ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员ap...

By MinervaDarkling

1M 231K 27.3K

MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထ... More

Arc 2 အပိုင်း {၂၄} (U)
Arc 2 အပိုင်း {၂၄}(Z)
Arc 2 အပိုင်း {၂၅}(U)
Arc 2 အပိုင်း {၂၅} (Z)
Arc 2 အပိုင်း {၂၆} (U)
Arc 2 အပိုင်း {၂၆} (Z)
Arc 2 အပိုင်း {၂၇} (U)
Arc 2 အပိုင်း {၂၇} (Z)
Arc 2 အပိုင်း {၂၈}
အပိုင်း {၂၉} (Z+U)
Arc 2 အပိုင်း {၃၀} (Z+U)
Arc 2 အပိုင်း {၃၁} (Z+U)
Arc 2 အပိုင်း {၃၂} (Z+U)
Arc 2 အပိုင်း {၃၃} (Z+U)
Arc 2 အပိုင်း {၃၄} (Z+U)
Arc 2 အပိုင်း {၃၅} (Z+U)
Arc 2 အပိုင်း {၃၆}(Z+U)
Arc 2 အပိုင်း {၃၇}(Z+U)
Arc 2 အပိုင်း {၃၈} (Z+U)
Arc 2 အပိုင်း {၃၉}(Z+U)
Arc 2 အပိုင်း {၄၀}(Z+U)
Arc 2 အပိုင်း {၄၁} (Z+U)
Arc 2 အပိုင်း {၄၂} (Z+U) One
Arc 2 အပိုင်း {၄၂} (Z+U) Two
Arc 2 အပိုင်း {၄၃} (Z+U)
အပိုင်း {၄၄} (Z+U)
Arc 3 အပိုင်း {၄၆} (Z+U) One
Arc 3 အပိုင်း {၄၆} (Z+U) Two
Arc 3 အပိုင်း {၄၇} (Z+U)
Arc 3 အပိုင်း {၄၈} (Z+U)
Arc 3 အပိုင်း {၄၉} (Z+U)
Arc 3 အပိုင်း {၅၀} (Z+U)
Arc 3 အပိုင်း {၅၁} (Z+U)
Arc 3 အပိုင်း {၅၂} (Z+U)
Arc 3 အပိုင်း {၅၃} (Z+U)
Arc 3 အပိုင်း {၅၄} (Z+U)
Arc 3 အပိုင်း {၅၅} (Z+U)
Arc 3 အပိုင်း {၅၆} (Z+U)
Arc 3 အပိုင်း {၅၇} (Z+U)
Arc 3 အပိုင်း {၅၈} (Z+U) One
Arc 3 အပိုင်း {၅၈}(Z+U) Two
Arc 3 အပိုင်း {၅၉} (Z+U)
Arc 3 အပိုင်း {၆၀} (Z+U)
Arc 3 အပိုင်း {၆၁} (Z+U)
Arc 3 အပိုင်း {၆၂} (Z+U) One
Arc 3 အပိုင်း {၆၂} (Z+U) Two
Arc 3 အပိုင်း {၆၃} (Z+U)
Arc 3 အပိုင်း {၆၄} (Z+U)
Arc 3 အပိုင်း {၆၅} (Z+U)
အပိုင်း {၆၆} (Z+U)
အပိုင်း {၆၇} (Z+U)
အပိုင်း {၆၈} (Z+U)
Arc 4 အပိုင်း {၆၉} (Z+U)
Arc 4 အပိုင်း {၇၀} (Z+U)
Arc 4 အပိုင်း {၇၁} (Z+U)
Arc 4 အပိုင်း {၇၂} (Z+U)
Arc 4 အပိုင်း {၇၃} (Z+U)
Arc 4 အပိုင်း {၇၄} (Z+U)
Arc 4 အပိုင်း {၇၅} (Z+U)
Arc 4 အပိုင်း {၇၆} (Z+U)
Arc 4 အပိုင်း {၇၇} (Z+U)
Arc 4 အပိုင်း {၇၈} (Z+U)
Arc 4 အပိုင်း {၇၉} (Z+U)
Arc 4 အပိုင်း {၈၀} (Z+U)
Arc 4 အပိုင်း {၈၁} (Z+U)
Arc 4 အပိုင်း {၈၂} (Z+U)
Arc 4 အပိုင်း {၈၃} (Z+U)
Arc 4 အပိုင်း {၈၄} (Z+U)
Arc 4 အပိုင်း {၈၅} (Z+U)
Arc 4 အပိုင်း {၈၆} (Z+U)
Arc 4 အပိုင်း {၈၇} (Z+U)
Arc 4 အပိုင်း {၈၈} (Z+U)
Arc 4 အပိုင်း {၈၉} (Z+U)
Arc 4 အပိုင်း {၉၀} (Z+U) One
Arc 4 အပိုင်း {၉၀} (Z+U) Two
Arc 4 အပိုင်း {၉၁} (Z+U)
Arc 4 အပိုင်း {၉၂} (Z+U)
Arc 4 အပိုင်း {၉၃} (Z+U)
Arc 4 အပိုင်း {၉၄} (Z+U)
Arc 4 အပိုင်း {၉၅} (Z+U)
Arc 4 အပိုင်း {၉၆} (Z+U)
အပိုင်း {၉၇} (Z+U)
အပိုင်း {၉၈} (Z+U)
Arc 5 အပိုင်း {၉၉} (Z+U)
Arc 5 အပိုင်း {၁၀၀} (Z+U)
Arc 5 အပိုင်း {၁၀၁} (Z+U)
Arc 5 အပိုင်း {၁၀၂} (Z+U)
Arc 5 အပိုင်း {၁၀၃} (Z+U)
Arc 5 အပိုင်း {၁၀၄} (Z+U)
Arc 5 အပိုင်း {၁၀၅} (Z+U) One
Arc 5 အပိုင်း {၁၀၅} (Z+U) Two
Arc 5 အပိုင်း {၁၀၆} (Z+U)
Arc 5 အပိုင်း {၁၀၇} (Z+U)
Arc 5 အပိုင်း {၁၀၈} (Z+U)
Arc 5 အပိုင်း {၁၀၉} (Z+U)
Arc 5 အပိုင်း (၁၁၀) (Z+U)
Arc 5 အပိုင်း {၁၁၁} (Z+U)
Arc 5 အပိုင်း {၁၁၂} (Z+U)
Arc 5 အပိုင်း {၁၁၃} (Z+U)
Arc 5 အပိုင်း {၁၁၄} (Z+U)
Arc 5 အပိုင်း {၁၁၅} (Z+U)
အပိုင်း {၁၁၆} (Z+U)
အပိုင်း {၁၁၇} (Z+U)
အပိုင်း {၁၁၈} (Z+U)
အပိုင်း {၁၁၉} (Z+U)
Arc 6 အပိုင်း {၁၂၀} (Z+U)
Arc 6 အပိုင်း {၁၂၁} (Z+U)
Arc 6 အပိုင်း {၁၂၂} (Z+U)
Arc 6 အပိုင်း {၁၂၃} (Z+U)
Arc 6 အပိုင်း {၁၂၄} (Z+U)
Arc 6 အပိုင်း {၁၂၅} (Z+U)
Arc 6 အပိုင်း {၁၂၆} (Z+U)
Arc 6 အပိုင်း {၁၂၇} (Z+U)
Arc 6 အပိုင်း {၁၂၈} (Z+U)
Arc 6 အပိုင်း {၁၂၉} (Z+U)
Arc 6 အပိုင်း {၁၃၀}(Z+U)
Arc 6 အပိုင်း {၁၃၁}(Z+U)
Arc 6 အပိုင်း {၁၃၂} (Z+U)
Arc 6 အပိုင်း {၁၃၃} (Z+U)
Arc 6 အပိုင်း {၁၃၄} (Z+U)
Arc 6 အပိုင်း {၁၃၅} (Z+U)
Arc 6 အပိုင်း {၁၃၆} (Z+U)
Arc 6 အပိုင်း {၁၃၇} (Z+U)
Arc 6 အပိုင်း {၁၃၈} (Z+U)
Arc 6 အပိုင်း {၁၃၉} (Z+U)
Arc 6 အပိုင်း {၁၄၀} (Z+U)
Arc 6 အပိုင်း {၁၄၁} (Z+U)
Arc 6 အပိုင်း {၁၄၂} (Z+U)
Arc 6 အပိုင်း {၁၄၃} (Z+U)
Arc 6 အပိုင်း {၁၄၄} (Z+U)
အပိုင်း {၁၄၅} (Z+U)
အပိုင်း {၁၄၆} (Z+U)
အပိုင်း {၁၄၇} (Z+U)
အပိုင်း {၁၄၈} (Z+U)
အပိုင်း {၁၄၉} (Z+U)
အပိုင်း {၁၅၀} (Z+U)
Arc 7 အပိုင်း {၁၅၁} (Z+U)
Arc 7 အပိုင်း {၁၅၂} One (Z+U)
Arc 7 အပိုင်း {၁၅၂} Two (Z+U)
Arc 7 အပိုင်း {၁၅၃} (Z+U)
Arc 7 အပိုင်း {၁၅၄} (Z+U)
Arc 7 အပိုင်း {၁၅၅} (Z+U)
Arc 7 အပိုင်း {၁၅၆} (Z+U)
Arc 7 အပိုင်း {၁၅၇} (Z+U)
Arc 7 အပိုင်း {၁၅၈} (Z+U)
Arc 7 အပိုင်း {၁၅၉} (Z+U)
Arc 7 အပိုင်း {၁၆၀} (Z+U)
Arc 7 အပိုင်း {၁၆၁} (Z+U)
Arc 7 အပိုင်း {၁၆၂} (Z+U)
Arc 7 အပိုင်း {၁၆၃} (Z+U)
Arc 7 အပိုင်း {၁၆၄} (Z+U)
Arc 7 အပိုင်း {၁၆၅} (Z+U)
Arc 7 အပိုင်း {၁၆၆} (Z+U)
Arc 7 အပိုင်း {၁၆၇} (Z+U)
Arc 7 အပိုင်း {၁၆၈} (Z+U)
Arc 7 အပိုင်း {၁၆၉} (Z+U)
Arc 7 အပိုင်း {၁၇၀} (Z+U)
Arc 7 အပိုင်း {၁၇၁} (Z+U)
Arc 7 အပိုင်း {၁၇၂} (Z+U)
Arc 7 အပိုင်း {၁၇၃} (Z+U)
Arc 7 အပိုင်း {၁၇၄} (Z+U)
အပိုင်း {၁၇၅} (Z+U)
အပိုင်း {၁၇၆} (Z+U)
အပိုင်း {၁၇၇} (Z+U)
အပိုင်း {၁၇၈} (Z+U)
အပိုင်း {၁၇၉}ဇာတ်သိမ်းပိုင်း(Z+U)
အချပ်ပို {တစ်}

အပိုင်း {၄၅} (Z+U)

8.4K 1.6K 73
By MinervaDarkling

ဖိတ်ကြားချက်

UNICODE

   ယန်ကျင်း သူကြားလိုက်ရသည်ကို မယုံကြည်နိုင်စွာ ရှဲ့ချီကို စိုက်ကြည့်နေမိသည်။ "အစ်ကို ခုနက ပြောလိုက်တာ..."

    သူ လုဝမ်ကို လှမ်းကြည့်မိတော့ ပြုံးပြကာ ခေါင်းငြိမ့်ပြသည်။ "မင်းအစ်ကိုရှဲ့က သဘောတူလိုက်ပြီ။"

    ယန်ကျင်း၏ အမူရာမှာ ချက်ချင်းပင် တောက်ပသွားပြီး မျက်လုံးထဲ၌ ဝမ်းသာမှုများ ပြည့်သွားသည်။  လုဝမ်ကို ခိုးကြည့်လိုက်ပြီး သူမြင်ရနေတုန်းအချိန်တွင် မျက်တောင်များကို အသားကုန် ပုတ်ခတ်ပုတ်ခတ်လုပ်ပြလိုက်သည်။ "သူသဘောတူတာကြားလိုက်လား။ ကြားလိုက်လား။ ကြားလိုက်လားလို့။"

    လုဝမ်က မနိုင်သည့်ဟန်နှင့် ခေါင်းငြိမ့်​ပြသည်။

    ရှဲ့ချီသည် သူ့အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ကာ လက်မှကြယ်သီးစေ့များကိုလည်း သေချာတပ်လိုက်ပြီး လေးနက်စွာနှင့် ယန်ကျင်းဆီသို့ လက်ဆန့်ပေးလိုက်သည်။ "ဒီလောက်ဆို ပိုပြီး ယုံချင်စရာကောင်းပြီလား။"

    ယန်ကျင်းသည် ထိုအလွန်လှပသည့်လက်များကို အကြာကြီး ကြည့်လိုက်ပြီးမှ သဘောပေါက်သည်။ သူ့နှာခေါင်းထိပ် နည်းနည်းလေး စူးရှရှဖြစ်လာပြီး ရှဲ့ချီက နောင်တရမည်စိုးသည့်အလားအမြန်ပင် ရှဲ့ချီနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

    ရှဲ့ချီလည်း မနိုင်သည့်ဟန်နှင့် ရယ်ပြန်သည်။

    တိုတောင်းသည့်သုံးမိနစ်တာ ကုန်လွန်သွားပြီးနောက် ယန်ကျင်း၏ အမြင်အာရုံသည်လည်း ပြန်၍ မဲမှောင်သွား​တော့သည်။ သို့သော် ထိုဖြူဖွေး နွေးထွေးသည့်လက်များကိုဖြင့် သူ မှတ်မိနေသေးသည်။ သူ့တွင် အပေါင်းဖော်နှင့် အလုပ်ကြိုးစားရန် အားတက်မှုတို့ ရှိနေပြီဖြစ်သည်။

    "အစ်ကို" ယန်ကျင်း ရုတ်တရက် နည်းနည်း ရှက်သွားရသည်။ "ကျွန်တော် လုပ်စရာရှိတာ အရင်လုပ်ထားဖို့ သွားလိုက်ဦးမယ်။ မဟုတ်ရင် အရှက်ကွဲလိမ့်မယ်။ တစ်ခုခုဆိုရင် App ကနေပြီးဆက်သွယ်နော်။ ကျွန်တော် ချက်ချင်း လာခဲ့မယ်။"

    သူမမြင်ရသော်ငြား App တွင် အသံထွက်ဖတ်ပြသည့် စနစ်ပါရှိသည်။ အချိန်နည်းနည်းကုန်သော်ငြား သူလည်း အားနေသည်သာပင်။

    ယန်ကျင်း မစောင့်နိုင်တော့။ ရှဲ့ချီနှင့် လုဝမ်တို့ ပြန်မဖြေရသေးခင်တွင် သူ့ဖုန်းကို ကောက်ဆွဲကာ ရုံးခန်းထဲမှ ထွက်သွားတော့သည်။

    "အလျင်လိုနေတာပဲ။" ရှဲ့ချီ လုဝမ်ကို ကြည့်ကာ ​ခြေချိတ်ရင်း ပြန်ထိုင်နေလိုက်သည်။ သူ့ထိုင်ခုံအား လုဝမ်ရှေ့သို့ ရွှေ့ကာ လက်များကိုယှက်ကိုင်ထားရင်း ပျင်းရိစွာပြောလိုက်သည်။ "ငါမင်းကို မေးခွန်းတစ်ခုမေးမယ်။ အဆင်မပြေရင် ဖြေစရာမလိုဘူး။"

    လုဝမ်က အတော်ကြာ အံ့အားသင့်နေပြီးမှ ပြန်မေးသည်။ "ငါ့ မျက်နှာလား။"

    ရှဲ့ချီက အမှန်တိုင်းပင် ဖြေသည်။ "ဟုတ်တယ်။ ငါတို့က တစ်ကမ္ဘာထဲကနေလာပေမယ့် မင်းက သေချာပေါက် လူမဟုတ်ဘူး။ အဲ့ဒါကြောင့် ငါသိချင်နေတာ။"

    ရှဲ့ချီသည် သူ့မျက်လုံးများကို အောက်စိုက်ကာ သူ့လက်သူပြန်ကြည့်နေသည်။ ဘယ်ကမ္ဘာမှာ သူနေနေပြီး သူမသိတာ ဘာတွေရှိနေလဲ။

    လုဝမ်သည် ခဏတာတိတ်နေပြီးမှ တက်တက်ကြွကြွပြန်ဖြေသည်။ "တကယ်တော့ ဘာမှလည်း ဖုံးထားစရာမရှိပါဘူး။ ငါက တကယ် လူစင်စစ်တော့မဟုတ်ဘူး။"

    ရှဲ့ချီ အံ့ဩသွားသည်။

    လုဝမ်က ရှင်းပြသည်။ "ငါ့အိမ်က ပင်လယ်နဲ့နီးတယ်လေ။ ပြောရရင် ​ခြေလှမ်းတစ်ရာလောက်လျှောက်လိုက်တာနဲ့ ပင်လယ်ပြာကြီးကို မြင်ရပြီ။ ငါတို့ဘက်မှာ လူကြီးတွေက မိန်းကလေးတွေကို အဝတ်စားမပါဘဲ ပင်လယ်ထဲမဆင်းဖို့မှာကြတယ်။ မဟုတ်ရင် ပင်လယ်ထဲက ဘာမဆိုလိင်စိတ်ကြွတတ်တဲ့ ငါးလူသားတွေက စော်ကားတာကိုခံရလိမ့်မယ်ဆိုပြီးပေါ့။ "

    ရှဲ့ချီကမေးသည်။ "ငါးလူသားလို သတ္တဝါတွေ ရှိတယ်ဆိုတာ သေချာလို့လား။"

    လုဝမ်က ခေါင်းငြိမ့်ကာ ရယ်ပြသည်။ "မဟုတ်ရင် ဒီကြေးခွံတွေ ငါက ဘယ်ကရမှာလဲ။"

    တက်ကြွသော ယန်ကျင်းနှင့် ရှဲ့ချီ၏ အညီအမျှ ဆက်ဆံတတ်သည့် စရိုက်တို့ကြောင့် သူ့မျက်နှာပေါ်ရှိ အရုပ်ဆိုးဆိုးကြေးခွံများကို ဂရုမစိုက်တော့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ ရှဲ့ချီကို အကုန် ဖွင့်ပြောပြ၍ရသည်ဟုလည်း ခံစားရလေသည်။

    ရှဲ့ချီလည်း အမြန်ပင် လက်ခံလိုက်သည်။ လောကတွင် သူမမြင်ဖူး မကြာဖူးသည့်အရာများရှိသော်လည်း ထိုသည်တို့က မရှိကြသည်မဟုတ်ပေ။ သူတို့အကြောင်း သိနိုင်သည့် အခွင့်အရေးမရှိခဲ့ခြင်းသာဖြစ်သည်။

    လုဝမ်က ဆက်ပြောသည်။"ဒဏ္ဍာရီထဲ ပြောကြတာကတော့ လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာက ကုန်းပေါ်ကလူတွေက ပင်လယ်ထဲက ငါးလူသားတွေကို နတ်ဘုရားတွေလို့ထင်ပြီး သူတို့ကို ကာကွယ်ပေးဖို့ရာဆိုပြီး အပျိုစင်တွေကို ပင်လယ်ထဲ ပစ်ချပြီး ဆက်သကြတယ်တဲ့။"

    ရှဲ့ချီက မေးသည်။ "ငါးလူသားတွေက ဘာနဲ့တူလဲ။"

    "ဘယ်သူမှတော့ မမြင်ဖူးကြပေမယ့် သူတို့တွေက တကယ်ရှိတယ်။ ငါ့အိမ်နားမှာ ​ရှေးနှစ်ပေါင်းရာချီလောက်က လူတွေထားခဲ့တဲ့ မှတ်တမ်းတွေရှိတယ်။ တစ်ယောက်က ငါးလူသားတွေရဲ့ ပုံစံကို ဆွဲထားပေမယ့် ဟုတ်လားမဟုတ်လား​တော့ ငါလည်း မသိဘူး။ ပုံထဲမှာတော့ ရုပ်အတော်ဆိုးကြတယ်။ ငါးနှုတ်ခမ်းတွေ၊ မျက်လုံးပြာတွေ၊ နှာခေါင်းပေါက်သေးသေးနဲ့ တစ်ကိုယ်လုံး ကြေးခွံတွေကာထားတဲ့အပြင် အကြီးကြီး ပေါ်နေတာက..."

    လုဝမ် ချောင်းနှစ်ချက်ဟန့်လိုက်သည်။ "ငါ ပြောချင်တာဘာလဲ မင်းသိပါတယ်။"

    "အင်း" ရှဲ့ချီ အနေရခက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။ "ငါးလူသားတွေကို ဆက်သလိုက်တယ်ဆိုတဲ့ ကောင်မလေးတွေကကော။"

    "ငါးလူသားတွေနဲ့ တွေ့သွားတဲ့လူတွေက အသက်ရှင်ပြီး မတွေ့ကြတဲ့လူတွေက ရေနစ်သွားကြတာလား။"

    "ဟုတ်တယ်။ ငါးလူသားတွေ ကယ်တာခံလိုက်ရရင် သူတို့ 'စား' တာကို ခံကြရတာပေါ့။" လုဝမ်က ပြောသည်။ "တစ်ချို့တွေက ကိုယ်ဝန်ရလာကြတယ်။ ဖျက်ချလို့လည်းမရတော့ အဲ့ကလေးတွေကို မွေးကြရတာပေါ့။"

    ရှဲ့ချီသည် လုဝမ် မျက်နှာပေါ်မှ ကြေးခွံများကို ကြည့်ကာ နားလည်လိုက်သည်။ လုဝမ်သည် ရှဲ့ချီက လိုအပ်၍ပြောနေသည်ကို သိသောကြောင့် အနေရမခက်ပေ။ သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ရှဲ့ချီအား ကြေးခွံအပြည့်နှင့် သူ့ကျောပြင်က်ို ပြလိုက်သည်။

    ရှဲ့ချီသည် ထိုကြေးခွံများကိုကြည့်ကာ မေးလိုက်သည်။ "မင်း အမေက..."

    လုဝမ်က အလွန်တည်ငြိမ်နေကာ ပြုံး​ပြသည်။ "မင်းထင်သလိုမဟုတ်ဘူး။ ငါ့အမေက ပင်လယ်ထဲပစ်ချခံရတဲ့ အပျိုစင်မဟုတ်ဘူး။ ငါ့အမေ ငယ်ငယ်တုန်းက အရမ်း တက်ကြွတယ်လေ။ သူ့ဟာသူ ​လှေလှော်ပြီး ပင်လယ်ထဲထွက်ရတာကို ကြိုက်တယ်။ တစ်နေ့ သူ မုန်တိုင်းနဲ့ကြုံပြီး ​လှေမှောက်ပါလေရော။ ငါ့အမေသေခါနီးဖြစ်နေတာကို ငါးလူသားတစ်ယောက်က ကယ်လိုက်တာ။ ကုန်းပေါ်ပြန်လာတော့ ငါ့ကိုလွယ်ထားရပြီ။"

    "အဲ့ဒါဆို ငါးလူသားက ဘယ်လိုပုံလဲ သူမမှတ်မိဘူးပေါ့။" ရှဲ့ချီက မေးသည်။

    "သူ မမှတ်မိဘူး။" လုဝမ်က ပြုံးလိုက်သည်။ "အဲ့ဒါနဲ့လည်း သူချစ်မိသွားတာကို တားမရပါဘူး။ အနှစ် ၂၀ လုံးလုံး သူ့ကို ကယ်ခဲ့တဲ့ ငါးလူသားနဲ့ ပြန်တွေ့ရမယ်လို့ ထင်နေတာ။"

    လုဝမ်၏ ကောင်းသည့်စိတ်ထားနှင့် ရိုးသားဖြောင့်မတ်သည့် စရိုက်က ဘယ်ကလာသည်ကို ရှဲ့ချီ ရုတ်တရက် သဘောပေါက်သွားသည်။

    "အဲ့ဒီတော့ မင်းက ငါးလူသားနဲ့ လူသားတို့ သွေးနှောပေါ့။"

    လုဝမ်က ပြန်ဖြေသည်။ "ဟုတ်တယ်။ ငါမွေးလာတုန်းက လူသားကလေးလေးအတိုင်းပဲ မွေးလာတာ။ ကြီးလာတော့မှ ငါ့ကိုယ်ပေါ်မှာ ကြေးခွံတွေပေါ်လာတာ။ ပင်လယ်နဲ့နီးလေလေ ကြေးခွံတွေ ပိုပိုပြီး ပေါ်လာလေလေပဲ။ တစ်ကိုယ်လုံး ကြေးခွံတွေမပေါ်လာဖို့နဲ့ ရေနဲ့ မလွတ်ကင်းနိုင်မှာဆိုးတာနဲ့ ပင်လယ်နဲ့ ဝေးတဲ့ မြို့မှာ ငါ သွားနေတာ။"

    "လူနဲ့ ငါးလူသားက ရတဲ့ကလေး ဖြစ်လာနိုင်တာ နှစ်မျိုးရှိတယ်။ တစ်မျိုးက ပင်လယ်ရဲ့ လွှမ်းမိုးတာကို ခံရတာ။ တစ်ကိုယ်လုံး ကြေးခွံတွေပေါ်လာပြီး ရေထဲက ထွက်မရတော့ဘူး။ တစ်နေ့ကျရင် ပင်လယ်ထဲခုန်ဆင်းပြီး ပြန်ပေါ်မလာကြတော့ဘူး။ နောက်တစ်မျိုးက ပင်လယ်နဲ့ ဝေးဝေးနေပြီး လူပုံစံကို မနည်းထိန်းရတာပေါ့ကွာ။"

    ရှဲ့ချီ အံ့ဩကာခေါင်း​ငြိမ့်ပြလိုက်ပြီး စိတ်ထဲသိပ်မကောင်းဖြစ်သွားရသည်။ထို့နောက် သူမေးလိုက်သည်။ "မျိုးရိုးသွေး နိုးထစေတယ်ဆိုတာကကော။"

    "ငါးလူသားရဲ့ မျိုးရိုးသွေးက နိုးထဖို့ အရမ်းခက်တယ်။ နိုးလာခဲ့ရင် မျက်နှာပေါ်က ကြေးခွံတွေပျောက်သွားကြပြီး လိုရင်တော့ ဗိုက်ကို ကာကွယ်ဖို့တို့ ထွက်လာကြတယ်။ ပုံမှန်တော့ ပြဿနာမရှိကြဘူး။ အဲ့ဒါကြောင့်လည်း ငါဒီကို ရောက်လာတာ။ ငါ ပင်လယ်ရဲ့ လွှမ်းမိုးတာကို ခံရပြီး ငါးလူသားဖြစ်လာရမယ့်ဘက်ကို မသွားချင်ဘူး။ ငါ့လူသားပုံစံကို ထိန်းထားချင်လို့ ငါးလူသား မျိုးရိုးသွေးကို နိုးအောင်လုပ်ပြီး သာမန်လူအတိုင်း နေချင်တယ်။"

    ရှဲ့ချီ ခေါင်းငြိမ့်ပြသည်။ "ဒီလောက် ထူးဆန်းတာ ရှိနေတာ။ ဘာလို့ သိတဲ့လူတွေကော မီဒီယာကပြတာတွေကော မရှိရတာလဲ။"

    "ငါလည်းမသိဘူး။ ထူးဆန်းတဲ့ အင်အားစုတစ်ခုက ကြိုးကိုင်ထားတာနေမယ်။"

    လုဝမ်ပြောလိုက်ပြီးမှ ဘယ်လောက်စိတ်ကူးယဥ်ဆန်စွာ ပြောလိုက်မိသည်ကို သဘောပေါက်ပြီး ရှက်သွားရသည်။

    ရှဲ့ချီက ပြောသည်။ "အဲ့လိုသာဆို ငါတို့ ကမ္ဘာမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို အများကြီးပဲ။"

    လုဝမ်က ထောက်ခံသည့်အလား ခေါင်း​ငြိမ့်သည်။

    ဖုန်းက ရုတ်တရက်မြည်လာသည်။ ရှဲ့ချီ ငုံ့ကြည့်လိုက်သောအခါ ယန်ကျင်းက သူ့ကို ရှာနေသည်ကို တွေ့လိုက်ရသည်။ မတ်တပ်ထကာ အားနာသည့်ဟန်နှင့် ပြောလိုက်သည်။ "ငါ အခုသွားရတော့မယ်။ "

    လုဝမ်က "ကောင်းပြီလေ" ဟု ပြောလိုက်သည်။

    ရှဲ့ချီက ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်လိုက်ပြီး ရုံးခန်းတံခါးဆီသို့ သွားလိုက်သည်။ တံခါးနားသို့ရောက်သောအခါ ရုတ်တရက် ရပ်သွားသည်။ ထို့နောက် နောက်သို့လှည့်ကာ တံခါးကို မှီထားလိုက်သည်။ "တကယ်တော့ ငါလည်း ကလေးတုန်းက ခြောက်ခြားစရာ ပန်းချီကားတွေဆွဲတဲ့လူ ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး။ "

    ရှဲ့ချီ၏ အသံကတိုးညှင်းကာ ခေါင်းကို ငုံ့ထားသည်။

    လုဝမ် အံ့ဩသွားရသည်။ "မင်း ဘာပြောချင်တာလဲ။"

    ရှဲ့ချီ ခေါင်းမော့လိုက်သည်။ "ငါ့မိဘတွေက သိပ္ပံပညာရှင်ဖြစ်လာရမယ်လို့ သတ်မှတ်ခဲ့ကြတော့ အဲ့ဒါဖြစ်လာမယ်ပဲ ထင်ခဲ့တာ။ ဘာလို့လဲဆို ကလေးတုန်းက ငါကိုယ်တိုင်လည်း သိပ္ပံပညာကို အရမ်းစိတ်ဝင်စားခဲ့တာကိုး။ အဲ့ဒီနောက် တစ်ညမှာ ငါ သေချာမမှတ်မိတော့တဲ့ အိပ်မက်တစ်ခုကို မက်ခဲ့တယ်။"

    "နိုးလာတာနဲ့ ငါဟာ ခြောက်ခြားစရာ ပန်းချီကားတွေကို ဆွဲတဲ့ ပန်းချီဆရာဖြစ်လာမယ်ဆိုတာ အရမ်းကို သေချာသွားခဲ့တာ။"

    လုဝမ် အံ့ဩသွားသည်။ "အဲ့ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။"

    ရှဲ့ချီ ခေါင်းရမ်း​ပြသည်။ "ငါလည်းမသိဘူး။ ငါ စိတ်ဝင်စားခဲ့တာတွေ ချက်ချင်းကြီး အကုန်ပျောက်သွားပြီး ပန်းချီဆရာကလွဲ တစ်ခြားဖြစ်လာနိုင်တာကို မရှိတော့ဘူး။ "

    လုဝမ် ဆွံ့အသွားရသည်။

    "အဲ့ဒီအချိန်တုန်းက ကြီးလာရင် ငါ ဘာလုပ်မယ်ဆိုတာမျိုးက အဲ့လောက် အရေးတကြီးမစဥ်းစားသေးတဲ့အချိန်ဆိုတော့ ဘာလို့လဲဆိုတာကို ငါမတွေးခဲ့မိဘူး။

    ရှဲ့ချီသည် လုဝမ်၏ အကြောင်းကို နားထောင်နေရင်း သူ့အတိတ်ကို ရုတ်တရက် ပြန်တွေးမိသွားသည်။ လုဝမ်လည်း အလွန် စိတ်ထဲရှုပ်ထွေးသွားရသည်။

    ရှဲ့ချီက ဆက်ပြောသည်။ "တစ်ခါတစ်လေကျ ငါ အိပ်မက်မက်ပြီး အသံခပ်တိုးတိုးတွေ ကြားရတယ်။ ငါပဲ စိတ်ထင်နေတာလား ဘာလားတော့မသိဘူးပေါ့။"

    "ငါ့ပန်းချီကား အများစုက ငါ အိပ်မက်မက်ရာကနေ စိတ်ကူးရပေမယ့် ငါကိုယ်တိုင်တောင် အဲ့ဒါဘာတွေလဲ မသိဘူး။ ပုံစံက မသိသာလွန်းတော့ ဖော်ပြလို့မရဘူး။"

    လုဝမ် အလွန်ပင် အံ့အားသင့်သွားပုံပေါ်သည်။

    ရှဲ့ချီသည် သူ သဘာဝလွန်အကြောင်းရာများကို လိုအပ်သောကြောင့် သဘာဝလွန်ဖြစ်ရပ်များကို စုံစမ်းခဲ့ပြီး ထိုအရာကြောင့်ပင် နေ့ရောညပါ တွေးမိနေခြင်းဖြစ်သည်ဟု ထင်ခဲ့သည်။ အခုမှသာ ကိစ္စများသည် သူထင်ထားသည်ထက်ပင် ပို၍ ရှုပ်ထွေးနေနိုင်ကြောင်း သိလိုက်ရသည်။

    လုဝမ်လည်း သံသယရှိနေသည်။ "အဲ့ဒါက..."

    ရှဲ့ချီ အသာပြုံးပြလိုက်သည်။ "ဘာလို့လဲဆိုတာကို နောက်ကျ ငါတို့ သိလာနိုင်ပေမယ့် အခုတော့ မဟုတ်သေးဘူး။"

    လုဝမ် နည်းနည်းဝမ်းနည်းသွားရပြီး ရှဲ့ချီက ပြုံးပြလာပြန်သည်။ "မင်း အသက်ရှင်နေသေးတယ်ဆိုရင်ပေါ့။"

    လုဝမ် "......"

    **************

    ရှဲ့ချီ လုဝမ်၏ ရုံးခန်းမှ ထွက်လာပြီးနောက် App မှ တစ်ဆင့် သူ၏ ရုံးခန်းထဲသို့ ပြန်လာလိုက်သည်။ လုဝမ်၏ ရုံးခန်းနှင့် တစ်ပုံစံတည်းပင်။

    ရှဲ့ချီက ယန်ကျင်းကို ဖိတ်ခေါ်လိုက်ပြီး ယန်ကျင်းသည် သူ့ဖုန်းကို ကိုင်ထားရင် အင်မတန်စိတ်လှုပ်ရှားနေဟန်ဖြင့် တံခါးဖွင့် ဝင်လာသည်။

    "အစ်ကိုရေ၊ ရသစုံ ရှိုးပွဲတစ်ခုက အစ်ကို့ကို ဖိတ်စာပို့လိုက်တယ်။"

    "ရသစုံ ရှိုးဟုတ်လား။" App တွင် ​ခြောက်ခြားစရာ ဇာ​တ်ကားများအပြင် ရသစုံ ရှိုးများပါ ရှိနေလိမ့်မည်ဟု ရှဲ့ချီမထင်ခဲ့ပေ။

    ယန်ကျင်းသည် ထိုင်ခုံကိုဆွဲကာ ရှဲ့ချီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး သူ့ဖုန်းကို ထိုးပေးလိုက်သည်။ ထိုပေါ်တွင် ဖိတ်စာတစ်စောင်ရှိနေသည်။

    [မင်္ဂလာပါ သစ်ထွန်းဖူးပေါက်စ အရည်အချင်းများ စာရင်း နံပါတ် ခြောက် ရှဲ့ချီ။ ပြိုင်ပွဲပုံစံ ခြောက်ခြားစရာ ရသစုံရှိုးပွဲတစ်ခုဖြစ်သည့် ခြောက်ခြားဖွယ်ရာ အစုံအလင်မှ ဖိတ်ကြားချက်ဖြစ်သည်။ ကျွန်ုပ်တို့ အစီအစဥ်မှာ ပါဝင်ဖို့ရာ လေးစားစွာနဲ့ ဖိတ်ခေါ်လိုက်ပါတယ်။ သင် စိတ်မပျက်စေရပါဘူး။ လုပ်ကွက်တွေအလွန်ပဲ မြင့်မားပြီး သင့် Follower တွေ တိုးစေနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ]

    ခြောက်ခြားဖွယ်ရာ အစုံအလင်? အစုံအလင်? ဖျော်ဖြေရေး အစီအစဥ်များဖြစ်သည့် သီချင်း အစုံအလင်၊အကအစုံအလင် ဟူသည်များကို ရှဲ့ချီ စဥ်းစားမိလိုက်သည်။ ပရိသတ်များကို ဖျော်ဖြေပေးရန်အတွက် သီချင်းနှင့် အကမျိုးစုံကို  ရောသမမွှေထားခြင်းဖြစ်သည်။ ​ခြောက်ခြားဖွယ်ရာ အစုံအလင်ဆိုသည့် နာမည်အတိုင်း ခြောက်ခြားစရာ အကြောင်းအရာ မျိုးစုံကို စုစည်းထားခြင်းဖြစ်ပေလိမ့်မည်။

    ယန်ကျင်းက ပြောပြသည်။ " အစ်ကိုနဲ့ စပြီးချိတ်ဆက်ဖို့ လိုတာတွေအပ်ပြီးတာနဲ့ ကျွန်တော့်ဆီ ဒီစာဝင်လာတာပဲ။ ဘာဖြစ်တာလဲ ကျွန်တော်မသိတော့ တွေ့တဲ့ အေးဂျင့်နှစ်ယောက်ကို ကျွန်တော် သွားမေးလိုက်တယ်။သူတို့ကတော့ ကျွန်တော်တို့ ကံကောင်းတယ်လို့ ပြောတာပဲ။ ဒီနေ့ ဂျူလိုင် ၃၀ ရက်နေ့မလား။ ဒီပွဲက နှစ်လတစ်ခါ ရှိပြီး မနက်ဖြန် နောက်ဆုံးပဲတဲ့။ ပြီးရင် နောက်လ ၃ ရက်နေ့ကစပြီး ရိုက်ကူးရေးစမှာတဲ့။ ကျွန်တော်တို့ အချိန်မီလေးပဲ။"

    ရှဲ့ချီက နားထောင်ရင်း ခေါင်းငြိမ့်ပြသည်။ ထို့​နေက် မေးလိုက်သည်။ "သစ်ထွန်း ဖူးပေါက်စ အရည်အချင်းများစာရင်းမှာ နံပါတ် ၆ ရတော့ ဘာဖြစ်တုန်း။"

    ယန်ကျင်းသည် သူနှင့်အတူယူလာသည့် ဖိုင်တွဲအပြာထဲမှ စက္ကူစတစ်ခုကို ဆွဲထုတ်ပြီး ရှဲ့ချီကို ပေးလိုက်သည်။ "ဒါက အေးဂျင့်တွေရတဲ့ နောက်ခံအကြောင်းပဲ။ စာရင်းဆိုတာက လွန်ခဲ့တဲ့ နှစ်လအတွင်း တက်သစ်စသရုပ်ဆောင်တွေရဲ့ စုစုပေါင်း အမှတ်ကို စီထားတာကိုပြောတာ။ ကျွန်တော် ကြည့်ကြည့်တော့ တက်သစ်စတွေချည်းကို အယောက် ၂၀,၀၀၀လောက်ရှိနေတာကို တွေ့လိုက်ရတယ်။ အစ်ကို ရှဲ့က နံပါတ်ခြောက်နေရာမှာ။"

    ရှဲ့ချီသည် စာရွက်ပေါ်ရှိအကြောင်းအရာများကို ကြည့်လိုက်သည်။ စာရင်းထဲရှိ ထပ်ဆုံး ဆယ်ယောက်၏ နာမည်ကိုသာလျှင် ပြထားသည်။ နံပါတ်တစ်နေရာတွင်ရှိနေသူမှာ ယိုကျင်ဆိုသူဖြစ်ပြီး အမှတ်ပေါင်း ၁,၉၈၈ မှတ်ဖြစ်သည်။

    ဒုတိယနေရာရှိ ယွမ့်ဇျဲမှာ ၁,၄၄၃ မှတ် ဖြစ်သည်။

    ရှဲ့ချီ နည်းနည်း မျက်မှောင်ကြုတ်လိုက်သည်။ အမှတ်က အဲ့လောက်တောင် ကွာသည်လား။ အမှတ်ပေါင်း ငါးရာလောက်တောင် ကွာနေသည်။

    နောက်အမှတ်တွေကတော့ အဲ့လောက်မကွာပေ။

    ယန်ကျင်းသည် အငြိမ်မနေနိုင်ဘဲ စိတ်လှုပ်ရှားစွာ ကဆုန်ပေါက်နေသည်။ "အစ်ကိုရှဲ့၊ အစ်ကိုရှဲ့ အစ်ကိုက နံပါတ်​ခြောက်နေရာမှာ မြင်လားဟင်။ အရင်နှစ်လအတွက် ဒါကနောက်ဆုံးပဲ။ အစ်ကိုက ဂျူလိုင်လထဲမှ App ဆီရောက်လာတာမလား။ စာရင်းထဲက အတွက်အချက်တွေက ဂျွန်လအစကနေ ဂျူလိုက် အဆုံးထိပဲ။ ယိုကျင်နဲ့ ယွမ့်ဇျဲလိုမျိုး အစ်ကိုရှေ့က လူတွေ အများကြီးက App ထဲကို ရောက်လာတာ နှစ်လလောက်ရှိနေပြီ။ အစ်ကိုက ရောက်တာဖြင့် တစ်လတောင်မပြည့်သေးတာကို ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်နိုင်နေပြီ။ သူတို့ထက် တကယ်မဆိုးဘူးသိလား။ သူတို့ထက်တောင် အများကြီး ပိုသာရင်သာနေဦးမှာ။"

    "ဟုတ်တယ်။ ဒါနဲ့လေ အစ်ကိုလုဝမ်က အမှတ် ၈၀၀ ကျော်နဲ့ နံပါတ် ၁၀ နေရာမှာဗျ။ သူက ဒီရောက်တာ နှစ်လမပြည့်ခင် သုံးလေးရက် အလိုဆိုတော့ ကပ်တိုးလေးမီလိုက်တာပဲ။" ယန်ကျင်းက နံပါတ် ၁၀ နေရာတွင် ရှိနေသည့် လုဝမ်ကို လက်ညှိုးထိုးပြသည်။

    ယန်ကျင်းသည် အရင်ကထက် ပို၍ အားကိုးလာရပြိီး ရှဲ့ချီ အမြန်ပင် အခြေအနေကို သဘောပေါက်သွားသည်။

    ခြောက်ခြားဖွယ်ရာ အစုံအလင်ဆိုသည်မှာ သစ်ထွန်း ဖူးပေါက်စ အရည်အချင်းရှိသည့် သရုပ်ဆောင်များ ယှဥ်ပြိုင်ကြသည့် ခြောက်ခြားစရာ ရသစုံ ရှိုးဖြစ်သည်။ ဝင်ပြိုင်ကြသူများမှာ နှစ်လအတွင်း App နှင့် ချိတ်ဆက်ထားသည့် ထိပ်ဆုံး သရုပ်ဆောင် ဆယ်ယောက်ဖြစ်သည်။ ပါဝင်ခြင်းက ဆန္ဒအလျောက်သာဖြစ်သည်။ အဖိတ်ကြားခံရစဥ် သရုပ်​ဆောင်မှာ အခြားဇာတ်ကားများရိုက်နေရပြီး အချိန်ဇယားကိုလည်း မရွှေ့နိုင်ပါက မပါဝင်၍ရသည်။

    ခြောက်ခြားဖွယ်ရာ အစုံအလင်သည် သရုပ်ဆောင်များက ခြောက်ခြားစရာ နေရာတစ်ခုသို့ သွားကာ သရဲပုံ​ပြင်များကို ရင်ဆိုင်ရပြီး မည်သူက အမြန်ဆုံး ရှင်းနိုင်ပြီး မည်သူက အများဆုံး ရှင်းနိုင်သည်ကို ယှဥ်ပြိုင်ရခြင်းဖြစ်သည်။

    ဝါရင့် သရုပ်ဆောင်များက ဧည့်သည်များအဖြစ်လာကြမည်ဖြစ်ပြီး ပရိသတ်များလည်း ရှိသည်။ ရသံစုံ ရှိုးတစ်ခုလုံးကို တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်သည်။ နောက်ဆုံး အကဲဖြတ်မှုတွင် ပရိသတ်များ၏ မဲက ၂၀%၊ ဧည့်သည်များ၏ ရွေးချယ်မှုက ၃၀% နှင့် ကိုယ်ပိုင် စွမ်းဆောင်ရည်အတွက် ၅၀% ပေးမည်ဖြစ်သည်။

    ပထမဆုက အမှတ် ၃၀၀၊ ဒုတိယဆုက အမှတ် ၂၀၀နှင့် တတိယဆုက အမှတ် ၁၀၀ ဖြစ်သည်။

    ပေးမှတ်များက နည်းသော်လည်း ရသံစုံရှိုးများ၏ နာမည်ကြီးမှုကြောင့် Fan အရေအတွက်မှာ အလွန်များသည်။ အကယ်၍ သရုပ်ဆောင်တစ်ယောက်သာ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပါက Fan အရေအတွက်နှင့် ဆုကိုပေါင်းကာ အမှတ်များစွာကို ရရှိနိုင်မည်ဖြစ်သည်။

   အရေးအကြီးဆုံးမှာ ရှိုးသည် သုံးရက်သာ ကြာခြင်းပင်။ ဤသည်က ဇာတ်ကားရိုက်ရခြင်းထက် ပို၍ ထိရော​က်ကာ သက်သာသည်။

   ယန်ကျင်းက အားရတက်ကြွစွာမေးသည်။ "အစ်​ကို၊ သွားမှာလား။"

ရှဲ့ချီ ပြုံးပြလိုက်သည်။ "သွားမယ်။"

                    *****=====*****

အသင့်သာ ပြင်ထားကြပါတော့။
စကားမစပ် နောက်ပိုင်းတွေအတွက် အရေးကြီးတဲ့ ဇာတ်ကောင်နာမည်တွေ ဒီအပိုင်းမှာ ထွက်လာပြီနော်။ တစ်ယောက်ကဆို အရင်အပိုင်းတွေကတည်းကပါတာ။

ယူတို့ လွတ်သွားကြတယ်မလား xD
စတာ စတာ။

************==========***********

ကဲ... နောက်ပြောင်တာလေး ခဏရပ်ပြီး ကိုယ်ပြောတာကို နားထောင်ပေးကြပါဦးနော်။

အားလုံးလည်း အခု Oxygen အတွက် အရမ်းကို ရုန်းကန်နေရပြီး အချိန်မမီလို့ ဆုံးပါးသွားကြရတဲ့ စိတ်မကောင်းစရာ သတင်းတွေကို တွေ့ကြမှာပဲ။ ပုံမှန်ဆို ကိုယ်တို့တွေက လကုန်မှသာ PDF ထုတ်ပေးပြီး အလှူခံခဲ့ကြပေမယ့် ဒီတစ်ခေါက်က လောလောလတ်လတ်ကို လိုအပ်နေကြတဲ့ သူတွေရှိတာမို့ သူတို့ကို လှူဖို့ရာ အခုကတည်းက အလှူငွေကောက်ပါမယ်နော်။ PDF ကိုတော့ လကုန်ကျရင် လှူထားတဲ့သူမှန်သမျှကို ပို့ပေးပါ့မယ်။

အားလုံးလည်း နည်းသည်များသည်မဟုတ်ဘဲ တတ်အားသရွေ့ ထည့်ဝင်ကူပေးကြပါဦး။ လှူပြီးတာနဲ့ အလှူစာရင်းရှင်းတမ်းလည်း ကျွန်တော်တို့ ထုတ်ပေးမှာပါ။ အရင်တစ်ခါက CDM တွေဆီ တိုက်ရိုက်ရောက်မယ့် တစ်ခြားနေရာကို လှူခိုင်းပြီး ကျွန်တော်တို့တွေက ပိုက်ဆံမကိုင်ပါဘူး။ ဒီတစ်ခေါက်ကတော့ ကျွန်တော်တို့ကိုယ်တိုင်ကောက် ကိုယ်တိုင်လှူမှာပါ။ အဲ့ဒါကြောင့် အားလုံးလည်း စိတ်ချယုံကြည်ပါ။ တစ်ပြားတစ်ချပ်တောင်မှ ကိုယ်တွေလက်ထဲမထားတဲ့အပြင် စိုက်ပြီးတော့တောင် လှူကြပါသေးတယ်။

PDF ဆိုတာလည်း တကယ်ကို ကြိုးစားအားထုတ်ထားပြီး အားလုံးကြိုက်လောက်မယ့် တစ်ပိုင်း​​အ ပြီးတွေ၊ ဝတ္ထုတိုတွေအပြင် လအလိုက် အခန်းဆက် ဝတ္ထုရှည်တွေပါ ပါပါတယ်။ ကျွန်တော့်အပြင် နောက်ထပ် သုံးယောက်ရဲ့ လက်ရာတွေကို ဖတ်ရမှာပါ။

အရင်လကဟာတွေ ပြန်လိုချင်ရင်ဖြစ်ဖြစ်၊ ဒီလအတွက် လိုချင်တာပဲဖြစ်ဖြစ် ကျွန်တော့် Wall ထဲက FB acc Link ထဲ ဝင်ပြီး လှူထားတဲ့ SS ပြကာ Gmail ထားခဲ့ပေးရုံနဲ့ PDF ကို ပို့ပေးမှာပါ။

လှူရမယ့် နံပါတ်ကတော့

09782437243 ပါ။ Kpay ကော Waveပါရှိပါတယ်။

ဘဝတစ်ကွေ့မှာ ရေစက်ပါလို့ ဆုံဆည်းကြရတာမို့ တွေ့ခိုက်ကလေး ကုသိုလ်တွေအတူတူလုပ်ပြီး နောင်ဘဝတွေအတွက်ပါ ရေစက်ဆုံကြတာပေါ့။

ဆုံချင်ကြတယ်မလားဟင်။ အားလုံး အတူတူ လုပ်နိုင်တဲ့ဖက်က ကြိုးစားကူညီကြပြီး အကောင်းဆုံးကို မျှော်လင့်ကြရအောင်ပါ။ 

စာအရှည်ကြီးကို ဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ ❤

******====*****====*****====*****

ZAWGYI

ဖိတ္ၾကားခ်က္

    ယန္က်င္း သူၾကားလိုက္ရသည္ကို မယုံၾကည္ႏိုင္စြာ ႐ွဲ႕ခ်ီကို စိုက္ၾကည့္ေနမိသည္။ "အစ္ကို ခုနက ေျပာလိုက္တာ..."

    သူ လုဝမ္ကို လွမ္းၾကည့္မိေတာ့ ျပဳံးျပကာ ေခါင္းၿငိမ့္ျပသည္။ "မင္းအစ္ကို႐ွဲ႕က သေဘာတူလိုက္ၿပီ။"

    ယန္က်င္း၏ အမူရာမွာ ခ်က္ခ်င္းပင္ ေတာက္ပသြားၿပီး မ်က္လုံးထဲ၌ ဝမ္းသာမႈမ်ား ျပည့္သြားသည္။  လုဝမ္ကို ခိုးၾကည့္လိုက္ၿပီး သူျမင္ရေနတုန္းအခ်ိန္တြင္ မ်က္ေတာင္မ်ားကို အသားကုန္ ပုတ္ခတ္ပုတ္ခတ္လုပ္ျပလိုက္သည္။ "သူသေဘာတူတာၾကားလိုက္လား။ ၾကားလိုက္လား။ ၾကားလိုက္လားလို႔။"

    လုဝမ္က မႏိုင္သည့္ဟန္ႏွင့္ ေခါင္းၿငိမ့္​ျပသည္။

    ႐ွဲ႕ခ်ီသည္ သူ႕အက်ႌကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္လုပ္ကာ လက္မွၾကယ္သီးေစ့မ်ားကိုလည္း ေသခ်ာတပ္လိုက္ၿပီး ေလးနက္စြာႏွင့္ ယန္က်င္းဆီသို႔ လက္ဆန္႔ေပးလိုက္သည္။ "ဒီေလာက္ဆို ပိုၿပီး ယုံခ်င္စရာေကာင္းၿပီလား။"

    ယန္က်င္းသည္ ထိုအလြန္လွပသည့္လက္မ်ားကို အၾကာႀကီး ၾကည့္လိုက္ၿပီးမွ သေဘာေပါက္သည္။ သူ႕ႏွာေခါင္းထိပ္ နည္းနည္းေလး စူး႐ွ႐ွျဖစ္လာၿပီး ႐ွဲ႕ခ်ီက ေနာင္တရမည္စိုးသည့္အလားအျမန္ပင္ ႐ွဲ႕ခ်ီႏွင့္ လက္ဆြဲႏႈတ္ဆက္လိုက္သည္။

    ႐ွဲ႕ခ်ီလည္း မႏိုင္သည့္ဟန္ႏွင့္ ရယ္ျပန္သည္။

    တိုေတာင္းသည့္သုံးမိနစ္တာ ကုန္လြန္သြားၿပီးေနာက္ ယန္က်င္း၏ အျမင္အာ႐ုံသည္လည္း ျပန္၍ မဲေမွာင္သြား​ေတာ့သည္။ သို႔ေသာ္ ထိုျဖဴေဖြး ေႏြးေထြးသည့္လက္မ်ားကိုျဖင့္ သူ မွတ္မိေနေသးသည္။ သူ႕တြင္ အေပါင္းေဖာ္ႏွင့္ အလုပ္ႀကိဳးစားရန္ အားတက္မႈတို႔ ႐ွိေနၿပီျဖစ္သည္။

    "အစ္ကို" ယန္က်င္း ႐ုတ္တရက္ နည္းနည္း ႐ွက္သြားရသည္။ "ကြၽန္ေတာ္ လုပ္စရာ႐ွိတာ အရင္လုပ္ထားဖို႔ သြားလိုက္ဦးမယ္။ မဟုတ္ရင္ အ႐ွက္ကြဲလိမ့္မယ္။ တစ္ခုခုဆိုရင္ App ကေနၿပီးဆက္သြယ္ေနာ္။ ကြၽန္ေတာ္ ခ်က္ခ်င္း လာခဲ့မယ္။"

    သူမျမင္ရေသာ္ျငား App တြင္ အသံထြက္ဖတ္ျပသည့္ စနစ္ပါ႐ွိသည္။ အခ်ိန္နည္းနည္းကုန္ေသာ္ျငား သူလည္း အားေနသည္သာပင္။

    ယန္က်င္း မေစာင့္ႏိုင္ေတာ့။ ႐ွဲ႕ခ်ီႏွင့္ လုဝမ္တို႔ ျပန္မေျဖရေသးခင္တြင္ သူ႕ဖုန္းကို ေကာက္ဆြဲကာ ႐ုံးခန္းထဲမွ ထြက္သြားေတာ့သည္။

    "အလ်င္လိုေနတာပဲ။" ႐ွဲ႕ခ်ီ လုဝမ္ကို ၾကည့္ကာ ​ေျခခ်ိတ္ရင္း ျပန္ထိုင္ေနလိုက္သည္။ သူ႕ထိုင္ခုံအား လုဝမ္ေ႐ွ႕သို႔ ေ႐ႊ႕ကာ လက္မ်ားကိုယွက္ကိုင္ထားရင္း ပ်င္းရိစြာေျပာလိုက္သည္။ "ငါမင္းကို ေမးခြန္းတစ္ခုေမးမယ္။ အဆင္မေျပရင္ ေျဖစရာမလိုဘူး။"

    လုဝမ္က အေတာ္ၾကာ အံ့အားသင့္ေနၿပီးမွ ျပန္ေမးသည္။ "ငါ့ မ်က္ႏွာလား။"

    ႐ွဲ႕ခ်ီက အမွန္တိုင္းပင္ ေျဖသည္။ "ဟုတ္တယ္။ ငါတို႔က တစ္ကမ႓ာထဲကေနလာေပမယ့္ မင္းက ေသခ်ာေပါက္ လူမဟုတ္ဘူး။ အဲ့ဒါေၾကာင့္ ငါသိခ်င္ေနတာ။"

    ႐ွဲ႕ခ်ီသည္ သူ႕မ်က္လုံးမ်ားကို ေအာက္စိုက္ကာ သူ႕လက္သူျပန္ၾကည့္ေနသည္။ ဘယ္ကမ႓ာမွာ သူေနေနၿပီး သူမသိတာ ဘာေတြ႐ွိေနလဲ။

    လုဝမ္သည္ ခဏတာတိတ္ေနၿပီးမွ တက္တက္ႂကြႂကြျပန္ေျဖသည္။ "တကယ္ေတာ့ ဘာမွလည္း ဖုံးထားစရာမ႐ွိပါဘူး။ ငါက တကယ္ လူစင္စစ္ေတာ့မဟုတ္ဘူး။"

    ႐ွဲ႕ခ်ီ အံ့ဩသြားသည္။

    လုဝမ္က ႐ွင္းျပသည္။ "ငါ့အိမ္က ပင္လယ္နဲ႔နီးတယ္ေလ။ ေျပာရရင္ ​ေျခလွမ္းတစ္ရာေလာက္ေလွ်ာက္လိုက္တာနဲ႔ ပင္လယ္ျပာႀကီးကို ျမင္ရၿပီ။ ငါတို႔ဘက္မွာ လူႀကီးေတြက မိန္းကေလးေတြကို အဝတ္စားမပါဘဲ ပင္လယ္ထဲမဆင္းဖို႔မွာၾကတယ္။ မဟုတ္ရင္ ပင္လယ္ထဲက ဘာမဆိုလိင္စိတ္ႂကြတတ္တဲ့ ငါးလူသားေတြက ေစာ္ကားတာကိုခံရလိမ့္မယ္ဆိုၿပီးေပါ့။ "

    ႐ွဲ႕ခ်ီကေမးသည္။ "ငါးလူသားလို သတၱဝါေတြ ႐ွိတယ္ဆိုတာ ေသခ်ာလို႔လား။"

    လုဝမ္က ေခါင္းၿငိမ့္ကာ ရယ္ျပသည္။ "မဟုတ္ရင္ ဒီေၾကးခြံေတြ ငါက ဘယ္ကရမွာလဲ။"

    တက္ႂကြေသာ ယန္က်င္းႏွင့္ ႐ွဲ႕ခ်ီ၏ အညီအမွ် ဆက္ဆံတတ္သည့္ စ႐ိုက္တို႔ေၾကာင့္ သူ႕မ်က္ႏွာေပၚ႐ွိ အ႐ုပ္ဆိုးဆိုးေၾကးခြံမ်ားကို ဂ႐ုမစိုက္ေတာ့သည္မွာ အေတာ္ၾကာခဲ့ၿပီျဖစ္သည္။ ႐ွဲ႕ခ်ီကို အကုန္ ဖြင့္ေျပာျပ၍ရသည္ဟုလည္း ခံစားရေလသည္။

    ႐ွဲ႕ခ်ီလည္း အျမန္ပင္ လက္ခံလိုက္သည္။ ေလာကတြင္ သူမျမင္ဖူး မၾကာဖူးသည့္အရာမ်ား႐ွိေသာ္လည္း ထိုသည္တို႔က မ႐ွိၾကသည္မဟုတ္ေပ။ သူတို႔အေၾကာင္း သိႏိုင္သည့္ အခြင့္အေရးမ႐ွိခဲ့ျခင္းသာျဖစ္သည္။

    လုဝမ္က ဆက္ေျပာသည္။"ဒ႑ာရီထဲ ေျပာၾကတာကေတာ့ လြန္ခဲ့တဲ့ႏွစ္ရာေပါင္းမ်ားစြာက ကုန္းေပၚကလူေတြက ပင္လယ္ထဲက ငါးလူသားေတြကို နတ္ဘုရားေတြလို႔ထင္ၿပီး သူတို႔ကို ကာကြယ္ေပးဖို႔ရာဆိုၿပီး အပ်ိဳစင္ေတြကို ပင္လယ္ထဲ ပစ္ခ်ၿပီး ဆက္သၾကတယ္တဲ့။"

    ႐ွဲ႕ခ်ီက ေမးသည္။ "ငါးလူသားေတြက ဘာနဲ႔တူလဲ။"

    "ဘယ္သူမွေတာ့ မျမင္ဖူးၾကေပမယ့္ သူတို႔ေတြက တကယ္႐ွိတယ္။ ငါ့အိမ္နားမွာ ​ေ႐ွးႏွစ္ေပါင္းရာခ်ီေလာက္က လူေတြထားခဲ့တဲ့ မွတ္တမ္းေတြ႐ွိတယ္။ တစ္ေယာက္က ငါးလူသားေတြရဲ႕ ပုံစံကို ဆြဲထားေပမယ့္ ဟုတ္လားမဟုတ္လား​ေတာ့ ငါလည္း မသိဘူး။ ပုံထဲမွာေတာ့ ႐ုပ္အေတာ္ဆိုးၾကတယ္။ ငါးႏႈတ္ခမ္းေတြ၊ မ်က္လုံးျပာေတြ၊ ႏွာေခါင္းေပါက္ေသးေသးနဲ႔ တစ္ကိုယ္လုံး ေၾကးခြံေတြကာထားတဲ့အျပင္ အႀကီးႀကီး ေပၚေနတာက..."

    လုဝမ္ ေခ်ာင္းႏွစ္ခ်က္ဟန္႔လိုက္သည္။ "ငါ ေျပာခ်င္တာဘာလဲ မင္းသိပါတယ္။"

    "အင္း" ႐ွဲ႕ခ်ီ အေနရခက္ၿပီး စကားလမ္းေၾကာင္း လႊဲလိုက္သည္။ "ငါးလူသားေတြကို ဆက္သလိုက္တယ္ဆိုတဲ့ ေကာင္မေလးေတြကေကာ။"

    "ငါးလူသားေတြနဲ႔ ေတြ႕သြားတဲ့လူေတြက အသက္႐ွင္ၿပီး မေတြ႕ၾကတဲ့လူေတြက ေရနစ္သြားၾကတာလား။"

    "ဟုတ္တယ္။ ငါးလူသားေတြ ကယ္တာခံလိုက္ရရင္ သူတို႔ 'စား' တာကို ခံၾကရတာေပါ့။" လုဝမ္က ေျပာသည္။ "တစ္ခ်ိဳ႕ေတြက ကိုယ္ဝန္ရလာၾကတယ္။ ဖ်က္ခ်လို႔လည္းမရေတာ့ အဲ့ကေလးေတြကို ေမြးၾကရတာေပါ့။"

    ႐ွဲ႕ခ်ီသည္ လုဝမ္ မ်က္ႏွာေပၚမွ ေၾကးခြံမ်ားကို ၾကည့္ကာ နားလည္လိုက္သည္။ လုဝမ္သည္ ႐ွဲ႕ခ်ီက လိုအပ္၍ေျပာေနသည္ကို သိေသာေၾကာင့္ အေနရမခက္ေပ။ သူ႕ကုတ္အက်ႌကို ခြၽတ္လိုက္ၿပီး ႐ွဲ႕ခ်ီအား ေၾကးခြံအျပည့္ႏွင့္ သူ႕ေက်ာျပင္က္ိဳ ျပလိုက္သည္။

    ႐ွဲ႕ခ်ီသည္ ထိုေၾကးခြံမ်ားကိုၾကည့္ကာ ေမးလိုက္သည္။ "မင္း အေမက..."

    လုဝမ္က အလြန္တည္ၿငိမ္ေနကာ ျပဳံး​ျပသည္။ "မင္းထင္သလိုမဟုတ္ဘူး။ ငါ့အေမက ပင္လယ္ထဲပစ္ခ်ခံရတဲ့ အပ်ိဳစင္မဟုတ္ဘူး။ ငါ့အေမ ငယ္ငယ္တုန္းက အရမ္း တက္ႂကြတယ္ေလ။ သူ႕ဟာသူ ​ေလွေလွာ္ၿပီး ပင္လယ္ထဲထြက္ရတာကို ႀကိဳက္တယ္။ တစ္ေန႔ သူ မုန္တိုင္းနဲ႔ၾကဳံၿပီး ​ေလွေမွာက္ပါေလေရာ။ ငါ့အေမေသခါနီးျဖစ္ေနတာကို ငါးလူသားတစ္ေယာက္က ကယ္လိုက္တာ။ ကုန္းေပၚျပန္လာေတာ့ ငါ့ကိုလြယ္ထားရၿပီ။"

    "အဲ့ဒါဆို ငါးလူသားက ဘယ္လိုပုံလဲ သူမမွတ္မိဘူးေပါ့။" ႐ွဲ႕ခ်ီက ေမးသည္။

    "သူ မမွတ္မိဘူး။" လုဝမ္က ျပဳံးလိုက္သည္။ "အဲ့ဒါနဲ႔လည္း သူခ်စ္မိသြားတာကို တားမရပါဘူး။ အႏွစ္ ၂၀ လုံးလုံး သူ႕ကို ကယ္ခဲ့တဲ့ ငါးလူသားနဲ႔ ျပန္ေတြ႕ရမယ္လို႔ ထင္ေနတာ။"

    လုဝမ္၏ ေကာင္းသည့္စိတ္ထားႏွင့္ ႐ိုးသားေျဖာင့္မတ္သည့္ စ႐ိုက္က ဘယ္ကလာသည္ကို ႐ွဲ႕ခ်ီ ႐ုတ္တရက္ သေဘာေပါက္သြားသည္။

    "အဲ့ဒီေတာ့ မင္းက ငါးလူသားနဲ႔ လူသားတို႔ ေသြးေႏွာေပါ့။"

    လုဝမ္က ျပန္ေျဖသည္။ "ဟုတ္တယ္။ ငါေမြးလာတုန္းက လူသားကေလးေလးအတိုင္းပဲ ေမြးလာတာ။ ႀကီးလာေတာ့မွ ငါ့ကိုယ္ေပၚမွာ ေၾကးခြံေတြေပၚလာတာ။ ပင္လယ္နဲ႔နီးေလေလ ေၾကးခြံေတြ ပိုပိုၿပီး ေပၚလာေလေလပဲ။ တစ္ကိုယ္လုံး ေၾကးခြံေတြမေပၚလာဖို႔နဲ႔ ေရနဲ႔ မလြတ္ကင္းႏိုင္မွာဆိုးတာနဲ႔ ပင္လယ္နဲ႔ ေဝးတဲ့ ၿမိဳ႕မွာ ငါ သြားေနတာ။"

    "လူနဲ႔ ငါးလူသားက ရတဲ့ကေလး ျဖစ္လာႏိုင္တာ ႏွစ္မ်ိဳး႐ွိတယ္။ တစ္မ်ိဳးက ပင္လယ္ရဲ႕ လႊမ္းမိုးတာကို ခံရတာ။ တစ္ကိုယ္လုံး ေၾကးခြံေတြေပၚလာၿပီး ေရထဲက ထြက္မရေတာ့ဘူး။ တစ္ေန႔က်ရင္ ပင္လယ္ထဲခုန္ဆင္းၿပီး ျပန္ေပၚမလာၾကေတာ့ဘူး။ ေနာက္တစ္မ်ိဳးက ပင္လယ္နဲ႔ ေဝးေဝးေနၿပီး လူပုံစံကို မနည္းထိန္းရတာေပါ့ကြာ။"

    ႐ွဲ႕ခ်ီ အံ့ဩကာေခါင္း​ၿငိမ့္ျပလိုက္ၿပီး စိတ္ထဲသိပ္မေကာင္းျဖစ္သြားရသည္။ထို႔ေနာက္ သူေမးလိုက္သည္။ "မ်ိဳး႐ိုးေသြး ႏိုးထေစတယ္ဆိုတာကေကာ။"

    "ငါးလူသားရဲ႕ မ်ိဳး႐ိုးေသြးက ႏိုးထဖို႔ အရမ္းခက္တယ္။ ႏိုးလာခဲ့ရင္ မ်က္ႏွာေပၚက ေၾကးခြံေတြေပ်ာက္သြားၾကၿပီး လိုရင္ေတာ့ ဗိုက္ကို ကာကြယ္ဖို႔တို႔ ထြက္လာၾကတယ္။ ပုံမွန္ေတာ့ ျပႆနာမ႐ွိၾကဘူး။ အဲ့ဒါေၾကာင့္လည္း ငါဒီကို ေရာက္လာတာ။ ငါ ပင္လယ္ရဲ႕ လႊမ္းမိုးတာကို ခံရၿပီး ငါးလူသားျဖစ္လာရမယ့္ဘက္ကို မသြားခ်င္ဘူး။ ငါ့လူသားပုံစံကို ထိန္းထားခ်င္လို႔ ငါးလူသား မ်ိဳး႐ိုးေသြးကို ႏိုးေအာင္လုပ္ၿပီး သာမန္လူအတိုင္း ေနခ်င္တယ္။"

    ႐ွဲ႕ခ်ီ ေခါင္းၿငိမ့္ျပသည္။ "ဒီေလာက္ ထူးဆန္းတာ ႐ွိေနတာ။ ဘာလို႔ သိတဲ့လူေတြေကာ မီဒီယာကျပတာေတြေကာ မ႐ွိရတာလဲ။"

    "ငါလည္းမသိဘူး။ ထူးဆန္းတဲ့ အင္အားစုတစ္ခုက ႀကိဳးကိုင္ထားတာေနမယ္။"

    လုဝမ္ေျပာလိုက္ၿပီးမွ ဘယ္ေလာက္စိတ္ကူးယဥ္ဆန္စြာ ေျပာလိုက္မိသည္ကို သေဘာေပါက္ၿပီး ႐ွက္သြားရသည္။

    ႐ွဲ႕ခ်ီက ေျပာသည္။ "အဲ့လိုသာဆို ငါတို႔ ကမ႓ာမွာ ဖုံးကြယ္ထားတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြကို အမ်ားႀကီးပဲ။"

    လုဝမ္က ေထာက္ခံသည့္အလား ေခါင္း​ၿငိမ့္သည္။

    ဖုန္းက ႐ုတ္တရက္ျမည္လာသည္။ ႐ွဲ႕ခ်ီ ငုံ႔ၾကည့္လိုက္ေသာအခါ ယန္က်င္းက သူ႕ကို ႐ွာေနသည္ကို ေတြ႕လိုက္ရသည္။ မတ္တပ္ထကာ အားနာသည့္ဟန္ႏွင့္ ေျပာလိုက္သည္။ "ငါ အခုသြားရေတာ့မယ္။ "

    လုဝမ္က "ေကာင္းၿပီေလ" ဟု ေျပာလိုက္သည္။

    ႐ွဲ႕ခ်ီက ဖုန္းကို အိတ္ကပ္ထဲျပန္ထည့္လိုက္ၿပီး ႐ုံးခန္းတံခါးဆီသို႔ သြားလိုက္သည္။ တံခါးနားသို႔ေရာက္ေသာအခါ ႐ုတ္တရက္ ရပ္သြားသည္။ ထို႔ေနာက္ ေနာက္သို႔လွည့္ကာ တံခါးကို မွီထားလိုက္သည္။ "တကယ္ေတာ့ ငါလည္း ကေလးတုန္းက ေျခာက္ျခားစရာ ပန္းခ်ီကားေတြဆြဲတဲ့လူ ျဖစ္လာလိမ့္မယ္လို႔ မထင္ခဲ့ဘူး။ "

    ႐ွဲ႕ခ်ီ၏ အသံကတိုးညႇင္းကာ ေခါင္းကို ငုံ႔ထားသည္။

    လုဝမ္ အံ့ဩသြားရသည္။ "မင္း ဘာေျပာခ်င္တာလဲ။"

    ႐ွဲ႕ခ်ီ ေခါင္းေမာ့လိုက္သည္။ "ငါ့မိဘေတြက သိပၸံပညာ႐ွင္ျဖစ္လာရမယ္လို႔ သတ္မွတ္ခဲ့ၾကေတာ့ အဲ့ဒါျဖစ္လာမယ္ပဲ ထင္ခဲ့တာ။ ဘာလို႔လဲဆို ကေလးတုန္းက ငါကိုယ္တိုင္လည္း သိပၸံပညာကို အရမ္းစိတ္ဝင္စားခဲ့တာကိုး။ အဲ့ဒီေနာက္ တစ္ညမွာ ငါ ေသခ်ာမမွတ္မိေတာ့တဲ့ အိပ္မက္တစ္ခုကို မက္ခဲ့တယ္။"

    "ႏိုးလာတာနဲ႔ ငါဟာ ေျခာက္ျခားစရာ ပန္းခ်ီကားေတြကို ဆြဲတဲ့ ပန္းခ်ီဆရာျဖစ္လာမယ္ဆိုတာ အရမ္းကို ေသခ်ာသြားခဲ့တာ။"

    လုဝမ္ အံ့ဩသြားသည္။ "အဲ့ဒါ ဘယ္လိုျဖစ္ႏိုင္မွာလဲ။"

    ႐ွဲ႕ခ်ီ ေခါင္းရမ္း​ျပသည္။ "ငါလည္းမသိဘူး။ ငါ စိတ္ဝင္စားခဲ့တာေတြ ခ်က္ခ်င္းႀကီး အကုန္ေပ်ာက္သြားၿပီး ပန္းခ်ီဆရာကလြဲ တစ္ျခားျဖစ္လာႏိုင္တာကို မ႐ွိေတာ့ဘူး။ "

    လုဝမ္ ဆြံ႕အသြားရသည္။

    "အဲ့ဒီအခ်ိန္တုန္းက ႀကီးလာရင္ ငါ ဘာလုပ္မယ္ဆိုတာမ်ိဳးက အဲ့ေလာက္ အေရးတႀကီးမစဥ္းစားေသးတဲ့အခ်ိန္ဆိုေတာ့ ဘာလို႔လဲဆိုတာကို ငါမေတြးခဲ့မိဘူး။

    ႐ွဲ႕ခ်ီသည္ လုဝမ္၏ အေၾကာင္းကို နားေထာင္ေနရင္း သူ႕အတိတ္ကို ႐ုတ္တရက္ ျပန္ေတြးမိသြားသည္။ လုဝမ္လည္း အလြန္ စိတ္ထဲ႐ႈပ္ေထြးသြားရသည္။

    ႐ွဲ႕ခ်ီက ဆက္ေျပာသည္။ "တစ္ခါတစ္ေလက် ငါ အိပ္မက္မက္ၿပီး အသံခပ္တိုးတိုးေတြ ၾကားရတယ္။ ငါပဲ စိတ္ထင္ေနတာလား ဘာလားေတာ့မသိဘူးေပါ့။"

    "ငါ့ပန္းခ်ီကား အမ်ားစုက ငါ အိပ္မက္မက္ရာကေန စိတ္ကူးရေပမယ့္ ငါကိုယ္တိုင္ေတာင္ အဲ့ဒါဘာေတြလဲ မသိဘူး။ ပုံစံက မသိသာလြန္းေတာ့ ေဖာ္ျပလို႔မရဘူး။"

    လုဝမ္ အလြန္ပင္ အံ့အားသင့္သြားပုံေပၚသည္။

    ႐ွဲ႕ခ်ီသည္ သူ သဘာဝလြန္အေၾကာင္းရာမ်ားကို လိုအပ္ေသာေၾကာင့္ သဘာဝလြန္ျဖစ္ရပ္မ်ားကို စုံစမ္းခဲ့ၿပီး ထိုအရာေၾကာင့္ပင္ ေန႔ေရာညပါ ေတြးမိေနျခင္းျဖစ္သည္ဟု ထင္ခဲ့သည္။ အခုမွသာ ကိစၥမ်ားသည္ သူထင္ထားသည္ထက္ပင္ ပို၍ ႐ႈပ္ေထြးေနႏိုင္ေၾကာင္း သိလိုက္ရသည္။

    လုဝမ္လည္း သံသယ႐ွိေနသည္။ "အဲ့ဒါက..."

    ႐ွဲ႕ခ်ီ အသာျပဳံးျပလိုက္သည္။ "ဘာလို႔လဲဆိုတာကို ေနာက္က် ငါတို႔ သိလာႏိုင္ေပမယ့္ အခုေတာ့ မဟုတ္ေသးဘူး။"

    လုဝမ္ နည္းနည္းဝမ္းနည္းသြားရၿပီး ႐ွဲ႕ခ်ီက ျပဳံးျပလာျပန္သည္။ "မင္း အသက္႐ွင္ေနေသးတယ္ဆိုရင္ေပါ့။"

    လုဝမ္ "......"

    **************

    ႐ွဲ႕ခ်ီ လုဝမ္၏ ႐ုံးခန္းမွ ထြက္လာၿပီးေနာက္ App မွ တစ္ဆင့္ သူ၏ ႐ုံးခန္းထဲသို႔ ျပန္လာလိုက္သည္။ လုဝမ္၏ ႐ုံးခန္းႏွင့္ တစ္ပုံစံတည္းပင္။

    ႐ွဲ႕ခ်ီက ယန္က်င္းကို ဖိတ္ေခၚလိုက္ၿပီး ယန္က်င္းသည္ သူ႕ဖုန္းကို ကိုင္ထားရင္ အင္မတန္စိတ္လႈပ္႐ွားေနဟန္ျဖင့္ တံခါးဖြင့္ ဝင္လာသည္။

    "အစ္ကိုေရ၊ ရသစုံ ႐ိႈးပြဲတစ္ခုက အစ္ကို႔ကို ဖိတ္စာပို႔လိုက္တယ္။"

    "ရသစုံ ႐ိႈးဟုတ္လား။" App တြင္ ​ေျခာက္ျခားစရာ ဇာ​တ္ကားမ်ားအျပင္ ရသစုံ ႐ိႈးမ်ားပါ ႐ွိေနလိမ့္မည္ဟု ႐ွဲ႕ခ်ီမထင္ခဲ့ေပ။

    ယန္က်င္းသည္ ထိုင္ခုံကိုဆြဲကာ ႐ွဲ႕ခ်ီႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္လိုက္ၿပီး သူ႕ဖုန္းကို ထိုးေပးလိုက္သည္။ ထိုေပၚတြင္ ဖိတ္စာတစ္ေစာင္႐ွိေနသည္။

    [မဂၤလာပါ သစ္ထြန္းဖူးေပါက္စ အရည္အခ်င္းမ်ား စာရင္း နံပါတ္ ေျခာက္ ႐ွဲ႕ခ်ီ။ ၿပိဳင္ပြဲပုံစံ ေျခာက္ျခားစရာ ရသစုံ႐ိႈးပြဲတစ္ခုျဖစ္သည့္ ေျခာက္ျခားဖြယ္ရာ အစုံအလင္မွ ဖိတ္ၾကားခ်က္ျဖစ္သည္။ ကြၽႏ္ုပ္တို႔ အစီအစဥ္မွာ ပါဝင္ဖို႔ရာ ေလးစားစြာနဲ႔ ဖိတ္ေခၚလိုက္ပါတယ္။ သင္ စိတ္မပ်က္ေစရပါဘူး။ လုပ္ကြက္ေတြအလြန္ပဲ ျမင့္မားၿပီး သင့္ Follower ေတြ တိုးေစႏိုင္မယ့္ အခြင့္အေရးေကာင္းတစ္ခုပဲ ျဖစ္ပါတယ္။ ]

    ေျခာက္ျခားဖြယ္ရာ အစုံအလင္? အစုံအလင္? ေဖ်ာ္ေျဖေရး အစီအစဥ္မ်ားျဖစ္သည့္ သီခ်င္း အစုံအလင္၊အကအစုံအလင္ ဟူသည္မ်ားကို ႐ွဲ႕ခ်ီ စဥ္းစားမိလိုက္သည္။ ပရိသတ္မ်ားကို ေဖ်ာ္ေျဖေပးရန္အတြက္ သီခ်င္းႏွင့္ အကမ်ိဳးစုံကို  ေရာသမေမႊထားျခင္းျဖစ္သည္။ ​ေျခာက္ျခားဖြယ္ရာ အစုံအလင္ဆိုသည့္ နာမည္အတိုင္း ေျခာက္ျခားစရာ အေၾကာင္းအရာ မ်ိဳးစုံကို စုစည္းထားျခင္းျဖစ္ေပလိမ့္မည္။

    ယန္က်င္းက ေျပာျပသည္။ " အစ္ကိုနဲ႔ စၿပီးခ်ိတ္ဆက္ဖို႔ လိုတာေတြအပ္ၿပီးတာနဲ႔ ကြၽန္ေတာ္႕ဆီ ဒီစာဝင္လာတာပဲ။ ဘာျဖစ္တာလဲ ကြၽန္ေတာ္မသိေတာ့ ေတြ႕တဲ့ ေအးဂ်င့္ႏွစ္ေယာက္ကို ကြၽန္ေတာ္ သြားေမးလိုက္တယ္။သူတို႔ကေတာ့ ကြၽန္ေတာ္တို႔ ကံေကာင္းတယ္လို႔ ေျပာတာပဲ။ ဒီေန႔ ဂ်ဴလိုင္ ၃၀ ရက္ေန႔မလား။ ဒီပြဲက ႏွစ္လတစ္ခါ ႐ွိၿပီး မနက္ျဖန္ ေနာက္ဆုံးပဲတဲ့။ ၿပီးရင္ ေနာက္လ ၃ ရက္ေန႔ကစၿပီး ႐ိုက္ကူးေရးစမွာတဲ့။ ကြၽန္ေတာ္တို႔ အခ်ိန္မီေလးပဲ။"

    ႐ွဲ႕ခ်ီက နားေထာင္ရင္း ေခါင္းၿငိမ့္ျပသည္။ ထို႔​ေနက္ ေမးလိုက္သည္။ "သစ္ထြန္း ဖူးေပါက္စ အရည္အခ်င္းမ်ားစာရင္းမွာ နံပါတ္ ၆ ရေတာ့ ဘာျဖစ္တုန္း။"

    ယန္က်င္းသည္ သူႏွင့္အတူယူလာသည့္ ဖိုင္တြဲအျပာထဲမွ စကၠဴစတစ္ခုကို ဆြဲထုတ္ၿပီး ႐ွဲ႕ခ်ီကို ေပးလိုက္သည္။ "ဒါက ေအးဂ်င့္ေတြရတဲ့ ေနာက္ခံအေၾကာင္းပဲ။ စာရင္းဆိုတာက လြန္ခဲ့တဲ့ ႏွစ္လအတြင္း တက္သစ္စသ႐ုပ္ေဆာင္ေတြရဲ႕ စုစုေပါင္း အမွတ္ကို စီထားတာကိုေျပာတာ။ ကြၽန္ေတာ္ ၾကည့္ၾကည့္ေတာ့ တက္သစ္စေတြခ်ည္းကို အေယာက္ ၂၀,၀၀၀ေလာက္႐ွိေနတာကို ေတြ႕လိုက္ရတယ္။ အစ္ကို ႐ွဲ႕က နံပါတ္ေျခာက္ေနရာမွာ။"

    ႐ွဲ႕ခ်ီသည္ စာ႐ြက္ေပၚ႐ွိအေၾကာင္းအရာမ်ားကို ၾကည့္လိုက္သည္။ စာရင္းထဲ႐ွိ ထပ္ဆုံး ဆယ္ေယာက္၏ နာမည္ကိုသာလွ်င္ ျပထားသည္။ နံပါတ္တစ္ေနရာတြင္႐ွိေနသူမွာ ယိုက်င္ဆိုသူျဖစ္ၿပီး အမွတ္ေပါင္း ၁,၉၈၈ မွတ္ျဖစ္သည္။

    ဒုတိယေနရာ႐ွိ ယြမ့္ဇ်ဲမွာ ၁,၄၄၃ မွတ္ ျဖစ္သည္။

    ႐ွဲ႕ခ်ီ နည္းနည္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။ အမွတ္က အဲ့ေလာက္ေတာင္ ကြာသည္လား။ အမွတ္ေပါင္း ငါးရာေလာက္ေတာင္ ကြာေနသည္။

    ေနာက္အမွတ္ေတြကေတာ့ အဲ့ေလာက္မကြာေပ။

    ယန္က်င္းသည္ အၿငိမ္မေနႏိုင္ဘဲ စိတ္လႈပ္႐ွားစြာ ကဆုန္ေပါက္ေနသည္။ "အစ္ကို႐ွဲ႕၊ အစ္ကို႐ွဲ႕ အစ္ကိုက နံပါတ္​ေျခာက္ေနရာမွာ ျမင္လားဟင္။ အရင္ႏွစ္လအတြက္ ဒါကေနာက္ဆုံးပဲ။ အစ္ကိုက ဂ်ဴလိုင္လထဲမွ App ဆီေရာက္လာတာမလား။ စာရင္းထဲက အတြက္အခ်က္ေတြက ဂြၽန္လအစကေန ဂ်ဴလိုက္ အဆုံးထိပဲ။ ယိုက်င္နဲ႔ ယြမ့္ဇ်ဲလိုမ်ိဳး အစ္ကိုေ႐ွ႕က လူေတြ အမ်ားႀကီးက App ထဲကို ေရာက္လာတာ ႏွစ္လေလာက္႐ွိေနၿပီ။ အစ္ကိုက ေရာက္တာျဖင့္ တစ္လေတာင္မျပည့္ေသးတာကို ထိပ္ဆုံး ဆယ္ေယာက္ထဲ ဝင္ႏိုင္ေနၿပီ။ သူတို႔ထက္ တကယ္မဆိုးဘူးသိလား။ သူတို႔ထက္ေတာင္ အမ်ားႀကီး ပိုသာရင္သာေနဦးမွာ။"

    "ဟုတ္တယ္။ ဒါနဲ႔ေလ အစ္ကိုလုဝမ္က အမွတ္ ၈၀၀ ေက်ာ္နဲ႔ နံပါတ္ ၁၀ ေနရာမွာဗ်။ သူက ဒီေရာက္တာ ႏွစ္လမျပည့္ခင္ သုံးေလးရက္ အလိုဆိုေတာ့ ကပ္တိုးေလးမီလိုက္တာပဲ။" ယန္က်င္းက နံပါတ္ ၁၀ ေနရာတြင္ ႐ွိေနသည့္ လုဝမ္ကို လက္ညိႇဳးထိုးျပသည္။

    ယန္က်င္းသည္ အရင္ကထက္ ပို၍ အားကိုးလာရၿပိီး ႐ွဲ႕ခ်ီ အျမန္ပင္ အေျခအေနကို သေဘာေပါက္သြားသည္။

    ေျခာက္ျခားဖြယ္ရာ အစုံအလင္ဆိုသည္မွာ သစ္ထြန္း ဖူးေပါက္စ အရည္အခ်င္း႐ွိသည့္ သ႐ုပ္ေဆာင္မ်ား ယွဥ္ၿပိဳင္ၾကသည့္ ေျခာက္ျခားစရာ ရသစုံ ႐ိႈးျဖစ္သည္။ ဝင္ၿပိဳင္ၾကသူမ်ားမွာ ႏွစ္လအတြင္း App ႏွင့္ ခ်ိတ္ဆက္ထားသည့္ ထိပ္ဆုံး သ႐ုပ္ေဆာင္ ဆယ္ေယာက္ျဖစ္သည္။ ပါဝင္ျခင္းက ဆႏၵအေလ်ာက္သာျဖစ္သည္။ အဖိတ္ၾကားခံရစဥ္ သ႐ုပ္​ေဆာင္မွာ အျခားဇာတ္ကားမ်ား႐ိုက္ေနရၿပီး အခ်ိန္ဇယားကိုလည္း မေ႐ႊ႕ႏိုင္ပါက မပါဝင္၍ရသည္။

    ေျခာက္ျခားဖြယ္ရာ အစုံအလင္သည္ သ႐ုပ္ေဆာင္မ်ားက ေျခာက္ျခားစရာ ေနရာတစ္ခုသို႔ သြားကာ သရဲပုံ​ျပင္မ်ားကို ရင္ဆိုင္ရၿပီး မည္သူက အျမန္ဆုံး ႐ွင္းႏိုင္ၿပီး မည္သူက အမ်ားဆုံး ႐ွင္းႏိုင္သည္ကို ယွဥ္ၿပိဳင္ရျခင္းျဖစ္သည္။

    ဝါရင့္ သ႐ုပ္ေဆာင္မ်ားက ဧည့္သည္မ်ားအျဖစ္လာၾကမည္ျဖစ္ၿပီး ပရိသတ္မ်ားလည္း ႐ွိသည္။ ရသံစုံ ႐ိႈးတစ္ခုလုံးကို တိုက္႐ိုက္ ထုတ္လႊင့္ျပသမည္ျဖစ္သည္။ ေနာက္ဆုံး အကဲျဖတ္မႈတြင္ ပရိသတ္မ်ား၏ မဲက ၂၀%၊ ဧည့္သည္မ်ား၏ ေ႐ြးခ်ယ္မႈက ၃၀% ႏွင့္ ကိုယ္ပိုင္ စြမ္းေဆာင္ရည္အတြက္ ၅၀% ေပးမည္ျဖစ္သည္။

    ပထမဆုက အမွတ္ ၃၀၀၊ ဒုတိယဆုက အမွတ္ ၂၀၀ႏွင့္ တတိယဆုက အမွတ္ ၁၀၀ ျဖစ္သည္။

    ေပးမွတ္မ်ားက နည္းေသာ္လည္း ရသံစုံ႐ိႈးမ်ား၏ နာမည္ႀကီးမႈေၾကာင့္ Fan အေရအတြက္မွာ အလြန္မ်ားသည္။ အကယ္၍ သ႐ုပ္ေဆာင္တစ္ေယာက္သာ ေကာင္းေကာင္းစြမ္းေဆာင္ႏိုင္ခဲ့ပါက Fan အေရအတြက္ႏွင့္ ဆုကိုေပါင္းကာ အမွတ္မ်ားစြာကို ရ႐ွိႏိုင္မည္ျဖစ္သည္။

   အေရးအႀကီးဆုံးမွာ ႐ိႈးသည္ သုံးရက္သာ ၾကာျခင္းပင္။ ဤသည္က ဇာတ္ကား႐ိုက္ရျခင္းထက္ ပို၍ ထိေရာ​က္ကာ သက္သာသည္။

   ယန္က်င္းက အားရတက္ႂကြစြာေမးသည္။ "အစ္​ကို၊ သြားမွာလား။"

႐ွဲ႕ခ်ီ ျပဳံးျပလိုက္သည္။ "သြားမယ္။"

                    *****=====*****

အားလုံး အသင့္သာျပင္ထားၾကပါေတာ့ XD

စကားမစပ္ ေနာက္ပိုင္းေတြအတြက္ အေရးႀကီးတဲ့ ဇာတ္ေကာင္နာမည္ေတြ ဒီအပိုင္းမွာ ထြက္လာၿပီေနာ္။ တစ္ေယာက္ကဆို အရင္အပိုင္းေတြကတည္းကပါတာ။

ယူတို႔ လြတ္သြားၾကတယ္မလား xD
စတာ စတာ...

************=========************

ကဲ... ေနာက္ေျပာင္တာေလး ခဏရပ္ၿပီး ကိုယ္ေျပာတာကို နားေထာင္ေပးၾကပါဦးေနာ္။

အားလုံးလည္း အခု Oxygen အတြက္ အရမ္းကို ႐ုန္းကန္ေနရၿပီး အခ်ိန္မမီလို႔ ဆုံးပါးသြားၾကရတဲ့ စိတ္မေကာင္းစရာ သတင္းေတြကို ေတြ႕ၾကမွာပဲ။ ပုံမွန္ဆို ကိုယ္တို႔ေတြက လကုန္မွသာ PDF ထုတ္ေပးၿပီး အလႉခံခဲ့ၾကေပမယ့္ ဒီတစ္ေခါက္က ေလာေလာလတ္လတ္ကို လိုအပ္ေနၾကတဲ့ သူေတြ႐ွိတာမို႔ သူတို႔ကို လႉဖို႔ရာ အခုကတည္းက အလႉေငြေကာက္ပါမယ္ေနာ္။ PDF ကိုေတာ့ လကုန္က်ရင္ လႉထားတဲ့သူမွန္သမွ်ကို ပို႔ေပးပါ့မယ္။

အားလုံးလည္း နည္းသည္မ်ားသည္မဟုတ္ဘဲ တတ္အားသေ႐ြ႕ ထည့္ဝင္ကူေပးၾကပါဦး။ လႉၿပီးတာနဲ႔ အလႉစာရင္း႐ွင္းတမ္းလည္း ကြၽန္ေတာ္တို႔ ထုတ္ေပးမွာပါ။ အရင္တစ္ခါက CDM ေတြဆီ တိုက္႐ိုက္ေရာက္မယ့္ တစ္ျခားေနရာကို လႉခိုင္းၿပီး ကြၽန္ေတာ္တို႔ေတြက ပိုက္ဆံမကိုင္ပါဘူး။ ဒီတစ္ေခါက္ကေတာ့ ကြၽန္ေတာ္တို႔ကိုယ္တိုင္ေကာက္ ကိုယ္တိုင္လႉမွာပါ။ အဲ့ဒါေၾကာင့္ အားလုံးလည္း စိတ္ခ်ယုံၾကည္ပါ။ တစ္ျပားတစ္ခ်ပ္ေတာင္မွ ကိုယ္ေတြလက္ထဲမထားတဲ့အျပင္ စိုက္ၿပီးေတာ့ေတာင္ လႉၾကပါေသးတယ္။

PDF ဆိုတာလည္း တကယ္ကို ႀကိဳးစားအားထုတ္ထားၿပီး အားလုံးႀကိဳက္ေလာက္မယ့္ တစ္ပိုင္း​​အ ၿပီးေတြ၊ ဝတၳဳတိုေတြအျပင္ လအလိုက္ အခန္းဆက္ ဝတၳဳ႐ွည္ေတြပါ ပါပါတယ္။ ကြၽန္ေတာ္႕အျပင္ ေနာက္ထပ္ သုံးေယာက္ရဲ႕ လက္ရာေတြကို ဖတ္ရမွာပါ။

အရင္လကဟာေတြ ျပန္လိုခ်င္ရင္ျဖစ္ျဖစ္၊ ဒီလအတြက္ လိုခ်င္တာပဲျဖစ္ျဖစ္ ကြၽန္ေတာ္႕ Wall ထဲက FB acc Link ထဲ ဝင္ၿပီး လႉထားတဲ့ SS ျပကာ Gmail ထားခဲ့ေပး႐ုံနဲ႔ PDF ကို ပို႔ေပးမွာပါ။

လႉရမယ့္ နံပါတ္ကေတာ့

09782437243 ပါ။ Kpay ေကာ Waveပါ႐ွိပါတယ္။

ဘဝတစ္ေကြ႕မွာ ေရစက္ပါလို႔ ဆုံဆည္းၾကရတာမို႔ ေတြ႕ခိုက္ကေလး ကုသိုလ္ေတြအတူတူလုပ္ၿပီး ေနာင္ဘဝေတြအတြက္ပါ ေရစက္ဆုံၾကတာေပါ့။

ဆုံခ်င္ၾကတယ္မလားဟင္။ အားလုံး အတူတူ လုပ္ႏိုင္တဲ့ဖက္က ႀကိဳးစားကူညီၾကၿပီး အေကာင္းဆုံးကို ေမွ်ာ္လင့္ၾကရေအာင္ပါ။

စာအ႐ွည္ႀကီးကို ဖတ္ေပးၾကလို႔ ေက်းဇူးတင္ပါတယ္။ ❤

******====*****====*****====*****

Continue Reading

You'll Also Like

243K 44.8K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.
28.4K 4K 10
Associated Name : Four forty-eight (凌晨四點四十八) Original Authors : Qin Mobei, 秦墨北 Total Chapters : 8 chapters (Completed) {I respectfully give credit to...
108K 22.9K 45
Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) English Translator - TN4L3 Myanmar Transla...
218K 46.1K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!