(Unicode)
မနက်စာစားနေချိန် ကြားလိုက်ရတဲ့ ကားသံကြောင့် လက်ထဲကဇွန်းပါ လွတ်ကျသွားသည်...
ထပ်လာပြန်ပြီလား!...
"ဟမ် ဘယ်ရောက်သွားတာလဲ..."
စောနကအထိ ထမင်းဝိုင်းမှာ မိသားစုသုံးယောက် မနက်စာလက်စုံစားနေပေမယ့် အခုတော့ ရဲတာတစ်ယောက်တည်း ကျန်တော့တယ်...
ကောင်းဇေလင်းကို အိမ်ရှေ့ထွက်ကြိုလာတဲ့ သားမိနှစ်ယောက်ကြောင့် လန့်ဖြန့်သွားရသည်... မလန့်လို့လဲမဖြစ်ပါ သားမိနှစ်ယောက်လုံးက လူကို မတူညီတဲ့အဓိပ္ပာယ်နဲ့ ရွှင်းရွှင်းစားစားကြည့်ကာ ပြုံးနေတယ်မဟုတ်ပါလား...
"သားလင်း ဘာလာလုပ်တာလဲ..."
"... ... ..."
သား... သားလင်းတဲ့လား... ကောင်းဇေလင်းကို သားလင်းလို့ ခေါ်လိုက်တာလား...
ကောင်းဇေလင်း အူတူတူနဲ့ ဘာမှပြန်မဖြေနိုင်ဖြစ်နေသည်ကြောင့် နီတာက အစားဝင်ဖြေပေးလိုက်သည်...
"သမီး အုန်းနို့ခေါက်ဆွဲစားချင်တယ်ပြောထားလို့ လာပို့ပေးတာ..."
"ဪ... ဟုတ်လား သားလင်းက ဂရုစိုက်တတ်လိုက်တာ..."
"... ... ..."
ကောင်းဇေလင်း စကားပြန် ရှာရတော့မလား... ဒီအန်တီပြောနေတဲ့ စကားရဲ့ဆိုလိုရင်းကို နားမလည်တော့လို့...
"လာသား အိမ်ထဲဝင်..." ဆိုပြီး အတင်းတွေခေါ်လာသည်ကို အတင်းတွေပြန်ငြင်းလိုက်ရသည်...
"ညီမ ကိုယ်ဆိုင်မှာဘဲစောင့်နေမယ်..."
"ဟုတ်..."
အမေ့လုပ်ပုံကြောင့် လန့်ပြေးသွားသူကို အိမ်ထဲကနေလှမ်းကြည်ပြီး ရယ်နေရသည်... သေချာတယ် နောက်လာရဲတော့မှာမဟုတ်ဘူး...
အမေတို့ အိမ်ထဲပြန်ဝင်လာတော့ ရဲတာ ဟန်မပျက် ထမင်းစားပွဲမှာ ပြန်ထိုင်လိုက်သည်...
"ကောင်လေးက ဘာဆိုင်ဖွင့်ထားတာလဲ..."
အိမ်ထဲဝင်လာရင်း ဘေးကသမီးကို မေးလိုက်သည်...
"အရုပ်ဆိုင်..."
မဆိုးဘူး... လုံးဝမဆိုးဘူး... လို့ စိတ်ထဲကနေ အမှတ်ပြည့်ပေးနေသည့် ဒေါ်နီတာရဲ...
"ကောင်လေးက လူရည်မွန်လေးဘဲ... အမေသဘောကျတယ်..."
အုန်းနို့ခေါက်ဆွဲကို ပန်းကန်ထဲထည့်ရင်း နီတာ့ကို ရည်ရွယ်ပြီးပြောလာသည်ကိုသိပေမယ့် နီတာနဲ့မဆိုင်လို့ ဘာမှပြန်ပြောမနေဘဲ အမေပြင်ပေးနေတဲ့ အုန်းနို့ခေါက်ဆွဲပန်းကန်ဆီသာ အာရုံကိုစုစည်းထားလိုက်တယ်...
"သိတာ အခုမှ ၂ရက်ဘဲရှိသေးတာလေ... မနေ့ကတစ်ရက်နဲ့ ဒီနေ့တစ်ရက်... သဘောကျတာက စောမနေဘူးလား..."
ရဲတာ လက်နှစ်ချောင်းထောင်ပြပြီး ပြောလိုက်တော့ ထောင်ထားတဲ့လက်ကို ဖြတ်ကနဲရိုက်ချလာပြီး...
"ငါ သဘောကျရင်ကျတယ်ပေါ..."
ဇွတ်တွေပါလားနော်... ဇွတ်ကို သဘောကျနေတော့တာဘဲ... တကယ့်ကိုဇွတ်...
ရဲတာအတွေးထဲမှာ ဇွတ်တွေပြည့်နေသလို ဒေါ်နီတာရဲဟာလဲ တကယ်ဇွတ်ဖြစ်နေခဲ့သည်...
ဒေါ်နီတာရဲ တွေးနေသည်က...
ကောင်လေးနဲ့ ပိုရင်းနီးလာလေ နီတာရဲ သဘောကျတဲ့အချက်တွေ ပိုတွေ့လာလေမို့ ဒီကလေးကို ဒီအိမ်က သားမက်ဖြစ်ကိုဖြစ်စေရမယ်လို့ သံဓိဌာန်ချလိုက်ပြီ...
"ဒါနဲ့ ရဲတာ ခဏနေရင် ငါနဲ့ Oceanလိုက်ခဲ့ပေး..."
အုန်းနို့ခေါက်ဆွဲကို ပါးစပ်ထဲသွတ်သွင်းရင်း ပလုပ်ပလောင်းသံကြီးနဲ့ ပြောလာခဲ့သည့် နီတာ...
"ဘာသွားလုပ်မလို့လဲ..."
"ကိုလင်းက မုန့်ဝယ်ကျွေးမလို့တဲ့..."
"မလိုက်ဘူး... နင့်ဘာသာသွား..."
အပြတ်ငြင်းလိုက်ရသည့် ရလာဒ်ဟာဖြင့်
"ဖြောင်း..."
လက်မောင်းကို ဖြောင်းကနဲရိုက်ချလိုက်သည့် အမေ့ကြောင့် မျက်လုံးအဝိုင်းသားနဲ့ ကြည့်မိသည်... ရဲတာ ဘာလို့ရိုက်ခံလိုက်ရတာလဲ...
"ကိုယ့်ညီမကို တစ်ယောက်တည်းလွှတ်မလို့လား... လိုက်သွားပေးလိုက်..."
"... ... ..."
ဒီဇွတ်အမေကို ကယ်တင်ကြပါဦး... လို့ အော်ဟစ်လိုက်ချင်တော့သည်...
တခစ်ခစ်နဲ့လက်အုပ်ပြီးရယ်နေတဲ့ ညီမစုတ်ကို သေချင်နေပြီလားလို့ စိုက်ကြည့်လိုက်တော့ ရဲတာမြင်အောင် နှုတ်ခမ်းလှုပ်ပြီး ပြောလာသည့် စကားကို စိတ်ထဲကနေ လိုက်ရွတ်ကြည့်မိသည်...
လွယ်အိတ် သွားမယူဘူးလား...
ဟုတ်သား လွယ်အိတ်... လွယ်အိတ်ဆိုမှ မနေ့က သင်တန်းမတက်ဖြစ်တာကို သတိရသွားသည်...
*******
အမေ့ရဲ့ ဇွတ်လိုက်ခိုင်းမှုကြောင့် ရဲတာတို့ Oceanသို့ ချီတက်ရတော့သည်...
ဆိုင်ရှေမှာပင် ထွက်စောင့်နေသူကို တွေ့ရတော့ တိုးတိုးလေးရေရွတ်မိသည်က...
"အမြင်ကိုကပ်တယ်..."
အစ်ကိုဖြစ်သူရေရွတ်လာတာကို ကြားလိုက်သည်ကြောင့်
"စိတ်ထဲမပါဘဲ မပြောစမ်းပါနဲ့ ရဲတာရယ်..." လို့သာပြောရင်း ရပ်စောင့်နေတဲ့ ကိုလင်းဆီ အမြန်ရောက်အောင် ခြေလှမ်းတို့ကို မြန်စေလိုက်သည်...
မျက်နှာရှစ်ခေါက်ချိုးပြီး ပေကပ်ကပ်နဲ့ ကောင်းဇေလင်းရှေ့ လာရပ်သည့် ကောင်လေးကို အသည်းတယားဖြစ်နေရပါသည်...
"ကျွန်တော့်လွယ်အိတ်ရော..."
ရောက်ရောက်ခြင်းမှာပင် လွယ်အိတ်ကိုတောင်းနေတဲ့ အစ်ကိုကြောင့် နီတာ ဝင်ပြောရတော့တယ်...
"အေးဆေးပေါ့ နင်ကလဲ..."
ကောင်းဇေလင်းကလဲ ဝင်ထောက်ခံလိုက်သည်...
"ဟုတ်ပါတယ်... ကိုယ် တစ်ခုခုလိုက်ကျွေးပါရစေ... Hot potစားမလား ညီကြိုက်တယ်ဆို..."
ရဲတာ ဘေးကညီမစုတ်ကို မျက်စိထောင့်ကပ်ကြည့်လိုက်တော့ သူဘာမှမသိတဲ့မျက်နှာပေးနဲ့ အကြည့်ပါလွှဲသွားတယ်...
"အိမ်ကနေ မနက်စာစားလာလို့ မစားတော့ဘူး..."
"ဒါဆို အအေးသောက်မလား..." လို့ ထပ်ကမ်းလှမ်းလာပြန်သည်...
ဟာ ဇွတ်တွေ ဒါနပြုချင်နေပါလား...
အဲ့လိုဆိုတော့လဲ ရဲတာက ဒါနမြောက်အောင်လုပ်ပေးရတော့မှာပေါ့...
"လူမင်းမှာ ဒိန်ချဉ်လိုက်တိုက်ပါလား..."
(A/N: လူမင်း=အအေးဆိုင် ဆိုင်နာမည်)
ကောင်လေး လက်ခံလိုက်သည်ကြောင့် ကောင်းဇေလင်း ထခုန်မိမတက်ပျော်သွားသည်...
"ဒါဆို သွားကြတာပေါ့..."
ဒိန်ချဉ်ဆိုတဲ့အသံကြားတာနဲ့ ရဲတာကို နီတာ မျက်စောင်းဒိုင်းကနဲ ပစ်ကျွေးတော့သည်...
"ကိုလင်းကားက နှစ်ယောက်ဘဲစီးလို့ရတာလေ... လူမင်းကို ဘာသွားလုပ်မှာလဲ... Oceanမှာလဲ သောက်စရာရှိနေတာဘဲကို..."
နှုတ်ခမ်းထော်ပြီး မသွားချင်ကြောင်း ဆန္ဒပြတဲ့အနေနဲ့ ကိုလင်းဆိုင်ထဲ ဝင်ချလာလိုက်တယ်... မေတ္တာတုံးအစ်ကို သင်း တမင်ယုတ်တာ သိတာပေါ့...
ရဲတာ ပြုံးလိုက်ပြီး ဆိုင်ထဲလိုက်ဝင်လာလိုက်တော့ ထိုသူကလဲ ဘေးကနေပါလာခဲ့သည်...
ကောင်တာရှေ့မှာရပ်လိုက်ပြီး Stitchရုပ်ကို သယ်ရန်ကြံနေသည့် နီတာကြားနိုင်မယ့် လေသံဖြင့်...
"သွားလို့အဆင်မပြေဘူးဆိုတော့ ကျွန်တော့်အိတ်ဘဲ ပြန်ပေးတော့..."
"အဲ့လို မဟုတ်..."
ကောင်းဇေလင်း ဆက်မပြောတော့ဘဲ ကောင်တာမှာရှိနေတဲ့ လွယ်အိတ်ကို ယူပေးလိုက်တော့သည်...
နီတာ လက်ထဲက stitchရုပ်ကို သူ့ရောသူပြန်ထားလိုက်ပြီး မကျေမချမ်းဖြင့် နှုတ်ကနေ ပွစိပွစိရေရွတ်ရင်း မေတ္တာတုံးအစ်ကိုရှိရာဆီ ပြန်လာလိုက်သည်...
"မနေ့က အိမ်လာတုန်းက ဘာလို့မပေးတာလဲ..."
မနေ့ကလဲမပေးဘူး ဒီမနက်အိမ်လာတော့လဲ မပေးဘူး... လူကိုတမင်အလုပ်ပေးတာမို့ ဘုကြည့်ကြည့်လိုက်၏...
ရဲတာရဲ့ တင်းမာနေတဲ့မျက်နှာကြောင့် ကောင်းဇေလင်း ဖြေရှင်းချက်ပေးတော့သည်...
"နီတာက မပေးနဲ့ပြောလို့..."
ဒိုင်းကနဲ ကြည့်လာတဲ့ အစ်ကိုဖြစ်သူကို သွားဖြီးပြီးပြုံးပြလိုက်ပြီးတာနဲ့ နီတာရဲ့ အကြည့်ဟာ ကောင်းဇေလင်းထံသို့ စိမ်းစိမ်းဝါးဝါး ကျရောက်သွားတော့သည်...
သူလဲအလိုတူအလိုပါကို နီတာ့ကို ခေါင်းလာတည်နေတယ်... ကြည့်လို့ကိုမရချင်တော့ဘူး...
ရဲတာကတော့ ညီမဖြစ်သူကို အစဖြောက်ရန် စဉ်းစားနေလေသည်...
ရဲတာ ဒီညီမစုတ်ကို ဘယ်နားမှာ မြေမြုပ်လို့ရမလဲ...
"ဟွန့်..."
အစ်ကိုဆီက ဘုကြည့်ကြည့်ခံရပြီး ညီမက ကောင်းဇေလင်းကို စိတ်ကောက်ကာ နှာမှုတ်သွားသည်ကို လက်ခံလိုက်ရသည်...
အစ်ကိုနဲ့အဆင်မပြေခင်မှာ ညီမဆီက အမှတ်ပြည့်ရထားမှဖြစ်မှာမို့ စိတ်ကောက်နေတဲ့ ကောင်မလေးကိုချော့ရန် နောက်နေ့မနက်မှာလဲ အုန်းနို့ခေါက်ဆွဲကို ငါးဆင့်ချိုင့်နဲ့ ဆက်သလိုက်လေရာ ထိုနေ့မှစလို့ ကောင်းဇေလင်းရဲ့တာဝန်တွင် နေ့စဉ်မနက်စာဆက်သရတဲ့အလုပ်တစ်ခု ထပ်ပေါင်းခံလိုက်ရတော့သည်...
...........................
(Zawgyi)
မနက္စာစားေနခ်ိန္ ၾကားလိုက္ရတဲ့ ကားသံေၾကာင့္ လက္ထဲကဇြန္းပါ လြတ္က်သြားသည္...
ထပ္လာျပန္ၿပီလား!...
"ဟမ္ ဘယ္ေရာက္သြားတာလဲ..."
ေစာနကအထိ ထမင္းဝိုင္းမွာ မိသားစုသုံးေယာက္ မနက္စာလက္စုံစားေနေပမယ့္ အခုေတာ့ ရဲတာတစ္ေယာက္တည္း က်န္ေတာ့တယ္...
ေကာင္းေဇလင္းကို အိမ္ေရွ႕ထြက္ႀကိဳလာတဲ့ သားမိႏွစ္ေယာက္ေၾကာင့္ လန႔္ျဖန႔္သြားရသည္... မလန႔္လို့လဲမျဖစ္ပါ သားမိႏွစ္ေယာက္လုံးက လူကို မတူညီတဲ့အဓိပၸာယ္နဲ႔ ရႊင္းရႊင္းစားစားၾကည့္ကာ ျပဳံးေနတယ္မဟုတ္ပါလား...
"သားလင္း ဘာလာလုပ္တာလဲ..."
"... ... ..."
သား... သားလင္းတဲ့လား... ေကာင္းေဇလင္းကို သားလင္းလို့ ေခၚလိုက္တာလား...
ေကာင္းေဇလင္း အူတူတူနဲ႔ ဘာမွျပန္မေျဖနိုင္ျဖစ္ေနသည္ေၾကာင့္ နီတာက အစားဝင္ေျဖေပးလိုက္သည္...
"သမီး အုန္းနို့ေခါက္ဆြဲစားခ်င္တယ္ေျပာထားလို့ လာပို့ေပးတာ..."
"ဪ... ဟုတ္လား သားလင္းက ဂ႐ုစိုက္တတ္လိုက္တာ..."
"... ... ..."
ေကာင္းေဇလင္း စကားျပန္ ရွာရေတာ့မလား... ဒီအန္တီေျပာေနတဲ့ စကားရဲ့ဆိုလိုရင္းကို နားမလည္ေတာ့လို့...
"လာသား အိမ္ထဲဝင္..." ဆိုၿပီး အတင္းေတြေခၚလာသည္ကို အတင္းေတြျပန္ျငင္းလိုက္ရသည္...
"ညီမ ကိုယ္ဆိုင္မွာဘဲေစာင့္ေနမယ္..."
"ဟုတ္..."
အေမ့လုပ္ပုံေၾကာင့္ လန႔္ေျပးသြားသူကို အိမ္ထဲကေနလွမ္းၾကည္ၿပီး ရယ္ေနရသည္... ေသခ်ာတယ္ ေနာက္လာရဲေတာ့မွာမဟုတ္ဘူး...
အေမတို့ အိမ္ထဲျပန္ဝင္လာေတာ့ ရဲတာ ဟန္မပ်က္ ထမင္းစားပြဲမွာ ျပန္ထိုင္လိုက္သည္...
"ေကာင္ေလးက ဘာဆိုင္ဖြင့္ထားတာလဲ..."
အိမ္ထဲဝင္လာရင္း ေဘးကသမီးကို ေမးလိုက္သည္...
"အ႐ုပ္ဆိုင္..."
မဆိုးဘူး... လုံးဝမဆိုးဘူး... လို့ စိတ္ထဲကေန အမွတ္ျပည့္ေပးေနသည့္ ေဒၚနီတာရဲ...
"ေကာင္ေလးက လူရည္မြန္ေလးဘဲ... အေမသေဘာက်တယ္..."
အုန္းနို့ေခါက္ဆြဲကို ပန္းကန္ထဲထည့္ရင္း နီတာ့ကို ရည္ရြယ္ၿပီးေျပာလာသည္ကိုသိေပမယ့္ နီတာနဲ႔မဆိုင္လို့ ဘာမွျပန္ေျပာမေနဘဲ အေမျပင္ေပးေနတဲ့ အုန္းနို့ေခါက္ဆြဲပန္းကန္ဆီသာ အာ႐ုံကိုစုစည္းထားလိုက္တယ္...
"သိတာ အခုမွ ၂ရက္ဘဲရွိေသးတာေလ... မေန႔ကတစ္ရက္နဲ႔ ဒီေန႔တစ္ရက္... သေဘာက်တာက ေစာမေနဘူးလား..."
ရဲတာ လက္ႏွစ္ေခ်ာင္းေထာင္ျပၿပီး ေျပာလိုက္ေတာ့ ေထာင္ထားတဲ့လက္ကို ျဖတ္ကနဲရိုက္ခ်လာၿပီး...
"ငါ သေဘာက်ရင္က်တယ္ေပါ..."
ဇြတ္ေတြပါလားေနာ္... ဇြတ္ကို သေဘာက်ေနေတာ့တာဘဲ... တကယ့္ကိုဇြတ္...
ရဲတာအေတြးထဲမွာ ဇြတ္ေတြျပည့္ေနသလို ေဒၚနီတာရဲဟာလဲ တကယ္ဇြတ္ျဖစ္ေနခဲ့သည္...
ေဒၚနီတာရဲ ေတြးေနသည္က...
ေကာင္ေလးနဲ႔ ပိုရင္းနီးလာေလ နီတာရဲ သေဘာက်တဲ့အခ်က္ေတြ ပိုေတြ႕လာေလမို့ ဒီကေလးကို ဒီအိမ္က သားမက္ျဖစ္ကိုျဖစ္ေစရမယ္လို့ သံဓိဌာန္ခ်လိုက္ၿပီ...
"ဒါနဲ႔ ရဲတာ ခဏေနရင္ ငါနဲ႔ Oceanလိုက္ခဲ့ေပး..."
အုန္းနို့ေခါက္ဆြဲကို ပါးစပ္ထဲသြတ္သြင္းရင္း ပလုပ္ပေလာင္းသံႀကီးနဲ႔ ေျပာလာခဲ့သည့္ နီတာ...
"ဘာသြားလုပ္မလို့လဲ..."
"ကိုလင္းက မုန႔္ဝယ္ေကၽြးမလို့တဲ့..."
"မလိုက္ဘူး... နင့္ဘာသာသြား..."
အျပတ္ျငင္းလိုက္ရသည့္ ရလာဒ္ဟာျဖင့္
"ေျဖာင္း..."
လက္ေမာင္းကို ေျဖာင္းကနဲရိုက္ခ်လိုက္သည့္ အေမ့ေၾကာင့္ မ်က္လုံးအဝိုင္းသားနဲ႔ ၾကည့္မိသည္... ရဲတာ ဘာလို့ရိုက္ခံလိုက္ရတာလဲ...
"ကိုယ့္ညီမကို တစ္ေယာက္တည္းလႊတ္မလို့လား... လိုက္သြားေပးလိုက္..."
"... ... ..."
ဒီဇြတ္အေမကို ကယ္တင္ၾကပါဦး... လို့ ေအာ္ဟစ္လိုက္ခ်င္ေတာ့သည္...
တခစ္ခစ္နဲ႔လက္အုပ္ၿပီးရယ္ေနတဲ့ ညီမစုတ္ကို ေသခ်င္ေနၿပီလားလို့ စိုက္ၾကည့္လိုက္ေတာ့ ရဲတာျမင္ေအာင္ ႏွုတ္ခမ္းလွုပ္ၿပီး ေျပာလာသည့္ စကားကို စိတ္ထဲကေန လိုက္ရြတ္ၾကည့္မိသည္...
လြယ္အိတ္ သြားမယူဘူးလား...
ဟုတ္သား လြယ္အိတ္... လြယ္အိတ္ဆိုမွ မေန႔က သင္တန္းမတက္ျဖစ္တာကို သတိရသြားသည္...
*******
အေမ့ရဲ့ ဇြတ္လိုက္ခိုင္းမွုေၾကာင့္ ရဲတာတို့ Oceanသို့ ခ်ီတက္ရေတာ့သည္...
ဆိုင္ေရွမွာပင္ ထြက္ေစာင့္ေနသူကို ေတြ႕ရေတာ့ တိုးတိုးေလးေရရြတ္မိသည္က...
"အျမင္ကိုကပ္တယ္..."
အစ္ကိုျဖစ္သူေရရြတ္လာတာကို ၾကားလိုက္သည္ေၾကာင့္
"စိတ္ထဲမပါဘဲ မေျပာစမ္းပါနဲ႔ ရဲတာရယ္..." လို့သာေျပာရင္း ရပ္ေစာင့္ေနတဲ့ ကိုလင္းဆီ အျမန္ေရာက္ေအာင္ ေျခလွမ္းတို့ကို ျမန္ေစလိုက္သည္...
မ်က္ႏွာရွစ္ေခါက္ခ်ိဳးၿပီး ေပကပ္ကပ္နဲ႔ ေကာင္းေဇလင္းေရွ႕ လာရပ္သည့္ ေကာင္ေလးကို အသည္းတယားျဖစ္ေနရပါသည္...
"ကၽြန္ေတာ့္လြယ္အိတ္ေရာ..."
ေရာက္ေရာက္ျခင္းမွာပင္ လြယ္အိတ္ကိုေတာင္းေနတဲ့ အစ္ကိုေၾကာင့္ နီတာ ဝင္ေျပာရေတာ့တယ္...
"ေအးေဆးေပါ့ နင္ကလဲ..."
ေကာင္းေဇလင္းကလဲ ဝင္ေထာက္ခံလိုက္သည္...
"ဟုတ္ပါတယ္... ကိုယ္ တစ္ခုခုလိုက္ေကၽြးပါရေစ... Hot potစားမလား ညီႀကိဳက္တယ္ဆို..."
ရဲတာ ေဘးကညီမစုတ္ကို မ်က္စိေထာင့္ကပ္ၾကည့္လိုက္ေတာ့ သူဘာမွမသိတဲ့မ်က္ႏွာေပးနဲ႔ အၾကည့္ပါလႊဲသြားတယ္...
"အိမ္ကေန မနက္စာစားလာလို့ မစားေတာ့ဘူး..."
"ဒါဆို အေအးေသာက္မလား..." လို့ ထပ္ကမ္းလွမ္းလာျပန္သည္...
ဟာ ဇြတ္ေတြ ဒါနျပဳခ်င္ေနပါလား...
အဲ့လိုဆိုေတာ့လဲ ရဲတာက ဒါနေျမာက္ေအာင္လုပ္ေပးရေတာ့မွာေပါ့...
"လူမင္းမွာ ဒိန္ခ်ဥ္လိုက္တိုက္ပါလား..."
(A/N: လူမင္း=အေအးဆိုင္ ဆိုင္နာမည္)
ေကာင္ေလး လက္ခံလိုက္သည္ေၾကာင့္ ေကာင္းေဇလင္း ထခုန္မိမတက္ေပ်ာ္သြားသည္...
"ဒါဆို သြားၾကတာေပါ့..."
ဒိန္ခ်ဥ္ဆိုတဲ့အသံၾကားတာနဲ႔ ရဲတာကို နီတာ မ်က္ေစာင္းဒိုင္းကနဲ ပစ္ေကၽြးေတာ့သည္...
"ကိုလင္းကားက ႏွစ္ေယာက္ဘဲစီးလို့ရတာေလ... လူမင္းကို ဘာသြားလုပ္မွာလဲ... Oceanမွာလဲ ေသာက္စရာရွိေနတာဘဲကို..."
ႏွုတ္ခမ္းေထာ္ၿပီး မသြားခ်င္ေၾကာင္း ဆႏၵျပတဲ့အေနနဲ႔ ကိုလင္းဆိုင္ထဲ ဝင္ခ်လာလိုက္တယ္... ေမတၱာတုံးအစ္ကို သင္း တမင္ယုတ္တာ သိတာေပါ့...
ရဲတာ ျပဳံးလိုက္ၿပီး ဆိုင္ထဲလိုက္ဝင္လာလိုက္ေတာ့ ထိုသူကလဲ ေဘးကေနပါလာခဲ့သည္...
ေကာင္တာေရွ႕မွာရပ္လိုက္ၿပီး Stitch႐ုပ္ကို သယ္ရန္ႀကံေနသည့္ နီတာၾကားနိုင္မယ့္ ေလသံျဖင့္...
"သြားလို့အဆင္မေျပဘူးဆိုေတာ့ ကၽြန္ေတာ့္အိတ္ဘဲ ျပန္ေပးေတာ့..."
"အဲ့လို မဟုတ္..."
ေကာင္းေဇလင္း ဆက္မေျပာေတာ့ဘဲ ေကာင္တာမွာရွိေနတဲ့ လြယ္အိတ္ကို ယူေပးလိုက္ေတာ့သည္...
နီတာ လက္ထဲက stitch႐ုပ္ကို သူ႔ေရာသူျပန္ထားလိုက္ၿပီး မေက်မခ်မ္းျဖင့္ ႏွုတ္ကေန ပြစိပြစိေရရြတ္ရင္း ေမတၱာတုံးအစ္ကိုရွိရာဆီ ျပန္လာလိုက္သည္...
"မေန႔က အိမ္လာတုန္းက ဘာလို့မေပးတာလဲ..."
မေန႔ကလဲမေပးဘူး ဒီမနက္အိမ္လာေတာ့လဲ မေပးဘူး... လူကိုတမင္အလုပ္ေပးတာမို့ ဘုၾကည့္ၾကည့္လိုက္၏...
ရဲတာရဲ့ တင္းမာေနတဲ့မ်က္ႏွာေၾကာင့္ ေကာင္းေဇလင္း ေျဖရွင္းခ်က္ေပးေတာ့သည္...
"နီတာက မေပးနဲ႔ေျပာလို့..."
ဒိုင္းကနဲ ၾကည့္လာတဲ့ အစ္ကိုျဖစ္သူကို သြားၿဖီးၿပီးျပဳံးျပလိုက္ၿပီးတာနဲ႔ နီတာရဲ့ အၾကည့္ဟာ ေကာင္းေဇလင္းထံသို့ စိမ္းစိမ္းဝါးဝါး က်ေရာက္သြားေတာ့သည္...
သူလဲအလိုတူအလိုပါကို နီတာ့ကို ေခါင္းလာတည္ေနတယ္... ၾကည့္လို့ကိုမရခ်င္ေတာ့ဘူး...
ရဲတာကေတာ့ ညီမျဖစ္သူကို အစေျဖာက္ရန္ စဥ္းစားေနေလသည္...
ရဲတာ ဒီညီမစုတ္ကို ဘယ္နားမွာ ေျမျမဳပ္လို့ရမလဲ...
"ဟြန႔္..."
အစ္ကိုဆီက ဘုၾကည့္ၾကည့္ခံရၿပီး ညီမက ေကာင္းေဇလင္းကို စိတ္ေကာက္ကာ ႏွာမွုတ္သြားသည္ကို လက္ခံလိုက္ရသည္...
အစ္ကိုနဲ႔အဆင္မေျပခင္မွာ ညီမဆီက အမွတ္ျပည့္ရထားမွျဖစ္မွာမို့ စိတ္ေကာက္ေနတဲ့ ေကာင္မေလးကိုေခ်ာ့ရန္ ေနာက္ေန႔မနက္မွာလဲ အုန္းနို့ေခါက္ဆြဲကို ငါးဆင့္ခ်ိဳင့္နဲ႔ ဆက္သလိုက္ေလရာ ထိုေန႔မွစလို့ ေကာင္းေဇလင္းရဲ့တာဝန္တြင္ ေန႔စဥ္မနက္စာဆက္သရတဲ့အလုပ္တစ္ခု ထပ္ေပါင္းခံလိုက္ရေတာ့သည္...
...........................