(Unicode)
အပိုင်း(၁၀)
သတ္တိရှိတတ်အောင် သင်ပေးခြင်း
အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ရသည့် နေ့ရက်တွေဟာ နီတာ့ အစာအိမ်ကိုနတ်ပြည်ပို့ပေးသည့် နေ့ရက်တွေဖြစ်လာခဲ့သည်...
မိုးတဖွဲဖွဲရွာနေတဲ့ မော်လမြိုင်မြို့ရဲ့ ညလမ်းမထက်မှာတော့ အနက်ရောင်မိုးကာတွေဝတ်ထားတဲ့ ဆိုင်ကယ်မောင်းသူတွေကို တွေ့ရမည်ဖြစ်သည်... ထိုသူတွေထဲမှာ နီတာ့ အမေနဲ့အစ်ကိုလည်း ပါနေ၏... ဘာလို့ဆို နှစ်ယောက်လုံး စာသင်ဖို့ အခုမှ အိမ်ကထွက်သွားလို့ပေါ့...
ခြံတံခါးကို သော့ခတ်ပြီး ခြံရှေ့က ပလက်ဖောင်းတွင် ထီးဆောင်းပြီးရပ်ရုံရှိသေးတယ် အချိန်တိကျလွန်းတဲ့ ပြိုင်ကားအနက်လေးက ရောက်ချလာပြီဖြစ်သည်...
"ဒီနေ့ရော ဘာစားချင်လဲ..."
နီတာ ကားထဲဝင်လိုက်သည်ဆိုခြင်းမှာပင် အလိုက်တသိမေးလာခဲ့သည်...
"ဗိုက်သိပ်မဆာသေးဘူး... အဲ့တော့ ကိုလင်းဆိုင်ကိုဘဲ သွားကြစို့..."
ကောင်းဇေလင်း ဘုရားတသင့်ပါသလား... တသင့်သည်လို့ထင်သည်...
ဘုရား... ဘုရား...
ဆိုင်ထဲဝင်ပြီးတာနဲ့ ဘယ်တော့မှလက်ဗလာနဲ့ ပြန်မထွက်တတ်တဲ့သူမို့ ကောင်းဇေလင်း တံတွေးပင်မြိုချမိသွားသည်... ဒီတိုင်းသာဆို အရုပ်ဆိုင်တစ်ခုလုံး ကောင်မစုတ်လေး နီတာရဲ့အခန်းထဲ ရွေ့လိုက်ရမယ့်ကိန်းရှိတယ်...
မိုးရွာနေလို့ အိမ်မှာဘဲနေမယ်လို့ ပြောဖူးတယ်ရှိအောင်ပြောကြည့်ပါလား... အဲ့လိုတွေးလိုက်ပေမယ့် ပြောမှာမဟုတ်မှန်းသိနေသည်...
ဒါပေမယ့်လဲ သင်းလေးရဲ့ဆန္ဒကိုလွန်ဆန်လို့ မဖြစ်သေးတဲ့အချိန်မို့ Oceanထဲက ထွက်လာတဲ့ကားကို Oceanဆီသာ ပြန်ခေါ်သွားရတော့သည်...
ဗိုက်မဆာသေးဘူးလို့ပြောသည့် နီတာမှာ အရုပ်ဆိုင်ကောင်တာမှထိုင်ပြီး lotteria ကြက်ကြော်ကို အပြတ်ဆွဲနေသည်ကို ဘေးမှာထိုင်နေတဲ့ ကောင်းဇေလင်းတစ်ယောက်သာ မယုံနိုင်တဲ့မျက်ဝန်းတွေနဲ့ ကြည့်လို့နေသည်... ဆိုင်ရှိဝန်ထမ်းတွေကတော့ မြင်တွေ့နေကျအရာတစ်ခုမို့ စိတ်ဝင်စားခြင်းအလျဉ်းမရှိပေ...
ကောင်မလေးနဲ့ ရင်းနှီးလာတာ လဝက်လောက်ရှိပြီမို့ သင်းလေးရဲ့အမူအကျင့်တွေကို ကောင်းကောင်းအသားကျသွားပြီဖြစ်သော်လည်း အစားစားနေချိန်တိုင်းမှာ မယုံနိုင်တဲ့အကြည့်တွေနဲ့ကြည့်မိတုန်းပါ...
ကြက်ကြော်တုံးကြီးနှစ်တုံးကုန်လို့ သုံးတုံးမြောက်ကို ကောင်းကောင်းတောင်ဝါးမစားဘဲ ကိုလာနဲ့အတူမျှောချလို့နေသည်... ဗိုက်မဆာသေးလို့သာပဲ ဗိုက်များသာဆာရင်တော့ lotteriaတစ်ဆိုင်လုံးပါ လေလံဆွဲပြီး ထိုင်စားမလား မသိဘူး...
ဗိုက်သေးသေးလေးက သွင်းသမျှဆန့်နေတာက ထူးဆန်းမလွန်းဘူးလား... တကယ် ဆလံသရပါတယ်...
ကြက်ရိုးပေါ်မှာ ကြက်သားတမျှင်တောင် ကပ်မကျန်တော့သည်အထိ အပြောင်ရှင်းပြီးချိန်မှ စကားစပြောလာတော့သည်...
"ရဲတာနဲ့ အခြေနေဘယ်လိုရှိလဲ... တိုးတက်ပြီလား..."
ဪ... မေးဖော်တော့ရသားဘဲလို့ ကောင်းဇေလင်းတွေးလိုက်၏...
ထိုမေးခွန်းမေးလာဖို့ သင်းဗိုက်လေးကို ခစားပြီး လဝက်လောက်ထိုင်စောင့်လိုက်ရသည်... နောက်ဆုံးတော့ မေးလာခဲ့ပြီပေါ့...
"အဲ့ညပြီးတော့ ထပ်မတွေဖြစ်တော့ဘူး..."
"အဲ့ည..."
နီတာ သံယောင်လိုက်မိသွားတယ်...
အဲ့ညတဲ့... ဘယ်ညကိုပြောတာလဲ...
မဟုတ်မှလွဲရော ကမ်းနားလမ်းမှာတွေ့ခဲ့တဲ့ညလား...
ကိုလင်းကို ကြည့်ပြီး အဲ့ညဆိုတာ နီတာတွေးနေတဲ့ညလားလို့ အကြည့်နဲ့မေးလိုက်တော့ ခေါင်းညိတ်ပြလာသည်...
သိပ်သနားသွားပြီ... နီတာတောင် နီတာ့Crushကို တစ်ရက်တောင်မလွတ်ဘဲ တွေ့ရသေးတယ်...
သနားသွားပေမယ့် ကိုလင်းမှာ နီတာ့ထက်သာတဲ့ အခြေနေရှိလို့နေ၍ သနားစိတ်ကို ဖျောက်လိုက်ပြီး...
"အပြင်မှာ မတွေ့ဖြစ်လဲ လိုင်းပေါ်မှာတော့ စကားပြောဖြစ်တယ်မလား..."
ကောင်းဇေလင်း ခေါင်းခါပြလိုက်သည်...
ခေါင်းခါပြလာတာလား... ဒါက ဘာကိုဆိုလိုတာလဲ...
"Hiတောင် သွားမHiဘူးလား..." လို့ မျက်လုံးအပြူးသားနဲ့ မေးကြည့်မိတော့...
"သွားတောင် မaddရသေးဘူး..."
"အမ်..."
ဟာ အဲ့လိုတော့ မပြောနဲ့လေ... ကျွေးသမျှစားထားတဲ့ဒီလူက စိတ်မသန့်တော့ဘူး... တကယ်ပါဘဲ...
ကမ်းနားလမ်းမှာ ပိုက်ဆံရှင်းပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ နီတာ့accရယ် ရဲတာaccရယ်ကို ပြောပြခဲ့တာလေ... နီတာ့accကို ညတွင်းချင်းလာအပ်ပြီး စကားတွေပြောရင်း ရင်းနှီးလာလို့ ညတိုင်းလိုလို မြို့အနှံ့မုန့်ပတ်စားဖြစ်တာလေ... ရဲတာကိုကျ အခုချိန်ထိ မaddရသေးဘူးတဲ့လား... ဘာလို့လဲ... ဟိတ်...
"ကိုလင်းကြိုက်နေတာ ရဲတာကိုလား... နီတာကိုလားဟင်..."
မနေနိုင်တော့လို့ မေးလိုက်မိသည်...
"ရဲတာကို ကြိုက်တာပါ..."
တွေဝေခြင်းမရှိဘဲ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည့် ကောင်းဇေလင်း...
နီတာ နှာမှုတ်လိုက်ပြီး...
"မသိပါဘူး နီတာ့ကိုများ ကြိုက်နေတာလားလို့..."
နီတာ့အပြောကို ပြုံးပြီးနားထောင်နေသည့် ကိုလင်းကို စူးစမ်းသလိုကြည့်လိုက်ကာ...
"ဘာလို့ သွားမaddတာလဲ..."
ကောင်းဇေလင်း မျက်နှာပြန်တည်သွားပြီး တိုးလျော့သောအသံဖြင့် ပြန်ပြောလာ၏...
"လက်မခံမှာစိုးလို့..."
နီတာ "ဟောတော့..." လို့သာ ရေရွတ်လိုက်သည်...
လက်မခံပေးမှာကို တွေးကြောက်နေတဲ့ ကိုလင်းရဲ့ပုံက အရမ်းseriousဖြစ်လွန်းနေတယ်လို့ ထင်ရသည်... ဒါကြောင့် သင်္ကာမကင်းဖြစ်လာ၏...
"အပြစ်လုပ်ထားတာရှိနေတာလား..."
နီတာ့အမေးကို မငြင်းဆန်ဘဲ
"အထင်လွဲမှုတစ်ချို့ရှိရုံတင်ပါ..." ဟု ပြန်ပြောလာခဲ့သည်...
"ဘာအထင်လွဲတာလဲ နီတာ ကူရှင်းပြပေးရမလား..."
စားထားတာတွေက အရမ်းများနေတော့ နည်းနည်းပါးပါးတောင် မကူညီနိုင်ရင် စားပြီးနားမလည်ဖြစ်သွားမှာမို့ မေးကြည့်ရသည်...
ကောင်းဇေလင်း ခေါင်းကိုလေးပင်စွာခါပြီး ငြင်းဆန်လိုက်သည်...
"သိပ်အရေးမကြီးတဲ့ကိစ္စပါ... ညီမ စိတ်ထဲထားမနေနဲ့ အစ်ကိုဖြေရှင်းနိုင်တယ်..."
"အဲ့တာဆိုလဲပြီးရောလေ..."
အကူညီမလိုဘူးဆိုတော့လဲ ဆက်မေးမနေတော့ဘဲ မကုန်သေးတဲ့ ကိုလာကို ပြန်သောက်နေလိုက်တော့တယ်...
"... ... ..."
ခဏ... ချက်ချင်း လက်လျော့သွားတာလား... ကူညီဖို့ကိုလေ...
ကိုလာတောင် ဆက်သောက်သွားတဲ့ ကောင်မလေးကို မယုံနိုင်တဲ့မျက်ဝန်းတွေဖြင့်ကြည့်မိသည်...
တကယ်လဲ အထင်လွဲနေတဲ့ကိစ္စက အကူညီမလိုဘူးဆိုပေမယ့် ဒါကတော့ နည်းနည်းအဆင်မပြေဘူးနော်...
ဒီလိုမျိုး အကူညီမရနိုင်မယ့်ကောင်မလေးမှန်းသိရင် အစထဲက ကိုယ့်ဘာသာ ကြိုးစားပါတယ်... သင်းလေးကိုအားကိုပြီး ဖားထားတာက အစားအသောက်တင်မကဘဲ ဆိုင်ကအရုပ်တွေပါ အစစ်ကိုရေမရောဘဲ ပါသွားတယ်...
*******
ကားပေါ်ကဆင်းသွားတဲ့ ကောင်မလေးကို ကားထဲကလှမ်းကြည့်ပြီး ပြုံးသာပြုံးနိုင်တော့သည်... ပြုံးရခြင်းမှာလဲ ကိုယ့်အဖြစ်ကို ကိုယ်သနား၍ ပြုံးခြင်းဖြစ်၏...
အစ်ကိုနဲ့နီးစပ်ချင်လို့ ညီမကိုအရင်ဖားထားတာ အစ်ကိုနဲ့တော့ မနီးစပ်လာသေးပေမယ့် ကုန်ကျစရိတ်ကတော့ နှစ်ယောက်စာဖြစ်နေခဲ့သည်... ညီမဖြစ်သူက သူ့အတွက်အပြင် Crushအတွက်ပါ ပါဆယ်ဆွဲသေးတယ်လေ...
ရတီရဲ့အကြည့်ဟာ အနက်ရောင်ပြိုင်ကားထံမှာသာ ရှိနေခဲ့သည်... ဘဝင်မကျတဲ့အကြည့်တွေနဲ့ပေါ့...
ညတိုင်းလိုလို ထိုကားပေါ်ကဆင်းလာတတ်တဲ့ ကောင်မလေးကိုလဲ အမြင်မကြည်တာကြာပြီ...
"ဟီး..."
ဆိုင်ထဲရောက်တာနဲ့ ပြုံးနေကျ အပြုံးကိုပြုံးပြလာတယ်... အချိုးမပြေတဲ့အပြုံးလေ...
မျက်မှောင်ကျုံ့ထားပြီး သုန်မှုန်နေတဲ့အကြည့်ကြောင့် နီတာ မျက်နှာအမူအရာကို ကြိုးစားထိန်းလိုက်ပြီး...
"Lotteriaမှာ ကြက်ကြော်သွားစားရင်းနဲ့ မဝင့်အတွက်ပါဝယ်လာပေးတာ..."
လက်ထဲက ကြက်ကြော်ထုတ်ကို ကမ်းပေးလိုက်သော်လည်း နီတာကိုဘဲ မှုန်ကုတ်ကုတ်နဲ့ ကြည့်နေတာကြောင့် ကောင်တာပေါ်သာတင်ပေးလိုက်ပြီး...
"ဒါဆို နီတာ ပြန်လိုက်..."
"ကားထဲကသူက ဘယ်သူလဲ..."
"ရှင်..."
စကားမဆုံးခင်မှာပင် ဖြတ်မေးလာသည်ကြောင့် အနည်းငယ်နားမလည်ဖြစ်သွားရသည်...
ဝင့်ရတီ ထပ်ပြောလာခဲ့သည်က...
"ညတိုင်း အဲ့ကားပေါ်ကဆင်းလာပြီး အစ်မတွက် မုန့်တွေလာပေးနေတာက ကားထဲကလူဝယ်ပေးတာမဟုတ်ဘူးလား... အဲ့တာကြောင့် ဘယ်သူလဲသိချင်..."
"မပြောပြဘူး!..."
"... ... ..."
စိတ်ဝင်တစားမေးနေသည့် မဝင့်ရဲ့ မျက်ဝန်းတွေကြောင့် စကားကိုအဆုံးမခံတော့ဘဲ တစ်ခါတည်း အပြတ်ငြင်းပစ်လိုက်သည်...
နီတာ အသံမာသွားတာကို သိပါတယ်... မဝင့်က တခြားသူကို စိတ်ဝင်တစားမေးလာတာက နီတာ့ကို နှိပ်စက်နေတာနဲ့တူတာမို့ ဘယ်လိုမှ သည်းမခံနိုင်ပေ... ကိုလင်းက ပိုက်ဆံဘဲရှင်းပေးတာလေ နီတာ့ကြောင့်မို့ မဝင့်က မုန့်တွေစားနေရတာမဟုတ်ဘူးလား... ဒီလို အမေကျော် ဒွေးတော်လွမ်းမနေနဲ့လေ...
ဝင့်ရတီရဲ့ အကြည့်တို့ ခက်ထန်လာပြီး အတွေးထဲတွင်တော့...
ဪ... သင်းက ပြောတောင်မပြောပြချင်ဘူးပေါ့... တွန့်တိုတယ်ပေါ့လေ...
"မပြောပြချင်လဲရတယ်လေ အစ်မလဲ ကိုယ်မသိတဲ့သူဝယ်ကျွေးတာကို မစားနိုင်ဘူး..."
ဝင့်ရတီနဲ့အတူ အပြိုင်ဒေါခွီးနေတဲ့ နီတာမှာ ဟုတ်ပြီဆိုတဲ့ပုံစံဖြင့် ခေါင်းညိတ်လိုက်ကာ ကြက်ကြော်ထုတ်ကိုပြန်ယူလိုက်လေ၏...
"ရတယ်လေ အဲ့လိုဆိုတော့လဲ ပြန်ယူသွားရုံပေါ့..."
"... ... ..."
ဆိုင်ထဲကနေ ဆူဆောင့်ပြီး ထွက်သွားတဲ့ ကောင်မလေးကို ရပ်ကြည့်ရင်းကျန်ရစ်ခဲ့ရသည်... ပြောစရာစကားလဲ ဆွံအရချေပြီဖြစ်သည်... ရပ်နေရာမှလဲ ပြန်မထိုင်နိုင်တော့ဘဲ ရပ်နေမြဲအတိုင်း ရပ်နေမိတော့တယ်...
ရတီ အခု ကလေးတစ်ယောက်နဲ့ ပြိုင်ပြီး စကားနိုင်လုလိုက်ရတာလား... ဒါပေမယ့် အဲ့ကလေးက လူကိုမခံနိုင်အောင် လုပ်နေတာလေ... ဘယ်လိုသည်းခံနိုင်ပါတော့မလဲ...
*******
အတန်းပြီးသွားလို့ အောက်ထပ်ဆင်းလာပြီး မိုးတဖွဲဖွဲရွာနေတဲ့ မြင်ကွင်းလေးကို ထိုင်ငေးကြည့်ဖို့ ဆုံးဖြတ်ထားသော်လည်း ကျောင်းဝမှာ ရပ်ထားသည့် အနက်ရောင်ပြိုင်ကားဘေးမှာ ထီးစောင်းရပ်နေသူအား တွေ့လိုက်ရချိန် သေချာမြင်ရအောင် တံခါးနားထိ ထွက်ကြည့်မိသည်...
လေပြည်အေးကိုများ လာတွေ့တာလားဆိုတဲ့ အတွေးကို တွေးလိုက်မိချိန် ဘယ်ဘက်ရင်အုံက နာသည်... မဆိုင်သူတစ်ယောက်မို့ မမြင်ချင်ယောင်ဆောင်သင့်သည်ကိုလဲ မလုပ်နိုင်ခဲ့...
လက်ထဲမှာအဆင်သင့်ကိုင်ထားတဲ့ ထီးကိုဖွင့်ပြီး ရပ်စောင့်နေသူထံ ထွက်လာမိသည်... ကိုယ့်ကို ရပ်စောင့်နေသည်မဟုတ်သော်လဲ ဒီတိုင်းလဲ ပစ်မထားနိုင်...
ထီးကနေ မြေပေါ်ကကျသွားတဲ့ မိုးစက်တွေကို ငုံ့ကြည့်နေခိုက် ကောင်းဇေလင်းရှေ့မှာ လာရပ်သည့် ခြေတစ်စုံ...
မော့ကြည့်လိုက်တော့ မျှော်နေသူလေးဖြစ်သည်ကြောင့် ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့အပျော်ကို ဖြစ်တောင်ဖော်မပြတတ်တော့ပြီ... သေချာတာကတော့ ပျော်သည်ဆိုတာပင်...
ကောင်းဇေလင်း နှုတ်ခမ်းလွှာကို ဖွင့်ဟဖို့အပြင်...
"လေပြည်အေးကို လာတွေ့တာလား..."
"မ..."
"လေပြည်အေး ကျောင်းထွက်သွားပြီ..."
ကောင်းဇေလင်းမှာ ငြင်းဆန်ခွင့်တောင် မရလိုက်...
မျက်နှာညှိုးကျသွားပြီး အားမရှိတော့သော လေသံဖြင့်...
"လေပြည်အေး ကျောင်းထွက်သွားတာကို ကိုယ်သိပါတယ်..."
ဟမ်... သိတယ်တဲ့လား... ဒါဆို ဒီကိုဘာလို့...
ရဲတာ ဘာကိုပြောလို့ ပြောရမှန်းတောင်မသိဘဲ ဖြစ်နေချိန်မှာ...
"ကိုယ်ဒီကျောင်းရှေ့ကိုလာတိုင်း လေပြည်အေးကိုတွေ့ဖို့လာတာလို့ အမြဲတမ်းတွေးနေခဲ့တာလား..."
"ဗျာ..."
နဝေတိမ်တောင်ဖြစ်နေတဲ့ ကောင်လေးရဲ့ ဆံသားတွေကိုဆွဲဖွချင်စိတ်ကို ထိန်းမရတော့၍ ထီးအောက်နေလက်လှမ်းပြီး တစ်ဖက်ထီးအောက်က ကောင်လေးရဲ့ ဆံပင်တွေကို ဆွဲဖွမိတော့ အကာအကွယ်မဲ့နေတဲ့ လက်မောင်းပေါ်သို့ မိုးစက်တွေသက်ဆင်းလာတော့သည်...
ထိုသူရဲ့ ရုတ်တရက်အပြုမူကြောင့် ရင်ဘက်ထဲမှာ ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲလာတော့သည်... ဒီအပြုအမူက ဘာကိုဆိုလိုချင်တာပါလိမ့်...
ရဲတာရဲ့ဆံပင်တွေကို ဆွဲဖွရလို့ ကျေနပ်သွားသည့်အပြုံးကို မင်သက်စွာကြည့်နေမိ၏...
"အရင်က ဘယ်လိုဘဲတွေးတွေး အခုချိန်ကစပြီး ကိုယ်ဒီကျောင်းရှေ့ရောက်လာတာက ညီ့ကြောင့်လို့ဘဲ တွေးတော့နော်..."
"... ... ..."
ဆံသားတွေပေါ်က လက်ကိုဖယ်လိုက်ပြီး
"ကိုယ် ညတိုင်း ညီ့ကိုဘဲတွေ့ဖို့လာခဲ့တာ... အရင်ကရော အခုရော အဲ့ဒီအမှန်တရားက မပြောင်းလဲဘူး... ဒါကြောင့် ညီလဲ ကိုယ့်ကိုထွက်တွေ့ပေး... ညီ့မျက်နှာမတွေ့ရမချင်း ကိုယ်ရပ်စောင့်နေမှာမို့..."
လဝက်အတွင်း ကောင်းဇေလင်းကို နီတာ သင်ပေးလိုက်သည်ကတော့ Crushအား ပိုးပန်းရာတွင် ဘယ်သူ့ကိုမှအားမကိုးဘဲ ကိုယ်တိုင်သတ္တိရှိရမယ်ဆိုတာသာ ဖြစ်ပေတော့သည်...
.............................
(Zawgyi)
အပိုင္း(၁၀)
သတၱိရွိတတ္ေအာင္ သင္ေပးျခင္း
အိမ္မွာတစ္ေယာက္တည္းက်န္ခဲ့ရသည့္ ေန႔ရက္ေတြဟာ နီတာ့ အစာအိမ္ကိုနတ္ျပည္ပို့ေပးသည့္ ေန႔ရက္ေတြျဖစ္လာခဲ့သည္...
မိုးတဖြဲဖြဲရြာေနတဲ့ ေမာ္လၿမိဳင္ၿမိဳ့ရဲ့ ညလမ္းမထက္မွာေတာ့ အနက္ေရာင္မိုးကာေတြဝတ္ထားတဲ့ ဆိုင္ကယ္ေမာင္းသူေတြကို ေတြ႕ရမည္ျဖစ္သည္... ထိုသူေတြထဲမွာ နီတာ့ အေမနဲ႔အစ္ကိုလည္း ပါေန၏... ဘာလို့ဆို ႏွစ္ေယာက္လုံး စာသင္ဖို့ အခုမွ အိမ္ကထြက္သြားလို့ေပါ့...
ၿခံတံခါးကို ေသာ့ခတ္ၿပီး ၿခံေရွ႕က ပလက္ေဖာင္းတြင္ ထီးေဆာင္းၿပီးရပ္႐ုံရွိေသးတယ္ အခ်ိန္တိက်လြန္းတဲ့ ၿပိဳင္ကားအနက္ေလးက ေရာက္ခ်လာၿပီျဖစ္သည္...
"ဒီေန႔ေရာ ဘာစားခ်င္လဲ..."
နီတာ ကားထဲဝင္လိုက္သည္ဆိုျခင္းမွာပင္ အလိုက္တသိေမးလာခဲ့သည္...
"ဗိုက္သိပ္မဆာေသးဘူး... အဲ့ေတာ့ ကိုလင္းဆိုင္ကိုဘဲ သြားၾကစို့..."
ေကာင္းေဇလင္း ဘုရားတသင့္ပါသလား... တသင့္သည္လို့ထင္သည္...
ဘုရား... ဘုရား...
ဆိုင္ထဲဝင္ၿပီးတာနဲ႔ ဘယ္ေတာ့မွလက္ဗလာနဲ႔ ျပန္မထြက္တတ္တဲ့သူမို့ ေကာင္းေဇလင္း တံေတြးပင္ၿမိဳခ်မိသြားသည္... ဒီတိုင္းသာဆို အ႐ုပ္ဆိုင္တစ္ခုလုံး ေကာင္မစုတ္ေလး နီတာရဲ့အခန္းထဲ ေရြ႕လိုက္ရမယ့္ကိန္းရွိတယ္...
မိုးရြာေနလို့ အိမ္မွာဘဲေနမယ္လို့ ေျပာဖူးတယ္ရွိေအာင္ေျပာၾကည့္ပါလား... အဲ့လိုေတြးလိုက္ေပမယ့္ ေျပာမွာမဟုတ္မွန္းသိေနသည္...
ဒါေပမယ့္လဲ သင္းေလးရဲ့ဆႏၵကိုလြန္ဆန္လို့ မျဖစ္ေသးတဲ့အခ်ိန္မို့ Oceanထဲက ထြက္လာတဲ့ကားကို Oceanဆီသာ ျပန္ေခၚသြားရေတာ့သည္...
ဗိုက္မဆာေသးဘူးလို့ေျပာသည့္ နီတာမွာ အ႐ုပ္ဆိုင္ေကာင္တာမွထိုင္ၿပီး lotteria ၾကက္ေၾကာ္ကို အျပတ္ဆြဲေနသည္ကို ေဘးမွာထိုင္ေနတဲ့ ေကာင္းေဇလင္းတစ္ေယာက္သာ မယုံနိုင္တဲ့မ်က္ဝန္းေတြနဲ႔ ၾကည့္လို့ေနသည္... ဆိုင္ရွိဝန္ထမ္းေတြကေတာ့ ျမင္ေတြ႕ေနက်အရာတစ္ခုမို့ စိတ္ဝင္စားျခင္းအလ်ဥ္းမရွိေပ...
ေကာင္မေလးနဲ႔ ရင္းႏွီးလာတာ လဝက္ေလာက္ရွိၿပီမို့ သင္းေလးရဲ့အမူအက်င့္ေတြကို ေကာင္းေကာင္းအသားက်သြားၿပီျဖစ္ေသာ္လည္း အစားစားေနခ်ိန္တိုင္းမွာ မယုံနိုင္တဲ့အၾကည့္ေတြနဲ႔ၾကည့္မိတုန္းပါ...
ၾကက္ေၾကာ္တုံးႀကီးႏွစ္တုံးကုန္လို့ သုံးတုံးေျမာက္ကို ေကာင္းေကာင္းေတာင္ဝါးမစားဘဲ ကိုလာနဲ႔အတူေမၽွာခ်လို့ေနသည္... ဗိုက္မဆာေသးလို့သာပဲ ဗိုက္မ်ားသာဆာရင္ေတာ့ lotteriaတစ္ဆိုင္လုံးပါ ေလလံဆြဲၿပီး ထိုင္စားမလား မသိဘူး...
ဗိုက္ေသးေသးေလးက သြင္းသမၽွဆန႔္ေနတာက ထူးဆန္းမလြန္းဘူးလား... တကယ္ ဆလံသရပါတယ္...
ၾကက္ရိုးေပၚမွာ ၾကက္သားတမၽွင္ေတာင္ ကပ္မက်န္ေတာ့သည္အထိ အေျပာင္ရွင္းၿပီးခ်ိန္မွ စကားစေျပာလာေတာ့သည္...
"ရဲတာနဲ႔ အေျခေနဘယ္လိုရွိလဲ... တိုးတက္ၿပီလား..."
ဪ... ေမးေဖာ္ေတာ့ရသားဘဲလို့ ေကာင္းေဇလင္းေတြးလိုက္၏...
ထိုေမးခြန္းေမးလာဖို့ သင္းဗိုက္ေလးကို ခစားၿပီး လဝက္ေလာက္ထိုင္ေစာင့္လိုက္ရသည္... ေနာက္ဆုံးေတာ့ ေမးလာခဲ့ၿပီေပါ့...
"အဲ့ညၿပီးေတာ့ ထပ္မေတြျဖစ္ေတာ့ဘူး..."
"အဲ့ည..."
နီတာ သံေယာင္လိုက္မိသြားတယ္...
အဲ့ညတဲ့... ဘယ္ညကိုေျပာတာလဲ...
မဟုတ္မွလြဲေရာ ကမ္းနားလမ္းမွာေတြ႕ခဲ့တဲ့ညလား...
ကိုလင္းကို ၾကည့္ၿပီး အဲ့ညဆိုတာ နီတာေတြးေနတဲ့ညလားလို့ အၾကည့္နဲ႔ေမးလိုက္ေတာ့ ေခါင္းညိတ္ျပလာသည္...
သိပ္သနားသြားၿပီ... နီတာေတာင္ နီတာ့Crushကို တစ္ရက္ေတာင္မလြတ္ဘဲ ေတြ႕ရေသးတယ္...
သနားသြားေပမယ့္ ကိုလင္းမွာ နီတာ့ထက္သာတဲ့ အေျခေနရွိလို့ေန၍ သနားစိတ္ကို ေဖ်ာက္လိုက္ၿပီး...
"အျပင္မွာ မေတြ႕ျဖစ္လဲ လိုင္းေပၚမွာေတာ့ စကားေျပာျဖစ္တယ္မလား..."
ေကာင္းေဇလင္း ေခါင္းခါျပလိုက္သည္...
ေခါင္းခါျပလာတာလား... ဒါက ဘာကိုဆိုလိုတာလဲ...
"Hiေတာင္ သြားမHiဘူးလား..." လို့ မ်က္လုံးအျပဴးသားနဲ႔ ေမးၾကည့္မိေတာ့...
"သြားေတာင္ မaddရေသးဘူး..."
"အမ္..."
ဟာ အဲ့လိုေတာ့ မေျပာနဲ႔ေလ... ေကၽြးသမၽွစားထားတဲ့ဒီလူက စိတ္မသန႔္ေတာ့ဘူး... တကယ္ပါဘဲ...
ကမ္းနားလမ္းမွာ ပိုက္ဆံရွင္းေပးလို့ ေက်းဇူးတင္တဲ့အေနနဲ႔ နီတာ့accရယ္ ရဲတာaccရယ္ကို ေျပာျပခဲ့တာေလ... နီတာ့accကို ညတြင္းခ်င္းလာအပ္ၿပီး စကားေတြေျပာရင္း ရင္းႏွီးလာလို့ ညတိုင္းလိုလို ၿမိဳ့အႏွံ့မုန႔္ပတ္စားျဖစ္တာေလ... ရဲတာကိုက် အခုခ်ိန္ထိ မaddရေသးဘူးတဲ့လား... ဘာလို့လဲ... ဟိတ္...
"ကိုလင္းႀကိဳက္ေနတာ ရဲတာကိုလား... နီတာကိုလားဟင္..."
မေနနိုင္ေတာ့လို့ ေမးလိုက္မိသည္...
"ရဲတာကို ႀကိဳက္တာပါ..."
ေတြေဝျခင္းမရွိဘဲ ျပတ္ျပတ္သားသား ျပန္ေျဖလိုက္သည့္ ေကာင္းေဇလင္း...
နီတာ ႏွာမွုတ္လိုက္ၿပီး...
"မသိပါဘူး နီတာ့ကိုမ်ား ႀကိဳက္ေနတာလားလို့..."
နီတာ့အေျပာကို ျပဳံးၿပီးနားေထာင္ေနသည့္ ကိုလင္းကို စူးစမ္းသလိုၾကည့္လိုက္ကာ...
"ဘာလို့ သြားမaddတာလဲ..."
ေကာင္းေဇလင္း မ်က္ႏွာျပန္တည္သြားၿပီး တိုးေလ်ာ့ေသာအသံျဖင့္ ျပန္ေျပာလာ၏...
"လက္မခံမွာစိုးလို့..."
နီတာ "ေဟာေတာ့..." လို့သာ ေရရြတ္လိုက္သည္...
လက္မခံေပးမွာကို ေတြးေၾကာက္ေနတဲ့ ကိုလင္းရဲ့ပုံက အရမ္းseriousျဖစ္လြန္းေနတယ္လို့ ထင္ရသည္... ဒါေၾကာင့္ သကၤာမကင္းျဖစ္လာ၏...
"အျပစ္လုပ္ထားတာရွိေနတာလား..."
နီတာ့အေမးကို မျငင္းဆန္ဘဲ
"အထင္လြဲမွုတစ္ခ်ိဳ့ရွိ႐ုံတင္ပါ..." ဟု ျပန္ေျပာလာခဲ့သည္...
"ဘာအထင္လြဲတာလဲ နီတာ ကူရွင္းျပေပးရမလား..."
စားထားတာေတြက အရမ္းမ်ားေနေတာ့ နည္းနည္းပါးပါးေတာင္ မကူညီနိုင္ရင္ စားၿပီးနားမလည္ျဖစ္သြားမွာမို့ ေမးၾကည့္ရသည္...
ေကာင္းေဇလင္း ေခါင္းကိုေလးပင္စြာခါၿပီး ျငင္းဆန္လိုက္သည္...
"သိပ္အေရးမႀကီးတဲ့ကိစၥပါ... ညီမ စိတ္ထဲထားမေနနဲ႔ အစ္ကိုေျဖရွင္းနိုင္တယ္..."
"အဲ့တာဆိုလဲၿပီးေရာေလ..."
အကူညီမလိုဘူးဆိုေတာ့လဲ ဆက္ေမးမေနေတာ့ဘဲ မကုန္ေသးတဲ့ ကိုလာကို ျပန္ေသာက္ေနလိုက္ေတာ့တယ္...
"... ... ..."
ခဏ... ခ်က္ခ်င္း လက္ေလ်ာ့သြားတာလား... ကူညီဖို့ကိုေလ...
ကိုလာေတာင္ ဆက္ေသာက္သြားတဲ့ ေကာင္မေလးကို မယုံနိုင္တဲ့မ်က္ဝန္းေတြျဖင့္ၾကည့္မိသည္...
တကယ္လဲ အထင္လြဲေနတဲ့ကိစၥက အကူညီမလိုဘူးဆိုေပမယ့္ ဒါကေတာ့ နည္းနည္းအဆင္မေျပဘူးေနာ္...
ဒီလိုမ်ိဳး အကူညီမရနိုင္မယ့္ေကာင္မေလးမွန္းသိရင္ အစထဲက ကိုယ့္ဘာသာ ႀကိဳးစားပါတယ္... သင္းေလးကိုအားကိုၿပီး ဖားထားတာက အစားအေသာက္တင္မကဘဲ ဆိုင္ကအ႐ုပ္ေတြပါ အစစ္ကိုေရမေရာဘဲ ပါသြားတယ္...
*******
ကားေပၚကဆင္းသြားတဲ့ ေကာင္မေလးကို ကားထဲကလွမ္းၾကည့္ၿပီး ျပဳံးသာျပဳံးနိုင္ေတာ့သည္... ျပဳံးရျခင္းမွာလဲ ကိုယ့္အျဖစ္ကို ကိုယ္သနား၍ ျပဳံးျခင္းျဖစ္၏...
အစ္ကိုနဲ႔နီးစပ္ခ်င္လို့ ညီမကိုအရင္ဖားထားတာ အစ္ကိုနဲ႔ေတာ့ မနီးစပ္လာေသးေပမယ့္ ကုန္က်စရိတ္ကေတာ့ ႏွစ္ေယာက္စာျဖစ္ေနခဲ့သည္... ညီမျဖစ္သူက သူ႔အတြက္အျပင္ Crushအတြက္ပါ ပါဆယ္ဆြဲေသးတယ္ေလ...
ရတီရဲ့အၾကည့္ဟာ အနက္ေရာင္ၿပိဳင္ကားထံမွာသာ ရွိေနခဲ့သည္... ဘဝင္မက်တဲ့အၾကည့္ေတြနဲ႔ေပါ့...
ညတိုင္းလိုလို ထိုကားေပၚကဆင္းလာတတ္တဲ့ ေကာင္မေလးကိုလဲ အျမင္မၾကည္တာၾကာၿပီ...
"ဟီး..."
ဆိုင္ထဲေရာက္တာနဲ႔ ျပဳံးေနက် အျပဳံးကိုျပဳံးျပလာတယ္... အခ်ိဳးမေျပတဲ့အျပဳံးေလ...
မ်က္ေမွာင္က်ဳံ႕ထားၿပီး သုန္မွုန္ေနတဲ့အၾကည့္ေၾကာင့္ နီတာ မ်က္ႏွာအမူအရာကို ႀကိဳးစားထိန္းလိုက္ၿပီး...
"Lotteriaမွာ ၾကက္ေၾကာ္သြားစားရင္းနဲ႔ မဝင့္အတြက္ပါဝယ္လာေပးတာ..."
လက္ထဲက ၾကက္ေၾကာ္ထုတ္ကို ကမ္းေပးလိုက္ေသာ္လည္း နီတာကိုဘဲ မွုန္ကုတ္ကုတ္နဲ႔ ၾကည့္ေနတာေၾကာင့္ ေကာင္တာေပၚသာတင္ေပးလိုက္ၿပီး...
"ဒါဆို နီတာ ျပန္လိုက္..."
"ကားထဲကသူက ဘယ္သူလဲ..."
"ရွင္..."
စကားမဆုံးခင္မွာပင္ ျဖတ္ေမးလာသည္ေၾကာင့္ အနည္းငယ္နားမလည္ျဖစ္သြားရသည္...
ဝင့္ရတီ ထပ္ေျပာလာခဲ့သည္က...
"ညတိုင္း အဲ့ကားေပၚကဆင္းလာၿပီး အစ္မတြက္ မုန႔္ေတြလာေပးေနတာက ကားထဲကလူဝယ္ေပးတာမဟုတ္ဘူးလား... အဲ့တာေၾကာင့္ ဘယ္သူလဲသိခ်င္..."
"မေျပာျပဘူး!..."
"... ... ..."
စိတ္ဝင္တစားေမးေနသည့္ မဝင့္ရဲ့ မ်က္ဝန္းေတြေၾကာင့္ စကားကိုအဆုံးမခံေတာ့ဘဲ တစ္ခါတည္း အျပတ္ျငင္းပစ္လိုက္သည္...
နီတာ အသံမာသြားတာကို သိပါတယ္... မဝင့္က တျခားသူကို စိတ္ဝင္တစားေမးလာတာက နီတာ့ကို ႏွိပ္စက္ေနတာနဲ႔တူတာမို့ ဘယ္လိုမွ သည္းမခံနိုင္ေပ... ကိုလင္းက ပိုက္ဆံဘဲရွင္းေပးတာေလ နီတာ့ေၾကာင့္မို့ မဝင့္က မုန႔္ေတြစားေနရတာမဟုတ္ဘူးလား... ဒီလို အေမေက်ာ္ ေဒြးေတာ္လြမ္းမေနနဲ႔ေလ...
ဝင့္ရတီရဲ့ အၾကည့္တို့ ခက္ထန္လာၿပီး အေတြးထဲတြင္ေတာ့...
ဪ... သင္းက ေျပာေတာင္မေျပာျပခ်င္ဘူးေပါ့... တြန႔္တိုတယ္ေပါ့ေလ...
"မေျပာျပခ်င္လဲရတယ္ေလ အစ္မလဲ ကိုယ္မသိတဲ့သူဝယ္ေကၽြးတာကို မစားနိုင္ဘူး..."
ဝင့္ရတီနဲ႔အတူ အၿပိဳင္ေဒါခြီးေနတဲ့ နီတာမွာ ဟုတ္ၿပီဆိုတဲ့ပုံစံျဖင့္ ေခါင္းညိတ္လိုက္ကာ ၾကက္ေၾကာ္ထုတ္ကိုျပန္ယူလိုက္ေလ၏...
"ရတယ္ေလ အဲ့လိုဆိုေတာ့လဲ ျပန္ယူသြား႐ုံေပါ့..."
"... ... ..."
ဆိုင္ထဲကေန ဆူေဆာင့္ၿပီး ထြက္သြားတဲ့ ေကာင္မေလးကို ရပ္ၾကည့္ရင္းက်န္ရစ္ခဲ့ရသည္... ေျပာစရာစကားလဲ ဆြံအရေခ်ၿပီျဖစ္သည္... ရပ္ေနရာမွလဲ ျပန္မထိုင္နိုင္ေတာ့ဘဲ ရပ္ေနျမဲအတိုင္း ရပ္ေနမိေတာ့တယ္...
ရတီ အခု ကေလးတစ္ေယာက္နဲ႔ ၿပိဳင္ၿပီး စကားနိုင္လုလိုက္ရတာလား... ဒါေပမယ့္ အဲ့ကေလးက လူကိုမခံနိုင္ေအာင္ လုပ္ေနတာေလ... ဘယ္လိုသည္းခံနိုင္ပါေတာ့မလဲ...
*******
အတန္းၿပီးသြားလို့ ေအာက္ထပ္ဆင္းလာၿပီး မိုးတဖြဲဖြဲရြာေနတဲ့ ျမင္ကြင္းေလးကို ထိုင္ေငးၾကည့္ဖို့ ဆုံးျဖတ္ထားေသာ္လည္း ေက်ာင္းဝမွာ ရပ္ထားသည့္ အနက္ေရာင္ၿပိဳင္ကားေဘးမွာ ထီးေစာင္းရပ္ေနသူအား ေတြ႕လိုက္ရခ်ိန္ ေသခ်ာျမင္ရေအာင္ တံခါးနားထိ ထြက္ၾကည့္မိသည္...
ေလျပည္ေအးကိုမ်ား လာေတြ႕တာလားဆိုတဲ့ အေတြးကို ေတြးလိုက္မိခ်ိန္ ဘယ္ဘက္ရင္အုံက နာသည္... မဆိုင္သူတစ္ေယာက္မို့ မျမင္ခ်င္ေယာင္ေဆာင္သင့္သည္ကိုလဲ မလုပ္နိုင္ခဲ့...
လက္ထဲမွာအဆင္သင့္ကိုင္ထားတဲ့ ထီးကိုဖြင့္ၿပီး ရပ္ေစာင့္ေနသူထံ ထြက္လာမိသည္... ကိုယ့္ကို ရပ္ေစာင့္ေနသည္မဟုတ္ေသာ္လဲ ဒီတိုင္းလဲ ပစ္မထားနိုင္...
ထီးကေန ေျမေပၚကက်သြားတဲ့ မိုးစက္ေတြကို ငုံ႔ၾကည့္ေနခိုက္ ေကာင္းေဇလင္းေရွ႕မွာ လာရပ္သည့္ ေျခတစ္စုံ...
ေမာ့ၾကည့္လိုက္ေတာ့ ေမၽွာ္ေနသူေလးျဖစ္သည္ေၾကာင့္ ရင္ထဲမွာ ျဖစ္ေပၚလာတဲ့အေပ်ာ္ကို ျဖစ္ေတာင္ေဖာ္မျပတတ္ေတာ့ၿပီ... ေသခ်ာတာကေတာ့ ေပ်ာ္သည္ဆိုတာပင္...
ေကာင္းေဇလင္း ႏွုတ္ခမ္းလႊာကို ဖြင့္ဟဖို့အျပင္...
"ေလျပည္ေအးကို လာေတြ႕တာလား..."
"မ..."
"ေလျပည္ေအး ေက်ာင္းထြက္သြားၿပီ..."
ေကာင္းေဇလင္းမွာ ျငင္းဆန္ခြင့္ေတာင္ မရလိုက္...
မ်က္ႏွာညႇိုးက်သြားၿပီး အားမရွိေတာ့ေသာ ေလသံျဖင့္...
"ေလျပည္ေအး ေက်ာင္းထြက္သြားတာကို ကိုယ္သိပါတယ္..."
ဟမ္... သိတယ္တဲ့လား... ဒါဆို ဒီကိုဘာလို့...
ရဲတာ ဘာကိုေျပာလို့ ေျပာရမွန္းေတာင္မသိဘဲ ျဖစ္ေနခ်ိန္မွာ...
"ကိုယ္ဒီေက်ာင္းေရွ႕ကိုလာတိုင္း ေလျပည္ေအးကိုေတြ႕ဖို့လာတာလို့ အျမဲတမ္းေတြးေနခဲ့တာလား..."
"ဗ်ာ..."
နေဝတိမ္ေတာင္ျဖစ္ေနတဲ့ ေကာင္ေလးရဲ့ ဆံသားေတြကိုဆြဲဖြခ်င္စိတ္ကို ထိန္းမရေတာ့၍ ထီးေအာက္ေနလက္လွမ္းၿပီး တစ္ဖက္ထီးေအာက္က ေကာင္ေလးရဲ့ ဆံပင္ေတြကို ဆြဲဖြမိေတာ့ အကာအကြယ္မဲ့ေနတဲ့ လက္ေမာင္းေပၚသို့ မိုးစက္ေတြသက္ဆင္းလာေတာ့သည္...
ထိုသူရဲ့ ႐ုတ္တရက္အျပဳမူေၾကာင့္ ရင္ဘက္ထဲမွာ ရင္ခုန္သံေတြ ဝုန္းဒိုင္းက်ဲလာေတာ့သည္... ဒီအျပဳအမူက ဘာကိုဆိုလိုခ်င္တာပါလိမ့္...
ရဲတာရဲ့ဆံပင္ေတြကို ဆြဲဖြရလို့ ေက်နပ္သြားသည့္အျပဳံးကို မင္သက္စြာၾကည့္ေနမိ၏...
"အရင္က ဘယ္လိုဘဲေတြးေတြး အခုခ်ိန္ကစၿပီး ကိုယ္ဒီေက်ာင္းေရွ႕ေရာက္လာတာက ညီ့ေၾကာင့္လို့ဘဲ ေတြးေတာ့ေနာ္..."
"... ... ..."
ဆံသားေတြေပၚက လက္ကိုဖယ္လိုက္ၿပီး
"ကိုယ္ ညတိုင္း ညီ့ကိုဘဲေတြ႕ဖို့လာခဲ့တာ... အရင္ကေရာ အခုေရာ အဲ့ဒီအမွန္တရားက မေျပာင္းလဲဘူး... ဒါေၾကာင့္ ညီလဲ ကိုယ့္ကိုထြက္ေတြ႕ေပး... ညီ့မ်က္ႏွာမေတြ႕ရမခ်င္း ကိုယ္ရပ္ေစာင့္ေနမွာမို့..."
လဝက္အတြင္း ေကာင္းေဇလင္းကို နီတာ သင္ေပးလိုက္သည္ကေတာ့ Crushအား ပိုးပန္းရာတြင္ ဘယ္သူ႔ကိုမွအားမကိုးဘဲ ကိုယ္တိုင္သတၱိရွိရမယ္ဆိုတာသာ ျဖစ္ေပေတာ့သည္...
.............................