(Unicode)
အပိုင်း(၁၈)
ကျန်ရစ်သူ
"အဟင့် ကိုလင်း..."
ရင်ခွင်ထဲပြေးဝင်လာတဲ့ ချစ်သူလေးရဲ့ ကျောပြင်လေးကို ခပ်ဖွဖွပုတ်ပေးမိသည်...
"ဘယ်လိုဖြစ်တာလဲ ညီရယ်..."
ရဲတာ ဖြေမဆည်နိုင်စွာငိုနေမိသည်... ကိုလင်းမေးတာကို ပြန်ဖြေဖို့လဲ အားမရှိပါ... ရဲတာ ရေရွတ်မိတဲ့တစ်ခုတည်းသော စကားကတော့...
"မေကြီးရဲ့ နောက်ဆုံးအချိန်မှာတောင် ကျွန်တော်တို့ တွေ့ခွင့်မရလိုက်ဘူး..."
"သားရဲတာ ဧည့်သည်ကို အိမ်ထဲခေါ်ခဲ့လေကွယ်..."
တီလေးက အပြင်ထွက်ပြီး ပြောလာတာကြောင့် ကောင်းဇေလင်းတို့ အိမ်ထဲဝင်လာဖြစ်သည်...
မနက်၅နာရီ ဝေလီဝေလင်းအချိန်သာရှိသေးသော်လည်း အိမ်ထဲတွင်တော့ ရပ်ကွက်ထဲက လူကြီးတစ်ချို့ရောက်နှင့်နေကြပြီဖြစ်သည်...
ကောင်းဇေလင်း နီတာလေးကို စိုးရိမ်တကြီးဝေ့ဝဲရှာမိတော့ အဖွားဓာတ်ပုံနားမှာ ဒူးလေးပိုက်ထိုင်နေကာ အဖွားဖြစ်သူကိုသာ တိတ်တဆိတ်ထိုင်ကြည့်နေသည်ကို တွေ့လိုက်ရသည်...
ကောင်းဇေလင်းတို့ နီတာ့အနားမှာသွားထိုင်လိုက်သော်လည်း သိပုံမရပေ... သူ(မ)ရဲ့အဖွားပုံကို ခံစားချက်မဲ့နေတဲ့ပုံစံလေးနဲ့သာ ငေးကြည့်လို့နေသည်... ရှိုက်ကြီးတငင်ငိုမယ်ထင်ထားသော်လည်း ကောင်မလေးက မထင်ထားရလောက်အောင်ကို တိတ်ဆိတ်လျက်ရှိနေ၏...
ကောင်းဇေလင်းပခုံပေါ်မျက်နှာအပ်ကာ ငိုနေသည့် ချစ်သူလေးကတော့ ရှိုက်သံလေးတွေပင်ထွက်လို့နေပြီဖြစ်သည်... မောမည်စိုး၍ မငိုတော့ရန် ချော့ပြောချင်ပေမယ့်လဲ ပြောမထွက်ခဲ့... ကောင်းဇေလင်းတောင် မယုံနိုင်ဖြစ်နေရသည်ကို သူတို့လေးတွေသာဆို ဘယ်လောက်များ ဖြေမဆည်နိုင်ဖြစ်နေကြမည်နည်း...
"အဖွားက ရုတ်တရက်ကြီးဘယ်လိုဖြစ်တာလဲဗျာ..."
ဘေးမှာထိုင်နေသည့် အဒေါ်ကို မေးကြည့်လိုက်တော့ တအိအိနဲ့ငိုလာပြီး...
"တီလေးတို့အိပ်နေတုန်း ဝုန်းကနဲအသံကြားလို့ ထကြည့်မိတော့ မင်းတို့အဖွား ထမင်းထချက်ရင်း မေ့လဲနေတာကိုတွေ့ရတာဘဲ... ပြီးတော့ တစ်ခါတည်း အ... သက်..."
ဆက်ပြောမထွက်တော့ဘဲ ငိုသာငိုနေတော့သည့် တီလေးကိုကြည့်ပြီး သက်ပြင်းချမိသည်... အဖြစ်အပျက်တွေက တကယ့်ကိုမြန်ဆန်လွန်းလှသည်ဘဲ...
လက်မောင်းပေါ်မှီကာ အငိုမရပ်သေးတဲ့ ချစ်သူလေးရဲ့ ခေါင်းကိုဖွဖွလေးပုတ်ပေးပြီး နှစ်သိမ့်ပေးရုံသာ တတ်နိုင်တော့သည်...
အန်တီနီတာရဲကတော့ လုပ်စရာရှိတာတွေကို လူကြီးတွေနဲ့ တိုင်ပင်လျက်ရှိနေသည်...
ကောင်းဇေလင်းရဲ့ အကြည့်တို့ အဘွားခန္ဓာဘေးမှာ ခွေခွေလေးအိပ်နေတဲ့ အဖိုးဆီသို့ ရောက်သွား၏...
အဖိုးစိတ်ထဲမှာ အဖွားအိပ်နေတယ်လို့များ တွေးနေမလား... နောက်ရက်တွေမှာ အဖွားကို မတွေ့ရတော့ရင်ကော ဘယ်လိုဖြစ်သွားမလဲ...
သားဖြစ်သူနဲ့ သားလင်းဆီ နီတာရဲ ခဏခဏကိုကြည့်နေမိသည်... ပခုံးမှီကာငိုနေတဲ့သားရဲ့ခေါင်းကို ညင်ညင်သာသာလေးပုတ်ပေးကာ ချော့မြူနေသည့်ပုံစံကြောင့် ရင်တမမဖြစ်လာသည်...
မနက်မိုးလင်းလို့ အိမ်ရှေ့မှာ မဏ္ဌပ်ဆောက်ချိန်မှာလဲ ကောင်းဇေလင်းကိုယ်တိုင် ဦးဆောင်းပေးဖြစ်သလို အသုဘချချိန်နဲ့ ရက်လည်ဆွမ်းကျွေးနေ့အထိ ကောင်းဇေလင်း တစ်ရက်မှ ကောင်းကောင်းအနားမယူဖြစ်ခဲ့...
မဏ္ဌပ်ပြန်ဖျက်ပြီးမှသာ ကောင်းဇေလင်း စိတ်ချလက်ချနားနိုင်တော့သည်...
အိမ်ရှေ့ကွပ်ပျစ်မှာ ထိုင်နေမိတုန်း ကောင်းဇေလင်းနား လာထိုင်သည့် အန်တီနီတာရဲ...
"သားလင်းလဲ ပင်ပန်းနေပါပြီကွယ်... သားကို အန်တီ တကယ်ကျေးဇူးတင်ပါတယ်..."
သူ(မ)အတွက် တကယ်အားကိုရတဲ့ သားတစ်ယောက် ကောက်ရလိုက်သလိုဘဲဆိုတာသိသလို ကိုယ့်မိသားစုအရေးကြောင့်ပင်ပန်းနေတဲ့ ကလေးတစ်ယောက်ကို ဘာမှထပ်မပြောထွက်တော့၍ သားလင်းဘေးမှာသာ တိတ်တဆိတ်ထိုင်နေမိတော့သည်...
ထိုစဉ်...
"နင်သူခိုးမ!..."
"အာ့..."
နီတာရဲ့ ဆံပင်ကိုဆောင့်ဆွဲပြီး စွပ်စွဲလာတဲ့ ဖေကြီး...
နီတာ ပြန်ရုန်းထွက်ပြီး
"ဖေကြီး ပိုက်ဆံကို နီတာမယူဘူးလို့ပြောနေတယ်မလား..."
နီတာ စကားပြောချင်စိတ်တောင် မရှိတော့ဘူး... ဖေကြီး သိပ်လွန်နေပြီ...
"နင်မယူရင် ငါ့အိတ်ထဲက ပိုက်ဆံ၂၀၀က ဘယ်ရောက်သွားလဲ..."
အောက်ခြေပေါက်နေတဲ့ အင်္ကျီအိတ်ကပ်ကို ဖြဲပြပြီး ပြောလာတာကြောင့် နီတာ စိတ်မထိန်းနိုင်တော့ဘူး... ခေါင်းထဲပူထူလာပြီး ငိုပါငိုချလိုက်မိသည်...
"ဖေကြီးအတွက် ပိုက်ဆံ၂၀၀က သိပ်အရေးကြီးနေတာလား... မေကြီး ဘယ်ရောက်သွားလဲဆိုတာရော နည်းနည်းမှမသိချင်ဘူးလား..."
"နီတာ!..."
ရဲတာ လှမ်းတားလိုက်တော့ ဒူးပိုက်ကာ မျက်နှာဖွက်ပြီး ငိုချတော့သည်...
မေကြီးရဲ့မြေချချိန်မှာတောင် အိမ်ထဲကနေ ခေါ်ထုတ်လို့မရတဲ့ဖေကြီးကို တကယ်ဘဲ စိတ်နာချင်လာပြီ... ဖေကြီးဝဠ်တွေအများကြီး ခံသွားရတဲ့ မေကြီးကို နည်းနည်းလေးတောင် မေးဖော်မရဘူး...
အိမ်ပေါ်က အသံတွေကြောင့် ကောင်းဇေလင်းတို့ အိမ်ပေါ်ပြေးတက်လာတော့ ဒူးပိုက်ကာ ရှိုက်ကြီးတငင်ငိုနေတဲ့ နီတာ့အား တွေ့ရတော့သည်...
အဖွားမြေချချိန်မှာတောင် မျက်ရည်မကျတဲ့ ကောင်မလေးက အခုတော့ ထိန်းထားသမျှတစ်ခါတည်း လွှတ်ချလိုက်ပြီဘဲ...
"ဘာဖြစ်ကြတာလဲ..."
နီတာရဲ သားဖြစ်သူကို မေးလိုက်သော်လည်း ဘာမှပြန်မပြောလာခဲ့...
"အဖေက သူ့ပိုက်ဆံနှစ်ရာပျောက်တာကို နီတာ ယူတာဆိုပြီးစွပ်စွဲရင်း အခုလိုဖြစ်ကုန်တာ..."
ဥမ္မာက အစားဝင်ပြောပြလိုက်မှဘဲ အဖေ့ကို သတိရအောင်လုပ်မိသလို ဖြစ်သွားတော့သည်...
နီတာ့ကို လက်ညှိုးထိုလာပြီး
"သူ သူခိုးမ... သူ ငါ့ပိုက်ဆံကို ယူသွားတာ..."
နီတာရဲ အဖေ့နားသွားပြီး လက်ကိုဆွဲကာ ဆက်မပြောရန်တားရတော့သည်...
"တော်ပါတော့အဖေရယ် ထွက်သွားတဲ့အမေ့ကို စိတ်မဖြောင့်အောင် မလုပ်ပါနဲ့တော့... သမီးတောင်းပန်ပါတယ်..."
ကောင်းဇေလင်းလဲ မနေနိုင်တော့၍ ပိုက်ဆံအိတ်ထဲက နှစ်ရာတန်အသစ်တစ်ရွက်ကို အဖိုးလက်ထဲထည့်ပေးရတော့သည်...
ထိုချိန်မှာမှ အချိန်ကိုက် အိမ်ထဲပြေးဝင်လာသည့် ဖိုးခွားဆီ အကြည့်တွေရောက်သွားကြတော့၏...
နီတာလဲ ငိုနေရာမှ အချိန်ကိုက်ကို ခေါင်းထောင်မိတာကြောင့် ဖိုးခွားလက်ထဲက စုပ်လုံးကိုတွေ့လိုက်ရ၍
"သေနာလေး..." လို့ တီးတိုးရေရွတ်လိုက်တယ်...
*******
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ အဖေ့ကို ယပ်ခတ်ပေးနေရင်း စိတ်ထဲမကောင်းဖြစ်လာရသည်...
အမေ့နာရေးပြီးပြီဖြစ်တာကြောင့် နီတာရဲ ပြန်ရတော့မည်ဖြစ်သည်... ကျောင်းပျက်ရက်များနေပြီမို့ ထပ်နေလို့လဲ မဖြစ်တော့ဘူး... အိမ်ထဲက အိမ်ပြင်ခေါ်ထုတ်လို့မရတဲ့အဖေ့ကိုလဲ ထားခဲ့ရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့...
နီတာရဲ ယပ်ခတ်ပေးနေတုန်း မျက်လုံးပြန်ဖွင့်လာပြီး ထထိုင်လာတာကြောင့်...
"ဘာဖြစ်လို့လဲ အိမ်သာတက်ချင်လို့လား..." လို့ မေးလိုက်တော့...
နီတာရဲကို ငိုမဲ့မဲ့နဲ့ကြည့်လာတဲ့အဖေဟာ ရှိုက်သံလေးနဲ့
"သမီးကြီး..." လို့ခေါ်လာသည်ကို တုန်ယင်နေသည့်အသံဖြင့်သာ
"ရှင်..." လို့ ပြန်ထူးဖြစ်သည်...
"သမီးတို့အမေ အဖေ့ကိုထားသွားပြီ... သမီးတို့အမေ အဖေ့ကို တကယ်ထားသွားပြီး..."
ဝမ်းနည်းပက်လက်အော်ငိုလာတဲ့အဖေ့ကို ဖက်ပြီး အတူငိုကြွေးမိတော့သည်...
"အဖေရယ် ဘာလို့များ မသိချင်ယောင်ဆောင်နေရတာလဲ..."
"အဖေတစ်ယောက်တည်း ကျန်ခဲ့ပြီ... အီးဟီး... အဖေ့ကို ဒေါ်ကြည်ထားသွားပြီ..."
အခန်းထဲမှာ အိပ်နေသည့် နီတာတို့လဲ ငိုသံကြောင့် ထွက်ကြည့်မိသည်...
တီလေးကတော့ အမေနဲ့ဖေကြီးကိုဖက်ကာ ဝင်ငိုနေပြီဖြစ်သည်...
ရဲတာသည်လဲ ကိုလင်းရင်ခွင်ထဲဝင်ကာ ငိုနေပြီဖြစ်သလို နီတာလဲ နောက်တစ်ကြိမ်မျက်ရည်ကျရပြန်လေပြီ...
အဖိုးဟာ သူကျန်ရစ်ခဲ့သည်ကို လက်မခံချင်ခဲ့တာကြောင့် မသိချင်ယောင်ဆောင်နေခဲ့ရုံသာ... တကယ်မသိတာမဟုတ်ခဲ့... သို့သော် ကြာကြာလဲ ဟန်မဆောင်နိုင်ခဲ့ပေ...
ဒေါ်နီတာရဲမှာ သူ(မ)ဖခင်ကိုဖက်ကာ ငိုကြွေးနေလျက် သားဖြစ်သူက ကောင်းဇေလင်းရင်ခွင်ထဲ အားကိုးတကြီးတိုးဝင်နေသည်ကို ကုန်ပါပြီဆိုတဲ့ အကြည့်နဲ့ကြည့်နေကိုတော့...
..............................
(Zawgyi)
အပိုင္း(၁၈)
က်န္ရစ္သူ
"အဟင့္ ကိုလင္း..."
ရင္ခြင္ထဲေျပးဝင္လာတဲ့ ခ်စ္သူေလးရဲ့ ေက်ာျပင္ေလးကို ခပ္ဖြဖြပုတ္ေပးမိသည္...
"ဘယ္လိုျဖစ္တာလဲ ညီရယ္..."
ရဲတာ ေျဖမဆည္နိုင္စြာငိုေနမိသည္... ကိုလင္းေမးတာကို ျပန္ေျဖဖို့လဲ အားမရွိပါ... ရဲတာ ေရရြတ္မိတဲ့တစ္ခုတည္းေသာ စကားကေတာ့...
"ေမႀကီးရဲ့ ေနာက္ဆုံးအခ်ိန္မွာေတာင္ ကၽြန္ေတာ္တို့ ေတြ႕ခြင့္မရလိုက္ဘူး..."
"သားရဲတာ ဧည့္သည္ကို အိမ္ထဲေခၚခဲ့ေလကြယ္..."
တီေလးက အျပင္ထြက္ၿပီး ေျပာလာတာေၾကာင့္ ေကာင္းေဇလင္းတို့ အိမ္ထဲဝင္လာျဖစ္သည္...
မနက္၅နာရီ ေဝလီေဝလင္းအခ်ိန္သာရွိေသးေသာ္လည္း အိမ္ထဲတြင္ေတာ့ ရပ္ကြက္ထဲက လူႀကီးတစ္ခ်ိဳ့ေရာက္ႏွင့္ေနၾကၿပီျဖစ္သည္...
ေကာင္းေဇလင္း နီတာေလးကို စိုးရိမ္တႀကီးေဝ့ဝဲရွာမိေတာ့ အဖြားဓာတ္ပုံနားမွာ ဒူးေလးပိုက္ထိုင္ေနကာ အဖြားျဖစ္သူကိုသာ တိတ္တဆိတ္ထိုင္ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္...
ေကာင္းေဇလင္းတို့ နီတာ့အနားမွာသြားထိုင္လိုက္ေသာ္လည္း သိပုံမရေပ... သူ(မ)ရဲ့အဖြားပုံကို ခံစားခ်က္မဲ့ေနတဲ့ပုံစံေလးနဲ႔သာ ေငးၾကည့္လို့ေနသည္... ရွိုက္ႀကီးတငင္ငိုမယ္ထင္ထားေသာ္လည္း ေကာင္မေလးက မထင္ထားရေလာက္ေအာင္ကို တိတ္ဆိတ္လ်က္ရွိေန၏...
ေကာင္းေဇလင္းပခုံေပၚမ်က္ႏွာအပ္ကာ ငိုေနသည့္ ခ်စ္သူေလးကေတာ့ ရွိုက္သံေလးေတြပင္ထြက္လို့ေနၿပီျဖစ္သည္... ေမာမည္စိုး၍ မငိုေတာ့ရန္ ေခ်ာ့ေျပာခ်င္ေပမယ့္လဲ ေျပာမထြက္ခဲ့... ေကာင္းေဇလင္းေတာင္ မယုံနိုင္ျဖစ္ေနရသည္ကို သူတို့ေလးေတြသာဆို ဘယ္ေလာက္မ်ား ေျဖမဆည္နိုင္ျဖစ္ေနၾကမည္နည္း...
"အဖြားက ႐ုတ္တရက္ႀကီးဘယ္လိုျဖစ္တာလဲဗ်ာ..."
ေဘးမွာထိုင္ေနသည့္ အေဒၚကို ေမးၾကည့္လိုက္ေတာ့ တအိအိနဲ႔ငိုလာၿပီး...
"တီေလးတို့အိပ္ေနတုန္း ဝုန္းကနဲအသံၾကားလို့ ထၾကည့္မိေတာ့ မင္းတို့အဖြား ထမင္းထခ်က္ရင္း ေမ့လဲေနတာကိုေတြ႕ရတာဘဲ... ၿပီးေတာ့ တစ္ခါတည္း အ... သက္..."
ဆက္ေျပာမထြက္ေတာ့ဘဲ ငိုသာငိုေနေတာ့သည့္ တီေလးကိုၾကည့္ၿပီး သက္ျပင္းခ်မိသည္... အျဖစ္အပ်က္ေတြက တကယ့္ကိုျမန္ဆန္လြန္းလွသည္ဘဲ...
လက္ေမာင္းေပၚမွီကာ အငိုမရပ္ေသးတဲ့ ခ်စ္သူေလးရဲ့ ေခါင္းကိုဖြဖြေလးပုတ္ေပးၿပီး ႏွစ္သိမ့္ေပး႐ုံသာ တတ္နိုင္ေတာ့သည္...
အန္တီနီတာရဲကေတာ့ လုပ္စရာရွိတာေတြကို လူႀကီးေတြနဲ႔ တိုင္ပင္လ်က္ရွိေနသည္...
ေကာင္းေဇလင္းရဲ့ အၾကည့္တို့ အဘြားခႏၶာေဘးမွာ ေခြေခြေလးအိပ္ေနတဲ့ အဖိုးဆီသို့ ေရာက္သြား၏...
အဖိုးစိတ္ထဲမွာ အဖြားအိပ္ေနတယ္လို့မ်ား ေတြးေနမလား... ေနာက္ရက္ေတြမွာ အဖြားကို မေတြ႕ရေတာ့ရင္ေကာ ဘယ္လိုျဖစ္သြားမလဲ...
သားျဖစ္သူနဲ႔ သားလင္းဆီ နီတာရဲ ခဏခဏကိုၾကည့္ေနမိသည္... ပခုံးမွီကာငိုေနတဲ့သားရဲ့ေခါင္းကို ညင္ညင္သာသာေလးပုတ္ေပးကာ ေခ်ာ့ျမဴေနသည့္ပုံစံေၾကာင့္ ရင္တမမျဖစ္လာသည္...
မနက္မိုးလင္းလို့ အိမ္ေရွ႕မွာ မဏၭပ္ေဆာက္ခ်ိန္မွာလဲ ေကာင္းေဇလင္းကိုယ္တိုင္ ဦးေဆာင္းေပးျဖစ္သလို အသုဘခ်ခ်ိန္နဲ႔ ရက္လည္ဆြမ္းေကၽြးေန႔အထိ ေကာင္းေဇလင္း တစ္ရက္မွ ေကာင္းေကာင္းအနားမယူျဖစ္ခဲ့...
မဏၭပ္ျပန္ဖ်က္ၿပီးမွသာ ေကာင္းေဇလင္း စိတ္ခ်လက္ခ်နားနိုင္ေတာ့သည္...
အိမ္ေရွ႕ကြပ္ပ်စ္မွာ ထိုင္ေနမိတုန္း ေကာင္းေဇလင္းနား လာထိုင္သည့္ အန္တီနီတာရဲ...
"သားလင္းလဲ ပင္ပန္းေနပါၿပီကြယ္... သားကို အန္တီ တကယ္ေက်းဇူးတင္ပါတယ္..."
သူ(မ)အတြက္ တကယ္အားကိုရတဲ့ သားတစ္ေယာက္ ေကာက္ရလိုက္သလိုဘဲဆိုတာသိသလို ကိုယ့္မိသားစုအေရးေၾကာင့္ပင္ပန္းေနတဲ့ ကေလးတစ္ေယာက္ကို ဘာမွထပ္မေျပာထြက္ေတာ့၍ သားလင္းေဘးမွာသာ တိတ္တဆိတ္ထိုင္ေနမိေတာ့သည္...
ထိုစဥ္...
"နင္သူခိုးမ!..."
"အာ့..."
နီတာရဲ့ ဆံပင္ကိုေဆာင့္ဆြဲၿပီး စြပ္စြဲလာတဲ့ ေဖႀကီး...
နီတာ ျပန္႐ုန္းထြက္ၿပီး
"ေဖႀကီး ပိုက္ဆံကို နီတာမယူဘူးလို့ေျပာေနတယ္မလား..."
နီတာ စကားေျပာခ်င္စိတ္ေတာင္ မရွိေတာ့ဘူး... ေဖႀကီး သိပ္လြန္ေနၿပီ...
"နင္မယူရင္ ငါ့အိတ္ထဲက ပိုက္ဆံ၂၀၀က ဘယ္ေရာက္သြားလဲ..."
ေအာက္ေျခေပါက္ေနတဲ့ အကၤ်ီအိတ္ကပ္ကို ျဖဲျပၿပီး ေျပာလာတာေၾကာင့္ နီတာ စိတ္မထိန္းနိုင္ေတာ့ဘူး... ေခါင္းထဲပူထူလာၿပီး ငိုပါငိုခ်လိုက္မိသည္...
"ေဖႀကီးအတြက္ ပိုက္ဆံ၂၀၀က သိပ္အေရးႀကီးေနတာလား... ေမႀကီး ဘယ္ေရာက္သြားလဲဆိုတာေရာ နည္းနည္းမွမသိခ်င္ဘူးလား..."
"နီတာ!..."
ရဲတာ လွမ္းတားလိုက္ေတာ့ ဒူးပိုက္ကာ မ်က္ႏွာဖြက္ၿပီး ငိုခ်ေတာ့သည္...
ေမႀကီးရဲ့ေျမခ်ခ်ိန္မွာေတာင္ အိမ္ထဲကေန ေခၚထုတ္လို့မရတဲ့ေဖႀကီးကို တကယ္ဘဲ စိတ္နာခ်င္လာၿပီ... ေဖႀကီးဝဠ္ေတြအမ်ားႀကီး ခံသြားရတဲ့ ေမႀကီးကို နည္းနည္းေလးေတာင္ ေမးေဖာ္မရဘူး...
အိမ္ေပၚက အသံေတြေၾကာင့္ ေကာင္းေဇလင္းတို့ အိမ္ေပၚေျပးတက္လာေတာ့ ဒူးပိုက္ကာ ရွိုက္ႀကီးတငင္ငိုေနတဲ့ နီတာ့အား ေတြ႕ရေတာ့သည္...
အဖြားေျမခ်ခ်ိန္မွာေတာင္ မ်က္ရည္မက်တဲ့ ေကာင္မေလးက အခုေတာ့ ထိန္းထားသမၽွတစ္ခါတည္း လႊတ္ခ်လိုက္ၿပီဘဲ...
"ဘာျဖစ္ၾကတာလဲ..."
နီတာရဲ သားျဖစ္သူကို ေမးလိုက္ေသာ္လည္း ဘာမွျပန္မေျပာလာခဲ့...
"အေဖက သူ႔ပိုက္ဆံႏွစ္ရာေပ်ာက္တာကို နီတာ ယူတာဆိုၿပီးစြပ္စြဲရင္း အခုလိုျဖစ္ကုန္တာ..."
ဥမၼာက အစားဝင္ေျပာျပလိုက္မွဘဲ အေဖ့ကို သတိရေအာင္လုပ္မိသလို ျဖစ္သြားေတာ့သည္...
နီတာ့ကို လက္ညႇိုးထိုလာၿပီး
"သူ သူခိုးမ... သူ ငါ့ပိုက္ဆံကို ယူသြားတာ..."
နီတာရဲ အေဖ့နားသြားၿပီး လက္ကိုဆြဲကာ ဆက္မေျပာရန္တားရေတာ့သည္...
"ေတာ္ပါေတာ့အေဖရယ္ ထြက္သြားတဲ့အေမ့ကို စိတ္မေျဖာင့္ေအာင္ မလုပ္ပါနဲ႔ေတာ့... သမီးေတာင္းပန္ပါတယ္..."
ေကာင္းေဇလင္းလဲ မေနနိုင္ေတာ့၍ ပိုက္ဆံအိတ္ထဲက ႏွစ္ရာတန္အသစ္တစ္ရြက္ကို အဖိုးလက္ထဲထည့္ေပးရေတာ့သည္...
ထိုခ်ိန္မွာမွ အခ်ိန္ကိုက္ အိမ္ထဲေျပးဝင္လာသည့္ ဖိုးခြားဆီ အၾကည့္ေတြေရာက္သြားၾကေတာ့၏...
နီတာလဲ ငိုေနရာမွ အခ်ိန္ကိုက္ကို ေခါင္းေထာင္မိတာေၾကာင့္ ဖိုးခြားလက္ထဲက စုပ္လုံးကိုေတြ႕လိုက္ရ၍
"ေသနာေလး..." လို့ တီးတိုးေရရြတ္လိုက္တယ္...
*******
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတဲ့ အေဖ့ကို ယပ္ခတ္ေပးေနရင္း စိတ္ထဲမေကာင္းျဖစ္လာရသည္...
အေမ့နာေရးၿပီးၿပီျဖစ္တာေၾကာင့္ နီတာရဲ ျပန္ရေတာ့မည္ျဖစ္သည္... ေက်ာင္းပ်က္ရက္မ်ားေနၿပီမို့ ထပ္ေနလို့လဲ မျဖစ္ေတာ့ဘူး... အိမ္ထဲက အိမ္ျပင္ေခၚထုတ္လို့မရတဲ့အေဖ့ကိုလဲ ထားခဲ့႐ုံမွတစ္ပါး ေရြးခ်ယ္စရာမရွိေတာ့...
နီတာရဲ ယပ္ခတ္ေပးေနတုန္း မ်က္လုံးျပန္ဖြင့္လာၿပီး ထထိုင္လာတာေၾကာင့္...
"ဘာျဖစ္လို့လဲ အိမ္သာတက္ခ်င္လို့လား..." လို့ ေမးလိုက္ေတာ့...
နီတာရဲကို ငိုမဲ့မဲ့နဲ႔ၾကည့္လာတဲ့အေဖဟာ ရွိုက္သံေလးနဲ႔
"သမီးႀကီး..." လို့ေခၚလာသည္ကို တုန္ယင္ေနသည့္အသံျဖင့္သာ
"ရွင္..." လို့ ျပန္ထူးျဖစ္သည္...
"သမီးတို့အေမ အေဖ့ကိုထားသြားၿပီ... သမီးတို့အေမ အေဖ့ကို တကယ္ထားသြားၿပီး..."
ဝမ္းနည္းပက္လက္ေအာ္ငိုလာတဲ့အေဖ့ကို ဖက္ၿပီး အတူငိုေႂကြးမိေတာ့သည္...
"အေဖရယ္ ဘာလို့မ်ား မသိခ်င္ေယာင္ေဆာင္ေနရတာလဲ..."
"အေဖတစ္ေယာက္တည္း က်န္ခဲ့ၿပီ... အီးဟီး... အေဖ့ကို ေဒၚၾကည္ထားသြားၿပီ..."
အခန္းထဲမွာ အိပ္ေနသည့္ နီတာတို့လဲ ငိုသံေၾကာင့္ ထြက္ၾကည့္မိသည္...
တီေလးကေတာ့ အေမနဲ႔ေဖႀကီးကိုဖက္ကာ ဝင္ငိုေနၿပီျဖစ္သည္...
ရဲတာသည္လဲ ကိုလင္းရင္ခြင္ထဲဝင္ကာ ငိုေနၿပီျဖစ္သလို နီတာလဲ ေနာက္တစ္ႀကိမ္မ်က္ရည္က်ရျပန္ေလၿပီ...
အဖိုးဟာ သူက်န္ရစ္ခဲ့သည္ကို လက္မခံခ်င္ခဲ့တာေၾကာင့္ မသိခ်င္ေယာင္ေဆာင္ေနခဲ့႐ုံသာ... တကယ္မသိတာမဟုတ္ခဲ့... သို့ေသာ္ ၾကာၾကာလဲ ဟန္မေဆာင္နိုင္ခဲ့ေပ...
ေဒၚနီတာရဲမွာ သူ(မ)ဖခင္ကိုဖက္ကာ ငိုေႂကြးေနလ်က္ သားျဖစ္သူက ေကာင္းေဇလင္းရင္ခြင္ထဲ အားကိုးတႀကီးတိုးဝင္ေနသည္ကို ကုန္ပါၿပီဆိုတဲ့ အၾကည့္နဲ႔ၾကည့္ေနကိုေတာ့...
..............................