(Unicode)
အပိုင်း(၁၁)
Crushအား စိတ်ကောက်ခြင်း
ကျောင်းသားတွေကို စာမေးနေတဲ့ မဝင့်ရဲ့ပုံစံလေးက ရင့်ကျက်ပြီး ကျက်သရေရှိလွန်းလှသည်...
ထိုပုံစံလေးကို နီတာ မေးလေးထောက်ပြီး ကြည့်မဝဖြစ်နေချိန်...
"နီတာ..."
နီတာ့ နာမည်ကို ခေါ်လာသည်ကြောင့်
"ရှင်..." လို့ ပြန်ထူးလိုက်ပေမယ့် ရင်ထဲမှာ မိုးကြိုးပစ်နေပြီဖြစ်သည်...
ဘုရား... ဘုရား... အခု နီတာ့ကို စာမေးတော့မှာလား...
အ အိ အု အဲ အို ကလွဲပြီး ဗျည်းတွေကို မခွဲတတ်သေးဘူးလေ...
"ဘယ်အချိန်ရှိပြီလဲကို ဂျပန်လိုဘယ်လိုပြောလဲ..."
အမ်... ဘာကြီးလဲ... ဘယ်လို ပြောရတာလဲ...
နီတာ့ နဖူးမှာ ချွေးပင်စို့လာတော့သည်...
"အဲ့တာကဟို... ဟိုလေ..."
ဘေးက အစ်ကိုဖြစ်သူကို အားကိုးတကြီးငုံ့ကြည့်လိုက်ပေမယ့် နီတာ ကြည့်မှာကိုသိနေသည့်နှယ် သင်းက မျက်နှာပါလွှဲထားသေးတယ်...
နီတာ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ချိန်...
"မသိရင်လဲ ထားလိုက်တော့..."
"... ... ..."
နီတာ့ကိုတောင် မကြည့်တော့ဘဲ တခြားတစ်ယောက်ကို စာမေးနေပြီဖြစ်သည်... ထို့ကြောင့် နီတာ အသက်မဲ့စွာ ခုံမှာပြန်ထိုင်လိုက်ရတော့သည်...
ထိုစဉ် ဘေးကအစ်ကိုမှ အနားကပ်လာပြီး
"နင့်ကိုမေးတာ အလွယ်ဆုံးဘဲ..." လို့ ပြောလာခဲ့သည်...
သည်လိုနဲ့ အိမ်ပြန်ရောက်ချိန်မှာတော့...
"အား!!... အီးဟီး... ဗြဲ!!!..."
အခန်းထဲ ပြေးဝင်ပြီး တစ်အိမ်လုံးကို ငိုသံတွေနဲ့ ဖုံးလွှမ်းလိုက်သည်ကြောင့် အမေတောင် အောက်ထပ်အိပ်ခန်းထဲကနေထွက်လာပြီး လှေကားပေါ်တက်ရန် ခြေလှမ်းရုံရှိသေးသည့် ရဲတာအား မေးမြန်းလာတော့သည်...
"နင့် ညီမဘာဖြစ်လာတာလဲ..."
ရဲတာ ပခုံးပင့်ပြပြီးသာ အပေါ်ထပ်တက်လာခဲ့လိုက်၏...
သင်းစိတ်ရူးဖောက်နေတာကို ရဲတာက အမေ့သမီး စိတ်ရူးဖောက်သွားပြီးလို့ ပြောစရာလား... မပြောတာတောင် သိသာနေတာကို...
"အီးဟီး..."
ခေါင်အုံးပေါ်မျက်နှာဖွက်ပြီး ငိုနေသည့် နီတာဟာ ထမင်းစားချိန်ရောက်သည့်တိုင် အငိုမရပ်ခဲ့ပေ...
"နင့်ညီမကို သွားခေါ်စမ်း..."
ဟင်းခနဲ သက်ပြင်းချလိုက်ပြီး ထမင်းစားပွဲက ထကာ အပေါ်ထပ်ပြန်တက်သွားသည့် ရဲတာ...
အစားနဲ့ပတ်သက်ရင် အချိန်တိကျလွန်းတဲ့ညီမစုတ်က အခန်းထဲမှာအောင်းနေသေးသည်မို့ အခန်းထိ လာပင့်ရတော့သည်...
"ဒေါက်. ဒေါက်..."
"နီတာ... အမေက ထမင်းစားမယ် ဆင်းလာခဲ့တဲ့..."
ခေါင်းအုံးကြားထဲ မျက်နှာဖွက်ထားရာမှ ခေါင်းပြန်ထောင်လာပြီး
"မစားဘူး!..." လို့ ပြန်အော်ပြောလိုက်သည်...
ရဲတာ နှစ်ခါကြိုးစားဖို့အတွေးမရှိတာမို့ အောက်ထပ်ပြန်ဆင်းလာလိုက်ပြီး အမေ့ကို သတင်းပို့လိုက်တယ်...
"မစားဘူးတဲ့..."
ဒေါ်နီတာရဲ ထမင်းဝိုင်းနေ ထွက်သွားပြီး လှေကားရင်းဆီသွားလိုက်ကာ...
"ဟဲ့ နီတာ!!!... ထမင်းလာစားစမ်း!!!..."
အမေ့ရဲ့ ပထမံပိ ရာဇသံပေးသံအဆုံးမှာတင် နီတာ ငေါက်ခနဲထထိုင်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု အခိုင်အမာချလိုက်သည်...
"ဟုတ်တယ်... ထမင်းစားရမယ်... ဒီတိုင်ငိုနေလို့အလုပ်ဖြစ်မှာ မဟုတ်ဘူး... ထမင်းစားပြီး ကြိုးစားရမယ်... 5tin"
လက်သီးဆုပ်ပြီး ကိုယ့်ကိုကိုယ် အားပေးရင်း ထမင်းစားခန်းဆီဆင်းလာကာ အားရှိအောင် ဗိုက်ဖြည့်တော့သည်...
"ဖြေးဖြေးစား နင်နေဦးမယ်..."
ပါးစပ်ထဲ ထမင်းကို သရဲမရဲထိုးထည့်နေတာကြောင့် ရေခွက်ကမ်းပေးရင်း ပြောလိုက်သည်...
အစားသောက်ပျက်နေမှာဘဲလို့ တွေးထားပေမယ့် ထမင်းခုနစ်ရက်မစားထားရသလို ဇလုံနဲ့ကိုအပြီအပင်ဆွဲနေတဲ့ ညီမဖြစ်သူပုံစံကိုကြည့်ပြီး တကယ် အစားအသောက်ပြတ်သွားသည်က ရဲတာ နဲ့ အမေသာ ဖြစ်သည်... မပြတ်ဘဲနေမလား စားစရာထမင်းမှ မကျန်တော့တာ...
အစားကြီးတဲ့ ညီမစုတ်အတွက်က ဆန်တစ်ဗူး... ထမင်းကလွဲကျန်တာအစားကြီးတဲ့ ရဲတာနဲ့ အမေ့အတွက်က ဗူးတစ်ဝက် ပေါင်းတစ်ဗူးခွဲဘဲတည်တာကို အခု ရဲတာတို့ရဲ့ဝေစုပါ မကျန်တော့ဘူး... အား ဒေါသထွက်လိုက်တာ... ဒီညီမစုတ်ကို ဘယ်ဆရာနဲ့ဖုတ်ထုတ်ရမလဲ...
"ဘေးအိမ်မှာ ထမင်းနည်းနည်းလောက်သွားတောင်းကြည့်..."
သမီးဖြစ်သူကို ကြည့်နေလျက်ဖြင့်ပင် သားဖြစ်သူအား ခိုင်းလိုက်တော့
"တစ်အိမ်တည်းနဲ့ မလောက်လောက်ဘူး... ဒေါ်အာကျယ်ဆီမှာပါ ထပ်တောင်းကြည့်ရမလား..."
သားမိနှစ်ယောက်အကြည့်ချင်းဆုံသွားကာ နှစ်အိမ်နဲ့မရရင် နောက်တစ်အိမ်မှာပါထပ်တောင်းရန် သဘောတူလိုက်ကြသည်...
ထမင်းစားပြီးချိန်မှာတော့ နီတာ စာကြိုးစားတော့သည်... ရေချိုးချိန် ညစာစားချိန်နဲ့ ဗိုက်ထဲက အညစ်အကြေးတွေစွန့်ချိန်မှလွဲ သင်ထားသမျှစာတွေမရမချင်း အနားမယူဘဲ ကျက်မှတ်တော့သည်...
သို့သော်...
"ဒါဆို ဒီနေ့တော့ ဒီလောက်ဘဲ... နောက်အပတ်လဲ စာမေးဦးမှာမို့ သေချာကျက်ခဲ့ကြနော်..."
"... ... ..."
နီတာ့ မျက်နှာတစ်ခုလုံး မှောင်မဲလာတော့သည်...
ဘာလဲ... အတန်းပြီးပြီတဲ့လား... နီတာ့ကို စာမမေးဘဲ ပြီးလိုက်တာလား... နီတာကလွဲပြီး တစ်တန်းလုံးကို စာမေးတယ်လေ...
ဒေါသကငယ်ထိပ်တက်ဆောင့်လာပြီဖြစ်သည်... အံကိုတင်းနေအောင် ကျိတ်ထားမိသလို လက်သီးကိုလဲ ကျစ်ကျစ်ပါအောင်ဆုပ်ထားတာကြောင့် အသားတွေပင် တဆတ်ဆတ်တုန်လာတယ်... မျက်လုံးထောင့်တွေ နီရဲလာသလို မျက်ရည်တွေဟာလဲ ဒေါသစိတ်နဲ့ ဝမ်းနည်းစိတ်ရောပြီး မျက်ဝန်းထဲပြည့်လျှံလာခဲ့သည်...
မနေ့ကစာမရလို့ အထင်သေးပြီး မေးမသွားတာလား... အဲ့လိုလား...
မျက်ရည်တွေ မျက်ဝန်းအိမ်ထဲက ထွက်မလာခင် မျက်လုံးကို အကြမ်းအရမ်းပွတ်ထုတ်လိုက်သည်...
ညီမဖြစ်သူကိုကြည့်ပြီး ရဲတာ ဒီတစ်ခါတော့ လှောင်မရယ်ဖြစ်တော့ပေ... ဘယ်လောက်ထိကြိုးစားခဲ့လဲ သိနေသည်မို့...
သည်လိုနဲ့ မောင်နှမနှစ်ယောက်၏ အိမ်ပြန်ချိန်လေးဟာ သာမာန်ထက်တိတ်ဆိတ်နေခဲ့၏...
*******
"Miloသွားမဝယ်တော့ဘူးလား..."
ကုန်စုံဆိုင်သို့ ပုံမှန်သွားနေကြ ညနေစောင်းလေးမှာ ကျောင်းမသွားခင် TVထိုင်ကြည့်တတ်သည့် ရဲတာတို့သားမိနှစ်ယောက်အတူ TVလာကြည့်နေသည်မို့ မေးကြည့်လိုက်တော့...
"မသွားဘူး..."
နီတာရဲ မျက်ခုံးပင့်သွားသည်... အခု သူ(မ)သမီး ဘာပြောလိုက်တာလဲ...
သိချင်သွားပြီမို့
"နင့်ညီမ ဝင့်ရတီနဲ့ ဘာဖြစ်ထားကြတာလဲ..." လို့ သားဖြစ်သူကို မေးမိသည်...
ရဲတာလဲ အကြောင်းစုံရှင်းပြလိုက်တော့ ရှင်းပြပြီးချင်းမှာပင်...
"ဆယ်တန်းစာတောင် အဲ့လောက်ထိကြိုးစားမကျက်ခဲ့ဖူးတာကို..." ဆိုပြီး နှုတ်ခမ်းလေးထော်ကာ ဝင်ပြောလာခဲ့သည်...
ဒေါ်နီတာရဲ ရှုံ့မဲ့ကာဖြင့်
"တစ်ရက်လောက် စာကျက်တာကို လေကြီးနေတယ်..."
"အမေ!..."
ငိုသံတိမ်တိမ်လေးနဲ့ အော်လာသည့် နီတာ...
အော်သံကို နီတာရဲ မမှုသလိုလုပ်ပြလိုက်ပြီး မေးကြည့်လိုက်သည်...
"အဲ့တော့ ဝင့်ရတီကို မကြိုက်တော့ဘူးလား..."
နီတာ မျက်လုံးအဝိုင်းသားဖြင့် ထိတ်လန့်သွားရသည်...
"အမေက ဘယ်လိုသိတာလဲ..."
"နင် မဝင့်ကိုကြိုက်နေတာ မဝင့်တင်မကဘူး တစ်လောကလုံးသိတယ်... နင်ကသာ တစ်လောကလုံးသိနေတာကို မသိတာ..."
ရဲတာမှ အမေ့ကိုယ်စား ပြောပြလာခဲ့သည်...
မဝင့်သိနေသည်... မဝင့်သိနေတယ်တဲ့လား... ထိုအတွေးတစ်ခုကြောင့် ရင်ထဲအောင့်သွားရပြီး တုန့်ပြန်မှုပြင်းထန်မနေတဲ့ အမေ့ကိုလဲ မယုံနိုင်တဲ့မျက်ဝန်းတွေနဲ့ ကြည့်မိပြီး...
"အမေသိနေသားနဲ့ ဘာလို့မတားတာလဲ..."
ဒေါ်နီတာရဲ အဖြေကတော့ ဤသို့ဖြစ်၏...
"ဝင့်ရတီသာ နင့်ကိုကြိုက်နေရင် ဒီလိုမသိချင်ယောင်ဆောင်နေမှာမဟုတ်ဘူး... နင်ကဘဲ တစ်ဖက်သတ်ဖြစ်နေမှတော့ ဘာတွေးပူစရာရှိလဲ..."
"... ... ..."
အခု အမေက ကိုယ့်သမီးရဲ့ အချစ်စိတ်လေးကို နင်းချေဖျင်ဆီးနေတာလား... တကယ်ခံစားသွားရပြီ... အမေသိပ်ရက်စက်တယ်...
"တကယ်လို့ မဝင့်သာ သမီးကိုပြန်ချစ်မယ်ဆိုရင်ရော..." လို့ သွေးတိုးစမ်းပြီး မေးလိုက်တော့...
"တစ်ခါတည်း ထည့်ပေးလိုက်မှာ..."
"အမေ ပြောတာနော်..."
သေချာအောင် ထပ်အတည်ပြုလိုက်တော့...
"အင်း..." ဆိုပြီး ခေါင်းညိတ်ပြလာခဲ့သည်...
အတည်ပြုချက်ရတယ်ဆိုခြင်းမှာပင် အခန်းရှိရာဆီ ပြေးတက်လာဖြစ်သည်... ငိုချင်စိတ်ကို ဆက်မထိန်းနိုင်တော့ပြီမို့...
မခံနိုင်လို့သာ အမေ့ကို စိန်ခေါ်လိုက်ရတာ လူက ယုံကြည်ချက်လုံးဝမရှိတော့ဘူး...
သိနေရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေသည်တဲ့လား... သိနေရက်နဲ့တောင် နီတာ့အပေါ် ရက်စက်နေတယ်ဆိုတည်းက ဘာကိုရည်ရွယ်လဲ မပြောလဲသိပါတယ်...
"ဟမ့်... ဘယ်လောက်တောင် အနေခက်နေလိမ့်မလဲ..."
နီတာ့ကိုတွေ့တိုင်း မဝင့် သူဘယ်လောက်တောင် အဆင်မပြေဖြစ်နေလိမ့်မလဲ...
ရင်ဘက်ထဲက တင်းကျပ်ကျပ်နဲ့ကို နာသည်... နီတာက ဘာမှမသိဘူးအထင်နဲ့... ... ... ဆက်မတွေးခြင်တော့ပါ... နီတာ့ကြောင့် အနေခက်တယ်ဆိုတော့လဲ အနေမခက်အောင် နေပေးရမှာပေါ့...
အပေါ်ထပ်က အခန်းငယ်လေးတွင် မျက်ရည်စီးကြောင်းပြည့်နေသော်လည်း အောက်ထပ်ရှိ TVကြည့်နေသူနှစ်ယောက်ထံတွင်တော့...
"နီတာတော့ မိန်းမရတော့မယ်..."
သားဖြစ်သူရဲ့စကားကြောင့် ဘာကိုဆိုလိုတာလဲဆိုတဲ့ အကြည့်ဖြင့်ကြည့်လိုက်တော့ သင်းက TVအကြည့်မပျက်ဘဲ ပြန်ပြောလာခဲ့သည်...
"ရေခဲသေတ္တာထဲမှာ အမြဲပြည့်နေတဲ့ Miloဘူးတွေက နီတာအတွက်ဆိုပြီး ပေးထားတာတွေ..."
"ဘယ်သူပေးတာလဲ..."
"မဝင့်ပေါ့ ဘယ်သူရှိရဦးမှာလဲ..."
"... ... ..."
ထိုစကားကြောင့် ဒေါ်နီတာရဲ ပြာယာခက်သွားသည်...
"ဘာလို့ အစောကြီးထဲကမပြောတာလဲ!..."
ရဲတာကို အော်လာသည်ကြောင့် မပြောရခြင်းအကြောင်းရင်းကို ပြောပြလိုက်သည်...
"အမြင်ကတ်လို့... သူ့crushနဲ့အဆင်ပြေသွားမှာကို ထိုင်မကြည့်ချင်လို့..."
ထိုသို့ပြောလိုက်မှ အမေ သွေးရူးသွေးတမ်းနဲ့ ပြောလာခဲ့သည်က...
"နင့်ညီမစိတ်က မျောက်စိတ်လေ ဝင့်ရတီက ချောလို့ သဘောကျတဲ့ပုံစံမျိုးဘဲဖြစ်မှာပါ..."
နီတာရဲ သူ(မ)သားကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ခြိမ်းခြောက်တော့သည်...
"အဲ့ကိစ္စ နီတာ မသိစေနဲ့... ဝင့်ရတီနဲ့ အဆင်မပြေခင် နင့်ကို အရင်ဂုတ်ချိုးလိမ့်မယ်... အဲ့Miloဘူးအကုန် နင်ဘဲ သောက်ထားတာမလား..."
မည်သူသိနိုင်မည်နည်း... ထိုနေ့ကစလို့ ဒေါ်နီတာရဲ သူ(မ)သမီးအတွက် သားမက်ရှာပုံတော် ဖွင့်တော့တယ်ဆိုတာကို...
*******
ကားကိုမှီကာရပ်နေသည့် ကောင်လေးတစ်ယောက်မှာ သူ့ရှေ့မှာ တိတ်တဆိတ်ရပ်နေသည့် ကောင်လေးတစ်ယောက်အား ကျေနပ်သည်အထိ ကြည့်လို့နေသည်...
ကောင်းဇေလင်းကို စကားတစ်ခွန်းမှ မပြောဘဲ ရပ်ရုံသာ ရပ်နေသည်မို့ စိတ်ထဲအားမလိုအားမရဖြစ်ပေမယ့် ဒီလိုလေး ထွက်တွေ့လာသည်ကိုပင် ကျေးဇူးတင်မဆုံးပါ...
"မျက်နှာလေးမြင်ရလို့ ကျေနပ်သွားပြီ..."
လုပ်နေကျအတိုင်း ဆံပင်လေးကိုဆွဲဖွပြီးပြောလိုက်တော့ စိတ်လှုပ်ရှားနေသည့် မျက်ဝန်းတစ်စုံဖြင့် မော့ကြည့်လာခဲ့သည်...
နှုတ်ဆက်ကာ ထွက်သွားသူ မောင်းထွက်သွားသည့်ကားလေးကို မျက်စိတစ်ဆုံး ငေးကြည့်နေမိသည်...
ထိုသူဟာ ညစဉ်မပျက် ရဲတာကို တကယ်လာတွေ့ခဲ့ပြီး ရဲတာ ထွက်မတွေ့မချင်း ရပ်စောင့်နေတတ်သလို ရဲတာ ထွက်တွေ့တော့လဲ တခြားဘာမှမပြောဘဲ မျက်နှာကိုသာ စိုက်ကြည့်ပြီး မျက်နှာမြင်ရလို့ ကျေနပ်တယ်ဆိုတဲ့စကားကို ဆံပင်တွေကို ဆွဲဖွကာပြောပြီးတာနဲ့ ထွက်သွားတတ်သည်...
ထိုသူ ပြောထားတဲ့အတိုင်း လာတွေ့ခဲ့ရင် ထွက်မတွေ့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ပထမရက်တွေထဲက ရဲတာ ကိုယ်စိတ်ကိုယ်တင်းမခံနိုင်ခဲ့ပါ... အခုဆို အတန်းချိန်ပြီးတာနဲ့ ကျောင်းရှေ့ကို ထွက်ပြေးလာသည်အထိပင် ဖြစ်လို့နေပြီဖြစ်သည်...
.............................
(Zawgyi)
အပိုင္း(၁၁)
Crushအား စိတ္ေကာက္ျခင္း
ေက်ာင္းသားေတြကို စာေမးေနတဲ့ မဝင့္ရဲ့ပုံစံေလးက ရင့္က်က္ၿပီး က်က္သေရရွိလြန္းလွသည္...
ထိုပုံစံေလးကို နီတာ ေမးေလးေထာက္ၿပီး ၾကည့္မဝျဖစ္ေနခ်ိန္...
"နီတာ..."
နီတာ့ နာမည္ကို ေခၚလာသည္ေၾကာင့္
"ရွင္..." လို့ ျပန္ထူးလိုက္ေပမယ့္ ရင္ထဲမွာ မိုးႀကိဳးပစ္ေနၿပီျဖစ္သည္...
ဘုရား... ဘုရား... အခု နီတာ့ကို စာေမးေတာ့မွာလား...
အ အိ အု အဲ အို ကလြဲၿပီး ဗ်ည္းေတြကို မခြဲတတ္ေသးဘူးေလ...
"ဘယ္အခ်ိန္ရွိၿပီလဲကို ဂ်ပန္လိုဘယ္လိုေျပာလဲ..."
အမ္... ဘာႀကီးလဲ... ဘယ္လို ေျပာရတာလဲ...
နီတာ့ နဖူးမွာ ေခၽြးပင္စို့လာေတာ့သည္...
"အဲ့တာကဟို... ဟိုေလ..."
ေဘးက အစ္ကိုျဖစ္သူကို အားကိုးတႀကီးငုံ႔ၾကည့္လိုက္ေပမယ့္ နီတာ ၾကည့္မွာကိုသိေနသည့္ႏွယ္ သင္းက မ်က္ႏွာပါလႊဲထားေသးတယ္...
နီတာ ဘာလုပ္လို့ ဘာကိုင္ရမွန္းေတာင္ မသိေတာ့ခ်ိန္...
"မသိရင္လဲ ထားလိုက္ေတာ့..."
"... ... ..."
နီတာ့ကိုေတာင္ မၾကည့္ေတာ့ဘဲ တျခားတစ္ေယာက္ကို စာေမးေနၿပီျဖစ္သည္... ထို့ေၾကာင့္ နီတာ အသက္မဲ့စြာ ခုံမွာျပန္ထိုင္လိုက္ရေတာ့သည္...
ထိုစဥ္ ေဘးကအစ္ကိုမွ အနားကပ္လာၿပီး
"နင့္ကိုေမးတာ အလြယ္ဆုံးဘဲ..." လို့ ေျပာလာခဲ့သည္...
သည္လိုနဲ႔ အိမ္ျပန္ေရာက္ခ်ိန္မွာေတာ့...
"အား!!... အီးဟီး... ျဗဲ!!!..."
အခန္းထဲ ေျပးဝင္ၿပီး တစ္အိမ္လုံးကို ငိုသံေတြနဲ႔ ဖုံးလႊမ္းလိုက္သည္ေၾကာင့္ အေမေတာင္ ေအာက္ထပ္အိပ္ခန္းထဲကေနထြက္လာၿပီး ေလွကားေပၚတက္ရန္ ေျခလွမ္း႐ုံရွိေသးသည့္ ရဲတာအား ေမးျမန္းလာေတာ့သည္...
"နင့္ ညီမဘာျဖစ္လာတာလဲ..."
ရဲတာ ပခုံးပင့္ျပၿပီးသာ အေပၚထပ္တက္လာခဲ့လိုက္၏...
သင္းစိတ္႐ူးေဖာက္ေနတာကို ရဲတာက အေမ့သမီး စိတ္႐ူးေဖာက္သြားၿပီးလို့ ေျပာစရာလား... မေျပာတာေတာင္ သိသာေနတာကို...
"အီးဟီး..."
ေခါင္အုံးေပၚမ်က္ႏွာဖြက္ၿပီး ငိုေနသည့္ နီတာဟာ ထမင္းစားခ်ိန္ေရာက္သည့္တိုင္ အငိုမရပ္ခဲ့ေပ...
"နင့္ညီမကို သြားေခၚစမ္း..."
ဟင္းခနဲ သက္ျပင္းခ်လိုက္ၿပီး ထမင္းစားပြဲက ထကာ အေပၚထပ္ျပန္တက္သြားသည့္ ရဲတာ...
အစားနဲ႔ပတ္သက္ရင္ အခ်ိန္တိက်လြန္းတဲ့ညီမစုတ္က အခန္းထဲမွာေအာင္းေနေသးသည္မို့ အခန္းထိ လာပင့္ရေတာ့သည္...
"ေဒါက္. ေဒါက္..."
"နီတာ... အေမက ထမင္းစားမယ္ ဆင္းလာခဲ့တဲ့..."
ေခါင္းအုံးၾကားထဲ မ်က္ႏွာဖြက္ထားရာမွ ေခါင္းျပန္ေထာင္လာၿပီး
"မစားဘူး!..." လို့ ျပန္ေအာ္ေျပာလိုက္သည္...
ရဲတာ ႏွစ္ခါႀကိဳးစားဖို့အေတြးမရွိတာမို့ ေအာက္ထပ္ျပန္ဆင္းလာလိုက္ၿပီး အေမ့ကို သတင္းပို့လိုက္တယ္...
"မစားဘူးတဲ့..."
ေဒၚနီတာရဲ ထမင္းဝိုင္းေန ထြက္သြားၿပီး ေလွကားရင္းဆီသြားလိုက္ကာ...
"ဟဲ့ နီတာ!!!... ထမင္းလာစားစမ္း!!!..."
အေမ့ရဲ့ ပထမံပိ ရာဇသံေပးသံအဆုံးမွာတင္ နီတာ ေငါက္ခနဲထထိုင္လိုက္ၿပီး ဆုံးျဖတ္ခ်က္တစ္ခု အခိုင္အမာခ်လိုက္သည္...
"ဟုတ္တယ္... ထမင္းစားရမယ္... ဒီတိုင္ငိုေနလို့အလုပ္ျဖစ္မွာ မဟုတ္ဘူး... ထမင္းစားၿပီး ႀကိဳးစားရမယ္... 5tin"
လက္သီးဆုပ္ၿပီး ကိုယ့္ကိုကိုယ္ အားေပးရင္း ထမင္းစားခန္းဆီဆင္းလာကာ အားရွိေအာင္ ဗိုက္ျဖည့္ေတာ့သည္...
"ေျဖးေျဖးစား နင္ေနဦးမယ္..."
ပါးစပ္ထဲ ထမင္းကို သရဲမရဲထိုးထည့္ေနတာေၾကာင့္ ေရခြက္ကမ္းေပးရင္း ေျပာလိုက္သည္...
အစားေသာက္ပ်က္ေနမွာဘဲလို့ ေတြးထားေပမယ့္ ထမင္းခုနစ္ရက္မစားထားရသလို ဇလုံနဲ႔ကိုအၿပီအပင္ဆြဲေနတဲ့ ညီမျဖစ္သူပုံစံကိုၾကည့္ၿပီး တကယ္ အစားအေသာက္ျပတ္သြားသည္က ရဲတာ နဲ႔ အေမသာ ျဖစ္သည္... မျပတ္ဘဲေနမလား စားစရာထမင္းမွ မက်န္ေတာ့တာ...
အစားႀကီးတဲ့ ညီမစုတ္အတြက္က ဆန္တစ္ဗူး... ထမင္းကလြဲက်န္တာအစားႀကီးတဲ့ ရဲတာနဲ႔ အေမ့အတြက္က ဗူးတစ္ဝက္ ေပါင္းတစ္ဗူးခြဲဘဲတည္တာကို အခု ရဲတာတို့ရဲ့ေဝစုပါ မက်န္ေတာ့ဘူး... အား ေဒါသထြက္လိုက္တာ... ဒီညီမစုတ္ကို ဘယ္ဆရာနဲ႔ဖုတ္ထုတ္ရမလဲ...
"ေဘးအိမ္မွာ ထမင္းနည္းနည္းေလာက္သြားေတာင္းၾကည့္..."
သမီးျဖစ္သူကို ၾကည့္ေနလ်က္ျဖင့္ပင္ သားျဖစ္သူအား ခိုင္းလိုက္ေတာ့
"တစ္အိမ္တည္းနဲ႔ မေလာက္ေလာက္ဘူး... ေဒၚအာက်ယ္ဆီမွာပါ ထပ္ေတာင္းၾကည့္ရမလား..."
သားမိႏွစ္ေယာက္အၾကည့္ခ်င္းဆုံသြားကာ ႏွစ္အိမ္နဲ႔မရရင္ ေနာက္တစ္အိမ္မွာပါထပ္ေတာင္းရန္ သေဘာတူလိုက္ၾကသည္...
ထမင္းစားၿပီးခ်ိန္မွာေတာ့ နီတာ စာႀကိဳးစားေတာ့သည္... ေရခ်ိဳးခ်ိန္ ညစာစားခ်ိန္နဲ႔ ဗိုက္ထဲက အညစ္အေၾကးေတြစြန႔္ခ်ိန္မွလြဲ သင္ထားသမၽွစာေတြမရမခ်င္း အနားမယူဘဲ က်က္မွတ္ေတာ့သည္...
သို့ေသာ္...
"ဒါဆို ဒီေန႔ေတာ့ ဒီေလာက္ဘဲ... ေနာက္အပတ္လဲ စာေမးဦးမွာမို့ ေသခ်ာက်က္ခဲ့ၾကေနာ္..."
"... ... ..."
နီတာ့ မ်က္ႏွာတစ္ခုလုံး ေမွာင္မဲလာေတာ့သည္...
ဘာလဲ... အတန္းၿပီးၿပီတဲ့လား... နီတာ့ကို စာမေမးဘဲ ၿပီးလိုက္တာလား... နီတာကလြဲၿပီး တစ္တန္းလုံးကို စာေမးတယ္ေလ...
ေဒါသကငယ္ထိပ္တက္ေဆာင့္လာၿပီျဖစ္သည္... အံကိုတင္းေနေအာင္ က်ိတ္ထားမိသလို လက္သီးကိုလဲ က်စ္က်စ္ပါေအာင္ဆုပ္ထားတာေၾကာင့္ အသားေတြပင္ တဆတ္ဆတ္တုန္လာတယ္... မ်က္လုံးေထာင့္ေတြ နီရဲလာသလို မ်က္ရည္ေတြဟာလဲ ေဒါသစိတ္နဲ႔ ဝမ္းနည္းစိတ္ေရာၿပီး မ်က္ဝန္းထဲျပည့္လၽွံလာခဲ့သည္...
မေန႔ကစာမရလို့ အထင္ေသးၿပီး ေမးမသြားတာလား... အဲ့လိုလား...
မ်က္ရည္ေတြ မ်က္ဝန္းအိမ္ထဲက ထြက္မလာခင္ မ်က္လုံးကို အၾကမ္းအရမ္းပြတ္ထုတ္လိုက္သည္...
ညီမျဖစ္သူကိုၾကည့္ၿပီး ရဲတာ ဒီတစ္ခါေတာ့ ေလွာင္မရယ္ျဖစ္ေတာ့ေပ... ဘယ္ေလာက္ထိႀကိဳးစားခဲ့လဲ သိေနသည္မို့...
သည္လိုနဲ႔ ေမာင္ႏွမႏွစ္ေယာက္၏ အိမ္ျပန္ခ်ိန္ေလးဟာ သာမာန္ထက္တိတ္ဆိတ္ေနခဲ့၏...
*******
"Miloသြားမဝယ္ေတာ့ဘူးလား..."
ကုန္စုံဆိုင္သို့ ပုံမွန္သြားေနၾက ညေနေစာင္းေလးမွာ ေက်ာင္းမသြားခင္ TVထိုင္ၾကည့္တတ္သည့္ ရဲတာတို့သားမိႏွစ္ေယာက္အတူ TVလာၾကည့္ေနသည္မို့ ေမးၾကည့္လိုက္ေတာ့...
"မသြားဘူး..."
နီတာရဲ မ်က္ခုံးပင့္သြားသည္... အခု သူ(မ)သမီး ဘာေျပာလိုက္တာလဲ...
သိခ်င္သြားၿပီမို့
"နင့္ညီမ ဝင့္ရတီနဲ႔ ဘာျဖစ္ထားၾကတာလဲ..." လို့ သားျဖစ္သူကို ေမးမိသည္...
ရဲတာလဲ အေၾကာင္းစုံရွင္းျပလိုက္ေတာ့ ရွင္းျပၿပီးခ်င္းမွာပင္...
"ဆယ္တန္းစာေတာင္ အဲ့ေလာက္ထိႀကိဳးစားမက်က္ခဲ့ဖူးတာကို..." ဆိုၿပီး ႏွုတ္ခမ္းေလးေထာ္ကာ ဝင္ေျပာလာခဲ့သည္...
ေဒၚနီတာရဲ ရွုံ႔မဲ့ကာျဖင့္
"တစ္ရက္ေလာက္ စာက်က္တာကို ေလႀကီးေနတယ္..."
"အေမ!..."
ငိုသံတိမ္တိမ္ေလးနဲ႔ ေအာ္လာသည့္ နီတာ...
ေအာ္သံကို နီတာရဲ မမွုသလိုလုပ္ျပလိုက္ၿပီး ေမးၾကည့္လိုက္သည္...
"အဲ့ေတာ့ ဝင့္ရတီကို မႀကိဳက္ေတာ့ဘူးလား..."
နီတာ မ်က္လုံးအဝိုင္းသားျဖင့္ ထိတ္လန႔္သြားရသည္...
"အေမက ဘယ္လိုသိတာလဲ..."
"နင္ မဝင့္ကိုႀကိဳက္ေနတာ မဝင့္တင္မကဘူး တစ္ေလာကလုံးသိတယ္... နင္ကသာ တစ္ေလာကလုံးသိေနတာကို မသိတာ..."
ရဲတာမွ အေမ့ကိုယ္စား ေျပာျပလာခဲ့သည္...
မဝင့္သိေနသည္... မဝင့္သိေနတယ္တဲ့လား... ထိုအေတြးတစ္ခုေၾကာင့္ ရင္ထဲေအာင့္သြားရၿပီး တုန႔္ျပန္မွုျပင္းထန္မေနတဲ့ အေမ့ကိုလဲ မယုံနိုင္တဲ့မ်က္ဝန္းေတြနဲ႔ ၾကည့္မိၿပီး...
"အေမသိေနသားနဲ႔ ဘာလို့မတားတာလဲ..."
ေဒၚနီတာရဲ အေျဖကေတာ့ ဤသို့ျဖစ္၏...
"ဝင့္ရတီသာ နင့္ကိုႀကိဳက္ေနရင္ ဒီလိုမသိခ်င္ေယာင္ေဆာင္ေနမွာမဟုတ္ဘူး... နင္ကဘဲ တစ္ဖက္သတ္ျဖစ္ေနမွေတာ့ ဘာေတြးပူစရာရွိလဲ..."
"... ... ..."
အခု အေမက ကိုယ့္သမီးရဲ့ အခ်စ္စိတ္ေလးကို နင္းေခ်ဖ်င္ဆီးေနတာလား... တကယ္ခံစားသြားရၿပီ... အေမသိပ္ရက္စက္တယ္...
"တကယ္လို့ မဝင့္သာ သမီးကိုျပန္ခ်စ္မယ္ဆိုရင္ေရာ..." လို့ ေသြးတိုးစမ္းၿပီး ေမးလိုက္ေတာ့...
"တစ္ခါတည္း ထည့္ေပးလိုက္မွာ..."
"အေမ ေျပာတာေနာ္..."
ေသခ်ာေအာင္ ထပ္အတည္ျပဳလိုက္ေတာ့...
"အင္း..." ဆိုၿပီး ေခါင္းညိတ္ျပလာခဲ့သည္...
အတည္ျပဳခ်က္ရတယ္ဆိုျခင္းမွာပင္ အခန္းရွိရာဆီ ေျပးတက္လာျဖစ္သည္... ငိုခ်င္စိတ္ကို ဆက္မထိန္းနိုင္ေတာ့ၿပီမို့...
မခံနိုင္လို့သာ အေမ့ကို စိန္ေခၚလိုက္ရတာ လူက ယုံၾကည္ခ်က္လုံးဝမရွိေတာ့ဘူး...
သိေနရဲ့သားနဲ႔ မသိခ်င္ေယာင္ေဆာင္ေနသည္တဲ့လား... သိေနရက္နဲ႔ေတာင္ နီတာ့အေပၚ ရက္စက္ေနတယ္ဆိုတည္းက ဘာကိုရည္ရြယ္လဲ မေျပာလဲသိပါတယ္...
"ဟမ့္... ဘယ္ေလာက္ေတာင္ အေနခက္ေနလိမ့္မလဲ..."
နီတာ့ကိုေတြ႕တိုင္း မဝင့္ သူဘယ္ေလာက္ေတာင္ အဆင္မေျပျဖစ္ေနလိမ့္မလဲ...
ရင္ဘက္ထဲက တင္းက်ပ္က်ပ္နဲ႔ကို နာသည္... နီတာက ဘာမွမသိဘူးအထင္နဲ႔... ... ... ဆက္မေတြးျခင္ေတာ့ပါ... နီတာ့ေၾကာင့္ အေနခက္တယ္ဆိုေတာ့လဲ အေနမခက္ေအာင္ ေနေပးရမွာေပါ့...
အေပၚထပ္က အခန္းငယ္ေလးတြင္ မ်က္ရည္စီးေၾကာင္းျပည့္ေနေသာ္လည္း ေအာက္ထပ္ရွိ TVၾကည့္ေနသူႏွစ္ေယာက္ထံတြင္ေတာ့...
"နီတာေတာ့ မိန္းမရေတာ့မယ္..."
သားျဖစ္သူရဲ့စကားေၾကာင့္ ဘာကိုဆိုလိုတာလဲဆိုတဲ့ အၾကည့္ျဖင့္ၾကည့္လိုက္ေတာ့ သင္းက TVအၾကည့္မပ်က္ဘဲ ျပန္ေျပာလာခဲ့သည္...
"ေရခဲေသတၱာထဲမွာ အျမဲျပည့္ေနတဲ့ Miloဘူးေတြက နီတာအတြက္ဆိုၿပီး ေပးထားတာေတြ..."
"ဘယ္သူေပးတာလဲ..."
"မဝင့္ေပါ့ ဘယ္သူရွိရဦးမွာလဲ..."
"... ... ..."
ထိုစကားေၾကာင့္ ေဒၚနီတာရဲ ျပာယာခက္သြားသည္...
"ဘာလို့ အေစာႀကီးထဲကမေျပာတာလဲ!..."
ရဲတာကို ေအာ္လာသည္ေၾကာင့္ မေျပာရျခင္းအေၾကာင္းရင္းကို ေျပာျပလိုက္သည္...
"အျမင္ကတ္လို့... သူ႔crushနဲ႔အဆင္ေျပသြားမွာကို ထိုင္မၾကည့္ခ်င္လို့..."
ထိုသို့ေျပာလိုက္မွ အေမ ေသြး႐ူးေသြးတမ္းနဲ႔ ေျပာလာခဲ့သည္က...
"နင့္ညီမစိတ္က ေမ်ာက္စိတ္ေလ ဝင့္ရတီက ေခ်ာလို့ သေဘာက်တဲ့ပုံစံမ်ိဳးဘဲျဖစ္မွာပါ..."
နီတာရဲ သူ(မ)သားကို လက္ညႇိုးေငါက္ေငါက္ထိုးၿပီး ၿခိမ္းေျခာက္ေတာ့သည္...
"အဲ့ကိစၥ နီတာ မသိေစနဲ႔... ဝင့္ရတီနဲ႔ အဆင္မေျပခင္ နင့္ကို အရင္ဂုတ္ခ်ိဳးလိမ့္မယ္... အဲ့Miloဘူးအကုန္ နင္ဘဲ ေသာက္ထားတာမလား..."
မည္သူသိနိုင္မည္နည္း... ထိုေန႔ကစလို့ ေဒၚနီတာရဲ သူ(မ)သမီးအတြက္ သားမက္ရွာပုံေတာ္ ဖြင့္ေတာ့တယ္ဆိုတာကို...
*******
ကားကိုမွီကာရပ္ေနသည့္ ေကာင္ေလးတစ္ေယာက္မွာ သူ႔ေရွ႕မွာ တိတ္တဆိတ္ရပ္ေနသည့္ ေကာင္ေလးတစ္ေယာက္အား ေက်နပ္သည္အထိ ၾကည့္လို့ေနသည္...
ေကာင္းေဇလင္းကို စကားတစ္ခြန္းမွ မေျပာဘဲ ရပ္႐ုံသာ ရပ္ေနသည္မို့ စိတ္ထဲအားမလိုအားမရျဖစ္ေပမယ့္ ဒီလိုေလး ထြက္ေတြ႕လာသည္ကိုပင္ ေက်းဇူးတင္မဆုံးပါ...
"မ်က္ႏွာေလးျမင္ရလို့ ေက်နပ္သြားၿပီ..."
လုပ္ေနက်အတိုင္း ဆံပင္ေလးကိုဆြဲဖြၿပီးေျပာလိုက္ေတာ့ စိတ္လွုပ္ရွားေနသည့္ မ်က္ဝန္းတစ္စုံျဖင့္ ေမာ့ၾကည့္လာခဲ့သည္...
ႏွုတ္ဆက္ကာ ထြက္သြားသူ ေမာင္းထြက္သြားသည့္ကားေလးကို မ်က္စိတစ္ဆုံး ေငးၾကည့္ေနမိသည္...
ထိုသူဟာ ညစဥ္မပ်က္ ရဲတာကို တကယ္လာေတြ႕ခဲ့ၿပီး ရဲတာ ထြက္မေတြ႕မခ်င္း ရပ္ေစာင့္ေနတတ္သလို ရဲတာ ထြက္ေတြ႕ေတာ့လဲ တျခားဘာမွမေျပာဘဲ မ်က္ႏွာကိုသာ စိုက္ၾကည့္ၿပီး မ်က္ႏွာျမင္ရလို့ ေက်နပ္တယ္ဆိုတဲ့စကားကို ဆံပင္ေတြကို ဆြဲဖြကာေျပာၿပီးတာနဲ႔ ထြက္သြားတတ္သည္...
ထိုသူ ေျပာထားတဲ့အတိုင္း လာေတြ႕ခဲ့ရင္ ထြက္မေတြ႕ဘူးလို့ ဆုံးျဖတ္ထားေပမယ့္ ပထမရက္ေတြထဲက ရဲတာ ကိုယ္စိတ္ကိုယ္တင္းမခံနိုင္ခဲ့ပါ... အခုဆို အတန္းခ်ိန္ၿပီးတာနဲ႔ ေက်ာင္းေရွ႕ကို ထြက္ေျပးလာသည္အထိပင္ ျဖစ္လို့ေနၿပီျဖစ္သည္...
.............................