(Unicode)
အပိုင်း(၂၀)
ရည်မှန်းချက်
Ocean Centerအပေါ်ထက်ရှိ hot potဆိုင်အတွင်းထဲရှိ ထောင့်ဆုံးစားပွဲဝိုင်းတွင် တစ်ရှူးတစ်ထုပ်ဖြင့် အလုပ်ရှုပ်နေသူတစ်ယောက်ရှိလို့နေသည်...
"တကယ်ဘဲ ကျောင်းမတက်ဘူးလား..."
ပေကျံနေတဲ့ နှုတ်ခမ်းသားတစ်ဝိုက်ကို တစ်ရှူးနဲ့သုတ်ပေးပြီးမေးလိုက်တော့ ခေါင်းညိတ်ပြလာခဲ့သည်...
"ကိုလင်း ကျွန်တော့်မဝသေးလို့ အသားနည်းနည်းလောက်မှာပေးဦး..."
စားပွဲပေါ်မှာ အထပ်လိုက်ဖြစ်နေတဲ့ ပန်းကန်အလွတ်တွေကိုကြည့်လိုက်မိသည်...
ဒီကလေးစားနေတာ အရမ်းများနေပြီ... တားရတော့မယ်လို့ ကိုယ့်ကိုကိုယ်အချက်ပြရတော့သည်...
"ဒီတစ်ခါနောက်ဆုံးဘဲနော် ထပ်မတောင်းနဲ့တော့..."
ရဲတာ လက်ခံစွာပင် ခေါင်းညိတ်ပြလိုက်သည်... ဘယ်လိုဘဲဖြစ်ဖြစ် hop potအရည်က ကုန်နေပြီဘဲလေ...
အသားလာမချခင်မှာ ရဲတာရှေ့က ပေပွနေတဲ့ စားပွဲကို တစ်ရှူးနဲ့သေချာလိုက်သုတ်ပေးကာ ပန်းကန်အလွတ်တွေကို စနစ်တကျပြန်ထပ်လိုက်ပြီး သူ့ဘက်ကိုဆွဲယူသွားသည့် ကိုလင်း...
"ကိုယ်တော့ ညီ့ကို ဘွဲ့တစ်ဘွဲ့တော့ ယူစေချင်တယ်..."
မကြာခင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတင်ရတော့မည်ဖြစ်ပြီး ရဲတာ ဝင်ခွင့်မလျှောက်ဖို့ ဆုံးဖြတ်ထားသည်ကြောင့် အမေရော ကိုလင်းရောက ဘွဲ့တစ်ခုတော့ရအောင် အဝေးသင်ဘဲဖြစ်ဖြစ်လျှောက်ရန် တိုက်တွန်းနေကြသည်... သို့သော် ရဲတာရဲ့ အဖြေကတော့ ရှင်းရှင်းလေးပါ...
"လက်တွေ့မှာ ပြန်အသုံးမချချင်တဲ့ ဘွဲ့တစ်ခုအတွက် လေးနှစ်လောက်အချိန်မကုန်ချင်ဘူး..."
ကောင်းဇေလင်း လက်မလျော့ချင်သေးပါ...
"ဂုဏ်ထူးတွေထွက်ထားတာ မနှမျောဘူး..."
"ဒုန်း..."
လက်ထဲကတူကို စားပွဲပေါ်ရိုက်ချလိုက်သည်ကြောင့် ကောင်းဇေလင်း ပြောရင်းတန်းလန်း ဆက်မပြောဖြစ်တော့...
"ကျွန်တော် အခုစာပြနေတော့ ဝင်ငွေကလဲ အိုကေ စိုပြည်တယ်... ပြီးတော့ ကျွန်တော့်ဘဝကို သာမာန်အတိုင်းဘဲ ဖြတ်သန်းချင်တာ... စာသင်လို့ ပိုက်ဆံစုပြီးရင် ကိုလင်းလိုဘဲ ဆိုင်လေးတစ်ဆိုင်ဖွင့်မယ်... ခရီးတွေထွက်ချင်ရင်လဲ စိတ်ကြိုက်ထွက်မယ်... ဖွင့်ထားတဲ့ဆိုင်ကို ပိတ်ချင်ရင်လဲ ပိတ်ပစ်လိုက်မယ်... ပိုက်ဆံအတွက်က ကိုလင်းရှိသလို အမေ့ဆီကလဲ အမွေရဦးမှာလေ... ကျွန်တော် ကျောင်းစာတွေကို စိတ်ကုန်နေပြီ..."
အခု ကောင်းဇေလင်း လက်ခုပ်တီးသင့်သလား... မျက်နှာကိုချီပြီး သူ့ဆုံးဖြတ်ချက်သူ ကျေနပ်နေတဲ့ ချစ်သူလေးကို တော်လိုက်တာလို့ ချီးကျူးပေးသင့်သလား...
"ဒါဆို ညီက အခု စာဘဲလိုက်ပြဦးမှာပေါ့..." လို့ သေချာအောင် နောက်ဆုံးအကြိမ်အဖြစ် မေးကြည့်မိသည်...
"အဲ့တာဘဲလုပ်စရာရှိတယ်ဆိုတော့ စာဘဲဆက်ပြရဦးမှာပေါ့... ဂျပန်N4ကို ဆက်မတက်ဘဲ digital artပိုင်း နည်းနည်းစိတ်ဝင်စားနေတော့ အားလပ်ချိန်မှာ သင်တန်းစုံစမ်းကြည့်ရဦးမယ်..."
ကောင်းဇေလင်း ခေါင်းညိတ်ကာ ချစ်သူလေးသဘော. စိတ်ကြိုက်လုပ်တော့ဆိုပြီး လက်ခံလိုက်တော့တယ်...
မှာထားတဲ့ အသားတွေလဲရလာပြီမို့ ကိုယ်တိုင် Hot potအိုးထဲထည့်ပေးပြီး စားလို့ရပြီဖြစ်တဲ့အသားတွေကို ချစ်သူလေးပန်းကန်ထဲ အဆင်သင့်ထည့်ပေး၍ အလုပ်ရှုပ်ရပြန်သည်...
စားပြီးချိန်မှာ ရဲတာ ကိုယ့်ပါးစပ်ကို တစ်ရှူးနဲ့သုတ်လိုက်တော့ ကိုလင်းက တစ်ရှူးနဲ့ နဖူးထိပ်ကချွေးတွေကို သုတ်ပေးလာပြန်သည်...
"အဲ့တော့ နီတာက ဘားအံကွန်ပျူတာကို လျှောက်မယ်လို့ပြောတာလား..."
သောက်ရေထည့်ပေးရင်း မေးလာသည့် ကိုလင်း...
"အင်း..."
ချစ်သူလေးသောက်ရန် ရေခွက်ကို လက်ထဲထည့်ပေးလိုက်ပြီး...
"ကွန်ပျူတာပိုင်းကို စိတ်ဝင်စားလို့လား..." လို့ ထပ်မေးလိုက်တော့ ရေခွက်ကို နှုတ်ခမ်းနားတေ့ကာ မသောက်သေးဘဲ ပြန်ဖြေလာခဲ့သည်...
"မိတ္တူဆိုင်ဖွင့်ချင်လို့ဖြစ်မှာပေါ့..."
*******
"မိတ္တူဆိုင်ဖွင့်ချင်လို့ တက်တာမဟုတ်ဘူး"
ဟိုမျောက်ခြောက်ကောင်ကို စာမသင်ချင်တော့လို့ ထွက်ပြေးတာ...
မျောက်ခြောက်ကောင်ထဲမှာ မဝင့်ရဲ့ မောင်ထွေးလေးပါနေသည်မို့ ထိုစကားကိုတော့ ရင်ထဲမှာဘဲ သိမ်းထားလိုက်သည်...
နီတာနဲ့ စာသင်တာနဲ့က တကယ်အံမကိုက်တာကြောင့် ထွက်ပြေးမှဖြစ်တော့မည်...
နီတာနဲ့မေတ္တာတုံးအစ်ကိုက Seasonမှာမုန့်စားမယ်ဆိုပြီး မဝင့်နဲ့အတူ ထွက်လာဖြစ်ပြီးမှ အခုတော့ Seasonထဲမှာ မဝင့်နဲ့နီတာဘဲ ရှိတော့တယ်... အစ်ကိုစုတ်ကတော့ ကိုလင်းဆီ ခဏဆိုပြီး ထွက်သွားတာ ပေါ်မလာတော့ဘူး...
"ဒါဆို ဘာလို့ အဲ့မှာသွားတက်ချင်တာလဲ..."
ချစ်သူလေးက အဝေးမှာကျောင်းသွားတက်မည်ဆိုတာကြောင့် စိတ်တော့မကောင်းချင်... မသွားပါနဲ့လို့လဲ မတားရက်ဘဲ ဒီတိုင်းအကြောင်းပြချက်တစ်ချို့ကို မေးနေဖြစ်သည်...
နီတာ ပြန်ဖြေလာသည်က...
"မွေးထဲက အိမ်မှာဘဲနေလာရတာမို့ တက္ကသိုလ်ကိုပါ အိမ်ကနေဘဲဆက်မတက်ချင်ဘူး... အိမ်နဲ့လည်းဝေးပြီး ရတဲ့အမှတ်လေးနဲ့ အဆင်ပြေမယ့်ကျောင်းကို ရွေးလိုက်တာ... ဘားအံမှာဆိုတော့ ပြန်လာချင်တဲ့အချိန် အလွယ်တကူပြန်လာလို့ရတယ်လေ..."
"ဟုတ်ပါပြီ..."
အမ်... ဒါဘဲလား...
နီတာ မဝင့်ကို မကျေမနပ်စိုက်ကြည့်လျက် ချောကလက်ကိတ်ကို ပါးစပ်ထဲအပြည့်သွတ်သွင်းလိုက်သည်...
ကိတ်ကိုအညှိုးကြီးကြီးနဲ့ဝါးနေရင်း စိတ်ထဲကနေလဲ ဒေါသထွက်လိုက်တာ... ဒေါသထွက်တယ်လို့ ရေရွတ်နေမိသည်...
ဝင့်ရတီမှာလဲ ရုတ်တရက်ကြီး နီတာ့ရဲ့ စူးစူးဝါးဝါးအကြည့်တွေကို ခံလိုက်ရသည်ကြောင့် သူဘာမှာသွားလဲဆိုတာကို အသည်းအသန်စဉ်းစားရတော့သည်...
ချစ်သူလေး ကိတ်ဝါးလို့ပြီးသွားတဲ့အထိ ဘာမှားလို့ မှားမှန်းမသိတာကြောင့်...
"မဝင့် ဘာလုပ်မိလို့လဲ..." လို့ မေးရတော့သည်...
မမေးဘဲ ထားလိုက်ရင် သတိရတိုင်း စိတ်ထကောက်နိုင်၍ တခါတည်း ဒီနေရာမှာ အပြတ်ရှင်းမှဖြစ်မည်...
အဲ့တော့မှ ဆူပုတ်ပုတ်နဲ့ ပြောလာသည်က...
"မသွားပါနဲ့ဆိုပြီးတော့ မတားဘူးလား..."
ခဏ... ဒီကလေးက တကယ်ကို ကြံဖန်အပြစ်ရှာလွန်းမနေဘူးလား...
"တားရင် မသွားတော့ဘူးလား..."
ရတီက ပြန်မေးလိုက်တော့...
"သွားမှာ..."
ကြည့်... တားလဲ သွားမှာဘဲကို တမင်ရစ်ထုတ်လုပ်နေတယ်...
ဝင့်ရတီ နှုတ်ဆိတ်နေတော့ နီတာ မကျေမနပ်ဖြင့် ထပ်ပြောလာခဲ့သည်...
"ကိုယ့်ချစ်သူတစ်ယောက်လုံး အဝေးသွားမှာကို တာဝန်အရတော့ တားရမယ်မဟုတ်ဘူးလား..."
ရတီ လက်မခံဘဲ ခေါင်းခါပြလိုက်သည်...
ခေါင်းခါလိုက်တာလား... အခု မဝင့် ခေါင်းခါလိုက်တာလား... အား စိတ်ကောက်ချင်လာပြီနော်...
ရတီ့ကို မီးတောက်နေတဲ့ ဒေါသမျက်ဝန်းတွေနဲ့ပါကြည့်လာပြီမို့ ခေါင်းခါရသည့်အကြောင်းအရင်းကို ချက်ကျလက်ကျရှင်းရတော့သည်...
"ဘားအံက မော်လမြိုင်နဲ့ ဘယ်လောက်မှဝေးတာမဟုတ်ဘူး... နေ့ချင်းပြန်တောင်လုပ်လို့ရနေတာဆိုတော့ မဝင့်သင်တန်းချိန်ကို ရုံးဖွင့်ရက်ပြောင်းလိုက်ရင် ပိတ်ရက်တိုင်း နီတာ့ကို လာတွေ့လို့ ရနေတယ်လေ... ဒီအခွင့်အရေးကို ဆုံးရှုံးခံလို့ ဘယ်ဖြစ်မလဲ..."
ထိုသို့မှ လက်ခံစွာ ပြုံးရယ်လာတဲ့ ကောင်မလေး...
နီတာတို့တွေ့လိုက်တိုင်း စားတာနဲ့ ပျော်ပါးတာဘဲ လုပ်နေတော့ အခုထိ ဓာတ်ပုံတစ်ပုံတောင် တွဲမရိုက်ရသေးတာကို သတိရသွားပြီး ဖုန်းကိုကောက်ကိုင်လိုက်၏...
မျက်နှာချင်းဆိုင်ထိုင်နေတဲ့ မဝင့်ကို ကျောပေးလိုက်ပြီး Sefileဆွဲရန်လုပ်လိုက်တော့...
"မဝင့်ရိုက်ပေးရမလား..." ဆိုပြီး မေးလာခဲ့သည်...
မဝင့်က နီတာ့ထက် လက်တံပိုရှည်တာမို့ လက်ခံလိုက်တာက မှားသွားသည်ဆိုတာ သိပ်မကြာခင်မှာသိလိုက်ရသည်...
လက်နှစ်ချောက်ထောင်တဲ့ ပိုစ့်နဲ့ အလှဆုံးပြုံးလို့အဆင်သင့်ဖြစ်သွားတာနဲ့...
"ရိုက်မယ်နော် 1.2.3..."
ရိုက်ပြီးတော့ ထွက်လာတဲ့ပုံကို ရတီအရင်ကြည့်လိုက်၏...
"အမ်... နီတာ့မျက်နှာဝါးနေတယ် နောက်တစ်ခါပြန်ရိုက်မယ်..."
နောက်တစ်ခါ ပြန်ရိုက်မယ်ဆိုတော့လဲ ထပ်ပြုံးရတာပေါ့...
သို့သော်...
"နီတာ့ မျက်နှာပါမလာဘူး ပြန်ရိုက်မယ်..."
"... ... ..."
ခဏနော် ဒီလောက်ချစ်စရာကောင်းအောင်ပြုံးနေတဲ့မျက်နှာပါမလာအောင် ဘယ်လိုရိုက်လိုက်တာလဲ...
ဒီလိုနဲ့ ပြန်ပြုံးရပြန်သည်...
တစ်ပုံ
နှစ်ပုံ
သုံးပုံ
.
ငါးပုံမြောက်မှာတော့...
"မဝင့် နီတာ ရုတ်တရက်ကြီးအပေါ့သွားချင်လာလို့..."
"လိုက်ပေးရဦးမလား..."
"ရ. ရတယ်..."
နီတာ ဆိုင်ထဲက ပြေးထွက်လာလိုက်သည်... ပြုံးရလွန်းလို့ ပါးစပ်ပါရွဲ့ချင်နေပြီ ဆက်မပြုံးနိုင်တော့ပါ... ဒါကြောင့် လိမ်ပြောပြီး for babyဆိုင်ထဲက အစ်ကိုစုတ်ကို လာခေါ်လိုက်တယ်...
ဆိုင်ထဲမှာ ဝန်ထမ်းတွေသာရှိနေသည်ကြောင့်
"ရဲတာတို့ရော..." လို့ မေးကြည့်မိသည်...
"အပေါ်ထပ်က Hot potဆိုင်မှာ..."
"အား!!!... ရဲတာ!!!..."
............................
(Zawgyi)
အပိုင္း(၂၀)
ရည္မွန္းခ်က္
Ocean Centerအေပၚထက္ရွိ hot potဆိုင္အတြင္းထဲရွိ ေထာင့္ဆုံးစားပြဲဝိုင္းတြင္ တစ္ရွူးတစ္ထုပ္ျဖင့္ အလုပ္ရွုပ္ေနသူတစ္ေယာက္ရွိလို့ေနသည္...
"တကယ္ဘဲ ေက်ာင္းမတက္ဘူးလား..."
ေပက်ံေနတဲ့ ႏွုတ္ခမ္းသားတစ္ဝိုက္ကို တစ္ရွူးနဲ႔သုတ္ေပးၿပီးေမးလိုက္ေတာ့ ေခါင္းညိတ္ျပလာခဲ့သည္...
"ကိုလင္း ကၽြန္ေတာ့္မဝေသးလို့ အသားနည္းနည္းေလာက္မွာေပးဦး..."
စားပြဲေပၚမွာ အထပ္လိုက္ျဖစ္ေနတဲ့ ပန္းကန္အလြတ္ေတြကိုၾကည့္လိုက္မိသည္...
ဒီကေလးစားေနတာ အရမ္းမ်ားေနၿပီ... တားရေတာ့မယ္လို့ ကိုယ့္ကိုကိုယ္အခ်က္ျပရေတာ့သည္...
"ဒီတစ္ခါေနာက္ဆုံးဘဲေနာ္ ထပ္မေတာင္းနဲ႔ေတာ့..."
ရဲတာ လက္ခံစြာပင္ ေခါင္းညိတ္ျပလိုက္သည္... ဘယ္လိုဘဲျဖစ္ျဖစ္ hop potအရည္က ကုန္ေနၿပီဘဲေလ...
အသားလာမခ်ခင္မွာ ရဲတာေရွ႕က ေပပြေနတဲ့ စားပြဲကို တစ္ရွူးနဲ႔ေသခ်ာလိုက္သုတ္ေပးကာ ပန္းကန္အလြတ္ေတြကို စနစ္တက်ျပန္ထပ္လိုက္ၿပီး သူ႔ဘက္ကိုဆြဲယူသြားသည့္ ကိုလင္း...
"ကိုယ္ေတာ့ ညီ့ကို ဘြဲ႕တစ္ဘြဲ႕ေတာ့ ယူေစခ်င္တယ္..."
မၾကာခင္ တကၠသိုလ္ဝင္ခြင့္ေလၽွာက္လႊာတင္ရေတာ့မည္ျဖစ္ၿပီး ရဲတာ ဝင္ခြင့္မေလၽွာက္ဖို့ ဆုံးျဖတ္ထားသည္ေၾကာင့္ အေမေရာ ကိုလင္းေရာက ဘြဲ႕တစ္ခုေတာ့ရေအာင္ အေဝးသင္ဘဲျဖစ္ျဖစ္ေလၽွာက္ရန္ တိုက္တြန္းေနၾကသည္... သို့ေသာ္ ရဲတာရဲ့ အေျဖကေတာ့ ရွင္းရွင္းေလးပါ...
"လက္ေတြ႕မွာ ျပန္အသုံးမခ်ခ်င္တဲ့ ဘြဲ႕တစ္ခုအတြက္ ေလးႏွစ္ေလာက္အခ်ိန္မကုန္ခ်င္ဘူး..."
ေကာင္းေဇလင္း လက္မေလ်ာ့ခ်င္ေသးပါ...
"ဂုဏ္ထူးေတြထြက္ထားတာ မႏွေမ်ာဘူး..."
"ဒုန္း..."
လက္ထဲကတူကို စားပြဲေပၚရိုက္ခ်လိုက္သည္ေၾကာင့္ ေကာင္းေဇလင္း ေျပာရင္းတန္းလန္း ဆက္မေျပာျဖစ္ေတာ့...
"ကၽြန္ေတာ္ အခုစာျပေနေတာ့ ဝင္ေငြကလဲ အိုေက စိုျပည္တယ္... ၿပီးေတာ့ ကၽြန္ေတာ့္ဘဝကို သာမာန္အတိုင္းဘဲ ျဖတ္သန္းခ်င္တာ... စာသင္လို့ ပိုက္ဆံစုၿပီးရင္ ကိုလင္းလိုဘဲ ဆိုင္ေလးတစ္ဆိုင္ဖြင့္မယ္... ခရီးေတြထြက္ခ်င္ရင္လဲ စိတ္ႀကိဳက္ထြက္မယ္... ဖြင့္ထားတဲ့ဆိုင္ကို ပိတ္ခ်င္ရင္လဲ ပိတ္ပစ္လိုက္မယ္... ပိုက္ဆံအတြက္က ကိုလင္းရွိသလို အေမ့ဆီကလဲ အေမြရဦးမွာေလ... ကၽြန္ေတာ္ ေက်ာင္းစာေတြကို စိတ္ကုန္ေနၿပီ..."
အခု ေကာင္းေဇလင္း လက္ခုပ္တီးသင့္သလား... မ်က္ႏွာကိုခ်ီၿပီး သူ႔ဆုံးျဖတ္ခ်က္သူ ေက်နပ္ေနတဲ့ ခ်စ္သူေလးကို ေတာ္လိုက္တာလို့ ခ်ီးက်ဴးေပးသင့္သလား...
"ဒါဆို ညီက အခု စာဘဲလိုက္ျပဦးမွာေပါ့..." လို့ ေသခ်ာေအာင္ ေနာက္ဆုံးအႀကိမ္အျဖစ္ ေမးၾကည့္မိသည္...
"အဲ့တာဘဲလုပ္စရာရွိတယ္ဆိုေတာ့ စာဘဲဆက္ျပရဦးမွာေပါ့... ဂ်ပန္N4ကို ဆက္မတက္ဘဲ digital artပိုင္း နည္းနည္းစိတ္ဝင္စားေနေတာ့ အားလပ္ခ်ိန္မွာ သင္တန္းစုံစမ္းၾကည့္ရဦးမယ္..."
ေကာင္းေဇလင္း ေခါင္းညိတ္ကာ ခ်စ္သူေလးသေဘာ. စိတ္ႀကိဳက္လုပ္ေတာ့ဆိုၿပီး လက္ခံလိုက္ေတာ့တယ္...
မွာထားတဲ့ အသားေတြလဲရလာၿပီမို့ ကိုယ္တိုင္ Hot potအိုးထဲထည့္ေပးၿပီး စားလို့ရၿပီျဖစ္တဲ့အသားေတြကို ခ်စ္သူေလးပန္းကန္ထဲ အဆင္သင့္ထည့္ေပး၍ အလုပ္ရွုပ္ရျပန္သည္...
စားၿပီးခ်ိန္မွာ ရဲတာ ကိုယ့္ပါးစပ္ကို တစ္ရွူးနဲ႔သုတ္လိုက္ေတာ့ ကိုလင္းက တစ္ရွူးနဲ႔ နဖူးထိပ္ကေခၽြးေတြကို သုတ္ေပးလာျပန္သည္...
"အဲ့ေတာ့ နီတာက ဘားအံကြန္ပ်ဴတာကို ေလၽွာက္မယ္လို့ေျပာတာလား..."
ေသာက္ေရထည့္ေပးရင္း ေမးလာသည့္ ကိုလင္း...
"အင္း..."
ခ်စ္သူေလးေသာက္ရန္ ေရခြက္ကို လက္ထဲထည့္ေပးလိုက္ၿပီး...
"ကြန္ပ်ဴတာပိုင္းကို စိတ္ဝင္စားလို့လား..." လို့ ထပ္ေမးလိုက္ေတာ့ ေရခြက္ကို ႏွုတ္ခမ္းနားေတ့ကာ မေသာက္ေသးဘဲ ျပန္ေျဖလာခဲ့သည္...
"မိတၱဴဆိုင္ဖြင့္ခ်င္လို့ျဖစ္မွာေပါ့..."
*******
"မိတၱဴဆိုင္ဖြင့္ခ်င္လို့ တက္တာမဟုတ္ဘူး"
ဟိုေမ်ာက္ေျခာက္ေကာင္ကို စာမသင္ခ်င္ေတာ့လို့ ထြက္ေျပးတာ...
ေမ်ာက္ေျခာက္ေကာင္ထဲမွာ မဝင့္ရဲ့ ေမာင္ေထြးေလးပါေနသည္မို့ ထိုစကားကိုေတာ့ ရင္ထဲမွာဘဲ သိမ္းထားလိုက္သည္...
နီတာနဲ႔ စာသင္တာနဲ႔က တကယ္အံမကိုက္တာေၾကာင့္ ထြက္ေျပးမွျဖစ္ေတာ့မည္...
နီတာနဲ႔ေမတၱာတုံးအစ္ကိုက Seasonမွာမုန႔္စားမယ္ဆိုၿပီး မဝင့္နဲ႔အတူ ထြက္လာျဖစ္ၿပီးမွ အခုေတာ့ Seasonထဲမွာ မဝင့္နဲ႔နီတာဘဲ ရွိေတာ့တယ္... အစ္ကိုစုတ္ကေတာ့ ကိုလင္းဆီ ခဏဆိုၿပီး ထြက္သြားတာ ေပၚမလာေတာ့ဘူး...
"ဒါဆို ဘာလို့ အဲ့မွာသြားတက္ခ်င္တာလဲ..."
ခ်စ္သူေလးက အေဝးမွာေက်ာင္းသြားတက္မည္ဆိုတာေၾကာင့္ စိတ္ေတာ့မေကာင္းခ်င္... မသြားပါနဲ႔လို့လဲ မတားရက္ဘဲ ဒီတိုင္းအေၾကာင္းျပခ်က္တစ္ခ်ိဳ့ကို ေမးေနျဖစ္သည္...
နီတာ ျပန္ေျဖလာသည္က...
"ေမြးထဲက အိမ္မွာဘဲေနလာရတာမို့ တကၠသိုလ္ကိုပါ အိမ္ကေနဘဲဆက္မတက္ခ်င္ဘူး... အိမ္နဲ႔လည္းေဝးၿပီး ရတဲ့အမွတ္ေလးနဲ႔ အဆင္ေျပမယ့္ေက်ာင္းကို ေရြးလိုက္တာ... ဘားအံမွာဆိုေတာ့ ျပန္လာခ်င္တဲ့အခ်ိန္ အလြယ္တကူျပန္လာလို့ရတယ္ေလ..."
"ဟုတ္ပါၿပီ..."
အမ္... ဒါဘဲလား...
နီတာ မဝင့္ကို မေက်မနပ္စိုက္ၾကည့္လ်က္ ေခ်ာကလက္ကိတ္ကို ပါးစပ္ထဲအျပည့္သြတ္သြင္းလိုက္သည္...
ကိတ္ကိုအညႇိုးႀကီးႀကီးနဲ႔ဝါးေနရင္း စိတ္ထဲကေနလဲ ေဒါသထြက္လိုက္တာ... ေဒါသထြက္တယ္လို့ ေရရြတ္ေနမိသည္...
ဝင့္ရတီမွာလဲ ႐ုတ္တရက္ႀကီး နီတာ့ရဲ့ စူးစူးဝါးဝါးအၾကည့္ေတြကို ခံလိုက္ရသည္ေၾကာင့္ သူဘာမွာသြားလဲဆိုတာကို အသည္းအသန္စဥ္းစားရေတာ့သည္...
ခ်စ္သူေလး ကိတ္ဝါးလို့ၿပီးသြားတဲ့အထိ ဘာမွားလို့ မွားမွန္းမသိတာေၾကာင့္...
"မဝင့္ ဘာလုပ္မိလို့လဲ..." လို့ ေမးရေတာ့သည္...
မေမးဘဲ ထားလိုက္ရင္ သတိရတိုင္း စိတ္ထေကာက္နိုင္၍ တခါတည္း ဒီေနရာမွာ အျပတ္ရွင္းမွျဖစ္မည္...
အဲ့ေတာ့မွ ဆူပုတ္ပုတ္နဲ႔ ေျပာလာသည္က...
"မသြားပါနဲ႔ဆိုၿပီးေတာ့ မတားဘူးလား..."
ခဏ... ဒီကေလးက တကယ္ကို ႀကံဖန္အျပစ္ရွာလြန္းမေနဘူးလား...
"တားရင္ မသြားေတာ့ဘူးလား..."
ရတီက ျပန္ေမးလိုက္ေတာ့...
"သြားမွာ..."
ၾကည့္... တားလဲ သြားမွာဘဲကို တမင္ရစ္ထုတ္လုပ္ေနတယ္...
ဝင့္ရတီ ႏွုတ္ဆိတ္ေနေတာ့ နီတာ မေက်မနပ္ျဖင့္ ထပ္ေျပာလာခဲ့သည္...
"ကိုယ့္ခ်စ္သူတစ္ေယာက္လုံး အေဝးသြားမွာကို တာဝန္အရေတာ့ တားရမယ္မဟုတ္ဘူးလား..."
ရတီ လက္မခံဘဲ ေခါင္းခါျပလိုက္သည္...
ေခါင္းခါလိုက္တာလား... အခု မဝင့္ ေခါင္းခါလိုက္တာလား... အား စိတ္ေကာက္ခ်င္လာၿပီေနာ္...
ရတီ့ကို မီးေတာက္ေနတဲ့ ေဒါသမ်က္ဝန္းေတြနဲ႔ပါၾကည့္လာၿပီမို့ ေခါင္းခါရသည့္အေၾကာင္းအရင္းကို ခ်က္က်လက္က်ရွင္းရေတာ့သည္...
"ဘားအံက ေမာ္လၿမိဳင္နဲ႔ ဘယ္ေလာက္မွေဝးတာမဟုတ္ဘူး... ေန႔ခ်င္းျပန္ေတာင္လုပ္လို့ရေနတာဆိုေတာ့ မဝင့္သင္တန္းခ်ိန္ကို ႐ုံးဖြင့္ရက္ေျပာင္းလိုက္ရင္ ပိတ္ရက္တိုင္း နီတာ့ကို လာေတြ႕လို့ ရေနတယ္ေလ... ဒီအခြင့္အေရးကို ဆုံးရွုံးခံလို့ ဘယ္ျဖစ္မလဲ..."
ထိုသို့မွ လက္ခံစြာ ျပဳံးရယ္လာတဲ့ ေကာင္မေလး...
နီတာတို့ေတြ႕လိုက္တိုင္း စားတာနဲ႔ ေပ်ာ္ပါးတာဘဲ လုပ္ေနေတာ့ အခုထိ ဓာတ္ပုံတစ္ပုံေတာင္ တြဲမရိုက္ရေသးတာကို သတိရသြားၿပီး ဖုန္းကိုေကာက္ကိုင္လိုက္၏...
မ်က္ႏွာခ်င္းဆိုင္ထိုင္ေနတဲ့ မဝင့္ကို ေက်ာေပးလိုက္ၿပီး Sefileဆြဲရန္လုပ္လိုက္ေတာ့...
"မဝင့္ရိုက္ေပးရမလား..." ဆိုၿပီး ေမးလာခဲ့သည္...
မဝင့္က နီတာ့ထက္ လက္တံပိုရွည္တာမို့ လက္ခံလိုက္တာက မွားသြားသည္ဆိုတာ သိပ္မၾကာခင္မွာသိလိုက္ရသည္...
လက္ႏွစ္ေခ်ာက္ေထာင္တဲ့ ပိုစ့္နဲ႔ အလွဆုံးျပဳံးလို့အဆင္သင့္ျဖစ္သြားတာနဲ႔...
"ရိုက္မယ္ေနာ္ 1.2.3..."
ရိုက္ၿပီးေတာ့ ထြက္လာတဲ့ပုံကို ရတီအရင္ၾကည့္လိုက္၏...
"အမ္... နီတာ့မ်က္ႏွာဝါးေနတယ္ ေနာက္တစ္ခါျပန္ရိုက္မယ္..."
ေနာက္တစ္ခါ ျပန္ရိုက္မယ္ဆိုေတာ့လဲ ထပ္ျပဳံးရတာေပါ့...
သို့ေသာ္...
"နီတာ့ မ်က္ႏွာပါမလာဘူး ျပန္ရိုက္မယ္..."
"... ... ..."
ခဏေနာ္ ဒီေလာက္ခ်စ္စရာေကာင္းေအာင္ျပဳံးေနတဲ့မ်က္ႏွာပါမလာေအာင္ ဘယ္လိုရိုက္လိုက္တာလဲ...
ဒီလိုနဲ႔ ျပန္ျပဳံးရျပန္သည္...
တစ္ပုံ
ႏွစ္ပုံ
သုံးပုံ
.
ငါးပုံေျမာက္မွာေတာ့...
"မဝင့္ နီတာ ႐ုတ္တရက္ႀကီးအေပါ့သြားခ်င္လာလို့..."
"လိုက္ေပးရဦးမလား..."
"ရ. ရတယ္..."
နီတာ ဆိုင္ထဲက ေျပးထြက္လာလိုက္သည္... ျပဳံးရလြန္းလို့ ပါးစပ္ပါရြဲ႕ခ်င္ေနၿပီ ဆက္မျပဳံးနိုင္ေတာ့ပါ... ဒါေၾကာင့္ လိမ္ေျပာၿပီး for babyဆိုင္ထဲက အစ္ကိုစုတ္ကို လာေခၚလိုက္တယ္...
ဆိုင္ထဲမွာ ဝန္ထမ္းေတြသာရွိေနသည္ေၾကာင့္
"ရဲတာတို့ေရာ..." လို့ ေမးၾကည့္မိသည္...
"အေပၚထပ္က Hot potဆိုင္မွာ..."
"အား!!!... ရဲတာ!!!..."
............................