To be a Heartthrob in a Horro...

By Kuro_Fuyu

424K 86.8K 4.7K

Original Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြ... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119

Chapter 3

6.3K 1.3K 71
By Kuro_Fuyu


Chapter 3: ဓာတ်လှေကား

အပြင်မှ ခဏလောက်စောင့်ပြီးနောက် လင်းရှောင်ယန် သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။ .."စုမင် ... ရှင်ဝင်တော့ ...အဲ့ဒါလှုပ်ရှားလား?"

သူ့နောက်ကျောမှ အအေးဓာတ်ပျောက်သွားသည်ကို စုမင်ခံစားလိုက်ရ၏။ သူ့မျက်နှာပွတ်မိပြီး ပုံမှန်‌အေးဆေးတည်ငြိမ်သည့်အမူအရာပြန်ဖြစ်သွားသည်။

"လှုပ်သွားတယ်" သူ ရေချိုးခန်းထဲမှထွက်ပြီး ပြန်ဖြေလိုက်သည် ... ဒါပေမဲ့ သူမလှုပ်ရှားမှုက တစ်မျိုးကြီးပဲ။

နောက်ဆုံးတစ်ကြိမ်ကြည့်ခဲ့စဉ်က လျှိုလီလီအလောင်း၏ မျက်နှာသည် ထိတ်လန့်ကြောက်ရွံ့နေသည့်အမူအရာဖြစ်နေသည်။ ဘယ်လိုပဲဖြစ်ဖြစ် အလောင်းကို ကြောက်ရွံ့စေတာက ကမ္ဘာမှာသိပ်မရှိသလောက်ပင်။

တရားခံက အဲ့တစ္ဆေပဲဖြစ်မယ်ဟု စုမင်သံသယဖြစ်မိသည်။

လျှိုလီလီရေချိုးကန်ထဲ၌ ရေနစ်‌နေသည်က လူတစ်ယောက်တုန်လှုပ်တဲ့ထိ ဆိုးရွားလှတယ်။ သူမသေဆုံးပုံက စဉ်းစားဖို့ရာ ကြုံတောင့်ကြုံခဲထူးဆန်းသည့်အနေအထားဖြစ်နေသည်။

"ရဲတွေလာတဲ့ထိစောင့်တာ ပိုကောင်းတယ်‌လေနော် ...အိုခေ?" လင်းရှောင်ယန်တောင့်တင်းစွာပြောလာသည်။
စုမင် သူမရဲ့ဖြူစုတ်နေသည့်မျက်နှာနှင့် ဖြူဖတ်ဖြူရော်နှုတ်ခမ်းကိုကြည့်ပြီး ကြည့်ရတာ သူမအတွေးနဲ့တင် ကြောက်နေတာဖြစ်မယ်။

Horrorရုပ်ရှင်ထဲက ဇာတ်လိုက်မင်းသမီးက ဒီလောက်ကြောက်နေတာ အဆင်ပြေပါ့မလား?

"လျှိုလီလီဆုံးသွားတုန်းက တစ်ယောက်ယောက်များ ရေချိုးခန်းထဲရှိနေလား?" စုမင်မေး၏။

မိန်းကလေးသုံးယောက်လုံးခေါင်းခါသည်။ သူမတို့အားလုံး အိပ်ယာထဲမှာအိပ်နေကြတုန်း ... လျှိုလီလီရေချိုးခန်းဆီ ထွက်သွားစဉ်က သူမတို့နဲ့ ဘယ်လိုလုပ်အတူတူရှိနေမှာလဲ? အကယ်၍ လင်းရှောင်ယန်သာ သူမခန္ဓာကိုရှာမတွေ့ခဲ့ရင် မနက်ခင်းထိ သိကြမှာမဟုတ်ပေ။

"သူမခန္ဓာကိုယ်ကြည့်ရတာ ရေအောက်ထဲအတင်းဖိခံထားရပုံပဲ" စုမင်တုံ့ဆိုင်းနေသည်။

ပုံမှန်လူတစ်ယောက်က ရေချိုးကန်ထဲအဲ့လိုသေတယ်ဆိုတာ မဖြစ်နိုင်ဘူး ... ဒါပေမယ့် ဒါကhorrorရုပ်ရှင်လေ ... ရေချိုးခန်းထဲမှာ သူမသေတဲ့အချိန် သရဲရှိနေတယ်ဆိုရင်တော့ အားလုံးကယုတ္တိရှိတယ်။

လင်းရှောင်ယန်မျက်နှာအရောင် ပို၍ဖြူရော်သွားသည်။ ဘယ်သူမှ ဘာပြောရမှန်းမသိကြပေ။

ရဲကားများ၏ အချက်ပေးဥဩသံများကြားရပြီး ခဏကြာ အရာရှိအချို့ရောက်လာကြတယ်။

သူတို့ စုမင်ကိုမြင်တော့ တစ်စက္ကန့်မျှတန့်သွားခဲ့ကြသည်။

အမှုအခင်းဖြစ်ပြီးမှ စုမင်တို့အုပ်စုရောက်ရှိသော်လည်း စုံစမ်းမေးမြန်းခြင်းခံရသေးသည်။ စီးရီးလိုက် မေးခွန်းအဆင့်ဆင့်ပြီးသွားသည့်နောက် သူတို့ကိုလွတ်ပေးလိုက်ကြသည်။

အခြားသူတွေလို စုမင်မကြောက်ပေ ... ပိုဆိုးတာထက် ပိုဆိုးလာရင် ရုပ်ရှင်ထဲက ထွက်လိုက်ရုံပဲ။

အချိန်များစွာကြာပြီးနောက် ... နေမြင့်‌‌ပြီရာ  မနက်ခင်းကျော်လွန်ပြီး မွန်းလွဲပိုင်းအချိန်မဆိုသလောက်လေးကို ဖော်ပြနေသည်။ ကျောင်းသူတစ်ဦးသေဆုံးသည့်တိုင် ပုံမှန်အတန်းတွေတတ်နေရတုန်းပဲ။

သူအိပ်ယာမှ နိုးလာတော့ ၁၀နာရီတောင်ရှ်ိနေပြီ။ စုမင်အိပ်ယာမှထပြီး လျင်မြန်စွာညအိပ်ဂါဝန်ကိုလဲလိုက်သည်။ အစက သူလွင့်ပစ်မလို့ပဲ ... ဒါပေမယ့် တခဏ‌တွေးမိပြီး ကုတင်ပေါ်သာ တင်ထားခဲ့သည်။

ရေချိုးခန်းဆီ ချည်းကပ်သည်နှင့် တုံ့ဆိုင်းမှုများကမြင့်တက်လာတယ်။

မနေ့ညက အဲ့မှာ သူ့တင်ပါးကို လာကိုင်တဲ့ နှာဘူးသရဲရှိတယ် ... အခုလက်ရှိ အနီးနားမှာထိုင်နေပြီး သူထောင်ချောက်ထဲလျှောက်လာဖို့ စောင့်နေတာလည်း ဖြစ်နိုင်သည်။

ဒါပေမယ့် အဆုံးမှာတော့ ... သူမျက်နှာသစ်ဖို့ လိုသေးတယ်။ ဒါ့အပြင် နေ့ခင်းကြီးလည်းဖြစ်ကာ နေရာတိုင်းနေရောင်ခြည်ထွန်းတောက်နေပြီး မနေ့ညကနဲ့ လုံးဝမတူပေ...

သူအထဲဝင်သွားတော့ ဖယောင်းတိုင် ၊ ပန်းသီးနဲ့ ပန်းသီးအခွံတွေက အမှိုက်ခြင်းထဲရောက်နှင့်နေပြီ။ ဒါတွေကို ရှင်းပေးသွားတဲ့အခန်းဖော်ကို ကျေးဇူးတင်မိသည်။

သွားတိုက်ဆေးကို သွားပွတ်တံပေါ် ညှစ်ပြီး စုမင်နည်းနည်းမဝံ့မရဲဖြစ်နေသည်။ တုံ့ဆိုင်းစွာ သူ မှန်ကြည့်ရင်း သွားစတိုက်လေသည်။

သွားတိုက်ရင်း မှန်ကြည့်ရတာ သူအကျင့်ဖြစ်သည်။ ဒီနေ့တော့ ... မနေ့ညက သရဲနဲ့သူနဲ့အတူ မှန်ထဲမှစူးစိုက်ကြည့်နေကြတာ သူတွေးမိသွားသည်။

သူငုံ့ကြည့်လိုက်ချိန် ဘုံပိုင်ခေါင်းမှ ကျနေတဲ့ရေက သွေးတွေဖြစ်သွားသည်။

စုမင်: "..."

ဒါက horrorရုပ်ရှင် ... ဟုတ်တာပေါ့...

မျက်စိတမှိတ်အတွင်း သွေးများက ရေအဖြစ်ပြန်ပြောင်းသွားသည်။ သူစိတ်သက်သာရသွားပြီး ပလုတ်ကျင်းလေသည်။ မသိရင် သူအမြင်မှားခဲ့သလိုပဲ ... ထိုကိစ္စပြီးတော့ ဘာထူးထူးဆန်းဆန်းအက်ဆီးဒင့်မှ မဖြစ်တော့ပေ။

သန့်ရှင်းဆေးကြောပြီးတော့ သူ့အခန်းဖော်နဲ့အတူ ကန်တင်းသို့ဦးတည်သည်။ အဆောင်မှထွက်သည့်အခါ အပြင်၌ ရဲကားကို စုမင်မြင်လိုက်ရသည်။ အမျိုးသမီးအဆောင်တံခါး၌ ရဲအတားအဆီးကြိုးက ကန့်လန့်ဖြတ်ထား၏။

အချိန်နည်းနည်းလောက် အလုပ်ရှုပ်ဦးလောက်မယ်လို့ သူတွေးလိုက်သည်။

စုမင်ကြည့်နေရာမှ ဆုတ်ခွာကာ ကန်တင်းသို့လမ်းတလျှောက် လျှိုလီလီသေဆုံးခြင်းနဲ့ပတ်သက်သည့် ဆွေးနွေးသံများလည်း ကြားရသည်။ ကျောင်းအဖွဲ့ကပင် အခင်း၏ဓာတ်ပုံအချို့ကို တင်ခဲ့သည်။

ကျောင်းတွင် သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်ပျက်ခဲ့ပြီးပြီဆိုတာကို ဘယ်သူမှမသိပေ။

'သည်းထိပ်ရင်ဖိုတက္ကသိုလ်' ဆိုသည့်နာမည်က ဒီတိုင်း‌အလှပြသထားမဟုတ်ပေ ...

ရုတ်တရက် စုမင် သူ့ရဲ့ပျောက်နေတဲ့အခန်းဖော်ကို သတိပြန်ရမိတော့ မေးလိုက်သည်။ "မနေ့ကထွက်သွားတဲ့ တစ်ယောက်က ဘာလို့အခုထိမရောက်သေးတာလဲ?"

"အိမ်မှာ မတော်တဆဖြစ်လို့တဲ့ ... အဲ့ဒါသူပြန်သွားရတယ်လေ ... သူပြန်ရောက်ဖို့ တော်တော်ကြာဦးမယ်" လင်းယိကျီဖြေ၏။

စုမင် ဘာမှမပြောပေ ... သူတို့အတန်းကို ရောက်တော့ လင်းရှောင်ယန်ကို တွေ့လေသည်။ သူမရရှိခဲ့သည့် မနေ့ညကဒဏ်က မသေးတာထင်ရှားသည်။ သူမတစ်ကိုယ်လုံးယိမ်းယိုင်နေပုံရသော်လည်း ဇာတ်လိုက်မအနေနဲ့ သူမ၏ဆွဲဆောင်မှုကိန်းကတော့ မြင့်မားဆဲ ... ကျောင်းသားတိုင်း သူမရဲ့‌အခြေအနေကို ဂရုတစိုက်မေးမြန်းနေကြသည်။

သူတို့နှစ်ယောက်ရောက်လာတာ မြင်တော့ လင်းရှောင်ယန်မျက်ဝန်းများ ဝင်းလတ်သွားကာ သူတို့ဆီလျှောက်လာတယ်။ သုံးယောက်သားအတူတူထိုင်ကြသည်။

"အပြင်က အဆောင်လက်ဖွဲ့ဝယ်ခဲ့တယ် ... ရှင်တို့ရော ဝတ်ဖို့ တစ်ခုလိုချင်လား?" လင်းရှောင်ယန်တိုးတိုးပြောသည်။

သူမ အလောင်းကို မှတ်ဉာဏ်ထဲကထုတ်လို့မရပေ။ လင်းယိကျီတစ်ခုတောင်းပေမယ့် စုမင်မတောင်းခဲ့‌ပေ။ အကယ်၍ အဆောင်လက်ဖွဲ့သာ အလုပ်လုပ်ခဲ့ရင် ရုပ်ရှင်က ဆက်သွားမှာမဟုတ်တော့ဘူး။

သူတို့မေဂျာက Englishဖြစ်သည်။ အတန်း၄၅မိနစ်အချိန်တွင်း ပရော်ဖက်ဆာက တဖွဖွပြောနေပြီး ကျောင်းသူကျောင်းသားတွေကတော့ စိတ်ကူးယဉ်ရင်း သတိမေ့နေကြသည်။

အတန်းချိန်ပြည့်ဘီးလ်မြည်တော့ .."နောက်ဆုံးတခေါက်က အိမ်စာတွေမအပ်ရသေးတဲ့ ကျောင်းသားတွေ အမြန်ဆုံးငါ့ရုံးခန်းဆီလာပို့ ... မဟုတ်ရင်တော့ မင်းတို့ရဲ့ နောက်ဆုံးအဆင့်လေးကို တာ့တာပြလိုက်ကြတော့"

ကျောင်းသူကျောင်းသားများသည် အတန်းထဲမှ လူစုကွဲစီထွက်သွားကြသည်။

လင်းယိကျီရုတ်တရက်အာမေဋိတ်သံဖြင့် .."ငါဒီနေ့ အိမ်စာယူလာဖို့မေ့ခဲ့တယ် ... စုမင် မင်းလည်းမေ့ခဲ့တယ်။ ဒါအရမ်းအရေးကြီးတယ် ... သွားပြန်ယူရအောင်"

"ငါလည်း မယူခဲ့မိဘူး" လင်းရှောင်ယန်ပြောတယ် .."နေဦး ... ငါနဲ့လိုက်ခဲ့ ... ငါတို့အတူတူသွားပြန်ယူကြမယ်"

သူမကြောက်သဖြင့် အဆောင်ကို တယောက်တည်းမပြန်ရဲဘူး။

စုမင်နဲ့ လင်းယိကျီတို့ အဆောင်ဆီ သူမနောက်လိုက်ပါသွားကြတယ်။ သူမအထဲကို တဟုန်ထိုးပြေးပြီး စက္ကန့်ပိုင်းတွင်းထွက်လာတာ သူတို့ကြည့်နေသည်။ သူမပြန်ရောက်တော့ သူမရဲ့ရှုပ်ပွနေတဲ့ဆံပင်ကို သေသပ်လိုက်ကာ "သွားရအောင်"

သူတို့အဝေးကြီး မလျှောက်ရသေးချိန် ကျောင်းသားတစ်ယောက်က ရုတ်တရက်သူတို့ရပ်လိုက်သည်။

"စုမင် ... ကျွန်တော် မင်းကိုမေးစရာရှိတယ်"

ဒီလူကို စုမင်မသိပေ။ လင်းရှောင်ယန်နဲ့ လင်းယိကျီတို့ပြောလာတယ် .."ငါတို့အရင်သွားအပ်နှင့်မယ် ... ဒါအရင်ရှင်းလိုက်"

နှစ်ယောက်သားထွက်သွားတော့ ကောင်လေးက ဆဲလ်ဖုန်းထုတ်ပြီး .."စုမင် .. မနေ့ညက ညအိပ်ဂါဝန်ဝတ်ထားတဲ့လူက..."

စုမင်: "ငါမဟုတ်ဘူး!"

ကောင်လေး: "...ကျွန်တော်မမေးရသေးဘူးလေ"

စုမင် သူ့ကိုလစ်လျူရှုပြီး .."ငါ အိမ်စာထပ်ဖို့ရှိသေးတယ် ... စကားပြောလို့မရသေးဘူး ... ဘိုင်ဘိုင်"

မိန်းကလေးဝတ်စုံကိစ္စကို ဘယ်တော့မှဝန်ခံမှာမဟုတ်ဘူး။ ကောင်လေးအမူအရာကို စုမင်ဂရုမစိုက်ဘဲ ခြေလှမ်းကျဲကျဲလျှောက်သွားသည်။

သူ ရုံးဌာနအဆောက်အဦးကိုချည်းကပ်သည်နှင့် Wechatကနေ စုမင်ပို့လိုက်တယ် .."ငါဒီမှာ ... မင်းတို့ဘယ်မှာလဲ?"

"ငါတို့ ဓာတ်လှေကားထဲတောင်ရောက်နေပြီ ... နောက်ဓာတ်လှေကားပဲစောင့်လိုက်" လင်းယိကျီစက္ကန့်မျှအကြာ ပြန်ဖြေ၏။

ကျောင်းက အလွန်ချမ်းသာလို့ ကိုယ်ပိုင်ဓာတ်လှေကားတောင်ရှိတာလား?

စုမင် အရင်ကျောင်းက လှေကားပဲရှိပြီး ရေအိမ်သာရှိကာ ရေချိုးခန်းမရှိပေ။ ပြောရရင် သူတို့ကတကယ်ဆင်းရဲလေသည်။ သူ ဒီ horrorဇာတ်ကားထဲရောက်မှ ဒီလိုကျောင်းမျိုးက အပြင်မှာတကယ်ရှိမှန်း သတိထားမိသည်။

ရုံးဌာနအဆောက်အဦးတစ်ခုလုံးကို ၇ထပ်ရှိသည်။ စုမင်ရောက်တဲ့အချိန် အံကိုက်ပင်ဓာတ်လှေကားတံခါးပိတ်သွားသည်။ လင်ယိကျီကို ဖြတ်ခနဲမြင်လိုက်ရပြီး လင်းရှောင်ယန်က သူ့ကိုလက်ဝှေ့ယမ်းပြနေခဲ့သည်။

ဓာတ်လှေကားထဲ၌ ...

"ငါတို့ မိနစ်နည်းနည်းလောက် ထပ်စောင့်လိုက်မိရင် စုမင်မှီလောက်ပြီ" လင်းရှောင်ယန်ပြောသည်။

လင်းယိကျီလက်ဝှေ့ယမ်းရင်း .."ငါတို့စောင့်ရဦးမှာပဲကို ... စုမင်လည်း စိတ်မဆိုးပါဘူးကွာ"

သူ့အခန်းဖော်အနေနဲ့ စုမင်နဂိုစိတ်ရင်းကို နားအလည်ဆုံးပင်။

သူပြောပြီး တခေတ္တဓာတ်လှေကားရုတ်တရက် လှုပ်ခါသွားသည်။

"ဘာဖြစ်တာလဲ? ဓာတ်လှေကားပျက်သွားတာလား?" လင်းရှောင်ယန်အော်ပြောလိုက်သည်။

သူမပြောအပြီး လှုပ်ခါတာရပ်တန့်သွားကာ ဓာတ်လှေကားသည် ငြိမ်နေပြီးနောက် ဖြည်းဖြည်းချင်း တက်သွားသည်။

လင်းရှောင်ယန်စိတ်သက်သာရာရတော့မည့်အချိန် နံပါတ်မှာ သုံးကနေ ခုနှစ်ကို ခုန်တက်သွားတာ သူမတွေ့လိုက်ရသည်။

"အား" လို့အသံထွက်မိပြီး သူမအပြစ်တင်လေသည်။ .."ငါတို့သုံးလွှာကို သွားမှာ ရှင်ဘာလို့ခုနှစ်လွှာကို နှိပ်လိုက်တာလဲ?"

လင်းယိကျီမျက်နှာအမူအရာက ထူးဆန်းသွားကာ .."ငါမနှိပ်ပါဘူး"

သူတို့ စဝင်လာကတည်းက သုံးလွှာကိုပဲ သူနှိပ်ခဲ့ပြီး ဘာမှထပ်မထိခဲ့‌ဘူး။

ကျောင်းက ကျောင်းသားတွေကို ခုနှစ်လွှာမသွားရန် တင်းကျပ်စွာဟန့်တားထားသည်။

"ဒါဆို ဘယ်သူနှိပ်လိုက်တာလဲ" လင်းရှောင်ယန် တောင့်ခဲသွား၏။

လွန်ခဲ့တဲ့နှစ်ရက်တည်းက ထူးထူးဆန်းဆန်းဖြစ်ပျက်သမျှကို သူမစတင်တွေးလိုက်ပြီး နှလုံးသားထဲ စိုးရိမ်ခြင်းများတိုးလာတယ်။

ဓာတ်လှေကားကို သုံးလွှာသို့နှိပ်ခဲ့တာ ...

အထဲမှ လူနှစ်ယောက်လုံး ချက်ချင်းထိတ်လန့်လာတယ်။

ရုတ်ခြည်း ဓာတ်လှေကားပုံသဏ္ဍာန်ပြောင်းလဲသွားသည်။ ငွေရောင်အနားကွပ်များက နဂိုတောက်ပမှုပျောက်ပြီး သံချေးတတ်ကာ အရောင်မှိုင်းသွား၍ အမျိုးမျိုးအစွန်းအထင်းတွေ ပေါ်လာသည်။
လင်းရှောင်ယန်မျက်လုံးများ လှည့်စားနေတယ်လို့ သူမကိုယ်သူမထင်လိုက်သည်။ သူမ မူမမှန်ဖြစ်နေသည်ကို မေးမည့်အချိန် သူမခေါင်းအထက် အရည်တွေကျတာ ခံစားလိုက်ရ၏။

"အပေါ်မှာ ရေတွေ!" သူမအော်ပြောလိုက်သည်။

သူမခေါင်းကို လက်နဲ့ထိကြည့်ပြီး လက်ကိုကြည့်လိုက်တော့ လက်တစ်ခုလုံး သွေးအပြည့်ဖြင့် ...

လင်းယိကျီ အေးခဲသွားသည် .."ဒါ ဒါ ဒါ..."

ဓာတ်လှေကားထဲမှ မီးအလင်းက ရဲရဲနီသောအရောင်ကိုပြောင်းသွားသည်။

လင်းရှောင်ယန် နဲ့လင်းယိကျီအချင်းချင်းကြည့်ပြီး ပြိုင်တူခေါင်းမော့လိုက်သည်။ ထို့နောက် ထိုလူနှစ်ယောက်လုံး နားကွဲမတတ်အော်တော့တယ် "အားးး-"

အပေါ်၌ ... ကျနေသောသွေးများဖြင့် မီးရောင်ကိုဖုံးကာထားသည်။

အပြည့်ဖြည့်ထားသောဖန်ခွက်ပန်းကန်ကဲ့သို့ ၎င်းသည်အရည်ကို မထိန်းထားဘဲ လျှံကျနေသလို...

စူးရှထင်ရှားသော 'ဒင်' အသံမြည်လာတော့ ဓာတ်လှေကားက ခုနှစ်ထပ်မြောက်၌ ရပ်ပြီး တံခါးများတစ်ဖြည်းဖြည်းပွင့်သွားသည်။ တံခါးနောက်မှ လူနှစ်ဦးသည် ထိတ်လန့်တုန်လှုပ်နေသည်။

ခုနှစ်လွှာတွင် မီးအလင်းရောင်နည်းနည်းလေးတောင် မတွေ့ရပေ ... ကော်ရစ်ဒါကို အမှောင်ထုကဆေးခြယ်ထား၏။

"ဒါခုနှစ်ထပ်လား?" လင်းယိကျီမေးလိုက်သည်။

လင်းရှောင်ယန်လည်းမသိဘူး

နှစ်ယောက်လုံး မဝံ့မရဲထွက်လာပြီး ဒီအထပ်ကို စူးစမ်းရှာဖွေဖို့ရည်ရွယ်ထားသော်လည်း ချက်ချင်းရပ်တန့်သွားသည်။

သူတို့ရှေ့ အမှောင်ထုထဲတွင် သားရဲနဲ့ဆင်တူသည့် မျက်လုံး‌များရှိနေတယ်။ သူတို့ရှိတဲ့နေရာဆီ ဝိုးတဝါးယောက်ျားလေးအရိပ်တစ်ခု ရွေ့လျားလာတာတွေ့လိုက်ရတယ်။

ဒါပေမယ့် သူတစ်‌ယောက်တည်းမဟုတ် ... ထိုလူလို ပင်လယ်ကဲ့သို့ ပုံရိပ်အများအပြားက လေထဲဝဲနေကာ အမှောင်ထုနောက်လိုက်ရင်း သူတို့ထံအရှိန်မြင့်လာကြသည်။

လင်းရှောင်ယန်နှင့်လင်းယိကျီတို့ မစွန့်စားရဲတော့ဘဲ ဓာတ်လှေကားဆီအမြန် လှည့်ပြေးသည်။ သူတို့နောက်လှည့်ကြည့်ချိန် သူတို့နောက်လိုက်နေတဲ့ပုံရိပ်များက ပိုပိုနီးကပ်လာတာ တွေ့လိုက်ရတယ်။

သူတို့ဓာတ်လှေကားထဲ ဝင်လိုက်တာနဲ့ ပိုထိတ်လန့်ကာ တံခါးသည် တစ်ချိန်လုံးပွင့်‌နေတာ သတိထားမိသွား၏။

နောက်ဆုံး ထိုလူရဲ့ အမှောင်ထုဖုံးလွှမ်းနေတဲ့ ပုံရိပ်က သူတို့မျက်လုံးရှေ့ပေါ်လာပြီး အထဲဝင်တော့မည်ပင်။

ကြောက်ရွံ့ခြင်းဟာ သူတို့ကိုလွှမ်းမိုးခဲ့သည်။

လင်းရှောင်ယန်နဲ့လင်းယိကျီအသက်ရှူပြင်းထန်လာသည်။ ထိုပုံရိပ်သာ ဝင်လာရင် သူတို့ရုပ်အလောင်းတောင်ကျန်မှာ မဟုတ်ဘူးလို့ သူတို့အတိတ်နိမိတ်ရနေ၏။

ကျောင်းစည်းကမ်းကို လစ်လျူရှုကာ စိတ်ထဲထွက်သွားဖို့ပဲ တွေးနေမိပြီး ပထမထပ်ခလုတ်ကို အဆက်မပြတ်နှိပ်သည်။

ရုတ်ခြည်း ဓာတ်လှေကားတံခါး အရှိန်ဖြင့်ဆောင့်ပိတ်သွားတော့ အရိပ်တွေ အပြင်၌ကျန်ခဲ့၏။ သူတို့ထဲက အရိပ်တစ်ခုမှာ သူ့ခန္ဓာကိုယ်ရဲ့တစ်ဝက်လောက် အထဲ၌ရှိပေမယ့် သွေးပေနေတဲ့အလင်းများနဲ့ ထိတွေ့တဲ့အခိုက် ထူးဆန်းတဲ့အသံတွေထွက်လာပြီးသဲလို ကြမ်းပြင်ပေါ်ပြိုလဲသွားတယ်။

လျှိုလီလီမျက်နှာတွေ့လိုက်တယ်လို့ လင်းရှောင်ယန်တွေးမိသည်။

မသိလိုက်ဘဲ အေးစက်နေတဲ့နံရံဆီ‌ဆုတ်လိုက်ချိန် သူမမျက်လုံးများ ရှော့ခ်ရစွာပြူးကျယ်သွားသည်။

သူမ အမှတ်မထင်လင်းယိကျီကိုလှမ်းပြီး စကားထစ်စွာ သူမပြောမိသည်။ "ရှင် ... ရှင် ...‌အပေါ်မော့ကြည့်လိုက်"

လင်းယိကျီက ခေါင်းငုံ့ထားရင်း ဒူးခေါင်းပေါ်လက်တင်ကာ ဟောဟဲလိုက်နေသည်။ သူမအသံကြား၍ သူခေါင်းမော့ကြည့်လိုက်တော့ ချက်ချင်းကြမ်းပြင်ပေါ် ထိတ်လန့်တုန်ယင်စွာလဲကျသွားသည်။

နံရံအားလုံး၌ မရေတွက်နိုင်သောလက်ရာတွေ သိပ်သည်းစွာအတူတူရှိနေကြသည်။

အပေါ်မှ အောက်ထိ ဓာတ်လှေကားနံရံများ၌ လက်ဖဝါးအရွယ်အစားအမျိုးမျိုးဖြင့် သံချေးတွေကိုပါ ကုတ်ခြစ်ပုံပေါ်သည်။

မရေတွက်နိုင်သောလူအမြောက်အမြားက ဒီထဲ၌ ပိတ်မိပြီး လွတ်မြောက်ရန်ရုန်းကန်နေသကဲ့သို့ပင် ...

မျှော်လင့်ချက်မဲ့စွာ ရိုက်တယ် ကန်တယ် ကုတ်ခြစ်တယ် သူတို့လွတ်မြောက်ရန် အရာအားလုံးလုပ်ခဲ့တယ် ... သူတို့အသည်းအသန်ဖြစ်နေချိန် လက်သည်းများဖြင့်မာကျောသောမျက်နှာပြင်ပေါ်၌ ရှည်လျားသည့်အမှတ်အသားများကိုဖန်တီးခဲ့သည်။

အပေါ်မှ မီးအလင်းကသွေးစက်ကျနေတုန်းပင် ...

စုမင်ခေါင်းမော့ကြည့်လိုက်တော့ ဓာတ်လှေကားက ခုနှစ်လွှာတွင်ရပ်သွားသည်ကို တွေ့ရတယ်။ သူအပေါ်တတ်သည့်ခလုတ်ကို နှ်ိပ်လိုက်တယ်။

ဓာတ်လှေကားထဲ၌ လင်းရှောင်ယန်နဲ့လင်းယိကျီ ပြိုပျက်လုနီးပါးပင်။

ထိုအခိုက်တန့် ဓာတ်လှေကားက ထူးဆန်းစွာ ယိမ်းယိုင်ပြီး နံပါတ်မှာ လင်းလတ်သွား၍ ဖြည်းဖြည်းချင်းခုနှစ်ထပ်မှ ထွက်ခွာသွားကာ သုံးလွှာကိုကျော်ပြီး ပထမထပ်၌ရပ်သွားတယ်။

တံခါးများ ပွင့်သွား၏။

လူနှစ်ယောက် အကြောသေသကဲ့သို့ ကြမ်းပြင်ပေါ်ထိုင်နေကြတယ် ... သူတို့အပြင်ကိုကြည့်တော့ အလင်းထဲမှ စာတွဲဖိုင်‌ကိုင်ထားရင်းရပ်နေတဲ့ စုမင်ကိုမြင်လိုက်ရသည်။ စုမင် ... တကယ့်လူအစစ် ... သရဲမဟုတ်ဘူး...

ကြောက်လန့်နေတုန်းပင် ... လင်းယိကျီ ငိုညည်းသံဖြင့် အော်ပြောလေသည်။ .."ငါမင်းကို ထပ်မတွေ့လုနီးပါးပဲ!"

စုမင်စိတ်ရှုပ်ထွေးစွာ .."ဘာလို့မင်းတို့အထဲမှာ ရှိနေသေးတာလဲ?"  တတိယထပ်မှာ ဓာတ်လှေကားမရပ်တာကို သူလုံးလုံးမှတ်မိသည်။

စာရေးသူမှာ ပြောစရာရှိတယ်:

စုမင်: ဒါ မင်းတို့င့ါကိုအတူမခေါ်သွားလို့ အဲ့လိုဖြစ်တာ

********************************

Thank you all♥️
July 4, 2021

------------------------------------------------------------------------------------------------






Chapter 3: ဓာတ္ေလွကား

အျပင္မွ ခဏေလာက္ေစာင့္ၿပီးေနာက္ လင္းေ႐ွာင္ယန္ သည္းမခံႏိုင္ေတာ့ဘဲ ေမးလိုက္သည္။ .."စုမင္ ... ႐ွင္ဝင္ေတာ့ ...အဲ့ဒါလႈပ္႐ွားလား?"

သူ႕ေနာက္ေက်ာမွ အေအးဓာတ္ေပ်ာက္သြားသည္ကို စုမင္ခံစားလိုက္ရ၏။ သူ႕မ်က္ႏွာပြတ္မိၿပီး ပုံမွန္‌ေအးေဆးတည္ၿငိမ္သည့္အမူအရာျပန္ျဖစ္သြားသည္။

"လႈပ္သြားတယ္" သူ ေရခ်ိဳးခန္းထဲမွထြက္ၿပီး ျပန္ေျဖလိုက္သည္ ... ဒါေပမဲ့ သူမလႈပ္႐ွားမႈက တစ္မ်ိဳးႀကီးပဲ။

ေနာက္ဆုံးတစ္ႀကိမ္ၾကည့္ခဲ့စဥ္က လွ်ိဳလီလီအေလာင္း၏ မ်က္ႏွာသည္ ထိတ္လန္႔ေၾကာက္႐ြံ႕ေနသည့္အမူအရာျဖစ္ေနသည္။ ဘယ္လိုပဲျဖစ္ျဖစ္ အေလာင္းကို ေၾကာက္႐ြံ႕ေစတာက ကမ႓ာမွာသိပ္မ႐ွိသေလာက္ပင္။

တရားခံက အဲ့တေစၧပဲျဖစ္မယ္ဟု စုမင္သံသယျဖစ္မိသည္။

လွ်ိဳလီလီေရခ်ိဳးကန္ထဲ၌ ေရနစ္‌ေနသည္က လူတစ္ေယာက္တုန္လႈပ္တဲ့ထိ ဆိုး႐ြားလွတယ္။ သူမေသဆုံးပုံက စဥ္းစားဖို႔ရာ ၾကဳံေတာင့္ၾကဳံခဲထူးဆန္းသည့္အေနအထားျဖစ္ေနသည္။

"ရဲေတြလာတဲ့ထိေစာင့္တာ ပိုေကာင္းတယ္‌ေလေနာ္ ...အိုေခ?" လင္းေ႐ွာင္ယန္ေတာင့္တင္းစြာေျပာလာသည္။
စုမင္ သူမရဲ႕ျဖဴစုတ္ေနသည့္မ်က္ႏွာႏွင့္ ျဖဴဖတ္ျဖဴေရာ္ႏႈတ္ခမ္းကိုၾကည့္ၿပီး ၾကည့္ရတာ သူမအေတြးနဲ႔တင္ ေၾကာက္ေနတာျဖစ္မယ္။

Horror႐ုပ္႐ွင္ထဲက ဇာတ္လိုက္မင္းသမီးက ဒီေလာက္ေၾကာက္ေနတာ အဆင္ေျပပါ့မလား?

"လွ်ိဳလီလီဆုံးသြားတုန္းက တစ္ေယာက္ေယာက္မ်ား ေရခ်ိဳးခန္းထဲ႐ွိေနလား?" စုမင္ေမး၏။

မိန္းကေလးသုံးေယာက္လုံးေခါင္းခါသည္။ သူမတို႔အားလုံး အိပ္ယာထဲမွာအိပ္ေနၾကတုန္း ... လွ်ိဳလီလီေရခ်ိဳးခန္းဆီ ထြက္သြားစဥ္က သူမတို႔နဲ႔ ဘယ္လိုလုပ္အတူတူ႐ွိေနမွာလဲ? အကယ္၍ လင္းေ႐ွာင္ယန္သာ သူမခႏၶာကို႐ွာမေတြ႕ခဲ့ရင္ မနက္ခင္းထိ သိၾကမွာမဟုတ္ေပ။

"သူမခႏၶာကိုယ္ၾကည့္ရတာ ေရေအာက္ထဲအတင္းဖိခံထားရပုံပဲ" စုမင္တုံ႔ဆိုင္းေနသည္။

ပုံမွန္လူတစ္ေယာက္က ေရခ်ိဳးကန္ထဲအဲ့လိုေသတယ္ဆိုတာ မျဖစ္ႏိုင္ဘူး ... ဒါေပမယ့္ ဒါကhorror႐ုပ္႐ွင္ေလ ... ေရခ်ိဳးခန္းထဲမွာ သူမေသတဲ့အခ်ိန္ သရဲ႐ွိေနတယ္ဆိုရင္ေတာ့ အားလုံးကယုတၱိ႐ွိတယ္။

လင္းေ႐ွာင္ယန္မ်က္ႏွာအေရာင္ ပို၍ျဖဴေရာ္သြားသည္။ ဘယ္သူမွ ဘာေျပာရမွန္းမသိၾကေပ။

ရဲကားမ်ား၏ အခ်က္ေပးဥဩသံမ်ားၾကားရၿပီး ခဏၾကာ အရာ႐ွိအခ်ိဳ႕ေရာက္လာၾကတယ္။

သူတို႔ စုမင္ကိုျမင္ေတာ့ တစ္စကၠန္႔မွ်တန္႔သြားခဲ့ၾကသည္။

အမႈအခင္းျဖစ္ၿပီးမွ စုမင္တို႔အုပ္စုေရာက္႐ွိေသာ္လည္း စုံစမ္းေမးျမန္းျခင္းခံရေသးသည္။ စီးရီးလိုက္ ေမးခြန္းအဆင့္ဆင့္ၿပီးသြားသည့္ေနာက္ သူတို႔ကိုလြတ္ေပးလိုက္ၾကသည္။

အျခားသူေတြလို စုမင္မေၾကာက္ေပ ... ပိုဆိုးတာထက္ ပိုဆိုးလာရင္ ႐ုပ္႐ွင္ထဲက ထြက္လိုက္႐ုံပဲ။

အခ်ိန္မ်ားစြာၾကာၿပီးေနာက္ ... ေနျမင့္‌‌ၿပီရာ  မနက္ခင္းေက်ာ္လြန္ၿပီး မြန္းလြဲပိုင္းအခ်ိန္မဆိုသေလာက္ေလးကို ေဖာ္ျပေနသည္။ ေက်ာင္းသူတစ္ဦးေသဆုံးသည့္တိုင္ ပုံမွန္အတန္းေတြတတ္ေနရတုန္းပဲ။

သူအိပ္ယာမွ ႏိုးလာေတာ့ ၁၀နာရီေတာင္႐ွ္ိေနၿပီ။ စုမင္အိပ္ယာမွထၿပီး လ်င္ျမန္စြာညအိပ္ဂါဝန္ကိုလဲလိုက္သည္။ အစက သူလြင့္ပစ္မလို႔ပဲ ... ဒါေပမယ့္ တခဏ‌ေတြးမိၿပီး ကုတင္ေပၚသာ တင္ထားခဲ့သည္။

ေရခ်ိဳးခန္းဆီ ခ်ည္းကပ္သည္ႏွင့္ တုံ႔ဆိုင္းမႈမ်ားကျမင့္တက္လာတယ္။

မေန႔ညက အဲ့မွာ သူ႕တင္ပါးကို လာကိုင္တဲ့ ႏွာဘူးသရဲ႐ွိတယ္ ... အခုလက္႐ွိ အနီးနားမွာထိုင္ေနၿပီး သူေထာင္ေခ်ာက္ထဲေလွ်ာက္လာဖို႔ ေစာင့္ေနတာလည္း ျဖစ္ႏိုင္သည္။

ဒါေပမယ့္ အဆုံးမွာေတာ့ ... သူမ်က္ႏွာသစ္ဖို႔ လိုေသးတယ္။ ဒါ့အျပင္ ေန႔ခင္းႀကီးလည္းျဖစ္ကာ ေနရာတိုင္းေနေရာင္ျခည္ထြန္းေတာက္ေနၿပီး မေန႔ညကနဲ႔ လုံးဝမတူေပ...

သူအထဲဝင္သြားေတာ့ ဖေယာင္းတိုင္ ၊ ပန္းသီးနဲ႔ ပန္းသီးအခြံေတြက အမိႈက္ျခင္းထဲေရာက္ႏွင့္ေနၿပီ။ ဒါေတြကို ႐ွင္းေပးသြားတဲ့အခန္းေဖာ္ကို ေက်းဇူးတင္မိသည္။

သြားတိုက္ေဆးကို သြားပြတ္တံေပၚ ညႇစ္ၿပီး စုမင္နည္းနည္းမဝံ့မရဲျဖစ္ေနသည္။ တုံ႔ဆိုင္းစြာ သူ မွန္ၾကည့္ရင္း သြားစတိုက္ေလသည္။

သြားတိုက္ရင္း မွန္ၾကည့္ရတာ သူအက်င့္ျဖစ္သည္။ ဒီေန႔ေတာ့ ... မေန႔ညက သရဲနဲ႔သူနဲ႔အတူ မွန္ထဲမွစူးစိုက္ၾကည့္ေနၾကတာ သူေတြးမိသြားသည္။

သူငုံ႔ၾကည့္လိုက္ခ်ိန္ ဘုံပိုင္ေခါင္းမွ က်ေနတဲ့ေရက ေသြးေတြျဖစ္သြားသည္။

စုမင္: "..."

ဒါက horror႐ုပ္႐ွင္ ... ဟုတ္တာေပါ့...

မ်က္စိတမွိတ္အတြင္း ေသြးမ်ားက ေရအျဖစ္ျပန္ေျပာင္းသြားသည္။ သူစိတ္သက္သာရသြားၿပီး ပလုတ္က်င္းေလသည္။ မသိရင္ သူအျမင္မွားခဲ့သလိုပဲ ... ထိုကိစၥၿပီးေတာ့ ဘာထူးထူးဆန္းဆန္းအက္ဆီးဒင့္မွ မျဖစ္ေတာ့ေပ။

သန္႔႐ွင္းေဆးေၾကာၿပီးေတာ့ သူ႕အခန္းေဖာ္နဲ႔အတူ ကန္တင္းသို႔ဦးတည္သည္။ အေဆာင္မွထြက္သည့္အခါ အျပင္၌ ရဲကားကို စုမင္ျမင္လိုက္ရသည္။ အမ်ိဳးသမီးအေဆာင္တံခါး၌ ရဲအတားအဆီးႀကိဳးက ကန္႔လန္႔ျဖတ္ထား၏။

အခ်ိန္နည္းနည္းေလာက္ အလုပ္႐ႈပ္ဦးေလာက္မယ္လို႔ သူေတြးလိုက္သည္။

စုမင္ၾကည့္ေနရာမွ ဆုတ္ခြာကာ ကန္တင္းသို႔လမ္းတေလွ်ာက္ လွ်ိဳလီလီေသဆုံးျခင္းနဲ႔ပတ္သက္သည့္ ေဆြးေႏြးသံမ်ားလည္း ၾကားရသည္။ ေက်ာင္းအဖြဲ႕ကပင္ အခင္း၏ဓာတ္ပုံအခ်ိဳ႕ကို တင္ခဲ့သည္။

ေက်ာင္းတြင္ သဘာဝလြန္ျဖစ္ရပ္တစ္ခုျဖစ္ပ်က္ခဲ့ၿပီးၿပီဆိုတာကို ဘယ္သူမွမသိေပ။

'သည္းထိပ္ရင္ဖိုတကၠသိုလ္' ဆိုသည့္နာမည္က ဒီတိုင္း‌အလွျပသထားမဟုတ္ေပ ...

႐ုတ္တရက္ စုမင္ သူ႕ရဲ႕ေပ်ာက္ေနတဲ့အခန္းေဖာ္ကို သတိျပန္ရမိေတာ့ ေမးလိုက္သည္။ "မေန႔ကထြက္သြားတဲ့ တစ္ေယာက္က ဘာလို႔အခုထိမေရာက္ေသးတာလဲ?"

"အိမ္မွာ မေတာ္တဆျဖစ္လို႔တဲ့ ... အဲ့ဒါသူျပန္သြားရတယ္ေလ ... သူျပန္ေရာက္ဖို႔ ေတာ္ေတာ္ၾကာဦးမယ္" လင္းယိက်ီေျဖ၏။

စုမင္ ဘာမွမေျပာေပ ... သူတို႔အတန္းကို ေရာက္ေတာ့ လင္းေ႐ွာင္ယန္ကို ေတြ႕ေလသည္။ သူမရ႐ွိခဲ့သည့္ မေန႔ညကဒဏ္က မေသးတာထင္႐ွားသည္။ သူမတစ္ကိုယ္လုံးယိမ္းယိုင္ေနပုံရေသာ္လည္း ဇာတ္လိုက္မအေနနဲ႔ သူမ၏ဆြဲေဆာင္မႈကိန္းကေတာ့ ျမင့္မားဆဲ ... ေက်ာင္းသားတိုင္း သူမရဲ႕‌အေျခအေနကို ဂ႐ုတစိုက္ေမးျမန္းေနၾကသည္။

သူတို႔ႏွစ္ေယာက္ေရာက္လာတာ ျမင္ေတာ့ လင္းေ႐ွာင္ယန္မ်က္ဝန္းမ်ား ဝင္းလတ္သြားကာ သူတို႔ဆီေလွ်ာက္လာတယ္။ သုံးေယာက္သားအတူတူထိုင္ၾကသည္။

"အျပင္က အေဆာင္လက္ဖြဲ႕ဝယ္ခဲ့တယ္ ... ႐ွင္တို႔ေရာ ဝတ္ဖို႔ တစ္ခုလိုခ်င္လား?" လင္းေ႐ွာင္ယန္တိုးတိုးေျပာသည္။

သူမ အေလာင္းကို မွတ္ဉာဏ္ထဲကထုတ္လို႔မရေပ။ လင္းယိက်ီတစ္ခုေတာင္းေပမယ့္ စုမင္မေတာင္းခဲ့‌ေပ။ အကယ္၍ အေဆာင္လက္ဖြဲ႕သာ အလုပ္လုပ္ခဲ့ရင္ ႐ုပ္႐ွင္က ဆက္သြားမွာမဟုတ္ေတာ့ဘူး။

သူတို႔ေမဂ်ာက Englishျဖစ္သည္။ အတန္း၄၅မိနစ္အခ်ိန္တြင္း ပေရာ္ဖက္ဆာက တဖြဖြေျပာေနၿပီး ေက်ာင္းသူေက်ာင္းသားေတြကေတာ့ စိတ္ကူးယဥ္ရင္း သတိေမ့ေနၾကသည္။

အတန္းခ်ိန္ျပည့္ဘီးလ္ျမည္ေတာ့ .."ေနာက္ဆုံးတေခါက္က အိမ္စာေတြမအပ္ရေသးတဲ့ ေက်ာင္းသားေတြ အျမန္ဆုံးငါ့႐ုံးခန္းဆီလာပို႔ ... မဟုတ္ရင္ေတာ့ မင္းတို႔ရဲ႕ ေနာက္ဆုံးအဆင့္ေလးကို တာ့တာျပလိုက္ၾကေတာ့"

ေက်ာင္းသူေက်ာင္းသားမ်ားသည္ အတန္းထဲမွ လူစုကြဲစီထြက္သြားၾကသည္။

လင္းယိက်ီ႐ုတ္တရက္အာေမဋိတ္သံျဖင့္ .."ငါဒီေန႔ အိမ္စာယူလာဖို႔ေမ့ခဲ့တယ္ ... စုမင္ မင္းလည္းေမ့ခဲ့တယ္။ ဒါအရမ္းအေရးႀကီးတယ္ ... သြားျပန္ယူရေအာင္"

"ငါလည္း မယူခဲ့မိဘူး" လင္းေ႐ွာင္ယန္ေျပာတယ္ .."ေနဦး ... ငါနဲ႔လိုက္ခဲ့ ... ငါတို႔အတူတူသြားျပန္ယူၾကမယ္"

သူမေၾကာက္သျဖင့္ အေဆာင္ကို တေယာက္တည္းမျပန္ရဲဘူး။

စုမင္နဲ႔ လင္းယိက်ီတို႔ အေဆာင္ဆီ သူမေနာက္လိုက္ပါသြားၾကတယ္။ သူမအထဲကို တဟုန္ထိုးေျပးၿပီး စကၠန္႔ပိုင္းတြင္းထြက္လာတာ သူတို႔ၾကည့္ေနသည္။ သူမျပန္ေရာက္ေတာ့ သူမရဲ႕႐ႈပ္ပြေနတဲ့ဆံပင္ကို ေသသပ္လိုက္ကာ "သြားရေအာင္"

သူတို႔အေဝးႀကီး မေလွ်ာက္ရေသးခ်ိန္ ေက်ာင္းသားတစ္ေယာက္က ႐ုတ္တရက္သူတို႔ရပ္လိုက္သည္။

"စုမင္ ... ကြၽန္ေတာ္ မင္းကိုေမးစရာ႐ွိတယ္"

ဒီလူကို စုမင္မသိေပ။ လင္းေ႐ွာင္ယန္နဲ႔ လင္းယိက်ီတို႔ေျပာလာတယ္ .."ငါတို႔အရင္သြားအပ္ႏွင့္မယ္ ... ဒါအရင္႐ွင္းလိုက္"

ႏွစ္ေယာက္သားထြက္သြားေတာ့ ေကာင္ေလးက ဆဲလ္ဖုန္းထုတ္ၿပီး .."စုမင္ .. မေန႔ညက ညအိပ္ဂါဝန္ဝတ္ထားတဲ့လူက..."

စုမင္: "ငါမဟုတ္ဘူး!"

ေကာင္ေလး: "...ကြၽန္ေတာ္မေမးရေသးဘူးေလ"

စုမင္ သူ႕ကိုလစ္လ်ဴ႐ႈၿပီး .."ငါ အိမ္စာထပ္ဖို႔႐ွိေသးတယ္ ... စကားေျပာလို႔မရေသးဘူး ... ဘိုင္ဘိုင္"

မိန္းကေလးဝတ္စုံကိစၥကို ဘယ္ေတာ့မွဝန္ခံမွာမဟုတ္ဘူး။ ေကာင္ေလးအမူအရာကို စုမင္ဂ႐ုမစိုက္ဘဲ ေျခလွမ္းက်ဲက်ဲေလွ်ာက္သြားသည္။

သူ ႐ုံးဌာနအေဆာက္အဦးကိုခ်ည္းကပ္သည္ႏွင့္ Wechatကေန စုမင္ပို႔လိုက္တယ္ .."ငါဒီမွာ ... မင္းတို႔ဘယ္မွာလဲ?"

"ငါတို႔ ဓာတ္ေလွကားထဲေတာင္ေရာက္ေနၿပီ ... ေနာက္ဓာတ္ေလွကားပဲေစာင့္လိုက္" လင္းယိက်ီစကၠန္႔မွ်အၾကာ ျပန္ေျဖ၏။

ေက်ာင္းက အလြန္ခ်မ္းသာလို႔ ကိုယ္ပိုင္ဓာတ္ေလွကားေတာင္႐ွိတာလား?

စုမင္ အရင္ေက်ာင္းက ေလွကားပဲ႐ွိၿပီး ေရအိမ္သာ႐ွိကာ ေရခ်ိဳးခန္းမ႐ွိေပ။ ေျပာရရင္ သူတို႔ကတကယ္ဆင္းရဲေလသည္။ သူ ဒီ horrorဇာတ္ကားထဲေရာက္မွ ဒီလိုေက်ာင္းမ်ိဳးက အျပင္မွာတကယ္႐ွိမွန္း သတိထားမိသည္။

႐ုံးဌာနအေဆာက္အဦးတစ္ခုလုံးကို ၇ထပ္႐ွိသည္။ စုမင္ေရာက္တဲ့အခ်ိန္ အံကိုက္ပင္ဓာတ္ေလွကားတံခါးပိတ္သြားသည္။ လင္ယိက်ီကို ျဖတ္ခနဲျမင္လိုက္ရၿပီး လင္းေ႐ွာင္ယန္က သူ႕ကိုလက္ေဝွ႔ယမ္းျပေနခဲ့သည္။

ဓာတ္ေလွကားထဲ၌ ...

"ငါတို႔ မိနစ္နည္းနည္းေလာက္ ထပ္ေစာင့္လိုက္မိရင္ စုမင္မွီေလာက္ၿပီ" လင္းေ႐ွာင္ယန္ေျပာသည္။

လင္းယိက်ီလက္ေဝွ႔ယမ္းရင္း .."ငါတို႔ေစာင့္ရဦးမွာပဲကို ... စုမင္လည္း စိတ္မဆိုးပါဘူးကြာ"

သူ႕အခန္းေဖာ္အေနနဲ႔ စုမင္နဂိုစိတ္ရင္းကို နားအလည္ဆုံးပင္။

သူေျပာၿပီး တေခတၱဓာတ္ေလွကား႐ုတ္တရက္ လႈပ္ခါသြားသည္။

"ဘာျဖစ္တာလဲ? ဓာတ္ေလွကားပ်က္သြားတာလား?" လင္းေ႐ွာင္ယန္ေအာ္ေျပာလိုက္သည္။

သူမေျပာအၿပီး လႈပ္ခါတာရပ္တန္႔သြားကာ ဓာတ္ေလွကားသည္ ၿငိမ္ေနၿပီးေနာက္ ျဖည္းျဖည္းခ်င္း တက္သြားသည္။

လင္းေ႐ွာင္ယန္စိတ္သက္သာရာရေတာ့မည့္အခ်ိန္ နံပါတ္မွာ သုံးကေန ခုႏွစ္ကို ခုန္တက္သြားတာ သူမေတြ႕လိုက္ရသည္။

"အား" လို႔အသံထြက္မိၿပီး သူမအျပစ္တင္ေလသည္။ .."ငါတို႔သုံးလႊာကို သြားမွာ ႐ွင္ဘာလို႔ခုႏွစ္လႊာကို ႏွိပ္လိုက္တာလဲ?"

လင္းယိက်ီမ်က္ႏွာအမူအရာက ထူးဆန္းသြားကာ .."ငါမႏွိပ္ပါဘူး"

သူတို႔ စဝင္လာကတည္းက သုံးလႊာကိုပဲ သူႏွိပ္ခဲ့ၿပီး ဘာမွထပ္မထိခဲ့‌ဘူး။

ေက်ာင္းက ေက်ာင္းသားေတြကို ခုႏွစ္လႊာမသြားရန္ တင္းက်ပ္စြာဟန္႔တားထားသည္။

"ဒါဆို ဘယ္သူႏွိပ္လိုက္တာလဲ" လင္းေ႐ွာင္ယန္ ေတာင့္ခဲသြား၏။

လြန္ခဲ့တဲ့ႏွစ္ရက္တည္းက ထူးထူးဆန္းဆန္းျဖစ္ပ်က္သမွ်ကို သူမစတင္ေတြးလိုက္ၿပီး ႏွလုံးသားထဲ စိုးရိမ္ျခင္းမ်ားတိုးလာတယ္။

ဓာတ္ေလွကားကို သုံးလႊာသို႔ႏွိပ္ခဲ့တာ ...

အထဲမွ လူႏွစ္ေယာက္လုံး ခ်က္ခ်င္းထိတ္လန္႔လာတယ္။

႐ုတ္ျခည္း ဓာတ္ေလွကားပုံသ႑ာန္ေျပာင္းလဲသြားသည္။ ေငြေရာင္အနားကြပ္မ်ားက နဂိုေတာက္ပမႈေပ်ာက္ၿပီး သံေခ်းတတ္ကာ အေရာင္မိႈင္းသြား၍ အမ်ိဳးမ်ိဳးအစြန္းအထင္းေတြ ေပၚလာသည္။
လင္းေ႐ွာင္ယန္မ်က္လုံးမ်ား လွည့္စားေနတယ္လို႔ သူမကိုယ္သူမထင္လိုက္သည္။ သူမ မူမမွန္ျဖစ္ေနသည္ကို ေမးမည့္အခ်ိန္ သူမေခါင္းအထက္ အရည္ေတြက်တာ ခံစားလိုက္ရ၏။

"အေပၚမွာ ေရေတြ!" သူမေအာ္ေျပာလိုက္သည္။

သူမေခါင္းကို လက္နဲ႔ထိၾကည့္ၿပီး လက္ကိုၾကည့္လိုက္ေတာ့ လက္တစ္ခုလုံး ေသြးအျပည့္ျဖင့္ ...

လင္းယိက်ီ ေအးခဲသြားသည္ .."ဒါ ဒါ ဒါ..."

ဓာတ္ေလွကားထဲမွ မီးအလင္းက ရဲရဲနီေသာအေရာင္ကိုေျပာင္းသြားသည္။

လင္းေ႐ွာင္ယန္ နဲ႔လင္းယိက်ီအခ်င္းခ်င္းၾကည့္ၿပီး ၿပိဳင္တူေခါင္းေမာ့လိုက္သည္။ ထို႔ေနာက္ ထိုလူႏွစ္ေယာက္လုံး နားကြဲမတတ္ေအာ္ေတာ့တယ္ "အားးး-"

အေပၚ၌ ... က်ေနေသာေသြးမ်ားျဖင့္ မီးေရာင္ကိုဖုံးကာထားသည္။

အျပည့္ျဖည့္ထားေသာဖန္ခြက္ပန္းကန္ကဲ့သို႔ ၎သည္အရည္ကို မထိန္းထားဘဲ လွ်ံက်ေနသလို...

စူး႐ွထင္႐ွားေသာ 'ဒင္' အသံျမည္လာေတာ့ ဓာတ္ေလွကားက ခုႏွစ္ထပ္ေျမာက္၌ ရပ္ၿပီး တံခါးမ်ားတစ္ျဖည္းျဖည္းပြင့္သြားသည္။ တံခါးေနာက္မွ လူႏွစ္ဦးသည္ ထိတ္လန္႔တုန္လႈပ္ေနသည္။

ခုႏွစ္လႊာတြင္ မီးအလင္းေရာင္နည္းနည္းေလးေတာင္ မေတြ႕ရေပ ... ေကာ္ရစ္ဒါကို အေမွာင္ထုကေဆးျခယ္ထား၏။

"ဒါခုႏွစ္ထပ္လား?" လင္းယိက်ီေမးလိုက္သည္။

လင္းေ႐ွာင္ယန္လည္းမသိဘူး

ႏွစ္ေယာက္လုံး မဝံ့မရဲထြက္လာၿပီး ဒီအထပ္ကို စူးစမ္း႐ွာေဖြဖို႔ရည္႐ြယ္ထားေသာ္လည္း ခ်က္ခ်င္းရပ္တန္႔သြားသည္။

သူတို႔ေ႐ွ႕ အေမွာင္ထုထဲတြင္ သားရဲနဲ႔ဆင္တူသည့္ မ်က္လုံး‌မ်ား႐ွိေနတယ္။ သူတို႔႐ွိတဲ့ေနရာဆီ ဝိုးတဝါးေယာက်္ားေလးအရိပ္တစ္ခု ေ႐ြ႕လ်ားလာတာေတြ႕လိုက္ရတယ္။

ဒါေပမယ့္ သူတစ္‌ေယာက္တည္းမဟုတ္ ... ထိုလူလို ပင္လယ္ကဲ့သို႔ ပုံရိပ္အမ်ားအျပားက ေလထဲဝဲေနကာ အေမွာင္ထုေနာက္လိုက္ရင္း သူတို႔ထံအ႐ွိန္ျမင့္လာၾကသည္။

လင္းေ႐ွာင္ယန္ႏွင့္လင္းယိက်ီတို႔ မစြန္႔စားရဲေတာ့ဘဲ ဓာတ္ေလွကားဆီအျမန္ လွည့္ေျပးသည္။ သူတို႔ေနာက္လွည့္ၾကည့္ခ်ိန္ သူတို႔ေနာက္လိုက္ေနတဲ့ပုံရိပ္မ်ားက ပိုပိုနီးကပ္လာတာ ေတြ႕လိုက္ရတယ္။

သူတို႔ဓာတ္ေလွကားထဲ ဝင္လိုက္တာနဲ႔ ပိုထိတ္လန္႔ကာ တံခါးသည္ တစ္ခ်ိန္လုံးပြင့္‌ေနတာ သတိထားမိသြား၏။

ေနာက္ဆုံး ထိုလူရဲ႕ အေမွာင္ထုဖုံးလႊမ္းေနတဲ့ ပုံရိပ္က သူတို႔မ်က္လုံးေ႐ွ႕ေပၚလာၿပီး အထဲဝင္ေတာ့မည္ပင္။

ေၾကာက္႐ြံ႕ျခင္းဟာ သူတို႔ကိုလႊမ္းမိုးခဲ့သည္။

လင္းေ႐ွာင္ယန္နဲ႔လင္းယိက်ီအသက္႐ွဴျပင္းထန္လာသည္။ ထိုပုံရိပ္သာ ဝင္လာရင္ သူတို႔႐ုပ္အေလာင္းေတာင္က်န္မွာ မဟုတ္ဘူးလို႔ သူတို႔အတိတ္နိမိတ္ရေန၏။

ေက်ာင္းစည္းကမ္းကို လစ္လ်ဴ႐ႈကာ စိတ္ထဲထြက္သြားဖို႔ပဲ ေတြးေနမိၿပီး ပထမထပ္ခလုတ္ကို အဆက္မျပတ္ႏွိပ္သည္။

႐ုတ္ျခည္း ဓာတ္ေလွကားတံခါး အ႐ွိန္ျဖင့္ေဆာင့္ပိတ္သြားေတာ့ အရိပ္ေတြ အျပင္၌က်န္ခဲ့၏။ သူတို႔ထဲက အရိပ္တစ္ခုမွာ သူ႕ခႏၶာကိုယ္ရဲ႕တစ္ဝက္ေလာက္ အထဲ၌႐ွိေပမယ့္ ေသြးေပေနတဲ့အလင္းမ်ားနဲ႔ ထိေတြ႕တဲ့အခိုက္ ထူးဆန္းတဲ့အသံေတြထြက္လာၿပီးသဲလို ၾကမ္းျပင္ေပၚၿပိဳလဲသြားတယ္။

လွ်ိဳလီလီမ်က္ႏွာေတြ႕လိုက္တယ္လို႔ လင္းေ႐ွာင္ယန္ေတြးမိသည္။

မသိလိုက္ဘဲ ေအးစက္ေနတဲ့နံရံဆီ‌ဆုတ္လိုက္ခ်ိန္ သူမမ်က္လုံးမ်ား ေ႐ွာ့ခ္ရစြာျပဴးက်ယ္သြားသည္။

သူမ အမွတ္မထင္လင္းယိက်ီကိုလွမ္းၿပီး စကားထစ္စြာ သူမေျပာမိသည္။ "႐ွင္ ... ႐ွင္ ...‌အေပၚေမာ့ၾကည့္လိုက္"

လင္းယိက်ီက ေခါင္းငုံ႔ထားရင္း ဒူးေခါင္းေပၚလက္တင္ကာ ေဟာဟဲလိုက္ေနသည္။ သူမအသံၾကား၍ သူေခါင္းေမာ့ၾကည့္လိုက္ေတာ့ ခ်က္ခ်င္းၾကမ္းျပင္ေပၚ ထိတ္လန္႔တုန္ယင္စြာလဲက်သြားသည္။

နံရံအားလုံး၌ မေရတြက္ႏိုင္ေသာလက္ရာေတြ သိပ္သည္းစြာအတူတူ႐ွိေနၾကသည္။

အေပၚမွ ေအာက္ထိ ဓာတ္ေလွကားနံရံမ်ား၌ လက္ဖဝါးအ႐ြယ္အစားအမ်ိဳးမ်ိဳးျဖင့္ သံေခ်းေတြကိုပါ ကုတ္ျခစ္ပုံေပၚသည္။

မေရတြက္ႏိုင္ေသာလူအေျမာက္အျမားက ဒီထဲ၌ ပိတ္မိၿပီး လြတ္ေျမာက္ရန္႐ုန္းကန္ေနသကဲ့သို႔ပင္ ...

ေမွ်ာ္လင့္ခ်က္မဲ့စြာ ႐ိုက္တယ္ ကန္တယ္ ကုတ္ျခစ္တယ္ သူတို႔လြတ္ေျမာက္ရန္ အရာအားလုံးလုပ္ခဲ့တယ္ ... သူတို႔အသည္းအသန္ျဖစ္ေနခ်ိန္ လက္သည္းမ်ားျဖင့္မာေက်ာေသာမ်က္ႏွာျပင္ေပၚ၌ ႐ွည္လ်ားသည့္အမွတ္အသားမ်ားကိုဖန္တီးခဲ့သည္။

အေပၚမွ မီးအလင္းကေသြးစက္က်ေနတုန္းပင္ ...

စုမင္ေခါင္းေမာ့ၾကည့္လိုက္ေတာ့ ဓာတ္ေလွကားက ခုႏွစ္လႊာတြင္ရပ္သြားသည္ကို ေတြ႕ရတယ္။ သူအေပၚတတ္သည့္ခလုတ္ကို ႏွ္ိပ္လိုက္တယ္။

ဓာတ္ေလွကားထဲ၌ လင္းေ႐ွာင္ယန္နဲ႔လင္းယိက်ီ ၿပိဳပ်က္လုနီးပါးပင္။

ထိုအခိုက္တန္႔ ဓာတ္ေလွကားက ထူးဆန္းစြာ ယိမ္းယိုင္ၿပီး နံပါတ္မွာ လင္းလတ္သြား၍ ျဖည္းျဖည္းခ်င္းခုႏွစ္ထပ္မွ ထြက္ခြာသြားကာ သုံးလႊာကိုေက်ာ္ၿပီး ပထမထပ္၌ရပ္သြားတယ္။

တံခါးမ်ား ပြင့္သြား၏။

လူႏွစ္ေယာက္ အေၾကာေသသကဲ့သို႔ ၾကမ္းျပင္ေပၚထိုင္ေနၾကတယ္ ... သူတို႔အျပင္ကိုၾကည့္ေတာ့ အလင္းထဲမွ စာတြဲဖိုင္‌ကိုင္ထားရင္းရပ္ေနတဲ့ စုမင္ကိုျမင္လိုက္ရသည္။ စုမင္ ... တကယ့္လူအစစ္ ... သရဲမဟုတ္ဘူး...

ေၾကာက္လန္႔ေနတုန္းပင္ ... လင္းယိက်ီ ငိုညည္းသံျဖင့္ ေအာ္ေျပာေလသည္။ .."ငါမင္းကို ထပ္မေတြ႕လုနီးပါးပဲ!"

စုမင္စိတ္႐ႈပ္ေထြးစြာ .."ဘာလို႔မင္းတို႔အထဲမွာ ႐ွိေနေသးတာလဲ?"  တတိယထပ္မွာ ဓာတ္ေလွကားမရပ္တာကို သူလုံးလုံးမွတ္မိသည္။

စာေရးသူမွာ ေျပာစရာ႐ွိတယ္:

စုမင္: ဒါ မင္းတို႔င့ါကိုအတူမေခၚသြားလို႔ အဲ့လိုျဖစ္တာ

********************************

Thank you all♥️
July 4, 2021

-----------------------------------------------------------------------------------------------

Continue Reading

You'll Also Like

27.1K 694 7
مافيا - حب - قسوه - غيره renad231_5
320K 9.7K 33
Everyone knows the story of Stefan and Damon Salvatore, the two brothers who return to Mystic Falls and fall for none other than Elena Gilbert, doppe...
11.5K 851 28
The transfer student couldn't me anything more special.But part of me want to help her.Why? Sooha thought to herself, she decided to help the new st...
14.9M 457K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...