(Unicode)
အပိုင်း(၁၂)
ကျိန်စာအသက်ဝင်ခြင်း
"တကယ်မသွားဘူးလား..."
"မသွားဘူး..."
လုံးဝစိတ်ဆုံးဖြတ်ထားတဲ့ပုံစံနဲ့ကို ပြတ်ပြတ်သားသားပြောလာခဲ့သည်...
လက်ရှိအခြေနေဟာဆိုရင်ဖြင့် သင်တန်းမတက်တော့ဘူးလို့ ဆုံးဖြတ်ထားကာ မနက်စာမုန့်ဟင်းခါးကိုစိန်ပြေနပြေစားနေသည့်နီတာအား သင်တန်းသွားခါနီး ရဲတာက သေချာအောင်မေးနေခြင်းပင်ဖြစ်၏...
ကျောင်းထမင်းချိုင့်ထုတ်နေသည့် ဒေါ်နီတာရဲမှာ သားဖြစ်သူအား လှမ်းငေါက်တော့သည်...
"ကလေးက မသွားဘူးလို့ပြောနေတာကို ဘာလို့ရစ်နေတာလဲ... ကိုယ့်ဘာသာ သွားစရာရှိတာသွား..."
"... ... ..."
မသွားဘူးလို့ဆုံးဖြတ်ထားတဲ့ နီတာပါ ကြောင်အမ်းသွားသည်... ဒါ နီတာ့အမေရော ဟုတ်ရဲ့လား... ဘာတဲ့ ကလေးတဲ့... အခု နီတာကို ကလေးလို့ သုံးနှုန်းလိုက်တာလား...
ပုံမှန်ဆို မတက်ရအောင် အလကားတက်ရတဲ့ သင်တန်းထင်နေတာလား... သွားတက်စမ်း! ဆိုပြီး အဟောက်ခံရမှာလေ... အဲ့တာမှ ပုံမှန်ဖြစ်မှာပေါ့...
ရဲတာနားကပ်ပြီး ကပ်တိုးလေးပြောမိသည်...
"အမေ့ကို ဆေးခန်းပြသင့်လား... ပုံမှန်မဟုတ်သလိုဘဲ..."
ရဲတာ မထောက်ခံဘဲ ခေါင်းခါပြလိုက်တယ်...
"ပုံမှန်ပါဘဲ..." လို့ ပြောပြီး တစ်ယောက်တည်း သင်တန်းသို့ထွက်လာခဲ့လိုက်၏...
သင်တန်းချိန် ၂နာရီလုံး မဝင့်ရဲ့အကြည့်တွေဟာ ရဲတာဘေးက နေရာလွတ်ထံ အကြိမ်မရေမတွက်နိုင်အောင် ကျရောက်လာခဲ့သည်...
အိန္ဒြေတောင် မဆည်နိုင်တဲ့အထိ ဖြစ်နေတာကြောင့် ရဲတာ လေသံဖြင့် ခပ်မဲ့မဲ့ပြောလိုက်သည်က...
"လူရှိတုန်းကကျ မသိချင်ယောင်ဆောင်ပြီး နေရာလွတ်ဖြစ်တော့မှဘဲ တသသနဲ့ကြည့်နေတယ်..."
နေရာလွတ်လေးတစ်ခုက တကယ့်ကိုရင်ပူစရာကောင်းလွန်းသည်... အတန်းပြီးသွားချိန်မှာတော့ မနေနိုင်တော့ဘဲ ရဲတာဆီ သွားကာ မေးကြည့်မိတော့သည်...
စာအုပ်သိမ်းနေစဉ်မှာ မဝင့် ရဲတာနားရောက်လာခဲ့သည်...
"နီတာ ဘာလို့သင်တန်းမလာတာလဲ... နေမကောင်းလို့လား..."
"ဟမ့်..."
ရဲတာ ရယ်သံပင်ထွက်သွားရတဲ့ မေးခွန်းပေ...
စိုးရိမ်စိတ်ပြည့်နေတဲ့ မဝင့်ရဲ့ မျက်နှာကို သေချာကြည့်လိုက်ပြီး...
"နီတာက စိတ်ပြောင်းလဲအရမ်းမြန်တာ... ဆယ်တန်းစာမေးပွဲဖြေပြီးလို့ လက်လျားလက်လျားဖြစ်နေတုန်း မဝင့်ကို သဘောကျခဲ့တာ... လပိုင်းဘဲရှိသေးရင်တောင် နီတာ့အတွက်ကတော့ ဇွဲတော်တော်ကောင်းနေတယ်လို့ပြောရမယ်..."
ရဲတာ နောက်ဆုံးအနေနဲ့စကားတစ်ခွန်းပြောခဲ့ပြီး ထွက်လာလိုက်တယ်...
"မဝင့်ဘက်က မဆွဲထားရင် နီတာ တကယ်စိတ်ပြောင်းသွားနိုင်တယ်..."
ကျန်ခဲ့တဲ့သူက ဘယ်လိုဖြစ်နေမလဲ မသိပေမယ့် ရဲတာကတော့ ပြုံးစိစိဖြစ်နေသည်... ကိုယ့်ညီမရဲ့ မျောက်စိတ်ဆိုတာ ကြိုက်နေတဲ့အရာကို မကြိုက်တော့တာမဟုတ်ဘဲ အခုစိတ်ကောက်ရင် ခနနေစိတ်ပြန်ပြေပြီး အခုဗိုက်မဆာရင် ခနနေ ဗိုက်ဆာတတ်တဲ့ မျောက်စိတ်မို့ပေါ့...
ရဲတာ ထားခဲ့ရာနေရာမှာတင် ကျန်ခဲ့သည့် ဝင့်ရတီကတော့ ပုံမှန်စိတ်အခြေဆီသို့ တော်ရုံနဲ့ပြန်ရောက်မလာတော့ပေ...
ဝလုံးလေးကို သွားမကျိုခင်မှာပင် အိမ်ပြန်လွှတ်ခဲ့တဲ့ ရှေ့ရက်တွေက ရတီ့အတွေးကို စိုးမိုးလာသည်... ကောင်မလေး တကယ်စိတ်ပြောင်းသွားပြီလား...
ရဲတာရဲ့ သဘောခွီးနေတဲ့မျက်နှာဟာ သင်တန်းရှေ့ရောက်တော့ တည်တင်းသွားတော့သည်...
သူက ဘယ်လိုလုပ်...
ကားကိုစတိုင်ကျကျမှီရပ်နေတဲ့ ချောမောလွန်းသည့်ထိုသူအား သင်တန်းထဲက ထွက်လာသည့် မိန်းမငယ်လေးတွေက ကွက်ကြည့်ကွက်ကြည့်သာမဟုတ်ဘဲ ပေါ်တင်ကြည့်နေကြသည်...
ရဲတာကတော့ ထိုသူ့ရှေ့တည့်တည့်မှာ သွားရပ်လိုက်ပြီး
"ကျွန်တော် ဒီမှာသင်တန်းတက်နေတာကို ဘယ်လိုသိတာလဲ..." လို့ မေးလိုက်တော့
"နီတာပြောပြတာ..." ဟု ပြန်ဖြေလာသည်...
သေနာမလေး... ရဲတာ စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်...
"ကိုယ် ညီ့ကိုပြောစရာရှိလို့ အချိန်ခနပေးပါလား..."
ရဲတာ မအံ့ဩမိသလို တွေဝေနေခြင်းလဲ ရှိမနေဘဲ ထိုသူခေါ်ရာနောက် လိုက်ခဲ့လိုက်သည်... အခုလိုအချိန်မျိုးက တစ်နေ့မဟုတ်တစ်နေ့တော့ ရောက်လာမှာကို သိနေသည်မို့ပေါ့...
ရဲတာကိုခေါ်လာသည့်နေရာက Ocean Centerဘေးရှိ သံလွင်ဥယာဉ်ထဲသို့ ဖြစ်သည်...
ဥယာဉ်ထဲရှိ ခုံတန်းတစ်ခုဆီလျှောက်လာကြသော လမ်းတစ်လျှောက်တိတ်ဆိတ်နေသလို ခုံတန်းဆီရောက်ချိန်မှာလဲ နှစ်ယောက်လုံးက မျက်နှာချင်းဆိုင် မတ်တပ်ရပ်အနေအထားဖြစ်သာရှိနေသည်...
ကောင်းဇေလင်း အချိန်မဆွဲချင်တော့တာကြောင့်...
"ကိုယ် ညီ့ကို ချစ်တယ်..."
ထင်မှတ်ပြီးသား စကားဖြစ်တာကြောင့် ရဲတာ မျက်နှာမှာ ပြောင်းလဲမှုတစ်စုံတစ်ရာရှိမနေခဲ့...
"ကျွန်တော့်ကတော့ မချစ်ဘူး... ဘာခံစားချက်မှလဲမရှိဘူး..."
တစ်ခါတည်း အပြတ်ငြင်းခံလိုက်ရ၍ ရင်ထဲအောင့်သက်သက်ဖြစ်သွားပေမယ့် ကောင်းဇေလင်း အမူအရာမပျက်သွားဘဲ...
"လိမ်နေတာ..."
လုံးဝယုံကြည်ချက်ပြည့်နေတဲ့အသံနဲ့ ပြောလာ၍ ရဲတာအကြည့်တို့ ခက်ထန်သွားရ၏...
"ကိုယ်ညတိုင်းလာတွေ့တာကိုလဲ ညီထွက်တွေ့သလို အခုလဲ မငြင်းဘဲလိုက်လာခဲ့တယ်လေ... ဒါကြောင့် ကိုယ့်အပေါ်ဘာခံစားချက်မှမရှိတာ မဖြစ်နိုင်ဘူး..."
"ကျွန်တော်ထွက်မတွေ့ရင် မပြန်လို့ ထွက်တွေ့တာ... အခုကလဲ ပြောစရာရှိတယ်ဆိုလို့ လိုက်လာခဲ့တာ..."
ရဲတာ အသံကိုဆောင့်ထွက်ပြီး ပြောလိုက်သည်... ဒီလူက ရှက်ကြောပျက်နေတာလား... ဒါမှမဟုတ် ယုံကြည်ချက်လွန်ကဲနေတာလား...
"ပြောစရာဆိုတာ ညီ့ကို ချစ်တယ်ဆိုတာလေ... ညီ မသိဘဲလိုက်ခဲ့တာလို့တော့ မပြောနဲ့..."
"ဆော့ကစားဖို့ ဝါသနာမပါဘူးဆို..."
ရုတ်တရက်ကြီး ငိုချလိုက်တာကြောင့် ကောင်းဇေလင်း ပြာယာခတ်သွားသည်... မျက်ရည်သုတ်ပေးရန် ပါးပြင်ထက်လက်လှမ်းလိုက်သော်လည်း မျက်ရည်စတွေရစ်ဝိုင်းနေမျက်ဝန်းရဲ့ စူးစူးရဲရဲစိုက်ကြည့်ခံလိုက်ရတာကြောင့် လက်ကိုပြန်ရုတ်လိုက်ရသည်...
ကောင်းဇေလင်း အသံကို နူးညံ့သမျှနူးညံ့အောင် ပြောရတော့၏...
"ကိုယ်ပြောတာကိုတာကို ညီဘယ်လို တွေးခဲ့တာလဲ... ညီ့ကို ဆော့ကစားဖို့ ဝါသနာမပါဘူးဆိုတာ တကယ်ချစ်တာမို့..."
"မချစ်ဘူးလို့ ပြောနေတယ်မလား!!..."
မျက်ရည်အပြည့်နဲ့ ဖိအော်လာခဲ့သည်...
"ကျွန်တော်ကလဲ မချစ်ဘူးလို့ပြန်ပြောလိုက်တယ်လေ..."
ကောင်းဇေလင်း ကောင်လေးရဲ့ မျက်ဝန်းတွေကို သေချာစိုက်ကြည့်လိုက်ကာ...
"တကယ်လား... တကယ်မချစ်ဘူးလား..."
"မချစ်ဘူး..."
အကြည့်တို့ကို ရှောင်ဖယ်ပြီး ငြင်းလာသည်ကြောင့် ကျေကျေနပ်နပ်ကို ပြုံးမိပါသည်... ရပြီ ဒီလောက်ဆို ရပြီမို့ ကောင်လေးကို ဆက်ငိုခွင့်မပေးနိုင်တော့ဘူး...
"ဟုတ်ပြီ... မချစ်တာကိုသိပြီမို့ မငိုနဲ့တော့နော်..."
လူကို ကလေးတစ်ယောက်လို ချော့မြူလာတာကြောင့် စိတ်ထဲတင်းကနဲဖြစ်သွားသည်...
မျက်ရည်တွေကို လက်ခုံနဲ့ အကြမ်းပတမ်းဖယ်ရှားလိုက်ပြီး အိမ်ပြန်ဖို့ ထွက်လာခဲ့လိုက်တယ်...
ရဲတာ ထိုသူကို ချစ်ရင်တောင် ရင်ထဲမှာဘဲ သိမ်းထားလိုက်တော့မယ်... မယုံရဲတာမို့...
"ညီ..."
နောက်ကလှမ်းခေါ်နေသူကို လှည့်မကြည့်ဘဲ...
"လိုက်မလာနဲ့!!!..."
အသံကုန်ခြစ်အော်လာတာကြောင့် ကောင်းဇေလင်း ခြေလှမ်းတို့ တုံ့ကနဲရပ်တန့်သွားသည်...
ထွက်သွားတဲ့ ကျောပြင်လေးကို ငေးကျန်ခဲ့ရင်း...
"မလိုက်တာကဟုတ်ပါပြီ လွယ်အိတ်က ကားထဲမှာကျန်ခဲ့တာကို ဘယ်လိုလုပ်ရမလဲ..."
*******
အိမ်ထဲမဝင်ခင် ငိုထားတာမသိသာအောင် အသက်ကိုပြင်းပြင်းရှူလိုက်သည်...
ဧည့်ခန်းထဲ TVထိုင်ကြည့်နေတဲ့ အမေမှာ ရဲတာ ဝင်လာတာမှန်းသိတော့ တစ်ချက်လေးတောင် ကြည့်မလာဘဲ
"ရေခဲသေတ္တာထဲမှာ ဒိန်ချဉ်တစ်ယောက်တစ်ခွက်ထည့်ထားပေးတယ်... နင့်ညီမဟာ သွားမသောက်နဲ့နော်..."
"ဟုတ်..."
စားချင်စိတ်ရှိမနေသော်လည်း စိတ်ထဲမတင်မကျဖြစ်နေလို့ နောက်ဖေးခန်းထဲဝင်ချလာလိုက်ချိန် ထမင်းစားပွဲထိုင်ပြီး ဒိန်ချဉ်သောက်နေတဲ့ ညီမစုတ်ကိုတွေ့ရတော့သည်... ဘေးမှာလဲ သောက်ပြီးသား ခွက်အလွတ်က ရှိနေသေးတယ်...
ညီမစုတ်ကိုမြင်မှ နားထဲပြန်ကြားယောင်လာတဲ့ စကားတစ်ခွန်းရှိ၏...
"နင့်crushအလှည့်ကျရင် ငါ့ထက်ဆိုးတဲ့ အဖြစ်နဲ့ ကြုံပါစေ..."
သင်း ကျိန်စာတိုက်ခဲ့လို့ ရဲတာ အခုလို အဖြစ်ဆိုးနေတာ... ကိုယ်ချစ်တဲ့သူက ချစ်တယ်လို့ပြောလာတာတောင် လှည့်စားခံရမှာကြောက်လို့ ဘူးခံငြင်းခဲရတဲ့ဘဝ... အဲ့တာတွေက သင်းပါးစပ်စီးလို့ ဖြစ်တာ...
အစ်ကိုဖြစ်သူရဲ့ ဝေစုကိုပါ ယူသောက်မိတာကြောင့် မျက်နှာချိုသွေးပြီး ပြုံးပြလိုက်သော်လည်း အံကြိတ်ပြီး နီတာ့ကို နာကျည်းစွာစိုက်ကြည့်လာကာ မျက်ရည်ကလဲ ပိုးပိုးပေါက်ပေါက်ကျနေပြီး မတရားအနိုင်ကျင့်ခံရသလို လုပ်နေသည်ကြောင့် ကြောင်တောင်တောင်ပါ ဖြစ်သွားရတယ်...
ဘာဖြစ်နေတာလဲ...
ပလက်ကျွတ်နေပြီလား...
"ဒိန်ချဉ်က အရမ်းကောင်းလို့ နင့်ဟာပါယူသောက်မိတာပါ..." လို့ အကြည့်နဲ့ တောင်းပန်ကာ ရှင်းပြလိုက်မှ နင့်နင့်သည်းသည်းကြည့်ကာပြောလာသည့် ရဲတာရဲ့ စကားတစ်ခွန်းကြောင့် နောက်ဖေးခန်းမှာ သတ်ပွဲဖြစ်ကုန်တော့သည်...
"စုန်းမ..."
"ဘာ!... နင်ငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ..."
စားပွဲကို ဒုန်းကနဲရိုက်ချပြီး ဒေါကြီးမောကြီးနဲ့ မေးလိုက်သည်...
"နင့် ဒိန်ချဉ်လေးယူသောက်မိတာကို ငါ့ကို စုန်းမလို့ ခေါ်တယ်ပေါ့လေ..."
အိမ်နောက်က ဂလုံဂလွမ်အသံတွေကြောင့် နီတာရဲ အလန့်တကြားနဲ့ ပြေးကြည့်ရတော့သည်...
နီတာရဲ မြင်ရသည့်အနေအထားကတော့ တစ်ယောက်ဆံပင်တစ်ယောက်ဆွဲကာ အိတ်ကြိတ်ပြီး အကြည့်တွေနဲ့ စောင်းချိတ်နေတဲ့ မောင်နှမနှစ်ယောက်ရယ် ကြမ်းပြင်ပေါ်က ဖန်ခွက်ကွဲစတွေရယ်သာဖြစ်သည်...
မေတ္တာတုံးအစ်ကိုရဲ့ ဆံပင်ကို လက်နှစ်ဖက်နဲ့ ပိုတင်းတင်းဆုတ်ကိုင်လိုက်ပြီး
"ကိုယ့်ညီမ စိတ်အခြေနေမကောင်းတာသိသားနဲ့ ဒိန်ချဉ်လေးတစ်ခွက်တောင် မသထာဘူးပေါ့လေ..." လို့ ပြောလိုက်တော့ နီတာ့ဆံပင် ဆောင့်ဆွဲခံလိုက်ရသည်...
"အာ့..."
"စိတ်အခြေနေမကောင်းရအောင် နင်က ဂေါက်နေလို့လား..."
နီတာကလဲ အားကျမခံပြန်ဆောင့်ဆွဲလိုက်ပြီး
"နင်ကမှ ပလက်ကျွတ်နေတာ ရဲတာစုတ်ရဲ..."
တစ်ယောက်ကိုတစ်ယောက် မခံချင်အောင်ပြောရင်း အရှိန်တက်နေတဲ့ရန်ပွဲဟာ ခွေးမောင်းသလို မောင်းခံရတော့သည်...
"ဟမ်... ခွေးနှစ်ကောင်... နင်တို့ကိုက်လို့ ငါ့အိမ်က ပစ္စည်းတွေလဲ ကုန်ပြီ..."
ဒေါ်နီတာရဲမှာ ပြောလဲပြော ရိုက်လဲရိုက်နေတော့သည်...
"ဒီအသက်အရွယ်ထိရောက်နေပြီ ငါ့ကို ဒုတ်ကိုင်ရအောင် လုပ်တဲ့နှစ်ကောင် ကဲဟယ်..."
တံမြတ်စည်ရိုးနဲ့ ခြေတလုံးတွေကို နာနာရိုက်ပြီး တစ်နေရာဆီအခွဲခံရတော့ ရဲတာက တိတ်တဆိတ်သာ နှုတ်ပိတ်ပြီး အရိုက်ခံနေသော်လည်း...
"အား... အမေ... ဘာလို့ သမီးကိုဘဲ ရိုက်နေရတာလဲ... အမေ့သားက သမီးကို စုန်းမလို့ခေါ်တာလေ!!!... အီးဟီး..."
"ငါ့ကို အော်တယ်ပေါ့လေ... ဟမ်..."
အရိုက်သက်သာအောင် ပြောလိုက်သော်လည်း ရိုက်ချက်တွေက နီတာ့ဆီသာ စုပြုံလာခဲ့သည်...
ပြီးနောက် ရဲတာဘက်လှည့်လာပြီး
"နင်ကရော ကိုယ့်ညီကို ဘာလို့မညှာရတာလဲ..." လို့ မေးလာသည်...
"သူ သားဒိန်ချဉ်ကို သောက်လိုက်တယ်..."
နီတာရဲ ပြောရဲတယ်နော်လို့သာ သားဖြစ်သူကို ကြည့်လိုက်ပြီး ခြေတစ်လုံးပေါ် ဒုတ်တစ်ချက်တင်ပေးလိုက်သည်...
"နင်တို့ နှစ်ယောက်လုံးက အတူတူဘဲ... ဘယ်သူ့မှ လွှဲချမနေနဲ့..."
..............................
(Zawgyi)
အပိုင္း(၁၂)
က်ိန္စာအသက္ဝင္ျခင္း
"တကယ္မသြားဘူးလား..."
"မသြားဘူး..."
လုံးဝစိတ္ဆုံးျဖတ္ထားတဲ့ပုံစံနဲ႔ကို ျပတ္ျပတ္သားသားေျပာလာခဲ့သည္...
လက္ရွိအေျခေနဟာဆိုရင္ျဖင့္ သင္တန္းမတက္ေတာ့ဘူးလို့ ဆုံးျဖတ္ထားကာ မနက္စာမုန႔္ဟင္းခါးကိုစိန္ေျပနေျပစားေနသည့္နီတာအား သင္တန္းသြားခါနီး ရဲတာက ေသခ်ာေအာင္ေမးေနျခင္းပင္ျဖစ္၏...
ေက်ာင္းထမင္းခ်ိဳင့္ထုတ္ေနသည့္ ေဒၚနီတာရဲမွာ သားျဖစ္သူအား လွမ္းေငါက္ေတာ့သည္...
"ကေလးက မသြားဘူးလို့ေျပာေနတာကို ဘာလို့ရစ္ေနတာလဲ... ကိုယ့္ဘာသာ သြားစရာရွိတာသြား..."
"... ... ..."
မသြားဘူးလို့ဆုံးျဖတ္ထားတဲ့ နီတာပါ ေၾကာင္အမ္းသြားသည္... ဒါ နီတာ့အေမေရာ ဟုတ္ရဲ့လား... ဘာတဲ့ ကေလးတဲ့... အခု နီတာကို ကေလးလို့ သုံးႏွုန္းလိုက္တာလား...
ပုံမွန္ဆို မတက္ရေအာင္ အလကားတက္ရတဲ့ သင္တန္းထင္ေနတာလား... သြားတက္စမ္း! ဆိုၿပီး အေဟာက္ခံရမွာေလ... အဲ့တာမွ ပုံမွန္ျဖစ္မွာေပါ့...
ရဲတာနားကပ္ၿပီး ကပ္တိုးေလးေျပာမိသည္...
"အေမ့ကို ေဆးခန္းျပသင့္လား... ပုံမွန္မဟုတ္သလိုဘဲ..."
ရဲတာ မေထာက္ခံဘဲ ေခါင္းခါျပလိုက္တယ္...
"ပုံမွန္ပါဘဲ..." လို့ ေျပာၿပီး တစ္ေယာက္တည္း သင္တန္းသို့ထြက္လာခဲ့လိုက္၏...
သင္တန္းခ်ိန္ ၂နာရီလုံး မဝင့္ရဲ့အၾကည့္ေတြဟာ ရဲတာေဘးက ေနရာလြတ္ထံ အႀကိမ္မေရမတြက္နိုင္ေအာင္ က်ေရာက္လာခဲ့သည္...
အိေျႏၵေတာင္ မဆည္နိုင္တဲ့အထိ ျဖစ္ေနတာေၾကာင့္ ရဲတာ ေလသံျဖင့္ ခပ္မဲ့မဲ့ေျပာလိုက္သည္က...
"လူရွိတုန္းကက် မသိခ်င္ေယာင္ေဆာင္ၿပီး ေနရာလြတ္ျဖစ္ေတာ့မွဘဲ တသသနဲ႔ၾကည့္ေနတယ္..."
ေနရာလြတ္ေလးတစ္ခုက တကယ့္ကိုရင္ပူစရာေကာင္းလြန္းသည္... အတန္းၿပီးသြားခ်ိန္မွာေတာ့ မေနနိုင္ေတာ့ဘဲ ရဲတာဆီ သြားကာ ေမးၾကည့္မိေတာ့သည္...
စာအုပ္သိမ္းေနစဥ္မွာ မဝင့္ ရဲတာနားေရာက္လာခဲ့သည္...
"နီတာ ဘာလို့သင္တန္းမလာတာလဲ... ေနမေကာင္းလို့လား..."
"ဟမ့္..."
ရဲတာ ရယ္သံပင္ထြက္သြားရတဲ့ ေမးခြန္းေပ...
စိုးရိမ္စိတ္ျပည့္ေနတဲ့ မဝင့္ရဲ့ မ်က္ႏွာကို ေသခ်ာၾကည့္လိုက္ၿပီး...
"နီတာက စိတ္ေျပာင္းလဲအရမ္းျမန္တာ... ဆယ္တန္းစာေမးပြဲေျဖၿပီးလို့ လက္လ်ားလက္လ်ားျဖစ္ေနတုန္း မဝင့္ကို သေဘာက်ခဲ့တာ... လပိုင္းဘဲရွိေသးရင္ေတာင္ နီတာ့အတြက္ကေတာ့ ဇြဲေတာ္ေတာ္ေကာင္းေနတယ္လို့ေျပာရမယ္..."
ရဲတာ ေနာက္ဆုံးအေနနဲ႔စကားတစ္ခြန္းေျပာခဲ့ၿပီး ထြက္လာလိုက္တယ္...
"မဝင့္ဘက္က မဆြဲထားရင္ နီတာ တကယ္စိတ္ေျပာင္းသြားနိုင္တယ္..."
က်န္ခဲ့တဲ့သူက ဘယ္လိုျဖစ္ေနမလဲ မသိေပမယ့္ ရဲတာကေတာ့ ျပဳံးစိစိျဖစ္ေနသည္... ကိုယ့္ညီမရဲ့ ေမ်ာက္စိတ္ဆိုတာ ႀကိဳက္ေနတဲ့အရာကို မႀကိဳက္ေတာ့တာမဟုတ္ဘဲ အခုစိတ္ေကာက္ရင္ ခနေနစိတ္ျပန္ေျပၿပီး အခုဗိုက္မဆာရင္ ခနေန ဗိုက္ဆာတတ္တဲ့ ေမ်ာက္စိတ္မို့ေပါ့...
ရဲတာ ထားခဲ့ရာေနရာမွာတင္ က်န္ခဲ့သည့္ ဝင့္ရတီကေတာ့ ပုံမွန္စိတ္အေျခဆီသို့ ေတာ္႐ုံနဲ႔ျပန္ေရာက္မလာေတာ့ေပ...
ဝလုံးေလးကို သြားမက်ိဳခင္မွာပင္ အိမ္ျပန္လႊတ္ခဲ့တဲ့ ေရွ႕ရက္ေတြက ရတီ့အေတြးကို စိုးမိုးလာသည္... ေကာင္မေလး တကယ္စိတ္ေျပာင္းသြားၿပီလား...
ရဲတာရဲ့ သေဘာခြီးေနတဲ့မ်က္ႏွာဟာ သင္တန္းေရွ႕ေရာက္ေတာ့ တည္တင္းသြားေတာ့သည္...
သူက ဘယ္လိုလုပ္...
ကားကိုစတိုင္က်က်မွီရပ္ေနတဲ့ ေခ်ာေမာလြန္းသည့္ထိုသူအား သင္တန္းထဲက ထြက္လာသည့္ မိန္းမငယ္ေလးေတြက ကြက္ၾကည့္ကြက္ၾကည့္သာမဟုတ္ဘဲ ေပၚတင္ၾကည့္ေနၾကသည္...
ရဲတာကေတာ့ ထိုသူ႔ေရွ႕တည့္တည့္မွာ သြားရပ္လိုက္ၿပီး
"ကၽြန္ေတာ္ ဒီမွာသင္တန္းတက္ေနတာကို ဘယ္လိုသိတာလဲ..." လို့ ေမးလိုက္ေတာ့
"နီတာေျပာျပတာ..." ဟု ျပန္ေျဖလာသည္...
ေသနာမေလး... ရဲတာ စိတ္ထဲကေန က်ိန္ဆဲလိုက္သည္...
"ကိုယ္ ညီ့ကိုေျပာစရာရွိလို့ အခ်ိန္ခနေပးပါလား..."
ရဲတာ မအံ့ဩမိသလို ေတြေဝေနျခင္းလဲ ရွိမေနဘဲ ထိုသူေခၚရာေနာက္ လိုက္ခဲ့လိုက္သည္... အခုလိုအခ်ိန္မ်ိဳးက တစ္ေန႔မဟုတ္တစ္ေန႔ေတာ့ ေရာက္လာမွာကို သိေနသည္မို့ေပါ့...
ရဲတာကိုေခၚလာသည့္ေနရာက Ocean Centerေဘးရွိ သံလြင္ဥယာဥ္ထဲသို့ ျဖစ္သည္...
ဥယာဥ္ထဲရွိ ခုံတန္းတစ္ခုဆီေလၽွာက္လာၾကေသာ လမ္းတစ္ေလၽွာက္တိတ္ဆိတ္ေနသလို ခုံတန္းဆီေရာက္ခ်ိန္မွာလဲ ႏွစ္ေယာက္လုံးက မ်က္ႏွာခ်င္းဆိုင္ မတ္တပ္ရပ္အေနအထားျဖစ္သာရွိေနသည္...
ေကာင္းေဇလင္း အခ်ိန္မဆြဲခ်င္ေတာ့တာေၾကာင့္...
"ကိုယ္ ညီ့ကို ခ်စ္တယ္..."
ထင္မွတ္ၿပီးသား စကားျဖစ္တာေၾကာင့္ ရဲတာ မ်က္ႏွာမွာ ေျပာင္းလဲမွုတစ္စုံတစ္ရာရွိမေနခဲ့...
"ကၽြန္ေတာ့္ကေတာ့ မခ်စ္ဘူး... ဘာခံစားခ်က္မွလဲမရွိဘူး..."
တစ္ခါတည္း အျပတ္ျငင္းခံလိုက္ရ၍ ရင္ထဲေအာင့္သက္သက္ျဖစ္သြားေပမယ့္ ေကာင္းေဇလင္း အမူအရာမပ်က္သြားဘဲ...
"လိမ္ေနတာ..."
လုံးဝယုံၾကည္ခ်က္ျပည့္ေနတဲ့အသံနဲ႔ ေျပာလာ၍ ရဲတာအၾကည့္တို့ ခက္ထန္သြားရ၏...
"ကိုယ္ညတိုင္းလာေတြ႕တာကိုလဲ ညီထြက္ေတြ႕သလို အခုလဲ မျငင္းဘဲလိုက္လာခဲ့တယ္ေလ... ဒါေၾကာင့္ ကိုယ့္အေပၚဘာခံစားခ်က္မွမရွိတာ မျဖစ္နိုင္ဘူး..."
"ကၽြန္ေတာ္ထြက္မေတြ႕ရင္ မျပန္လို့ ထြက္ေတြ႕တာ... အခုကလဲ ေျပာစရာရွိတယ္ဆိုလို့ လိုက္လာခဲ့တာ..."
ရဲတာ အသံကိုေဆာင့္ထြက္ၿပီး ေျပာလိုက္သည္... ဒီလူက ရွက္ေၾကာပ်က္ေနတာလား... ဒါမွမဟုတ္ ယုံၾကည္ခ်က္လြန္ကဲေနတာလား...
"ေျပာစရာဆိုတာ ညီ့ကို ခ်စ္တယ္ဆိုတာေလ... ညီ မသိဘဲလိုက္ခဲ့တာလို့ေတာ့ မေျပာနဲ႔..."
"ေဆာ့ကစားဖို့ ဝါသနာမပါဘူးဆို..."
႐ုတ္တရက္ႀကီး ငိုခ်လိုက္တာေၾကာင့္ ေကာင္းေဇလင္း ျပာယာခတ္သြားသည္... မ်က္ရည္သုတ္ေပးရန္ ပါးျပင္ထက္လက္လွမ္းလိုက္ေသာ္လည္း မ်က္ရည္စေတြရစ္ဝိုင္းေနမ်က္ဝန္းရဲ့ စူးစူးရဲရဲစိုက္ၾကည့္ခံလိုက္ရတာေၾကာင့္ လက္ကိုျပန္႐ုတ္လိုက္ရသည္...
ေကာင္းေဇလင္း အသံကို ႏူးညံ့သမၽွႏူးညံ့ေအာင္ ေျပာရေတာ့၏...
"ကိုယ္ေျပာတာကိုတာကို ညီဘယ္လို ေတြးခဲ့တာလဲ... ညီ့ကို ေဆာ့ကစားဖို့ ဝါသနာမပါဘူးဆိုတာ တကယ္ခ်စ္တာမို့..."
"မခ်စ္ဘူးလို့ ေျပာေနတယ္မလား!!..."
မ်က္ရည္အျပည့္နဲ႔ ဖိေအာ္လာခဲ့သည္...
"ကၽြန္ေတာ္ကလဲ မခ်စ္ဘူးလို့ျပန္ေျပာလိုက္တယ္ေလ..."
ေကာင္းေဇလင္း ေကာင္ေလးရဲ့ မ်က္ဝန္းေတြကို ေသခ်ာစိုက္ၾကည့္လိုက္ကာ...
"တကယ္လား... တကယ္မခ်စ္ဘူးလား..."
"မခ်စ္ဘူး..."
အၾကည့္တို့ကို ေရွာင္ဖယ္ၿပီး ျငင္းလာသည္ေၾကာင့္ ေက်ေက်နပ္နပ္ကို ျပဳံးမိပါသည္... ရၿပီ ဒီေလာက္ဆို ရၿပီမို့ ေကာင္ေလးကို ဆက္ငိုခြင့္မေပးနိုင္ေတာ့ဘူး...
"ဟုတ္ၿပီ... မခ်စ္တာကိုသိၿပီမို့ မငိုနဲ႔ေတာ့ေနာ္..."
လူကို ကေလးတစ္ေယာက္လို ေခ်ာ့ျမဴလာတာေၾကာင့္ စိတ္ထဲတင္းကနဲျဖစ္သြားသည္...
မ်က္ရည္ေတြကို လက္ခုံနဲ႔ အၾကမ္းပတမ္းဖယ္ရွားလိုက္ၿပီး အိမ္ျပန္ဖို့ ထြက္လာခဲ့လိုက္တယ္...
ရဲတာ ထိုသူကို ခ်စ္ရင္ေတာင္ ရင္ထဲမွာဘဲ သိမ္းထားလိုက္ေတာ့မယ္... မယုံရဲတာမို့...
"ညီ..."
ေနာက္ကလွမ္းေခၚေနသူကို လွည့္မၾကည့္ဘဲ...
"လိုက္မလာနဲ႔!!!..."
အသံကုန္ျခစ္ေအာ္လာတာေၾကာင့္ ေကာင္းေဇလင္း ေျခလွမ္းတို့ တုံ႔ကနဲရပ္တန႔္သြားသည္...
ထြက္သြားတဲ့ ေက်ာျပင္ေလးကို ေငးက်န္ခဲ့ရင္း...
"မလိုက္တာကဟုတ္ပါၿပီ လြယ္အိတ္က ကားထဲမွာက်န္ခဲ့တာကို ဘယ္လိုလုပ္ရမလဲ..."
*******
အိမ္ထဲမဝင္ခင္ ငိုထားတာမသိသာေအာင္ အသက္ကိုျပင္းျပင္းရွူလိုက္သည္...
ဧည့္ခန္းထဲ TVထိုင္ၾကည့္ေနတဲ့ အေမမွာ ရဲတာ ဝင္လာတာမွန္းသိေတာ့ တစ္ခ်က္ေလးေတာင္ ၾကည့္မလာဘဲ
"ေရခဲေသတၱာထဲမွာ ဒိန္ခ်ဥ္တစ္ေယာက္တစ္ခြက္ထည့္ထားေပးတယ္... နင့္ညီမဟာ သြားမေသာက္နဲ႔ေနာ္..."
"ဟုတ္..."
စားခ်င္စိတ္ရွိမေနေသာ္လည္း စိတ္ထဲမတင္မက်ျဖစ္ေနလို့ ေနာက္ေဖးခန္းထဲဝင္ခ်လာလိုက္ခ်ိန္ ထမင္းစားပြဲထိုင္ၿပီး ဒိန္ခ်ဥ္ေသာက္ေနတဲ့ ညီမစုတ္ကိုေတြ႕ရေတာ့သည္... ေဘးမွာလဲ ေသာက္ၿပီးသား ခြက္အလြတ္က ရွိေနေသးတယ္...
ညီမစုတ္ကိုျမင္မွ နားထဲျပန္ၾကားေယာင္လာတဲ့ စကားတစ္ခြန္းရွိ၏...
"နင့္crushအလွည့္က်ရင္ ငါ့ထက္ဆိုးတဲ့ အျဖစ္နဲ႔ ၾကဳံပါေစ..."
သင္း က်ိန္စာတိုက္ခဲ့လို့ ရဲတာ အခုလို အျဖစ္ဆိုးေနတာ... ကိုယ္ခ်စ္တဲ့သူက ခ်စ္တယ္လို့ေျပာလာတာေတာင္ လွည့္စားခံရမွာေၾကာက္လို့ ဘူးခံျငင္းခဲရတဲ့ဘဝ... အဲ့တာေတြက သင္းပါးစပ္စီးလို့ ျဖစ္တာ...
အစ္ကိုျဖစ္သူရဲ့ ေဝစုကိုပါ ယူေသာက္မိတာေၾကာင့္ မ်က္ႏွာခ်ိဳေသြးၿပီး ျပဳံးျပလိုက္ေသာ္လည္း အံႀကိတ္ၿပီး နီတာ့ကို နာက်ည္းစြာစိုက္ၾကည့္လာကာ မ်က္ရည္ကလဲ ပိုးပိုးေပါက္ေပါက္က်ေနၿပီး မတရားအနိုင္က်င့္ခံရသလို လုပ္ေနသည္ေၾကာင့္ ေၾကာင္ေတာင္ေတာင္ပါ ျဖစ္သြားရတယ္...
ဘာျဖစ္ေနတာလဲ...
ပလက္ကၽြတ္ေနၿပီလား...
"ဒိန္ခ်ဥ္က အရမ္းေကာင္းလို့ နင့္ဟာပါယူေသာက္မိတာပါ..." လို့ အၾကည့္နဲ႔ ေတာင္းပန္ကာ ရွင္းျပလိုက္မွ နင့္နင့္သည္းသည္းၾကည့္ကာေျပာလာသည့္ ရဲတာရဲ့ စကားတစ္ခြန္းေၾကာင့္ ေနာက္ေဖးခန္းမွာ သတ္ပြဲျဖစ္ကုန္ေတာ့သည္...
"စုန္းမ..."
"ဘာ!... နင္ငါ့ကိုဘယ္လိုေခၚလိုက္တာလဲ..."
စားပြဲကို ဒုန္းကနဲရိုက္ခ်ၿပီး ေဒါႀကီးေမာႀကီးနဲ႔ ေမးလိုက္သည္...
"နင့္ ဒိန္ခ်ဥ္ေလးယူေသာက္မိတာကို ငါ့ကို စုန္းမလို့ ေခၚတယ္ေပါ့ေလ..."
အိမ္ေနာက္က ဂလုံဂလြမ္အသံေတြေၾကာင့္ နီတာရဲ အလန႔္တၾကားနဲ႔ ေျပးၾကည့္ရေတာ့သည္...
နီတာရဲ ျမင္ရသည့္အေနအထားကေတာ့ တစ္ေယာက္ဆံပင္တစ္ေယာက္ဆြဲကာ အိတ္ႀကိတ္ၿပီး အၾကည့္ေတြနဲ႔ ေစာင္းခ်ိတ္ေနတဲ့ ေမာင္ႏွမႏွစ္ေယာက္ရယ္ ၾကမ္းျပင္ေပၚက ဖန္ခြက္ကြဲစေတြရယ္သာျဖစ္သည္...
ေမတၱာတုံးအစ္ကိုရဲ့ ဆံပင္ကို လက္ႏွစ္ဖက္နဲ႔ ပိုတင္းတင္းဆုတ္ကိုင္လိုက္ၿပီး
"ကိုယ့္ညီမ စိတ္အေျခေနမေကာင္းတာသိသားနဲ႔ ဒိန္ခ်ဥ္ေလးတစ္ခြက္ေတာင္ မသထာဘူးေပါ့ေလ..." လို့ ေျပာလိုက္ေတာ့ နီတာ့ဆံပင္ ေဆာင့္ဆြဲခံလိုက္ရသည္...
"အာ့..."
"စိတ္အေျခေနမေကာင္းရေအာင္ နင္က ေဂါက္ေနလို့လား..."
နီတာကလဲ အားက်မခံျပန္ေဆာင့္ဆြဲလိုက္ၿပီး
"နင္ကမွ ပလက္ကၽြတ္ေနတာ ရဲတာစုတ္ရဲ..."
တစ္ေယာက္ကိုတစ္ေယာက္ မခံခ်င္ေအာင္ေျပာရင္း အရွိန္တက္ေနတဲ့ရန္ပြဲဟာ ေခြးေမာင္းသလို ေမာင္းခံရေတာ့သည္...
"ဟမ္... ေခြးႏွစ္ေကာင္... နင္တို့ကိုက္လို့ ငါ့အိမ္က ပစၥည္းေတြလဲ ကုန္ၿပီ..."
ေဒၚနီတာရဲမွာ ေျပာလဲေျပာ ရိုက္လဲရိုက္ေနေတာ့သည္...
"ဒီအသက္အရြယ္ထိေရာက္ေနၿပီ ငါ့ကို ဒုတ္ကိုင္ရေအာင္ လုပ္တဲ့ႏွစ္ေကာင္ ကဲဟယ္..."
တံျမတ္စည္ရိုးနဲ႔ ေျခတလုံးေတြကို နာနာရိုက္ၿပီး တစ္ေနရာဆီအခြဲခံရေတာ့ ရဲတာက တိတ္တဆိတ္သာ ႏွုတ္ပိတ္ၿပီး အရိုက္ခံေနေသာ္လည္း...
"အား... အေမ... ဘာလို့ သမီးကိုဘဲ ရိုက္ေနရတာလဲ... အေမ့သားက သမီးကို စုန္းမလို့ေခၚတာေလ!!!... အီးဟီး..."
"ငါ့ကို ေအာ္တယ္ေပါ့ေလ... ဟမ္..."
အရိုက္သက္သာေအာင္ ေျပာလိုက္ေသာ္လည္း ရိုက္ခ်က္ေတြက နီတာ့ဆီသာ စုျပဳံလာခဲ့သည္...
ၿပီးေနာက္ ရဲတာဘက္လွည့္လာၿပီး
"နင္ကေရာ ကိုယ့္ညီကို ဘာလို့မညႇာရတာလဲ..." လို့ ေမးလာသည္...
"သူ သားဒိန္ခ်ဥ္ကို ေသာက္လိုက္တယ္..."
နီတာရဲ ေျပာရဲတယ္ေနာ္လို့သာ သားျဖစ္သူကို ၾကည့္လိုက္ၿပီး ေျခတစ္လုံးေပၚ ဒုတ္တစ္ခ်က္တင္ေပးလိုက္သည္...
"နင္တို့ ႏွစ္ေယာက္လုံးက အတူတူဘဲ... ဘယ္သူ႔မွ လႊဲခ်မေနနဲ႔..."
..............................