To be a Heartthrob in a Horro...

By Kuro_Fuyu

433K 87.7K 4.7K

Original Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgy... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119

Chapter 4

6.2K 1.2K 149
By Kuro_Fuyu


Chapter 4: သရဲကိုလက်ယပ်ခေါ်ခဲ့ခြင်း

အိမ်မက်ဆိုးကြီး ရပ်တန့်သွားသလို ကုတ်ခြစ်ရာတွေ ၊ လက်ရာတွေ အားလုံးပျောက်ပြီး ဓာတ်လှေကားလည်း ပုံမှန်ပြန်ဖြစ်သွားသည်။

လျှပ်တစ်ပြတ်အတွင်း လင်းရှောင်ယန်နဲ့လင်းယိကျီပြေးထွက်လာတယ်။ သူတို့ထွက်သည်တာနှင့် စုမင်က ခြေလှမ်းမကာ အထဲဝင်လိုက်သည်။

"အထဲမဝင်နဲ့!" လင်းရှောင်ယန်အော်ပြီး သတိပေး‌လိုက်သော်လည်း သူမနောက်ကျသွားပြီ။ တံခါးများက ပိတ်ကာ ဓာတ်လှေကားသည် အပေါ်သို့ စတင်တတ်သွားပြီ။ ဘေးဘက်က လင်းယိကျီအမြန်ခလုတ်ကို နှိပ်ပေမယ့် အချည်းနှီးသာ။

လင်းရှောင်ယန်အသံကြားခဲ့၍ စုမင်နှလုံးသားတင်းကျပ်သွားကာ ရင်ခုန်မြန်လာသည်။

တတိယထပ်သွားမည်ကို ပယ်ဖျက်ပြီး ဖြစ်နိုင်သလောက်အပြင်ထွက်ချင်၍ ဒုတိယထပ်ခလုတ်ကို နှိပ်လိုက်သည်။ တနည်း လှေကားပဲသုံးတာ ပိုကောင်းသည်။

ဖြစ်နိုင်ရင် စုမင် 'horror' ကိုလုံးဝမရင်ဆိုင်ချင်ပေ။

ဘယ်လိုပဲဖြစ်ဖြစ် ... မမျှော်လင့်စွာ ဓာတ်လှေကားက သူ့ကို တတိယထပ်သို့ တိုက်ရိုက်ပို့ပေးသည်။ '‌ဒင်' အသံနှင့် တံခါးများပွင့်သွား၏။

စုမင်: “…”

ဒီဓာတ်လှေကားမှာ နည်းနည်းပြဿနာရှိပုံရတယ်။

စုမင် အပြင်သို့ထွက်လာပြီး တုန့်ဆုတ်စွာနောက်လှည့်ကြည့်တော့ တံခါးများကပုံမှန်လိုပဲ ပိတ်သွားသည်။

အောက်ထပ်၌ ... လင်းယိကျီWeChatကနေ ပို့လာတယ် .."စုမင်? ဓာတ်လှေကားထဲက အမြန်ထွက် ... မင်းအခုဘယ်အထပ်ရောက်နေလဲ?"

"ငါ တတိယထပ်မှာ" စုမင်ပြန်ဖြေသည်။

“…”

ထိုတုန့်ပြန်ပုံက သူ(လင်းယိကျီ)ထင်ထားသလို မဟုတ်ပေ။

လင်းရှောင်ယန်နဲ့လင်းယိကျီတို့ လှေကားကနေ တတ်လာတယ်။ သူတို့ ဓာတ်လှေကားထဲ ဖြစ်ပျက်သမျှကို ပြန်စဉ်းစားမိတော့ သူတို့ကိုယ်တုန်ယင်ကာ ကြောက်စိတ်တို့က စွဲကျန်နေ၏။

သူတို့ အိမ်စာတွေအပ်ပြီးနောက် သုံးယောက်သားမျက်နှာချင်းဆိုင်ကာ ဘာမှမပြောကြပေ။

စုမင် တိတ်ဆိတ်မှုမဖြိုခွဲခင်ထိ အချိန်အတော်ကြာသွား၏။
"မင်းတို့ဓာတ်လှေကားထဲမှာ ရှိနေတုန်း တစ်ခုခုနဲ့ တွေ့ခဲ့တာလား?"

သူတို့ခေါင်းငြိမ့်သည်။

လင်းရှောင်ယန် တံထွေးမြိုချရင်း .."တတိယထပ်အစား ဓာတ်လှေကားက ငါတို့ကို ခုနှစ်ထပ်ပို့ခဲ့တယ်!"

"ခုနှစ်ထပ်?" စုမင် နည်းနည်းမယုံသင်္ကာဖြစ်‌မိသည်။

မူလမှတ်ဉာဏ်အရ ခုနှစ်ထပ်မြောက်သည် နှစ်ပေါင်းများစွာတည်းက ချိတ်ပိတ်ထားတာ ... ဒါ့အပြင် ခြောက်ထပ်ကနေ ခုနှစ်ထပ်တတ်မည့် လှေကားကိုလည်း သော့ခတ်ထားသည်မှာ အလွန်ကြာမြင့်နေပြီ။

"ဒီမှာ အဓိကအရေးကြီးဆုံးတစ်ချက်က ကျောင်းကလုပ်ထားလို့ ဓာတ်လှေကားနဲ့ ခုနှစ်ထပ်ကို လုံးဝတတ်လို့မရဘူး" လင်းယိကျီပြောသည်။

"ဘာကိုဆိုလိုတာလဲ?"

လင်းယိကျီ ဖုန်းကမ်းပေးတယ်။ စခရင်တွင် ခုနှစ်လွှာအကြောင်း ဆွေးနွေးထားသည့် ကျောင်းဖိုရမ်ပို့စ်အဟောင်းကိုပြသထားသည်။

မူလပို့စ်နှင့် အောက်ကပြန်ဖြေသူ‌တွေ အားလုံးကို ချုံ့မယ်ဆိုရင်-
ဓာတ်လှေကားက ခြောက်လွှာအထိပဲ သွားနိုင်တယ်။

နောက်တစ်နည်းဆိုရရင် သွားနိုင်သည့်အမြင့်ဆုံးအထပ်က ခြောက်လွှာပင် ... ဒါပေမယ့် ထူးဆန်းတဲ့တည်ဆောက်ပြုပြင်အပြီး ဓာတ်လှေကားက ချိတ်ပိတ်ထားတာကို အလိုလိုကျိုးပျက်ပြီး ခုနှစ်လွှာထိပါ ရောက်သွားတတ်သည်။

"ဒီဓာတ်လှေကားက မလွယ်ဘူးပဲ" စုမင်သက်ပြင်းချလိုက်တယ်။

တစ်ထပ်လုံးဖြတ်နိုင်ဖို့အတွက် - ဒီhorrorဇာတ်ကားမှာလည်း ချို့ယွင်းညံ့ဖျင်းသည့်အဆောက်အဦးများလည်း ပါဝင်တယ်။

"တကယ့်ကိုမလွယ်တာ" လင်းရှောင်ယန် ထောက်ခံသည်။

"ဓာတ်လှေကားထဲမှာ ဖြစ်တဲ့ ထူးထူးဆန်းဆန်းမတော်တဆတွေ တင်ထားတဲ့ပို့စ်တွေ အများကြီးပဲ" လင်းယိကျီဆိုတယ် .."တစ်ယောက်ကပြောထားတယ် ... သူအထဲမှာရှိနေတုန်း ဘယ်ကမှန်းမသိ အပေါက်ပေါ်လာပြီး ... အဲ့ထဲကနေ လက်မောင်းထွက်လာပြီး သူ့အင်္ကျီကိုဆွဲတယ်တဲ့"

ဒါ သူတို့တွေ့ကြုံခဲ့တာမဟုတ်ပေမယ့် အနည်းနဲ့အများတော့ တူသည်။

"အဲ့ထဲမှာ လုံခြုံရေးကင်မ‌ရာ‌ရှိတယ်" စုမင် သူတို့ကိုအသိပေးလိုက်တယ်။

လင်းရှောင်ယန် မျက်ဝန်းများ ဝင်းလတ်သွားပြီး .."ဟုတ်သားပဲ ... ဒီ့ထက်စုံစမ်းရအောင်"

သူတို့သုံးယောက်လုံး မော်နီတာအခန်းထဲအတူတူသွားကြသည်။

"ကျုပ်ဒီမှာ တစ်နေ့လုံးရှိနေတာ ဘာမှမဖြစ်ဘူး ... အားလုံးပုံမှန်ပါပဲ။ ဓာတ်လှေကားက ခုနှစ်လွှာကိုသွားလို့မရဘူး မဟုတ်တာ‌မပြောနဲ့" ကြီးကြပ်သူပြော၏။

သူထိုသို့ပြောစေကာမူ ... ထိုနားလောက်ဆီ ကင်မရာအချိန်ကို ပြန်ရစ်လိုက်သည်။

ကင်မရာရိုက်ကူးဖမ်းယူထားသည့်အချိန်က စုမင်ရုံးဌာနအဆောက်အဦးထဲ စဝင်လာချိန်ဖြစ်သည်။ လင်းရှောင်ယန်နဲ့လင်းယိကျီက ဓာတ်လှေကားထဲရောက်ရုံမျှရှိသေးပြီး တံခါးများပိတ်သွားခဲ့သည်။

ဓာတ်လှေကားအပေါ်တက်သည်နှင့် နံပါတ်မှာလည်း တတ်သွားသည်။

နောက်စခရင်၌ လင်းရှောင်ယန်နဲ့လင်းယိကျီတို့စကားပြောနေကြတာ ပေါ်လာတယ်။ ဘာဖြစ်သွားလဲ မသိသော်လည်း သူတို့မျက်နှာအမူအရာ ရုတ်ခြည်းထူးဆန်းသွားသည်။

ဓာတ်လှေကားနံပါတ် '၃' ကိုရောက်‌ပြီး ... အခုသူတို့ တတိယထပ်ကိုရောက်နေပြီ။

တံခါးများပွင့်ခဲ့ပြီး အထဲမှလူနှစ်ယောက်သည် မဆိုင်းမတွခုန်ထွက်ခဲ့သည်။ သို့သော် သိပ်မကြာခင် သူတို့နောက်ကိုတစ်ခုခုလိုက်နေသကဲ့သို့ ပြေးဝင်လာပြီး လင်းယိကျီက မရပ်မနားခလုတ်ကိုနှိပ်ခဲ့ကာ နောက်ဆုံးတံခါး‌ပိတ်သွားခဲ့ချိန် သူတို့နှစ်ယောက်လုံး မြေပြင်ပေါ်ပြိုလဲသွား၏။

ကြီးကြပ်သူမျက်မှောင်ကျုံ့ကာ တရားနည်းလမ်းကျကျ ပြောလာတယ် .."မင်းတို့အားလုံးကောလိပ်ကျောင်းသားတွေပဲ ဓာတ်လှေကားပေါ်ခုန်ခွင့်မရှိဘူးဆိုတာ သိသင့်တယ်။ အက်ဆီးဒင့်လွယ်လွယ်ဖြစ်တတ်လို့ ... ဒီလိုမျိုးခလုတ်နှိပ်တာလည်း တားမြစ်ထားတယ်"

လင်းရှောင်ယန်နဲ့လင်းယိကျီမျက်နှာအရောင် ဆုတ်လျော့သွားသည်။

သူတို့ သေချာပေါက် ခုနှစ်လွှာကိုရောက်ခဲ့ပေမယ့် စခရင်မှာ ပြသထားသည့် နံပါတ်က '၃' တဲ့။

စုမင် နှစ်ယောက်ကိုတစ်ချက်ကြည့်ပြီး ပြောလိုက်တယ်။
"အဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ် ... သူတို့မနက်စောစောထထားတော့ အပြည့်ဝမနိုးသေးလို့ပါ။ ကျွန်တော်တို့သွားလိုက်ပါဦးမယ်။ ဒါမျိုးနောက်ခါမဖြစ်စေရပါဘူး"

သူတို့ကို အခန်းပြင်သို့ စုမင်ဆွဲခေါ်လာသည်။

အပြင်၌ ... ရာသီဥတုသည် နေသာပြီး တိမ်ကင်းစင်ကာ နေ့အချိန်၏လှပမှုကို ဖော်ပြနေလေသည်။ သို့ပေမယ့် စုမင်ကလွဲပြီး ကျန်နှစ်ယောက်၏ နှလုံးထဲ၌ ဆောင်းလေအေးတိုက်ခတ်သလို အေးခဲနေသည်။

"ခုနှစ်ထပ်တော်တော်ကြောက်ဖို့ကောင်းတယ်"

"ငါဘယ်တော့မှ ဓာတ်လှေကားထပ်မစီးတော့ဘူး"

မနက်ခင်းအတန်းတွေပဲရှ်ိတာမို့ တစ်နေ့လုံးအားသည်။ သူတို့တစ်ယောက်မှ မစားရသေးသောကြောင့် စုမင် နှစ်ယောက်ကိုဖြောင့်တန်းစွာပင် ကန်တင်းခေါ်လာသည်။

နှစ်ယောက်လုံးကတွေဝေရှုပ်‌ထွေးနေဆဲ ...

သူတို့ စားစရာမှာသည့်အချိန် သူတို့ခေါင်းငြိမ့်ရင်း ဟိုဟာဒီဟာနဲ့ လက်အပြည့်ထပ် ပိုဝယ်နေတယ် ... လင်းရှောင်ယန်ပန်းကန်ကတောင် စုမင်ထက်နှစ်ဆပိုကြီးသည်။

စုမင် အလွန်အံ့အားသင့်သွားသည်။

သူမစားစရာကို သူကြည့်နေတာမြင်တော့ လင်းရှောင်ယန် ရှက်တတ်တတ်ဖြင့် နီမြန်းသွားကာ .."ဒီတိုင်း ငါပိုစားတာ ... ဒါပါပဲ"

စုမင်အကြည့်ကို ပြန်ရုပ်သိမ်းပြီး .."မများပါဘူး"

စားချင်စိတ်က မခံမရပ်နိုင်တာ သူသိသလိုနားလည်းလည်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူက အခြားလူတွေထပ်ပိုအစားနည်းတယ်။

ထိတ်လန့်နေသောနှစ်ယောက်နဲ့ယှဉ်ရင် စုမင်က နွေဦးလေပြေလို အေးမြပြီး တည်ငြိမ်သည်။ တည်ငြိမ်လွန်း၍ ကြက်သားအတွက်တောင် စီချွမ်ငရုတ်ကောင်းကို လှမ်းယူနေ၏။

လင်းရှောင်ယန် မျက်လုံးထောင့်ကနေ သူ့ကိုချောင်းကြည့်လိုက်သည်။

သူတို့နေလည်စာစားပြီးသည့်အခါ နှစ်ယောက်လုံး နေသားကျလာတယ်

စုမင် သူတို့ကို လက်သုတ်ပဝါကမ်းပေးရင်း .."အိုခေ ... အခုအဆောင်မှာ ဘာတွေဖြစ်နေလဲပြောကြရအောင်"

လင်းရှောင်ယန်ခေါင်းခါပြီး .."ငါအဲ့အကြောင်းမပြောချင်ဘူး"

"ဒီလိုမရဘူး" စုမင်ပြော၏ "လျှိုလီလီက မင်းရဲ့အခန်းဖော် ... သူမသေဆုံးခြင်းက အရမ်းသံသယဖြစ်စရာကောင်းတယ်။ မင်းပြောမှရမယ်"

"ဒါဆို ငါဘာပြောရမလဲ?" သူမမေးတယ် .."သူမ ဘယ်လိုသေလည်း ငါမသိဘူး ... သူမရေချိုးခန်းသွားတဲ့အချိန် ငါအိပ်ယာထဲမှာ"

"မအိပ်ခင် မင်းတို့ဘာလုပ်ခဲ့သေးလဲ?"

သူကြားခဲ့တာ များသောအားဖြင့် တက္ကသိုလ်တွေပါဝင်တဲ့ horrorရုပ်ရှင်များမှာ ကျောင်းသူကျောင်းသားအုပ်စုလိုက် ဘီရှင်း(ခဲတံနတ်သမီး)ဂိမ်းလို ကစားလိမ့်မယ် ... ပြီး တစ်ခုခုမှားသွားလို့ ... ဘီရှင်းက တစ်‌ယောက်ပြီးတစ်ယောက်လိုက်သတ်လိမ့်မယ်။

စုမင် မေးစေ့ပွတ်ပြီး .."ဥပမာ ... မင်းဘီရှင်းကစားခဲ့လား?"

လင်းရှောင်ယန် ခဲသွား၏။

သူမအမူအရာပြောင်းသွားတာ စုမင်အမြင်၌မလွတ်ခဲ့ ... သူမနေနိုင်ဘဲ မေးလိုက်သည်။
"မင်းတို့တကယ်ဘီရှင်းမကစားခဲ့ဘူးမလား ဟုတ်တယ်မလား?"

ဇာတ်လိုက်မ သေမင်းကိုဖိတ်ခေါ်ဖို့ကြိုးစားနေတာလား?

"မဟုတ်ဘူး မဟုတ်ဘူး ... ငါတို့ဘီရှင်းမကစားခဲ့ဘူး" သူမအမြန်ငြင်း၏။

စုမင်စိတ်သက်သာရာရတော့မည့်အချိန် သူမ၏နောက်စာကြောင်းကိုကြားလိုက်ရစဉ် သူ့တံတောင်စစ် စားပွဲပေါ်ကချော်ကျမတတ်။

".....ငါတို့ ကွိုင့်ရှင်း*ကစားနေခဲ့တာ"

(*တူနတ်သမီး)

စုမင် လက်မောင်းကိုပွတ်လိုက်သည်။

"ဆက်ပြော"

တိတ်ဆိတ်နေပြီးနောက် လင်းရှောင်ယန်သည်နှုတ်ဟလျက် ... ပြီးခဲ့သည့်ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကိုပြန်လည်ပြောပြခဲ့သည်။

မနေ့ညအချိန်ဆီသို့ ...

ကျောင်းသူလေးယောက် စိတ်လှုပ်ရှားနေသောမျက်နှာများနှင့် မျက်နှာချင်းဆိုင်နေကြသည်။
သူမတို့အရှေ့စားပွဲတွင် ကြမ်းတမ်းပြီး စုတ်ချာသောတူနှစ်စုံရှိသည်။ တူနှစ်စုံကို အနီကြိုးဖြင့် ကြက်ခြေခတ်ပုံသဏ္ဍာန်စည်းနှောင်ထားတယ်။

ဒီဂိမ်း၏ စည်းမျဉ်းစည်းကမ်းတွေက အားလုံးပါဝင်ဖို့ လိုအပ်တယ်။

အင်တာနက်မှာ ကွိုင့်ရှင်းအချက်အလတ်တွေသိပ်မရှိပေ။ ဂိမ်း၏အခြင်းအရာတွေကိုက မရေ‌မရာနဲ့...

မိန်းကလေးတစ်ယောက်စီတိုင်း ကြက်ခြေခတ်အဆုံးကို ကိုင်ထားပြီး စကားစုကို ရေရွတ်လေ၏။ "ကွိုင့်ရှင်း ကွိုင့်ရှင်း ... ကျေးဇူးပြုပြီးအမြန်အရောက်လာပေးပါ"

သူတို့ထပ်ရေရွတ်ပြီးနောက် ထိုင်ကြသည်။ သူတို့ထိုင်လိုက်သည်နှင့် နောက်ဆုံးတခေါက်ထပ်ရွတ်ပြန်၏။ ဘယ်လိုပဲဖြစ်ဖြစ် သုံးခါလောက်တစ်ဆက်တည်း ပြောပြီးပေမယ့် ကြက်ခြေခတ်တူများက မရွေ့လျားပေ။

လျှိုလီလီ၏သတ္တိနည်းသူမို့လို့ သူမဆက်ပြီး မလုပ်ချင်တော့ပေ။ အစတည်းက သူမကစားဖို့ ငြင်းပယ်သော်လည်း သူမအခန်းဖော်တို့ရဲ့ တိုက်တွန်းမှုကြောင့် လိုက်လျောပေးခဲ့သည်။

ထို့အပြင် သူမ သရဲကားတွေအများကြီးကြည့်ဖူးတယ် ... သူမမကြောက်ဘူးဆိုတာ မဖြစ်နိုင်ပေ။

သူမ လက်ရုပ်သိမ်းခါနီးတွင် ရုတ်တရက်တူနှစ်စုံတွန့်သွားသည်။
သူမနဲ့ဆန့်ကျင်ဘက် လင်းရှောင်ယန်အော်ပြောသည်။ .."လှုပ်သွားတယ်ဟ! နင်တို့တွေလှုပ်လိုက်တာလား?"

သုံးယောက်သား အချင်းချင်းကြည့်ပြီး အသာခေါင်းခါ၏။ သူတို့မျက်ဝန်းများမှာတော့ ကြောက်သလို စိတ်လည်းလှုပ်ရှားနေသည်။

လျှိုလီလီတိတ်တဆိတ်တံထွေးမြိုချလိုက်သည်။ သူမခြေဖဝါးတွေ စတင် အေးစက်လာသည်။ ကြက်ခြေခတ်တူတိုင်ဖြည်းဖြည်းချင်းလှုပ်ရှားနေသည်ကို သူတို့ခံစားမိသည်။ အနီရောင်ကြိုးဖြင့် စည်းနှောင်ထားသောကြောင့် ပုံမှန်မဟုတ်သည့်ပုံဖြစ်နေ၏။

နောက်ဆုံး ... လင်းရှောင်ယန် တိတ်ဆိတ်ခြင်းကိုဖြိုခွဲလိုက်တယ် .."ကွိုင့်ရှင်း ကွိုင့်ရှင်း ... ဒီနှစ်ဝက် ကျွန်မဘာသာရပ် ကျရှုံးမှာလား? ဟုတ်တယ်ဆိုရင် တစ်ကြိမ်ခေါက်ပါ မဟုတ်ဘူးဆိုရင် နှစ်ကြိမ်ခေါက်ပေးပါ"

သူမ ခြောက်ဘာသာကျရှုံးပြီးပြီလေ...

တက္ကသိုလ်မှကျောင်းသားများသည် ၄ ​​နှစ်တာကာလအတွင်း ဘာသာရပ် ၇ ခုမအောင်မြင်လျှင် ဝင်ခွင့်စာမေးပွဲပြန်ဖြေရမည်ဟု သတ်မှတ်သည်။ သူတို့ကမအောင်မြင်ခဲ့ရင် သူတို့ ဒီဂရီ၊ ဒီပလိုမာအတွက် အောင်လက်မှတ်တွေ မရနိုင်ဘူး။

လင်းရှောင်ယန် မတတ်နိုင်ခဲ့ပေ။

လူလေးယောက်မျက်လုံးအောက်တွင်ပဲ တူများသည် ဖြည်းညှင်းစွာနှစ်ကြိမ်ခေါက်ခဲ့သည်။

သူမ ရင်ခုန်လွန်းလို့ အဆောင်ခန်းထဲကနေတောင် ထပြီး ခုန်ထွက်လုနီးပါးပဲ ... ဒါပေမယ့် သူမလက်ထဲက တူများကြောင့် သူမကိုယ်သူမ တန့်နိုင်ခဲ့၏။

"ဒါမှန်တာပဲ" သူမပြောတယ် .."နင်တို့တွေ ... နောက်မကျခင် အမြန်မေးကြ"

ကျန်သုံး‌ယောက်လုံး သူတို့မေးခွန်းတွေမေးလေသည်။

ကွိုင့်ရှင်း၏ခေါက်သံက မေးခွန်းတစ်ခွန်းချင်းတိုင်း ပြောင်းလဲသည်။ ဒေါက် ဒေါက် ... မသိရင် ထိုအသံက သူမတို့နှလုံးကို လာခေါက်သလိုပင်။

နာရီဝက်ကြာသွားခဲ့သည်။

"ငါတို့ ကွိုင့်ရှင်းကိုပြန်ပို့သင့်ပြီ" လင်းရှောင်ယန် လုံလောက်ပြီလို့ တွေးလိုက်သည်။

ဤသည် ဂိမ်း၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကွိုင့်ရှင်းကို စနစ်တကျပြန်မလွှတ်ပါက ဒုက္ခရောက်လိမ့်မည်။ သူတို့အသက်တောင် ဆုံးရှုံးနိုင်တယ်။

"အို့ နိုး ... ကြိုးပြတ်သွားပြီ!" လျှိုလီလီရုတ်တရက်အော်လိုက်၏။

လင်းရှောင်ယန်မျက်နှာအမူအရာပြောင်းသွားကာ ငုံ့ကြည့်လိုက်တော့ ကြိုးတစ်ဝက်ပြတ်နေပြီး ကျန်တဝက်က လေထဲဝှေ့နေ၏။

အမြန်သူမပြောလာသည်။ "အမြန် ကွိုင့်ရှင်း ကျေးဇူးပြုပြီးပြန်နိုင်ပါပြီ"

ကျန်သူတွေကလည်း သူမဦးဆောင်သလို လိုက်ပြောသည်။

သူတို့လေးယောက်လုံးဝမေ့သွားခဲ့တာက ကွိုင့်ရှင်းကို ပြန်ပို့ရန် သူတို့၏တံခါးကို ဖွင့်ထားရမည်ပင် ... အစကနေ အဆုံးထိ အဆောင်ခန်းတံခါးက တင်းတင်းကြပ်ကြပ်ပိတ်နေခဲ့သည်။

မိနစ်အနည်းငယ်ကြာပြီးတော့ သူတို့နဖူးပေါ်မှ ချွေးစက်များကျဆင်းလာသည်။

ထို‌ကိစ္စပြီးတော့ ဘယ်သူမှစကားမပြောရဲဘဲ သူတို့ကုတင်ဆီ သူတို့သွားကြသည်။ သူတို့ရဲ့စောင်တွေထဲမှာ ကိုယ့်ကိုယ်ကို နှစ်မြှုပ်သည့်အခါ ဂနာမငြိမ်အိပ်ပျော်သွားကြတယ်။

"အဲ့လိုဖြစ်သွားတယ်" လင်းရှောင်ယန် ခေါင်းနိမ့်လိုက်သည်။
ကွိုင့်ရှင်းကို သူတို့ပြန်ပို့ခဲ့ပြီးနောက် နောက်ထပ်ဘာမှမလုပ်ဘဲ အိပ်ခဲ့ကြသည်။ နာရီများစွာမကြာ ... လျှိုလီလီ၏အလောင်းကို ရေချိုးခန်းထဲတွင်တွေ့ခဲ့သည်။

"...မင်းတို့တကယ်တစ်ခုခုပဲ ဟမ်" စုမင်ဒါပဲပြောနိုင်တော့တယ်။

"မိန်းကလေးလင်း ... မင်းခြောက်ဘာသာတောင် ကျတယ်?" လင်းယိကျီမေး၏ .."တကယ့်ကိုတစ်ခုခုပဲ ... ငါတောင်သုံးဘာသာပဲကျတာ"

စုမင်: “…”

လင်းရှောင်ယန် စူးစူးဝါးဝါး သူ့ကိုကြည့်ပြီး "အဲ့ဒါ နင်စိတ်ပူရမည့်ကိစ္စလား? ငါ့ဘာသာ ကျတာ အရေးမကြီးဘူး။ ပိုအရေးကြီးတာ လျှိုလီလီသေတဲ့ကိစ္စ"

လျှိုလီလီကိုလည်း သူမတို့နဲ့ မနေ့ညကဂိမ်းတွင် ပါဝင်စေခဲ့ပြီး လျှိုလီလီသေဆုံးခြင်းနဲ့ဆိုင်ပေမယ့် သူမဘာမှမပြောရဲဘူး။

အကယ်၍ သူမအတွေးကိုသာ ရဲတွေဆီပြောလိုက်ရင် ဘယ်သူမှယုံမှာမဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ... အသေးအဖွဲ့ဂိမ်းလေးနဲ့ ဘယ်သူကသေနိုင်မှာလဲ? နောက်ဆုံး သူမကိုသာ စိတ္တဇဆေးရုံပို့လိမ့်မယ် ...

လင်းယိကျီခေါင်းကုတ်ပြီး .."အဲ့လိုဆော့ဖို့ မင်းတို့ကိုဘယ်သူပြောလို့လဲ? အားလုံးကဘီရှင်းပဲကစားကြတာ ... ဒါပေမယ့် မင်းတို့က ကွိုင့်ရှင်း‌ကစားပြီးနေပြီ"

ညသန်းခေါင်ယံကြီး သရဲကိုလက်ယပ်ခေါ်တာ ကောင်းတဲ့ကိစ္စမဟုတ်ပေ။

ဟုတ်တာပေါ့ ... သူကိုယ်တိုင်ကလည်း စုမင်ကို ညလယ်ကြီး ‌'ကျေးဇူးပြု၍ ဂျင်းရှင်း' ကစားဖို့ လှုံ့ဆော်ခဲ့ပေမယ့် ဒါကိုထည့်တွက်လို့မရဘူး။

စုမင် တခဏ‌စဉ်းစားပြီး ပြောလာတယ် .."ငါမေးစရာရှိတယ် ... မင်းတို့တကယ်ပဲ ကွိုင့်ရှင်းကိုပြန်ပို့ခဲ့တာလား?"

ထိုသို့ပြောအပြီး ... သူ့လက်ဝှေ့ယမ်းရင်း "ဘာမှမဟုတ်တော့ဘူး ... ဒီမေးခွန်း မလိုဘူး"

"ဘာလို့လဲ?" လင်းရှောင်ယန်မေး၏။

"ငါခြေထောက်သုံးပြီးစဉ်းစားရင်တောင် မင်းတို့ ကွိုင့်ရှင်းကိုမပို့ခဲ့ဘူးဆိုတာ ငါသေချာနေတုန်းပဲ" သူဖြေသည်။

လင်းရှောင်ယန်: "..." ဒါဆို ရှင့်ခြေထောက်စွမ်းအားက တော်တော်ပါဝါကြီးတာပဲ

"မင်းတို့ကျိန်းသေမပို့ခဲ့ဘူး။ အကယ်လို့ ပို့နိုင်ခဲ့ရင် လျှိုလီလီသေမှာလည်းမဟုတ်ဘူး" သူထပ်လောင်းအတည်ပြု၏။ "ကွိုင့်ရှင်းမျက်နှာတွေ့လိုက်ကြသေးလား?"

Horrorရုပ်ရှင်တွေရဲ့ နိယာမ၁၀၁အရ ... ကွိုင့်ရှင်းသည် ကျောင်းတွင်းမှာပဲရှိဦးမယ်။

ဒါပေမယ့် ဒီလောက်မရိုးရှင်းလောက်ဘူး ... မဟုတ်ရင် ဒီရုပ်ရှင်နာမည်က 'သည်းထိပ်ရင်ဖိုတက္ကသိုလ်' မဟုတ်ဘဲ 'ကွိုင့်ရှင်း' လို့ဖြစ်ရမှာပေါ့။ ဒါရိုက်တာ ဒီ့ထက်ပိုလျှို့ဝှက်ထားပုံရသည်။

ကွိုင့်ရှင်းကပဲ သဘာဝလွန်ဖြစ်ရပ်ကြီးကို အစပျိုးခဲ့သည်လား ... တစ္ဆေတွေအများကြီးထဲအနက်မှ တစ်ကောင်လား ...

စာရေးသူမှာ ပြောစရာရှ်ိတယ်:

ဓာတ်လှေကား: အမြန်~ငါ့ကို~လာ~စီးလှည့်~

*****************************

သရဲခေါ်တမ်းကစားရင် သေသေချာချာပြန်ပို့ပါ မဟုတ်ရင် နောင်ခါဖြစ်လာမယ့်ပြဿနာကအကြီးကြီး⊙﹏⊙
ကိုယ်ကတော့ကြောက်လို့ ဆော့ကိုမဆော့ဖူးဘူး(ㆁωㆁ)

Sorry for mistakes
Thank you all🧡

July 6, 2021

----------------------------------------------------------------------




Chapter 4: သရဲကိုလက္ယပ္ေခၚခဲ့ျခင္း

အိမ္မက္ဆိုးႀကီး ရပ္တန္႔သြားသလို ကုတ္ျခစ္ရာေတြ ၊ လက္ရာေတြ အားလုံးေပ်ာက္ၿပီး ဓာတ္ေလွကားလည္း ပုံမွန္ျပန္ျဖစ္သြားသည္။

လွ်ပ္တစ္ျပတ္အတြင္း လင္းေ႐ွာင္ယန္နဲ႔လင္းယိက်ီေျပးထြက္လာတယ္။ သူတို႔ထြက္သည္တာႏွင့္ စုမင္က ေျခလွမ္းမကာ အထဲဝင္လိုက္သည္။

"အထဲမဝင္နဲ႔!" လင္းေ႐ွာင္ယန္ေအာ္ၿပီး သတိေပး‌လိုက္ေသာ္လည္း သူမေနာက္က်သြားၿပီ။ တံခါးမ်ားက ပိတ္ကာ ဓာတ္ေလွကားသည္ အေပၚသို႔ စတင္တတ္သြားၿပီ။ ေဘးဘက္က လင္းယိက်ီအျမန္ခလုတ္ကို ႏွိပ္ေပမယ့္ အခ်ည္းႏွီးသာ။

လင္းေ႐ွာင္ယန္အသံၾကားခဲ့၍ စုမင္ႏွလုံးသားတင္းက်ပ္သြားကာ ရင္ခုန္ျမန္လာသည္။

တတိယထပ္သြားမည္ကို ပယ္ဖ်က္ၿပီး ျဖစ္ႏိုင္သေလာက္အျပင္ထြက္ခ်င္၍ ဒုတိယထပ္ခလုတ္ကို ႏွိပ္လိုက္သည္။ တနည္း ေလွကားပဲသုံးတာ ပိုေကာင္းသည္။

ျဖစ္ႏိုင္ရင္ စုမင္ 'horror' ကိုလုံးဝမရင္ဆိုင္ခ်င္ေပ။

ဘယ္လိုပဲျဖစ္ျဖစ္ ... မေမွ်ာ္လင့္စြာ ဓာတ္ေလွကားက သူ႕ကို တတိယထပ္သို႔ တိုက္႐ိုက္ပို႔ေပးသည္။ '‌ဒင္' အသံႏွင့္ တံခါးမ်ားပြင့္သြား၏။

စုမင္: “…”

ဒီဓာတ္ေလွကားမွာ နည္းနည္းျပႆနာ႐ွိပုံရတယ္။

စုမင္ အျပင္သို႔ထြက္လာၿပီး တုန္႔ဆုတ္စြာေနာက္လွည့္ၾကည့္ေတာ့ တံခါးမ်ားကပုံမွန္လိုပဲ ပိတ္သြားသည္။

ေအာက္ထပ္၌ ... လင္းယိက်ီWeChatကေန ပို႔လာတယ္ .."စုမင္? ဓာတ္ေလွကားထဲက အျမန္ထြက္ ... မင္းအခုဘယ္အထပ္ေရာက္ေနလဲ?"

"ငါ တတိယထပ္မွာ" စုမင္ျပန္ေျဖသည္။

“…”

ထိုတုန္႔ျပန္ပုံက သူ(လင္းယိက်ီ)ထင္ထားသလို မဟုတ္ေပ။

လင္းေ႐ွာင္ယန္နဲ႔လင္းယိက်ီတို႔ ေလွကားကေန တတ္လာတယ္။ သူတို႔ ဓာတ္ေလွကားထဲ ျဖစ္ပ်က္သမွ်ကို ျပန္စဥ္းစားမိေတာ့ သူတို႔ကိုယ္တုန္ယင္ကာ ေၾကာက္စိတ္တို႔က စြဲက်န္ေန၏။

သူတို႔ အိမ္စာေတြအပ္ၿပီးေနာက္ သုံးေယာက္သားမ်က္ႏွာခ်င္းဆိုင္ကာ ဘာမွမေျပာၾကေပ။

စုမင္ တိတ္ဆိတ္မႈမၿဖိဳခြဲခင္ထိ အခ်ိန္အေတာ္ၾကာသြား၏။
"မင္းတို႔ဓာတ္ေလွကားထဲမွာ ႐ွိေနတုန္း တစ္ခုခုနဲ႔ ေတြ႕ခဲ့တာလား?"

သူတို႔ေခါင္းၿငိမ့္သည္။

လင္းေ႐ွာင္ယန္ တံေထြးၿမိဳခ်ရင္း .."တတိယထပ္အစား ဓာတ္ေလွကားက ငါတို႔ကို ခုႏွစ္ထပ္ပို႔ခဲ့တယ္!"

"ခုႏွစ္ထပ္?" စုမင္ နည္းနည္းမယုံသကၤာျဖစ္‌မိသည္။

မူလမွတ္ဉာဏ္အရ ခုႏွစ္ထပ္ေျမာက္သည္ ႏွစ္ေပါင္းမ်ားစြာတည္းက ခ်ိတ္ပိတ္ထားတာ ... ဒါ့အျပင္ ေျခာက္ထပ္ကေန ခုႏွစ္ထပ္တတ္မည့္ ေလွကားကိုလည္း ေသာ့ခတ္ထားသည္မွာ အလြန္ၾကာျမင့္ေနၿပီ။

"ဒီမွာ အဓိကအေရးႀကီးဆုံးတစ္ခ်က္က ေက်ာင္းကလုပ္ထားလို႔ ဓာတ္ေလွကားနဲ႔ ခုႏွစ္ထပ္ကို လုံးဝတတ္လို႔မရဘူး" လင္းယိက်ီေျပာသည္။

"ဘာကိုဆိုလိုတာလဲ?"

လင္းယိက်ီ ဖုန္းကမ္းေပးတယ္။ စခရင္တြင္ ခုႏွစ္လႊာအေၾကာင္း ေဆြးေႏြးထားသည့္ ေက်ာင္းဖိုရမ္ပို႔စ္အေဟာင္းကိုျပသထားသည္။

မူလပို႔စ္ႏွင့္ ေအာက္ကျပန္ေျဖသူ‌ေတြ အားလုံးကို ခ်ံဳ႕မယ္ဆိုရင္-
ဓာတ္ေလွကားက ေျခာက္လႊာအထိပဲ သြားႏိုင္တယ္။

ေနာက္တစ္နည္းဆိုရရင္ သြားႏိုင္သည့္အျမင့္ဆုံးအထပ္က ေျခာက္လႊာပင္ ... ဒါေပမယ့္ ထူးဆန္းတဲ့တည္ေဆာက္ျပဳျပင္အၿပီး ဓာတ္ေလွကားက ခ်ိတ္ပိတ္ထားတာကို အလိုလိုက်ိဳးပ်က္ၿပီး ခုႏွစ္လႊာထိပါ ေရာက္သြားတတ္သည္။

"ဒီဓာတ္ေလွကားက မလြယ္ဘူးပဲ" စုမင္သက္ျပင္းခ်လိုက္တယ္။

တစ္ထပ္လုံးျဖတ္ႏိုင္ဖို႔အတြက္ - ဒီhorrorဇာတ္ကားမွာလည္း ခ်ိဳ႕ယြင္းညံ့ဖ်င္းသည့္အေဆာက္အဦးမ်ားလည္း ပါဝင္တယ္။

"တကယ့္ကိုမလြယ္တာ" လင္းေ႐ွာင္ယန္ ေထာက္ခံသည္။

"ဓာတ္ေလွကားထဲမွာ ျဖစ္တဲ့ ထူးထူးဆန္းဆန္းမေတာ္တဆေတြ တင္ထားတဲ့ပို႔စ္ေတြ အမ်ားႀကီးပဲ" လင္းယိက်ီဆိုတယ္ .."တစ္ေယာက္ကေျပာထားတယ္ ... သူအထဲမွာ႐ွိေနတုန္း ဘယ္ကမွန္းမသိ အေပါက္ေပၚလာၿပီး ... အဲ့ထဲကေန လက္ေမာင္းထြက္လာၿပီး သူ႕အက်ႌကိုဆြဲတယ္တဲ့"

ဒါ သူတို႔ေတြ႕ၾကဳံခဲ့တာမဟုတ္ေပမယ့္ အနည္းနဲ႔အမ်ားေတာ့ တူသည္။

"အဲ့ထဲမွာ လုံျခဳံေရးကင္မ‌ရာ‌႐ွိတယ္" စုမင္ သူတို႔ကိုအသိေပးလိုက္တယ္။

လင္းေ႐ွာင္ယန္ မ်က္ဝန္းမ်ား ဝင္းလတ္သြားၿပီး .."ဟုတ္သားပဲ ... ဒီ့ထက္စုံစမ္းရေအာင္"

သူတို႔သုံးေယာက္လုံး ေမာ္နီတာအခန္းထဲအတူတူသြားၾကသည္။

"က်ဳပ္ဒီမွာ တစ္ေန႔လုံး႐ွိေနတာ ဘာမွမျဖစ္ဘူး ... အားလုံးပုံမွန္ပါပဲ။ ဓာတ္ေလွကားက ခုႏွစ္လႊာကိုသြားလို႔မရဘူး မဟုတ္တာ‌မေျပာနဲ႔" ႀကီးၾကပ္သူေျပာ၏။

သူထိုသို႔ေျပာေစကာမူ ... ထိုနားေလာက္ဆီ ကင္မရာအခ်ိန္ကို ျပန္ရစ္လိုက္သည္။

ကင္မရာ႐ိုက္ကူးဖမ္းယူထားသည့္အခ်ိန္က စုမင္႐ုံးဌာနအေဆာက္အဦးထဲ စဝင္လာခ်ိန္ျဖစ္သည္။ လင္းေ႐ွာင္ယန္နဲ႔လင္းယိက်ီက ဓာတ္ေလွကားထဲေရာက္႐ုံမွ်႐ွိေသးၿပီး တံခါးမ်ားပိတ္သြားခဲ့သည္။

ဓာတ္ေလွကားအေပၚတက္သည္ႏွင့္ နံပါတ္မွာလည္း တတ္သြားသည္။

ေနာက္စခရင္၌ လင္းေ႐ွာင္ယန္နဲ႔လင္းယိက်ီတို႔စကားေျပာေနၾကတာ ေပၚလာတယ္။ ဘာျဖစ္သြားလဲ မသိေသာ္လည္း သူတို႔မ်က္ႏွာအမူအရာ ႐ုတ္ျခည္းထူးဆန္းသြားသည္။

ဓာတ္ေလွကားနံပါတ္ '၃' ကိုေရာက္‌ၿပီး ... အခုသူတို႔ တတိယထပ္ကိုေရာက္ေနၿပီ။

တံခါးမ်ားပြင့္ခဲ့ၿပီး အထဲမွလူႏွစ္ေယာက္သည္ မဆိုင္းမတြခုန္ထြက္ခဲ့သည္။ သို႔ေသာ္ သိပ္မၾကာခင္ သူတို႔ေနာက္ကိုတစ္ခုခုလိုက္ေနသကဲ့သို႔ ေျပးဝင္လာၿပီး လင္းယိက်ီက မရပ္မနားခလုတ္ကိုႏွိပ္ခဲ့ကာ ေနာက္ဆုံးတံခါး‌ပိတ္သြားခဲ့ခ်ိန္ သူတို႔ႏွစ္ေယာက္လုံး ေျမျပင္ေပၚၿပိဳလဲသြား၏။

ႀကီးၾကပ္သူမ်က္ေမွာင္က်ံဳ႕ကာ တရားနည္းလမ္းက်က် ေျပာလာတယ္ .."မင္းတို႔အားလုံးေကာလိပ္ေက်ာင္းသားေတြပဲ ဓာတ္ေလွကားေပၚခုန္ခြင့္မ႐ွိဘူးဆိုတာ သိသင့္တယ္။ အက္ဆီးဒင့္လြယ္လြယ္ျဖစ္တတ္လို႔ ... ဒီလိုမ်ိဳးခလုတ္ႏွိပ္တာလည္း တားျမစ္ထားတယ္"

လင္းေ႐ွာင္ယန္နဲ႔လင္းယိက်ီမ်က္ႏွာအေရာင္ ဆုတ္ေလ်ာ့သြားသည္။

သူတို႔ ေသခ်ာေပါက္ ခုႏွစ္လႊာကိုေရာက္ခဲ့ေပမယ့္ စခရင္မွာ ျပသထားသည့္ နံပါတ္က '၃' တဲ့။

စုမင္ ႏွစ္ေယာက္ကိုတစ္ခ်က္ၾကည့္ၿပီး ေျပာလိုက္တယ္။
"အဆင္မေျပျဖစ္သြားရင္ ေတာင္းပန္ပါတယ္ ... သူတို႔မနက္ေစာေစာထထားေတာ့ အျပည့္ဝမႏိုးေသးလို႔ပါ။ ကြၽန္ေတာ္တို႔သြားလိုက္ပါဦးမယ္။ ဒါမ်ိဳးေနာက္ခါမျဖစ္ေစရပါဘူး"

သူတို႔ကို အခန္းျပင္သို႔ စုမင္ဆြဲေခၚလာသည္။

အျပင္၌ ... ရာသီဥတုသည္ ေနသာၿပီး တိမ္ကင္းစင္ကာ ေန႔အခ်ိန္၏လွပမႈကို ေဖာ္ျပေနေလသည္။ သို႔ေပမယ့္ စုမင္ကလြဲၿပီး က်န္ႏွစ္ေယာက္၏ ႏွလုံးထဲ၌ ေဆာင္းေလေအးတိုက္ခတ္သလို ေအးခဲေနသည္။

"ခုႏွစ္ထပ္ေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းတယ္"

"ငါဘယ္ေတာ့မွ ဓာတ္ေလွကားထပ္မစီးေတာ့ဘူး"

မနက္ခင္းအတန္းေတြပဲ႐ွ္ိတာမို႔ တစ္ေန႔လုံးအားသည္။ သူတို႔တစ္ေယာက္မွ မစားရေသးေသာေၾကာင့္ စုမင္ ႏွစ္ေယာက္ကိုေျဖာင့္တန္းစြာပင္ ကန္တင္းေခၚလာသည္။

ႏွစ္ေယာက္လုံးကေတြေဝ႐ႈပ္‌ေထြးေနဆဲ ...

သူတို႔ စားစရာမွာသည့္အခ်ိန္ သူတို႔ေခါင္းၿငိမ့္ရင္း ဟိုဟာဒီဟာနဲ႔ လက္အျပည့္ထပ္ ပိုဝယ္ေနတယ္ ... လင္းေ႐ွာင္ယန္ပန္းကန္ကေတာင္ စုမင္ထက္ႏွစ္ဆပိုႀကီးသည္။

စုမင္ အလြန္အံ့အားသင့္သြားသည္။

သူမစားစရာကို သူၾကည့္ေနတာျမင္ေတာ့ လင္းေ႐ွာင္ယန္ ႐ွက္တတ္တတ္ျဖင့္ နီျမန္းသြားကာ .."ဒီတိုင္း ငါပိုစားတာ ... ဒါပါပဲ"

စုမင္အၾကည့္ကို ျပန္႐ုပ္သိမ္းၿပီး .."မမ်ားပါဘူး"

စားခ်င္စိတ္က မခံမရပ္ႏိုင္တာ သူသိသလိုနားလည္းလည္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ သူက အျခားလူေတြထပ္ပိုအစားနည္းတယ္။

ထိတ္လန္႔ေနေသာႏွစ္ေယာက္နဲ႔ယွဥ္ရင္ စုမင္က ေႏြဦးေလေျပလို ေအးျမၿပီး တည္ၿငိမ္သည္။ တည္ၿငိမ္လြန္း၍ ၾကက္သားအတြက္ေတာင္ စီခြၽမ္င႐ုတ္ေကာင္းကို လွမ္းယူေန၏။

လင္းေ႐ွာင္ယန္ မ်က္လုံးေထာင့္ကေန သူ႕ကိုေခ်ာင္းၾကည့္လိုက္သည္။

သူတို႔ေနလည္စာစားၿပီးသည့္အခါ ႏွစ္ေယာက္လုံး ေနသားက်လာတယ္

စုမင္ သူတို႔ကို လက္သုတ္ပဝါကမ္းေပးရင္း .."အိုေခ ... အခုအေဆာင္မွာ ဘာေတြျဖစ္ေနလဲေျပာၾကရေအာင္"

လင္းေ႐ွာင္ယန္ေခါင္းခါၿပီး .."ငါအဲ့အေၾကာင္းမေျပာခ်င္ဘူး"

"ဒီလိုမရဘူး" စုမင္ေျပာ၏ "လွ်ိဳလီလီက မင္းရဲ႕အခန္းေဖာ္ ... သူမေသဆုံးျခင္းက အရမ္းသံသယျဖစ္စရာေကာင္းတယ္။ မင္းေျပာမွရမယ္"

"ဒါဆို ငါဘာေျပာရမလဲ?" သူမေမးတယ္ .."သူမ ဘယ္လိုေသလည္း ငါမသိဘူး ... သူမေရခ်ိဳးခန္းသြားတဲ့အခ်ိန္ ငါအိပ္ယာထဲမွာ"

"မအိပ္ခင္ မင္းတို႔ဘာလုပ္ခဲ့ေသးလဲ?"

သူၾကားခဲ့တာ မ်ားေသာအားျဖင့္ တကၠသိုလ္ေတြပါဝင္တဲ့ horror႐ုပ္႐ွင္မ်ားမွာ ေက်ာင္းသူေက်ာင္းသားအုပ္စုလိုက္ ဘီ႐ွင္း(ခဲတံနတ္သမီး)ဂိမ္းလို ကစားလိမ့္မယ္ ... ၿပီး တစ္ခုခုမွားသြားလို႔ ... ဘီ႐ွင္းက တစ္‌ေယာက္ၿပီးတစ္ေယာက္လိုက္သတ္လိမ့္မယ္။

စုမင္ ေမးေစ့ပြတ္ၿပီး .."ဥပမာ ... မင္းဘီ႐ွင္းကစားခဲ့လား?"

လင္းေ႐ွာင္ယန္ ခဲသြား၏။

သူမအမူအရာေျပာင္းသြားတာ စုမင္အျမင္၌မလြတ္ခဲ့ ... သူမေနႏိုင္ဘဲ ေမးလိုက္သည္။
"မင္းတို႔တကယ္ဘီ႐ွင္းမကစားခဲ့ဘူးမလား ဟုတ္တယ္မလား?"

ဇာတ္လိုက္မ ေသမင္းကိုဖိတ္ေခၚဖို႔ႀကိဳးစားေနတာလား?

"မဟုတ္ဘူး မဟုတ္ဘူး ... ငါတို႔ဘီ႐ွင္းမကစားခဲ့ဘူး" သူမအျမန္ျငင္း၏။

စုမင္စိတ္သက္သာရာရေတာ့မည့္အခ်ိန္ သူမ၏ေနာက္စာေၾကာင္းကိုၾကားလိုက္ရစဥ္ သူ႕တံေတာင္စစ္ စားပြဲေပၚကေခ်ာ္က်မတတ္။

".....ငါတို႔ ကြိဳင့္႐ွင္း*ကစားေနခဲ့တာ"

(*တူနတ္သမီး)

စုမင္ လက္ေမာင္းကိုပြတ္လိုက္သည္။

"ဆက္ေျပာ"

တိတ္ဆိတ္ေနၿပီးေနာက္ လင္းေ႐ွာင္ယန္သည္ႏႈတ္ဟလ်က္ ... ၿပီးခဲ့သည့္ညက ျဖစ္ပ်က္ခဲ့သည့္ အျဖစ္အပ်က္မ်ားကိုျပန္လည္ေျပာျပခဲ့သည္။

မေန႔ညအခ်ိန္ဆီသို႔ ...

ေက်ာင္းသူေလးေယာက္ စိတ္လႈပ္႐ွားေနေသာမ်က္ႏွာမ်ားႏွင့္ မ်က္ႏွာခ်င္းဆိုင္ေနၾကသည္။
သူမတို႔အေ႐ွ႕စားပြဲတြင္ ၾကမ္းတမ္းၿပီး စုတ္ခ်ာေသာတူႏွစ္စုံ႐ွိသည္။ တူႏွစ္စုံကို အနီႀကိဳးျဖင့္ ၾကက္ေျခခတ္ပုံသ႑ာန္စည္းေႏွာင္ထားတယ္။

ဒီဂိမ္း၏ စည္းမ်ဥ္းစည္းကမ္းေတြက အားလုံးပါဝင္ဖို႔ လိုအပ္တယ္။

အင္တာနက္မွာ ကြိဳင့္႐ွင္းအခ်က္အလတ္ေတြသိပ္မ႐ွိေပ။ ဂိမ္း၏အျခင္းအရာေတြကိုက မေရ‌မရာနဲ႔...

မိန္းကေလးတစ္ေယာက္စီတိုင္း ၾကက္ေျခခတ္အဆုံးကို ကိုင္ထားၿပီး စကားစုကို ေရ႐ြတ္ေလ၏။ "ကြိဳင့္႐ွင္း ကြိဳင့္႐ွင္း ... ေက်းဇူးျပဳၿပီးအျမန္အေရာက္လာေပးပါ"

သူတို႔ထပ္ေရ႐ြတ္ၿပီးေနာက္ ထိုင္ၾကသည္။ သူတို႔ထိုင္လိုက္သည္ႏွင့္ ေနာက္ဆုံးတေခါက္ထပ္႐ြတ္ျပန္၏။ ဘယ္လိုပဲျဖစ္ျဖစ္ သုံးခါေလာက္တစ္ဆက္တည္း ေျပာၿပီးေပမယ့္ ၾကက္ေျခခတ္တူမ်ားက မေ႐ြ႕လ်ားေပ။

လွ်ိဳလီလီ၏သတၱိနည္းသူမို႔လို႔ သူမဆက္ၿပီး မလုပ္ခ်င္ေတာ့ေပ။ အစတည္းက သူမကစားဖို႔ ျငင္းပယ္ေသာ္လည္း သူမအခန္းေဖာ္တို႔ရဲ႕ တိုက္တြန္းမႈေၾကာင့္ လိုက္ေလ်ာေပးခဲ့သည္။

ထို႔အျပင္ သူမ သရဲကားေတြအမ်ားႀကီးၾကည့္ဖူးတယ္ ... သူမမေၾကာက္ဘူးဆိုတာ မျဖစ္ႏိုင္ေပ။

သူမ လက္႐ုပ္သိမ္းခါနီးတြင္ ႐ုတ္တရက္တူႏွစ္စုံတြန္႔သြားသည္။
သူမနဲ႔ဆန္႔က်င္ဘက္ လင္းေ႐ွာင္ယန္ေအာ္ေျပာသည္။ .."လႈပ္သြားတယ္ဟ! နင္တို႔ေတြလႈပ္လိုက္တာလား?"

သုံးေယာက္သား အခ်င္းခ်င္းၾကည့္ၿပီး အသာေခါင္းခါ၏။ သူတို႔မ်က္ဝန္းမ်ားမွာေတာ့ ေၾကာက္သလို စိတ္လည္းလႈပ္႐ွားေနသည္။

လွ်ိဳလီလီတိတ္တဆိတ္တံေထြးၿမိဳခ်လိုက္သည္။ သူမေျခဖဝါးေတြ စတင္ ေအးစက္လာသည္။ ၾကက္ေျခခတ္တူတိုင္ျဖည္းျဖည္းခ်င္းလႈပ္႐ွားေနသည္ကို သူတို႔ခံစားမိသည္။ အနီေရာင္ႀကိဳးျဖင့္ စည္းေႏွာင္ထားေသာေၾကာင့္ ပုံမွန္မဟုတ္သည့္ပုံျဖစ္ေန၏။

ေနာက္ဆုံး ... လင္းေ႐ွာင္ယန္ တိတ္ဆိတ္ျခင္းကိုၿဖိဳခြဲလိုက္တယ္ .."ကြိဳင့္႐ွင္း ကြိဳင့္႐ွင္း ... ဒီႏွစ္ဝက္ ကြၽန္မဘာသာရပ္ က်႐ႈံးမွာလား? ဟုတ္တယ္ဆိုရင္ တစ္ႀကိမ္ေခါက္ပါ မဟုတ္ဘူးဆိုရင္ ႏွစ္ႀကိမ္ေခါက္ေပးပါ"

သူမ ေျခာက္ဘာသာက်႐ႈံးၿပီးၿပီေလ...

တကၠသိုလ္မွေက်ာင္းသားမ်ားသည္ ၄ ႏွစ္တာကာလအတြင္း ဘာသာရပ္ ၇ ခုမေအာင္ျမင္လွ်င္ ဝင္ခြင့္စာေမးပြဲျပန္ေျဖရမည္ဟု သတ္မွတ္သည္။ သူတို႔ကမေအာင္ျမင္ခဲ့ရင္ သူတို႔ ဒီဂရီ၊ ဒီပလိုမာအတြက္ ေအာင္လက္မွတ္ေတြ မရႏိုင္ဘူး။

လင္းေ႐ွာင္ယန္ မတတ္ႏိုင္ခဲ့ေပ။

လူေလးေယာက္မ်က္လုံးေအာက္တြင္ပဲ တူမ်ားသည္ ျဖည္းညႇင္းစြာႏွစ္ႀကိမ္ေခါက္ခဲ့သည္။

သူမ ရင္ခုန္လြန္းလို႔ အေဆာင္ခန္းထဲကေနေတာင္ ထၿပီး ခုန္ထြက္လုနီးပါးပဲ ... ဒါေပမယ့္ သူမလက္ထဲက တူမ်ားေၾကာင့္ သူမကိုယ္သူမ တန္႔ႏိုင္ခဲ့၏။

"ဒါမွန္တာပဲ" သူမေျပာတယ္ .."နင္တို႔ေတြ ... ေနာက္မက်ခင္ အျမန္ေမးၾက"

က်န္သုံး‌ေယာက္လုံး သူတို႔ေမးခြန္းေတြေမးေလသည္။

ကြိဳင့္႐ွင္း၏ေခါက္သံက ေမးခြန္းတစ္ခြန္းခ်င္းတိုင္း ေျပာင္းလဲသည္။ ေဒါက္ ေဒါက္ ... မသိရင္ ထိုအသံက သူမတို႔ႏွလုံးကို လာေခါက္သလိုပင္။

နာရီဝက္ၾကာသြားခဲ့သည္။

"ငါတို႔ ကြိဳင့္႐ွင္းကိုျပန္ပို႔သင့္ၿပီ" လင္းေ႐ွာင္ယန္ လုံေလာက္ၿပီလို႔ ေတြးလိုက္သည္။

ဤသည္ ဂိမ္း၏ မ႐ွိမျဖစ္အစိတ္အပိုင္းတစ္ခုျဖစ္သည္။ ကြိဳင့္႐ွင္းကို စနစ္တက်ျပန္မလႊတ္ပါက ဒုကၡေရာက္လိမ့္မည္။ သူတို႔အသက္ေတာင္ ဆုံး႐ႈံးႏိုင္တယ္။

"အို႔ ႏိုး ... ႀကိဳးျပတ္သြားၿပီ!" လွ်ိဳလီလီ႐ုတ္တရက္ေအာ္လိုက္၏။

လင္းေ႐ွာင္ယန္မ်က္ႏွာအမူအရာေျပာင္းသြားကာ ငုံ႔ၾကည့္လိုက္ေတာ့ ႀကိဳးတစ္ဝက္ျပတ္ေနၿပီး က်န္တဝက္က ေလထဲေဝွ႔ေန၏။

အျမန္သူမေျပာလာသည္။ "အျမန္ ကြိဳင့္႐ွင္း ေက်းဇူးျပဳၿပီးျပန္ႏိုင္ပါၿပီ"

က်န္သူေတြကလည္း သူမဦးေဆာင္သလို လိုက္ေျပာသည္။

သူတို႔ေလးေယာက္လုံးဝေမ့သြားခဲ့တာက ကြိဳင့္႐ွင္းကို ျပန္ပို႔ရန္ သူတို႔၏တံခါးကို ဖြင့္ထားရမည္ပင္ ... အစကေန အဆုံးထိ အေဆာင္ခန္းတံခါးက တင္းတင္းၾကပ္ၾကပ္ပိတ္ေနခဲ့သည္။

မိနစ္အနည္းငယ္ၾကာၿပီးေတာ့ သူတို႔နဖူးေပၚမွ ေခြၽးစက္မ်ားက်ဆင္းလာသည္။

ထို‌ကိစၥၿပီးေတာ့ ဘယ္သူမွစကားမေျပာရဲဘဲ သူတို႔ကုတင္ဆီ သူတို႔သြားၾကသည္။ သူတို႔ရဲ႕ေစာင္ေတြထဲမွာ ကိုယ့္ကိုယ္ကို ႏွစ္ျမႇဳပ္သည့္အခါ ဂနာမၿငိမ္အိပ္ေပ်ာ္သြားၾကတယ္။

"အဲ့လိုျဖစ္သြားတယ္" လင္းေ႐ွာင္ယန္ ေခါင္းနိမ့္လိုက္သည္။
ကြိဳင့္႐ွင္းကို သူတို႔ျပန္ပို႔ခဲ့ၿပီးေနာက္ ေနာက္ထပ္ဘာမွမလုပ္ဘဲ အိပ္ခဲ့ၾကသည္။ နာရီမ်ားစြာမၾကာ ... လွ်ိဳလီလီ၏အေလာင္းကို ေရခ်ိဳးခန္းထဲတြင္ေတြ႕ခဲ့သည္။

"...မင္းတို႔တကယ္တစ္ခုခုပဲ ဟမ္" စုမင္ဒါပဲေျပာႏိုင္ေတာ့တယ္။

"မိန္းကေလးလင္း ... မင္းေျခာက္ဘာသာေတာင္ က်တယ္?" လင္းယိက်ီေမး၏ .."တကယ့္ကိုတစ္ခုခုပဲ ... ငါေတာင္သုံးဘာသာပဲက်တာ"

စုမင္: “…”

လင္းေ႐ွာင္ယန္ စူးစူးဝါးဝါး သူ႕ကိုၾကည့္ၿပီး "အဲ့ဒါ နင္စိတ္ပူရမည့္ကိစၥလား? ငါ့ဘာသာ က်တာ အေရးမႀကီးဘူး။ ပိုအေရးႀကီးတာ လွ်ိဳလီလီေသတဲ့ကိစၥ"

လွ်ိဳလီလီကိုလည္း သူမတို႔နဲ႔ မေန႔ညကဂိမ္းတြင္ ပါဝင္ေစခဲ့ၿပီး လွ်ိဳလီလီေသဆုံးျခင္းနဲ႔ဆိုင္ေပမယ့္ သူမဘာမွမေျပာရဲဘူး။

အကယ္၍ သူမအေတြးကိုသာ ရဲေတြဆီေျပာလိုက္ရင္ ဘယ္သူမွယုံမွာမဟုတ္ေပ။ ဘယ္လိုပဲျဖစ္ျဖစ္ ... အေသးအဖြဲ႕ဂိမ္းေလးနဲ႔ ဘယ္သူကေသႏိုင္မွာလဲ? ေနာက္ဆုံး သူမကိုသာ စိတၱဇေဆး႐ုံပို႔လိမ့္မယ္ ...

လင္းယိက်ီေခါင္းကုတ္ၿပီး .."အဲ့လိုေဆာ့ဖို႔ မင္းတို႔ကိုဘယ္သူေျပာလို႔လဲ? အားလုံးကဘီ႐ွင္းပဲကစားၾကတာ ... ဒါေပမယ့္ မင္းတို႔က ကြိဳင့္႐ွင္း‌ကစားၿပီးေနၿပီ"

ညသန္းေခါင္ယံႀကီး သရဲကိုလက္ယပ္ေခၚတာ ေကာင္းတဲ့ကိစၥမဟုတ္ေပ။

ဟုတ္တာေပါ့ ... သူကိုယ္တိုင္ကလည္း စုမင္ကို ညလယ္ႀကီး ‌'ေက်းဇူးျပဳ၍ ဂ်င္း႐ွင္း' ကစားဖို႔ လႈံ႕ေဆာ္ခဲ့ေပမယ့္ ဒါကိုထည့္တြက္လို႔မရဘူး။

စုမင္ တခဏ‌စဥ္းစားၿပီး ေျပာလာတယ္ .."ငါေမးစရာ႐ွိတယ္ ... မင္းတို႔တကယ္ပဲ ကြိဳင့္႐ွင္းကိုျပန္ပို႔ခဲ့တာလား?"

ထိုသို႔ေျပာအၿပီး ... သူ႕လက္ေဝွ႔ယမ္းရင္း "ဘာမွမဟုတ္ေတာ့ဘူး ... ဒီေမးခြန္း မလိုဘူး"

"ဘာလို႔လဲ?" လင္းေ႐ွာင္ယန္ေမး၏။

"ငါေျခေထာက္သုံးၿပီးစဥ္းစားရင္ေတာင္ မင္းတို႔ ကြိဳင့္႐ွင္းကိုမပို႔ခဲ့ဘူးဆိုတာ ငါေသခ်ာေနတုန္းပဲ" သူေျဖသည္။

လင္းေ႐ွာင္ယန္: "..." ဒါဆို ႐ွင့္ေျခေထာက္စြမ္းအားက ေတာ္ေတာ္ပါဝါႀကီးတာပဲ

"မင္းတို႔က်ိန္းေသမပို႔ခဲ့ဘူး။ အကယ္လို႔ ပို႔ႏိုင္ခဲ့ရင္ လွ်ိဳလီလီေသမွာလည္းမဟုတ္ဘူး" သူထပ္ေလာင္းအတည္ျပဳ၏။ "ကြိဳင့္႐ွင္းမ်က္ႏွာေတြ႕လိုက္ၾကေသးလား?"

Horror႐ုပ္႐ွင္ေတြရဲ႕ နိယာမ၁၀၁အရ ... ကြိဳင့္႐ွင္းသည္ ေက်ာင္းတြင္းမွာပဲ႐ွိဦးမယ္။

ဒါေပမယ့္ ဒီေလာက္မ႐ိုး႐ွင္းေလာက္ဘူး ... မဟုတ္ရင္ ဒီ႐ုပ္႐ွင္နာမည္က 'သည္းထိပ္ရင္ဖိုတကၠသိုလ္' မဟုတ္ဘဲ 'ကြိဳင့္႐ွင္း' လို႔ျဖစ္ရမွာေပါ့။ ဒါ႐ိုက္တာ ဒီ့ထက္ပိုလွ်ိဳ႕ဝွက္ထားပုံရသည္။

ကြိဳင့္႐ွင္းကပဲ သဘာဝလြန္ျဖစ္ရပ္ႀကီးကို အစပ်ိဳးခဲ့သည္လား ... တေစၧေတြအမ်ားႀကီးထဲအနက္မွ တစ္ေကာင္လား ...

စာေရးသူမွာ ေျပာစရာ႐ွ္ိတယ္:

ဓာတ္ေလွကား: အျမန္~ငါ့ကို~လာ~စီးလွည့္~

*****************************

သရဲေခၚတမ္းကစားရင္ ေသေသခ်ာခ်ာျပန္ပို႔ပါ မဟုတ္ရင္ ေနာင္ခါျဖစ္လာမယ့္ျပႆနာကအႀကီးႀကီး⊙﹏⊙
ကိုယ္ကေတာ့ေၾကာက္လို႔ ေဆာ့ကိုမေဆာ့ဖူးဘူး(ㆁωㆁ)

Sorry for mistakes
Thank you all🧡

July 6, 2021

-----------------------------------------------------------------------

Continue Reading

You'll Also Like

24.5K 2.1K 30
ဇာတ်လမ်း အကျဥ်းကတော့ ဝတ္ထုခေါင်းစဥ်အတိုင်းပါပဲ... လင်းမာန်ခက wormhole ကို ဖြတ်လာပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ရောက်လာတယ် ။ သူ့အဖေက သူ ၂နှစ်သားထဲက ဆုံး...
141K 20.9K 108
This story is just a fan translation. Crd to the original owner.
92.9K 3K 51
𝐒𝐂𝐇𝐎𝐎𝐋 𝐁𝐔𝐒 𝐆𝐑𝐀𝐕𝐄𝐘𝐀𝐑𝐃 "𝚝𝚑𝚎 𝚋𝚎𝚜𝚝 𝚠𝚊𝚢 𝚝𝚘 𝚐𝚘, 𝚒𝚜 𝚒𝚗 𝚜𝚝𝚢𝚕𝚎. 𝚆𝚑𝚊𝚝𝚜 𝚖𝚘𝚛𝚎 𝚜𝚝𝚢𝚕𝚒𝚜𝚑 𝚝𝚑𝚊𝚗 𝚊 𝚖𝚘𝚝...
45.4K 2.6K 32
«អូនស្រឡាញ់បង នេះជាលើកទី១ហើយក៏ជាលើកចុងក្រោយដែលៗអូននិយាយប្រាប់បង» «gemini norawit អូនស្រឡាញ់បង!!!»