[Unicode]
သီချင်းရဲ့ နာမည်မှာ Wrong Love[1] ဖြစ်သည်။
အဲ့ဒီနေ့
မင်းငါ့ကို ကျောခိုင်းသွားတဲ့ အဲ့ဒီနေ့
ငါ့ဆီကနေ တဖြည်းဖြည်းဝေးကွာသွားတဲ့ မင်းကို မြင်နေရတယ်
မင်းကသာ ငါ့ရဲ့ စွဲလမ်းမှု
မင်းကသာ ငါ့နှလုံးသားလေးကို တောက်ပအောင် အလင်းပေးနိုင်တဲ့သူ
မင်းရဲ့အချစ်နဲ့ နှလုံးသားကို ဖုန်မှုန့်အဖြစ် ပြောင်းလဲခဲ့မိတဲ့ ငါ မှားခဲ့တယ်
...
ထို့နောက်တွင်တော့ လင်းချင်ပေ့၏ မျက်နှာသည် ပို၍လေးနက်လာလေသည်။ သီချင်းစာသားတွေက သူ၏ နှလုံးသားတစ်ခုလုံးကို ထိုးမွှေးနေသလို ဖြစ်နေ၏။ သီချင်းနောက်ကွယ်မှ လှပသော အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ကို သူခံစားလို့ ရနိုင်နေသည်။ ဒီသီချင်းကို ရေးခဲ့တဲ့ သူဖြစ်ဖြစ် သူမ ဖြစ်ဖြစ်က တကယ်ကို တော်တဲ့လူဆိုတာ ပြောနိုင်သည်။ တေးရေးဆရာရဲ့ သီချင်းက ရာစုနှစ်တစ်စုစာအထိ နားထောင်လို့ကောင်းဦးမယ့် သီချင်းတစ်ပုဒ်ဖြစ်နေမှာပင်။ ပြီးနောက်တွင်တော့ သီချင်းစာရွက်ကို သူ ပြန်ကြည့်လိုက်သည်။
လင်းချင်ပေ့ ကိုယ်တိုင်ကလည်း သီချင်းတွေကို ရေးသားတတ်သောသူ ဖြစ်လေသည်။ တချက်ကြည့်လိုက်ရုံနှင့် နင်မုန့်ရေးသားခဲ့သော သီချင်းက အမှန်တကယ်ကို သေသပ်လှတယ်ဆိုတာ သိနိုင်၏။ သံစဉ်တို့ကို ကြည့်ပြီးနောက် နူးညံ့စွာ စတင်သီဆိုလိုက်သည်။ ကြေမွနေသည့် စာရွက်ကို ကိုင်ထားရင်း အခန်းထဲတွင် လင်းချင်ပေ့သည် ခေါင်းငုံ့ထားရင်း လေ့ကျင့်လို့နေသည်။
"ကျွန်တော်တို့ စလို့ရပြီလား" ၀န်ထမ်းက မေးလိုက်သည်။
"ခနလေး အချိန်ခနလောက်လိုတယ်။ ဒီသီချင်းကို မဖျက်စီးမိအောင် ကျွန်တော် ထပ်လေ့ကျင့်ချင်လို့"
"ကောင်းပါပြီ။ ကျွန်တော်တို့ ဒီအခန်းကို တနေကုန်သုံးလို့ရတယ်"
သီချင်းကို သဘောကျနေသည့် လင်းချင်ပေ့ကိုကြည့်ရင်း အခန်းထဲမှ လူအားလုံး ရယ်သွမ်းလိုက်ကြသည်။
အမှန်တကယ်ကား သီချင်းတစ်ပုဒ်ကို ထုတ်ခါနီး အသံသွင်းသည့် အဆင့်သည် တကယ်ရှုပ်ထွေးလွန်းပြီး ပြဿနာလည်းများသည်။ သို့ပေမယ့်လည်း နင်မုန့်ကတော့ ဘာမှမသိပေ။ ထို့ကြောင့်လည်း တချိန်လုံး ဖုန်းကိုချည်း သုံးနေတာ ဖြစ်လေသည်။
နေ့လည်သို့ ရောက်လာပြီဖြစ်သော်လည်း အသံမသွင်းရသေးပေ။ လူတိုင်းသည် ထိုသီချင်းကို အကောင်းဆုံးထွက်လာစေဖို့ အလုပ်ကြိုးစားနေကြလေသည်။ သို့ပေမယ့်လည်း တစ်ဦးတစ်ယောက်မှ ပင်ပန်းတယ်လို့ မခံစားရေပမယ့် နင်မုန့်ကတော့ မနေနိုင်စွာပဲ သူမဗိုက်ကို ပွတ်လိုက်သည်။
သူမက အခု သူဌေးသမီးဖြစ်နေလေပြီ။ သူမကိုယ် သူမ အပင်ပန်းခံပြီး အပြင်ထွက်၀ယ်စရာ မလိုတော့တာမို့ ဖုန်းထဲမှ delivery applicationကို ဖွင့်လိုက်ပြီး သူမအတွက်အဆင်ပြေနိုင်မည့် အစားအသောက်ကို ရှာလိုက်သည်။ ရုတ်တရက်ပင် သူမတို့ အသံသွင်းစတူဒီယိုနားရှ်ိ ခေါက်ဆွဲဆိုင်ကို မြင်လိုက်ရ၏။ ခရမ်းချဉ်သီး ကြက်ဥခေါက်ဆွဲပုံကို ကြေငြာပုံအဖြစ် ပြသထားလေ၏။
နင်မုန့် သူမ မေးစေ့ကို ပွတ်လိုက်ရင်း မနေ့ညက ကိုယ်တိုင် ချက်ခဲ့သည့် ခေါက်ဆွဲကို သတိရမိသွားသည်။ ဒီနေရာက ဟော်လုပ်ငန်းစု တည်ရှိရာ နေရာဖြစ်ပြီး ဟော်ပေ့ချန်ကလည်း နေ့တိုင်းနီးပါး စီးပွားရေးကိစ္စကြောင့် လာဖြစ်သည်ဟု နင်မုန့်သိထားလေသည်။ တခြားစကားဖြင့် ပြောရမယ်ဆို အခုက သူမတို့နှစ်ယောက်ကြား ဆက်ဆံရေး ဘယ်လောက်တိုးတက်နေပြီလဲဆိုတာ လူတိုင်းကို ချပြဖို့အကောင်းဆုံးအချိန်ပဲ ဖြစ်လေသည်။
သူမ ယောက်ျားက ခရမ်းချဉ်သီးကြက်ဥခေါက်ဆွဲကို ကြိုက်သည်ဆိုတာ သိထားတာမို့ ၂ပွဲမှာလိုက်လေသည်။ မကြာခင်မှာပဲ အစားအစာတွေကို လာပို့လေ၏။ အစားအသောက်ကို ကိုင်ထားရင်းပင် ရှေ့ခုံသို့သွားရင်း ဟော်ပေ့ချန် ရှိသည့်အထပ်ကို မေးလိုက်သည်။
"ဟယ်လို ကြိုတင်ချိန်းဆိုထားသေးလား မသိဘူးရှင့်" ဧည့်ကြိုကောင်တာမှ ယဉ်ကျေးစွာမေးလိုက်သည်။
"ဟင့်အင်း"
"အားနာပါတယ်ရှင့် CEOဟော်က အခု အလုပ်များနေတာမို့ ရှင့်ကို တွေ့ဖို့ အဆင်မပြေနိုင်လောက်ပါဘူး"
"ကျွန်မက သူ့မိန်းမပါ"
"သိပါတယ်ရှင့် အရင်က မြင်ဖူးထားပါတယ်"
နင်မုန့်အနေနဲ့ ဆက်ပြီး သူ့'မိန်းမ'ဆိုသော ဂုဏ်ပုဒ်ကို ထည့်ပြောဖို့ လုပ်ရန်ပြုစဉ်မှာပဲ ဧည့်ကြိုက ထပ်မံပြောလာ၏။
"ရှင့်ဘက်က ကြိုတင်ချိန်းဆိုမှု မလုပ်ထားပဲ လာတွေ့ရင် တွေ့ခွင့်မပေးနဲ့လို့ CEOဟော်က ပြောထားခဲ့လို့ပါရှင့်"
ဧည့်ကြိုကို ထပ်ပြောဖို့ လုပ်လိုက်စဉ်မှာပဲ သူမသိတဲ့ လူတစ်ယောက်က အခန်းအပြင်ကို ထွက်လာလေသည်။
"ချီရှန်" နင်မုန့် အော်ခေါ်လိုက်သည်။
"နင်ဘာလို့ ဒီမှာရှိနေတာလဲ" ချီရှန် လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားရင်း မေးလိုက်၏။
နင်မုန့် သူမလက်ထဲမှ အစားအစာကို ပြလိုက်ပြီး "ငါ့ယောက်ျားအတွက် အစားအသောက် လာပို့တာ။ သူ့ရုံးခန်းထဲ ငါ့ကိုခေါ်သွားပေး!"
"မပေးနိုင်ဘူး! အိမ်မက်မက်နေလိုက်!"
"အဲ့နေ့က ထျန်းထျန်းလေး နင့်ကို ဘယ်လိုလုပ်ခဲ့လဲဆိုတာ လူတိုင်းကို သိစေချင်နေတာလား"
"!!!"
[1] Wrong Loveက Ada Zhuangရဲ့ သီချင်းဖြစ်ပါတယ်
[၁ရက် ၂ပိုင်း ပုံမှန်တင်တဲ့ paid gpကို ဝင်ချင်ရင် လာပြောလို့ ရပါပြီ။ စာစဉ်၁ခုမှာ ၂၅ပိုင်း ပါဝင်မှာဖြစ်ပြီး ၅၀၀ကျပ် ကျသင့်မှာပဲဖြစ်ပါတယ်။ လောလောဆယ် ပြီးသွားတဲ့ စာစဉ်တွေက စာစဉ်၁ [EP-1 to 39]၊ စာစဉ်၂ [EP-40 to 64]တို့ပါ။ တခါတည်း ဖတ်ချင်သူများက cbမှာ လာဝယ်လို့ရပါပြီနော်🥰]
-----------------------
[Zawgyi]
သီခ်င္းရဲ႕ နာမည္မွာ Wrong Love[1] ျဖစ္သည္။
အဲ့ဒီေန႔
မင္းငါ့ကို ေက်ာခိုင္းသြားတဲ့ အဲ့ဒီေန႔
ငါ့ဆီကေန တျဖည္းျဖည္းေဝးကြာသြားတဲ့ မင္းကို ျမင္ေနရတယ္
မင္းကသာ ငါ့ရဲ႕ စြဲလမ္းမႈ
မင္းကသာ ငါ့ႏွလုံးသားေလးကို ေတာက္ပေအာင္ အလင္းေပးႏိုင္တဲ့သူ
မင္းရဲ႕အခ်စ္နဲ႔ ႏွလုံးသားကို ဖုန္မႈန႔္အျဖစ္ ေျပာင္းလဲခဲ့မိတဲ့ ငါ မွားခဲ့တယ္
...
ထို႔ေနာက္တြင္ေတာ့ လင္းခ်င္ေပ့၏ မ်က္ႏွာသည္ ပို၍ေလးနက္လာေလသည္။ သီခ်င္းစာသားေတြက သူ၏ ႏွလုံးသားတစ္ခုလုံးကို ထိုးေမႊးေနသလို ျဖစ္ေန၏။ သီခ်င္းေနာက္ကြယ္မွ လွပေသာ အခ်စ္ဇာတ္လမ္းေလး တစ္ပုဒ္ကို သူခံစားလို႔ ရႏိုင္ေနသည္။ ဒီသီခ်င္းကို ေရးခဲ့တဲ့ သူျဖစ္ျဖစ္ သူမ ျဖစ္ျဖစ္က တကယ္ကို ေတာ္တဲ့လူဆိုတာ ေျပာႏိုင္သည္။ ေတးေရးဆရာရဲ႕ သီခ်င္းက ရာစုႏွစ္တစ္စုစာအထိ နားေထာင္လို႔ေကာင္းဦးမယ့္ သီခ်င္းတစ္ပုဒ္ျဖစ္ေနမွာပင္။ ၿပီးေနာက္တြင္ေတာ့ သီခ်င္းစာ႐ြက္ကို သူ ျပန္ၾကည့္လိုက္သည္။
လင္းခ်င္ေပ့ ကိုယ္တိုင္ကလည္း သီခ်င္းေတြကို ေရးသားတတ္ေသာသူ ျဖစ္ေလသည္။ တခ်က္ၾကည့္လိုက္႐ုံႏွင့္ နင္မုန႔္ေရးသားခဲ့ေသာ သီခ်င္းက အမွန္တကယ္ကို ေသသပ္လွတယ္ဆိုတာ သိႏိုင္၏။ သံစဥ္တို႔ကို ၾကည့္ၿပီးေနာက္ ႏူးညံ့စြာ စတင္သီဆိုလိုက္သည္။ ေၾကမြေနသည့္ စာ႐ြက္ကို ကိုင္ထားရင္း အခန္းထဲတြင္ လင္းခ်င္ေပ့သည္ ေခါင္းငုံ႔ထားရင္း ေလ့က်င့္လို႔ေနသည္။
"ကြၽန္ေတာ္တို႔ စလို႔ရၿပီလား" ၀န္ထမ္းက ေမးလိုက္သည္။
"ခနေလး အခ်ိန္ခနေလာက္လိုတယ္။ ဒီသီခ်င္းကို မဖ်က္စီးမိေအာင္ ကြၽန္ေတာ္ ထပ္ေလ့က်င့္ခ်င္လို႔"
"ေကာင္းပါၿပီ။ ကြၽန္ေတာ္တို႔ ဒီအခန္းကို တေနကုန္သုံးလို႔ရတယ္"
သီခ်င္းကို သေဘာက်ေနသည့္ လင္းခ်င္ေပ့ကိုၾကည့္ရင္း အခန္းထဲမွ လူအားလုံး ရယ္သြမ္းလိုက္ၾကသည္။
အမွန္တကယ္ကား သီခ်င္းတစ္ပုဒ္ကို ထုတ္ခါနီး အသံသြင္းသည့္ အဆင့္သည္ တကယ္ရႈပ္ေထြးလြန္းၿပီး ျပႆနာလည္းမ်ားသည္။ သို႔ေပမယ့္လည္း နင္မုန႔္ကေတာ့ ဘာမွမသိေပ။ ထို႔ေၾကာင့္လည္း တခ်ိန္လုံး ဖုန္းကိုခ်ည္း သုံးေနတာ ျဖစ္ေလသည္။
ေန႔လည္သို႔ ေရာက္လာၿပီျဖစ္ေသာ္လည္း အသံမသြင္းရေသးေပ။ လူတိုင္းသည္ ထိုသီခ်င္းကို အေကာင္းဆုံးထြက္လာေစဖို႔ အလုပ္ႀကိဳးစားေနၾကေလသည္။ သို႔ေပမယ့္လည္း တစ္ဦးတစ္ေယာက္မွ ပင္ပန္းတယ္လို႔ မခံစားရေပမယ့္ နင္မုန႔္ကေတာ့ မေနႏိုင္စြာပဲ သူမဗိုက္ကို ပြတ္လိုက္သည္။
သူမက အခု သူေဌးသမီးျဖစ္ေနေလၿပီ။ သူမကိုယ္ သူမ အပင္ပန္းခံၿပီး အျပင္ထြက္၀ယ္စရာ မလိုေတာ့တာမို႔ ဖုန္းထဲမွ delivery applicationကို ဖြင့္လိုက္ၿပီး သူမအတြက္အဆင္ေျပႏိုင္မည့္ အစားအေသာက္ကို ရွာလိုက္သည္။ ႐ုတ္တရက္ပင္ သူမတို႔ အသံသြင္းစတူဒီယိုနားရွ္ိ ေခါက္ဆြဲဆိုင္ကို ျမင္လိုက္ရ၏။ ခရမ္းခ်ဥ္သီး ၾကက္ဥေခါက္ဆြဲပုံကို ေၾကျငာပုံအျဖစ္ ျပသထားေလ၏။
နင္မုန႔္ သူမ ေမးေစ့ကို ပြတ္လိုက္ရင္း မေန႔ညက ကိုယ္တိုင္ ခ်က္ခဲ့သည့္ ေခါက္ဆြဲကို သတိရမိသြားသည္။ ဒီေနရာက ေဟာ္လုပ္ငန္းစု တည္ရွိရာ ေနရာျဖစ္ၿပီး ေဟာ္ေပ့ခ်န္ကလည္း ေန႔တိုင္းနီးပါး စီးပြားေရးကိစၥေၾကာင့္ လာျဖစ္သည္ဟု နင္မုန႔္သိထားေလသည္။ တျခားစကားျဖင့္ ေျပာရမယ္ဆို အခုက သူမတို႔ႏွစ္ေယာက္ၾကား ဆက္ဆံေရး ဘယ္ေလာက္တိုးတက္ေနၿပီလဲဆိုတာ လူတိုင္းကို ခ်ျပဖို႔အေကာင္းဆုံးအခ်ိန္ပဲ ျဖစ္ေလသည္။
သူမ ေယာက္်ားက ခရမ္းခ်ဥ္သီးၾကက္ဥေခါက္ဆြဲကို ႀကိဳက္သည္ဆိုတာ သိထားတာမို႔ ၂ပြဲမွာလိုက္ေလသည္။ မၾကာခင္မွာပဲ အစားအစာေတြကို လာပို႔ေလ၏။ အစားအေသာက္ကို ကိုင္ထားရင္းပင္ ေရွ႕ခုံသို႔သြားရင္း ေဟာ္ေပ့ခ်န္ ရွိသည့္အထပ္ကို ေမးလိုက္သည္။
"ဟယ္လို ႀကိဳတင္ခ်ိန္းဆိုထားေသးလား မသိဘူးရွင့္" ဧည့္ႀကိဳေကာင္တာမွ ယဥ္ေက်းစြာေမးလိုက္သည္။
"ဟင့္အင္း"
"အားနာပါတယ္ရွင့္ CEOေဟာ္က အခု အလုပ္မ်ားေနတာမို႔ ရွင့္ကို ေတြ႕ဖို႔ အဆင္မေျပႏိုင္ေလာက္ပါဘူး"
"ကြၽန္မက သူ႔မိန္းမပါ"
"သိပါတယ္ရွင့္ အရင္က ျမင္ဖူးထားပါတယ္"
နင္မုန႔္အေနနဲ႔ ဆက္ၿပီး သူ႔'မိန္းမ'ဆိုေသာ ဂုဏ္ပုဒ္ကို ထည့္ေျပာဖို႔ လုပ္ရန္ျပဳစဥ္မွာပဲ ဧည့္ႀကိဳက ထပ္မံေျပာလာ၏။
"ရွင့္ဘက္က ႀကိဳတင္ခ်ိန္းဆိုမႈ မလုပ္ထားပဲ လာေတြ႕ရင္ ေတြ႕ခြင့္မေပးနဲ႔လို႔ CEOေဟာ္က ေျပာထားခဲ့လို႔ပါရွင့္"
ဧည့္ႀကိဳကို ထပ္ေျပာဖို႔ လုပ္လိုက္စဥ္မွာပဲ သူမသိတဲ့ လူတစ္ေယာက္က အခန္းအျပင္ကို ထြက္လာေလသည္။
"ခ်ီရွန္" နင္မုန႔္ ေအာ္ေခၚလိုက္သည္။
"နင္ဘာလို႔ ဒီမွာရွိေနတာလဲ" ခ်ီရွန္ လက္ႏွစ္ဖက္ကို ေဘာင္းဘီအိတ္ကပ္ထဲ ထည့္ထားရင္း ေမးလိုက္၏။
နင္မုန႔္ သူမလက္ထဲမွ အစားအစာကို ျပလိုက္ၿပီး "ငါ့ေယာက္်ားအတြက္ အစားအေသာက္ လာပို႔တာ။ သူ႔႐ုံးခန္းထဲ ငါ့ကိုေခၚသြားေပး!"
"မေပးႏိုင္ဘူး! အိမ္မက္မက္ေနလိုက္!"
"အဲ့ေန႔က ထ်န္းထ်န္းေလး နင့္ကို ဘယ္လိုလုပ္ခဲ့လဲဆိုတာ လူတိုင္းကို သိေစခ်င္ေနတာလား"
"!!!"
[1] Wrong Loveက Ada Zhuangရဲ႕ သီခ်င္းျဖစ္ပါတယ္
[၁ရက္ ၂ပိုင္း ပုံမွန္တင္တဲ့ paid gpကို ဝင္ခ်င္ရင္ လာေျပာလို႔ ရပါၿပီ။ စာစဥ္၁ခုမွာ ၂၅ပိုင္း ပါဝင္မွာျဖစ္ၿပီး ၅၀၀က်ပ္ က်သင့္မွာပဲျဖစ္ပါတယ္။ ေလာေလာဆယ္ ၿပီးသြားတဲ့ စာစဥ္ေတြက စာစဥ္၁ [EP-1 to 39]၊ စာစဥ္၂ [EP-40 to 64]တို႔ပါ။ တခါတည္း ဖတ္ခ်င္သူမ်ားက cbမွာ လာဝယ္လို႔ရပါၿပီေနာ္🥰]