Chapter 10: လှည့်စားခံရခြင်း
စုမင်သည် မန်နေဂျာ၏အမူအရာကင်းမဲ့နေသည့် မျက်နှာဖြင့် ကော်ရစ်ဒါတွင်ပေါ်လာသည်ကို မြင်လိုက်ရတော့ သူရင်တုန်သွားသည်။
တဖက်လူမှာ သက်ရှိလူသားတစ်ဦးဖြစ်မှန်း ရှင်းရှင်းလင်းလင်းသိထားသော်လည်း ... ထိုသူဆီရသောကြောက်စိတ်က သရဲများနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းမှသူရရှိသော ကြောက်စိတ်ထက်သာလွန်သည်။
အမှန်တကယ် horrorရုပ်ရှင်ကို ကိုယ်တွေ့ကြုံရတာနဲ့ ပုံမှန်အတိုင်းရုပ်ရှင်ကြည့်ရတာ အလွန်ခြားနားသည်။
ပြဇာတ်ရုံ၌ ဒီဇာတ်ကားကိုကြည့်ပြီး ဇာတ်လိုက်က ဒီလောက်ထိကြောက်လန့်နေရင် ဒါဟာ ယုတ္တိမရှိဘူးလို့ စုမင်တွေးမိလိမ့်မယ်။ ကိုယ်တိုင်ကိုယ်ကျကြုံတွေ့မှသာ အခြေအနေကိုနားလည်နိုင်တယ်ဆိုတာ သူကောင်းကောင်းသဘောပေါက်သွားပြီ။
ထိုဒါရိုက်တာရိုက်ကူးခဲ့တဲ့ အရင်က လမ်းဘေးပစ်ခံခဲ့ရသည့် ကြောက်လန့်ဖွယ်ရာဇာတ်ကားတွေ သူမကြည့်ခဲ့ပေ။ အွန်လိုင်းဝေဖန်သူများက ရုပ်ရှင်များသည် မည်မျှနားမလည်နိုင်ကြောင်းနှင့် ဒါရိုက်တာ ဘာကိုတင်ပြရန်ကြိုးစားနေပုံကို သူတို့နားမလည်ခြင်းသာ သူမြင်ခဲ့သည်။
ဒါကပဲ စာပေရုပ်ရှင်ဒါရိုက်တာများ ဆိုးသွမ်းသွားတဲ့အခါ ပြဿနာအရင်းမြစ်ဖြစ်နိုင်တယ် ... Horrorရုပ်ရှင်မှာ ပိုပြီးအဓိပ္ပာယ်ရှိအောင်ထည့်ချင်တယ် ... ဒါပေမယ့် ဒီအမျိုးအစားက ဒီ့အတွက်မဟုတ်ဘူးဆိုသည်ကို သတိထားမိဖို့ ရှုံးနိမ့်ခဲ့တယ်။
'သည်းထိပ်ရင်ဖိုတက္ကသိုလ်' သည် အရင်ကျရှုံးခဲ့သည်ကနေ သင်ယူထားတာ ဖြစ်နိုင်တယ်။ စုမင်ကြုံတွေ့ခဲ့တဲ့ အချို့တွေက ကြောက်မက်ဖွယ်ရာဇာတ်လမ်းတိုင်းလိုလို ဖြစ်လေ့ဖြစ်ထရှိသော်လည်း ထိတ်လန့်ဖို့ကောင်းတဲ့ အချို့အသစ်အဆန်းတွေလည်းရှိသည်။
နိဂုံးမှာ ဖော်ပြထားသောလျှို့ဝှက်ချက်များသည် ဖရိုဖရဲမဟုတ်ခဲ့ပါက ဒါရိုက်တာဖြစ်စဉ်ကို စီမံပြုလုပ်ခဲ့သည်ဟု ဆိုနိုင်သည်။
ထောင့်စွန်းရှိ လင်းယိကျီစိတ်လှုပ်ရှားစွာ လှေကားထစ်၌မတ်တပ်ရပ်လျက် .."မန်နေဂျာ ငါတို့ကိုတွေ့သွားလား?"
စုမင်ခေါင်းခါပြီး .."မတွေ့ဘူး"
မန်နေဂျာ လှေကားထစ်အဆုံး ကော်ရစ်ဒါအရောက်တွင် သူတို့ကပ်သီးလေးလွတ်မြောက်သွားခဲ့သည်။
လင်းရှောင်ယန် သူမရင်ဘတ်သူမပုတ်ရင်း .."လန့်လိုက်တာဟာ ... အမြန်ပြန်ပြီး မန်နေဂျာမရောက်ခင် သော့ပြန်ထားရအောင်"
နေဝင်ရီတရောအချိန် လူသိပ်မရှိပေ ...
လင်းရှောင်ယန်နှင့် လင်းယိကျီစောင့်ကြည့်နေချိန် စုမင်လျင်မြန်စွာ နေရာ၌ သော့ပြန်ထားလိုက်သည်။ သူထွက်ခွာသွားသည့်အခါ သူမနေနိုင်ဘဲ နောက်ပြန်လှည့်ကြည့်မိသည်။ တိုက်တိုက်ဆိုင်ဆိုင် မန်နေဂျာသည်လှေကားမှ ထွက်လာသည်ကို သူတွေ့လိုက်ရသည်။
'ဒီhorrorရုပ်ရှင်ထဲတွင် မင်းရဲ့ဘဝဟာစက္ကန့်တိုင်းအစွန်းအဖျားရောက်နေလို့ ကောင်းကောင်းရှင်သန်နေဖို့လိုတယ်' ဟု စုမင်စိတ်ရင်းမှန်ဖြင့် တွေးခဲ့သည်။
အပြင်ဘက်တွင် နေဝင်နေပြီဖြစ်ရာ နိုးထနေသေးသည့် တောက်ပသောလိမ္မော်ရောင်သာ ကျန်ရစ်ခဲ့သည်။
သုံးယောက်သား လူသူကင်းမဲ့သောလမ်းမ၌ အေးအေးဆေးဆေးလျှောက်ကြရင်း လင်းရှောင်ယန်မေးလာသည်။ "စုမင်
... အဲ့ကျောင်းသူဘယ်သူလဲ ရှာတွေ့ခဲ့လား?"
သူရိုက်ယူခဲ့သည့် ပုံများကို စုမင် သူတို့ကိုပြလိုက်တယ် .."ငါသေချာစစ်ဆေးကြည့်ဖို့ အချိန်မရလိုက်ဘူး ... ဒါပေမယ့် သူတို့တွေက သူမအတန်းဖော်တွေဖြစ်မယ်"
ဒီလိုဓာတ်ပုံမျိုး လင်းရှောင်ယန်တွေ့ဖူးတာ ပထမဆုံးအကြိမ်ပင် ...
ထိုအရာက သဘာဝမကျဘူးလို့ သူမ တွေးမိသည်။ ဤဓာတ်ပုံထဲက မျက်နှာမပါသူများသည် နှစ်ဘယ်လောက်ကြာနေပြီလဲ ... အလွန်ထိတ်လန့်စရာကောင်းတယ်။
"ဒီဖိုတိုတွေက ကြောက်စရာကောင်းလွန်းတယ်" လင်းရှောင်ယန်အတွေးထဲမှ ထုတ်ပြောမိသွားသည်။
"ကြောက်စရာလည်းကောင်းတယ် ... ဒါပေမယ့် သဲလွန်စလည်းဟုတ်တယ်" စုမင်ပြောတယ် .."အတန်းတစ်တန်းထဲက လူတွေအများကြီး ဘာကြောင့်သေကုန်တာလဲ?"
လင်းယိကျီ၏ဦးနှောက်အပေါက်ကျယ်လာကာ .."သူတို့အားလုံး လေ့လာရေးခရီးထွက်တဲ့အချိန်မတော်တဆဖြစ်လို့များလား?"
အတန်းတစ်တန်းလုံးခရီးထွက်ကြတယ် ... သို့ပေမယ့် ပြင်းထန်သည့် ဘတ်စ်ကားမတော်တဆမှုဖြစ်ပြီး ဘတ်စ်မှောက်ကာ ကျောင်းသားကျောင်းသူတော်တော်များများ အသက်ဆုံးရှုံးခဲ့ရတယ် - သူ့သီအိုရီအရပေါ့။
စုမင် ထိုသီအိုရီကို ငြင်းဆန်၏ .."မဖြစ်နိုင်တာ ... မတော်တဆမှုက ဒီကျောင်းထဲမှာပဲဖြစ်သင့်တာ"
အပြင်ဘက်မှာ မတော်တဆဖြစ်ပွားခဲ့ရင် လင်းရှောင်ယန်နှင့် သူမအခန်းဖော်တွေ ဆင့်ခေါ်ခဲ့သည့်အရာက ကွိုင့်ရှင်းမဟုတ်ဘဲ အခြားသရဲဖြစ်လိမ့်မယ်။
လင်းရှောင်ယန်သံသယဖြစ်စွာ .."ဒါပေမယ့် သူတို့အကုန်လုံးအတူတူတစ်ပြိုင်တည်းသေခဲ့တာပဲ ဖြစ်ရမယ် ... မဟုတ်ရင် ဖိုတိုထဲမှာ အဲ့လောက်မျက်နှာမပါတဲ့လူတွေများစရာ အကြောင်းမရှိဘူး"
စုမင်တခဏတွေးတောပြီး .."အဲ့ဒါဖြစ်နိုင်တယ်"
ဒါပေမယ့် ဒီရုပ်ရှင်ဟာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ရုပ်ရှင်ကား ဖြစ်လို့ လူတော်တော်များများကို ဆန့်ကျင်သည့်အဖြစ်အပျက်တစ်ခုမှာ အားလုံးအတူတူသေကြတာလို့ သူပိုယုံကြည်ခဲ့တယ်။ သို့သော် ထိုနှစ်ယောက်မသိသေးတော့ သူ့ဘာသူပဲ အတွေးကိုသိမ်းဆည်းထားလိုက်သည်။
သူ့ဖုန်းဖြင့် ဓာတ်ပုံခြောက်ပုံလောက် ရိုက်ယူခဲ့တယ်။ ကျောင်းဆင်းပွဲပုံကလွဲလို့ ကျန်တာတွေက အဖြူအမည်းပြောင်းသွားသည့် ကျောင်းသားပရိုဖိုင်းများနှင့်အတူ သူတို့၏ကိုယ်ရေးကိုယ်တာအချက်အလတ်များပင်ဖြစ်သည်။
အချက်အလတ်တွင် ကျောင်းသားများ၏ အိမ်နံပါတ်နှင့် သူတို့ရဲ့ အိမ်ဖုန်းနံပါတ်ပါ ပါဝင်တယ် ... 'အနည်းဆုံးတော့ ဒီဖုန်းနံပါတ်တွေထဲက တစ်ခုလောက်တော့ ဆက်နိုင်မှာပါ' လို့ စုမင်တွေးလိုက်သည်။
သူတို့အဆောင်တွေဆီ ပြန်ရောက်သည့်အချိန် ကောင်းကင်သည်မှောင်နေလေပြီ။
သူ့အဆောင်အခန်းတွင် လူသုံးယောက်သာရှိသည်။ အစကနေ အဆုံးထိ လေးယောက်မြောက်အခန်းဖော်ကို ဖြတ်ခနဲတောင် မမြင်ဖူးပေ။
ထိုလူက အက်ဆီးဒင့်မှာပါဝင်ခဲ့ပြီး ပုန်းနေတယ်လို့ စုမင်ထင်ခဲ့ပေမယ့် အခုကျတော့ရော ... သူဘာတွေးရမလဲတောင်မသိတော့ဘူး။ ဘာလို့ သူထွက်သွားတာ အဲ့လောက်ကြာရတာလဲ? ဒီရုပ်ရှင်ကပဲ ဖြေရှင်းချက်ပေးဖို့ ဂရုမပြုမိတာလား?
ကျောက်ရှိုနျဉ်က ဂိမ်းကစားနေသည်။ လှုပ်ရှားသံကြားတော့ တံခါးထံ သူ့ခေါင်းလှည့်ကြည့်ပြီး မသင်္ကာဖြင့် မေးလိုက်သည်။ .."မင်းတို့နှစ်ယောက် အခုတလောဘယ်သွားနေကြတာလဲ?"
လင်းယိကျီဖြေ၏ .."ကျောင်းအလှလေး လင်းမိန်းကလေးနဲ့ ကျောင်းဝင်းအလှအပကို ငါတို့ရှူစားနေတာ"
ကျောက်ရှိုနျဉ် သူ့ကိုမယုံပေ .."အမ် ဟမ် ... ဟုတ်ပါပြီ"
ပြန်ဖြေမည့်အစား စုမင်ရေချိုးခန်းထဲဝင်သွားသည်။ သူမျက်နှာသစ်လိုက်တော့ ပိုပြီးစိတ်ကြည်လင်လာသလို ခံစားလိုက်ရသည်။
လင်းယိကျီ ဟွင့်ခနဲပြု၏။
အမှန်ပင် သူတို့ လင်းရှောင်ယန်နဲ့ရှိနေခဲ့ပြီး ကျောင်းဝင်း၏အလှအပကို ရှူစားသည့်အစား ... သဘာဝလွန်ဖြစ်ရပ်ကို အတူတကွ 'အရသာခံစား' နေခဲ့သည်။
သူ့ဘဝက အခုလက်ရှိအလွန်ရင်ဖိုဖွယ်ကောင်းသလို ပျော်စရာလည်းကောင်းတယ်လို့ လင်းယိကျီခံစားလာရသည်။
"ဒီနေ့လည်အတန်းချိန် မင်းဘာလို့မသွားတာတုန်း?" သူပေါ့ပေါ့ပါးပါးမေးသည်။
"နေ့လည်တုန်းက ငါတို့အိမ်နီးချင်းကျောင်းနားမှာ လူအုပ်တွေ့တာနဲ့ ... ငါလည်း ဘာဖြစ်လဲဆိုပြီး သွားကြည့်တာ ... အဲ့မှာအတန်းမေ့သွားတယ်" ကျောက်ရှိုနျဉ်ဖြေကြားသည်။
လင်းယိကျီစပ်စပ်စုစုဖြင့် .."ဘာတွေ့ခဲ့လဲ? အတင်းအဖျင်းကြီးလား?"
ကျောက်ရှိုနျဉ်ခေါင်းခါပြီး အမူအရာနည်းနည်းပြောင်းသွားတယ် .."တစ်ယောက်ယောက် အဆောက်အဦးပေါ်က ခုန်ချဖို့ ကြိုးစားခဲ့တာ မင်းတို့သိလား?"
"ဘယ်တက္ကသိုလ်က ခုန်ချပြီး သတ်သေတာမျိုးမရှိလို့လဲ?" လင်းယိကျီမတွေးဘဲပြောလိုက်သည်။
ယနေ့ခေတ်တွင် ကျောင်းသားများသည် မိမိကိုယ်ကိုသတ်သေရန်ကျောင်းအဆောက်အအုံများမှ ခုန်ချကြသည်ဟုသတင်းဆောင်းပါးများ မကြာခဏဖော်ပြလေ့ရှိသည်။
'မင်းဘာသာခုန်ချတာ ဘာဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် မင်းခုန်ချတဲ့အချိန် ဖြတ်သွားဖြတ်လာပေါ် မတော်တဆကျမိခဲ့ရင် နောက်ပုံပြင်တစ်ခုဖြစ်သွားပြီ။ နောက်ဆုံး မင်းပဲအသက်ရှင်ပြီး တစ်ဖက်ကမတရားသေသွားမှာပေါ့' လင်းယိကျီဘာသာတွေးနေသည်။
"ခုန်ချလိုက်တဲ့သူက တကယ့်ကိုအပြစ်ပဲ" နေ့အချိန်တုန်းက ကျောက်ရှိုနျဉ်သွားပြီး သူစိမ်းတစ်ယောက် ထိုအကြောင်းရှင်းပြတာကို နားထောင်ခဲ့တယ် .."သူမခုန်ချပြီး စာသင်ခန်းထဲကထွက်လာတဲ့ကျောင်းသူလေးနဲ့ တိုက်တိုက်ဆိုင်ဆိုင်ထိမှန်သွားတယ် ... ကျောင်းသူက နေရာမှာပဲသေဆုံးပြီး မြက်ခင်းပြင်တစ်ပြင်လုံးသွေးတွေချည်းပဲ"
"သောက်ကျိုးနည်းဘာလဲဟ?" လင်းယိကျီထိတ်လန့်သွားသည်။
သူ့အတွေးနဲ့ အလွန်မှန်ကန်လှသည်။ ကျောင်းသာ မအောင်ခဲ့ရင် ဗေဒင်ဆရာလုပ်စားသင့်တယ် ...
ကျောက်ရှိုနျဉ်ဝမ်းနည်းစွာ သက်ပြင်းချ၍ .."အဲ့မိန်းကလေးတကယ့်ကို အမှားကျူးလွန်ခဲ့တာပဲ။ ဒါကအတန်းအချိန်လေ ... အပေါ်ထပ်က လူတွေ အရိပ်တစ်ခုကျသွားတာမြင်လိုက်ပြီး ပထမထပ်မှာရှိတဲ့သူတွေက အသံကျယ်ကျယ်ကြားလိုက်ရတယ်တဲ့"
စုမင်ရေချိုးခန်းထဲက ထွက်လာစဉ် ထိုစကားကြားလိုက်သည့်အခါ ချက်ချင်းရပ်သွားတယ် .."ပထမထပ်က ကျောင်းသားတွေ ဘာကြားလိုက်တာလဲ?"
ကျောက်ရှိုနျဉ်ပြောတယ် .."ဗုန်းခနဲမြည်သံလေ ... လူတစ်ယောက်က တိုက်ပေါ်ကခုန်ချလို့ မြေကြီးနဲ့ထိရင် အသံမထွက်နိုင်လို့လား?"
စုမင်စိတ်ကူးတစ်ခုဝင်လာသည်။
ရုံးအဆောက်အအုံထဲ၌ သူတို့ သရဲလှည့်ကွက်ထဲ ပိတ်မိနေကာ မျက်လုံးများမှိတ်ထားသည့်အချိန် လေးလေးပင်ပင်တစ်စုံတစ်ရာ ဝုန်းခနဲမြေပြင်ပေါ်ကျသံကြားခဲ့သည်။ ထိုအချိန်က သရဲကတစ်ခုခု ပစ်ချလိုက်တယ်လို့ သူထင်ခဲ့သည်။
အခုမှတွေးကြည့်တော့ ... သူသာမှန်လျှင် အဆောက်အအုံမှ ခုန်ဆင်းပြီး မြေကြီးနှင့်တိုက်မိသည့် ကိုယ်ခန္ဓာ၏အသံဖြစ်သည်။
ဒါပေမယ့် ဘယ်သူလဲ?
ကျောင်းယွမ်နှင့် လျှိုလီလီကြားမှ နှုတ်ခမ်းထောင့်သွေးစွန်းနေသည့် ကျောင်းသူလား ... ?
ညတွင် လင်းရှောင်ယန် သူမအခန်းပြန်သည်။
လူနှစ်ဦးဆက်တိုက်သေဆုံးခဲ့သည်။ သူမ၏ သူငယ်ချင်းများက သူမကို နောက်တဖန်အခန်း မကမ်းလှမ်းဝံ့ရဲကြတော့ဘူး။
တကယ်လို့ သူတို့လုပ်ခဲ့ရင်တောင် သူတို့အခန်းဖော်တွေက မှတ်ချက်ပေးခံရမှာဖြစ်ပြီး လင်းရှောင်ယန်သည် ကိုယ့်ကိုယ်ကိုသတိကြပ်ကြပ်ထားနေရသည်။
ဘယ်လိုပဲဖြစ်ပါစေ ... သူမအပြင်မသွားရဲဘူး ... သေခြင်းတရားကနေ ဘယ်သူမှသူမကို မကယ်တင်နိုင်မှာ ကြောက်မိတယ်။ တခုခုဖြစ်ခဲ့ရင် ကျောင်းမှာ စုမင်နဲ့ လင်းယိကျီရှိသေးတယ်။
ကံကောင်းတာက ချန်ခေါ့ ... ကျန်ရှိနေတဲ့အခန်းဖော်သည် အဆောင်မှာ သူမနဲ့အတူရှိနေလို့ပင်။
နှစ်ယောက်လုံး အတူတူပဲ။
ချန်ခေါ့မျက်နှာအမူအရာသည် အင်မတန်မကောင်းလှပေ။ သူမ၏ အခန်းဖော်နှစ်ယောက်သေဆုံးခြင်းကြောင့် သူမအား များစွာထိခိုက်ခဲ့သည်။ "အဲ့ဂိမ်း ငါတို့မကစားခဲ့သင့်ဘူးမလား?"
"ငါတောင်းပန်ပါတယ်" လင်းရှောင်ယန်တောင်းပန်သည်။
ချန်ခေါ့နှလုံးသားထဲ အပြစ်တင်စွပ်စွဲပေမယ့် ဒီကိစ္စက လင်းရှောင်ယန်ကြောင့်မဟုတ်ဘူးဆိုတာ သူမသိသည်။ .."ကစားမယ်လို့အကြံပြုလာတာ ကျောင်းယွမ် ... နင်မဟုတ်ဘူး"
ထိုအချိန်က လင်းရှောင်ယန်သည် ပျော်စရာကောင်းမယ်တွေးခဲ့တယ် ... ထိုဂိမ်းက အနာဂတ်ကို သိနိုင်တယ်လို့ ကျောင်းယွမ်ပြောခဲ့စဉ်က သူမအလွန်စိတ်လှုပ်ရှားပြီး သဘောတူခဲ့တယ်။
ဒီလိုအဆုံးသတ်မယ်လို့ ဘယ်သူထင်ခဲ့မှာလဲ?
ချန်ခေါ့ကုတင်ပေါ်တက်သွားပြီး ပြောတယ် .."စောစောအိပ်ကြရအောင်"
လင်းရှောင်ယန်လည်း နောက်ကျတဲ့ထိမနေရဲပေ။ သူတို့နှစ်ယောက်လုံး မီးဖွင့်ထားရန်သဘောတူကြသည်။ လျှပ်စစ်ခကတော့ နည်းနည်းလောက်ပိုပေးရရုံသာ ...
နောက်ဆုံး သူမတစ်မှေးအိပ်ပျော်သွားတာ ဘယ်လောက်ကြာသွားမှန်းမသိပေ။
ထိုအချိန်၌ အဆောင်ထဲ ရုတ်တရက်အသံထွက်လာတယ်။
လင်းရှောင်ယန်နိုးလာပြီး သူမအိပ်ပျော်နေစဉ် တစ်ခဏမီးတွေပိတ်ထားတာ တွေ့လိုက်ရတယ်။ သူမမျက်လုံးများမှေးကျဉ်းပြီး ချန်ခေါ့ကုတင်မှထလာတာ လျှို့ဝှက်စွာကြည့်နေသည်။
သူမဖုန်းဖွင့်ကြည့်တော့ ၁၁နာရီထိုးနေပြီကို လင်းရှောင်ယန်တွေ့သည်။
ချန်ခေ့ါ အိမ်သာသွားတယ်လို့ သူမတွေးလိုက်သည်။ သို့သော် မိန်းကလေးက အဆောင်ခန်းတံခါးဖွင့်ပြီး အပြင်ထွက်သွားတာမြင်တော့ သူမအံ့ဩသွားသည်။
လင်းရှောင်ယန် မနေနိုင်ဘဲ အော်ခေါ်လိုက်သည် .."ချန်ခေ့ါ?"
သူတို့က တစ်မီတာမျှသာ ကွာဝေးပေမယ့် ချန်ခေါ့ပြန်မဖြေဘဲ တိုက်ရိုက်အဆောင်ထဲမှ ထွက်သွားသည်။ တံခါးဖွင့်လိုက်သောအခါ ကော်ရစ်ဒါရှိ အရေးပေါ်မီးများသည် အစိမ်းရောင်အလင်းထွက်လာသည်။
လင်းရှောင်ယန်တစ်ခုခုမှားနေပြီဆိုတာ ချက်ချင်းတန်းသိလိုက်သည်။
လျှိုလီလီနှင့် ကျောင်းယွမ်ကိစ္စကို သူမပြန်တွေးခဲ့ပြီး အခုက ချန်ခေါ့အလှည့်ပင် ... အမြန်ပဲ စုမင်ထံ Wechatကနေ မတ်ဆေ့ခ်ျပို့လိုက်တယ် .."စုမင် ... ငါ ချန်ခေ့ါအပြင်ထွက်သွားတာမြင်လိုက်တယ်!"
စုမင်သည် ဓာတ်ပုံပေါ်၌ နံပါတ်အမှတ်အသားပြုနေစဉ် မတ်ဆေ့ခ်ျမြင်ပြီး တောင့်ခဲသွားသည်။ သူ မေးခွန်းများမမေးခဲ့ဘူး ... နောက်ထပ်အက်ဆီးဒင့်ဖြစ်တော့မယ်လို့ သူသံသယရှိသည်။
ချန်ခေါ့သည် ကွိုင့်ရှင်းဂိမ်းတွင်ပါဝင်ခဲ့သော တတိယအခန်းဖော်ဖြစ်သည်။ အခု လျှိုလီလီနဲ့ ကျောင်းယွမ်ကသေဆုံးပြီးပြီ ... ဇာတ်လိုက်မင်းသမီးအနေနဲ့ လင်းရှောင်ယန်က သေချာပေါက် နောက်ဆုံးသားကောင်ဖြစ်မည်။
စုမင်တုန့်ပြန်တယ် .."မင်းအရင်လိုက်သွားနှင့် ... ဒါပေမယ့် ရန်သူကိုအသိမပေးမိစေနဲ့ ... အနီးကပ်လည်းမလိုက်နဲ့ ... ငါချက်ချင်းလာခဲ့မယ်"
လင်းရှောင်ယန် ချက်ချင်းအဖြေပေးသည်။ "အိုခေ"
သူမသွားရမယ်ဆိုတာ သူမသိသည်။ ဘာလို့ဆို နောက်တစ်ခါ သူမအလှည့်ပင် ... အကယ်၍ သူမသာ အဖြေမှန်ရှာမတွေ့ဘူးဆိုရင် သူမလည်းမကြာခင်သေလိမ့်မယ်။
စုမင်ကို သူမတကယ် တကယ်ကျေးဇူးတင်သည်။
လိုအင်တပ်မက်မှုမရှိသည့် သူ့ပုံသဏ္ဍာန်ကြောင့်သာမဟုတ်ရင် သူမအပေါ် ခံစားချက်ရှိနေတယ်လို့ တွေးမိမှာအမှန်ပင်။
မတ်ဆေ့ခ်ျပို့ခဲ့တာ မိနစ်ပိုင်းမျှရှိပြီ။
လင်းရှောင်ယန်တစ်ဖက်လှည့်ပြီး ကုတင်ပေါ်မှ ထွက်ကာ အဆောင်ခန်းထဲမှ ပြေးထွက်ပြီး ဆယ်စက္ကန့်လောက် ပြေးလိုက်တော့ ချန်ခေါ့လမ်းမဆီ လျှောက်သွားသည်ကို နောက်ဆုံးရှာတွေ့သွားတယ်။
သူမသည် မနေ့ကကျောင်းယွမ်လိုပင်။
"ဒီမှာ"
လင်းရှောင်ယန်ပို့သည့် တည်နေရာကို စုမင်ကြည့်ပြီး သူ့ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူ့အရှေ့၌ အဆောင်ပင် ...
အဆောက်အဦး၏ တံခါးကို ဖန်သားဖြင့်ပြုလုပ်ထားသည်။ ၎င်းကို သတင်းစာအလွှာဖြင့် ကပ်ထားပြီး ပြင်ပမှမြင်ကွင်းကိုပိတ်ဆို့ထားသည်။ ဘေးတွင် 'မဝင်ရ' ဆိုသည့် သင်္ကေတရှိသည်။
ဟုတ်တာပေါ့ ... မဝင်ဖို့ရန် ရွေးချယ်စရာမရှိပေ...
လင်းရှောင်ယန်အခုလေးတင် ဝင်ထားသောကြောင့် အတန်ငယ်ပွင့်နေတယ် ... အနည်းငယ် ပွင့်နေသောတံခါးကနေ နက်ရှိုင်းသည့်အမှောင်ထုကို မြင်နိုင်သည်။
"ဝင်ပြီး ကြည့်ကြမယ်" စုမင်ပြောသည်။
သူဘာလို့ဒီရောက်နေလဲ လင်းယိကျီသူ့ဘာသူတွေးနေမိသည်။ ကြောက်ဖို့ကောင်းပေမယ့် သူက ကြောက်စရာကောင်းလေလေ ပိုတွေ့ချင်ပြီး အတွေ့အကြုံခံစားချင်လေလေပဲ ... သူက ထိုသို့သော လူမျိုးဖြစ်သည်။
သူလမ်းလျှောက်ရင်း ပြောတယ် .."အခုကြည့်မိတော့ ... ဒီအဆောင်က ပိတ်ထားတဲ့အဆောင်ပဲ။ ငါအရင်ကသတိမထားမိခဲ့ဘူး ... ဒါပေမယ့် ဒါအမျိုးသမီးအဆောင်ပဲ"
စုမင်အကြည့်များက အဆောင်အတွင်းရှိ အခန်းတံခါးများတစ်ခုချင်းစီ ကျရောက်နေသည်။
တံခါးတိုင်း တံခါးသော့ကို စက္ကူနီနဲ့ဖုံးထားတယ်။ ဒီထူးဆန်းတဲ့မြင်ကွင်းထဲမှာ ဒီအရောင်ကိုဖြတ်ပြီး ညဥ့်နက်ပိုင်း၌ အားလုံးက တစ်မျိုးကြီးပင်။
သူ့ဖုန်းမီးက မီတာအနည်းငယ်လောက်သာ ထွန်းလင်းနိုင်တယ်။ ထိုရှည်လျားသောကော်ရစ်ဒါ၌ ဘာရှိနိုင်လဲ ဘယ်သူသိမှာလဲ?
လင်းယိကျီမေးတယ် .."နောက်ဆုံးတခေါက်က လင်းရှောင်ယန်ဘယ်သွားလဲ ပြောခဲ့လား?"
"မပြောဘူး" စုမင်ပြောတယ် .."ငါတို့ဆက်သွားရအောင်"
သူပြောပြီးသည့်အချိန် သူ့ဖုန်းတုန်ခါသွားပြီး စခရင်လင်းသွားတယ်။ လင်းရှောင်ယန်ထံမှ မတ်ဆေ့ခ်ျဖြစ်တယ် .."ငါ လေးထပ်အထိသူမနောက်လိုက်တာ ဒါပေမယ့်ဒီ့ထက် ဆက်မသွားရဲတော့ဘူး
သူမအရမ်းနီးကပ်သွားရင် သူမလည်း 'အက်ဆီးဒင့်' ထဲ ပါဝင်သွားလိမ့်မည်။
စုမင်စာပြန်ရိုက်ပြီးနောက် လင်းယိကျီနဲ့အတူ ကြိုတင်သတိမူပြီး လှေကားတက်လေသည်။
အခြားနေရာများရှိခဲ့သည်ထက် မိန်းကလေးရဲ့အဆောင်ထဲမှာ ပိုပြီးတစ္ဆေပုံပြင်များ ရှိခဲ့သည်။ အထူးသဖြင့် အကြောင်းပြချက်မသိဘဲ ဒီအဆောင်ကို တားမြစ်ထားကတည်းက ... သူတို့သေချာ ဂရုစိုက်ဖို့လိုတယ်။
သူတို့ လျင်မြန်စွာလေးလွှာကို ရောက်ရှိသွား၏။
စုမင်ဖုန်းမီးအလင်းကိုပိတ်ပြီး စခရင်အလင်းနဲ့ပဲ အသုံးပြုကာ လှေကားထစ်၏နောက်ဆုံးအဆင့်၌ လင်းရှောင်ယန်ထိုင်နေတာ သူတွေ့သွားတယ်။
သူမပခုံးကို ပုတ်လိုက်သည့်အချိန် လင်းရှောင်ယန်လန့်ပြီး ထအော်မိလုနီးပါးဖြစ်ကာ ကံကောင်းစွာ အချိန်မှီ သူမပါးစပ်သူမအုပ်လိုက်နိုင်သည်။
သူတို့သုံးဦး အသိဉာဏ်ချင်းမဖလှယ်ခင် သီချင်းသံတစ်စွန်းတစ်စသည် သူတို့နားထဲ ပျံ့လွင့်လာသည်။
စုမင်မျက်မှောင်ကျုံ့လိုက်ပြီး .."တစ်ယောက်ယောက်သီချင်းဆိုနေတာလား?"
ဂရုတစိုက်နားထောင်ကြည့်ပါက ထူးခြားသည့်သီချင်းတစ်ပုဒ်ဖြစ်တယ်။ ဘယ်သူသီဆိုနေပြီး ဘာဆိုနေလဲ မသိပေ ... တစ်ခါတလေ အဲ့မှာရှိပြီး တစ်ခါတလေမဟုတ်ပေ ... ဒါပေမယ့် ကော်ရစ်ဒါအဆုံးက ထွက်ပေါ်နေတာ ... ဒါထိတ်လန့်ဖွယ်ရာရုပ်ရှင်တွင် အတော်လေးကျပန်းနေရာထားတာပဲ။
လင်းယိကျီဘာတွေးရမလဲတောင် မသိတော့ပေ။ သူအသံနိမ့်ပြီး မေးတယ် .."ချန်ခေါ့ သရဲနဲ့တွေ့ပြီး သီချင်းဆိုဖို့ လှည့်စားခံခဲ့ရတာလား? သူမတကယ်အရည်ချင်းရှိတယ် ... နှိုင်းယှဉ်ရရင် လျှိုလီလီနဲ့ကျောင်းယွမ်အဆုံးသတ်က ဆိုးဆိုးရွားရွားပဲ"
လင်းရှောင်ယန်: “…”
စုမင်: “…”
စာရေးသူမှာ ပြောစရာရှိတယ်:
ငါ ဇာတ်လိုက်မင်းသမီးနဲ့နေ့တိုင်းအတူရှိနေပြီး သူမရဲ့အတွေ့ကြုံတွေမျှဝေတယ်။ ရုပ်ရှင်ထွက်တဲ့အချိန် ငါကြောက်တာက ငါ့ကို အဓိကသရုပ်ဆောင်နေရာမှာ အတင်းသရုပ်ဆောင်ခိုင်းမှာပဲ။
စုမင်၏ ပထမဆုံးအကြိမ် အဓိကအမျိုးသားဇာတ်ဆောင်နေရာကို ရယူနိုင်တဲ့အတွက် နွေးထွေးစွာဂုဏ်ပြုပါတယ်။
//မနေ့က လှေကားမှာ သရဲ-နံရံ-တိုက် တဲ့အကြောင်းပြန်မှတ်မိချိန်// ပရိသတ်များက အခုကစပြီး ထိတ်လန့်ဖွယ်ရာရုပ်ရှင်များအပေါ် သူတို့အမြင်ကျယ်သွားတယ်။
"Horrorဇာတ်လမ်းကြည့်တုန်းက ဘာလို့ငါ့မျက်နှာကြီးနီနေတာလဲလို့ ငါ့အမေမေးခဲ့တယ်"
"Horrorရုပ်ရှင်ထဲက သကြားတွေစားရတာ ရင်ခုန်ဖို့ကောင်းလိုက်တာ"
"အရမ်းကောင်းတာပဲ ... ငါ အချစ်ကိုနောက်တစ်ကြိမ်ယုံကြည်လိုက်တော့မယ်"
***************************
Sorry for mistakes
Thank you all<3
July 14, 2021
--------------------------------------------------------------------------------
Chapter 10: လွည့္စားခံရျခင္း
စုမင္သည္ မန္ေနဂ်ာ၏အမူအရာကင္းမဲ့ေနသည့္ မ်က္ႏွာျဖင့္ ေကာ္ရစ္ဒါတြင္ေပၚလာသည္ကို ျမင္လိုက္ရေတာ့ သူရင္တုန္သြားသည္။
တဖက္လူမွာ သက္႐ွိလူသားတစ္ဦးျဖစ္မွန္း ႐ွင္း႐ွင္းလင္းလင္းသိထားေသာ္လည္း ... ထိုသူဆီရေသာေၾကာက္စိတ္က သရဲမ်ားႏွင့္ ထိပ္တိုက္ရင္ဆိုင္ရျခင္းမွသူရ႐ွိေသာ ေၾကာက္စိတ္ထက္သာလြန္သည္။
အမွန္တကယ္ horror႐ုပ္႐ွင္ကို ကိုယ္ေတြ႕ၾကဳံရတာနဲ႔ ပုံမွန္အတိုင္း႐ုပ္႐ွင္ၾကည့္ရတာ အလြန္ျခားနားသည္။
ျပဇာတ္႐ုံ၌ ဒီဇာတ္ကားကိုၾကည့္ၿပီး ဇာတ္လိုက္က ဒီေလာက္ထိေၾကာက္လန္႔ေနရင္ ဒါဟာ ယုတၱိမ႐ွိဘူးလို႔ စုမင္ေတြးမိလိမ့္မယ္။ ကိုယ္တိုင္ကိုယ္က်ၾကဳံေတြ႕မွသာ အေျခအေနကိုနားလည္ႏိုင္တယ္ဆိုတာ သူေကာင္းေကာင္းသေဘာေပါက္သြားၿပီ။
ထိုဒါ႐ိုက္တာ႐ိုက္ကူးခဲ့တဲ့ အရင္က လမ္းေဘးပစ္ခံခဲ့ရသည့္ ေၾကာက္လန္႔ဖြယ္ရာဇာတ္ကားေတြ သူမၾကည့္ခဲ့ေပ။ အြန္လိုင္းေဝဖန္သူမ်ားက ႐ုပ္႐ွင္မ်ားသည္ မည္မွ်နားမလည္ႏိုင္ေၾကာင္းႏွင့္ ဒါ႐ိုက္တာ ဘာကိုတင္ျပရန္ႀကိဳးစားေနပုံကို သူတို႔နားမလည္ျခင္းသာ သူျမင္ခဲ့သည္။
ဒါကပဲ စာေပ႐ုပ္႐ွင္ဒါ႐ိုက္တာမ်ား ဆိုးသြမ္းသြားတဲ့အခါ ျပႆနာအရင္းျမစ္ျဖစ္ႏိုင္တယ္ ... Horror႐ုပ္႐ွင္မွာ ပိုၿပီးအဓိပၸာယ္႐ွိေအာင္ထည့္ခ်င္တယ္ ... ဒါေပမယ့္ ဒီအမ်ိဳးအစားက ဒီ့အတြက္မဟုတ္ဘူးဆိုသည္ကို သတိထားမိဖို႔ ႐ႈံးနိမ့္ခဲ့တယ္။
'သည္းထိပ္ရင္ဖိုတကၠသိုလ္' သည္ အရင္က်႐ႈံးခဲ့သည္ကေန သင္ယူထားတာ ျဖစ္ႏိုင္တယ္။ စုမင္ၾကဳံေတြ႕ခဲ့တဲ့ အခ်ိဳ႕ေတြက ေၾကာက္မက္ဖြယ္ရာဇာတ္လမ္းတိုင္းလိုလို ျဖစ္ေလ့ျဖစ္ထ႐ွိေသာ္လည္း ထိတ္လန္႔ဖို႔ေကာင္းတဲ့ အခ်ိဳ႕အသစ္အဆန္းေတြလည္း႐ွိသည္။
နိဂုံးမွာ ေဖာ္ျပထားေသာလွ်ိဳ႕ဝွက္ခ်က္မ်ားသည္ ဖ႐ိုဖရဲမဟုတ္ခဲ့ပါက ဒါ႐ိုက္တာျဖစ္စဥ္ကို စီမံျပဳလုပ္ခဲ့သည္ဟု ဆိုႏိုင္သည္။
ေထာင့္စြန္း႐ွိ လင္းယိက်ီစိတ္လႈပ္႐ွားစြာ ေလွကားထစ္၌မတ္တပ္ရပ္လ်က္ .."မန္ေနဂ်ာ ငါတို႔ကိုေတြ႕သြားလား?"
စုမင္ေခါင္းခါၿပီး .."မေတြ႕ဘူး"
မန္ေနဂ်ာ ေလွကားထစ္အဆုံး ေကာ္ရစ္ဒါအေရာက္တြင္ သူတို႔ကပ္သီးေလးလြတ္ေျမာက္သြားခဲ့သည္။
လင္းေ႐ွာင္ယန္ သူမရင္ဘတ္သူမပုတ္ရင္း .."လန္႔လိုက္တာဟာ ... အျမန္ျပန္ၿပီး မန္ေနဂ်ာမေရာက္ခင္ ေသာ့ျပန္ထားရေအာင္"
ေနဝင္ရီတေရာအခ်ိန္ လူသိပ္မ႐ွိေပ ...
လင္းေ႐ွာင္ယန္ႏွင့္ လင္းယိက်ီေစာင့္ၾကည့္ေနခ်ိန္ စုမင္လ်င္ျမန္စြာ ေနရာ၌ ေသာ့ျပန္ထားလိုက္သည္။ သူထြက္ခြာသြားသည့္အခါ သူမေနႏိုင္ဘဲ ေနာက္ျပန္လွည့္ၾကည့္မိသည္။ တိုက္တိုက္ဆိုင္ဆိုင္ မန္ေနဂ်ာသည္ေလွကားမွ ထြက္လာသည္ကို သူေတြ႕လိုက္ရသည္။
'ဒီhorror႐ုပ္႐ွင္ထဲတြင္ မင္းရဲ႕ဘဝဟာစကၠန္႔တိုင္းအစြန္းအဖ်ားေရာက္ေနလို႔ ေကာင္းေကာင္း႐ွင္သန္ေနဖို႔လိုတယ္' ဟု စုမင္စိတ္ရင္းမွန္ျဖင့္ ေတြးခဲ့သည္။
အျပင္ဘက္တြင္ ေနဝင္ေနၿပီျဖစ္ရာ ႏိုးထေနေသးသည့္ ေတာက္ပေသာလိေမၼာ္ေရာင္သာ က်န္ရစ္ခဲ့သည္။
သုံးေယာက္သား လူသူကင္းမဲ့ေသာလမ္းမ၌ ေအးေအးေဆးေဆးေလွ်ာက္ၾကရင္း လင္းေ႐ွာင္ယန္ေမးလာသည္။ "စုမင္
... အဲ့ေက်ာင္းသူဘယ္သူလဲ ႐ွာေတြ႕ခဲ့လား?"
သူ႐ိုက္ယူခဲ့သည့္ ပုံမ်ားကို စုမင္ သူတို႔ကိုျပလိုက္တယ္ .."ငါေသခ်ာစစ္ေဆးၾကည့္ဖို႔ အခ်ိန္မရလိုက္ဘူး ... ဒါေပမယ့္ သူတို႔ေတြက သူမအတန္းေဖာ္ေတြျဖစ္မယ္"
ဒီလိုဓာတ္ပုံမ်ိဳး လင္းေ႐ွာင္ယန္ေတြ႕ဖူးတာ ပထမဆုံးအႀကိမ္ပင္ ...
ထိုအရာက သဘာဝမက်ဘူးလို႔ သူမ ေတြးမိသည္။ ဤဓာတ္ပုံထဲက မ်က္ႏွာမပါသူမ်ားသည္ ႏွစ္ဘယ္ေလာက္ၾကာေနၿပီလဲ ... အလြန္ထိတ္လန္႔စရာေကာင္းတယ္။
"ဒီဖိုတိုေတြက ေၾကာက္စရာေကာင္းလြန္းတယ္" လင္းေ႐ွာင္ယန္အေတြးထဲမွ ထုတ္ေျပာမိသြားသည္။
"ေၾကာက္စရာလည္းေကာင္းတယ္ ... ဒါေပမယ့္ သဲလြန္စလည္းဟုတ္တယ္" စုမင္ေျပာတယ္ .."အတန္းတစ္တန္းထဲက လူေတြအမ်ားႀကီး ဘာေၾကာင့္ေသကုန္တာလဲ?"
လင္းယိက်ီ၏ဦးေႏွာက္အေပါက္က်ယ္လာကာ .."သူတို႔အားလုံး ေလ့လာေရးခရီးထြက္တဲ့အခ်ိန္မေတာ္တဆျဖစ္လို႔မ်ားလား?"
အတန္းတစ္တန္းလုံးခရီးထြက္ၾကတယ္ ... သို႔ေပမယ့္ ျပင္းထန္သည့္ ဘတ္စ္ကားမေတာ္တဆမႈျဖစ္ၿပီး ဘတ္စ္ေမွာက္ကာ ေက်ာင္းသားေက်ာင္းသူေတာ္ေတာ္မ်ားမ်ား အသက္ဆုံး႐ႈံးခဲ့ရတယ္ - သူ႕သီအိုရီအရေပါ့။
စုမင္ ထိုသီအိုရီကို ျငင္းဆန္၏ .."မျဖစ္ႏိုင္တာ ... မေတာ္တဆမႈက ဒီေက်ာင္းထဲမွာပဲျဖစ္သင့္တာ"
အျပင္ဘက္မွာ မေတာ္တဆျဖစ္ပြားခဲ့ရင္ လင္းေ႐ွာင္ယန္ႏွင့္ သူမအခန္းေဖာ္ေတြ ဆင့္ေခၚခဲ့သည့္အရာက ကြိဳင့္႐ွင္းမဟုတ္ဘဲ အျခားသရဲျဖစ္လိမ့္မယ္။
လင္းေ႐ွာင္ယန္သံသယျဖစ္စြာ .."ဒါေပမယ့္ သူတို႔အကုန္လုံးအတူတူတစ္ၿပိဳင္တည္းေသခဲ့တာပဲ ျဖစ္ရမယ္ ... မဟုတ္ရင္ ဖိုတိုထဲမွာ အဲ့ေလာက္မ်က္ႏွာမပါတဲ့လူေတြမ်ားစရာ အေၾကာင္းမ႐ွိဘူး"
စုမင္တခဏေတြးေတာၿပီး .."အဲ့ဒါျဖစ္ႏိုင္တယ္"
ဒါေပမယ့္ ဒီ႐ုပ္႐ွင္ဟာ ထိတ္လန္႔တုန္လႈပ္ဖြယ္ေကာင္းတဲ့႐ုပ္႐ွင္ကား ျဖစ္လို႔ လူေတာ္ေတာ္မ်ားမ်ားကို ဆန္႔က်င္သည့္အျဖစ္အပ်က္တစ္ခုမွာ အားလုံးအတူတူေသၾကတာလို႔ သူပိုယုံၾကည္ခဲ့တယ္။ သို႔ေသာ္ ထိုႏွစ္ေယာက္မသိေသးေတာ့ သူ႕ဘာသူပဲ အေတြးကိုသိမ္းဆည္းထားလိုက္သည္။
သူ႕ဖုန္းျဖင့္ ဓာတ္ပုံေျခာက္ပုံေလာက္ ႐ိုက္ယူခဲ့တယ္။ ေက်ာင္းဆင္းပြဲပုံကလြဲလို႔ က်န္တာေတြက အျဖဴအမည္းေျပာင္းသြားသည့္ ေက်ာင္းသားပ႐ိုဖိုင္းမ်ားႏွင့္အတူ သူတို႔၏ကိုယ္ေရးကိုယ္တာအခ်က္အလတ္မ်ားပင္ျဖစ္သည္။
အခ်က္အလတ္တြင္ ေက်ာင္းသားမ်ား၏ အိမ္နံပါတ္ႏွင့္ သူတို႔ရဲ႕ အိမ္ဖုန္းနံပါတ္ပါ ပါဝင္တယ္ ... 'အနည္းဆုံးေတာ့ ဒီဖုန္းနံပါတ္ေတြထဲက တစ္ခုေလာက္ေတာ့ ဆက္ႏိုင္မွာပါ' လို႔ စုမင္ေတြးလိုက္သည္။
သူတို႔အေဆာင္ေတြဆီ ျပန္ေရာက္သည့္အခ်ိန္ ေကာင္းကင္သည္ေမွာင္ေနေလၿပီ။
သူ႕အေဆာင္အခန္းတြင္ လူသုံးေယာက္သာ႐ွိသည္။ အစကေန အဆုံးထိ ေလးေယာက္ေျမာက္အခန္းေဖာ္ကို ျဖတ္ခနဲေတာင္ မျမင္ဖူးေပ။
ထိုလူက အက္ဆီးဒင့္မွာပါဝင္ခဲ့ၿပီး ပုန္းေနတယ္လို႔ စုမင္ထင္ခဲ့ေပမယ့္ အခုက်ေတာ့ေရာ ... သူဘာေတြးရမလဲေတာင္မသိေတာ့ဘူး။ ဘာလို႔ သူထြက္သြားတာ အဲ့ေလာက္ၾကာရတာလဲ? ဒီ႐ုပ္႐ွင္ကပဲ ေျဖ႐ွင္းခ်က္ေပးဖို႔ ဂ႐ုမျပဳမိတာလား?
ေက်ာက္႐ိႈႏ်ဥ္က ဂိမ္းကစားေနသည္။ လႈပ္႐ွားသံၾကားေတာ့ တံခါးထံ သူ႕ေခါင္းလွည့္ၾကည့္ၿပီး မသကၤာျဖင့္ ေမးလိုက္သည္။ .."မင္းတို႔ႏွစ္ေယာက္ အခုတေလာဘယ္သြားေနၾကတာလဲ?"
လင္းယိက်ီေျဖ၏ .."ေက်ာင္းအလွေလး လင္းမိန္းကေလးနဲ႔ ေက်ာင္းဝင္းအလွအပကို ငါတို႔႐ွဴစားေနတာ"
ေက်ာက္႐ိႈႏ်ဥ္ သူ႕ကိုမယုံေပ .."အမ္ ဟမ္ ... ဟုတ္ပါၿပီ"
ျပန္ေျဖမည့္အစား စုမင္ေရခ်ိဳးခန္းထဲဝင္သြားသည္။ သူမ်က္ႏွာသစ္လိုက္ေတာ့ ပိုၿပီးစိတ္ၾကည္လင္လာသလို ခံစားလိုက္ရသည္။
လင္းယိက်ီ ဟြင့္ခနဲျပဳ၏။
အမွန္ပင္ သူတို႔ လင္းေ႐ွာင္ယန္နဲ႔႐ွိေနခဲ့ၿပီး ေက်ာင္းဝင္း၏အလွအပကို ႐ွဴစားသည့္အစား ... သဘာဝလြန္ျဖစ္ရပ္ကို အတူတကြ 'အရသာခံစား' ေနခဲ့သည္။
သူ႕ဘဝက အခုလက္႐ွိအလြန္ရင္ဖိုဖြယ္ေကာင္းသလို ေပ်ာ္စရာလည္းေကာင္းတယ္လို႔ လင္းယိက်ီခံစားလာရသည္။
"ဒီေန႔လည္အတန္းခ်ိန္ မင္းဘာလို႔မသြားတာတုန္း?" သူေပါ့ေပါ့ပါးပါးေမးသည္။
"ေန႔လည္တုန္းက ငါတို႔အိမ္နီးခ်င္းေက်ာင္းနားမွာ လူအုပ္ေတြ႕တာနဲ႔ ... ငါလည္း ဘာျဖစ္လဲဆိုၿပီး သြားၾကည့္တာ ... အဲ့မွာအတန္းေမ့သြားတယ္" ေက်ာက္႐ိႈႏ်ဥ္ေျဖၾကားသည္။
လင္းယိက်ီစပ္စပ္စုစုျဖင့္ .."ဘာေတြ႕ခဲ့လဲ? အတင္းအဖ်င္းႀကီးလား?"
ေက်ာက္႐ိႈႏ်ဥ္ေခါင္းခါၿပီး အမူအရာနည္းနည္းေျပာင္းသြားတယ္ .."တစ္ေယာက္ေယာက္ အေဆာက္အဦးေပၚက ခုန္ခ်ဖို႔ ႀကိဳးစားခဲ့တာ မင္းတို႔သိလား?"
"ဘယ္တကၠသိုလ္က ခုန္ခ်ၿပီး သတ္ေသတာမ်ိဳးမ႐ွိလို႔လဲ?" လင္းယိက်ီမေတြးဘဲေျပာလိုက္သည္။
ယေန႔ေခတ္တြင္ ေက်ာင္းသားမ်ားသည္ မိမိကိုယ္ကိုသတ္ေသရန္ေက်ာင္းအေဆာက္အအုံမ်ားမွ ခုန္ခ်ၾကသည္ဟုသတင္းေဆာင္းပါးမ်ား မၾကာခဏေဖာ္ျပေလ့႐ွိသည္။
'မင္းဘာသာခုန္ခ်တာ ဘာျဖစ္ျဖစ္ေပါ့။ ဒါေပမယ့္ မင္းခုန္ခ်တဲ့အခ်ိန္ ျဖတ္သြားျဖတ္လာေပၚ မေတာ္တဆက်မိခဲ့ရင္ ေနာက္ပုံျပင္တစ္ခုျဖစ္သြားၿပီ။ ေနာက္ဆုံး မင္းပဲအသက္႐ွင္ၿပီး တစ္ဖက္ကမတရားေသသြားမွာေပါ့' လင္းယိက်ီဘာသာေတြးေနသည္။
"ခုန္ခ်လိုက္တဲ့သူက တကယ့္ကိုအျပစ္ပဲ" ေန႔အခ်ိန္တုန္းက ေက်ာက္႐ိႈႏ်ဥ္သြားၿပီး သူစိမ္းတစ္ေယာက္ ထိုအေၾကာင္း႐ွင္းျပတာကို နားေထာင္ခဲ့တယ္ .."သူမခုန္ခ်ၿပီး စာသင္ခန္းထဲကထြက္လာတဲ့ေက်ာင္းသူေလးနဲ႔ တိုက္တိုက္ဆိုင္ဆိုင္ထိမွန္သြားတယ္ ... ေက်ာင္းသူက ေနရာမွာပဲေသဆုံးၿပီး ျမက္ခင္းျပင္တစ္ျပင္လုံးေသြးေတြခ်ည္းပဲ"
"ေသာက္က်ိဳးနည္းဘာလဲဟ?" လင္းယိက်ီထိတ္လန္႔သြားသည္။
သူ႕အေတြးနဲ႔ အလြန္မွန္ကန္လွသည္။ ေက်ာင္းသာ မေအာင္ခဲ့ရင္ ေဗဒင္ဆရာလုပ္စားသင့္တယ္ ...
ေက်ာက္႐ိႈႏ်ဥ္ဝမ္းနည္းစြာ သက္ျပင္းခ်၍ .."အဲ့မိန္းကေလးတကယ့္ကို အမွားက်ဴးလြန္ခဲ့တာပဲ။ ဒါကအတန္းအခ်ိန္ေလ ... အေပၚထပ္က လူေတြ အရိပ္တစ္ခုက်သြားတာျမင္လိုက္ၿပီး ပထမထပ္မွာ႐ွိတဲ့သူေတြက အသံက်ယ္က်ယ္ၾကားလိုက္ရတယ္တဲ့"
စုမင္ေရခ်ိဳးခန္းထဲက ထြက္လာစဥ္ ထိုစကားၾကားလိုက္သည့္အခါ ခ်က္ခ်င္းရပ္သြားတယ္ .."ပထမထပ္က ေက်ာင္းသားေတြ ဘာၾကားလိုက္တာလဲ?"
ေက်ာက္႐ိႈႏ်ဥ္ေျပာတယ္ .."ဗုန္းခနဲျမည္သံေလ ... လူတစ္ေယာက္က တိုက္ေပၚကခုန္ခ်လို႔ ေျမႀကီးနဲ႔ထိရင္ အသံမထြက္ႏိုင္လို႔လား?"
စုမင္စိတ္ကူးတစ္ခုဝင္လာသည္။
႐ုံးအေဆာက္အအုံထဲ၌ သူတို႔ သရဲလွည့္ကြက္ထဲ ပိတ္မိေနကာ မ်က္လုံးမ်ားမွိတ္ထားသည့္အခ်ိန္ ေလးေလးပင္ပင္တစ္စုံတစ္ရာ ဝုန္းခနဲေျမျပင္ေပၚက်သံၾကားခဲ့သည္။ ထိုအခ်ိန္က သရဲကတစ္ခုခု ပစ္ခ်လိုက္တယ္လို႔ သူထင္ခဲ့သည္။
အခုမွေတြးၾကည့္ေတာ့ ... သူသာမွန္လွ်င္ အေဆာက္အအုံမွ ခုန္ဆင္းၿပီး ေျမႀကီးႏွင့္တိုက္မိသည့္ ကိုယ္ခႏၶာ၏အသံျဖစ္သည္။
ဒါေပမယ့္ ဘယ္သူလဲ?
ေက်ာင္းယြမ္ႏွင့္ လွ်ိဳလီလီၾကားမွ ႏႈတ္ခမ္းေထာင့္ေသြးစြန္းေနသည့္ ေက်ာင္းသူလား ... ?
ညတြင္ လင္းေ႐ွာင္ယန္ သူမအခန္းျပန္သည္။
လူႏွစ္ဦးဆက္တိုက္ေသဆုံးခဲ့သည္။ သူမ၏ သူငယ္ခ်င္းမ်ားက သူမကို ေနာက္တဖန္အခန္း မကမ္းလွမ္းဝံ့ရဲၾကေတာ့ဘူး။
တကယ္လို႔ သူတို႔လုပ္ခဲ့ရင္ေတာင္ သူတို႔အခန္းေဖာ္ေတြက မွတ္ခ်က္ေပးခံရမွာျဖစ္ၿပီး လင္းေ႐ွာင္ယန္သည္ ကိုယ့္ကိုယ္ကိုသတိၾကပ္ၾကပ္ထားေနရသည္။
ဘယ္လိုပဲျဖစ္ပါေစ ... သူမအျပင္မသြားရဲဘူး ... ေသျခင္းတရားကေန ဘယ္သူမွသူမကို မကယ္တင္ႏိုင္မွာ ေၾကာက္မိတယ္။ တခုခုျဖစ္ခဲ့ရင္ ေက်ာင္းမွာ စုမင္နဲ႔ လင္းယိက်ီ႐ွိေသးတယ္။
ကံေကာင္းတာက ခ်န္ေခါ့ ... က်န္႐ွိေနတဲ့အခန္းေဖာ္သည္ အေဆာင္မွာ သူမနဲ႔အတူ႐ွိေနလို႔ပင္။
ႏွစ္ေယာက္လုံး အတူတူပဲ။
ခ်န္ေခါ့မ်က္ႏွာအမူအရာသည္ အင္မတန္မေကာင္းလွေပ။ သူမ၏ အခန္းေဖာ္ႏွစ္ေယာက္ေသဆုံးျခင္းေၾကာင့္ သူမအား မ်ားစြာထိခိုက္ခဲ့သည္။ "အဲ့ဂိမ္း ငါတို႔မကစားခဲ့သင့္ဘူးမလား?"
"ငါေတာင္းပန္ပါတယ္" လင္းေ႐ွာင္ယန္ေတာင္းပန္သည္။
ခ်န္ေခါ့ႏွလုံးသားထဲ အျပစ္တင္စြပ္စြဲေပမယ့္ ဒီကိစၥက လင္းေ႐ွာင္ယန္ေၾကာင့္မဟုတ္ဘူးဆိုတာ သူမသိသည္။ .."ကစားမယ္လို႔အၾကံျပဳလာတာ ေက်ာင္းယြမ္ ... နင္မဟုတ္ဘူး"
ထိုအခ်ိန္က လင္းေ႐ွာင္ယန္သည္ ေပ်ာ္စရာေကာင္းမယ္ေတြးခဲ့တယ္ ... ထိုဂိမ္းက အနာဂတ္ကို သိႏိုင္တယ္လို႔ ေက်ာင္းယြမ္ေျပာခဲ့စဥ္က သူမအလြန္စိတ္လႈပ္႐ွားၿပီး သေဘာတူခဲ့တယ္။
ဒီလိုအဆုံးသတ္မယ္လို႔ ဘယ္သူထင္ခဲ့မွာလဲ?
ခ်န္ေခါ့ကုတင္ေပၚတက္သြားၿပီး ေျပာတယ္ .."ေစာေစာအိပ္ၾကရေအာင္"
လင္းေ႐ွာင္ယန္လည္း ေနာက္က်တဲ့ထိမေနရဲေပ။ သူတို႔ႏွစ္ေယာက္လုံး မီးဖြင့္ထားရန္သေဘာတူၾကသည္။ လွ်ပ္စစ္ခကေတာ့ နည္းနည္းေလာက္ပိုေပးရ႐ုံသာ ...
ေနာက္ဆုံး သူမတစ္ေမွးအိပ္ေပ်ာ္သြားတာ ဘယ္ေလာက္ၾကာသြားမွန္းမသိေပ။
ထိုအခ်ိန္၌ အေဆာင္ထဲ ႐ုတ္တရက္အသံထြက္လာတယ္။
လင္းေ႐ွာင္ယန္ႏိုးလာၿပီး သူမအိပ္ေပ်ာ္ေနစဥ္ တစ္ခဏမီးေတြပိတ္ထားတာ ေတြ႕လိုက္ရတယ္။ သူမမ်က္လုံးမ်ားေမွးက်ဥ္းၿပီး ခ်န္ေခါ့ကုတင္မွထလာတာ လွ်ိဳ႕ဝွက္စြာၾကည့္ေနသည္။
သူမဖုန္းဖြင့္ၾကည့္ေတာ့ ၁၁နာရီထိုးေနၿပီကို လင္းေ႐ွာင္ယန္ေတြ႕သည္။
ခ်န္ေခ့ါ အိမ္သာသြားတယ္လို႔ သူမေတြးလိုက္သည္။ သို႔ေသာ္ မိန္းကေလးက အေဆာင္ခန္းတံခါးဖြင့္ၿပီး အျပင္ထြက္သြားတာျမင္ေတာ့ သူမအံ့ဩသြားသည္။
လင္းေ႐ွာင္ယန္ မေနႏိုင္ဘဲ ေအာ္ေခၚလိုက္သည္ .."ခ်န္ေခ့ါ?"
သူတို႔က တစ္မီတာမွ်သာ ကြာေဝးေပမယ့္ ခ်န္ေခါ့ျပန္မေျဖဘဲ တိုက္႐ိုက္အေဆာင္ထဲမွ ထြက္သြားသည္။ တံခါးဖြင့္လိုက္ေသာအခါ ေကာ္ရစ္ဒါ႐ွိ အေရးေပၚမီးမ်ားသည္ အစိမ္းေရာင္အလင္းထြက္လာသည္။
လင္းေ႐ွာင္ယန္တစ္ခုခုမွားေနၿပီဆိုတာ ခ်က္ခ်င္းတန္းသိလိုက္သည္။
လွ်ိဳလီလီႏွင့္ ေက်ာင္းယြမ္ကိစၥကို သူမျပန္ေတြးခဲ့ၿပီး အခုက ခ်န္ေခါ့အလွည့္ပင္ ... အျမန္ပဲ စုမင္ထံ Wechatကေန မတ္ေဆ့ခ်္ပို႔လိုက္တယ္ .."စုမင္ ... ငါ ခ်န္ေခ့ါအျပင္ထြက္သြားတာျမင္လိုက္တယ္!"
စုမင္သည္ ဓာတ္ပုံေပၚ၌ နံပါတ္အမွတ္အသားျပဳေနစဥ္ မတ္ေဆ့ခ်္ျမင္ၿပီး ေတာင့္ခဲသြားသည္။ သူ ေမးခြန္းမ်ားမေမးခဲ့ဘူး ... ေနာက္ထပ္အက္ဆီးဒင့္ျဖစ္ေတာ့မယ္လို႔ သူသံသယ႐ွိသည္။
ခ်န္ေခါ့သည္ ကြိဳင့္႐ွင္းဂိမ္းတြင္ပါဝင္ခဲ့ေသာ တတိယအခန္းေဖာ္ျဖစ္သည္။ အခု လွ်ိဳလီလီနဲ႔ ေက်ာင္းယြမ္ကေသဆုံးၿပီးၿပီ ... ဇာတ္လိုက္မင္းသမီးအေနနဲ႔ လင္းေ႐ွာင္ယန္က ေသခ်ာေပါက္ ေနာက္ဆုံးသားေကာင္ျဖစ္မည္။
စုမင္တုန္႔ျပန္တယ္ .."မင္းအရင္လိုက္သြားႏွင့္ ... ဒါေပမယ့္ ရန္သူကိုအသိမေပးမိေစနဲ႔ ... အနီးကပ္လည္းမလိုက္နဲ႔ ... ငါခ်က္ခ်င္းလာခဲ့မယ္"
လင္းေ႐ွာင္ယန္ ခ်က္ခ်င္းအေျဖေပးသည္။ "အိုေခ"
သူမသြားရမယ္ဆိုတာ သူမသိသည္။ ဘာလို႔ဆို ေနာက္တစ္ခါ သူမအလွည့္ပင္ ... အကယ္၍ သူမသာ အေျဖမွန္႐ွာမေတြ႕ဘူးဆိုရင္ သူမလည္းမၾကာခင္ေသလိမ့္မယ္။
စုမင္ကို သူမတကယ္ တကယ္ေက်းဇူးတင္သည္။
လိုအင္တပ္မက္မႈမ႐ွိသည့္ သူ႕ပုံသ႑ာန္ေၾကာင့္သာမဟုတ္ရင္ သူမအေပၚ ခံစားခ်က္႐ွိေနတယ္လို႔ ေတြးမိမွာအမွန္ပင္။
မတ္ေဆ့ခ်္ပို႔ခဲ့တာ မိနစ္ပိုင္းမွ်႐ွိၿပီ။
လင္းေ႐ွာင္ယန္တစ္ဖက္လွည့္ၿပီး ကုတင္ေပၚမွ ထြက္ကာ အေဆာင္ခန္းထဲမွ ေျပးထြက္ၿပီး ဆယ္စကၠန္႔ေလာက္ ေျပးလိုက္ေတာ့ ခ်န္ေခါ့လမ္းမဆီ ေလွ်ာက္သြားသည္ကို ေနာက္ဆုံး႐ွာေတြ႕သြားတယ္။
သူမသည္ မေန႔ကေက်ာင္းယြမ္လိုပင္။
"ဒီမွာ"
လင္းေ႐ွာင္ယန္ပို႔သည့္ တည္ေနရာကို စုမင္ၾကည့္ၿပီး သူ႕ပတ္ပတ္လည္ကို ၾကည့္လိုက္သည္။ သူ႕အေ႐ွ႕၌ အေဆာင္ပင္ ...
အေဆာက္အဦး၏ တံခါးကို ဖန္သားျဖင့္ျပဳလုပ္ထားသည္။ ၎ကို သတင္းစာအလႊာျဖင့္ ကပ္ထားၿပီး ျပင္ပမွျမင္ကြင္းကိုပိတ္ဆို႔ထားသည္။ ေဘးတြင္ 'မဝင္ရ' ဆိုသည့္ သေကၤတ႐ွိသည္။
ဟုတ္တာေပါ့ ... မဝင္ဖို႔ရန္ ေ႐ြးခ်ယ္စရာမ႐ွိေပ...
လင္းေ႐ွာင္ယန္အခုေလးတင္ ဝင္ထားေသာေၾကာင့္ အတန္ငယ္ပြင့္ေနတယ္ ... အနည္းငယ္ ပြင့္ေနေသာတံခါးကေန နက္႐ိႈင္းသည့္အေမွာင္ထုကို ျမင္ႏိုင္သည္။
"ဝင္ၿပီး ၾကည့္ၾကမယ္" စုမင္ေျပာသည္။
သူဘာလို႔ဒီေရာက္ေနလဲ လင္းယိက်ီသူ႕ဘာသူေတြးေနမိသည္။ ေၾကာက္ဖို႔ေကာင္းေပမယ့္ သူက ေၾကာက္စရာေကာင္းေလေလ ပိုေတြ႕ခ်င္ၿပီး အေတြ႕အၾကဳံခံစားခ်င္ေလေလပဲ ... သူက ထိုသို႔ေသာ လူမ်ိဳးျဖစ္သည္။
သူလမ္းေလွ်ာက္ရင္း ေျပာတယ္ .."အခုၾကည့္မိေတာ့ ... ဒီအေဆာင္က ပိတ္ထားတဲ့အေဆာင္ပဲ။ ငါအရင္ကသတိမထားမိခဲ့ဘူး ... ဒါေပမယ့္ ဒါအမ်ိဳးသမီးအေဆာင္ပဲ"
စုမင္အၾကည့္မ်ားက အေဆာင္အတြင္း႐ွိ အခန္းတံခါးမ်ားတစ္ခုခ်င္းစီ က်ေရာက္ေနသည္။
တံခါးတိုင္း တံခါးေသာ့ကို စကၠဴနီနဲ႔ဖုံးထားတယ္။ ဒီထူးဆန္းတဲ့ျမင္ကြင္းထဲမွာ ဒီအေရာင္ကိုျဖတ္ၿပီး ညဥ့္နက္ပိုင္း၌ အားလုံးက တစ္မ်ိဳးႀကီးပင္။
သူ႕ဖုန္းမီးက မီတာအနည္းငယ္ေလာက္သာ ထြန္းလင္းႏိုင္တယ္။ ထို႐ွည္လ်ားေသာေကာ္ရစ္ဒါ၌ ဘာ႐ွိႏိုင္လဲ ဘယ္သူသိမွာလဲ?
လင္းယိက်ီေမးတယ္ .."ေနာက္ဆုံးတေခါက္က လင္းေ႐ွာင္ယန္ဘယ္သြားလဲ ေျပာခဲ့လား?"
"မေျပာဘူး" စုမင္ေျပာတယ္ .."ငါတို႔ဆက္သြားရေအာင္"
သူေျပာၿပီးသည့္အခ်ိန္ သူ႕ဖုန္းတုန္ခါသြားၿပီး စခရင္လင္းသြားတယ္။ လင္းေ႐ွာင္ယန္ထံမွ မတ္ေဆ့ခ်္ျဖစ္တယ္ .."ငါ ေလးထပ္အထိသူမေနာက္လိုက္တာ ဒါေပမယ့္ဒီ့ထက္ ဆက္မသြားရဲေတာ့ဘူး
သူမအရမ္းနီးကပ္သြားရင္ သူမလည္း 'အက္ဆီးဒင့္' ထဲ ပါဝင္သြားလိမ့္မည္။
စုမင္စာျပန္႐ိုက္ၿပီးေနာက္ လင္းယိက်ီနဲ႔အတူ ႀကိဳတင္သတိမူၿပီး ေလွကားတက္ေလသည္။
အျခားေနရာမ်ား႐ွိခဲ့သည္ထက္ မိန္းကေလးရဲ႕အေဆာင္ထဲမွာ ပိုၿပီးတေစၧပုံျပင္မ်ား ႐ွိခဲ့သည္။ အထူးသျဖင့္ အေၾကာင္းျပခ်က္မသိဘဲ ဒီအေဆာင္ကို တားျမစ္ထားကတည္းက ... သူတို႔ေသခ်ာ ဂ႐ုစိုက္ဖို႔လိုတယ္။
သူတို႔ လ်င္ျမန္စြာေလးလႊာကို ေရာက္႐ွိသြား၏။
စုမင္ဖုန္းမီးအလင္းကိုပိတ္ၿပီး စခရင္အလင္းနဲ႔ပဲ အသုံးျပဳကာ ေလွကားထစ္၏ေနာက္ဆုံးအဆင့္၌ လင္းေ႐ွာင္ယန္ထိုင္ေနတာ သူေတြ႕သြားတယ္။
သူမပခုံးကို ပုတ္လိုက္သည့္အခ်ိန္ လင္းေ႐ွာင္ယန္လန္႔ၿပီး ထေအာ္မိလုနီးပါးျဖစ္ကာ ကံေကာင္းစြာ အခ်ိန္မွီ သူမပါးစပ္သူမအုပ္လိုက္ႏိုင္သည္။
သူတို႔သုံးဦး အသိဉာဏ္ခ်င္းမဖလွယ္ခင္ သီခ်င္းသံတစ္စြန္းတစ္စသည္ သူတို႔နားထဲ ပ်ံ႕လြင့္လာသည္။
စုမင္မ်က္ေမွာင္က်ံဳ႕လိုက္ၿပီး .."တစ္ေယာက္ေယာက္သီခ်င္းဆိုေနတာလား?"
ဂ႐ုတစိုက္နားေထာင္ၾကည့္ပါက ထူးျခားသည့္သီခ်င္းတစ္ပုဒ္ျဖစ္တယ္။ ဘယ္သူသီဆိုေနၿပီး ဘာဆိုေနလဲ မသိေပ ... တစ္ခါတေလ အဲ့မွာ႐ွိၿပီး တစ္ခါတေလမဟုတ္ေပ ... ဒါေပမယ့္ ေကာ္ရစ္ဒါအဆုံးက ထြက္ေပၚေနတာ ... ဒါထိတ္လန္႔ဖြယ္ရာ႐ုပ္႐ွင္တြင္ အေတာ္ေလးက်ပန္းေနရာထားတာပဲ။
လင္းယိက်ီဘာေတြးရမလဲေတာင္ မသိေတာ့ေပ။ သူအသံနိမ့္ၿပီး ေမးတယ္ .."ခ်န္ေခါ့ သရဲနဲ႔ေတြ႕ၿပီး သီခ်င္းဆိုဖို႔ လွည့္စားခံခဲ့ရတာလား? သူမတကယ္အရည္ခ်င္း႐ွိတယ္ ... ႏိႈင္းယွဥ္ရရင္ လွ်ိဳလီလီနဲ႔ေက်ာင္းယြမ္အဆုံးသတ္က ဆိုးဆိုး႐ြား႐ြားပဲ"
လင္းေ႐ွာင္ယန္: “…”
စုမင္: “…”
စာေရးသူမွာ ေျပာစရာ႐ွိတယ္:
ငါ ဇာတ္လိုက္မင္းသမီးနဲ႔ေန႔တိုင္းအတူ႐ွိေနၿပီး သူမရဲ႕အေတြ႕ၾကဳံေတြမွ်ေဝတယ္။ ႐ုပ္႐ွင္ထြက္တဲ့အခ်ိန္ ငါေၾကာက္တာက ငါ့ကို အဓိကသ႐ုပ္ေဆာင္ေနရာမွာ အတင္းသ႐ုပ္ေဆာင္ခိုင္းမွာပဲ။
စုမင္၏ ပထမဆုံးအႀကိမ္ အဓိကအမ်ိဳးသားဇာတ္ေဆာင္ေနရာကို ရယူႏိုင္တဲ့အတြက္ ေႏြးေထြးစြာဂုဏ္ျပဳပါတယ္။
//မေန႔က ေလွကားမွာ သရဲ-နံရံ-တိုက္ တဲ့အေၾကာင္းျပန္မွတ္မိခ်ိန္// ပရိသတ္မ်ားက အခုကစၿပီး ထိတ္လန္႔ဖြယ္ရာ႐ုပ္႐ွင္မ်ားအေပၚ သူတို႔အျမင္က်ယ္သြားတယ္။
"Horrorဇာတ္လမ္းၾကည့္တုန္းက ဘာလို႔ငါ့မ်က္ႏွာႀကီးနီေနတာလဲလို႔ ငါ့အေမေမးခဲ့တယ္"
"Horror႐ုပ္႐ွင္ထဲက သၾကားေတြစားရတာ ရင္ခုန္ဖို႔ေကာင္းလိုက္တာ"
"အရမ္းေကာင္းတာပဲ ... ငါ အခ်စ္ကိုေနာက္တစ္ႀကိမ္ယုံၾကည္လိုက္ေတာ့မယ္"
***************************
Sorry for mistakes
Thank you all<3
July 14, 2021
--------------------------------------------------------------------------------