တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး...

By MAIN71729

43.8K 2.9K 16

21.July.2021 Own Creation More

A/N
Part(1)
Part(3)
Part(4)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(12)
Part(13-1)
Part(13-2)
Part(14)
Part(15)
Part(16-1)
Part(16-2)
Part(17-1)
Part(17-2)
Part(18)
Part(19)
Part(20)
Part(21) Final

Part(2)

2.2K 139 0
By MAIN71729

(Unicode)

အပိုင်း(၂)
Crushရှိခြင်း Vs Crushအားတွေ့ရှိခြင်း

စာမျက်နှာအသစ်ကို ဖက်ရှူရန် ဝတ္ထုစာအုပ်၏ စာရွက်လေးကိုလှန်လိုက်သည့် ‌လက်ချောင်းသွယ်သွယ်လေး၏ပိုင်ရှင် ကောင်မလေးရဲ့ အပြုံးလေးတစ်ပွင့်က ပန်းနုရောင်ပန်းလေးတစ်ပွင့် ပွင့်လန်းနေသည့်ဟန် ရင်ဖိုစရာကောင်းလွန်းနေသည်...

ဝတ္ထုဇာတ်လမ်းလေးအပေါ် စိတ်ဝင်စားကာ နှစ်ခြိုက်မှုကို ဖော်ပြနေသည့် ထိုအပြုံး... တောက်ပတဲ့အပြုံးလေးဖြစ်အောင် အပြုံးနဲ့အတူ လှလှပပယဉ်တွဲနေသည့် hart shape နှုတ်ခမ်းလေးကို ပါးထက်က ပါးချိုင့်လေးက ကူညီအားဖြည့်ပေးနေသည်... ကော့ညွတ်နေသည့် မျက်တောင်အောက်က မျက်ဝန်းညိုညိုထံတွင်လဲ အပြုံးကထင်ဟပ်နေ၏...

ဝင့်ရတီ... သူ(မ)သည် ဝတ္ထုစာအုပ်ထဲ လုံးလုံးလျားလျားနစ်မြောနေခဲ့သည်...

ထိုစဉ် ဆိုင်ထဲလူဝင်လာသည်ဆိုတဲ့အသိကြောင့် လျင်မြန်လွန်းတဲ့အရှိန်ဖြင့် စာအုပ်လေးကို ပိတ်ချလိုက်ပေသည်...

"ဟီး..."

"... ... ..."

လူရှေ့ရောက်တာနဲ့ သွားဖြီးကာ ပြုံးပြလာသည့် ကောင်မလေးကြောင့် စကားတွေက အထစ်ထစ်အငေါ့ငေါ့ဖြစ်ကုန်၏...

"ဘာ... ဘာယူမလို့လဲ..."

နီတာ့မျက်နှာထက်ရှိ အပြုံးသည် ရုတ်ချည်းပျောက်ကွယ်ရချေပြီ...

နီတာကြောင့် မျက်လုံးလေး ကလယ်ကလယ်ဖြင့် ထိတ်ထိတ်ပြာပြာဖြစ်သွားသည်တဲ့... နီတာ ရယ်ပြတာက ဘယ်လောက်တောင် ထိတ်လန့်စရာဖြစ်နေလို့လဲ... ရုပ်ပျက်ဆင်းပျက် ရယ်ပြလိုက်မိတာလား...

နီတာ စိတ်ဓာတ်ကျကာ အားမရှိသည့် လေသံဖြင့်...

"Miloတစ်ဘူး..." လို့ ပြောလိုက်၏...

လူကို အသက်မပါတဲ့ မျက်လုံးကြီးနဲ့ကြည့်ပြီး ပြောလာသည်... လိုချင်တာကလဲ Miloဘူးတဲ့လား... နီတာ ဒီကောင်မလေးတော့လေ...

"Miloဘူးက ရေခဲသေတ္တာထဲမှာ ကိုယ်တိုင်ယူလို့ရတယ်လေ..." လို့ ရေခဲသေတ္တာကိုညွှန်ပြရင်း ပြောလိုက်တော့...

"အင်း..." ဟု အသံရှည်ကြီးဆွဲကာဖြင့် ရေခဲသေတ္တာထဲမှ Miloဘူးကို သွားယူလေ၏...

အင်း... တဲ့ သက်ပြင်းချပြီး အင်း သွားတာမို့ ရတီ ကြောင်အမ်းအမ်းနဲ့သာ ကျန်နေခဲ့ရသည်...

ပိုက်ဆံရှင်းတဲ့အချိန်မှာလဲ နီတာ အရင်လို အချိန်မဆွဲချင်တော့ပါ... ဖြစ်နိုင်ရင် ထွက်တောင်ပြေးချင်နေပြီဖြစ်သည်... Crushရှေ့မှာ imageကို မထိန်းသိမ်းနိုင်တာလောက် ဆိုးရွားတဲ့အရာရှိမည်မဟုတ်...

Crushရဲ့အချစ်ကို မရသေးတာမို့ သေချင်တယ်လို့မအော်နိုင်ပါ... ဒါကြောင့် အား! Crushရဲ့ ရည်းစားဖြစ်ချင်တယ်နော် ဖြစ်ချင်တယ်...

ဆိုင်ထဲက ထွက်သွားတဲ့ ကောင်မလေးရဲ့ ကျောပြင်ကို တစ်ချက်ကလေးမျှငေးကြည့်ဖြစ်ပြီး ပိတ်ချထားဖြစ်တဲ့ စာအုပ်ကိုပြန်ဖွင့်ကာ ဖတ်လက်စ စာမျက်နှာကိုလှန်နေရင်း နှုတ်ခမ်းဖျားလေး ကော့ညွတ်ကာလာခဲ့သည်...

"ချစ်ဖို့ကောင်းတယ်..."

သွားလေးတွေအစီအတန်းပေါ်လာကာ မျက်လုံးလေးတွေမှိတ်ကျသွားသည့် ရယ်ပြပုံလေးကို ပြန်မြင်ယောင်ရင်း သဘောတကျ ရေရွတ်မိသည်...

ထိုနောက် ဝတ္ထုစာအုပ်၏ စာမျက်နှာပေါ်က စာသားလေးကို ဖတ်လိုက်သော်...

ဒေါသကြောင့် လူသတ်ငွေ့တွေထုတ်လွှတ်နေတဲ့ မျက်လုံးအိမ်လေးကို စွဲညို့သေချာအောင် စိုက်ကြည့်လျက် တစ်ချက်ရယ်လိုက်သည်...

"မင်းက ဒေါသထွက်ရင် ပိုတောင်ချစ်ဖို့ကောင်းသေး..."

"မျက်လုံးမှိတ်ကျတဲ့အထိ ရယ်ပြတဲ့ ကောင်မလေးလဲ ချစ်ဖို့ကောင်းတယ်..."

ဖတ်မိတဲ့စာသားလေးကြောင့် ရတီ့နှုတ်မှ အလိုလိုထွက်ကျလာသည့် စကားတစ်ခွန်းပေ...

(A/N: ဝင့်ရတီ ဖတ်နေတာ Author reta-nan ရဲ့ Hello... My Ex-Boyfriend ဆိုတဲ့ စာအုပ်လေးပါ...)

နီတာ အိမ်ရှေ့ရောက်တဲ့အထိ ပြေးလာခဲ့ကာ ခြံတံခါးဖွင့်ပြီး လေးလှမ်းလောက်လှမ်းရုံဖြင့် အိမ်တံခါးဝနားရောက်လာ၏... အောက်ထပ်ဧည့်ခန်းထဲမှာ TVကြည့်‌နေတဲ့ ရဲတာကို လှမ်းမြင်လိုက်ရတော့ အသက်ပုံမှန်ပြန်ရှူလိုက်ပြီးမှ တစ်လှမ်းခြင်း ခြေဖွသိုင်းနင်းကာဖြင့် ရဲတာနောက်မှ ဖြတ်လျှောက်ရန်ကြံလိုက်ပေမယ့် အချိုရည်ဘူးကို ပိုက်ဖြင့်စုပ်သောက်နေလျက် ခြေဖွသိုင်းနင်းနေသည့် နီတာ့အား လှည့်ကြည်လာခဲ့သည်...

"... ... ..."

ရဲတာ ကိုယ့်လက်ထဲကဘူးကိုငုံ့ကြည့်ပြီး နီတာ့လက်ထဲက ဘူးကိုပြန်ကြည့်လိုက်သည်... အစိမ်းရောင်ဘူးချင်းတူသလို တံဆိပ်ကလဲ Miloမှ Miloပါ... ဒီလိုအဖြစ်မျိုး ခဏခဏကြုံနေရပေမယ့် ဒီတစ်ခါလဲ ဘယ်လိုအကြောင်းပြချက်ပေးမလဲသိချင်၍ ပြောမိပြန်ပြီဖြစ်သည်...

"ရေခဲသေတ္တာထဲမှာ နှစ်ကဒ်တောင် ရှိတယ်လေ..."

"တိန်*..."

နီတာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ပါးစပ်ထဲရှိရာ ပြောလိုက်သည်...

"မဝင့်တို့ဆိုင်က Miloက ပိုသောက်ကောင်းတယ်..."

ရဲတာ မဲ့ပြုံးပြုံးကာ ခေါင်းကို TVဘက် ပြန်လှည့်လိုက်၏... သင်း မသိသေးတဲ့အချက်တစ်ခုကို ပြောပြရသေးတာပေါ့...

နီတာ့ကို အဖက်မလုပ်တော့သည့် မေတ္တာတုံးအစ်ကိုကြောင့် လှမ်းလက်စခြေလှမ်းကို ပြန်ကြွလိုက်စဉ်

"ရေခဲသေတ္တာထဲက Miloတွေကလဲ မဝင့်တို့ဆိုင်ကဘဲ..."

"... ... ..."

အချိုရည်ပိုက်ကို ကိုက်‌ထားလျက်ဖြင့် ပြောလာတဲ့ ရဲတာ...

နီတာကတော့ ပြောစရာမဲ့နေချေပြီပေါ့...

လက်ထဲက Miloဘူးကို အံကျိတ်၍ကြည့်လိုက်ပြီး အိမ်နောက်ဖေးက အမှိုက်ပုံးဆီသို့ ဝုန်းဒိုင်းကျဲကာ အရောက်သွားပြီးသည်နှင့် ပိုက်ထုပ်ကိုခွာ ပိုက်ကိုဘူးထဲထိုးဖောက်ထည့်ပြီး နှုတ်ခမ်းနှစ်လွှာနဲ့ဖိ သွားဖြင့်ကိုက်ခဲ၍ အသက်ပင်မရှူဘဲ ဘူးအိကျသွားသည်အထိ တစ်ထိုင်တည်း စုပ်သောက်လိုက်တယ်... ပြီးတာနဲ့ ဗူးခွံကိုချေပြီး အမှိုက်ပုံးထဲ လွှတ်ပစ်ခဲ့လိုက်သည်...

အိမ်အပေါ်ထပ်သို့ တက်စဉ်မှာလဲ လှေကားတုန်ခါသွားသည်အထိ ခြေဆောင့်ခဲ့သလို အခန်းတံခါးကိုလဲ အိမ်ခါမသွားရုံတမယ် ဆောင့်ပိတ်လိုက်ပြီး တံခါးဘေးက နံရံဖြူကြီးကို မျက်ထောင့်ဖြင့် စိုက်ကြည့်ပြီး ခါးထောက်လိုက်ကာ...

"ချစ်နေတာကြာပြီလေ... ဘာလို့ မသိရတာလဲ..."

နံရံဖြူထံမှ တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိခဲ့...

*******
"အိမ်တံခါးရော ခြံတံခါးပါ သေချာပိတ်... ကြားလား..."

"အင်..."

စိတ်မပါစွာ ခေါင်းညိတ်ပြလိုက်သည်... ဒီစကားတစ်ခွန်းကို နေ့တိုင်းပြောတဲ့အပြင် မသွားခင်အချိန်လေးမှာတောင် ထပ်ခါထပ်ခါမှာလို့နေသည်...

ညဘက်စာသွားပြမယ့် ဒေါ်နီတာရဲသည် တစ်ယောက်တည်း ကျန်နေခဲ့မည့် သမီးဖြစ်သူအား စိတ်မချဖြစ်စွာ အမှာစကားခြွေနေခြင်းပေ...

ခြံရှေ့သို့ ဆိုင်ကယ်ကိုတွန်းထုတ်သွားတဲ့ အမေဖြစ်သူနောက်မလိုက်ခင် အိမ်ဝမှာရပ်နေသည့် နီတာ့အနားကပ်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလာသည့် ရဲတာ...

"ငါ့တပည့်တွေ ဝယ်တိုက်တဲ့ Miloဘူးက ပိုအရသာရှိတယ်..."

ပြောပြီးသည်နှင့် ဝှစ်ကနဲထွက်ပြေးသွားသည်မို့ နီတာ လှမ်းထုလိုက်သည့် လက်သီးဆုပ်က လေထဲမှာသာ ဖြတ်သန်းသွားသည်...

အမေမောင်းမယ့် ဆိုင်ကယ်ပေါ်တက်ခွချိန်တွင် နီတာ့အား လျှာထုတ်ကာ ပြောင်ပြလာသေးသည်ကြောင့် မျက်စောင်းနဲ့တော့ လှမ်းထုပေးလိုက်သည်...

"ကြည့်လို့ကိုမရဘူး..."

ခြံတံခါးကိုဆောင့်ပိတ်ပြီး အစ်ကိုဖြစ်သူမျက်နှာကို ပြန်တွေးပြီး ရေရွတ်လိုက်၏...

အိမ်တံခါးကို လော့သေချာချပြီးသည်နှင့် အောက်ထပ်က ဧည့်ခန်းထဲမှာထိုင်၍ TVဖွင့်ပြီး ဖုန်းပွတ်နေလိုက်တယ်...

မနက်က အရှက်ကွဲမှုကြီးကြောင့် ညပိုင်းတာဝန်ထမ်းဆောင်ဖို့ ဒီနေ့တစ်ရက်တော့ ပျက်ကွက်လိုက်တော့မည်...

မော်တော်ကားထက် ဆိုင်ကယ်ကိုသာ အသုံးများသည့် မော်လမြိုင်မြို့ရဲ့ ညလမ်းမတွေထက်ဖြတ်သန်းသွားသည့် အမျိုးအစားစုံလင်လှသော ဆိုင်ကယ်များထဲမှ ဆယ်ကျော်သက်ကောင်ငယ်လေးတစ်ယောက်က နောက်မှာထိုင်နေပြီး အမျိုးသမီးကြီးတစ်ယောက်မောင်းသည့်ဆိုင်ကယ်လေး ကုန်စုံဆိုင်ရှေ့မှ တအိအိနဲ့ဖြတ်သန်းသွားသည်က အချိန်တစ်ခုတိုင် ကြာမြင့်လို့သွားပြီဖြစ်သည်...

"ဒီည မလာဘူးလား..."

ရတီ ‌နာရီကိုကြည့်ကာ တစ်ကိုယ်တည်းပြောလိုက်သည်...

ဆိုင်ရှေ့ထွက်ပြီး ကောင်မလေးတစ်ယောက် လာရာလမ်းလေးကိုပင် လှမ်းမျှော်မိချေပြီဖြစ်သည်...

******
ကိုယ်ပိုင်ကျောင်းတွင် ညပိုင်းစာသင်ချိန်ကို ဆရာအင်အားတောင့်တောင့်နဲ့ သင်ကြရသလို ကျောင်းသားတွေကို အရည်အချင်းအလိုက် ၁၀ယောက်တစ်ဖွဲ့နဲ့ အဖွဲ့တွေခွဲထားပြီး ဆရာတွေက ရက်သတ်မှတ်၍ အလှည့်ကျစာပြပေးကြသည်... ဒီနေ့တော့ ရဲတာက အဖွဲ့(၁)တွင် စာပြလှည့်ဖြစ်သည်...

ညပိုင်းစာပြသည်ဆိုသော်လည်း နာမည်ကြီးဆရာမတွေကိုသာငှားထားတဲ့ ကိုယ်ပိုင်ကျောင်းမှာ အောင်စာရင်းစောင့်နေတဲ့ ရဲတာက စာပြသည်ထက် ကျက်စာတွေကို နှုတ်ပေးရခြင်း တာဝန်သာယူထားရသည်...

တစ်ခါတစ်လေတော့ ကလေးတွေ နားမလည်တဲ့ပုစ္ဆာတစ်ချို့ကို ရှင်းပြပေးရ၏...

အခုလဲ သင်္ချာပုစ္ဆာတစ်ပုဒ်ကို နားမလည်သည့် ကောင်မလေးအား အကြမ်းစာရွက်တွင် ချတွက်ပြ၍ ရှင်းပြနေဖြစ်သည်...

"ဟျောင့် အခြောက်..."

စာရှင်းနေချိန် ကြားလိုက်ရသည့်အသံကြောင့် ရဲတာ မျက်လုံးပင့်ကြည့်လိုက်သည်...

အတန်းရဲ့ အလယ်နားတွင်ထိုင်ကာ စာကျက်နေသည့်ကောင်လေးအား နောက်ဆုံးခုံမှ ကောင်လေးတစ်ချို့လှမ်းခေါ်လိုက်ခြင်းဖြစ်၏...

ရဲတာရဲ့ မျက်လုံးစူးစူးရဲရဲကြီးကို မြင်လိုက်ရမှ မျက်နှာပြောင်စပ်စပ်ဖြင့် လှမ်းစနေသူတွေ ခေါင်းငုံ့ကာ စာကျက်ချင်ယောင်ဆောင်တော့သည်...

ရဲတာလဲ ရှင်းပြလက်စပုစ္ဆာကိုဆက်ရှင်းရန် စာအုပ်ဆီသို့အကြည့်ပြန်အပို့ စာရှင်းပြခံနေသည့် ကောင်မလေးမှ...

"လေပြည်အေးက သူ့ထက်အသက်၁၀နှစ်ကျော်ကြီးတဲ့ အစ်ကိုကြီးတစ်ယောက်နဲ့တွဲနေတာတဲ့..."

လေပြည်အေးရှိရာဆီ မသိမသာလှမ်းကြည့်ပြီး လေသံလေးနဲ့ပြောလာခဲ့သည်...

ခဲတံကိုင်ထားတဲ့ ရဲတာရဲ့လက် တင်းကျပ်သွား၏... အံကိုကြိတ်လိုက်ပြီး အားတင်းထားလိုက်ကာ ကောင်မလေးအား ပြောလိုက်သည်...

"စာကိုဘဲ အာရုံစိုက်..."

"ဟုတ်..."

သို့သော် ရဲတာကတော့ စာရှင်းပြဖို့ တော်တော်အားယူနေရလေပြီ...

ရဲတာ ကောင်လေးကို ကြည့်လိုက်ပြီး...

"လေပြည်အေး အစ်ကို့နားမှာ စာလာကျက်..."

ရဲတာရဲ့ လှမ်းခေါ်ခြင်း ခံလိုက်ရသည့် ကောင်လေးမှာ အားကိုးရသွားသည့်နှယ် အပျော်ကျူးကာဖြင့် စာအုပ်ကိုပိုက်ပြီး ရဲတာနားရောက်ချလာသည်...

ဆံပင်ခပ်အုပ်အုပ် နုနုဖက်ဖက်မျက်နှာလေးနဲ့ ကောင်လေးရဲ့ လှုပ်ရှားဟန်လေးတွေဟာ နူးနူးညံ့ညံ့နဲ့သိမ်‌မွေ့လွန်း၏...

စာပြန်မရှင်းပြခင် အတန်းနောက်နားက ကောင်လေးတွေကို သေချာစိုက်ကြည်လိုက်ပြီး...

"စာမလုပ်ချင်ရင် အခုထဲက ထွက်သွားလို့ရတယ်..."

ရဲတာ အသံမာမာနဲ့ ငေါက်ထည့်လိုက်မှ စာကျက်သံတွေ ဝူးတူးဝါးတားနဲ့ ထွက်ပေါ်လာခဲ့သည်...

စာရှင်းပြပြီး၍ ကောင်မလေးလဲ ရဲတာနားက ထွက်သွားပြီမို့ စာကိုအသံတိတ်ကျက်နေသည့် ကောင်လေးကို ကြည့်ပြီး...

"ဘာဘဲဖြစ်ဖြစ် ကျောင်းစာကိုတော့မထိခိုက်စေနဲ့... အစ်ကို ဒါဘဲပြောချင်တယ်..."

"ဗျာ!..."

ရဲတာကို နားမလည်ဟန်ဖြင့် ကြောင်အမ်းအမ်းနဲ့ မော့ကြည့်လာသည့်ကောင်လေးအား အနွေးထွေးဆုံးပြုံးပြလိုက်၏...

ရဲတာရဲ့ ဆိုလိုရင်းကိုနားလည်သွားသည့် ကောင်လေးမှာလဲ တန်ပြန်အပြုံးလေးပြုံးပြလာကာ

"ဟုတ်ကဲ့..." လို့ ပျော်မြူးဝမ်းသာသွားသည့် အသံလေးဖြင့် ပြောလာခဲ့သည်...

ည၁၀နာရီ ထိုးချိန်မှာတော့ စာသင်ချိန်ပြီးသွားပြီဖြစ်ကာ မကြာခင်အတန်းပြီးတော့မည့် အမေ့အား ကျောင်းထဲမှာထိုင်မစောင့်ချင်တော့တာနဲ့ ကျောင်းရှေ့က ဆိုင်ကယ်ရပ်တဲ့နေရာမှာ ကြိုစောင့်နေလိုက်သည်...

အဆောင်နေကျောင်းသားတွေကတော့ ‌ကျောင်း၏အပေါ်ဆုံးထပ် လေးထပ်မြောက်သို့ တက်ကာ အနားယူသူကယူ self studyလုပ်သူကလုပ်နေပြီဖြစ်သလို အိမ်ကနေ လာတက်ကြသည့် ကျောင်းသားတွေကတော့ ညပိုင်းစာသင်ချိန်ပြီး၍ အသီးသီးအိမ်ပြန်ကြပြီဖြစ်သည်...

မိဘတွေက ဆိုင်ကယ်နဲ့တစ်ဖုံ ကားအကောင်းအစားတွေဖြင့်တစ်မျိုး တစ်ဖွဲဖွဲလာကြိုနေကြသည်ကို ရပ်ကြည့်နေဖြစ်ရင်း ကျောင်းရှေ့တည့်တည့် ရဲတာရပ်နေသည့်နေရာရှေ့မှာ လာရပ်သည့် အနက်ရောင်ပြိုင်ကားလေးတစ်စီးက တောက်တောက်ပြောင်ပြောင်နဲ့ သိပ်လှလွန်းသည်...

ထိုစဉ်

"အစ်ကို မပြန်သေးဘူးလား..."

ကျောင်းထဲက ပြေးထွက်လာသည့် လေပြည်အေးဆိုတဲ့ ကောင်လေးမှ ရဲတာအား မေးလာသည်ကို ပြုံးပြရင်း...

"ပြန်တော့မှာ..." လို့ ပြန်ပြောလိုက်သည်...

"ဪ ဟုတ်... ဒါဆို ကျွန်တော်ပြန်ပြီနော်..."

ရဲတာ ခေါင်းညိတ်ပြလိုက်တော့ အနက်ရောင်ပြိုင်ကားလေးထဲ ဝင်သွားသည့် လေပြည်အေး...

ကားတံခါးဖွင့်လာချိန် တစ်ဖက်ကားမောင်းတဲ့နေရာမှာထိုင်နေသူရဲ့ ဘေးတစ်စောင်းပုံစံကို လှမ်းမြင်လိုက်ရသည်...

ကားတံခါးမပိတ်ခင်ထိ လေပြည်အေးက ထိုသူအား ချစ်သောမျက်ဝန်းတွေဖြင့် ကြည့်လိုက်သည်ကို မြင်ဖြစ်အောင် မြင်လိုက်ရသေးတယ်...

ကားတံခါး ပိတ်ပြီးသည်နှင့် ဝှစ်ကနဲမောင်းထွက်သွားတဲ့ ကားလေးနောက် လိုက်ငေးကြည့်မိရင်း...

"နှစ်ယောက်သား လိုက်သားဘဲ..." လို့ ရေရွတ်မိသည်...

ဘေးတစ်စောင်းမြင်ရသည့်တိုင် ချောမောလွန်းသည့် မျက်နှာကျက ရင်သက်ရှုမောစရာပေ... နုနုဖက်ဖက် ချစ်စရာကောင်လေးနဲ့ လိုက်ဖက်ပါပေတယ်...

မော်မြိုင်မြို့၏ ညလမ်းမထက်တွင် အရှိန်လေးနဲ့ပြေးနေသည့် ပြိုင်ကားထဲတွင်ဖြင့်...

"ခုနက နှုတ်ဆက်လိုက်တာ ဘယ်သူလဲ..."

ကားရှေ့ကို ကြည့်ရင်းနဲ့ မေးလာသည်မို့...

"အဲ့တာ ကျွန်တော့်တို့အဖွဲ့(၁)ရဲ့ ညဂိုက်ဆရာလေ... ကိုလင်းက ဘာလို့မေးတာလဲ..."

"ဒီတိုင်း..."

ဘာမှဆက်မပြောလာ၍ လေပြည် အကဲခတ်တဲ့အကြည့်နဲ့ ကြည့်လိုက်သည်...

အနက်ရောင်ပြိုင်ကားလေးက ညလမ်းမပေါ် တဝီးဝီးမြည်သံဖြင့် ဖြတ်သန်းသွားသော်လဲ ကားထဲရှိ လူနှစ်ယောက်ထံတွင်တော့ တိတ်ဆိတ်မှုက စိုးမိုးလို့ထားလေသည်...
...........................

(Zawgyi)

အပိုင္း(၂)
Crushရွိျခင္း Vs Crushအားေတြ႕ရွိျခင္း

စာမ်က္ႏွာအသစ္ကို ဖက္ရွူရန္ ဝတၳဳစာအုပ္၏ စာရြက္ေလးကိုလွန္လိုက္သည့္ ‌လက္ေခ်ာင္းသြယ္သြယ္ေလး၏ပိုင္ရွင္ ေကာင္မေလးရဲ့ အျပဳံးေလးတစ္ပြင့္က ပန္းႏုေရာင္ပန္းေလးတစ္ပြင့္ ပြင့္လန္းေနသည့္ဟန္ ရင္ဖိုစရာေကာင္းလြန္းေနသည္...

ဝတၳဳဇာတ္လမ္းေလးအေပၚ စိတ္ဝင္စားကာ ႏွစ္ၿခိဳက္မွုကို ေဖာ္ျပေနသည့္ ထိုအျပဳံး... ေတာက္ပတဲ့အျပဳံးေလးျဖစ္ေအာင္ အျပဳံးနဲ႔အတူ လွလွပပယဥ္တြဲေနသည့္ hart shape ႏွုတ္ခမ္းေလးကို ပါးထက္က ပါးခ်ိဳင့္ေလးက ကူညီအားျဖည့္ေပးေနသည္... ေကာ့ညြတ္ေနသည့္ မ်က္ေတာင္ေအာက္က မ်က္ဝန္းညိဳညိဳထံတြင္လဲ အျပဳံးကထင္ဟပ္ေန၏...

ဝင့္ရတီ... သူ(မ)သည္ ဝတၳဳစာအုပ္ထဲ လုံးလုံးလ်ားလ်ားနစ္ေျမာေနခဲ့သည္...

ထိုစဥ္ ဆိုင္ထဲလူဝင္လာသည္ဆိုတဲ့အသိေၾကာင့္ လ်င္ျမန္လြန္းတဲ့အရွိန္ျဖင့္ စာအုပ္ေလးကို ပိတ္ခ်လိုက္ေပသည္...

"ဟီး..."

"... ... ..."

လူေရွ႕ေရာက္တာနဲ႔ သြားၿဖီးကာ ျပဳံးျပလာသည့္ ေကာင္မေလးေၾကာင့္ စကားေတြက အထစ္ထစ္အေငါ့ေငါ့ျဖစ္ကုန္၏...

"ဘာ... ဘာယူမလို့လဲ..."

နီတာ့မ်က္ႏွာထက္ရွိ အျပဳံးသည္ ႐ုတ္ခ်ည္းေပ်ာက္ကြယ္ရေခ်ၿပီ...

နီတာေၾကာင့္ မ်က္လုံးေလး ကလယ္ကလယ္ျဖင့္ ထိတ္ထိတ္ျပာျပာျဖစ္သြားသည္တဲ့... နီတာ ရယ္ျပတာက ဘယ္ေလာက္ေတာင္ ထိတ္လန႔္စရာျဖစ္ေနလို့လဲ... ႐ုပ္ပ်က္ဆင္းပ်က္ ရယ္ျပလိုက္မိတာလား...

နီတာ စိတ္ဓာတ္က်ကာ အားမရွိသည့္ ေလသံျဖင့္...

"Miloတစ္ဘူး..." လို့ ေျပာလိုက္၏...

လူကို အသက္မပါတဲ့ မ်က္လုံးႀကီးနဲ႔ၾကည့္ၿပီး ေျပာလာသည္... လိုခ်င္တာကလဲ Miloဘူးတဲ့လား... နီတာ ဒီေကာင္မေလးေတာ့ေလ...

"Miloဘူးက ေရခဲေသတၱာထဲမွာ ကိုယ္တိုင္ယူလို့ရတယ္ေလ..." လို့ ေရခဲေသတၱာကိုညႊန္ျပရင္း ေျပာလိုက္ေတာ့...

"အင္း..." ဟု အသံရွည္ႀကီးဆြဲကာျဖင့္ ေရခဲေသတၱာထဲမွ Miloဘူးကို သြားယူေလ၏...

အင္း... တဲ့ သက္ျပင္းခ်ၿပီး အင္း သြားတာမို့ ရတီ ေၾကာင္အမ္းအမ္းနဲ႔သာ က်န္ေနခဲ့ရသည္...

ပိုက္ဆံရွင္းတဲ့အခ်ိန္မွာလဲ နီတာ အရင္လို အခ်ိန္မဆြဲခ်င္ေတာ့ပါ... ျဖစ္နိုင္ရင္ ထြက္ေတာင္ေျပးခ်င္ေနၿပီျဖစ္သည္... Crushေရွ႕မွာ imageကို မထိန္းသိမ္းနိုင္တာေလာက္ ဆိုးရြားတဲ့အရာရွိမည္မဟုတ္...

Crushရဲ့အခ်စ္ကို မရေသးတာမို့ ေသခ်င္တယ္လို့မေအာ္နိုင္ပါ... ဒါေၾကာင့္ အား! Crushရဲ့ ရည္းစားျဖစ္ခ်င္တယ္ေနာ္ ျဖစ္ခ်င္တယ္...

ဆိုင္ထဲက ထြက္သြားတဲ့ ေကာင္မေလးရဲ့ ေက်ာျပင္ကို တစ္ခ်က္ကေလးမၽွေငးၾကည့္ျဖစ္ၿပီး ပိတ္ခ်ထားျဖစ္တဲ့ စာအုပ္ကိုျပန္ဖြင့္ကာ ဖတ္လက္စ စာမ်က္ႏွာကိုလွန္ေနရင္း ႏွုတ္ခမ္းဖ်ားေလး ေကာ့ညြတ္ကာလာခဲ့သည္...

"ခ်စ္ဖို့ေကာင္းတယ္..."

သြားေလးေတြအစီအတန္းေပၚလာကာ မ်က္လုံးေလးေတြမွိတ္က်သြားသည့္ ရယ္ျပပုံေလးကို ျပန္ျမင္ေယာင္ရင္း သေဘာတက် ေရရြတ္မိသည္...

ထိုေနာက္ ဝတၳဳစာအုပ္၏ စာမ်က္ႏွာေပၚက စာသားေလးကို ဖတ္လိုက္ေသာ္...

ေဒါသေၾကာင့္ လူသတ္ေငြ႕ေတြထုတ္လႊတ္ေနတဲ့ မ်က္လုံးအိမ္ေလးကို စြဲညိဳ့ေသခ်ာေအာင္ စိုက္ၾကည့္လ်က္ တစ္ခ်က္ရယ္လိုက္သည္...

"မင္းက ေဒါသထြက္ရင္ ပိုေတာင္ခ်စ္ဖို့ေကာင္းေသး..."

"မ်က္လုံးမွိတ္က်တဲ့အထိ ရယ္ျပတဲ့ ေကာင္မေလးလဲ ခ်စ္ဖို့ေကာင္းတယ္..."

ဖတ္မိတဲ့စာသားေလးေၾကာင့္ ရတီ့ႏွုတ္မွ အလိုလိုထြက္က်လာသည့္ စကားတစ္ခြန္းေပ...

(A/N: ဝင့္ရတီ ဖတ္ေနတာ Author reta-nan ရဲ့ Hello... My Ex-Boyfriend ဆိုတဲ့ စာအုပ္ေလးပါ...)

နီတာ အိမ္ေရွ႕ေရာက္တဲ့အထိ ေျပးလာခဲ့ကာ ၿခံတံခါးဖြင့္ၿပီး ေလးလွမ္းေလာက္လွမ္း႐ုံျဖင့္ အိမ္တံခါးဝနားေရာက္လာ၏... ေအာက္ထပ္ဧည့္ခန္းထဲမွာ TVၾကည့္‌ေနတဲ့ ရဲတာကို လွမ္းျမင္လိုက္ရေတာ့ အသက္ပုံမွန္ျပန္ရွူလိုက္ၿပီးမွ တစ္လွမ္းျခင္း ေျခဖြသိုင္းနင္းကာျဖင့္ ရဲတာေနာက္မွ ျဖတ္ေလၽွာက္ရန္ႀကံလိုက္ေပမယ့္ အခ်ိဳရည္ဘူးကို ပိုက္ျဖင့္စုပ္ေသာက္ေနလ်က္ ေျခဖြသိုင္းနင္းေနသည့္ နီတာ့အား လွည့္ၾကည္လာခဲ့သည္...

"... ... ..."

ရဲတာ ကိုယ့္လက္ထဲကဘူးကိုငုံ႔ၾကည့္ၿပီး နီတာ့လက္ထဲက ဘူးကိုျပန္ၾကည့္လိုက္သည္... အစိမ္းေရာင္ဘူးခ်င္းတူသလို တံဆိပ္ကလဲ Miloမွ Miloပါ... ဒီလိုအျဖစ္မ်ိဳး ခဏခဏၾကဳံေနရေပမယ့္ ဒီတစ္ခါလဲ ဘယ္လိုအေၾကာင္းျပခ်က္ေပးမလဲသိခ်င္၍ ေျပာမိျပန္ၿပီျဖစ္သည္...

"ေရခဲေသတၱာထဲမွာ ႏွစ္ကဒ္ေတာင္ ရွိတယ္ေလ..."

"တိန္*..."

နီတာ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ျဖင့္ ပါးစပ္ထဲရွိရာ ေျပာလိုက္သည္...

"မဝင့္တို့ဆိုင္က Miloက ပိုေသာက္ေကာင္းတယ္..."

ရဲတာ မဲ့ျပဳံးျပဳံးကာ ေခါင္းကို TVဘက္ ျပန္လွည့္လိုက္၏... သင္း မသိေသးတဲ့အခ်က္တစ္ခုကို ေျပာျပရေသးတာေပါ့...

နီတာ့ကို အဖက္မလုပ္ေတာ့သည့္ ေမတၱာတုံးအစ္ကိုေၾကာင့္ လွမ္းလက္စေျခလွမ္းကို ျပန္ႂကြလိုက္စဥ္

"ေရခဲေသတၱာထဲက Miloေတြကလဲ မဝင့္တို့ဆိုင္ကဘဲ..."

"... ... ..."

အခ်ိဳရည္ပိုက္ကို ကိုက္‌ထားလ်က္ျဖင့္ ေျပာလာတဲ့ ရဲတာ...

နီတာကေတာ့ ေျပာစရာမဲ့ေနေခ်ၿပီေပါ့...

လက္ထဲက Miloဘူးကို အံက်ိတ္၍ၾကည့္လိုက္ၿပီး အိမ္ေနာက္ေဖးက အမွိုက္ပုံးဆီသို့ ဝုန္းဒိုင္းက်ဲကာ အေရာက္သြားၿပီးသည္ႏွင့္ ပိုက္ထုပ္ကိုခြာ ပိုက္ကိုဘူးထဲထိုးေဖာက္ထည့္ၿပီး ႏွုတ္ခမ္းႏွစ္လႊာနဲ႔ဖိ သြားျဖင့္ကိုက္ခဲ၍ အသက္ပင္မရွူဘဲ ဘူးအိက်သြားသည္အထိ တစ္ထိုင္တည္း စုပ္ေသာက္လိုက္တယ္... ၿပီးတာနဲ႔ ဗူးခြံကိုေခ်ၿပီး အမွိုက္ပုံးထဲ လႊတ္ပစ္ခဲ့လိုက္သည္...

အိမ္အေပၚထပ္သို့ တက္စဥ္မွာလဲ ေလွကားတုန္ခါသြားသည္အထိ ေျခေဆာင့္ခဲ့သလို အခန္းတံခါးကိုလဲ အိမ္ခါမသြား႐ုံတမယ္ ေဆာင့္ပိတ္လိုက္ၿပီး တံခါးေဘးက နံရံျဖဴႀကီးကို မ်က္ေထာင့္ျဖင့္ စိုက္ၾကည့္ၿပီး ခါးေထာက္လိုက္ကာ...

"ခ်စ္ေနတာၾကာၿပီေလ... ဘာလို့ မသိရတာလဲ..."

နံရံျဖဴထံမွ တစ္စုံတစ္ရာတုံ႔ျပန္ျခင္းမရွိခဲ့...

*******
"အိမ္တံခါးေရာ ၿခံတံခါးပါ ေသခ်ာပိတ္... ၾကားလား..."

"အင္..."

စိတ္မပါစြာ ေခါင္းညိတ္ျပလိုက္သည္... ဒီစကားတစ္ခြန္းကို ေန႔တိုင္းေျပာတဲ့အျပင္ မသြားခင္အခ်ိန္ေလးမွာေတာင္ ထပ္ခါထပ္ခါမွာလို့ေနသည္...

ညဘက္စာသြားျပမယ့္ ေဒၚနီတာရဲသည္ တစ္ေယာက္တည္း က်န္ေနခဲ့မည့္ သမီးျဖစ္သူအား စိတ္မခ်ျဖစ္စြာ အမွာစကားေႁခြေနျခင္းေပ...

ၿခံေရွ႕သို့ ဆိုင္ကယ္ကိုတြန္းထုတ္သြားတဲ့ အေမျဖစ္သူေနာက္မလိုက္ခင္ အိမ္ဝမွာရပ္ေနသည့္ နီတာ့အနားကပ္ကာ အသံနိမ့္နိမ့္ျဖင့္ ေျပာလာသည့္ ရဲတာ...

"ငါ့တပည့္ေတြ ဝယ္တိုက္တဲ့ Miloဘူးက ပိုအရသာရွိတယ္..."

ေျပာၿပီးသည္ႏွင့္ ဝွစ္ကနဲထြက္ေျပးသြားသည္မို့ နီတာ လွမ္းထုလိုက္သည့္ လက္သီးဆုပ္က ေလထဲမွာသာ ျဖတ္သန္းသြားသည္...

အေမေမာင္းမယ့္ ဆိုင္ကယ္ေပၚတက္ခြခ်ိန္တြင္ နီတာ့အား လၽွာထုတ္ကာ ေျပာင္ျပလာေသးသည္ေၾကာင့္ မ်က္ေစာင္းနဲ႔ေတာ့ လွမ္းထုေပးလိုက္သည္...

"ၾကည့္လို့ကိုမရဘူး..."

ၿခံတံခါးကိုေဆာင့္ပိတ္ၿပီး အစ္ကိုျဖစ္သူမ်က္ႏွာကို ျပန္ေတြးၿပီး ေရရြတ္လိုက္၏...

အိမ္တံခါးကို ေလာ့ေသခ်ာခ်ၿပီးသည္ႏွင့္ ေအာက္ထပ္က ဧည့္ခန္းထဲမွာထိုင္၍ TVဖြင့္ၿပီး ဖုန္းပြတ္ေနလိုက္တယ္...

မနက္က အရွက္ကြဲမွုႀကီးေၾကာင့္ ညပိုင္းတာဝန္ထမ္းေဆာင္ဖို့ ဒီေန႔တစ္ရက္ေတာ့ ပ်က္ကြက္လိုက္ေတာ့မည္...

ေမာ္ေတာ္ကားထက္ ဆိုင္ကယ္ကိုသာ အသုံးမ်ားသည့္ ေမာ္လၿမိဳင္ၿမိဳ့ရဲ့ ညလမ္းမေတြထက္ျဖတ္သန္းသြားသည့္ အမ်ိဳးအစားစုံလင္လွေသာ ဆိုင္ကယ္မ်ားထဲမွ ဆယ္ေက်ာ္သက္ေကာင္ငယ္ေလးတစ္ေယာက္က ေနာက္မွာထိုင္ေနၿပီး အမ်ိဳးသမီးႀကီးတစ္ေယာက္ေမာင္းသည့္ဆိုင္ကယ္ေလး ကုန္စုံဆိုင္ေရွ႕မွ တအိအိနဲ႔ျဖတ္သန္းသြားသည္က အခ်ိန္တစ္ခုတိုင္ ၾကာျမင့္လို့သြားၿပီျဖစ္သည္...

"ဒီည မလာဘူးလား..."

ရတီ ‌နာရီကိုၾကည့္ကာ တစ္ကိုယ္တည္းေျပာလိုက္သည္...

ဆိုင္ေရွ႕ထြက္ၿပီး ေကာင္မေလးတစ္ေယာက္ လာရာလမ္းေလးကိုပင္ လွမ္းေမၽွာ္မိေခ်ၿပီျဖစ္သည္...

******
ကိုယ္ပိုင္ေက်ာင္းတြင္ ညပိုင္းစာသင္ခ်ိန္ကို ဆရာအင္အားေတာင့္ေတာင့္နဲ႔ သင္ၾကရသလို ေက်ာင္းသားေတြကို အရည္အခ်င္းအလိုက္ ၁၀ေယာက္တစ္ဖြဲ႕နဲ႔ အဖြဲ႕ေတြခြဲထားၿပီး ဆရာေတြက ရက္သတ္မွတ္၍ အလွည့္က်စာျပေပးၾကသည္... ဒီေန႔ေတာ့ ရဲတာက အဖြဲ႕(၁)တြင္ စာျပလွည့္ျဖစ္သည္...

ညပိုင္းစာျပသည္ဆိုေသာ္လည္း နာမည္ႀကီးဆရာမေတြကိုသာငွားထားတဲ့ ကိုယ္ပိုင္ေက်ာင္းမွာ ေအာင္စာရင္းေစာင့္ေနတဲ့ ရဲတာက စာျပသည္ထက္ က်က္စာေတြကို ႏွုတ္ေပးရျခင္း တာဝန္သာယူထားရသည္...

တစ္ခါတစ္ေလေတာ့ ကေလးေတြ နားမလည္တဲ့ပုစၧာတစ္ခ်ိဳ့ကို ရွင္းျပေပးရ၏...

အခုလဲ သခၤ်ာပုစၧာတစ္ပုဒ္ကို နားမလည္သည့္ ေကာင္မေလးအား အၾကမ္းစာရြက္တြင္ ခ်တြက္ျပ၍ ရွင္းျပေနျဖစ္သည္...

"ေဟ်ာင့္ အေျခာက္..."

စာရွင္းေနခ်ိန္ ၾကားလိုက္ရသည့္အသံေၾကာင့္ ရဲတာ မ်က္လုံးပင့္ၾကည့္လိုက္သည္...

အတန္းရဲ့ အလယ္နားတြင္ထိုင္ကာ စာက်က္ေနသည့္ေကာင္ေလးအား ေနာက္ဆုံးခုံမွ ေကာင္ေလးတစ္ခ်ိဳ့လွမ္းေခၚလိုက္ျခင္းျဖစ္၏...

ရဲတာရဲ့ မ်က္လုံးစူးစူးရဲရဲႀကီးကို ျမင္လိုက္ရမွ မ်က္ႏွာေျပာင္စပ္စပ္ျဖင့္ လွမ္းစေနသူေတြ ေခါင္းငုံ႔ကာ စာက်က္ခ်င္ေယာင္ေဆာင္ေတာ့သည္...

ရဲတာလဲ ရွင္းျပလက္စပုစၧာကိုဆက္ရွင္းရန္ စာအုပ္ဆီသို့အၾကည့္ျပန္အပို့ စာရွင္းျပခံေနသည့္ ေကာင္မေလးမွ...

"ေလျပည္ေအးက သူ႔ထက္အသက္၁၀ႏွစ္ေက်ာ္ႀကီးတဲ့ အစ္ကိုႀကီးတစ္ေယာက္နဲ႔တြဲေနတာတဲ့..."

ေလျပည္ေအးရွိရာဆီ မသိမသာလွမ္းၾကည့္ၿပီး ေလသံေလးနဲ႔ေျပာလာခဲ့သည္...

ခဲတံကိုင္ထားတဲ့ ရဲတာရဲ့လက္ တင္းက်ပ္သြား၏... အံကိုႀကိတ္လိုက္ၿပီး အားတင္းထားလိုက္ကာ ေကာင္မေလးအား ေျပာလိုက္သည္...

"စာကိုဘဲ အာ႐ုံစိုက္..."

"ဟုတ္..."

သို့ေသာ္ ရဲတာကေတာ့ စာရွင္းျပဖို့ ေတာ္ေတာ္အားယူေနရေလၿပီ...

ရဲတာ ေကာင္ေလးကို ၾကည့္လိုက္ၿပီး...

"ေလျပည္ေအး အစ္ကို့နားမွာ စာလာက်က္..."

ရဲတာရဲ့ လွမ္းေခၚျခင္း ခံလိုက္ရသည့္ ေကာင္ေလးမွာ အားကိုးရသြားသည့္ႏွယ္ အေပ်ာ္က်ဴးကာျဖင့္ စာအုပ္ကိုပိုက္ၿပီး ရဲတာနားေရာက္ခ်လာသည္...

ဆံပင္ခပ္အုပ္အုပ္ ႏုႏုဖက္ဖက္မ်က္ႏွာေလးနဲ႔ ေကာင္ေလးရဲ့ လွုပ္ရွားဟန္ေလးေတြဟာ ႏူးႏူးညံ့ညံ့နဲ႔သိမ္‌ေမြ႕လြန္း၏...

စာျပန္မရွင္းျပခင္ အတန္းေနာက္နားက ေကာင္ေလးေတြကို ေသခ်ာစိုက္ၾကည္လိုက္ၿပီး...

"စာမလုပ္ခ်င္ရင္ အခုထဲက ထြက္သြားလို့ရတယ္..."

ရဲတာ အသံမာမာနဲ႔ ေငါက္ထည့္လိုက္မွ စာက်က္သံေတြ ဝူးတူးဝါးတားနဲ႔ ထြက္ေပၚလာခဲ့သည္...

စာရွင္းျပၿပီး၍ ေကာင္မေလးလဲ ရဲတာနားက ထြက္သြားၿပီမို့ စာကိုအသံတိတ္က်က္ေနသည့္ ေကာင္ေလးကို ၾကည့္ၿပီး...

"ဘာဘဲျဖစ္ျဖစ္ ေက်ာင္းစာကိုေတာ့မထိခိုက္ေစနဲ႔... အစ္ကို ဒါဘဲေျပာခ်င္တယ္..."

"ဗ်ာ!..."

ရဲတာကို နားမလည္ဟန္ျဖင့္ ေၾကာင္အမ္းအမ္းနဲ႔ ေမာ့ၾကည့္လာသည့္ေကာင္ေလးအား အေႏြးေထြးဆုံးျပဳံးျပလိုက္၏...

ရဲတာရဲ့ ဆိုလိုရင္းကိုနားလည္သြားသည့္ ေကာင္ေလးမွာလဲ တန္ျပန္အျပဳံးေလးျပဳံးျပလာကာ

"ဟုတ္ကဲ့..." လို့ ေပ်ာ္ျမဴးဝမ္းသာသြားသည့္ အသံေလးျဖင့္ ေျပာလာခဲ့သည္...

ည၁၀နာရီ ထိုးခ်ိန္မွာေတာ့ စာသင္ခ်ိန္ၿပီးသြားၿပီျဖစ္ကာ မၾကာခင္အတန္းၿပီးေတာ့မည့္ အေမ့အား ေက်ာင္းထဲမွာထိုင္မေစာင့္ခ်င္ေတာ့တာနဲ႔ ေက်ာင္းေရွ႕က ဆိုင္ကယ္ရပ္တဲ့ေနရာမွာ ႀကိဳေစာင့္ေနလိုက္သည္...

အေဆာင္ေနေက်ာင္းသားေတြကေတာ့ ‌ေက်ာင္း၏အေပၚဆုံးထပ္ ေလးထပ္ေျမာက္သို့ တက္ကာ အနားယူသူကယူ self studyလုပ္သူကလုပ္ေနၿပီျဖစ္သလို အိမ္ကေန လာတက္ၾကသည့္ ေက်ာင္းသားေတြကေတာ့ ညပိုင္းစာသင္ခ်ိန္ၿပီး၍ အသီးသီးအိမ္ျပန္ၾကၿပီျဖစ္သည္...

မိဘေတြက ဆိုင္ကယ္နဲ႔တစ္ဖုံ ကားအေကာင္းအစားေတြျဖင့္တစ္မ်ိဳး တစ္ဖြဲဖြဲလာႀကိဳေနၾကသည္ကို ရပ္ၾကည့္ေနျဖစ္ရင္း ေက်ာင္းေရွ႕တည့္တည့္ ရဲတာရပ္ေနသည့္ေနရာေရွ႕မွာ လာရပ္သည့္ အနက္ေရာင္ၿပိဳင္ကားေလးတစ္စီးက ေတာက္ေတာက္ေျပာင္ေျပာင္နဲ႔ သိပ္လွလြန္းသည္...

ထိုစဥ္

"အစ္ကို မျပန္ေသးဘူးလား..."

ေက်ာင္းထဲက ေျပးထြက္လာသည့္ ေလျပည္ေအးဆိုတဲ့ ေကာင္ေလးမွ ရဲတာအား ေမးလာသည္ကို ျပဳံးျပရင္း...

"ျပန္ေတာ့မွာ..." လို့ ျပန္ေျပာလိုက္သည္...

"ဪ ဟုတ္... ဒါဆို ကၽြန္ေတာ္ျပန္ၿပီေနာ္..."

ရဲတာ ေခါင္းညိတ္ျပလိုက္ေတာ့ အနက္ေရာင္ၿပိဳင္ကားေလးထဲ ဝင္သြားသည့္ ေလျပည္ေအး...

ကားတံခါးဖြင့္လာခ်ိန္ တစ္ဖက္ကားေမာင္းတဲ့ေနရာမွာထိုင္ေနသူရဲ့ ေဘးတစ္ေစာင္းပုံစံကို လွမ္းျမင္လိုက္ရသည္...

ကားတံခါးမပိတ္ခင္ထိ ေလျပည္ေအးက ထိုသူအား ခ်စ္ေသာမ်က္ဝန္းေတြျဖင့္ ၾကည့္လိုက္သည္ကို ျမင္ျဖစ္ေအာင္ ျမင္လိုက္ရေသးတယ္...

ကားတံခါး ပိတ္ၿပီးသည္ႏွင့္ ဝွစ္ကနဲေမာင္းထြက္သြားတဲ့ ကားေလးေနာက္ လိုက္ေငးၾကည့္မိရင္း...

"ႏွစ္ေယာက္သား လိုက္သားဘဲ..." လို့ ေရရြတ္မိသည္...

ေဘးတစ္ေစာင္းျမင္ရသည့္တိုင္ ေခ်ာေမာလြန္းသည့္ မ်က္ႏွာက်က ရင္သက္ရွုေမာစရာေပ... ႏုႏုဖက္ဖက္ ခ်စ္စရာေကာင္ေလးနဲ႔ လိုက္ဖက္ပါေပတယ္...

ေမာ္ၿမိဳင္ၿမိဳ့၏ ညလမ္းမထက္တြင္ အရွိန္ေလးနဲ႔ေျပးေနသည့္ ၿပိဳင္ကားထဲတြင္ျဖင့္...

"ခုနက ႏွုတ္ဆက္လိုက္တာ ဘယ္သူလဲ..."

ကားေရွ႕ကို ၾကည့္ရင္းနဲ႔ ေမးလာသည္မို့...

"အဲ့တာ ကၽြန္ေတာ့္တို့အဖြဲ႕(၁)ရဲ့ ညဂိုက္ဆရာေလ... ကိုလင္းက ဘာလို့ေမးတာလဲ..."

"ဒီတိုင္း..."

ဘာမွဆက္မေျပာလာ၍ ေလျပည္ အကဲခတ္တဲ့အၾကည့္နဲ႔ ၾကည့္လိုက္သည္...

အနက္ေရာင္ၿပိဳင္ကားေလးက ညလမ္းမေပၚ တဝီးဝီးျမည္သံျဖင့္ ျဖတ္သန္းသြားေသာ္လဲ ကားထဲရွိ လူႏွစ္ေယာက္ထံတြင္ေတာ့ တိတ္ဆိတ္မွုက စိုးမိုးလို့ထားေလသည္...
...........................

Continue Reading

You'll Also Like

209K 8.3K 54
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"
292K 22.9K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
2.5M 93.5K 32
Dawn, a girl in her early twenties living in a poor neighborhood with her sick mother and teenage brother. Her father has abandoned them for a rich w...
387K 27.3K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.