[Unicode]
သူမ ထိုင်နေတဲ့နေရာကနေ ဟော်ပေ့ချန်ရဲ့ ရှည်လျားဖြောင့်တန်းသော ခြေတံတို့ကို မြင်နေရသည်။ ၀တ်စုံပြည့်မဟုတ်ဘဲ အဖြူရောင် T-shirt၀တ်ထားသောကြောင့် ကြောက်မက်ဖွယ်အရှိန်အဝါလည်း နည်းသွားသလို ပို၍ လန်းလန်းဆန်းဆန်းရှိနေလေသည်။ မြင်ကွင်းတစ်ခုလုံးက ယောက်ျားတစ်ယောက်ပေါ်တွင် ရိုက်နှိပ်ထားသည့်အလား ပြီးပြည့်စုံမှုရှိနေလေ၏။ နင်မုန့် မကူမကယ်နိုင်စွာပင် သူ့အား အချိန်အတော်ကြာသည်အထိ ငေးကြည့်နေမိ၏။
တစ်ယောက်ယောက်ရဲ့ တံခါးခေါက်သံကြားမှသာ နင်မုန့် တကယ့်ဘ၀သို့ ပြန်ရောက်လာ၏။
"Sir ကျွန်တော် ဒီကိုဆရာ့ရဲ့ အစားအစာတွေ လာပို့တာပါ"
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် အိမ်ထဲ၀င်လာသည်ကိုနင်မုန့်တွေ့လိုက်သည်။ ပြီးနောက် သူမဆီသို့ လျှောက်လာလေ၏။ သူမကို ဟော်ပေ့ချန်နှင့် တအိမ်တည်းနေသည်ကို တွေ့လိုက်ရသည့်အခါ အနည်းငယ် လန့်သွားလေသည်။ သို့ပေမယ့်လည်း သူ့အမူအရာကို ပြန်ထိန်းကာပင် ပူနွေးနေသည့် ထမင်းဟင်းဗူးကို စားပွဲပေါ်သို့ တင်လိုက်လေ၏။ သူမရှေ့တွင် ဗူးတွေကို ဖွင့်ချသည့်အခါ အမျိုးစုံသော ဟင်းပွဲတွေကို တွေ့လိုက်ရသည်။
၀က်နံရိုးချိုချဥ်၊ ငါး၊ အမဲသားမွှေကြော်၊ ကြက်ချဉ်စပ်၊ အသီးအရွက်မွှေကြော်၊ တိုဖူး၊ မွှေးကြိုင်ပြီး နွေးနေသော ထမင်းနှင့် ဘဲသားစွပ်ပြုပ်တို့ ပါလေ၏။ နင်မုန့်ကတော့ အောက်မှ ပန်းကန်ပြားတွေကိုကြည့်ရင်း တံတွေးမြိုချလိုက်သည်။
တခြားသူနဲ့ယှဉ်လိုက်ပါက သူမ ဟင်းပွဲက မဖြစ်စလောက်သာ။ ဒါကြောင့်ပဲ သက်ပြင်းချလိုက်ကာ တူတစ်စုံကိုကိုင်လိုက်ပြီး သူမရှေ့ရှိ မွှေးကြိုင်နေသည့်ဟင်းပွဲတွေတို့မှ အနံ့ကိုရှူပြီး ခေါက်ဆွဲကို စားရန်ပြင်လိုက်သည်။ ရုတ်တရက်ပင် သူမပတ်၀န်းကျင်မှ လေထုက အေးခဲလာသည်ကို ခံစားလိုက်ရ၏။
သူမ သတိမထားမိလိုက်ခင်မှာပင် ဟော်ပေ့ချန်က အောက်ထပ်သို့ ဆင်းလာပြီး သူမနားမှာ မတ်တပ်ရပ်နှင့်နေပြီးဖြစ်၏။
"မင်း အဲ့တာတွေကို စားချင်လား" အရသာရှိနိုင်သည့် ဟင်းပွဲတွေကို ညွှန်ပြရင်း ဟော်ပေ့ချန် မေးလိုက်သည်။
နင်မုန့် ခေါင်းငြိမ့်ပြလိုက်လေ၏။
"အဲ့တာတွေကို မင်းစားလို့ရတယ်။ ငါဒီဟာကို လိုချင်တယ် လဲစားမယ်"
နင်မုန့် မျက်လုံးသည် အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။ အရသာရှိလှတဲ့ ဟင်းပွဲတွေနဲ့ သူမရဲ့ ရိုးရှင်းလှတဲ့ ဟင်းပွဲကို လဲစားချင်နေတဲ့ ဒီလူတော့ တခုခုမှားနေတာ ဖြစ်ရမည်။ နင်မုန့် လက်ခံဖို့ ပြောလိုက်ချင်ပေမယ့် သူမကို ကူညီဖို့ ငြင်းလိုက်သည့် ဟော်ပေ့ချန်အပြုအမူကို ပြန်တွေးမိသွားသည်။
"အမ်း....ရုတ်တရက်ကြီး ကျွန်မ ဒီဟာတွေအကုန် မစားချင်တော့ဘူး" အတုအယောင် ချောင်းဆိုပြလိုက်ပြီး နင်မုန့်ပြောလိုက်သည်။
"..."
ဟော်ပေ့ချန်ကတော့ စကားတစ်ခွန်းတောင် မဆိုဘဲ သူမကိုသာ စိုက်ကြည့်နေလေ၏။ သူ့ပုံစံက အတွေးနက်နေပုံပင်။ ခေါက်ဆွဲအားလုံးကို သူမ ပါးစပ်ထဲ ထည့်ရန် ဟန်ဆောင်လိုက်စဉ်မှာပဲ သူ့ဆီက စကားသံကို ကြားလိုက်ရ၏။
"အသံသွင်းစတူဒီယိုကို မနက်ဖြန် မင်းသုံးဖို့အတွက် စီစဉ်ပေးထားမယ်"
သူ့စကားဆုံးသည်နှင့် တပြိင်နက် နင်မုန့်က သူမလက်ထဲမှ ခေါက်ဆွဲပန်းကန်လုံးကို သူ့ဆီသို့ လွှဲပေးလိုက်ပြီး ဘဲသားစွပ်ပြုပ်ကို စသောက်လေတော့၏။ လျှာဖျားပေါ် ရောက်လာသောအရသာက သန့်ရှင်းပြီး လန်းဆန်းသော ခံစားချက်ကို ကျန်နေစေ၏။
စွပ်ပြုပ်က ကောင်းလွန်းတာမို့ နိုင်ငံတကာအဆင့်တန်း၀င် စားဖိုမှုးတစ်ယောက် ချက်သည်ဆိုတာ နင်မုန့် ထင်လိုက်သည်။
"ယောက်ျား ခေါက်ဆွဲထပ်လိုသေးလား။ ရှင်တကယ်လို့ ထပ်စားချင်ရင် ထပ်ချက်ပေးလို့ရတယ်နော်"
"..."
နင်မုန့် စားနေချိန်တွင် ဟော်ပေ့ချန်ကတော့ သူမနှင့်အဝေးဆုံးနေရာတွင် ထိုင်ပြီး ခေါက်ဆွဲပန်းကန်လုံးကို ကိုင်ထားလေသည်။ ထိုပုံစံက ခေါက်ဆွဲကို အမှန်တကယ်ကြိုက်နှစ်သက်သည့်ပုံ ပေါ်နေစေလေ၏။
ခနအကြာ ခေါက်ဆွဲတွေဆီမှ အငွေ့တွေထမနေချိန်မှာတော့ ဟော်ပေ့ချန် စတင်ပြီး စားတော့၏။ ရင်းနှီးသော အရသာက သူ့ပါးစပ်ထဲသို့ ၀င်လာလေသည်။ ထိုအရသာက တူကိုင်ထားသည့် သူ့လက်နှစ်ဖက်ကိုပါ ဖျစ်ညစ်မိသွားစေလေ၏။ ခေါက်ဆွဲကို နောက်တကြိမ် ပြန်ကြည့်မိသည့် သူ့မျက်၀န်းတို့တွင် ခံစားချက်ပေါင်းစုံ ရောပြွန်းနေတော့၏။
အစောက အိမ်တွင်းအစေခံမှူး ပို့လိုက်တဲ့ ဟင်းပွဲတွေက လူတစ်ယောက်တည်းအတွက်သာ ဖြစ်လေသည်။
သိပ်မကြာခင်မှာပင် ဟင်းပွဲအားလုံးကို နင်မုန့် စားလို့ကုန်သွားလေသည်။ ပြည့်နေသည့် ဗိုက်ကိုပွတ်လိုက်ရင်း အစောက ဟော်ပေ့ချန်ထိုင်ခဲ့သည့် နေရာကိုကြည့်လိုက်တော့ ဟော်ပေ့ချန် ရှိမနေတော့။ ခေါက်ဆွဲတစ်ပန်းကန်လုံးကိုတော့ ပြီးအောင်စားသွားလေသည်။
သူမ ခေါက်ဆွဲက တကယ်ပဲ အရသာရှိတာလား။
ပန်းကန်ပြားတွေ နှင့် ပန်းကန်လုံးတွေကို ဆေးနေရင်း ဒယ်အိုးပေါ်မှ လက်ကျန် ခရမ်းချဉ်သီးနှင့် ဥတွေကို မြင်လိုက်ရသည့်အခါ ပါးစပ်ထဲသို့ ထည့်ကြည့်လိုက်သည်နှင့် တပြိုင်နက် ချက်ချင်းပင် ထွေးထုတ်မိသွားသည်။ သူမ ထင်ထားသည့်အတိုင်းပင် ဆားထည့်တာ များသွားပြန်လေပြီ။
[၁ရက် ၂ပိုင်း ပုံမှန်တင်တဲ့ paid gpကို ဝင်ချင်ရင် လာပြောလို့ ရပါပြီ။ စာစဉ်၁ခုမှာ ၂၅ပိုင်း ပါဝင်မှာဖြစ်ပြီး ၅၀၀ကျပ် ကျသင့်မှာပဲဖြစ်ပါတယ်။ လောလောဆယ် အပိုင်း၃၉ထိပါတဲ့ စာစဉ်(၁)ပြီးသွားတာမို့ စာစဉ်(၁)ကို တခါတည်း ဖတ်ချင်သူများ cbမှာ လာဝယ်လို့ရပါပြီနော်🥰]
----------------------------
[Zawgyi]
သူမ ထိုင္ေနတဲ့ေနရာကေန ေဟာ္ေပ့ခ်န္ရဲ႕ ရွည္လ်ားေျဖာင့္တန္းေသာ ေျခတံတို႔ကို ျမင္ေနရသည္။ ၀တ္စုံျပည့္မဟုတ္ဘဲ အျဖဴေရာင္ T-shirt၀တ္ထားေသာေၾကာင့္ ေၾကာက္မက္ဖြယ္အရွိန္အဝါလည္း နည္းသြားသလို ပို၍ လန္းလန္းဆန္းဆန္းရွိေနေလသည္။ ျမင္ကြင္းတစ္ခုလုံးက ေယာက္်ားတစ္ေယာက္ေပၚတြင္ ႐ိုက္ႏွိပ္ထားသည့္အလား ၿပီးျပည့္စုံမႈရွိေနေလ၏။ နင္မုန႔္ မကူမကယ္ႏိုင္စြာပင္ သူ႔အား အခ်ိန္အေတာ္ၾကာသည္အထိ ေငးၾကည့္ေနမိ၏။
တစ္ေယာက္ေယာက္ရဲ႕ တံခါးေခါက္သံၾကားမွသာ နင္မုန႔္ တကယ့္ဘ၀သို႔ ျပန္ေရာက္လာ၏။
"Sir ကြၽန္ေတာ္ ဒီကိုဆရာ့ရဲ႕ အစားအစာေတြ လာပို႔တာပါ"
သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ေယာက္ အိမ္ထဲ၀င္လာသည္ကိုနင္မုန႔္ေတြ႕လိုက္သည္။ ၿပီးေနာက္ သူမဆီသို႔ ေလွ်ာက္လာေလ၏။ သူမကို ေဟာ္ေပ့ခ်န္ႏွင့္ တအိမ္တည္းေနသည္ကို ေတြ႕လိုက္ရသည့္အခါ အနည္းငယ္ လန႔္သြားေလသည္။ သို႔ေပမယ့္လည္း သူ႔အမူအရာကို ျပန္ထိန္းကာပင္ ပူေႏြးေနသည့္ ထမင္းဟင္းဗူးကို စားပြဲေပၚသို႔ တင္လိုက္ေလ၏။ သူမေရွ႕တြင္ ဗူးေတြကို ဖြင့္ခ်သည့္အခါ အမ်ိဳးစုံေသာ ဟင္းပြဲေတြကို ေတြ႕လိုက္ရသည္။
၀က္နံ႐ိုးခ်ိဳခ်ဥ္၊ ငါး၊ အမဲသားေမႊေၾကာ္၊ ၾကက္ခ်ဥ္စပ္၊ အသီးအ႐ြက္ေမႊေၾကာ္၊ တိုဖူး၊ ေမႊးႀကိဳင္ၿပီး ေႏြးေနေသာ ထမင္းႏွင့္ ဘဲသားစြပ္ျပဳပ္တို႔ ပါေလ၏။ နင္မုန႔္ကေတာ့ ေအာက္မွ ပန္းကန္ျပားေတြကိုၾကည့္ရင္း တံေတြးၿမိဳခ်လိုက္သည္။
တျခားသူနဲ႔ယွဥ္လိုက္ပါက သူမ ဟင္းပြဲက မျဖစ္စေလာက္သာ။ ဒါေၾကာင့္ပဲ သက္ျပင္းခ်လိုက္ကာ တူတစ္စုံကိုကိုင္လိုက္ၿပီး သူမေရွ႕ရွိ ေမႊးႀကိဳင္ေနသည့္ဟင္းပြဲေတြတို႔မွ အနံ႔ကိုရွဴၿပီး ေခါက္ဆြဲကို စားရန္ျပင္လိုက္သည္။ ႐ုတ္တရက္ပင္ သူမပတ္၀န္းက်င္မွ ေလထုက ေအးခဲလာသည္ကို ခံစားလိုက္ရ၏။
သူမ သတိမထားမိလိုက္ခင္မွာပင္ ေဟာ္ေပ့ခ်န္က ေအာက္ထပ္သို႔ ဆင္းလာၿပီး သူမနားမွာ မတ္တပ္ရပ္ႏွင့္ေနၿပီးျဖစ္၏။
"မင္း အဲ့တာေတြကို စားခ်င္လား" အရသာရွိႏိုင္သည့္ ဟင္းပြဲေတြကို ၫႊန္ျပရင္း ေဟာ္ေပ့ခ်န္ ေမးလိုက္သည္။
နင္မုန႔္ ေခါင္းၿငိမ့္ျပလိုက္ေလ၏။
"အဲ့တာေတြကို မင္းစားလို႔ရတယ္။ ငါဒီဟာကို လိုခ်င္တယ္ လဲစားမယ္"
နင္မုန႔္ မ်က္လုံးသည္ အံ့ဩမႈေၾကာင့္ ျပဴးက်ယ္သြားသည္။ အရသာရွိလွတဲ့ ဟင္းပြဲေတြနဲ႔ သူမရဲ႕ ႐ိုးရွင္းလွတဲ့ ဟင္းပြဲကို လဲစားခ်င္ေနတဲ့ ဒီလူေတာ့ တခုခုမွားေနတာ ျဖစ္ရမည္။ နင္မုန႔္ လက္ခံဖို႔ ေျပာလိုက္ခ်င္ေပမယ့္ သူမကို ကူညီဖို႔ ျငင္းလိုက္သည့္ ေဟာ္ေပ့ခ်န္အျပဳအမူကို ျပန္ေတြးမိသြားသည္။
"အမ္း....႐ုတ္တရက္ႀကီး ကြၽန္မ ဒီဟာေတြအကုန္ မစားခ်င္ေတာ့ဘူး" အတုအေယာင္ ေခ်ာင္းဆိုျပလိုက္ၿပီး နင္မုန႔္ေျပာလိုက္သည္။
"..."
ေဟာ္ေပ့ခ်န္ကေတာ့ စကားတစ္ခြန္းေတာင္ မဆိုဘဲ သူမကိုသာ စိုက္ၾကည့္ေနေလ၏။ သူ႔ပုံစံက အေတြးနက္ေနပုံပင္။ ေခါက္ဆြဲအားလုံးကို သူမ ပါးစပ္ထဲ ထည့္ရန္ ဟန္ေဆာင္လိုက္စဥ္မွာပဲ သူ႔ဆီက စကားသံကို ၾကားလိုက္ရ၏။
"အသံသြင္းစတူဒီယိုကို မနက္ျဖန္ မင္းသုံးဖို႔အတြက္ စီစဥ္ေပးထားမယ္"
သူ႔စကားဆုံးသည္ႏွင့္ တၿပိင္နက္ နင္မုန႔္က သူမလက္ထဲမွ ေခါက္ဆြဲပန္းကန္လုံးကို သူ႔ဆီသို႔ လႊဲေပးလိုက္ၿပီး ဘဲသားစြပ္ျပဳပ္ကို စေသာက္ေလေတာ့၏။ လွ်ာဖ်ားေပၚ ေရာက္လာေသာအရသာက သန႔္ရွင္းၿပီး လန္းဆန္းေသာ ခံစားခ်က္ကို က်န္ေနေစ၏။
စြပ္ျပဳပ္က ေကာင္းလြန္းတာမို႔ ႏိုင္ငံတကာအဆင့္တန္း၀င္ စားဖိုမႈးတစ္ေယာက္ ခ်က္သည္ဆိုတာ နင္မုန႔္ ထင္လိုက္သည္။
"ေယာက္်ား ေခါက္ဆြဲထပ္လိုေသးလား။ ရွင္တကယ္လို႔ ထပ္စားခ်င္ရင္ ထပ္ခ်က္ေပးလို႔ရတယ္ေနာ္"
"..."
နင္မုန႔္ စားေနခ်ိန္တြင္ ေဟာ္ေပ့ခ်န္ကေတာ့ သူမႏွင့္အေဝးဆုံးေနရာတြင္ ထိုင္ၿပီး ေခါက္ဆြဲပန္းကန္လုံးကို ကိုင္ထားေလသည္။ ထိုပုံစံက ေခါက္ဆြဲကို အမွန္တကယ္ႀကိဳက္ႏွစ္သက္သည့္ပုံ ေပၚေနေစေလ၏။
ခနအၾကာ ေခါက္ဆြဲေတြဆီမွ အေငြ႕ေတြထမေနခ်ိန္မွာေတာ့ ေဟာ္ေပ့ခ်န္ စတင္ၿပီး စားေတာ့၏။ ရင္းႏွီးေသာ အရသာက သူ႔ပါးစပ္ထဲသို႔ ၀င္လာေလသည္။ ထိုအရသာက တူကိုင္ထားသည့္ သူ႔လက္ႏွစ္ဖက္ကိုပါ ဖ်စ္ညစ္မိသြားေစေလ၏။ ေခါက္ဆြဲကို ေနာက္တႀကိမ္ ျပန္ၾကည့္မိသည့္ သူ႔မ်က္၀န္းတို႔တြင္ ခံစားခ်က္ေပါင္းစုံ ေရာႁပြန္းေနေတာ့၏။
အေစာက အိမ္တြင္းအေစခံမႉး ပို႔လိုက္တဲ့ ဟင္းပြဲေတြက လူတစ္ေယာက္တည္းအတြက္သာ ျဖစ္ေလသည္။
သိပ္မၾကာခင္မွာပင္ ဟင္းပြဲအားလုံးကို နင္မုန႔္ စားလို႔ကုန္သြားေလသည္။ ျပည့္ေနသည့္ ဗိုက္ကိုပြတ္လိုက္ရင္း အေစာက ေဟာ္ေပ့ခ်န္ထိုင္ခဲ့သည့္ ေနရာကိုၾကည့္လိုက္ေတာ့ ေဟာ္ေပ့ခ်န္ ရွိမေနေတာ့။ ေခါက္ဆြဲတစ္ပန္းကန္လုံးကိုေတာ့ ၿပီးေအာင္စားသြားေလသည္။
သူမ ေခါက္ဆြဲက တကယ္ပဲ အရသာရွိတာလား။
ပန္းကန္ျပားေတြ ႏွင့္ ပန္းကန္လုံးေတြကို ေဆးေနရင္း ဒယ္အိုးေပၚမွ လက္က်န္ ခရမ္းခ်ဥ္သီးႏွင့္ ဥေတြကို ျမင္လိုက္ရသည့္အခါ ပါးစပ္ထဲသို႔ ထည့္ၾကည့္လိုက္သည္ႏွင့္ တၿပိဳင္နက္ ခ်က္ခ်င္းပင္ ေထြးထုတ္မိသြားသည္။ သူမ ထင္ထားသည့္အတိုင္းပင္ ဆားထည့္တာ မ်ားသြားျပန္ေလၿပီ။
[၁ရက္ ၂ပိုင္း ပုံမွန္တင္တဲ့ paid gpကို ဝင္ခ်င္ရင္ လာေျပာလို႔ ရပါၿပီ။ စာစဥ္၁ခုမွာ ၂၅ပိုင္း ပါဝင္မွာျဖစ္ၿပီး ၅၀၀က်ပ္ က်သင့္မွာပဲျဖစ္ပါတယ္။ ေလာေလာဆယ္ အပိုင္း၃၉ထိပါတဲ့ စာစဥ္(၁)ၿပီးသြားတာမို႔ စာစဥ္(၁)ကို တခါတည္း ဖတ္ခ်င္သူမ်ား cbမွာ လာဝယ္လို႔ရပါၿပီေနာ္🥰]