေျခေထာက္ျပတ္ေနတာက မေရတြက္ႏိုင္ေလာက္ေအာင္ေပ။ သူတို႔အားလုံးက်ပ္သိပ္ေနကာ လူသုံးေယာက္ထြက္သြားသည္ကို ၾကည့္ေနၾက၏။
သရဲတစ္ေကာင္က ျပတင္းကာအေနာက္ကေန လက္ဆန္႔ထုတ္ၿပီး သူ႕ကို လက္ေဝ့ယမ္းျပတယ္။
ထိုလက္ေမာင္း ျပတင္းေပါက္ေပၚက ျပဳတ္က်သြားသည္ကို စုမင္ၾကည့္သည္။
စုမင္: “…”
တစ္ဖက္ကလည္း သတိထားမိပုံပဲ။ အေ႐ွ႕ကိုလွမ္းေပမယ့္ လသာေဆာင္ကေနျပဳတ္က်ကာ ကံမေကာင္းစြာ သရဲတစ္ကိုယ္လုံးျပဳတ္က်ၿပီး တစ္စစီျပန္႔က်ဲသြားတယ္။
သူ႕အၾကည့္႐ုတ္သိမ္းၿပီး အျမန္ပဲ ေနာက္မလွည့္ေတာ့ဘဲ ထြက္သြားေလသည္။
မနက္ေစာေစာအခ်ိန္ စုမင္ႏိုးလာ၏။
အရင္လိုပဲ ႐ုပ္႐ွင္႐ုံဆီက သတိေပးမႈကို သူရ႐ွိေလတယ္ 【ဟယ္လို ပရိသတ္စုမင္ ... ေအာင္ျမင္စြာ ေနာက္တစ္ေန႔မွာ အသက္႐ွင္ႏိုင္တဲ့အတြက္ ဂုဏ္ျပဳပါတယ္။ ႐ုပ္႐ွင္ဇာတ္ကားအဆုံးသတ္ေရာက္ဖို႔ ႏွစ္ရက္လိုပါေသးတယ္။ ေက်းဇူးျပဳၿပီး အဲ့အထိ ဆက္လတ္ႀကိဳးစားေပးပါ။ ဒီေန႔သဲလြန္စ: ႐ုံးဌာနအေဆာက္အဦး】
႐ုံးဌာနျဖစ္ေနတုန္းပဲ။
အားလုံးရဲ႕အရင္းအျမစ္က ထိုေနရာကဆိုတာ စုမင္ေသခ်ာသည္။ မဟုတ္ရင္ အဲ့ေနရာမွာပဲ ဇာတ္ကြက္အမ်ားႀကီးမ႐ွိေလာက္ဘူး။
အဓိကအေရးႀကီးသည့္ကိစၥမွာ ၎အားစတင္ခဲ့ေသာ အျဖစ္အပ်က္ကို ေဖာ္ထုတ္ရန္ျဖစ္သည္။
စုရာႏွင့္ ေက်ာင္းေဟြ႕တို႔သည္ ... တစ္ေယာက္က အေဆာက္အဦးေပၚကခုန္ခ်ခဲ့ၿပီး တစ္ေယာက္က ကိုယ့္ကိုယ္ကိုဆြဲႀကိဳးခ်ခဲ့သည္။ သူတို႔ႏွစ္ေယာက္ၾကား၌ ဆက္စပ္မႈမ႐ွိဘူးဆိုတာ မျဖစ္ႏိုင္ေပ။
ဘယ္သူက ဘာလုပ္ခဲ့လဲ သူမသိေသာေၾကာင့္ စုံစမ္း႐ွာေဖြရန္သာလုပ္ႏိုင္တယ္။
အျဖဴအမည္းပုံမ်ားထဲမွ ကိုယ္ေရးကိုယ္တာအခ်က္အလတ္႐ွိ ဖုန္းနံပါတ္စာရင္းကို စုမင္ေခၚဆိုလိုက္သည္။ သုံးဖုန္းက နံပါတ္ေျပာင္းခဲ့ၿပီး တစ္ခုက နံပါတ္မ႐ွိေတာ့ေပ။
သူႏွိပ္ႏိုင္႐ုံသာ ... ကံေကာင္းစြာပင္ ေနာက္ဆုံးနံပါတ္က ေခၚဆိုမႈဝင္သြားခဲ့သည္။
ထိုအခ်က္အလတ္စာရင္းသည္ စြမ္းေခ်ာင္ေယာင္ဟုေခၚသည့္ ေက်ာင္းသားတစ္ဦးျဖစ္၏။ သူက သာမန္မိသားစုမွျဖစ္ေသာ္လည္း အဆင့္အလြန္ေကာင္းသည္ဟု ေရးသားထားတယ္။
အ႐ြယ္အိုအိုအသံတစ္သံေျဖ၏ .."ဟယ္လို?"
စုမင္အျမန္ေျပာတယ္ .."ဟယ္လို ... စြမ္းေခ်ာင္ေယာင္ရဲ႕ မိဘလား?"
သူ႕စကားဆုံးၿပီးေသာ္လည္း တစ္ဖက္ဖုန္းလိုင္းမွ လူသည္ တိတ္ဆိတ္ေန၏။ ႐ုတ္တရက္ ဖုန္းခပ္ၾကမ္းၾကမ္းခ်လိုက္ကာ 'တီ' အသံထြက္လာတယ္ ... ထိုသူသည္ က႐ုဏာမႈေလးေတာင္မ႐ွိဘဲ ဖုန္းခ်ခဲ့တယ္။
စုမင္ႏွာေခါင္းထိပြတ္ၿပီး ထိုနံပါတ္ကိုထပ္ဆက္သည္။
ဆန္႔က်င္ဘက္ဖုန္းလိုင္းမွ ... သက္ႀကီး႐ြယ္အိုက ေအာ္ေျပာတယ္ .."က်ဳပ္မွာ ဘာမွေျပာစရာမ႐ွိဘူး ... ထပ္မဆက္နဲ႔ မဟုတ္ရင္ က်ဳပ္ရဲေခၚရလိမ့္မယ္!"
စုမင္အသံ ညင္သာစြာျဖင့္ .."ဟယ္လို ဒီႏွစ္ေက်ာင္းဆင္းပြဲမွတ္တမ္းမွာ စြမ္းေခ်ာင္ေယာင္ဖိုင္ ကြၽန္ေတာ္႐ွာေတြ႕လို႔ပါ။ အဲ့ႏွစ္က ဘာျဖစ္ခဲ့လဲ ေမးစရာ႐ွိလို႔ ကြၽန္ေတာ္ေခၚတာပါ။ ဘာလို႔လဲဆိုေတာ့ ... အခုေနာက္ပိုင္း ကြၽန္ေတာ္ ထူးထူးဆန္းဆန္းေတြ ၾကဳံေတြ႕ေနရတယ္..."
သူအခ်ိဳ႕ကိုေ႐ြးၿပီး ႐ွင္းျပတယ္။
ေက်ာင္းမွာ လူေသမ်ားကိုထုတ္ေျပာလိုက္လို႔လားမသိ ထိုသက္ႀကီး႐ြယ္အိုေ႐ွာ့ခ္ရသြားတယ္ ... သူ ငါးမိနစ္မွ်တိတ္ဆိတ္ေနၿပီး ေျပာလာတယ္ .."ေသၿပီးတာက ေသၿပီးတာပဲ ... ဘာမွထပ္ၿပီးေျပာစရာမ႐ွိေတာ့ဘူး။ က်ဳပ္အေစာႀကီးထဲက ႀကိဳသိခဲ့ရင္ သူ႕ကိုေက်ာင္းျပန္မပို႔ခဲ့သင့္ဘူး"
ထိုစကားကို စုမင္ႏွလုံးသားထဲသိမ္းဆည္းၿပီး ေမးတယ္ .."ကြၽန္ေတာ္သတၱိ႐ွိ႐ွိေမးပါရေစ ... စြမ္းေခ်ာင္ေယာင္ ဘယ္လိုဆုံးခဲ့တာလဲ?"
တစ္ဖက္လူအသက္႐ွဴသံေလးလံလာၿပီး .."မီးေလာင္ခဲ့တာ!"
ထိုစကားထြက္ေပၚၿပီးအၾကာ ဖုန္းခ်လိုက္ကာ ေခၚဆိုမႈျပတ္ေတာက္သြား၏။ စုမင္ဘယ္ႏွႀကိမ္ ျပန္ေခၚပါေစ ျပန္မေျဖေတာ့ေပ။
စုမင္႐ုတ္တရက္တစ္စုံတစ္ခုကို အမွတ္ရသြားတယ္။
ခုႏွစ္လႊာမွာ ေက်ာင္းယြမ္ခႏၶာကိုယ္ေတြ႕ခဲ့စဥ္က ... သူတံခါးကိုဖြင့္ဖို႔ႀကိဳးစားေပမယ့္ အမည္းေရာင္အရာကို ပြတ္ထိမိခဲ့သည္။
ထိုအခ်ိန္က သူရင္းႏွီးေပမယ့္ ဘာလည္းမသိေပ။ ဘာလို႔လဲဆို ေန႔အခ်ိန္တံခါးကပုံမွန္ျဖစ္ေနတာေၾကာင့္ သူထပ္မေတြးမိေတာ့ေပ။
ထိုတံခါးက သစ္သားနဲ႔ျပဳလုပ္ထားတာေၾကာင့္ ... မီး႐ိႈ႕ခံရၿပီးေနာက္ သစ္သားဝတၳဳမ်ား မီးေလာင္ရာက်န္ခဲ့တယ္ ... အမည္းေရာင္အရာသည္ သစ္သားမီးေလာင္ရာျဖစ္လိမ့္မည္။
႐ုံးဌာနအေဆာက္အဦးျပန္လည္မြမ္းမံျခင္း၏ အေၾကာင္းရင္းေနာက္ကြယ္သည္ ခုႏွစ္ထပ္မီးေလာင္ခံရလို႔ပင္။
ဒါဆို စြမ္းေခ်ာင္ေယာင္က ႐ုံးအေဆာက္အဦးမွာ ေသဆုံးခဲ့တာေပါ့?
အျပင္ကေန လင္းယိက်ီေျပးဝင္လာၿပီး ေအာ္ေျပာတယ္ .."ဆရာခ်န္ဘယ္သူလဲ ငါ႐ွာေတြ႕ၿပီ!"
စုမင္လွည့္ကာ .."ဘယ္သူလဲ?"
လင္းယိက်ီေရတစ္ငုံေသာက္လိုက္ၿပီး .."သူက ပေရာ္ဖက္႐ွင္နယ္ဆရာတစ္ေယာက္ ... ဒါကေတာ့ေသခ်ာတယ္ ... သူ႕ စာေမးပြဲက်ႏႈန္းေတာ္ေတာ္ျမင့္တယ္ ငါၾကားခဲ့တယ္ ... ဒါေပမယ့္ အရမ္းေခ်ာတယ္"
သူ႕ဖုန္းထုတ္ၿပီး စခရင္ေ႐ွာ့ထုတ္ျပသည္။
"လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ဒီေက်ာင္းမွာအလုပ္မလုပ္ေတာ့ဘူး" လင္းယိက်ီေျပာတယ္ .."အခ်ိဳ႕ဂ်ဴနီယာညီမေလးေတြက ဘာလို႔သူအလုပ္ထြက္လိုက္လဲ ဖိုရမ္မွာေမးထားၾကတယ္။ အေျဖက ... သူဆုံးသြားလို႔"
စုမင္မသိလိုက္ဘဲ မ်က္ေမွာင္က်ံဳ႕လိုက္တယ္။
ဘာလို႔ သူတို႔ေသကုန္တာလဲ?
လင္းယိက်ီေျပာတယ္ .."ေသျခင္းရဲ႕အေၾကာင္းကို လူသိ႐ွင္ၾကားမထုတ္ျပန္ထားဘူး။ ေက်ာင္းက ဖိႏွိပ္ထားပုံရတယ္။ အဲ့ႏွစ္က စီနီယာကို ငါ႐ွာေတြ႕လို႔ ... အခ်ိဳ႕စုံစမ္းေမးျမန္းၾကည့္မွ သူမီးေလာင္ေသသြားတယ္လို႔ သူမေျပာျပတာ ... ႐ုံးအေဆာက္အဦးမွာ မီးေလာင္ခဲ့တဲ့ပုံပဲ"
သူတို႔ဘယ္လိုအတူတူေသဆုံးလဲ စုမင္႐ုတ္တရက္သတိရလိုက္သည္။
သူခန္႔မွန္းတာအမွန္ဆိုရင္ ထိုဆရာခ်န္သည္ မီးေလာင္သည့္အခ်ိန္ ႐ုံးဌာနအေဆာက္အဦးခုႏွစ္လႊာ႐ွိေလာက္မည္။ ေနာက္ပိုင္းက်မွ ထိုအထပ္ကို စည္းတားၿပီး ျပန္ျပဳျပင္လိုက္ကာ ထိုမေတာ္မဆမႈကိုလည္း အမ်ားျပည္သူေ႐ွ႕မထုတ္ေဖာ္ခဲ့ေပ။
ဘာလို႔ဖုံးကြယ္လဲ အေၾကာင္းျပခ်က္ကို ေက်ာင္းအုပ္ႀကီးသာသိလိမ့္မည္။
ယူဆရသည္မွာ ျပႆနာေတြတစ္ခုၿပီးတစ္ခုေပၚလာၿပီး ေက်ာင္းအုပ္လည္း စိုးရိမ္ပူပန္လာတယ္။
လင္းယိက်ီထည့္ေပါင္းေျပာတယ္ .."ေက်ာင္းေန႔ရက္မွာ မေတာ္တဆျဖစ္ခဲ့တာမဟုတ္ဘူး ... အားလပ္ရက္အခ်ိဳ႕မွာတဲ့ ... ေက်ာင္းမွာ လူအဲ့ေလာက္မက်န္ေတာ့ သူမလည္းက်န္တာမသိေတာ့ဘူးတဲ့"
စုမင္ ေမြးေန႔ကတ္အစြန္းအဖ်ားကိုကိုင္ထားတယ္။
ေခတ္မမွီေတာ့ေသာကတ္၌ ဇူလိုင္ ၁၆လို႔ေရးသားထားတယ္ ... ဆရာခ်န္ေမြးေန႔ ...
စုမင္စဥ္းစားၾကည့္ရင္း .."ဒီေမြးေန႔ကတ္က ဆရာခ်န္အတြက္ ... သူတို႔ သူ႕ေမြးေန႔ပြဲ သြားၿပီး က်င္းပေပးတာလား?"
ဒါဆို ဘာလို႔တိုက္ေပၚကခုန္ခ်ၿပီး ဆြဲႀကိဳးခ်သတ္ေသတာလဲ...?
ေသခ်ာေပါက္ လူအမ်ားႀကီးက ဆရာေမြးေန႔မွာ က်င္းပေပးလိမ့္မဟုတ္ ... အထူးသျဖင့္ အက်ႏႈန္းျမင့္တဲ့သူပင္ ... အကယ္၍ သူ႐ုပ္ေခ်ာတယ္ဆိုရင္ေတာင္ ေက်ာင္းသားမ်ားတြင္ လူႀကိဳက္မ်ားတယ္ဆိုရင္ ထူးဆန္းေပလိမ့္မည္။
အဲ့ဒီ့မွာ ေက်ာင္းသားေတြလား ဆရာေတြလား?
ဒီကိစၥမ႐ိုး႐ွင္းဘူးလို႔ စုမင္ေတြးမိသည္။
လင္းယိက်ီေခါင္းစဥ္လႊဲလိုက္တယ္ .."လင္းေ႐ွာင္ယန္ေျပာတယ္ ... သူမတစ္ေယာက္တည္းမအိပ္ရဲသလို ေက်ာင္းလည္းမသြားရဲဘူးတဲ့ ... ဒီညငါတို႔ဘယ္လိုလုပ္ၾကမလဲ?"
စုမင္ .."ငါတို႔အေဆာင္ကို သူမလာလို႔မရဘူး"
လင္းယိက်ီ .."ဒါေပမယ့္ မင္းသူမဆီသြားႏိုင္တယ္ေလ"
စုမင္တုံ႔ဆိုင္းစြာ .."ငါ ေက်ာင္းသူမိန္းကေလးမဟုတ္ဘူး။ ဘယ္လိုလုပ္ဝင္မွာလဲ? မင္းေခါင္းကို သရဲကန္တာေတာ္ေတာ္ထိသြားတာလား?"
မေန႔ညက ... ဆြဲႀကိဳးခ်အမ်ိဳးသမီးသရဲသည္ ေလထဲယိမ္းယိုင္လ်က္ ... လင္းယိက်ီလည္ပင္းကို ဖြဖြေလးထိကန္ခဲ့ေသာ္လည္း သူ႕မွတ္ဉာဏ္ထဲစြဲက်န္ခဲ့သည္။
လင္းယိက်ီယုံၾကည္မႈအျပည့္ျဖင့္ .."မင္း ဆံပင္တုနဲ႔ စကတ္ဝတ္လိုက္ရင္ အေဆာင္ထိန္းအန္တီကို ေသခ်ာေပါက္အ႐ူးလုပ္ႏိုင္မွာပါ"
စုမင္: "...ႏိုးထစမ္းပါကြာ ... အာ႐ုဏ္ေတာင္တက္ေနၿပီ"
စာေရးသူမွာ ေျပာစရာ႐ွိတယ္:
႐ုပ္႐ွင္ၿပီးသြားခဲ့ရင္ တကယ့္ကမ႓ာက အပိုင္းနည္းနည္းေလးေတြနဲ႔ ႐ုပ္႐ွင္ဇာတ္ေၾကာင္းလာပါလိမ့္မယ္ QWQ
စုမင္ သရဲျမင္သည့္အခါ: :oo
စုမင္ ထိပ္ေျပာင္ေတာ့မယ္လို႔ေတြးသည့္အခါ: :OOOOO
****************************
*Googleမွာ႐ွာၾကည့္ေတာ့ သီခ်င္းနာမည္ျဖစ္ေနပါတယ္။ သိခဲ့ရင္ ကိုယ့္ကိုေျပာျပပါဦး
Sorry for mistakes
Thanks all<3
July 16, 2021
------------------------------------------------------------------------------------------------------------